အမျိုးအစား  |  odb

ရဲရင့်ခြင်းသတ္တိဖြင့်ရင်ဆိုင်

ဂျာမန်အသင်းတော်ခေါင်းဆောင်အများစုက ဟစ်တလာထံအညံ့ခံကြစဉ် ဓမ္မပညာရှင် သင်းအုပ်ဆရာ မာတင် နီးလ်မောလယ်သည် နာဇီ မကောင်းဆိုးရွားကို ခုခံ တွန်းလှန်သည့် ရဲရင့်သူတစ်ဦးဖြစ်သည်။ ၁၉၇၀ ပြည့်နှစ်များက ဟော်တယ်ကြီးတစ်ခု၏ အပြင်၌ သက်ကြီး ဂျာမန်တစ်စု စုဝေးရောက်ရှိလာချိန်တွင် လူရွယ်တစ်ဦးမှာ ထိုသူတို့၏ ခရီးဆောင်အိတ်များနှင့် ယောက်ယက်ခတ်သွားသည်။ လူတစ်ဦးက “အဲဒီအဖွဲ့က ဘယ်သူတွေလဲ”ဟု မေးရာ “ဂျာမန် သင်းအုပ်ဆရာတွေပါ”။ “အဲဒီ လူရွယ်ကကော” “သူက မာတင် နီးလ်မောလယ်ပါ။ သူက အသက် ၈၀ ရှိပြီ။ ဒါပေမဲ့ သူကကြောက်ရွံ့မှုမရှိတဲ့အတွက် နုပျိုနေတုန်းပဲ” ဆိုသည့် ဇာတ်လမ်းတစ်ပုဒ်ကို ကျွန်ုပ်ဖတ်ရသည်။

နီးလ်မောလယ်သည် အကြောက်တရားကို ခုခံတွန်းလှန်နိုင်ခြင်းမှာ စွမ်းအားရှင် လူသားများ၏ အကြောက်တရားကို တွန်းလှန်သည့် ဗီဇကို ပိုင်ဆိုင်ထားခြင်းကြောင့် မဟုတ်ပါ။ အမှန်စင်စစ် သူသည် တစ်ချိန်က ဂျူးမုန်းတီးရေးဝါဒကို စွဲကိုင်ထားသူပါ။ သို့သော် သူသည်…

အမှတ်အသားဆိုရုံမျှထက် သာလွန်သော

သမိုင်းတွင်မည့် အဖွဲ့လိုက်ကစားပွဲ၌ အိုင်အိုဝါတက္ကသိုလ်၏ နာမည်ကျော် ဘတ်စကတ်ဘော ကစားသမား Jordan Bohannon သည် သက်တမ်း ၂၅ နှစ်ရှိပြီ ဖြစ်သော ကျောင်းစံချိန် ကျိုးနိုင်သည့် အလွတ်ပစ်သွင်း ရသည့် ဘောလုံး ဂိုးဝင်အောင် တမင်တကာ မပစ်သွင်းခဲ့ပါ။ အဘယ်ကြောင့်နည်း။ ၁၉၉၃ ခုနှစ်တွင် အိုင်အိုဝါအသင်း ကစားသမား Chris Street သည် အလွတ်ပစ်သွင်းရသည့် ဘောလုံး ၃၄ လုံးကို တစ်လုံးမှ မချော်ဘဲ ပစ်သွင်းနိုင်ခဲ့သည်။ နောက်တစ်နေ့တွင် ယာဉ်တိုက်မှုကြောင့် အသက်ဆုံးရှုံးခဲ့သည်။ Bohannon က Street ၏ အမှတ်တရအား ဂုဏ်ပြုရန်အတွက် သူတင်ခဲ့သော စံချိန်ကို မချိုးရန် ရွေးချယ်ခဲ့ခြင်းကြောင့် ဖြစ်သည်။

Bohannon သည် မိမိ၏အောင်မြင်မှုထက် ပို၍ အရေးကြီးသည့် အကြင်နာမေတ္တာတရားကို ပြသခဲ့သည်။ သူရဲကောင်းငယ် ဒါဝိဒ်ထံမှလည်း အလားတူ…

