သတိထား
ကျွန်မသည် နွေးထွေးသည့် တောင်ပိုင်းမြို့များတွင် ကြီးပြင်းလာရ၍ မြောက်ဘက်ခြမ်းသို့ ပြောင်းရွှေ့ရသောအခါ ရှည်ကြာသည့်ဆောင်းကာလတွင် အန္တရာယ်ကင်းကင်းနှင့် ကားမောင်းနိုင်အောင် အချိန်အတန်ကြာ သင်ယူခဲ့ရသည်။ ပထမဦးဆုံးဆောင်းရာသီ၌ နှင်းထုအတွင်း သုံးကြိမ်တိုင်အောင် ကျွန်မလမ်းပျောက်ခဲ့ဖူးသည်။ သို့သော် နှစ်အတန်ကြာ လေ့ကျင့်လာပြီးနောက် ဆောင်းရာသီတွင် သက်သောင့်သက်သာနှင့် စပြီး ကားမောင်းလာနိုင်သည်။ အမှန်စင်စစ် ကျွန်မအတော်လေး သက်သောင့်သက်သာ ခံစားရပါပြီး ဂရုတစိုက် သတိဝီရိယနှင့် ကျွန်မကားမမောင်း တော့ပါ။ သို့နှင့် ရေခဲပုံကို ဝင်ဆောင့်မိပြီး လမ်းချော်ကာ လမ်းတစ်ဖက်တစ်ချက်ရှိ ဖုန်းတိုင်ကို ဝင်တိုက်တော့သည်။
တစ်စုံတစ်ဦးမျှ ထိခိုက်ဒဏ်ရမရ၍ ကျေးဇူးတော်ပါ။ သို့သော် ထိုနေ့တွင် အရေးကြီးသည့်အရာကို ကျွန်မ သင်ယူ ခဲ့ရသည်။ သက်သောင့်သက်သာရှိနေခြင်းက မည်မျှအန္တရာယ်ကြီးသည်ကို ကျွန်မသိရှိလိုက်ရသည်။ သေသေချာချာ သတိရှိရမည့်အစား ကိုယ်ကိုယ်ကိုယ်ပင် မသိလိုက်ဘဲ သူ့အလိုလို ပြုမိလုပ်မိခဲ့သည်။
ဝိညာဉ်အသက်တာ၌လည်း ထိုကဲ့သို့ သတိဝီရိယနှင့် ဂရုပြုခြင်းမျိုးကို ကျွန်မတို့လေ့ကျင့်ရန်…
အခြေအနေကို သတိပြု
ခရစ်စမတ်အားလပ်ရက်၌ ကျွန်တော်တို့မိသားစု ၅ ယောက် ရောမမြို့သို့ ရောက်ရှိနေကြသည်။ လူများစုဝေး ကျပ်သိပ်နေသည့်နေရာသို့ ကျွန်တော် ရောက်မှန်းမသိ ရောက်နေသည်။ ဗာတီကန်နှင့် ခေါ်လစီယမ်ကဲ့သို့သော နေရာများကို မြင်တွေ့နိုင်ရန် လူအုပ်ကြီးကြားမှ တိုးဝှေ့နေစဉ် ကျွန်တော့်သားသမီးများကို ဘယ်ရောက်နေပြီလဲ၊ အနီးအနားမှာ ဘယ်သူတွေရှိနေလဲ၊ ဘာတွေဖြစ်နေလဲ ဆိုတာကို သတိရှိပါ ဟူသော “အခြေအနေဆိုင်ရာ သတိပြုမှု”ကို လုပ်ဆောင်ရန် ထပ်ခါတလဲလဲ ပြောနေမိသည်။ လုံခြုံမှုမရှိသည့် လောက၊ နေအိမ်၊ နိုင်ငံရပ်ခြားတွင် ကျွန်ုပ်တို့ နေထိုင်ကြရသည်။ ထို့အပြင် ကလေးငယ်များက လက်ကိုင် ဖုန်းများ၊ နားကြပ်များ တပ်ဆင်အသုံးပြုခြင်းကြောင့် ပတ်ဝန်းကျင်အခြေအနေကို အမြဲသတိမပြုမိကြပါ။
“အခြေအနေကို သတိပြုမှု” - ဤအရာသည် ဖိ ၁း၉-၁၁ တွင် မှတ်တမ်းတင်ထားသည့် ဖိလိပ္ပိမြို့ရှိ ယုံကြည်သူများအတွက် ရှင်ပေါလု ဆုတောင်း၏ ရှုထောင့် တစ်ခုဖြစ်သည်။ ဖိလိပ္ပိမြို့သားများအနေဖြင့် သူတို့ဘယ်သူ၊…
