အလုံခြုံဆုံးနေရာ
ဖလောရင့်ဟာရီကိန်းမုန်တိုင်း သည် မြောက်ကယ်ရိုလိုင်းနားပြည်နယ် ဝယ်လ်မင်းတန် မြို့ကို အင်အားပြင်းထန်စွာ ရိုက်ခတ်ချိန်တွင် ကျွန်တော့်သမီးသည် အိမ်မှထွက်ခွာရန် ပြင်ဆင်နေခဲ့သည်။ မုန်တိုင်းစဲသွားမည့်အချိန်ကို နောက်ဆုံးအချိန်အထိ သူစောင့်ဆိုင်း ခဲ့သည်။ သို့သော် ယခုတွင် သူနှင့်တစ်ပါတည်း ယူဆောင်သွားမည့် အရေးကြီးသော စာရွက်စာတမ်းများ၊ ဓာတ်ပုံများနှင့် သူ့ကိုယ်ပိုင်ပစ္စည်းများကို ရွေးထုတ်လိုက်သည်။ နောက်ပိုင်းတွင် သူက ‘‘ထွက်ခွာခြင်းဟာ ဒီလောက်ခက်ခဲလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ကိုယ်ပြန်လာတဲ့ အခါ ပစ္စည်းတွေက အရင်အတိုင်း ရှိနေပါ့မလားဆိုတာ မသိနိုင် ဘူးလေ’’ ဟု ကျွန်တော့်ကို ပြောခဲ့သည်။
ဘဝမုန်တိုင်းများသည်လည်း ပုံစံအမျိုးမျိုးနှင့် လာပါ သည်။ ဟာရီကိန်းမုန်တိုင်း၊ လေဆင်နှာမောင်း၊ မြေငလျင်နှင့် ရေကြီးခြင်းများ၊ မထင်မှတ်သော အိမ်ထောင်ရေးပြဿနာ၊ သားသမီးပြဿနာ၊ ရုတ်တရက် ကျန်းမာရေးပြဿနာပေါ်ခြင်း၊ ငွေကြေးများ ဆုံးရှုံးရခြင်းစသည်ဖြင့် ဝင်ရောက် လာနိုင်သည်။ တဒင်္ဂလေးအတွင်းတွင် မိမိတန်ဖိုးထားသောအရာများ ပျောက်ကွယ်သွားနိုင်ပါသည်။
မုန်တိုင်းများအကြားတွင် အလုံခြုံဆုံးသောနေရာကို…
ပြန်လည်သင့်မြတ်ခြင်းတံခါး
အိုင်ယာလန်နိုင်ငံ ဒါဘလင် မြို့ရှိ စိန်ပက်ထရစ်ဘုရားကျောင်းအတွင်း၌ ၅ရာစုခေတ်မှ ဇာတ်လမ်းတစ်ပုဒ်ကို ပြောပြနေသည့် တံခါးတစ်ပေါက်ရှိသည်။ ၁၄၉၂ ခုနှစ်က ဘတ်တလာ နှင့် ဖဇ်ဂျဲရယ် မိသားစုနှစ်စုသည် ရာထူးမြင့်သည့်နေရာကိုလုရင်း အချင်းချင်း တိုက်ခိုက်ခဲ့ကြသည်။ တိုက်ပွဲပြင်းထန်လာသောအခါ ဘတ်တလာ မိသားစုသည် ဘုရားကျောင်းအတွင်း၌ ခိုလှုံခဲ့ကြရသည်။ ဖဇ်ဂျဲရယ် သည်
တိုက်ခိုက်မှု ရပ်စဲရန် လာရောက်ကမ်းလှမ်းသောအခါ ဘတ်တလာ တို့သည် တံခါးဖွင့် မဖွင့်ပေးရဲဘဲ ကြောက်ရွံ့ နေခဲ့ကြသည်။ ထို့ကြောင့် ဖဇ်ဂျဲရယ် သည် တံခါးကို အပေါက်ဖောက်ကာ ခေါင်းဆောင်က ထိုအပေါက်မှ တစ်ဆင့် လက်ကမ်းပေးပြီး ငြိမ်းချမ်းရေး လက်ဆွဲ နှုတ်ဆက် ခဲ့ကြသည်။ ထိုမိသားစုနှစ်စုသည် ပြန်လည်သင့်မြတ်သွား ကြပြီး ရန်သူမှ မိတ်ဆွေဖြစ်သွားကြသည်။
