ဝေဖန်မှုကို ဆိတ်သုဉ်းစေခြင်း
နှစ်ပတ်လည် လူထုလှုပ်ရှားမှုအစီအစဉ် ဖြစ်မြောက်ရေးအတွက် အဖွဲ့လေးတစ်ဖွဲ့ နှင့်အတူ ကျွန်ုပ်လုပ်ဆောင်သည်။ ထိုအစီအစဉ်အောင်မြင်ရန်အတွက် ကျွန်ုပ်တို့ ၁၁ လမျှ အချိန်ယူ အသေးစိတ် စီစဉ်ပူးပေါင်းလုပ်ဆောင်ရသည်။ နေ့ရက်နှင့်နေရာကို ရွေးချယ် ရသည်။ လက်မှတ်ဈေးနှုန်းများ သတ်မှတ်ရသည်။ အစားအသောက် လှည့်လည် ရောင်းချမည့် ကိစ္စမှအစ အသံပိုင်းဆိုင်ရာ စက်မှုကျွမ်းကျင် ပညာရှင်အထိ ကိစ္စအားလုံးကို ရွေးချယ်လုပ်ဆောင်ရသည်။ လှုပ်ရှားမှုအစီအစဉ် နီးကပ်လာသည့်နှင့်အမျှ ပြည်သူတို့၏ စုံစမ်းမေးမြန်းမှုများကို ဖြေပေးရသည်၊ ညွှန်ကြားချက် လမ်းညွှန်ချက်များကို ပြင်ဆင်ပေးရသည်။ ထို့နောက်တွင် တုံ့ပြန်ဝေဖန်မှုများကို စစ်တမ်းကောက်ရာ တုံ့ပြန်မှုအချို့က ကောင်းသည်။ အချို့မှာမူ မကြားဝံ့စရာပင်။ အစည်းအဝေး တက်ရောက်သူများထံမှ စိတ်ဝင်စားမှုရှိသည့်အကြောင်း ကြားရသလို ရပ်ရွာလူထု၏ဝေဖန်မှုများကိုလည်း ကျွန်ုပ်တို့ အဖွဲ့ ကြားရသည်။ တုံ့ပြန်မှုအဆိုးများက စိတ်ဓာတ်ကျစေပြီး ရံဖန်ရံခါ အရှုံးပေးလိုက်အောင် သွေးဆောင်သည်။
နေဟမိဦးဆောင်သည့် ယေရုရှလင်မြို့ရိုး ပြန်လည် တည်ဆောက်ရေးအဖွဲ့ ကိုလည်း…
နှိမ့်ချသော ချစ်မေတ္တာ
ဘင်ဂျမင် ဖရန်ကလင်သည် လူငယ်အရွယ်က သူ့ဘ၀၌ ကျင့်သုံးကြီးပွားလိုသည့် သူတော်ကောင်းတရား (၁၂) ချက်ကို စာရင်းပြုစုခဲ့သည်။ သူက ထိုစာရင်းကို မိတ်ဆွေတစ်ဦးအား ပြခဲ့ရာ ထိုမိတ်ဆွေက ‘‘နှိမ့်ချခြင်း’’ကို ထပ်ပေါင်းထည့်ရန် သူ့ကို အကြံပြုခဲ့သည်။ ဖရန်ကလင်က ထိုအကြံကို နှစ်သက်သည်။ ထို့နောက်တွင် သူ့စာရင်းထဲရှိအချက်များကို ကျင့်သုံးရာ၌ အထောက်အကူ ဖြစ်စေမည့် လမ်းညွှန်အချို့ကို ထပ်ပေါင်းထည့်သည်။ နှိမ့်ချခြင်းနှင့်စပ်လျဉ်းပြီး ဖရန်ကလင်၏အတွေးများအနက် သူသည် ရှင်ယေရှုကို စံပြအဖြစ် စံထားအတုယူခဲ့သည်။