ရှင်းပြ၍မရနိုင်သောချစ်မေတ္တာ
ကျွန်မသားလေး၏ ၆ နှစ်ပြည့်မွေးနေ့ကို လျှပ်တစ်ပြက် အံ့သြသွားအောင်လုပ်ပေးရန် ကျွန်မတို့အသင်းတော်မှ အသင်းသားတစ်စုဆုံးဖြတ်ခဲ့ကြသည်။ အသင်းသားများက ဥပုသ်စာဖြေကျောင်းခန်းနေရာကို ပူပေါင်းများဖြင့် အလှဆင်ပြီး စားပွဲသေးသေးလေး ပေါ်တွင် ကိတ်မုန့်လေးကို နေရာချသည်။ ကျွန်မ၏သားလေး တံခါးဖွင့်ဝင်လာသောအခါ လူတိုင်းက “ပျော်ရွှင်စရာ မွေးနေ့ပါ”ဟု အော်လိုက်ကြသည်။
ထို့နောက် ကျွန်မကိတ်မုန့်လှီးနေစဉ် သားက ကျွန်မထံလာပြီး “မေမေ၊ ဒီမှာရှိတဲ့သူတွေက သားကို ဘာလို့ ချစ်ကြတာလဲ” ဟု တိုးတိုးလေး လာမေးသည်။ ကျွန်မလည်း ထိုမေးခွန်းမျိုးကို မေးခဲ့ဖူးသည်။ ဤအသင်းသားများသည် ကျွန်မတို့ကို သိကျွမ်းသည်မှာ ၆ လသာ ရှိသေးသော်လည်း နှစ်ရှည်လများသိကျွမ်းလာသည့် မိတ်ဆွေများကဲ့သို့ ဆက်ဆံကြသည်။
သားအပေါ်ထားသည့် အသင်းသားများ၏ချစ်မေတ္တာက ဘုရားရှင် ကျွန်မတို့အပေါ်ထားသောမေတ္တာကို ထင်ဟပ်ပြနေသည်။ အဘယ်ကြောင့် ကျွန်ုပ်တို့ကို ကိုယ်တော် ချစ်ရသနည်းကို နားမလည်နိုင်သော်လည်း ကိုယ်တော်သည် ကျွန်ုပ်တို့ကို အမှန်ချစ်မြတ်နိုး သည်။ သူ့မေတ္တာကိုလည်း…
ချေးငှားပေးထားသော ကောင်းချီးမင်္ဂလာများ
နေ့လည်စာအတွက် ချီးမွမ်းဆုတောင်းရန် ခေါင်းငုံ့လိုက်ကြရာ ကျွန်တော့်သူငယ်ချင်း ဂျက်က “အဘဘုရား၊ ကိုယ်တော်၏လေကို ရှူရှိုက်ရသောအခွင့်၊ ကိုယ်တော်၏ အစာကို စားသုံးရသောအခွင့် ပေးသောကြောင့် ကျေးဇူးတင်ပါ၏” ဟု ဆုတောင်းသည်။ ဂျက်သည် အလုပ်ပြုတ်သဖြင့် ခက်ခဲသည့်အခြေအနေကို ကျော်ဖြတ်ခဲ့ရသည့်အတွက် သူ၏ စိတ်နှလုံး အကြွင်းမဲ့ လှိုက်လှိုက်လှဲလှဲ ဘုရားသခင်အား ယုံကြည်ကိုးစားခြင်း၊ အရာအားလုံးသည် ဘုရားသခင်နှင့် သက်ဆိုင်ကြောင်း အသိအမှတ်ပြု ဝန်ခံခြင်းက ကျွန်တော့် စိတ်ကို ထူးထူးခြားခြား ထိတွေ့ခဲ့သည်။ အခြေခံ အသေးအဖွဲ အရာလေးမှအစ အသက်တာရှိ အရာခပ်သိမ်း သည် ဘုရားသခင်ပိုင်သည့်အရာဖြစ်ပြီး ကိုယ်တော်က ကျွန်တော်တို့ကို ပေးသုံးထားခြင်းဖြစ်သည်ဟု ရိုးသားစွာ နားလည်ပါရဲ့လားဟု မိမိကိုယ်ကို ပြန်ဆင်ခြင်မိသည်။
ယေရုရှလင်မြို့၌ ဗိမာန်တော် ဆောက်ရန်အတွက် ဣသရေလလူတို့ထံမှ အလှူပစ္စည်းများကို ဒါဝိဒ်မင်း လက်ခံရရှိ