ကောရိနသုအသင်းတော်ရှိ ယုံကြည်သူများထံ ရှင်ပေါလု ရေးသောစာစောင်တွင် ဘုရားသခင်ထံ၌လည်း ပြန်လည်သင့်မြတ်ခြင်းတံခါး ရှိကြောင်း ဖော်ပြထားသည်။ ဘုရားရှင်သည်…
ဒဏ်ရာအမာရွတ်များ၏ဇာတ်လမ်း
မေမေစိုက်ထားသည့် ပန်းခင်းထဲ၌ လိပ်ပြာလေးက တောင်ပံတဖြတ်ဖြတ်နှင့် ကူးချည် သန်းချည် ပျံသန်းနေသည်။ ကလေးသဘာဝမို့ လိပ်ပြာလေးကို ကျွန်မ ဖမ်းချင်မိ သွားသည်။ သို့နှင့် အိမ်နောက်ဖေး မီးဖိုထဲသို့ အပြေးသွားကာ ဖန်ခရားတစ်လုံးကို သွားယူလိုက်သည်။ သို့သော် အလောတစ်ကြီး ပြန်ပြေးလာစဉ် ခြေချော်ပြီး အိမ်ရှေ့ဆင်ဝင် သံမံတလင်းပေါ် လဲကျသွားရာ ဖန်ခရားကွဲပြီး ကျွန်မခါးကို ရှကာ ဟက်တက်ကွဲဒဏ်ရာရသွားသည်။ ထိုဒဏ်ရာကို ၁၈ ချက် ချုပ်ခဲ့ရသည်။ ယခုတွင် ထိုဒဏ်ရာအမာရွတ်က ကျွန်မခါး၌ ခူကောင်ပမာ ရှိနေပြီး ဒဏ်ရာရခြင်း၊ အနာပျောက်ခြင်း ဇာတ်လမ်းတစ်ပုဒ်ကို ပြောနေတော့သည်။
သခင်ယေရှု အသေခံပြီးနောက် တပည့်တော်များ ရှေ့မှောက်သို့ အမာရွတ်များနှင့် သခင် ကိုယ်ထင်ရှား ပေါ် လာသည်။ သောမက လက်တော်မှ သံရိုက်ရာ သံချက်ကို မြင်လိုသဖြင့် သခင်က သူ့အား ‘‘သင်၏လက်ညှိုးကို ဆန့်၍…
အမှောင်ထဲမှ အလင်းတစ်စ
These Are The Generations စာအုပ်၌ မစ္စတာဘဲသည် ဘုရားသခင်၏ သစ္စာတော်နှင့် အမှောင်ကို ထိုးခွင်းနိုင်သော ဧဝံဂေလိတရား၏တန်ခိုးတော်ကို ဖော်ပြ ရေးသားထားသည်။ သူ့အဘိုး၊ သူ့မိဘနှင့် သူ့မိသားစုအားလုံးတို့သည် ခရစ်တော်ကို ယုံကြည်လက်ခံခြင်းကြောင့် ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသည်။ သို့သော် မစ္စတာဘဲ ကိုယ်တိုင် သူ့မိတ်ဆွေတစ်ဦးကို ဘုရားသခင်အကြောင်း ပြောပြခြင်းကြောင့် ထောင်ကျခဲ့သောအခါ စိတ်ဝင်စားဖွယ် အမှု ဖြစ်ပေါ်လာသည်။ သူ့ယုံကြည်ခြင်း ကြီးထွားလာသည်။ ထိုနည်းအတိုင်းပင် သူ့မိဘများလည်း အကျဉ်းစခန်းသို့ အပို့ခံရစဉ် ခရစ်တော်၏မေတ္တာကို ဆက်လက်ဝေမျှခဲ့သည်။ ‘‘ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည် မခံမယူ’’ ဟူသည့် ယော ၁း၅ မှ ကတိတော်သည် မှန်ကန်ကြောင်း မစ္စတာဘဲသိရှိခံစားခဲ့ရသည်။
သခင်ယေရှုသည် အဖမ်းမခံရမီ၊ ကားတင်သတ်ခြင်း မတိုင်မီက တပည့်တော်များအား ၎င်းတို့ကြုံရမည့် ဒုက္ခ ဆင်းရဲများနှင့် စပ်လျဉ်း၍ ‘‘ခမည်းတော်ကို မသိ၊ ငါ့ကိုလည်း…