အဆုံးစွန်ဆုံးသော နှိမ့်ချခြင်း စံနမူနာကို ရှင်ယေရှုက ကျွန်ုပ်တို့ကို ပြသခဲ့သည်။ ‘‘ယေရှုခရစ်၌ ရှိသော ထိုစိတ်သဘောကို သင်တို့၌လည်း ရှိစေကြလော့။ ထိုသခင် သည် ဘုရားသခင်၏သဏ္ဌာန်တော်နှင့် ပြည့်စုံတော်မူသည်။ ဘုရားသခင်နှင့် ပြိုင်သော အမှုကို လုယူခြင်းအမှုဟူ၍ မထင်မမှတ်လျက်ပင် မိမိအသရေကို စွန့်၍ အစေခံကျွန်၏ သဏ္ဌာန်ကို ယူဆောင်လျက် လူကဲ့သို့သောအဖြစ်၌…
နာမည်နှင့်တကွ ခေါ်တော်မူ၏
ကြည့်ရှုသူများ၏တုံ့ပြန်မှုအာရုံကို အဖမ်းစားနိုင်ဆုံးသော စကားလုံးမှာ သူတို့၏နာမည် ဖြစ်သည်ဟု ကြော်ငြာရှင်များက ကောက်ချက်ချခဲ့သည်။ ထို့ကြောင့် ယူကေရှိ ရုပ်သံလိုင်းတစ်ခုသည် သူတို့၏အွန်လိုင်းအခြေပြုဝန်ဆောင်မှုဖြင့် လူတစ်ဦးချင်းစီကို ကြော်ငြာပေးသည့် အစီအစဉ်ကို မိတ်ဆက်ပေးခဲ့သည်။
ရုပ်မြင်သံကြား၌ မိမိ၏နာမည်ကို ကြားရခြင်းမှာ ပျော်စရာကောင်းမည်။ သို့သော် မိမိကိုချစ်သူ တစ်ဦးဦးက ကျွန်ုပ်တို့၏နာမည်ကို ခေါ်လိုက်သည့်အခါ ရလိုက်သည့် နွေးထွေးရင်းနှီးမှုမျိုးလောက် လေးနက်မှုရှိမည် မဟုတ်ပေ။
သခင်ယေရှုအား ကားစင်တင်ပြီး သူ့ခန္ဓာကိုယ် လဲလျောင်းရာ ဂူသင်္ချိုင်း၌ ကိုယ်တော် သူ့နာမည်ကို ခေါ်လိုက်သည့်အသံက မာဂဒလမာရိ၏အာရုံကို ဖမ်းဆုပ် နိုင်ခဲ့သည် (ယော ၂၀း၁၆)။ ထိုစကား ရိုးရိုးလေးအားဖြင့် မာရိသည် သူချစ်ပြီး နောက်တော်လိုက်သောဆရာကို မှတ်မိပြီး လှည့်ကြည့်လိုက်သည်။ မယုံကြည်နိုင် လောက်အောင် ရုပ်ခြည်းဝမ်းမြောက်သွားမည်ကို ကျွန်မမြင်ယောင်ကြည့်မိသည်။ အကျွမ်းတဝင် တစ်ရင်းတစ်နှီးနှင့် ကိုယ်တော်က သူ့နာမည်ကို ခေါ်လိုက်ခြင်းက သူ့ကို အလုံးစုံသိကျွမ်းသူ သခင်ဘုရားသည်…
အဖေ့ထံမှ အကြံဉာဏ်
စာတည်းအလုပ်ကို ရပ်ဆိုင်းခဲ့ပြီးနောက် အလုပ်သစ်တစ်ခုရအောင် ဘုရားသခင်ထံ ကျွန်မဆုတောင်းခဲ့သည်။ သို့သော် ရက်သတ္တပတ်များသာ လွန်သွားပြီး အလုပ် လျှောက်လွှာများကို ဖြည့်စွက်လျှောက်ခဲ့သော ကျွန်မ၏ကြိုးစားမှုက အရာမထင် ဖြစ်လာ၍ ကျွန်မစပြီး နှုတ်ခမ်းစူလာတော့သည်။ အဖြေမရတော့ဟု ထင်ရသည့် ကျွန်မ၏
တောင်းဆုအတွက် ဆန္ဒပြသည့်သဘောနှင့် လက်ပိုက်ကာ ‘‘ကျွန်မအတွက် အလုပ်တစ်ခု ရှိဖို့က သိပ်ပြီး အရေးကြီးတယ် ဆိုတာကို ကိုယ်တော်မသိဘူးလား’’ ဟု ဘုရားသခင်အား မေးလျှောက်ခဲ့သည်။