သောအခါ သူက “ကြည်ညိုသောစိတ်နှင့် ဤမျှလောက်ပူဇော်နိုင်အောင် အကျွန်ုပ်နှင့်…
အကြီးမြတ်ဆုံး လက်ဆောင်
သူငယ်ချင်း ဘာဘရာသည် ကျွန်မအား မရေမတွက်နိုင်လောက်သော တိုက်တွန်း ခွန်အားပေးစာများနှင့် အမြော်အမြင်ရှိသော လက်ဆောင်များကို နှစ်ပေါင်းများစွာ ပေးခဲ့ သည်။ ကျွန်မ သခင်ယေရှုကို မိမိ၏ကယ်တင်ရှင်အဖြစ် ယုံကြည်လက်ခံပြီဟု ပြောပြရာ၊ သူသည် ပေးဖူးသမျှလက်ဆောင်များတွင် အမြတ်ဆုံးဖြစ်သော ကျွန်မ၏ပထမဆုံး ကိုယ်ပိုင်ကျမ်းစာအုပ်လေးကို ပေးခဲ့သည်။ သူက “သူငယ်ချင်း၊ ဘုရားသခင်နဲ့ နေ့တိုင်းအချိန်ယူ၊ နှုတ်ကပတ်တော်ဖတ်ရှု ဆုတောင်းပြီး သူ့ကို ယုံကြည်စိတ်ချ နာခံခြင်းဖြင့် ဘုရားရှင်နှင့် ပို၍ရင်းနှီးမှုရှိလာပြီး ဝိညာဉ်ရေးရာ ရင့်ကျက်လာနိုင်တယ်” ဟု ပြောခဲ့ဖူးသည်။ ကျွန်မ ဘုရားသခင်အကြောင်း ပိုသိရှိ လာအောင် လေ့လာရန် ဘာဘရာ ဖိတ်ခေါ်သည်မှစ၍ ကျွန်မ အသက်တာ ပြောင်းလဲခဲ့ပါသည်။
ဘာဘရာအားဖြင့် တမန်တော်ကြီး ဖိလိပ္ပုကို ကျွန်မ အမှတ်ရမိသည်။ သူ့နောက်လိုက် ရန် ဖိလိပ္ပုကို သခင်ယေရှု ဖိတ်ခေါ်ပြီးနောက် (ယော ၁း၄၃) ဖိလိပ္ပုသည်…
ဖန်ဆင်းရှင်နှင့် မစနေသူ
ဆွီဒင်နိုင်ငံသား နာရီပြုပြင်သူ ဖိလစ်သည် မှန်ဘီလူး၊ ဇာကနာများနှင့်အလုပ်လုပ်နေရင်း နာရီဒိုင်ခွက်မှ အစိတ်အပိုင်းသေးသေးလေးများကိုမည်သို့ ဖြုတ်ပြီး သန့်ရှင်းရေး လုပ်ကာ ပြန်တပ်ဆင်ရပုံကို အသေးစိတ်ရှင်းပြပါသည်။ ရှုပ်ထွေးလှသော အစအနများကို ကြည့်ရင်း နာရီ၏အရေးကြီးသော အစိတ်အပိုင်းဖြစ်သည့် နာရီလက်တံများကို ဖိလစ်က ပြပါသည်။ နာရီလက်တံသည် ဂီယာများကို ရွေ့ရှား စေကာ နာရီ လည်ပတ်အောင် ပြုလုပ်ပေးသော အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ထိုအရာသာမရှိလျှင် အကောင်းဆုံးသော နာရီပင်လျှင် အလုပ်လုပ်မည် မဟုတ်ပါ။
ဓမ္မသစ်ကျမ်းရှိ ဟေဗြဲသြ၀ါဒစာစောင်တွင် စာရေးသူက ကောင်းကင်နှင့်မြေကြီးကို သခင်ယေရှုအားဖြင့် ဘုရားရှင်ဖန်ဆင်းကြောင်း သခင်ယေရှုကို အမွှမ်းတင် ချီးမွမ်း ထားသည်ကို တွေ့ရပါသည်။ အထူး ပြုလုပ်ထားသော ရှုပ်ထွေးသောနာရီကဲ့သို့ စကြဝဠာကြီးကိုလည်း သခင် ယေရှုက အသေးစိတ် ကျကျနနဖန်ဆင်းထားပါသည်။ (ဟေဗြဲ ၁း၂)။ ကြီးမားကျယ်ပြောလှသော စကြဝဠာကြီးမှ အစ လူ့လက်ဗွေရာများအဆုံး အတုမရှိသည့်အရာများ…
တောက်ပသောအလင်းတန်းများ
