‘‘သားသမီးရရန် မျှော်လင့်ခြင်း’’သစ်ပင်
မှိတ်တုတ်မှိတ်တုတ်မီးသီးများဖြင့် သစ်ပင်လေးကို ရစ်ပတ်အလှဆင်ပြီးနောက် အကိုင်းများတွင် အပန်းရောင်နှင့် အပြာရောင်ဖဲကြိုးများချည်ကာ "သားသမီးရရန် မျှော်လင့်ခြင်း" ခရစ်စမတ်သစ်ပင်ဟု အမည်ပေးလိုက်သည်။ ကျွန်မတို့ဇနီးမောင်နှံသည် ကလေးမွေးစားရန်စောင့်စားခဲ့သည်မှာ လေးနှစ်ကျော်ပင်ရှိနေပြီ။ အတိအကျဆိုရလျှင် ခရစ်စမတ်အချိန်၌ ဖြစ်လိုသည်။
မနက်တိုင်း ထိုသစ်ပင်အနား ရပ်ကာ ဘုရားသခင်၏ သစ္စာတော်ကို မိမိကိုယ်ကို သတိပေးရင်း ကျွန်မ ဆုတောင်း သည်။ ခရစ်စမတ်အချိန်တွင် ကလေးမွေးစားရန် မဖြစ်နိုင် ကြောင်း ဒီဇင်ဘာ ၂၁ ရက်နေ့တွင် သတင်းရခဲ့သည်။ စိတ်ပျက်လျက် ဘုရားသခင်၏ပြင်ဆင်ထောက်ပံ့မှုကို ပုံဆောင်သည့် ထိုသစ်ပင်အနား ခေတ္တရပ်လိုက်သည်။ ဘုရား သခင်က သစ္စာရှိနေဆဲလား။ ကျွန်မပဲ အမှားလုပ်မိတာလား။
ဘုရားသခင်သည် သူချစ်သောတပည့်တော်များအား အဖြေမပေးဘဲ နေသည့်အချိန်ရှိသလို အချို့အချိန်များ၌ ဘုရားသခင်သည် ကျွန်မတို့၏ကိုးစားယုံကြည်မှုကို အားသစ်လောင်းပေးရန် မေတ္တာစိတ်နှင့် အဖြေကို နှောင့်နှေးစေသည်။ ယေရမိမြည်တမ်းစကား၌ ဘုရားသခင်၏ ဣသရေလလူမျိုးကို ပြုပြင်ဆုံးမသည့်အကြောင်း ပရောဖက်ယေရမိ…
‘‘လျှို့ဝှက်မဟုတ်’’သည့် လျှို့ဝှက်ချက်
ကျွန်ုပ်၏လုပ်ဖော်ဆောင်ဖက်တစ်ဦးက သူသည် ‘‘သခင်ယေရှု၏အပိုင်’’ဖြစ်သည်ကို သူမယုံခဲ့ကြောင်း ဝန်ခံခဲ့သည်။ သူ့အခေါ်အရ ‘‘ဇိမ်ကျပြီး အတ္တပြည့်သည့်’’သူ့ဘဝက ဘယ်သို့ဘယ်ပုံစသည်ဖြင့် သူပြောပြသည်။ သို့သော် ယင်းက သူ့ကို စိတ်ကျေနပ်မှုမပေးကြောင်း သူပြောပြသမျှကို ကျွန်ုပ်နားထောင်ခဲ့သည်။ ‘‘ဒါပေမယ့် ကျွန်တော် ပြဿနာက ကောင်းတဲ့သူဖြစ်ဖို့ ကျွန်တော် ကြိုးစားတယ်၊ ဒါပေမယ့် မရဘူး။ ကျွန်တော် လုပ်ချင်တဲ့အရာကို ကျွန်တော် မလုပ်နိုင်ဘူး၊ ပြီးတော့ ကျွန်တော်မလုပ်ချင်တဲ့ အရာတွေကိုတော့ ဆက်ပြီးလုပ်နေတယ်’’ဟု ပြောသည်။
