အမျိုးအစား  |  odb

ကမ်းလက်

အိုင်ဒါဟိုပြည်နယ်၏ ဆောင်းရာသီရောက်လျှင် ကျွန်မကလေးများသည် အိမ်နောက်ဘက်ရှိ စကိတ်ကွင်း၌ စိတ်လှုပ်ရှား ပျော်ရွှင်စွာ ရေခဲပြင်စကိတ်စီးကြသည်။ ငယ်စဉ်က စကိတ်စီးသင်ရာ၌ ချောနေသည့်ရေခဲပြင်ပေါ်တွင် ငြိမ်အောင်ရပ်ရခြင်းက သူတို့အတွက် အလွန်ခက်ခဲသည်။ သူတို့အတွက် စိန်ခေါ်မှုဖြစ်သည်။ သူတို့ချော်ပြီး လဲကျသွားလျှင် နာကျင်မည်ကို သူတို့ သိနေခြင်းကြောင့် ဖြစ်သည်။ သူတို့ခြေချော်သွားတိုင်း ကျွန်မဖြစ်ဖြစ်၊ ကျွန်မ ခင်ပွန်းဖြစ်ဖြစ် သူတို့ထံအပြေးသွားပြီး ဟန်ချက်ညီညီ ပြန်ရပ်နိုင်အောင် ခြေထောက်ကို ပြန်ထိန်းပေးရသည်။

ကျွန်မတို့ လဲကျသည့်အခါတိုင်း ကျွန်မတို့ကို ကူညီမည့် လက်တစ်စုံရှိနေခြင်းသည် ဆုလာဘ်တစ်ခုဟု ဒေသနာကျမ်း၌ ဖော်ပြထားသည်။ တစ်စုံတစ်ရာကို အခြားသူများနှင့် အတူတကွလုပ်ဆောင်ခြင်းဖြင့် ချိုမြိန်မှုကို ခံစားရပြီး သက်ရောက်မှုအကျိုးပိုရှိသည် (၄း၉)။ မိတ်ဆွေများက ဘဝကို နွေးထွေးစေ သည်။ စိန်ခေါ်မှုများ ရင်ဆိုင်ရစဉ် ကျွန်မတို့အနီး၌ ရပ်တည်ပေးပြီး စိတ်ဓာတ်ခွန်အား ပေးသူရှိလျှင် ကောင်းလှသည်။ အထောက်အကူဖြစ်သည့် ဤဆက်သွယ်ပတ်သက်မှု ပတ်သက်ရာပတ်သက်ကြောင်း…

ခရစ်စမတ်အတွက်မေးခွန်း

ပြက္ခဒိန်ကိုလှန်ရင်း ဒီဇင်ဘာလမရောက်မီကပင် ကျွန်ုပ်တို့၏ မြောက်ပိုင်းမြို့လေးများတွင် ခရစ်စမတ် ပျော်ပွဲရွှင်ပွဲလေးများကို စတင်ကျင်းပကြပါပြီ။ ဆေးခန်းတစ်ခု၌ သစ်ပင်နှင့် ချုံပုတ်လေးများကို ရောင်စုံမီးများနှင့် အလှဆင်ထားရာ ညအချိန်မြင်ကွင်းမှာ ရင်သပ် ရှုမောဖွယ် ကောင်းလှတော့သည်။ အခြားတစ်နေရာတွင်မူ အဆောက်အဦကို ထည်ဝါခမ်းနားသော ခရစ်စမတ်လက်ဆောင်ထုပ်ပုံ ထုပ်ပိုး ဆင်ယင်ထားသည်။ ဘယ်နေရာကြည့်ကြည့် ခရစ်စမတ်ပုံရိပ် ကင်းသည့် နေရာမရှိ၊ အနည်းဆုံးတော့ ခရစ်စမတ်ဈေးကွက် အစပြုပြီဖြစ်သည်။

ဤသို့ မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်နေသည့် အပြင်အဆင် များကို လူအချို့က သဘောကျသော်လည်း အချို့မှာမူ အပြစ်သာ မြင်သည်။ သို့သော် ခရစ်စမတ်အပေါ် အခြားသူများ၏အမြင်အဓိပ္ပာယ် ဖွင့်ဆိုချက်က အမှန်တကယ် အရေးကြီးသည့်အရာ မဟုတ်ပါ။ ဤသို့ပွဲဆင်နွဲ ကျင်းပခြင်း သည် မိမိအတွက် မည်သည့်အဓိပ္ပာယ်ဖြစ်သည်ကို စဉ်းစားဆင်ခြင်သင့်သည်။

