ရဲရင့်သောရပ်တည်ချက်
ဒုတိယကမ္ဘာစစ်ဦးကာလ ထရီဇာ ပရီကာရိုဝါ တို့ နေထိုင်သော ပိုလန်လူမျိုးတို့၏ မူလဒေသသို့ နာဇီတပ်များ ကျူးကျော်ဝင်ရောက်ခဲ့စဉ် သူသည် ဆယ်ကျော်သက် အရွယ်သာ ဖြစ်သည်။ ဂျူးလူမျိုးများကို အစုလိုက် အပြုံလိုက်သတ်သည့် ကနဦး အခြေအနေတွင် နာဇီတို့ဖမ်းဆီးမှုဖြင့် သူ၏အိမ်နီးချင်း ဂျူးလူမျိုးများ ပျောက်ပျောက် သွားသည်။ ထို့ကြောင့် ထရီဇာ နှင့်အခြားပိုလန်များသည် သူတို့အသက်ကိုစွန့်စားပြီး ဝါဆော မြို့ရှိ ဂျူးရပ်ကွက်မှ အိမ်နီးချင်းများအား အမျိုးပြုတ်သတ်ဖြတ်သည့် နာဇီတို့ လက်မှ ကယ်တင်ပေးခဲ့သည်။ ထရီဇာသည် စစ်နှင့် ဂျူးများကိုအစုလိုက်သတ်သည့်ပွဲကို ပထမဦးဆုံး သမိုင်းတင် ရေးသားသူတစ်ဦး ဖြစ်လာသည်။ သို့သော် ယေရုရှလင်ရှိ Yad Vashem Holocaust အောက်မေ့ဖွယ် ခန်းမတွင် အမှန်တရား ဘက်မှရပ်တည်ခဲ့သည့် သူတော်ကောင်းများ စာရင်းတွင် ပါဝင်ခဲ့ခြင်းမှာ မကောင်းမှုလှိုင်းလုံးကြီးကို ကြံ့ကြံ့ခံ တွန်းလှန်ခဲ့သည့် သူမ၏ရဲရင့်ခြင်းသတ္တိကြောင့် ဖြစ်သည်။
မကောင်းမှုကို…
အကူအညီတောင်းခံခြင်း
ပင်ပန်းလွန်းလှသောနေ့တစ်နေ့တွင် အလွန်နောက်ကျမှ သူငယ်ချင်းထံမှ အီးမေးလ် တစ်စောင် ၀င်လာခဲ့သည်။ အမှန်အတိုင်းပြောရလျှင် ကျွန်မဖွင့်မဖတ်ခဲ့ပါ။ အပြင်းအထန် နေမကောင်းဖြစ်နေသည့် ဆွေမျိုးတစ်ဦးကို ကျွန်မ၀င်ကူညီလျက် အချိန်ပို အလုပ်လုပ်နေ ရပါသည်။ လူမှုရေးကိစ္စဖြင့် ကျွန်မမှာ အချိန်မရှိခဲ့ပါ။
သို့သော် နောက်နေ့တွင် ကျွန်မ သူငယ်ချင်း ၏စာကို ဖွင့်ဖတ်သောအခါ “ငါနင့်ကို ဘယ်လို ကူညီပေးနိုင်မလဲ” ဟု မေးထားသည်။ ရှက်စိတ်နှင့် မလိုတော့ဘူးဟု ဖြေလိုက်သည်။ ကျွန်မ သက်ပြင်းရှိုက်ရင်း သူ့မေးခွန်းမျိုး ကျွန်မ ကြားဖူးသည်၊ သိသလိုလို ရင်းနှီးနေကြောင်း ကျွန်မ ခံစားရသည်။
ထိုမေးခွန်းကို သခင်ယေရှုလည်း မေးခဲ့သည်။ ယေရိခေါမြို့ လမ်းမပေါ်မှ မျက်မမြင်တစ်ဦးသည် သူ့ကို အော်ကာ အကူအညီ တောင်းခံခြင်းကို သခင်ယေရှု ကြား သောအခါ ရပ်ကာ မျက်မမြင် ဗာတိမဲအား ဘာကူညီပေးနိုင်မလဲ ဟု မေးခဲ့သည်။…
ဘုရားသခင်၏အမှတ်အသား
