အမျိုးအစား  |  odb

အန္တိမ ကျေနပ်မှု

ကျမ်းစာကျောင်း အစီအစဉ်တစ်ခု၌ ကလေးများကို မုန့်ဝေသောအခါ မုန့်ကို အငမ်းမရ စားနေသည့်ကလေးတစ်ဦးကို ကျွန်မတို့ သတိပြုမိသည်။ သူ့မုန့်ကုန်သောအခါ စားပွဲပေါ်၌ အခြားကလေးများ စားပြီးသား အကြွင်းအကျန်များကို သူဆက်စားပြန်သည်။ ကျွန်မ သူ့ကို ပေါက်ပေါက်တစ်ထုပ်ထပ်ပေးပြီးသော်လည်း သူစား၍ မဝသေးပါ။ ခေါင်းဆောင်များအနေဖြင့် ဤကလေးသည် အဘယ်ကြောင့်
ဤကဲ့သို့ အလွန်ဆာလောင်နေသနည်း ဟု စိတ်မကောင်း ဖြစ်ရသည်။

စိတ်ခံစားချက်နှင့် ပတ်သက်လာလျှင် ကျွန်မတို့ သည်လည်း ထိုကလေးကဲ့သို့ ဖြစ်တတ်ကြောင်း ကျွန်မ တွေးမိသည်။ နှလုံးသားနက်ရှိုင်းရာမှ တောင့်တမှုများကို ဖြည့်ဆည်းရန် ကျွန်မတို့ နည်းလမ်းများ ရှာကြံတတ်ပြီး မိမိကို အမှန်အပြည့်အဝ ကျေနပ်စေမည့်အရာကို ဘယ်သောအခါမျှ ရှာမတွေ့ပါ။

ပရောဖက်ဟေရှာယက ဆာလောင်ငတ်မွတ်နေသူများအား ‘‘လာကြ၊ ဝယ်၍ စားသောက်ကြ’’ ဟု (ဟေရှာ ၅၅း၁) ဖိတ်ခေါ်သည်။ ပြီးမှ ‘‘အစာမဟုတ်သောအရာ အဖို့ သင်တို့ငွေကိုလည်းကောင်း၊…

အမည်နာမ၏အဓိပ္ပာယ်

မက်သဒစ်တရားဟောဆရာ ဂစ်ဟာဒင်သည် သူ့သားငယ်လေးအပေါ် ကြီးမားသော မျှော်လင့်ချက်ဖြင့် နာမည်ကျော်တရားဟောဆရာ ဂျွန်ဝစ္စလီ၏အမည်ဖြင့်မှည့်ခေါ် ခဲ့သည်။ သို့သော် ဝမ်းနည်းစရာမှာ ဂျွန်ဝစ္စလီဟာဒင်သည် ရည်ရွယ်ချက် ကြီးမားသော
သူ့အမည်ထက် အခြားသောဘဝလမ်းကို ရွေးချယ်ခဲ့သည်။ လူ ၄၂ ဦးကို သတ်ဖူးသည် ဟု ကြွေးကြော်လျက် ၁၈၀၀ ပြည့်နှစ် နှောင်းပိုင်း အမေရိကန် အနောက်ပိုင်းဒေသ၌ နာမည်ဆိုးဖြင့် ကျော်ကြားသည့် သေနတ်သမား၊ ရာဇဝတ်သား ဖြစ်သွားသည်။

ယနေ့ မျက်မှောက်ခေတ် ယဉ်ကျေးမှုများကဲ့သို့ပင် သမ္မာကျမ်းစာ၌ အမည်နာမသည် ထူးခြားသောအဓိပ္ပာယ် ဆောင်သည်။ ဘုရားသခင်၏သားတော် ဖွားမြင်ခြင်းကို ကြေညာလျက် ကောင်းကင်တမန်က မာရိ၏သားအား ‘‘မိမိလူတို့ကို အပြစ်မှကယ်ချွတ်မည့်သူ ဖြစ်သောကြောင့် ယေရှုဟူသော အမည်ဖြင့် မှည့်ခေါ်ရမည်’’ ဟု (မ ၁း၂၁) ယောသပ်ကို မိန့်ကြားခဲ့သည်။ ယေရှု၏အဓိပ္ပာယ်ဖြစ်သည့် ‘‘ယေဟောဝါကယ်တင်သည်’’ ဟူသည့် နာမသည် အပြစ်မှ…