ရှေ့ဆက်သွားပါ

အဖွဲ့အစည်းဖြင့် ပူးပေါင်းလှုပ်ရှားရသည့်လောကသည် ကျွန်မကို စွမ်းရည်မြင့်မားပြီး မှန်မှန်ကန်ကန် စီရင်ဆုံးဖြတ်တတ်သူများနှင့် အပြန်အလှန်ဆက်ဆံနိုင်ခွင့် ပေးခဲ့သည်။ သို့သော် ကြီးကြပ်သူတစ်ဦးက အဝေးမှဦးစီးသည့်စီမံကိန်းကတော့ ချွင်းချက်ဖြစ်သည်။
အဖွဲ့၏တိုးတက်မှုကို အသိအမှတ်မပြုသော ဤမန်နေဂျာက ကျွန်မတို့၏ လုပ်ဆောင် ချက်ကို ပြင်းထန်စွာ ဝေဖန်ပြီး ဖုန်းဆက်တိုင်း ပို၍အားစိုက် ထုတ်ရန် တောင်းဆို၏။ ဤသို့ ဒေါသနှင့်ဆူပူခြင်းကြောင့် ကျွန်မ စိတ်ဓာတ်ကျ၊ ပူပန်ခဲ့ရသည်။ အလုပ်ထွက်လိုသည့်အချိန်များရှိခဲ့သည်။

အဲဂုတ္တု၌ အမှောင်ကျရောက်စေသည့်အချိန်၌ ဖာရောမင်းနှင့် ရင်ဆိုင်ရသည့် မောရှေသည်လည်း လက်လျှော့ ထွက်ခွာလိုစိတ် ဖြစ်ကောင်းဖြစ်နိုင်သည်။ အဲဂုတ္တု၌ ဘုရားသခင်သည် ကပ်ဘေးရှစ်မျိုးကို ကျရောက် စေခဲ့ပြီး ဖာရောဘုရင်သည်လည်း နောက်ဆုံးတွင် ပေါက်ကွဲတော့သည်။ “(မောရှေ) ငါ့ထံမှထွက်သွားလော့။ နောက်တစ်ဖန် ငါ့မျက်နှာကို မမြင်အောင် သတိပြုလော့။ ငါ့မျက်နှာကိုမြင်သောနေ့၌ သေမည်”ဟု မိန့်ကြားသည် (ထွ ၁၀း၂၈)။

ခြိမ်းခြောက်မှုများရှိသော်လည်း အဆုံးတွင် ဣသရေလလူတို့ကို…

မည်သည်နှင့်မှနှိုင်းယှဉ်မရသည့် အသက်တာ

ရုပ်သံအစီအစဉ်တစ်ခု၌ အရွယ်ရောက်လူငယ်များက ဆယ်ကျော်သက်ဘဝကို ပို၍ နားလည်ရန် အထက်တန်းကျောင်းသားအဖြစ် ဟန်ဆောင်ကြသည်။ ဆယ်ကျော်သက် များသည် မိမိတို့၏တန်ဖိုးကို မည်သို့ တိုင်းတာကြောင်းလေ့လာရာ လူမှုဆက်သွယ်ရေး မီဒီယာနည်းလမ်းက အဓိကအခန်းကဏ္ဍ၌ပါဝင်နေကြောင်း ထိုသူတို့ တွေ့ရှိခဲ့ကြသည်။“ကျောင်းသားလူငယ်များ၏ မိမိကိုယ်ကို တန်ဖိုးထားမှုမှာ လူမှုမီဒီယာများနှင့် တွဲလျက် ရှိတယ်။ ဓာတ်ပုံတစ်ပုံ အတွက် သူတို့ ‘Likes’ ဘယ်လောက်ရသည့်အပေါ် အမှီပြုနေတယ်” ဟု အစီအစဉ်၌ ပါဝင်သူတစ်ဦးက လေ့လာတွေ့ရှိခဲ့သည်။ ဤသို့ တစ်ပါးသူ၏ လက်ခံမှုကိုလိုလားခြင်းက လူငယ်များကို အွန်လိုင်းပေါ် အစွန်းရောက် ပြုမူကျင့်ကြံရန် တွန်းပို့နိုင်သည်။

တစ်ပါးသူ၏လက်ခံမှုကို လိုလားတောင့်တခြင်းက အမြဲရှိနေသည်။ က ၂၉ တွင် လေအာသည် ခင်ပွန်း ယာကုပ် ထံမှမေတ္တာကို တောင့်တသည်ကို နားလည်နိုင်ပါသည်။ သူ၏ အထီးကျန်မှုကို အမိအရ ဖော်ကျူးနေသည့် သူ့သားသုံးဦး၏နာမည်များက ဤအချက်ကို ထင်ဟပ်ပြနေသည် (း၃၁-၃၄)။…