သခင်ယေရှုမွေးဖွားပြီး နှစ်ပေါင်း ၃၀ ကျော်နောက်တွင် သခင်က သူ့တပည့်တော် များအား ‘‘ငါသည်…

သင်ဖြစ်နေခြင်းအတွက်

ကင်ဆာဌာန၌ ကျွန်မ၏အမေကို ပြုစုစောင့်ရှောက်ခဲ့စဉ်က စင်္ကြံတောင်ဘက်အခြမ်းမှ လိုရီနှင့် သိကျွမ်းခဲ့ရသည်။ လိုရီသည် သူမ၏ခင်ပွန်း ဖရင့်ကို လာရောက်ပြုစုခြင်း ဖြစ်သည်။ ကျွန်မနှင့် လိုရီသည် စကားပြောကြ၊ ရီမောကြ၊ ငိုကြွေးကြ၊ ရင်ဖွင့်ကြရင်း အတူတူ ဆုတောင်းခဲ့ကြသည်။ မိမိချစ်ရသူများကို ပြုစုစောင့်ရှောက်ရင်း ကျွန်မတို့နှစ်ဦးသား တစ်ယောက်ကိုတစ်ယောက် ဖေးမခဲ့ကြသည်။

တစ်နေ့ ပစ္စည်းသွားဝယ်ရန် ဆိုင်သို့သွားရန်ရှိပြီး အခမဲ့ယာဉ် လွတ်သွားသဖြင့် လိုရီ က ညနေပိုင်း၌ သူ့ကားနှင့် လိုက်ပို့မည်ဟုပြောရာ ‘‘ငါကို ကူညီတဲ့သူက နင်ဖြစ်နေလို့ ကျေးဇူးတင်လိုက်တာဟယ်’’ ဟု သူ၏ ကမ်းလှမ်းချက်ကို မျက်ရည်ကျလျက် ကျွန်မ လက်ခံခဲ့သည်။ ‘‘နင်ဖြစ်နေခြင်းအတွက် ကျေးဇူးတင်ပါတယ်’’ ဟု ပြောခဲ့ သည်။ လိုရီဖြစ်နေခြင်းအတွက် ကျွန်မ ကျေးဇူးတင်မိသည်။ ကျွန်မအပေါ် သူငယ်ချင်းတစ်ယောက်အနေဖြင့် ကားမောင်းပို့ခြင်းကြောင့် မဟုတ်ပါ။

ဘုရားသခင် ပြုသောအမှု တစ်ခုစီတိုင်းကြောင့်သာမက၊ ကိုယ်တော်၏…

လုံခြုံသောနေရာ

ကျွန်တော်တို့ ညီအစ်ကိုသည် မြေသြဇာကောင်းပြီး လှပသောရှုခင်းများရှိသည့် သစ်တောများနှင့် ဖုံးလွှမ်းနေသည့် ဗာဂျီးနီးယား အနောက်ပိုင်း တောင်ခါးပန်းဒေသတွင် ကြီးပြင်းခဲ့ကြသည်။ ကျွန်တော်တို့ ဖတ်ဖူးသည့်စာအုပ်၊ ကြည့်ဖူးသည့် ရုပ်ရှင်များ အတိုင်း တာဇံကဲ့သို့ နွယ်ပင်များကို ခိုစီးခဲ့သည်။ Swiss Family Robinson ရုပ်ရှင် ကဲ့သို့ သစ်ပင်အိမ်ဆောက်တမ်း ကစားခဲ့ကြသည်။ ၎င်းတို့ အနက် ခံတပ်ဆောက်ပြီး တိုက်ခိုက်မှုရန်မှ လုံခြုံဘိသကဲ့သို့ ဟန်ဆောင်ကစားနည်းကို ကျွန်တော်တို့ အနှစ်သက်ဆုံး ဖြစ်သည်။ နှစ်ပေါင်းများစွာ ကုန်လွန်ပြီးနောက်၊ ကျွန်တော့် ကလေးများကလည်း သူတို့၏ စိတ်ကူးယဉ်ရန်သူများ၏ အန္တရာယ်မှ ကာကွယ်ရန် စောင်၊ အိပ်ရာခင်း၊ ခေါင်းအုံး များနှင့် ‘‘လုံခြုံသောနေရာ’’ ခံတပ်ကို ဆောက်ပြီး ကစားကြ ပြန်သည်။ လုံခြုံသည့်နေရာတွင် လုံခြုံမှုကို ခံစားရခြင်းက ကျွန်တော်တို့၏မွေးရာပါအသိ ဖြစ်ဟန်တူသည်။