ကြောက်လန့်နေသော ကလေးထိန်းသည် ကလေးငယ်များကိုကောက်ချီပြီး မီးလောင် နေသောအိမ်မှ ပြေးထွက်လာရင်း ငါးနှစ်အရွယ် ဂျက်ကီလေးကို ကျယ်လောင်စွာ အော်ခေါ် သည်။
သို့သော် ဂျက်ကီ လိုက်ပါမလာခဲ့ပါ။ အိမ်အပြင်၌ ရပ်ကြည့်နေသူတစ်ဦးက မနေနိုင်တော့ဘဲ အပေါ်ထပ်ပြူတင်းပေါက်ဆီသို့တက်သွားကာ ခေါင်မိုး မပြိုကျမီ ဂျက်ကီကို ဘေးကင်းရာသို့ ခေါ်ဆောင်နိုင်ခဲ့သည်။ ဂျက်ကီလေးသည် မီးထဲက နှုတ်ယူသော တုတ်ချောင်း ‘Brand’ ဟု မိခင်ဖြစ်သူ စူစန်နာ က ပြောသည်။ ‘Brand’ ကို ခရီးသွား ဧ၀ံဂလိ တရားဟောဆရာ ဂျွန်ဝစ္စလီ (၁၇၀၃-၁၇၉၁) အဖြစ် သင်သိကောင်းသိလိမ့်မည်။
ဘုရားသခင်၏ သဘောသဏ္ဌာန်တော်နှင့် စပ်လျဉ်း၍ အဖိုးမဖြတ်နိုင်သည့် အတွေးနှင့်ဉာဏ်အလင်းကို ဖော်ပြခဲ့သော ပရောဖက် ဇာခရိကို စူစန်နာ ဝစ္စလီ ကိုးကားခဲ့ခြင်းဖြစ်သည်။ သူရရှိခဲ့သောရူပါရုံနှင့်ပတ်သက်ပြီး ပရောဖက်ကြီးက ယဇ်ပရောဟိတ်မင်းကြီး ယောရှု၏တစ်ဘက်၌ စာတန်ရပ်နေသည့် တရားပလ္လင်ရှေ့သို့ ကျွန်ုပ်တို့ကို…
မိတ်ဆွေများအဖို့
Emily Bronte ၏ Wuthering Heights ဝတ္ထုတွင် သူတစ်ပါးကို အပြစ်တင်ရန် သမ္မာကျမ်းစာကို ကိုးကားတတ်သည့် ဘုကန့်လန့် အမျိုးသားတစ်ဦးအား ‘‘ကျမ်းစာကို မွေနှောက်၊ မိမိကိုယ်ကိုအမွမ်းတင်၊ သူတစ်ပါးကိုဖြင့် အပြစ်တင်၊ သွားပုတ် လေလွင့် ပြောတတ်သော၊ စိတ်ပျက်ဖွယ် တစ်ကိုယ်ကောင်းသမား ဖာရိရှဲ” ဟုဖော်ပြထားသည်။
ရယ်စရာဖြစ်သော်လည်း ထိုသို့သောသူ တစ်ဦးဦးကို သင်တွေးကောင်း တွေးမိမည်။ သို့သော် ကျွန်ုပ်တို့လည်း အနည်းနှင့်အများ ထိုသူကဲ့သို့ပင် မိမိကိုယ်ကို ဆင်ခြင်ပေး ခွင့်လွှတ်ပြီး သူတစ်ပါးကိုမူ ပြစ်တင်ရှုတ်ချတတ်သည် မဟုတ်ပါလား။
နှုတ်ကပတ်တော်ထဲမှ လူအချို့သည် ထိုကဲ့သို့ မဟုတ်ဘဲ အံသြဖွယ်ကောင်းလောက်အောင် ၎င်းနှင့် ဆန့်ကျင်ဘက်အရာကို ပြုကြသည်။ သူတစ်ပါးကို ကယ်တင်နိုင်မည်ဆိုပါက ဘုရားရှင် သူတို့အား ပေးထားသောကတိတော်များကို စွန့်လွှတ်ကာ မိမိကိုယ်ကိုပင် အကျိန်ခံဝံ့ကြသည်။ ဣသရေလအမျိုး၏အပြစ်ကို ဘုရားရှင် ခွင့်မလွှတ် ပါက သူ့နာမကို…
နက်နဲလျှို့ဝှက်မှုကို ဖွင့်ချခြင်း