‘‘ခင်ဗျားရဲ့လျှို့ဝှက်ချက်က ဘာလဲ’’ဟု စိတ်ရင်းဖြင့် သူက မေးရာ ‘‘ကျွန်တော့်ရဲ့ လျှို့ဝှက်ချက်က လျှို့ဝှက် မဟုတ်ပါဘူး။ ကျွန်တော်လည်း ခင်ဗျားလိုပဲ၊ ဘုရားသခင်ရဲ့ စံချိန်မီအောင် အသက်ရှင်နိုင်တဲ့တန်ခိုး ကျွန်တော့်မှာလည်း မရှိဘူး။ ဒါကြောင့် သခင်ယေရှုကို ကျွန်တော်တို့ လိုအပ်တယ်’’ ဟုကျွန်တော် ဖြေခဲ့သည်။
ကျွန်တော်က ကျမ်းစာအုပ်ထုတ်ပြီး သူပြောသကဲ့သို့ ရှင်ပေါလုရေးသားခဲ့သည့် ရောမ…
မေရှိယအား မျှော်လင့်ပါ
ကားစက်နှိုးမရသဖြင့် ပြင်ပေးရန် ရောက်လာသည့် ကားပြင်ဆရာက အသက်ငယ် ပုံရသည်၊ တော်တော် ငယ်ပါသည်။ ‘‘သူက ကလေးပဲရှိသေးတယ်’’ ဟု ကျွန်မ၏ခင်ပွန်း ဒန်က ကျွန်မကို တီးတိုးပြောလိုက်ပြီး မယုံမကြည်ဖြစ်နေသည်။ လူငယ်လေးကို သူ မယုံကြည်မှုက သခင်ယေရှု မည်သူမည်ဝါဖြစ်သည်ကို သံသယဝင်နေသည့် နာဇရက် မြို့သားများ၏ ညည်းတွားမှုနှင့် ဆင်တူနေသည်။
တရားဇရပ်၌ သခင်ယေရှုသွန်သင်သည့်အခါ ‘‘သူသည် လက်သမားသား မဟုတ်လော’’ဟု ထိုသူတို့ မေးခွန်းထုတ်ကြသည် (မ ၁၃း၅၅)။ သူတို့သိသည့်သူက အနာငြိမ်းခြင်း၊ သွန်သင်ခြင်းတို့ကို လုပ်ဆောင်နေကြောင်း ကြားသိရသောအခါ သူတို့အံ့အားသင့်ကြပြီး အရိုအသေ မဲ့စွာနှင့် ‘‘ဤသူသည် ဤပညာကိုလည်းကောင်း၊ ဤတန်ခိုးကို လည်းကောင်း အဘယ်မှာရသနည်း’’ ဟု မေးကြသည် (း၅၄)။ သခင်ယေရှုကို ယုံကြည်ရမည့်အစား သခင်ပြသည့် အခွင့်တန်ခိုးအာဏာကြောင့် သူတို့ စိတ်ဆိုးကြသည် (း၁၅၊ ၅၈)။
ကျွန်ုပ်တို့လည်း…
ထာဝရဘုရား၏လူ
ယခုခေတ်၌ ဆေးမင်ကြောင်များ ခေတ်စား၊ ရေပန်းစားနေခြင်းကို အလွယ်တကူ သတိပြုမိနိုင်ပါသည်။ အချို့အရုပ်များက သေးလွန်းပြီး သတိမပြုမိတတ်သော်လည်း အားကစားသမားများမှအစ သရုပ်ဆောင်မင်းသားမင်းသမီးများနှင့် သာမန်လူတန်းစားအဆုံး ရောင်စုံဆေးမင်ကြောင်ဖြင့် ခန္ဓာကိုယ်တစ်ခုလုံး၌ စာလုံးများ၊ ဒီဇိုင်းပုံစံများကို ရေးထိုးကြသည်။ ပြောရမည်ဆိုလျှင် ၂၀၁၄ ခုနှစ်၌ ဆေးမင်ကြောင် ရေးထိုးသည့်လုပ်ငန်းမှ အသားတင် အမြတ်ငွေ ဒေါ်လာ ၃ ဘီလျံ၊ ဆေးမင်ကြောင်ပြန်ဖျက်သည့်လုပ်ငန်းမှ အပိုဝင်ငွေ ဒေါ်လာ ၆၆ မီလျံ အခွန်ငွေ ရရှိခဲ့သည်။