၂ဝ၁၅ ခုနှစ်၏နွေရာသီတွင် ကျွန်တော်တို့ အသင်းတော်အဖွဲ့သည် ကင်ညာ နိုင်ငံ၊ နိုင်ရိုဘီ မြို့၊ မက်သဲ ဆင်ခြေဖုံးဒေသတွင် မြင်ခဲ့သောမြင်ကွင်းကြောင့် အလွန်စိတ်မကောင်းဖြစ်ခဲ့ရသည်။ ညစ်ပတ်ပေကျံနေသောကြမ်းခင်း၊ သံချေး တက်နေသော သံနံရံများ၊ ဝါးခုံတန်းရှည်လေးများရှိသော ကျောင်းသို့ ကျွန်တော်တို့ သွားရောက်ခဲ့ကြခြင်းဖြစ်သည်။ သို့သော် ထိုသို့အလွန် နှိမ့်ကျသည့် ပတ်ဝန်းကျင် နောက်ခံနှင့် ဆန့်ကျင်ဘက် လူတစ်ယောက်မှာ တစ်မူထူးခြား နေပါသည်။
သူ့နာမည်မှာ Brilliant ဖြစ်ပြီး သူ့ထက် ထိုနာမည်နှင့် လိုက်မည့်သူ ရှိမည်မဟုတ်ပါ။ သူသည် ၀မ်းမြောက်ခြင်းကို ပိုင်ဆိုင်လျက် အမှုတော်မြတ်အတွက် အစေခံရန် စိတ်ပိုင်းဖြတ်ထားသည့် စိတ်ထက်သန်သော မူလတန်းပြ ဆရာမတစ်ဦး ဖြစ်သည်။ ရောင်စုံဝတ်စုံနှင့် ကလေးများကို ဝမ်းပန်းတသာ သင်ကြားပြသ အားပေးနေသည့် သူ၏ပုံပန်းသဏ္ဌာန်မှာ ရင်သပ်ရှုမောဖွယ်ကောင်းလှသည်။
သူ၏ပတ်ဝန်းကျင်သို့ ဆရာမ Brilliant ဆောင်ကြဉ်းလာသော တောက်ပသော အလင်းများသည် ဖိလိပ္ပိမြို့ရှိ…
ဘုရားသခင်ဝန်းရံထားသည်
ပျားပန်းခတ်နေသော လေယာဉ်ကွင်းထဲတွင် မိခင်ငယ်တစ်ဦးသည် တစ်ယောက်တည်း ရုန်းကန်နေရသည်။ သူ၏ကလေးငယ်က လေယာဉ်ပေါ်မတက်ချင်သောကြောင့် ဒေါသတကြီးနှင့် အော်ဟစ်ကန်ကြောက်နေသည်။ ကိုယ်ဝန်အရင့်အမာနှင့်မို့ ထိုအပူသည် မိခင်လေးမှာ မောဟိုက်စွာဖြင့် အရှုံးပေးပြီး ကြမ်းပြင်ပေါ်တွင် စိတ်ပျက် လက်ပျက်ထိုင်ချပြီး မျက်နှာကိုလက်ဖြင့်အုပ်ကာ စတင် ငိုကြွေးပါတော့သည်။
ရုတ်တရက်ပင် သူစိမ်း ခရီးသွားအမျိုးသမီး ခြောက်ယောက် ခုနှစ်ယောက်ခန့်က ထိုမိခင်နှင့်ကလေး အနားရောက်လာပြီး မုန့်ပဲသွားရေစားနှင့် ရေများ ဝေမျှကာပွေ့ဖက်ရုံသာမက ကလေးချော့တေးများပါ သီဆိုပေးကြ သည်။ ထိုမေတ္တာအဝန်းအဝိုင်းလေးသည် ထိုမိခင်နှင့် ကလေးငယ်အတွက် သက်သာမှုဖြစ်စေပြီး ထို့နောက် လေယာဉ်ပေါ် တက်သွားသည်။ ကျန်အမျိုးသမီးများလည်း မိမိနေရာ မိမိပြန်လာထိုင်ကြပြီး သူတို့လုပ်ခဲ့သောအရာအပေါ် ဘာမှဆွေးနွေးစရာပင်မလို၊ သူတို့၏ပံ့ပိုးထောက်မမှုသည် ထိုမိခင်ငယ် လိုအပ်နေသော အရာဖြစ်ပြီး သူ့အတွက်ခွန်အားဖြစ်စေခဲ့ကြောင်း သိကြသည်။
ဤအဖြစ်အပျက်လေးသည် ဆာလံ ၁၂၅ မှ လှပသော အမှန်တရားတစ်ခုကို ဖော်ပြနေပါသည်။ အငယ် ၂…