ဝိုင်ဖိုင်ရှိလား

လူငယ်များနှင့် သာသနာပြုခရီးစဉ်သွားရန် ပြင်ဆင်စဉ် အမေးခံရဆုံး မေးခွန်းတစ်ခုမှာ ‘‘ဝိုင်ဖိုင်ရှိလား’’ ဟူ၍ ဖြစ်သည်။ ‘‘ရှိမှာပါ’’ ဟု ကျွန်မက အာမခံသည်။ သို့နှင့် ဝိုင်ဖိုင် ဆက်သွယ်ရေးမရှိသည့် တစ်ညတာ၏ညီးတွားမှုများကို စဉ်းစားသာကြည့်ပါတော့။

မိမိ၏စမတ်ဖုန်းလေးနှင့် အခွဲခံရလျှင်၊ ကျွန်မတို့အများစု စိတ်သောကရောက် ကြသည်။ သို့သော် ဖုန်းလေးရှိနေလျှင် ဖုန်းမျက်နှာပြင်နှင့် မျက်နှာခွာမရတော့ပြီ။

အင်တာနက်နှင့် အင်တာနက်အားဖြင့် လုပ်ဆောင် နိုင်သမျှအရာများသည် မိမိလုပ်ဆောင်သည့်အရာအပေါ် မူတည်၍ ကျွန်မတို့၏အာရုံကို လွဲစေခြင်း (သို့) ကောင်းချီး တစ်ခုခုကို ဖြစ်စေပါသည်။ သုတ္တံကျမ်း၌ ‘‘ဉာဏ်ကောင်း သောသူ၏စိတ်နှလုံးသည် ပညာအတတ်ကို ရှာတတ်၏။ မိုက်သောသူတို့၏နှုတ်မူကား မိုက်ခြင်းကို ကျက်စား တတ်၏’’ (သု ၁၅း၁၄) ဟုရေးသားထားသည်။

ဘုရားသခင်၏နှုတ်ကပတ်တော်မှ ဉာဏ်ပညာကို အသက်တာတွင် ခံယူကျင့်သုံးရာ၌ တစ်နေ့တာ မိမိ၏ လူမှုရေးချိတ်ဆက်မှုများကို အငမ်းမရ ကြည့်ရှုနေသလား။ ထိုအပြုအမူက…

ကျွန်ုပ်တို့၏အမည်များကို သခင်သိသည်။

နယူးယော့မြို့တော်ရှိ စက်တင်ဘာ ၁၁ ရက် အောက့်မေ့ဖွယ်နေရာသို့ ကျွန်ုပ် သွားရောက်လည်ပတ်စဉ် ရေကန်ထဲ အရိပ်ထင်နေသည့်မျှော်စင်ကို ဓာတ်ပုံ ရိုက်ခဲ့သည်။ ရေကန်နှစ်ခု၏အနီးဝန်းကျင်တွင် ကမ္ဘာ့ကုန်သွယ်ရေးဗဟိုမျှော်စင် တိုက်ခိုက်ခံရစဉ်က သေဆုံးခဲ့သည့် လူပေါင်း ၃၀၀၀ နီးပါး၏အမည်များကို ကြေးပြား ပေါ်၌ ရေးထိုးထားသည်။ နောက်ပိုင်း ဓာတ်ပုံကို အနီးကပ် အသေအချာကြည့်မိမှ အမျိုးသမီးတစ်ဦးသည် အမည်တစ်ခု ပေါ်တွင် လက်တင်ထားသည်ကို တွေ့ရသည်။ ဤနေရာသို့ ရောက်လာသူများစွာတို့သည် အမည်တစ်ခုကို ထိတွေ့ ပွတ်သပ်လျက် ၎င်းတို့ ချစ်ရသူတစ်ဦးဦးကို အောက်မေ့ သတိရကြသည်။

ဘုရားသခင်၏ လူမျိုးတော်တို့သည် ကိုယ်တော့်ထံမှ ၎င်းတို့ မကြာခဏကျောခိုင်းကြသည့်တိုင် ပရောဖက် ဟေရှာယက ဘုရားသခင်၏ မပြယ်သောမေတ္တာနှင့် ဂရုပြုမှုကို ၎င်းတို့အား သိပေးခဲ့သည်။ ‘‘... ထာဝရဘုရား မိန့်တော်မူသည်ကား မစိုးရိမ်နှင့်၊ သင့်ကို ငါရွေးနုတ်ပြီ။ ငါ့နာမဖြင့် မှည့်ပြီ။ သင့်ကို…