ဆေးမင်ကြောင်များနှင့် စပ်လျဉ်း၍ သင့်အမြင့် ခံစားချက် မည်သို့ပင်ရှိရှိ၊ ဟေရှာယ ၄၄ တွင် ‘‘ထာဝရ ဘုရား၏လူ’’ (း၅) ဟု လူတို့လက်ဖဝါး၌ စာထိုးခြင်း အကြောင်းကို ဖော်ပြထားသည်။ ရွေးချယ်တော်မူသည့် သူတို့အား (း၁) ကိုယ်တော်၏ ဂရုပြုမှုအကြောင်း ဖော်ပြသည့် ထိုကျမ်းပိုဒ်တွင် မိမိကိုယ်တိုင် စာထိုးခြင်း အကြောင်းက…
တည်မြဲသောမေတ္တာ
ကျွန်မသည် ကားတံခါးကို ဆောင့်ပိတ်ပြီး ကျောင်းထဲသို့ ဦးတည်ထွက်သွားချိန်၌ ‘‘သမီးကို ဖေဖေချစ်တယ်’’ ဟု အဖေက လှမ်းအော်ပြောသည်။ ထိုစဉ်က ကျွန်မသည် ခြောက်တန်းကျောင်းသူဖြစ်ပြီး ထိုမြင်ကွင်းက ကျွန်မတို့သားအဖနှစ်ဦးကြားတွင် လအတန်ကြာမျှ ရှိခဲ့ပါပြီ။ ကျောင်းသို့ရောက်လျှင် ‘‘တစ်နေ့လုံး ပျော်ရွှင်ပါစေ။ သမီးကို ဖေဖေချစ်တယ်’’ ဟု အဖေပြောနေကျ၊ ကျွန်မက ‘‘ဘိုင်းဘိုင်’’ ဟုသာ နှုတ်ဆက်နေကျ၊ အဖေ့ကို ကျွန်မစိတ်ဆိုးခြင်း၊ လျစ်လျူရှုခြင်း မဟုတ်ပါ။ ကျွန်မအတွေးထဲ နစ်နေပြီး အဖေ့စကားကို သတိမပြုမိခြင်းပါ။ မည်သို့ပင်ဖြစ်ဖြစ် အဖေ့ မေတ္တာက ခိုင်မြဲစွာ ရှိနေခဲ့သည်။
ဘုရားသခင်၏ မေတ္တာတော်သည်လည်း ထိုနည်းတူဖြစ်သည်သာမက ထိုထက်ပင် ပိုသည်။ ထာဝရတည်မြဲသည်။ ဟေဗြဲဘာသာ၌ တည်မြဲသောမေတ္တာကို ဖော်ပြသည့် စကားလုံးမှာ Hesed ဖြစ်သည်။ ထိုစကားလုံးကို ဓမ္မဟောင်းကျမ်းတွင် ထပ်တလဲလဲ ဖော်ပြ ရေးသားပြီး ဆာလံ ၁၃၆…
နေစရာအိမ်
မကြာမီက အိမ်ရောင်းဝယ်သည့်လုပ်ငန်းဖြင့် အသက်မွေးသူ ကျွန်ုပ်တို့၏မိတ်ဆွေ ဒေါ်ပက်စီသည် ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ သူ့အကြောင်းကို ပြန်ပြောင်း ပြောဖြစ်ပြီး ကျွန်ုပ်ဇနီးက လွန်လေသောနှစ်ပေါင်းများစွာက ဒေါ်ပက်စီသည် လူတစ်ဦးကို သခင်ယေရှုထံ ပို့ဆောင်ခဲ့ပြီး ထိုသူသည် ကျွန်ုပ်တို့နှင့် မိတ်ဆွေကောင်းဖြစ်လာသည့် အကြောင်းကို သတိတရ ပြန်ပြောဖြစ်သည်။