ဘုရားသခင်၏ကတိတော်များအား ယုံကြည် ကိုးစားခြင်းအကြောင်း မကြာခဏ ကျွန်မကို သတိပေး တတ်သည့် အဖေ့ကို အလုပ်အခြေအနေနှင့် ပတ်သက်ပြီး ပြောပြသောအခါ သူက ‘‘ဘုရားသခင်ရဲ့ကတိစကား ဘယ်တစ်ခုကို သမီးယုံကြည်တာလဲဆိုတာ အဖေ့ကို တည့်တည့်ပြောပြစေချင်တယ်’’ ဟု ပြောခဲ့သည်။
အဖေ၏အကြံဉာဏ်က မိဘက ချစ်သားသမီးကို ပေးသော အမြော်အမြင်နှင့် ပြည့်စုံသည့် အကြံဉာဏ်တို့ ပါဝင်သည့် သုတ္တံ…
နွေးထွေးသောကြိုဆိုခြင်း
‘‘လူတိုင်းကို မည်သူပွေ့ဖက်မည်နည်း’’။
ဤမေးခွန်းသည် ကင်ဆာရောဂါရရှိနေပြီဆိုသည့် သတင်းကို ကြားသိပြီး
ဘုရားကျောင်းသို့ အခိုက်အတန့်အားဖြင့် မရောက်ဖြစ်တော့ဟု သဘောပေါက်လိုက် သည့်နောက် ကျွန်တော့်သူငယ်ချင်း စတိဗ် ၏ရင်ထဲ၌ ထွက်ပေါ်လာသည့် မေးခွန်းများစွာ အနက်တစ်ခုဖြစ်သည်။ စတိဗ် သည် ဘုရားကျောင်းလာသူတိုင်းကို သူတို့အား ကြိုဆိုသည်ဟု ခံစားရအောင် ဖော်ရွေနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်တတ်သူ၊ လက်ဆွဲ နှုတ်ဆက်တတ်သူ ဖြစ်သည်။ ရောမ ၁၆း၁၆ တွင် ‘‘အချင်းချင်း တစ်ယောက်ကိုတစ်ယောက် သန့်ရှင်းသောနမ်းခြင်းနှင့် နှုတ်ဆက်ကြလော့’’ ဟု ကျမ်းစာလာသည့်အတိုင်း စတိဗ် သည် လူအချို့ကိုဖြင့် သန့်ရှင်းသောပွေ့ဖက်ခြင်းဖြင့် ပွေ့ဖက် ကြိုဆိုသည်။
ဘုရားရှင်သူ့ကို အနာငြိမ်းစေမည့်အကြောင်း ကျွန်တော်တို့ ဆုတောင်းပေး ချိန်၊ သူကလည်း ခွဲစိတ်မှုနှင့်ဆေးကုသမှုကိုခံယူစဉ်တွင် ဘုရားကျောင်းသို့ သူမရောက် နိုင်သည့်အတောအတွင်း ဘုရားကျောင်းသို့လာသူများအား ကြိုဆိုနှုတ်ဆက်မှု ပျက်ကွက် သွားမည်ကိုလည်း သူစိတ်ပူခဲ့သည်။
ကျွန်တော်တို့အားလုံးသည် စတိဗ်…
ပြည့်ဝစုံလင်တော်မူသောအဘဘုရား
စတိုးဆိုင်၏လျှောက်လမ်း ကြပ်နေသည့်လူများကြားတွင် ကျွန်မလည်း ဖခင်များနေ့ အတွက် ကတ်လှလှလေးတစ်ခုကို အသည်းအသန်ကြိုးစားရှာဖွေနေသည်။ စင်စစ် နှစ်ပေါင်းများစွာ တင်းမာနေသည့်အနေအထားမှ အဖေနှင့်ပြန်လည်ပြေလည်ခဲ့ သော်လည်း အဖေနှင့် ရင်းနှီးကျွမ်းဝင်မှုကို ကျွန်မ တစ်ခါမှ မခံစားခဲ့ရဖူးပါ။