မားမားမတ်မတ် မည်သို့ရပ်နိုင်မည်နည်း

ရေခဲတမျှ ချမ်းအေးသောဆောင်းရာသီ၏နေ့တစ်နေ့၌ ကျွန်တော့်အတွေးက နွေးထွေးသော ကားပေါ်မှ နွေးထွေးသော တိုက်ပေါ်သို့ သွားရန်ဖြစ်သည်။ ထို့နောက် ကျွန်တော်သိလိုက်သည်မှာ ကျွန်တော် မြေကြီးပေါ်သို့ရောက်နေပြီး ဒူးခေါင်းနှင့် ခြေထောက် အောက်ပိုင်းမှာ ပုံစံမမှန် ခွင်နေသည်ကို တွေ့လိုက်ရသည်။ ဘာမှမကျိုးမပဲ့ သော်လည်း အင်မတန်မှ နာကျင်ခဲ့ရသည်။ နာကျင်မှုသည် အချိန်နှင့်အမျှ ပို၍ ဆိုးရွားလာပြီး လုံးဝသက်သာပြီး ပကတိ အတိုင်းပြန်ဖြစ်ရန် ရက်သတ္တပတ် အတော်ကြာအောင် အချိန်ယူရပေမည်။

နာကျင်ကိုက်ခဲမှုကို သက်သာစေသောဆေးဝါး မသောက်မည့်သူ ရှိပါသလား။ ကျွန်ုပ်တို့ခြေထောက် ခိုင် အောင် မလဲသွားအောင် မစမည့်အရာ (သို့) စောင့်ကြည့် ပေးမည့်သူ ရှိပါက ကောင်းသည်မဟုတ်ပါလား။ ရုပ်ခန္ဓာပိုင်း အတွက် ခြေထောက်မြဲစေမည့် အာမခံချက် မရှိသော်လည်း ယခု အသက်တာတွင် ခရစ်တော် ဘုန်းထင်ရှားရေးကို တောင်းခံရှာကြံသောအခါ ကူညီ မစထောက်ပံ့ရန် အသင့်ရှိနေပြီး နောင်ဘ၀တွင်…

သူတို့ထံမှ ခရစ်တော်၏မွှေးရနံ့ သင်းကြိုင်သည်

ဘော့သည် သူ့အိမ်နှင့် အလွန်ဝေးသောမြို့၊ ပူပြင်းပြီး ဖုန်ထူသောအရပ်သို့ ကားဖြင့် ခရီးပြုခဲ့သည်။ တစ်နေ့လုံး ကားစီးလာရသောကြောင့် ပင်ပန်းနေသော်လည်း ထိုဒေသမှ မိတ်ဆွေသူငယ်ချင်းများနှင့် ညစာအတူစား ရမည်ဖြစ်သောကြောင့် ဝမ်းမြောက်မိသည်။ သူ့ကို ပျူငှာလှိုက်လှဲစွာ ကြိုဆိုသောကြောင့် ချက်ခြင်းပင် ငြိမ်သက်ခြင်းကို ခံစားရပြီး၊ မိမိအိမ်ယာကဲ့သို့ သက်တောင့်သက်သာဖြစ်လျက် လုံခြုံမှုနှင့် လေးစားတန်ဖိုးထားမှု ခံရသည်ဟု ကျေနပ်မိသည်။

နောက်ပိုင်းတွင် ဤသို့ အသိအကျွမ်းမရှိသော အရပ်၌ ငြိမ်သက်ခြင်းကို ခံစားရသည့်အကြောင်းရင်းကို ၂ ကော တွင် ဘော့ တွေ့ရှိခဲ့သည်။ တမန်တော်ရှင်ပေါလုက ခရစ်တော်၏နောက်တော်လိုက်သော ယုံကြည်သူများကို ‘‘ခရစ်တော်၏ မွှေးကြိုင်သောရနံ့’’ရှိသူအဖြစ် ဖော်ပြခဲ့သည်။ ‘‘ဒါ့ကြောင့်ကိုး’’ ဟု ဘော့ တစ်ကိုယ်တည်းရေရွတ်မိသည်။ ထိုအိမ်ရှင်များ၌ ခရစ်တော်၏မွှေးရနံ့ရှိနေပါသည်။

ဘုရားသခင်သည် သူ့လူများကို ခရစ်တော်၏ အောင်ခြင်းဖြင့် ပို့ဆောင်လျက် မွှေးကြိုင်သောသမ္မာတရား ကို သင်းပျံ့စေသည်ဟု ရှင်ပေါလု ညွှန်းဆိုသောအခါ…