ဒေါ်ပက်စီသည် ကျွန်ုပ်တို့ ရပ်ကွက်ထဲရှိ မိသားစုများ အတွက် နေစရာအိမ်အဆင်ပြေအောင် ကူညီခဲ့သည်သာမက အချို့သူများ ထာဝရအိမ်ရရှိအောင်လည်း ကူညီခဲ့ခြင်း အကြောင်းကို ပြန်သတိရပြီး ကျွန်ုပ်ခွန်အားရမိပါသည်။ ကျွန်ုပ်တို့အတွက် ကားတိုင်ခရီးဆက်ရန် ပြင်ဆင် နေချိန်တွင် သခင်ယေရှုသည် ကျွန်ုပ်တို့၏ထာဝရနေရာနှင့် စပ်လျဉ်း၍ အလွန်စိတ်ဝင်စားကြောင်း ပြခဲ့သည်။ ‘‘ငါသည်သွား၍ သင်တို့နေရာအရပ်ကို ပြင်ဆင်ရမည်’’ ဟု တပည့်တော်တို့အား မိန့်ကြားလျက်၊ သူ့ကိုယုံကြည်သူ အားလုံးအတွက် သူ့အဘ၏ အိမ်တော်တွင် နေစရာအခန်းများစွာရှိကြောင်း သတိပေးခဲ့သည် (ယော ၁၄း၂)။
ဤဘဝ၌ မိမိမိသားစုအတွက်…
ဝှက်ထားသော ဘုရားသခင်၏လက်တော်
ကျွန်မ၏သူငယ်ချင်းသည် အမေရိကန်နိုင်ငံမှ သာသနာပြုဇနီးမောင်နှံတို့၏ မွေးစားခြင်း ခံရပြီး၊ ဂါနာနိုင်ငံ၌ ကြီးပြင်းခဲ့ရသည်။ ထို့နောက် သူတို့မိသားစု အမေရိကန်နိုင်ငံသို့ ပြန်သွားပြီး ကောလိပ်တက်ခဲ့သော်လည်း ပညာရေးတစ်ပိုင်းတစ်စနှင့် ကျောင်းထွက် ခဲ့သည်။ ထို့နောက် စစ်မှုထမ်းရန် စာရင်းပေးသွင်းခဲ့သည်။ စစ်မှုထမ်းခြင်းကြောင့် ကောလိပ်တက်ရန် ကုန်ကျစရိတ်အတွက် ထောက်ပံ့ကြေး ရခဲ့ပြီး သူလည်း ကမ္ဘာအနှံ့သို့ ပြောင်းရွှေ့သွားလာခဲ့ရသည်။ ထိုအဖြစ်များကြားမှပင် ဘုရားသခင်သည် လုပ်ရှားလျက် သူ့ကို အထူးသဖြင့် ပြင်ဆင်ခဲ့သည်။ ယနေ့တွင် သူသည် ခရစ်ယာန် စာအုပ်စာပေများကို ရေးသားတည်းဖြတ်လျက် နိုင်ငံတကာရှိ စာဖတ်သူများအတွက် အမှုဆောင်နေပါသည်။