ကျွန်မဘေးနားမှ အမျိုးသမီးက ကတ်မှစာသား များကို ဖတ်ကြည့်ပြီး ကတ်များကို သူ့နေရာသို့ ပြန်ထိုးထည့် ကာ ‘‘ဖခင်တွေနဲ့ဆက်ဆံရေး အဆင်မပြေတဲ့သူတွေ အတွက် ကတ်မလုပ်ဘဲ၊ မှန်တဲ့အရာတွေကိုပဲ ကြိုးစား လုပ်နေ ကြတာပဲ’’ ဟု ညည်းညူလိုက်ပါသည်။
ကျွန်မဘာမျှပြန်မပြောလိုက်မီမှာပင် ဒေါသ ပေါက်ကွဲပြီး သူထွက်သွားသည်။ သို့နှင့် ကျွန်မ သူ့အတွက် ဆုသာတောင်းပေးလိုက်သည်။ သူသာလျှင် စုံလင်ပြည့်ဝ တော်မူသောအဘဖြစ်ကြောင်း ဘုရားသခင်က အခိုင်အမာ အတည်ပြုခြင်းအတွက် ကျေးဇူးတော်ချီးမွမ်းရင်း ကျွန်မနှင့်ကျွန်မ၏အဖေကြား ဆက်ဆံရေးကို ပိုမိုခိုင်မာစေတော်မူပါဟု ဆုတောင်းမိသည်။
ကောင်းကင်ဘုံရှင်အဘဘုရားနှင့်လည်း နက်နဲသော ရင်းနှီးမှုရှိရန်ကိုလည်း ကျွန်မတောင့်တမိပါသည်။ ကိုယ်တော်၏ထာဝရတည်မြဲခြင်း၊…
ရုပ်သွင်များ
မြေးမလေး ဆာရာ ငယ်စဉ်က လူတစ်ယောက်သေလွန်ပြီးနောက် မည်သို့ဖြစ်သွား သည်ကို ကလေးအသိနှင့် ကျွန်တော့်ကို ရှင်းပြခဲ့ဖူးသည်။ ‘‘လူရဲ့မျက်နှာပဲ ကောင်းကင်ဘုံ ရောက်သွားတာ၊ ခန္ဓာမပါဘူး။ အဲဒီမျက်နှာနဲ့ပဲ ခန္ဓာအသစ်ရတာ” ဟူ ပြောခဲ့ဖူးသည်။
ကလေးအရွယ် ဆာရာ၏ ထာဝရဆိုသည့်အရာအပေါ် နားလည်မှုက ကလေး တစ်ဦး၏နားလည်မှု အဆင့်ဖြစ်သော်လည်း မှန်ကန်သည့် သမ္မာတရားကို သူဆုပ်ကိုင်မိသည်။ တစ်နည်းအားဖြင့် မြင်နေရသည့် ကျွန်တော်တို့၏မျက်နှာရုပ်သွင်သည် မမြင်ရ သည့် စိတ်ဝိညာဉ်ကို ထင်ဟပ်ပြသည်။
‘‘တစ်နေ့ကျရင် မင်းရဲ့မျက်နှာမှာ ဒေါသလွှမ်းတဲ့ ရုပ်သွင် ထင်ကျန်နေနိုင်တယ်” ဟု အမေက ကျွန်တော့်ကို ပြောလေ့ရှိသည်။ အမေက သူ့ကိုယ်သူသိသည်ထက် ပိုပြီး အမြော်အမြင် ကြွယ်ဝသည်။ စိုးရိမ်မှုထင်ဟပ်နေသည့် မျက်ခုံး၊ ဒေါသငွေ့ရှိသည့်နှုတ်ခမ်း၊ လှည့်ဖျားသည့်မျက်လုံးအစုံသည် စုတ်ပြတ်နေသည့် စိတ်နေသဘောထားများကို ဖော်ပြနေသည်။ အခြားတစ်ဘက်တွင် ကြင်နာသည့် မျက်ဝန်း၊ ဂရုဏာအကြည့်၊ နွေးထွေးဖော်ရွေသည့်…
အမှန်တရားထဲမှာ