ဘုရားရှင်နှင့် အစစ်အမှန်ဖြစ်ခြင်း

ခေါင်းငုံ့၊ မျက်လုံးမှိတ်လျက် လက်အုပ်ချီကာ ကျွန်မစတင်ဆုတောင်းသည်။ ‘‘အိုအဘ၊ ယနေ့ သမီးသည် အဘဘုရားသခင်၏သားသမီးအဖြစ် အထံတော်သို့ တိုးဝင်ပါ၏။ ကိုယ်တော်၏တန်ခိုးတော်နှင့် ကောင်းမြတ်ခြင်းများကို သိမှတ်ဝန်ခံပါ၏”။ ရုတ်တရက် ကျွန်မမျက်လုံးများပွင့်လျက် ကျွန်မသားလေးသည် မနက်ဖြန် သူ၏သမိုင်းဘာသာ ပရောဂျက်ကို အပြီးတင်ရမည့် နောက်ဆုံးနေ့ ဖြစ်ကြောင်းကို သတိရလိုက်သည်။ ကျောင်းဆင်းလျှင် ဘက်စကက်ဘော ကစားမည်ကို တွေးမိသောအခါ ကျောင်းစာမပြီးမချင်း ညသန်းခေါင်ယံထိ မအိပ်ဘဲ စာလုပ်ပါစေ ဟု တွေးမိသည်။ တစ်ဖန် ထိုသို့ အိပ်ရေးပျက်ပြီး ပင်ပန်းနွမ်းနယ်ကာ ခံနိုင်ရည် ကျပြီး အဖျားဝင်မည်ကို ကျွန်မ စိုးရိမ်ပူပန်မိတော့သည်။

ဆရာကြီး C. S. Lewis ၏ The Screwtape Letters စာအုပ်၌ ဆုတောင်းခြင်းကို အနှောင့်အယှက် ဖြစ်စေသော အရာများအကြောင်း ရေးသားထားသည်။ သူက ကျွန်ုပ်တို့၏ အတွေးများများပြန့်လွင့်သောအခါ မူလဆုတောင်းချက်ကို…

မပြောင်းလဲသောမေတ္တာ

အထက်တန်းကျောင်းသားဘဝက ကျွန်တော် တင်းနစ် ကစားခဲ့သည်။ အိမ်မှ ၂ လမ်း ကျော်ရှိ ကွန်ကရစ်ကွင်း ၄ ခု၌ တင်းနစ်ကျွမ်းကျင်လာအောင် ကြိုးစားရင်း ဆယ်ကျော်သက်အရွယ်၏ အချိန်များစွာကို ကုန်လွန်စေခဲ့သည်။

ထိုမြို့သို့ နောက်ဆုံးရောက်ရှိခဲ့စဉ်က ကျွန်တော်ပထမဆုံးပြုမိသည့်အရာမှာ တင်းနစ်ကွင်းသို့ ကားမောင်းသွားခဲ့ခြင်း ဖြစ်သည်။ အခြား ကစားသမားများ တင်းနစ်ရိုက်နေခြင်းကို ကြည့်ပြီး ယခင်က ကစားခဲ့သည့်အတိတ်ကို စဉ်းစားမည်ဟု မျှော်လင့်လျက်သွားခဲ့သော်လည်း ကျွန်တော့်မှတ်ဉာဏ်၌ အလွန်ရင်းနှီး အကျွမ်းဝင်ခဲ့သော ကွင်းဟောင်း မရှိတော့ပါ။ ကွင်းက ကွင်းလွတ်ကွင်းပြင်ကြီးဖြစ်နေပြီး၊ လေထဲလွင့်လူးနေသော အလေ့ကျ ပေါင်းပင်များက နေရာယူထားသည်။

ထိုနေ့လယ်ခင်း၌ ဘ၀အသက်တာ၏ တိုတောင်းမှုကို သတိပေးသည့် နှိုးဆော်မှုက ကျွန်တော့် အတွေးထဲ ထင်ကျန်နေခဲ့သည်။ ကျွန်တော့်၏ လူငယ်ဘဝကို အကောင်းဆုံးဖြတ်သန်းခဲ့သော နေရာလေးသည် ယခု မရှိတော့ပါ။ နောက်ပိုင်း ထိုအတွေ့အကြုံကို ပြန်ပြောင်းသတိရစဉ် အသက်ကြီးရင့် နေပြီဖြစ်သော…