တစ်နေ့တွင် ကျွန်တော်အလုပ်မှ အိမ်ပြန်လာရာ ခြံထဲအ၀င် ကားလမ်းဘေးတွင် အမျိုးသမီးစီး ဒေါက်မြင့်ဖိနပ်တစ်စုံကို တွေ့ခဲ့ရသည်။ မည်သူ့ဖိနပ်မှန်း ကျွန်တော် တပ်အပ် သိသည်။ သို့နှင့် ကလေးများကို သွားကြိုပြီးပြန်လာမည့် သမီး လီဇာကို ပြန်ပေးရန် ဖိနပ်ကို ကားဂိုဒေါင်ထဲထည့်ထားလိုက်သည်။ သို့သော် လီဇာကို ပြောပြ သောအခါ သူ့ဖိနပ်မဟုတ်ကြောင်း ကျွန်တော်သိလိုက်ရ သည်။ ကျွန်တော့်မိသားစုဝင် တစ်ဦးတစ်ယောက်မျှကလည်း သူတို့ဖိနပ်ဟု မပြောပါ။ ထို့ကြောင့် ၄င်းဖိနပ်ကို ကျွန်တော် တွေ့ရှိခဲ့သည့် နေရာတွင်ပင် ပြန်ထားလိုက်သည်။ နောက် တစ်နေ့တွင် ဖိနပ် မရှိတော့ပါ။ ထူးဆန်းပါသည်။
တမန်တော်ရှင်ပေါလုသည် သူ့စာများတွင် လျှို့ဝှက် နက်နဲသောအကြောင်းတစ်ခု ရေးခဲ့သည်ကို သင်သိပါ သလား။ သို့သော် သူဖော်ပြသည့် လျှို့ဝှက်နက်နဲမှုက “မည်သူလုပ်တာလဲ” ဆိုသည့်အရာမျိုးထက် သာလွန်သည်။ ဥပမာ- ဧဖက် ၃ ၌ ရှင်ပေါလုက…
ကောက်သင်းကောက်ခြင်း
တန်ဇန်နီးယန်းမိတ်ဆွေ ရုသ်သည် သူ့မြို့တော် ဒိုဒိုမာရှိ ပြုပြင်ထိန်းသိမ်းမှုမရှိသည့် မြေတစ်ကွက်ကို ပြုပြင်ပြောင်းလဲပစ်ရန် ရူပါရုံရှိသည်။ ထိုဒေသရှိမုဆိုးမများ၏ လိုအပ်ချက်ကို သိရှိပြီး ဤဖုန်းဆိုးမြေကို ကြက်မွေးမြူရေးခြံ၊ ကောက်ပဲသီးနှံများ စိုက်ပျိုး နိုင်မည့်မြေအဖြစ် သူပြောင်းလဲလိုသည်။ လိုအပ်နေသူများအတွက် ကူညီ ထောက်ပံ့ပေးလိုသည့် သူ့ရူပါရုံက သူ၏ဘုရားသခင်အပေါ် ချစ်ခြင်း၌တည်ရှိပြီး ရုသ်ဆိုသော နှုတ်ကပတ်တော်ပါ သူ့နာမည်အားဖြင့် လှုံ့ဆော်ခံရခြင်း ဖြစ်သည်။
ဘုရားသခင်၏ပညတ်တော်၌ ဆင်းရဲနွမ်းပါးသူများ နှင့် တစ်ပါးအမျိုးသားများအား လယ်ပြင်ရှိ စပါးကျန်များကို ကောက်သင်းကောက်ရန် အခွင့်ပေးသည် (ဝတ် ၁၉း၉-၁၀)။ (ကျမ်းစာထဲမှ) ရုသသည် တစ်ပါးအမျိုးသားဖြစ်သည်။ သို့ဖြစ်၍ သူနှင့် သူ့ယောက္ခမတို့ စားသောက်ရန်အတွက် လယ်ထဲတွင် ကောက်သင်းကောက်ခွင့်ရခဲ့သည်။ ဆွေမျိုး ရင်းချာ ဖြစ်သည့် ဗောဇ၏လယ်ကွက်၌ ကောက်သင်းကောက်
ရခြင်းက နောက်ဆုံးတွင် ရုသနှင့် နောမိတို့အတွက် ခိုနားရာ အိမ်နှင့် အကာအကွယ်ကို တွေ့ရှိရခြင်းဖြစ်သည်။…
ဘုရားသခင်ကို ရှေ့ဦးစွာ မေးလျှောက်ပါ