အဖေ့ကိုသတိရအောက်မေ့ခြင်း
ကျွန်မအဖေ့ကိုသတိရသောအခါ အိမ်အပြင်၌ တူထုနေပုံ (သို့) အပင်စိုက်နေပုံ (သို့) အိမ်အောက်ထပ် စိတ်ဝင်စားစရာပစ္စည်းများ ကိရိယာများနှင့် ရှုပ်ပွနေသော အလုပ်ခန်းတွင် အလုပ်လုပ်နေပုံကို ပုံဖော်မိပါသည်။ သူ့လက်များသည် အမြဲပင် အလုပ်ရှုပ်နေကာ တစ်ခါတစ်ရံ ဂိုဒေါင်၊ ကုလားထိုင် သို့ ငှက်အိမ်ကို ဆောက်လုပ် နေတတ်ပြီး တစ်ခါတစ်ရံ သော့ပြင်နေတတ်သည်။ တစ်ခါတစ်ရံ လက်ဝတ်ရတနာဒီဇိုင်းများ ဆွဲလျှင်ဆွဲ၊ မဆွဲလျှင် မှန်ပန်းချီဆွဲနေတတ်သည်။
ကျွန်မ အဖေ့ကိုသတိရခြင်းသည် အစဉ်အလုပ် ရှုပ်နေတတ်သော ဖန်ဆင်းရှင်ကောင်းကင်ဘုံအဘ အကြောင်းကို စဉ်းစားမိစေပါသည်။ နံနက်ကြယ်တို့သည် တညီတညွတ်တည်း သီချင်းဆို၍၊ ဘုရားသခင်သား အပေါင်းတို့သည် ဝမ်းမြောက်သဖြင့် ကြွေးကြော်ကြစဉ်... အစအဦး၌ ဘုရားရှင်သည် မြေကြီးအမြစ်ကိုတည်၊ မြေကြီးအတိုင်းအရှည်ပမာဏကို စီရင်လျက် မျဉ်းကြိုးကို တန်းချ” ခဲ့သည် (ယောဘ ၃၈း၎-၇)။ သူဖန်ဆင်းသမျှ အရာအားလုံးသည် အနုပညာလက်ရာမြောက်ပြီး လှပသောအရာများပင်ဖြစ်သည်။ အသက်ရှူမှားလောက်အောင် လှပသောလောကကြီးကို…
နားဖာချေးနှင့်အခြားသောအရာများ
Winnie the Pooh က “သင်စကားပြောနေသူသည် သင်ပြောနေသည်ကို နားမထောင်သလိုဖြစ်နေပါက စိတ်ရှည်စွာဖြင့်သည်းခံလိုက်ပါ။ သူ့နား၌ နားဖာချေးများ ရှိနေ၍ ဖြစ်မည်”ဟု အထင်ကရစကားကို ပြောခဲ့ဖူးသည်။
နှစ်ပေါင်းများစွာ ကြာပြီးနောက် Winnie တစ်ခုခုကို ဆိုလိုကြောင်း ကျွန်ုပ် သဘောပေါက်ခဲ့ရသည်။ သူတို့ အကျိုးအတွက် သင့်ထံမှ အကြံဉာဏ်ကို လာရောက်တောင်းခံသော်လည်း သင်ပြောသည်ကို နားမထောင်သောအခါ သူတို့၏ မနာခံခြင်း သည် သူတို့နားထဲမှ နားဖာချေးသာသာ သာ ဖြစ်ပါသည်။ သို့မဟုတ် အခြားသောအတားအဆီးများ ရှိနေသောကြောင့် ဖြစ်ကောင်းဖြစ်မည်။ အချို့သူများသည် သူတို့ကိုယ်တိုင်က ကျိုးပဲ့ကြေမွနေ၊ စိတ်ပျက်နေသောကြောင့် အခြားသော သူများ၏ ပြောစကားများကို နားထောင်ရန် ခက်ခဲနေပါသည်။
မောရှေသည် ဣသရေလလူများကို စကားပြောသောအခါ သူတို့၏စိတ်ဝိညာဉ်များမှာ ကျိုးပဲ့ကြေမွနေပြီး သူတို့အသက်တာများမှာ ခက်ခဲကြမ်းတမ်းနေသောကြောင့်သူတို့နားမထောင့်ခဲ့ပါ(ထွက် ၆း၉)။ ဟေဗြဲဘာသာစကားတွင် စိတ်ကုန်စိတ်ပျက်သည့် စကားလုံးသည် ‘အမောဆို့’…