ကြွက်သားများ သန်မာလာခြင်း

ပြိုင်ပွဲဝင် ကာယဗလမောင်များသည် ပြင်းထန်သော လေ့ကျင့်ရေးစက်ဝန်း၌ သူတို့ကိုယ်ကို နစ်မြှုပ်ထားကြသည်။ ပထမအစလများတွင် ခန္ဓာအရွယ်အစား ကြီးမားပြီး သန်မာရေးကို အားစိုက်ကြိုးစားကြသည်။ ပြိုင်ပွဲနီးလာသောအခါ ကြွက်သားအလှကို ကွယ်ဖုံးသည့် အဆီပိုများ မရှိအောင် အာရုံထား ကစားကြသည်။ ပြိုင်ပွဲမဝင်မီ ရက်ပိုင်း အတွင်းတွင် သူတို့သည် ရေကို ခါတိုင်းထက်လျော့၍ သောက်ကြသည်။ သို့မှသာ ကြွက်သားတစ်ရှူးများ အလွယ်တကူ မြင်သာ ပေါ်လွင်မည်။ အာဟာရကို လျော့ပြီး စားသုံးခဲ့သောကြောင့် ပြိုင်ပွဲဝင်သူများသည် ပြိုင်ပွဲနေ့တွင် အားရှိနေရမည့်အစား အားအနည်းဆုံး အခြေအနေသို့ ရောက်နေကြပါသည်။

၆ ရာ ၂၀ တွင် ဘုရားရှင်၏ ခွန်အားတန်ခိုးတော်ကို ခံစားရန်အတွက် အားနည်းမှုကို ဝန်ခံခြင်းအကြောင်း လက်တွေ့နှင့်ဆန့်ကျင်သော အဖြစ်မှန်ကို ဖတ်ရှုရပါသည်။ ဘုရင်ယောရှဖတ်အား ‘‘ဧဒုံပြည်က များစွာသော အလုံးအရင်း စစ်ချီလာပြီး တိုက်တော့မည်’’ ဟု လျှောက်သော်၊ ထိုကြောင့်…

တံတားများတည်ဆောက်ခြင်း

ကျွန်ုပ်တို့၏အိမ်နီးနားချင်းဝန်းကျင်၌ မြင့်မားသော ကွန်ကရစ်နံရံကြီးများက ဝန်းရံ ထားပြီး အပေါ်၌ လျှပ်စစ်ဆူးကြိုးများ တပ်ဆင်ထားသည်။ ရည်ရွယ်ချက်မှာ သူခိုး ဓားပြအန္တရာယ်ကို ကာကွယ်ရန် ဖြစ်သည်။

ရပ်ကွက်ထဲ၌ မကြာခဏဆိုသလို လျှပ်စစ်မီးချို့ယွင်းပြတ်တောက်ခြင်းကလည်း ပြဿနာတစ်ခု ဖြစ်သည်။ မီးပြတ်ပါက ထိုခြံရှေ့ တံခါးခေါင်းလောင်းက ဘာမှ အသုံးမဝင်တော့ပါ။ မီးပြတ်သောအချိန်တွင် ထိုနံရံကြောင့် ဧည့်သည်များမှာ ခြစ်ခြစ်တောက် ပူနေသည့်နေဒဏ် (သို့) မိုးသည်းဒဏ်ကို ခံရတော့သည်။ သို့သော် ခေါင်းလောင်းလေး မပျက်ဘဲ ကောင်းနေ ချိန်တွင် ဧည့်သည်များသည် သူတို့ မည်သူမည်ဝါ ဖြစ်သည် အပေါ်မူတည်ပြီးမှ ခြံထဲဝင်ခွင့်ရပြန်သည်။ ခြံခတ် နံရံကာထားခြင်းသည် ရည်ရွယ်ချက်ကောင်းသော်လည်း ဝင်ရောက်လာမည့်သူသည် ကျူးကျော်နှောင့်ယှက်သူ မဟုတ်ဘဲ ဧည့်သည်ဖြစ်နေပါက ထိုနံရံများက ခွဲခြားသော တံတိုင်းတစ်ခု ဖြစ်လာတော့သည်။

ရေတွင်းအနီး၌ သခင်ယေရှုနှင့် တွေ့ခဲ့သော ရှမာရိ အမျိုးသမီးတွင်လည်း အလားတူ ခွဲခြားခံရသည့်ပြဿနာ…