ဣသရေလလူ ဆာလံဆရာဒါဝိဒ်သည် ဘုရားသခင် တစ်ပါးတည်းမှလွဲ၍…

ဘုရားသခင်ကြားပါသည်

အဖွဲ့ထဲမှ အခြားသူများက သူတို့၏မိသားစုဝင်နှင့် မိတ်ဆွေများ တွေ့ကြုံနေရသည့် အခက်အခဲ စိန်ခေါ်မှု၊ ဖျားနာမှုများအတွက် ဆုတောင်းချက်တင်နေသည်ကို ဒိုင်အဲန်း နားထောင်နေလိုက်သည်။ သူ့မိသားစု၌ ဆေးစွဲလျက် နှစ်အတန်ကြာ ရုန်းကန်နေရသည့် မိသားစုဝင်တစ်ဦး ရှိသော်လည်း ဒိုင်အဲန်း ဘာမှမပြောဘဲ တိတ်ဆိတ်စွာနေခဲ့သည်။ သူပြောလိုက်လျှင် ကြုံရမည့် လူတို့၏အကြည့်၊ မေးလာမည့် မေးခွန်း၊ ပေးလာမည့်အကြံအဉာဏ်များကို သူရင်မဆိုင်ရဲခဲ့ပါ။ မပြောဘဲနေတာ ပိုကောင်းမည်ဟု သူထင်ခဲ့သည်။ သူချစ်ရသည့် သူ့မိသားစုဝင် တစ်ယောက် သည် သခင်ယေရှုကို ယုံကြည်သူဖြစ်ပြီး နေ့စဉ် ဤသို့ ရုန်းကန်နေရခြင်းကို အခြားသူများ နားလည်နိုင်မည် မဟုတ်ဟု ဒိုင်အဲန်း တွေးထင်ခဲ့သည်။

ထိုသို့ အဖွဲ့၌ ဆုတောင်းချက် မတင်ခဲ့သော်လည်း၊ သူယုံကြည်ရပြီး အတူတူ ဆုတောင်းဖော် သူငယ်ချင်းအနည်းစု ကိုမူ ပြောပြပြီး ဆုတောင်းပေးခဲ့သည်။ သူချစ်ရသည့် မိသားစုဝင်အား ဆေးစွဲသည့်ဘဝမှ လွတ်မြောက်ပြီး ခရစ်တော်၌…

ကျေးဇူးတင်ခြင်းဖြင့် ဘုရားသခင်အား ဂုဏ်ပြုခြင်း

မကြာသေးမီကမှ ကင်ဆာဟု ဆေးစစ်ချက်အဖြေထွက်လာသည့် ကျွန်မခင်ပွန်းဒမ်အား သူ၏ရောဂါအကြောင်းကို ဆရာဝန်မလေးက ပြောပြသည်။ သူ၌စိတ်ပျက်ဝမ်းနည်းသည့် အမူအရာမရှိ။ အပြုံးဖြင့် တစ်နေ့တာကို ကျေးဇူးတင်ချီးမွမ်းခြင်းဖြင့် အစပြုရန် အကြံပြုကာ
‘‘အနည်းဆုံး အရာ (၃)ခုအတွက် ကျေးဇူးတင်ရမယ်နော်’’ ဟုဆိုသည်။ ဆရာဝန်၏ အကြံပြုချက်ကို ဒမ် သဘောတူသည်။ ကျွန်မတို့၏စိတ်နှလုံးအတွက် အားပေးမစမှုခွန်အားကို ကျေးဇူးတင်စွာဖြင့် ဘုရားသခင်၏ကောင်းမြတ်ခြင်း၌ ရှာဖွေရမည်ကို ဒမ် သိသည်။ ‘‘အဘဘုရား၊ ကောင်းစွာ အိပ်စက်အနားယူခဲ့ရခြင်း၊ သန့်ပြန့်သောခုတင်၊ နွေးထွေး သောနေရောင်ခြည်၊ စားပွဲပေါ်ရှိ အစားအသောက်၊ ပြုံးနိုင်သောအခွင့်များအတွက် ကိုယ်တော်ကို ကျေးဇူးတင် ပါတယ်’’ဟု ကျေးဇူးတင်ချီးမွမ်းခြင်းဖြင့် တစ်နေ့တာကို ဒမ် အစပြုခဲ့သည်။