သူ့ဇနီးသည်၏အဖြစ်ကလည်း စိတ်ဝင်စားစရာပါ။ ကောလိပ်ပထမနှစ်တွင် ဝက်ရူးပြန်ရောဂါကြောင့် ဆေးပြင်းများ သောက်ခဲ့ရပြီး ဓာတုဗေဒဘာသာရပ်တွင် ကျရှုံးခဲ့သည်။ ထို့ကြောင့် သေချာစွာပြန်လည် ချင့်ချိန်စဉ်းစားပြီး သိပ္ပံဘာသာရပ်မှ သူ့အတွက်ဝန်ပေါ့သည့် နားမကြားသူများအတွက် ဆက်သွယ်မှုဘာသာရပ်ကို ပြောင်းလဲသင်ယူခဲ့သည်။ ထိုအတွေ့အကြုံကို ပြန်ပြောင်းဆင်ခြင်ရင်း သူက ‘‘ပိုပြီး…
အထီးကျန် ခရစ်စမတ်
ဂါနာနိုင်ငံမြောက်ပိုင်း စာကိုဂူဒေသရှိ အဖိုး၏အိမ်၌ ဖြတ်သန်းခဲ့ရသည့် ခရစ်စမတ်မှာ အထီးကျန်ဆုံးခရစ်စမတ်ဖြစ်သည်။ ထိုစဉ်က ကျွန်တော်သည် အသက် ၁၅ နှစ် အရွယ်သာရှိပြီး မိဘမောင်နှမများက အဝေးတစ်နေရာ၌ ရှိနေခဲ့သည်။ ယခင်ရွာမှ သူငယ်ချင်းများနှင့် ခရစ်စမတ်ပွဲနွဲခဲ့စဉ်က အစီအစဉ်များမှာ အံ့မခမ်းဖြစ်ပြီး အမှတ်ရစရာ များသည်။ ယခုခရစ်စမတ်မှာမူ တိတ်ဆိတ်လျက် အထီးကျန်နေသည်။ ခရစ်စမတ်နံနက်ခင်းစောစောအချိန်၌ ကြမ်းပြင်ပေါ်တွင် လှဲလျောင်းရင်း ‘‘နှစ်ကုန်တော့မည်၊ ခရစ်စမတ်ချိန်ခါ ရောက်ခဲ့ပြီ၊ ဘုရားသားတော်ဖွားမြင်ပြီ၊ လူတိုင်း ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းရှိစေ’’ ဟူသည့် သီချင်းလေးကို သတိရပြီး ဆွေးဆွေးမြေ့မြေ့ဖြင့် ထပ်တလဲလဲ သီဆိုမိတော့သည်။
ထိုစဉ် အဖွားဝင်လာပြီး ‘‘ဘာသီချင်းဆိုနေတာလဲ’’ ဟုမေးသည်။ ကျွန်တော်၏ အဖိုးအဖွားများက ခရစ်စမတ်ကို မသိ၊ ခရစ်တော်အကြောင်းလည်း မသိပါ။ သို့နှင့် ကျွန်တော် သိသမျှ ခရစ်စမတ်အကြောင်းကို သူတို့အား ပြောပြခဲ့သည်။ ထိုအချိန် အခိုက်အတန့်လေးက အထီးကျန်မှုကို…
ကမ်းလက်
အိုင်ဒါဟိုပြည်နယ်၏ ဆောင်းရာသီရောက်လျှင် ကျွန်မကလေးများသည် အိမ်နောက်ဘက်ရှိ စကိတ်ကွင်း၌ စိတ်လှုပ်ရှား ပျော်ရွှင်စွာ ရေခဲပြင်စကိတ်စီးကြသည်။ ငယ်စဉ်က စကိတ်စီးသင်ရာ၌ ချောနေသည့်ရေခဲပြင်ပေါ်တွင် ငြိမ်အောင်ရပ်ရခြင်းက သူတို့အတွက် အလွန်ခက်ခဲသည်။ သူတို့အတွက် စိန်ခေါ်မှုဖြစ်သည်။ သူတို့ချော်ပြီး လဲကျသွားလျှင် နာကျင်မည်ကို သူတို့ သိနေခြင်းကြောင့် ဖြစ်သည်။ သူတို့ခြေချော်သွားတိုင်း ကျွန်မဖြစ်ဖြစ်၊ ကျွန်မ ခင်ပွန်းဖြစ်ဖြစ် သူတို့ထံအပြေးသွားပြီး ဟန်ချက်ညီညီ ပြန်ရပ်နိုင်အောင် ခြေထောက်ကို ပြန်ထိန်းပေးရသည်။