ကျွန်တော်အိမ်ထောင်ကျပြီး အစောပိုင်းကာလတွင် ကျွန်တော့်ဇနီးအကြိုက် မည်သို့ မည်ပုံရှိသည်ကို သိအောင်စဉ်းစားပုံဖော်ရင်း ရုန်းကန်ခဲ့ရသည်။ ညစာကို နေအိမ်၌ပင် တိတ်တိတ်ဆိတ်ဆိတ် စားလိုသလား၊ စားသောက်ဆိုင်၌ သွားစားလိုသလား။ အပေါင်းအသင်းများနှင့် ကျွန်တော်လျှောက်သွားခြင်းက သူ့အတွက်အဆင်ပြေပါ့မလား၊ ဒါမှမဟုတ် ပိတ်ရက်အချိန်လေးကို သူ့အတွက် ထားပေးရန် သူမျှော်လင့်နေမလား။ တစ်ကြိမ်တွင်တော့ ကျွန်တော်က တွေးဆပြီး ကြိုတင်ဆုံးဖြတ်ထားမည့်အစား သူ့ကို “သဲ ဘာလုပ်ချင်သလဲ” ဟု မေးလိုက်သည်။
နွေးထွေးသောအပြုံးလေးနှင့် သူက “နှစ်မျိုးလုံး ကျွန်မအတွက် အဆင်ပြေပါတယ်။ ကျွန်မအတွက် စဉ်းစား ပေးတာကိုပဲ ကျွန်မပျော်နေပါပြီ” ဟု ပြန်ပြောသည်။
အချိန်တော်တော်များများ၌ မည်သည့်အလုပ်ကို ရွေးချယ်ရမည်စသည်ဖြင့် ဘုရားသခင် ကျွန်တော့်ကို ဘာလုပ်စေချင်သလဲဟု အလွန်အမင်း တိတိကျကျ သိရှိလိုသည်။ လမ်းပြရန် ဆုတောင်းခြင်း၊ နှုတ်ကပတ်တော်ဖတ်ခြင်းဖြင့် အဖြေ ရေရေရာရာ တိတိကျကျ မဖော်ပြ ပေးပါ။ သို့သော် ရှင်းလင်းသည့်အဖြေတစ်ခုရှိပါသည်။…
ကျွန်ုပ်တို့ ပင်ပန်းအားလျော့သောအခါ
တစ်ခါတစ်ရံ၌ မှန်ရာကို ကြိုးစားလုပ်ဆောင်ရသည်မှာ ပင်ပန်းလှသည်။ အကောင်း ရည်ရွယ်ပြီး ပြောသည့်စကား၊ လုပ်မိသည့်အရာက အကျိုးဖြစ်စေသလား ဟု ကျွန်ုပ်တို့ တွေးကောင်းတွေးမိမည်။ မကြာမီက မိတ်ဆွေတစ်ဦးထံ အားပေးနှစ်သိမ့်ပေးရန် ရည်ရွယ်ပြီး ဆုတောင်းလျက် အီးမေးလ်ပို့ပေးခဲ့ရာ သူက ဒေါသဖြင့် တုံ့ပြန်သည့် အတွက် ဤအကြောင်းနှင့်ပတ်သက်ပြီး ကျွန်ုပ် တွေးမိခြင်းပါ။ ချက်ခြင်းပင် ကျွန်ုပ်လည်း စိတ်မကောင်းဖြစ်ပြီး စိတ်နာကာ ဒေါသပါထွက်လာသည်။ ဘယ့်နှယ့် ငါ့ကို အထင်မှားရတာလဲ။
ဒေါသနှင့် ပြန်လည်မတုံ့ပြန်မီ ကျွန်ုပ်သတိရလိုက် သည်မှာ တစ်စုံတစ်ဦးအား ရှင်ယေရှု သူ့ကို ချစ်ကြောင်း ပြောပြသောအခါ ဘာဖြစ်မည် (သို့) (မိမိဖြစ်စေလိုသည့် အတိုင်းဖြစ်မဖြစ်)ကို မသိမမြင်နိုင်ကြောင်း ပြန်သတိရမိ သည်။ သခင်ဘုရားထံပါးဆွဲခေါ်ရန် မျှော်လင့်ချက်ဖြင့် တစ်ပါးသူများကို ကျေးဇူးပြုသောအခါ သူတို့က ကျွန်ုပ်တို့ကို ငြင်းပယ်ကောင်း ငြင်းပယ် မည်။ တစ်စုံတစ်ဦးကို မှန်ကန်စွာ…