မည်သူမျှ မသွားသော ခရီး
ကျွန်တော့်ကို ‘‘ငါးနှစ် စီမံကိန်း’’ ရှိလား ဟု လူတို့ မေးကြသည်။ တစ်ခါမျှ မသွားဖူးသော ငါးနှစ်တာဟူသည့်ခရီးအတွက် ကျွန်တော်မည်သို့ စီမံကိန်းဆွဲနိုင်ပါမည်နည်း။
ပြန်ပြောင်းတွေးရင်းမှ စတင်းဖို့ဒ်တက္ကသိုလ်၌ ကျောင်းသားများအကြား အမှုဆောင်ခဲ့သည့် ၁၉၆၀ ခုနှစ်ကာလများသို့ စိတ်ရောက်သွားသည်။ ကျွန်တော် ကောလိပ်တက်စဉ်က ကာယပညာ ဘာသာရပ်အထူးပြု ယူခဲ့ပြီး အလွန်ပျော်ရွှင်ခဲ့ရသည်။ သို့သော် ပညာရှင်အဖြစ် စံချိန်မဝင်ခဲ့ပါ။ ယခု အလုပ်ထဲတွင် အရည်အချင်း မပြည့်မီဟု ခံစားရပြီး မပျော်ပါ။ သို့နှင့် အမှောင်ထဲ စမ်းတဝါးဝါး သွားနေသည့်မျက်ကန်းပမာ တက္ကသိုလ်ဝင်းထဲ လှည့်ပတ် သွားရင်း ဘာလုပ်ရမည်ကို ဘုရားသခင်ထံ ဆုတောင်းလျက် မေးခဲ့သည်။ တစ်နေ့တွင် ကျောင်းသားတစ်ဦးက သူ့အဆောင်တွင် သမ္မာကျမ်းစာ လေ့လာခြင်းအစီအစဉ်ကို ဦးဆောင်ပေးရန် ပြောလာ၍၊ ဤသို့ဖြင့် အစပြုခဲ့ပါသည်။
ဘုရားသခင်သည် လမ်းဆုံလမ်းခွ၌ ရပ်ပြီး ညွှန်ပြနေသည့် ဆိုင်းဘုတ်မဟုတ်ဘဲ ကိုယ်တိုင်လမ်းပြသူဖြစ်သည်။…
စစ်သူရဲကဲ့သို့ လျှောက်လှမ်းပါ
အသက် ၁၈ နှစ်အရွယ် အဲမာသည် ခရစ်တော်၏မေတ္တာ၌ ဝမ်းမြောက်ခြင်း၊ စိတ်အား ထက်သန်ခြင်းအတွက် ဝေဖန်ကဲ့ရဲ့ခံရသော်လည်း လူမှုမီဒီယာမှတစ်ဆင့် ခရစ်တော် အကြောင်းကို သစ္စာရှိစွာ ဝေမျှသည်။ အချို့က သူမ၏ရုပ်သွင်ပြင်ကို ကဲ့ရဲ့ပြီး ထိုးနှက် ကြသည်။ အချို့ကလည်း ဘုရားသခင်ကို ဆည်းကပ်ခြင်းကြောင့် သူ့ကို ဉာဏ်မရှိဟု ဆိုကြသည်။ အကြင်နာမဲ့သော စကားလုံး များကြောင့် အဲမာ၏စိတ်၌ နက်ရှိုင်းစွာဒဏ်ရာရခဲ့သော်လည်း ရဲရင့်သော ယုံကြည်ခြင်းစိတ်၊ သခင်ယေရှုနှင့် လူသားချင်းကို ချစ်သော စိတ်ဖြင့် ဧဝံဂေလိတရားစကားကို ဆက်လက်ဝေမျှခဲ့သည်။ တစ်ခါတစ်ရံ သူမ၏ဖြစ်တည်မှုနှင့် တန်ဖိုးသည် အခြားသူ များ၏ဝေဖန်ချက်အတိုင်း ဖြစ်သည်ဟု ယုံပစ်လိုက်ရန် သွေးဆောင်ခံရသည်။ ထိုသို့ဖြစ်လာတိုင်း ဘုရားသခင်၏ မစမှုတောင်းခံပြီး သူ့ကို ညှဉ်းဆဲသူများအတွက် ဆုတောင်းသည်။ ကျမ်းစာကို ဆင်ခြင်သည်။ ဝိညာဉ်တော် ပေးသည့် ရဲရင့်ခြင်းသတ္တိ၊ စိတ်ချမှုတို့ဖြင့် သည်းခံခဲ့သည်။
ဂိဒေါင်သည်လည်း…
ကွင်းဆင်းအဖွဲ့ ၌ ပူးပေါင်းပါ