အိမ်ယာမဲ့ဖြစ်ရန် တမင်ရွေးချယ်

Keith Wasserman သည် အကြင်မေတ္တာနှင့် သနားကရုဏာတို့ တိုးပွားလာစေရန် ရည်ရွယ်ပြီး ၁၉၈၉ ခုနှစ် မှစပြီး နှစ်တိုင်း ရက်အနည်းငယ် အိမ်ယာမဲ့အဖြစ် နေထိုင် သည်။ နေစရာအိမ်မရှိတဲ့လူတွေ အပေါ်ထားတဲ့ “ကျွန်တော်ရဲ့သဘောထားနဲ့ စာနာမှုတွေ တိုးလာဖို့ လမ်းပေါ်မှာနေဖို့ သွားတာပါ”ဟု Good Works, Inc ၏ အမှုဆောင် ညွှန်ကြားရေးမှူးချုပ် Keith က ပြောပြခဲ့သည်။

သူအစေခံပေးနေသူများကဲ့သို့ နေထိုင်သည့် Keith ၏နည်းလမ်းက ကျွန်ုပ်တို့အတွက် ရှင်ယေရှု လုပ်ဆောင် ပေးခဲ့သည့်အမှုကို ဖော်ကျူးသည့် ပုံပမာဖြစ်လေမလားဟု ကျွန်ုပ်တွေးမိသည်။ စကြဝဠာ၏ဖန်ဆင်းရှင် ဘုရားသခင် ကိုယ်တိုင်က ကျွန်ုပ်တို့ ကြုံရသည့်အမှုများကို တွေ့ကြုံ ခံစားရန်၊ ကျွန်ုပ်တို့ ဘုရားသခင်နှင့် မိတ်သဟာရ ဖွဲ့နိုင်ရန်၊ လူသားများ၏လက်ဝယ်အသေခံရန် အားနွဲ့သောသူငယ် အဖြစ် ခံယူပြီး လူသားအဖြစ်နေထိုင်ရန် ရွေးချယ်ခဲ့သည်။

ဟေဗြဲသြဝါဒစာရေးသူက…

နှောင့်နှေးမှုများကို မျှော်လင့်ထား

လာနောက်နေတာလား။ နဂိုကတည်းက နောက်ကျရသည့်အထဲ။ သို့သော် အရှေ့မှ လမ်းညွှန်သင်္ကေတက “နှောင့်နှေးမှုများကို မျှော်လင့်ထား” ဟု အလိုက်သင့်ပြုမူရန် ညွှန်ကြားနေသည်။ ကားပိတ်သည့်အတွက် ကြန့်ကြာရခြင်းပါ။ ကျွန်ုပ်ရယ်မိသည်။ မိမိ၏စံ အချိန်ဇယားအတိုင်း တစ်ခုပြီးတစ်ခု ဖြစ်ပျက်သွား မည်ဟု ကျွန်ုပ်မျှော်လင့်ထားပြီး လမ်းပြင်သည့်ကိစ္စကိုဖြင့် မမျှော်မှန်းထားပါ။

ဝိညာဉ်ရေး၌လည်း ကျွန်ုပ်တို့၏အသက်တာကို နှောင့်နှေးမှုဖြစ်စေသည့် (သို့) လမ်းကြောင်းပြောင်းစေသည့် အခက်အခဲကာလများအတွက် ကျွန်ုပ်တို့အနည်းစုသာ ပြင်ဆင် ထားတတ်သည်။ ထိုအချက်ကို စဉ်းစားလိုက်လျှင် ကျွန်ုပ်၏အခြေအနေကို အကြိမ်ကြိမ် အကြီးအကျယ် (သို့) မသိမသာပြောင်းလဲခဲ့သည့်အရာများကို အမှတ်ရမိသည်။

“နှောင့်နှေးမှုကိုမျှော်မှန်းထား” ဟူသည့် သင်္ကေတကို ရှောလမုန်မင်း တစ်ခါမျှ မတွေ့ခဲ့ဖူးပါ။ သို့သော် သု ၁၆ တွင် ကျွန်ုပ်တို့၏အကြံအစည်နှင့် ဘုရားသခင်၏ထောက်မ ဦးဆောင်လမ်းညွှန်မှုကို သူနှိုင်းယှဉ်ပြထားသည်။ အငယ် ၁ တွင် “လူသားများသည် အထူးထူးအပြားပြား ကြံစည် တတ်သည်။…