စိတ်နှလုံးပါလျက် ချီးမွမ်းခြင်းဖြစ်ပါသည်။ သို့သော် ၎င်းသည် အသေးအဖွဲအရာများ မဟုတ်ပါလား။ အသက်တာ၏အသေးအဖွဲ အရာများ အတွက် ချီးမွမ်းခြင်းသည် ကြီးမြတ်သော အနန္တတန်ခိုးရှင် ဘုရားသခင်အတွက် အရေးပါ…

အချိန်အခိုက်အတန့်ကို အစိုးရသော ဘုရားသခင်

မကြာသေးမီအချိန်က ၃ နာရီခရီးအကွာအဝေးရှိ ကျွန်တော့်သားအိမ်၌ အိမ်ပြင်သည့် ဆောက်လုပ်ရေး လုပ်ငန်းခွင်ကို ကြီးကြပ်ပေးခဲ့သည်။ အလုပ်က ထင်ထားသည်ထက် ရက်ပိုကြာခဲ့သည်။ နံနက်တိုင်းတွင် နေဝင်ချိန်၌ အလုပ်များပြီးပါစေဟု ကျွန်တော် ဆုတောင်းသည်။ သို့သော် နေဝင်သွားတိုင်း၌ လုပ်စရာများ ကျန်နေဆဲဖြစ်သည်။

အဘယ်ကြောင့် ထိုသို့ဖြစ်ရသနည်း။ အလုပ်ကြန့်ကြာရသည့် အကြောင်းရင်း တစ်ခုခုရှိသလား ဟု ကျွန်တော် တွေးမိ
သည်။ နောက်တစ်နေ့တွင် အဖြေ သိရပါပြီ။ အလုပ်စရန် ပစ္စည်းကရိယာများ ကောက်ကိုင်လိုက်စဉ် ဖုန်းဝင်လာသည်။
လူစိမ်းတစ်ဦးထံမှဖြစ်ပြီး သူ့အသံက အလျင်လိုနေသည်။ ‘‘ခင်ဗျားသမီး မတော်တဆယာဉ်တိုက်မှုဖြစ်လို့၊ အခုချက်ခြင်း လာခဲ့ပါ’’ ဟု ပြောသည်။ သမီးက သား၏ အိမ်နှင့် ၁၄ မိနစ် အကွာအဝေးတွင်သာ နေထိုင်သည်။ ကျွန်တော်သာ အလုပ်များပြီး၍ ကျွန်တော့်အိမ်သို့ ပြန်သွား ပါက ၃ နာရီ ခရီးအကွာအဝေးတွင်…

ခိုင်မြဲသော အခြေခံအုတ်မြစ်

လွန်ခဲ့သောနှစ် နွေရာသီက ကျွန်မတို့ဇနီးမောင်နှံသည် ပင်ဆာဗေးနီးယားပြည်နယ် ကျေးလက် ဒေသရှိ Fallingwater အိမ်သို့ သွားရောက်လည်ပတ်ခဲ့သည်။ ထိုအိမ်ကို ဗိသုကာ ပညာရှင် ဖရင့် လွိုက် ရိုက် က ၁၉၃၅ ခုနှစ်တွင် ဒီဇိုင်းဆွဲ ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ ထိုအိမ်နှင့်တူသည့် အိမ်မျိုး ကျွန်မတစ်ခါမျှ မမြင်ဖူးခဲ့ပါ။ ရိုက်က ထိုအိမ်ကို မြေပြင်မှ ပေါက်လာသည့်အလား နဂိုသဘာဝအတိုင်း ထိုးထွက်နေသည့် အိမ်ပုံစံကို ဖန်တီးလိုခဲ့ပြီး၊ သူ့ရည်မှန်းချက်အောင်မြင်ခဲ့သည်။ သူက အိမ်ကို နဂိုရှိပြီးသား ရေတံခွန် အနီး၌ ဆောက်လုပ်ခဲ့ပြီး ၎င်းပုံစံသည် အနီးဝန်းကျင်ရှိ ကျောက်သားကို ထင်ဟပ်ပြသည်။

‘‘ဒီအဆောက်အအုံရဲ့ ပင်မဒေါင်လိုက်တိုင်တစ်ခုလုံး ကို ကျောက်တုံးကြီးပေါ်မှာ တည်ဆောက်ထားတာပါရှင့်’’ ဟု ဧည့်လမ်းညွှန်လေးက အဆောက်အအုံ၏ ခိုင်ခံ့စိတ်ချရမှုကို ဖြစ်စေသည့် အကြောင်းအရင်းကို ရှင်းပြသည်။