ဆန်ဖရန်စစ္စကိုမြို့မှ မြို့ပြကျန်းမာရေးလုပ်သားများသည် မူးယစ်ဆေးစွဲနေသည့် အိမ်ယာမဲ့များအား ဆေးဖြတ်ကုသမှုအတွက် ဆေးဝါးထောက်ပံ့ပေးရန် ထွက်ခွာသွား ကြလေပြီ။ မူးယစ်ဆေးကို အကြောထဲထိုးသွင်းသူ အိမ်ယာမဲ့ဦးရေ များပြားလာ ခြင်းကြောင့် ထိုအစီအစဉ်ကို စတင်အကောင်အထည်ဖော်ခြင်း ဖြစ်သည်။ အစဉ်အလာ အရဆိုလျှင် ဆေးခန်းသို့ရောက်လာမည့် လူနာများကို ဆရာဝန်က စောင့်နေသည်။ သို့သော် ဆေးဝါးများကို ဝေဒနာဖိစီးသည့်နေရာသို့ ယူဆောင်သွားခြင်းဖြင့် လူနာများ အတွက် သွားရေးလာရေးဒုက္ခမရောက်၊ ဆရာဝန်နှင့် ချိန်းဆို ထားမှုကို သတိမရလည်း ကိစ္စမရှိတော့ပါ။
ကျန်းမာရေးလုပ်သားများက ဂရုပြုစောင်မမှု လိုအပ်သူများထံ သွားရောက်ရန် စေတနာစိတ်ရှိသည်။ ၎င်းက ကျွန်ုပ်တို့၏လိုအပ်မှုများအတွက် ကျွန်ုပ်တို့ထံ သခင်ယေရှု ကြွလာပုံကို သတိပေး အမှတ်ရစေသည်။ သူ၏ အမှုတော်၌ သခင်ယေရှုသည် ဘာသာရေးကျွမ်းကျင်သူ ဆရာကြီးများ အလွယ်တကူ လျစ်လျူရှုထားသူများကို ရှာဖွေသည်။ ဆိုးသောသူများ၊ အခွန်ခံများနှင့်အတူ စားသောက်သည် (း၁၆)။ အဘယ်ကြောင့် ထိုသို့ပြုသနည်းဟု…
ကျေးဇူးတော်မျိုးစေ့
အိန္ဒိယနိုင်ငံမှ လူတစ်ဦးသည် ခြောက်သွေ့သည့် သဲမြေမြေလွတ်မြေရိုင်းကို ပြန်လည် အသက်သွင်းရန် နှစ်ပေါင်း ၄၀ နီးပါးမျှ ကြိုးစားလျက် လုပ်ဆောင်ခဲ့သည်။ ရာသီဥတု တိုက်စားမှုနှင့် ပြောင်းလဲသော ဂေဟစနစ်များကြောင့် သူမြတ်နိုးသည့် မြစ်ချောင်း များနှင့် ကျွန်းမှာ တိမ်ကောပျက်စီးခဲ့ရသည့်ကို သူတွေ့မြင်ခံစားခဲ့ရသည်။ သို့ဖြင့် သူသည် သစ်တစ်ပင်၊ ဝါးတစ်ပင်၊ မှို့တစ်ပင် မှစ၍ ဖြည်းဖြည်းပုံမှန် စတင်စိုက်ပျိုးခဲ့သည်။ ယခုတွင် သစ်တောများနှင့် ၎င်းတို့ကို မှီတင်းနေထိုင်သည့် တိရိစ္ဆာန်မျိုးစုံတို့သည် ဧက ၁၃၀၀ မျှသော မြေပြင်ကို ဖုံးလွှမ်းပြည့်စေခဲ့လေပြီ။ သဘာဝလောကကြီး၏ဖန်တီးဖြစ်တည်မှုက အံ့သြဖွယ်ဟု သူအသိအမှတ်ပြုလျက် ထိုသို့ သစ်တောသစ်ပင်နှင့် သက်ရှိသတ္တ၀ါများ ပြန်လည်ရှင်သန်လာခြင်းသည် သူ၏ ဆောင်ရွက်မှုကြောင့် မဟုတ်ဟု ထိုသူက ဆိုသည်။ သစ်စေ့ အချို့မှာ လေအားဖြင့် မျိုးပွားသည်။ ငှက်များနှင့် တိရိစ္ဆာန်များ အားဖြင့်လည်း အပင်များ မျိုးပွားသည်။…
အတူစုစည်း ယှက်နွယ်ကျစ်ထားသည်