ငါးကြီးအကြောင်း မဟုတ်ပါ
မီဂါလူး သည် အဖြူရောင်ဝေလငါးအဖြစ် ပထမဦးဆုံး မှတ်တမ်းတင်ခံရသော ဝေလငါး ဖြစ်သည်။ ထိုငါးကို သြစတြေးလျ နိုင်ငံ တောင်ပိုင်း ကွင်းစ်လန်း ကမ်းလွန် ဒေသတွင် ကြိမ်ဖန်များစွာ မြင်တွေ့ရသည်။ ခန့်မှန်းခြေ ပေ ၄၀ ကျော် အရှည်ရှိသည့် ကြီးမားခန့်ညားလှသည့် သတ္တဝါမှာ ရှားပါးတိရစ္ဆာန်မျိုးစိတ် ဖြစ်သည့်အတွက် သြစတြေးလျနိုင်ငံမှ ၄င်းတို့ကို အကာအကွယ်ပေးသည့် ဥပဒေကို ထုတ်ပြန်ခဲ့သည်။
ထွက်ပြေးတိမ်းရှောင်နေသည့် ပရောဖက်ကြီးကို မြိုချရန် “ဧရာမရှားပါးငါးကြီး” တစ်ကောင်ကို ဘုရားရှင် ပြင်ဆင်ကြောင်း သမ္မာကျမ်း၌ ဖော်ပြထားသည်(ေ ၁း၁၇)။ဘုရားသခင်သည် နိနဝေကို တရားစီရင်မည့်အကြောင်း ကြားပြောရန် ယောနအား စေခိုင်းသည်။ သို့သော် ဟေဗြဲလူတို့အပါအဝင် လူတိုင်းအပေါ်ရက်စက် ကြမ်းကြုတ် သော နိနဝေမြို့သားများနှင့် ယောန မပတ်သက်လို။ သို့နှင့် သူထွက်ပြေးရာ အဖြစ်အပျက်များက ပိုဆိုးသွားသည်။ ငါးကြီး၏ဝမ်းထဲမှ ယောန နောင်တရခဲ့သည်။…
လှပသောအရာများစွာ
သူမကွယ်လွန်မီအချိန်လေးတွင် ပန်းချီဆရာမနှင့် သာသနာပြုဆရာမတစ်ဦးဖြစ်သူ လေလီယက် ထရော်တာသည် ပြတင်းပေါက်အပြင်သို့ ကြည့်ပြီး ကောင်းကင်မြင်းရထား ရူပါရုံကို မြင်တွေ့ခဲ့သည်။ သူ၏အတ္ထုပတ္တိရေးသူ၏ အဆိုအရ သူ့မိတ်ဆွေတစ်ဦးက ‘‘မင်း လှပတဲ့အရာတွေ အများကြီးကို တွေ့ရလား’’ ဟု မေးရာ၊ သူက ‘‘ဟုတ်တယ်။ လှတဲ့အရာတွေအများကြီးပဲ’’ ဟု ပြန်ဖြေခဲ့သည်။
ထရော်တာ နောက်ဆုံးပြောသွားသည့်စကားက သူ့အသက်တာ၌ ဘုရားသခင်ပြုသောအမှုတော်ကို ထင်ဟပ်ဖော်ပြနေသည်။ သေခြင်း၌သာမဟုတ်ဘဲ သူ့ဘဝ တစ်လျှောက်တွင် ဘုရားသခင်သည် သူ့ကို သော်လည်းကောင်း၊ သူ့အားဖြင့်သော်လည်းကောင်း၊ အလှတရား များကို ထုတ်ဖော်ပြသခဲ့သည်။ ပါရမီထူးသော အနုပညာရှင် တစ်ဦးဖြစ်သော်လည်း အယ်ဂျီးရီးယား၌ သာသနာပြုအဖြစ် သခင်ယေရှုကို အစေခံရန် ရွေးချယ်ခဲ့သည်။ အနုပညာလုပ်ငန်းထက် သာသနာပြုကွင်းကို သူရွေးချယ် လိုက်သောအခါ သူ့ကိုလေ့ကျင့်သင်ကြားပေးသည့်ဆရာ နာမည်ကျော် ပန်းချီဆရာ ဂျွန် ရပ်စကင်က ‘‘တကယ့် ဆုံးရှုံးမှုကြီးပဲ’’ ဟု မှတ်ချက်ပေးခဲ့ကြောင်း…