ချေဖျက်လိုက်ပြီ

ဗြိတိသျှအင်ဂျင်နီယာ Edward Nairne သည် ခဲတံရှိ ခဲဖျက်ကို တီထွင်သည့်အချိန်က အမှန်တွင် သူသည် ပေါင်မုန့်ကို လှမ်းယူခြင်းဖြစ်သည်။ ၁၇၇၀ ခုနှစ်က ရေးမှတ်ထား သည်များကို ဖျက်ရန် ပေါင်မုန့်အပေါ်သားကို အသုံးပြုခဲ့သည်။ သူသည် ပေါင်မုန့်အစား ရာဘာစေးကို မှားယူမိပြီး ၄င်းက အမှားကို ဖျက်နိုင်ပြီး ကျန်ရစ်သည့်ရာဘာလိပ်များကို လက်ဖြင့် အလွယ်တကူ ဖယ်ရှားရုံသာဖြစ်ကြောင်း Nairne တွေ့ရှိခဲ့သည်။

ကျွန်ုပ်တို့ဘဝ၏ အဆိုးရွားဆုံးအမှားများကိုလည်း ဖျက်ပစ်နိုင်ပါသည်။ အသက်မုန့်ဖြစ်သည့် သခင်ယေရှုသည် သူ့အသက်အားဖြင့် အပြစ်များကို သန့်ရှင်းစင်ကြယ်စေပြီး ကျွန်ုပ်တို့၏အပြစ်များကို မည်သည့်အခါမှ အမှတ်မရတော့ ကြောင်း ကတိပေးသည်။ “ငါတစ်ပါးတည်းသာလျှင် ကိုယ် အတွက်ကြောင့် သင်၏အပြစ်တို့ကိုဖြေမည်။ သင်၏ ဒုစရိုက် တို့ကို မအောက်မေ့” ဟု မိန့်ကြားသည် (ဟေရှာ ၄၃း၂၅)။

ဤအမှုအရာမှာ မှတ်သားလောက်သည့် ပြုပြင်ခြင်း ဖြစ်ပြီး…

ကြီးမြတ်သောကယ်တင်ခြင်းလုပ်ငန်း

၁၉၅၂ ခုနှစ် ဖေဖော်ဝါရီလ ၁၈ တွင် ပြင်းထန်သောမုန်တိုင်းကြောင့် ရေနံတင်သင်္ဘော SS Pendleton သည် မက်ဆာချူးဆက်ကမ်းခြေမှ ၁၀ မိုင်အကွာခန့်တွင် နှစ်ပိုင်း ပြတ်သွားသည့်အထိ ပျက်စီးသွားသည်။ ပြင်းထန်သောလေမုန်တိုင်းနှင့် ဆူပွက်နေသော လှိုင်းများအကြားတွင် သင်္ဘောသားအယောက် ၄၀ သည် သင်္ဘောထဲတွင် ပိတ်မိပြီး သင်္ဘောနှင့်အတူ နှစ်မြှုပ်သွားတော့သည်။

ထိုသို့ ဘေးဒုက္ခကပ်ဆိုးကြီး ကျရောက်သည့် သတင်းကို မက်ဆာချူးဆက်ရှိ Chatham ကမ်းခြေစောင့် တပ်စခန်းမှ ကြားသိသောအခါ ပထမတန်းအရာရှိ Bernie Webber သည် အခြားလုပ်ဖော်ကိုင်ဖက် သုံးဦးကို ခေါ်ဆောင်ကာ အသက်ကယ်လှေဖြင့် အခင်းဖြစ်ပွားသည့် နေရာသို့ သွားရောက်ပြီး မဖြစ်နိုင်မှန်းသိလျက်နှင့် ဒုက္ခ ရောက်နေသည့် သင်္ဘောသားတို့အား ကယ်ဆယ်ရန် ကြိုးစားခဲ့သည်။ သို့နှင့် သင်္ဘောသား ၃၂ ဦးကို ကယ်ဆယ်နိုင်ခဲ့သည်။ ၎င်းသည် အမေရိကန်ကမ်းခြေစောင့်တပ်ဖွဲ့ သမိုင်းတွင်…