ကျွန်မတို့ လဲကျသည့်အခါတိုင်း ကျွန်မတို့ကို ကူညီမည့် လက်တစ်စုံရှိနေခြင်းသည် ဆုလာဘ်တစ်ခုဟု ဒေသနာကျမ်း၌ ဖော်ပြထားသည်။ တစ်စုံတစ်ရာကို အခြားသူများနှင့် အတူတကွလုပ်ဆောင်ခြင်းဖြင့် ချိုမြိန်မှုကို ခံစားရပြီး သက်ရောက်မှုအကျိုးပိုရှိသည် (၄း၉)။ မိတ်ဆွေများက ဘဝကို နွေးထွေးစေ သည်။ စိန်ခေါ်မှုများ ရင်ဆိုင်ရစဉ် ကျွန်မတို့အနီး၌ ရပ်တည်ပေးပြီး စိတ်ဓာတ်ခွန်အား ပေးသူရှိလျှင် ကောင်းလှသည်။ အထောက်အကူဖြစ်သည့် ဤဆက်သွယ်ပတ်သက်မှု ပတ်သက်ရာပတ်သက်ကြောင်း…
ခရစ်စမတ်အတွက်မေးခွန်း
ပြက္ခဒိန်ကိုလှန်ရင်း ဒီဇင်ဘာလမရောက်မီကပင် ကျွန်ုပ်တို့၏ မြောက်ပိုင်းမြို့လေးများတွင် ခရစ်စမတ် ပျော်ပွဲရွှင်ပွဲလေးများကို စတင်ကျင်းပကြပါပြီ။ ဆေးခန်းတစ်ခု၌ သစ်ပင်နှင့် ချုံပုတ်လေးများကို ရောင်စုံမီးများနှင့် အလှဆင်ထားရာ ညအချိန်မြင်ကွင်းမှာ ရင်သပ် ရှုမောဖွယ် ကောင်းလှတော့သည်။ အခြားတစ်နေရာတွင်မူ အဆောက်အဦကို ထည်ဝါခမ်းနားသော ခရစ်စမတ်လက်ဆောင်ထုပ်ပုံ ထုပ်ပိုး ဆင်ယင်ထားသည်။ ဘယ်နေရာကြည့်ကြည့် ခရစ်စမတ်ပုံရိပ် ကင်းသည့် နေရာမရှိ၊ အနည်းဆုံးတော့ ခရစ်စမတ်ဈေးကွက် အစပြုပြီဖြစ်သည်။
ဤသို့ မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်နေသည့် အပြင်အဆင် များကို လူအချို့က သဘောကျသော်လည်း အချို့မှာမူ အပြစ်သာ မြင်သည်။ သို့သော် ခရစ်စမတ်အပေါ် အခြားသူများ၏အမြင်အဓိပ္ပာယ် ဖွင့်ဆိုချက်က အမှန်တကယ် အရေးကြီးသည့်အရာ မဟုတ်ပါ။ ဤသို့ပွဲဆင်နွဲ ကျင်းပခြင်း သည် မိမိအတွက် မည်သည့်အဓိပ္ပာယ်ဖြစ်သည်ကို စဉ်းစားဆင်ခြင်သင့်သည်။
သခင်ယေရှုမွေးဖွားပြီး နှစ်ပေါင်း ၃၀ ကျော်နောက်တွင် သခင်က သူ့တပည့်တော် များအား ‘‘ငါသည်…