ကျွန်မ၏မိတ်ဆွေတစ်ဦးသည် သူအနှစ် ၄၀ ကျော်မျှ ပိုင်ဆိုင်ခဲ့သည့် အိမ်တွင်းအလှစိုက် အပင်ကို ကျွန်မအား ပေးခဲ့သည်။ ထိုအပင်က ကျွန်မအရပ်နီးပါးရှိပြီး အကိုင်း ၃ ကိုင်း တွင် အရွက်ဖားဖားများနှင့် ဝေဝေဆာဆာ ရှိသည်။ အချိန်ကြာလာသည်နှင့်အမျှ အရွက်များကြောင့် အကိုင်းများမှာ ကြမ်းပြင်သို့ ညွှတ်ကျကုန်သဖြင့် ပြန်လည်ထောင်မတ် လာအောင် အပင်အောက်၌ သပ်တစ်ချောင်း စိုက်ကာ ပန်းအိုးကို ပြတင်းပေါက်အနီးသို့ ရွေ့ထားလိုက်သည်။ နေအလင်းရောင်၏ဆွဲဆောင်မှုဖြင့် အရွက်များမှာ ပြန်လည် ခေါင်းထောင်လာပြီး ပုံပျက်နေသည့်အပင်လေးကို ပြန်လည် လှပစေတော့သည်။
ထိုအပင်ကို ရရှိပြီး မကြာမီမှာပင် ရုံးခန်းတစ်ခု၌ ထိုကဲ့သို့သော အပင်ကို ကျွန်မထပ်တွေ့ခဲ့သည်။ ၎င်း၌လည်း ပိန်လှီသည့် အကိုင်း ၃ ကိုင်းရှိပြီး ထိုအကိုင်းများကို စုစည်းလိမ်ကျစ်ထားလိုက်သဖြင့် တောင့်တင်းခိုင်မာသည့်ပုံ ပေါ်လွင်နေပါသည်။ ဤအပင်လေးက မည်သည့် အထောက်အပံ့မှ မလိုဘဲ ဖြောင့်တန်းစွာ ရှင်သန်နေသည်။…
တစ်ချက်လေးထိရုံ
တစ်ချက်လေး လာထိရုံလေးပါ။ သို့သော် ကောလင်းအတွက် အရာခပ်သိမ်း ပြောင်းလဲ သွားသည်။ သခင်ယေရှုကို ယုံကြည်သူများအပေါ်ဆန့်ကျင်မှု ပြင်းထန်သည့်ဒေသ၌ လူမှုရေးအကျိုးပြုလုပ်ငန်းများ လုပ်ဆောင်ရန် သူတို့အဖွဲ့လေး ပြင်ဆင်နေကြစဉ် ကောလင်း ခံစားရသည့်ဖိအားက မြင့်တက်လာသည်။ သို့နှင့် သူ့အဖွဲ့သားတစ်ဦးအား သူ၏ပူပန်စိတ်ကို ပြောပြရာ ထိုမိတ်ဆွေက သူ့ပခုံးပေါ် လက်တင်လျက် အားပေးစကားအနည်းငယ်ပြောသည်။ ကောလင်းသည် ပြန်ပြောင်းတွေးရင်း ထိုတို့ထိမှု ခဏတာလေးသည် ပြောင်းလဲခြင်းအမှတ်၊ ဘုရားသခင်သည် သူနှင့်အတူ ရှိတော်မူကြောင်း ရိုးရှင်းသည့် သမ္မာတရားကို ထိထိရောက်ရောက် သူ့ကို သတိပေးခဲ့တော့သည်။
သခင်ယေရှု၏ တပည့်တော်လည်းဖြစ်၊ အကျွမ်းဝင်သော မိတ်ဆွေလည်းဖြစ်သည့် ယောဟန်သည် ဧဝဂံဂေလိတရား ဟောပြောခြင်းကြောင့် ပတ်မုကျွန်းသို့ နယ်နှင်ဒဏ်ပေးခံရချိန်တွင် ‘‘တံပိုးခရာအသံကဲ့သို့’’ မြည်ဟီးသံကို ကြားပြီး (ဗျာ ၁း၁၀)၊ တစ်ဆက်တည်းမှာပင် သခင်ဘုရား၏အသံတော်ကို သူကြားလိုက်ရစဉ် ‘‘သေမတတ်ဖြစ်၍ ခြေတော်ရင်း၌ လဲလျက်နေ၏။’’ ထိုသို့ ခြောက်ခြားကြောက်ရွံ့နေချိန်၌…