တစ်စိမ်းတစ်ရံအား ဧည့်ခံကြိုဆိုခြင်း

ဥရောပတိုက်၏ အဆင်းရဲဆုံးနိုင်ငံ တစ်နိုင်ငံ ဖြစ်သည့် မာလ်ဒိုဗာတွင် ကျွန်မ၏ သူငယ်ချင်းများ နေထိုင်စဉ်က သူတို့ကို ထိုနိုင်ငံရှိ ခရစ်ယာန်များက နွေးထွေးစွာ ကြိုဆိုခြင်းအတွက် သူတို့ အထူးသဖြင့် အံ့သြခံစားခဲ့ရသည်။ တစ်ကြိမ်တွင် သူတို့သည် ဘုရားကျောင်းမှ ဆင်းရဲနွမ်းပါးသော်လည်း ကလေးသူငယ်များကို ပြုစုစောင့်ရှောက်သည့် စုံတွဲတစ်တွဲထံသို့ အဝတ်အစားနှင့် အစားအသောက်များ သွားရောက်လှူဒါန်းသည်။ ထိုစုံတွဲက ၎င်းတို့ကို ဂုဏ်သရေရှိ ဧည့်သည်များကဲ့သို့ပင် ဧည့်ခံပြုစု ကြသည်။ သူငယ်ချင်းများက ထိုကဲ့သို့ အထူးတလည် မဆက်ဆံရန် ကန့်ကွက်သော်လည်း သူတို့က လက်ဖက်ရည်ချိုနှင့် စားစရာများဖြင့် အထူးဧည့်ခံ သည်။ သူတို့လက်ဆောင်ပြန်ပေးလိုက်သော ဖရဲသီးနှင့် ဟင်းသီးဟင်းရွက်များယူ၍ အိမ်အပြန်လမ်းတွင် သူတို့၏ ပျူငှာမှုကို တွေးပြီး ကြည်နူးမိကြသည်။

ဘုရားသခင်က သူ၏လူမျိုးတော် ဣသရေလလူ တို့အား ထိုကဲ့သို့ ဧည့်ဝတ်ပျူငှာစွာပြုကြရန် သွန်သင်ထားသည့်အတိုင်း ထိုယုံကြည်သူ များသည် သရုပ်ပေါ်လွင်အောင်…

နူးညံ့သိမ်မွေ့သော်လည်း စွမ်းအားရှိသည်

နယ်သာလန်နိုင်ငံအား ရန်သူများစီးနင်းတိုက်ခိုက်မှု အရှိန်အဟုန်သည် ပိုမိုပြင်းထန် လာသောကြောင့် အဲန်းဖရဲန့်ခ်နှင့် သူ၏မိသားစုသည် အန္တရာယ်မှလွတ်မြောက်ရန် ပုန်းကွယ်နိုင်မည့်နေရာသို့ သတ္တိရှိရှိထွက်ပြေးခဲ့သည်။ နိုင်ငံရေးအကျဉ်းစခန်းသို့ ပို့ဆောင်ခြင်း မခံရမီ ဒုတိယကမ္ဘာစစ်ကြီးအတွင်း ၂ နှစ်တာလုံးလုံး ထိုနေရာတွင် ပုန်းအောင်းခဲ့သည်။ အဲန်းကိုယ်တိုင်ရေးသားသည့် နာမည်ကြီး Diary of a Young Girl စာအုပ်တွင် သူက “ရေရှည်တွင် အထက်မြက်ဆုံးသောလက်နက်သည် ကြင်နာပြီး နူးညံ့သိမ်မွေ့သည့် စိတ်ဓာတ်ပင်ဖြစ်သည်” ဟု ရေးသား မှတ်တမ်းတင်ခဲ့သည်။

နူးညံ့သိမ်မွေ့ခြင်းသည် ဤလက်တွေ့လောကကြီး တွင် အလွန်မှ ရှုပ်ထွေးသောအရာပင်ဖြစ်သည်။

ဟေရှာယအခန်းကြီး ၄၀ တွင် ဘုရားသခင်အား နူးညံ့သိမ်မွေ့သူအဖြစ် လည်းကောင်း၊ စွမ်းအားအပြည့်ရှိသူအဖြစ်လည်းကောင်း တွေ့ရှိရသည်။ အခန်းငယ် ၁၁ တွင် “မိမိသိုးစုကို သိုးထိန်းကဲ့သို့ ကျွေးမွေးတော်မူမည်။ သိုးသူငယ်တို့ကို ချီ၍ ပိုက်ပွေ့တော်မူမည်” ဟုဖတ်ရှုရပါမည်။ သို့သော် ရှေ့အပိုဒ်ငယ်တွင်မူကား…