ဧည့်လမ်းညွှန်လေး၏စကားကို နားထောင်ရင်း တပည့်တော်များအား သွန်သင်မိန့်ကြားသည့်…

လျော်ကြေးအဖြစ် မြက်ရိတ်ပေးခြင်း

ကျွန်တော်ကောလိပ်တက်စဉ်က နွေရာသီအားလပ်ရက်၌ ကိုလိုရာဒိုပြည်နယ်ရှိ မွေးမြူရေးခြံတစ်ခုတွင် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ တစ်နေ့တွင် တစ်နေကုန် မြက်ရိတ်ပြီး ပင်ပန်းဆာလောင်စွာဖြင့် ထရပ်ကားကို မောင်းလျက် အိမ်ပြန်ခဲ့သည်။ ခြံထဲအဝင်၌ မိမိကိုယ်ကို မင်းသားပမာ အိုက်တင်အပြည့်ဖြင့် ခြေထောက်မှ ဘယ်ဘက် ဘရိတ်ကိုနင်းပြီး ချိုးကွေ့လိုက်ရာ ထရပ်ကားလေး တစ်ပတ်လည်သွားသည်။

တံစဉ်များ ပြုတ်ကျကုန်ပြီး အနီးရှိ ဓာတ်ဆီဂါလံ ၅၀၀ ဆန့် စည်ပိုင်းကြီးတင်ထားသည့်စင်ကို ၀င်တိုက်ကာ ဆီစည်ပိုင်း ဝုန်းခနဲ လဲပြိုကာ ဆီများ ဖိတ်ကုန်သည်။

ခြံပိုင်ရှင်က အဖြစ်အပျက်ကို စောင့်ကြည့်နေသည်။ ကားပေါ်မှ ခုန်ဆင်းရင်း တောင်းပန်မှဖြစ်မယ် ဆိုသည့်အတွေးက ခေါင်းထဲ အရင်ဆုံး ဝင်လာသဖြင့် ကျွန်တော် တောင်းပန်စကား ဆိုလိုက်သည်။ ထိုမှ တစ်ဆင့် တစ်နွေလုံး လုပ်အားခ မယူဘဲ အလုပ်လုပ်ပေးပါမည်ဟု ဆက်ပြောလိုက်ရတော့သည်။  ခြံပိုင်ရှင်အဘိုးက အပျက်အစီးများကို တစ်ချက်ကြည့်ပြီး အိမ်ဘက်သို့ လှည့်ထွက်ကာ…

ဤအရပ်၌ ဘုရားသခင်ရှိသည်

‘‘ပြောပြော၊ မပြောပြော ဘုရားသခင်ရှိတော်မူ၏’’ ဟူသည့် ပလိပ်ပြား၌ ရေးထားသည့် စာတန်းကို ကျွန်မအိမ်၌ ချိတ်ဆွဲထားသည်။ ခေတ်စကားနှင့် ပြောရလျှင် ‘‘သိသိ မသိသိ ဘုရားသခင် ဤနေရာ၌ ရှိတော်မူ၏’’ ဟူ၍ဖြစ်လိမ့်မည်။

ဓမ္မဟောင်းကျမ်းမှ ပရောဖက်ဟောရှေသည် ဘီစီ ၇၅၅-၇၁၅ တွင် ပေါ်ထွန်းခဲ့ပြီး ဟေဗြဲလူတို့ထံ အထက်ပါသတင်းစကားကို ရေးသားခဲ့သည်။ ဣသရေလလူတို့သည် ဘုရားသခင်ကို မေ့လျော့ခဲ့ခြင်း ကြောင့် (၄း၁) ‘‘ထာဝရဘုရားသခင်ကို သိခြင်းငှာလိုက်ရှာ’’ ကြရန် (၆း၃) တိုက်တွန်းခဲ့သည်။ ဘုရားသခင်တည်ရှိခြင်းကို မေ့လျော့သောအခါ ကိုယ်တော်ကို သူတို့ ကျောခိုင်းကြတော့ သည် (း၁၂)။ မကြာမီတွင် သူတို့၏အတွေးအသိ၌ ဘုရားသခင်အတွက် နေရာလုံးဝမရှိတော့ပါ (ဆာ ၁၀း၎)။

ဘုရားကို သိမှတ်ဝန်ခံရန် ဟူသည့် ရိုးရှင်းသော်လည်း အဓိပ္ပာယ် နက်ရှိုင်းသည့် ဟောရှေ၏စကားက ကိုယ်တော်သည် အနီးအပါး၌ရှိပြီး ကျွန်မတို့အသက်တာ၏ ပျော်ရွှင်မှုနှင့်…