လွန်လေသောနှစ်များက နိုင်ငံမတူသည့် ချစ်သူနှစ်ဦး၏မင်္ဂလာပွဲသို့ ကျွန်တော် တက်ရောက်ခဲ့သည်။ ယဉ်ကျေးမှုနောက်ခံမတူညီသည့် လူသားနှစ်ဦး၏ပေါင်းစပ်မှုသည် လှပတင့်တယ်ရမည်ဖြစ်သော်လည်း ဤမင်္ဂလာပွဲတွင်မူ ခရစ်ယာန်ယုံကြည်မှုထုံးစံ ဓလေ့နှင့် နတ်ကိုးကွယ်မှု ထုံးစံဓလေ့တို့ ပေါင်းစပ်သည့် အခမ်းအနားတစ်ခုဖြစ်နေသည်။
ပရောဖက်ဇေဖနိသည် စစ်မှန်သော ဘုရားသခင်ကို ကိုးကွယ်ယုံကြည်မှုနှင့် အခြားသော ယုံကြည်ကိုးကွယ်မှုတို့ ရောနှောခြင်းကို ပြင်းပြင်းထန်ထန် ရှုံ့ချခဲ့ပါသည်။ ယုဒလူမျိုးများသည် စစ်မှန်သောဘုရားသခင်ရှေ့၌ ဦးညွတ် ကိုးကွယ်ကြသည်သာမက မိလကုံဘုရားကို်လည်း ကိုးကွယ် သူများဖြစ်သည် (ဇေဖနိ ၁း၅)။ ဇေဖနိက ယုဒလူမျိုးတို့ ဗာဟီရ၀ါဒကို လက်ခံခြင်းကို ဖော်ပြပြီး (း၈) ရလဒ်အနေနှင့် ဘုရားသခင်သည် သူတို့ကို ၄င်းတို့၏မွေးရပ်ဌာနေ တိုင်းပြည်မှ နှင်ထုတ်လိမ့်မည်ဟုလည်း သတိပေးခဲ့သည်။
သို့သော် ယုဒလူမျိုးများအပေါ် ဘုရားသခင်၏ ချစ်ခြင်းက ဘယ်တော့မှ ရပ်တန့်မသွားပါ။ ကိုယ်တော်၏ စီရင်ချက်သည် ယုဒလူမျိုးများအား သူ့ထံသို့ ပြန်လှည့်လာစေလိုကြောင်းကို ပြရန်ဖြစ်သည်။ ထို့ကြောင့် ဇေဖနိသည်…
ဘေးချင်းယှဉ်လျက်
ရှေးခေတ်က မြို့တံတိုင်းပြိုကျပျက်စီးနေသောမြို့များသည် မြို့သားများအား စစ်ရှုံးသူများအဖြစ်ဖော်ပြနေပြီး အန္တရာယ်ရှိခြင်းနှင့် အရှက်ကွဲခြင်း လက္ခဏာဖြစ်သည်။ ထိုအကြောင်းကြောင့် ဂျူးလူမျိုးများသည် ဂျေရုရှလင်မြို့ရိုးကို ပြန်တည်ကြခြင်း ဖြစ်သည်။ မည်သို့ တည်ဆောက်ကြသနည်း။ ဘေးချင်းယှဉ်လျက် အလုပ်လုပ်ခြင်းဖြင့် တည်ဆောက်ကြ သည်ကို နေဟမိအခန်းကြီး ၃ တွင် တွေ့ရသည်။
အပေါ်ယံကြည့်လျှင် အခန်းကြီး ၃ သည် ပြန်လည် တည်ဆောက်ရေး၌ မည်သူက ဘာလုပ်ခဲ့သည်ကို ငြီးငွေ့ဖွယ် ဖော်ပြထားသည်။ သို့သော်လည်း နက်နက်နဲနဲ လေ့လာ ကြည့်လျှင် လူအပေါင်းတို့ အတူတကွ အလုပ်လုပ်ကြခြင်းကို မီးမောင်းထိုးပြနေသည်။ ယဇ်ပရောဟိတ်များသည် မြို့အုပ် များနှင့် ယှဉ်လျက် အလုပ်လုပ်ကြသည်။ အမွှေးနံ့သာပြုလုပ် သူများနှင့် ပန်းတိမ်ဆရာများလည်း ကူညီကြသည်။ မြို့အနီး အနား၌ နေထိုင်သူများလည်း လာရောက်ကူညီခဲ့ကြသည်။ အချို့က မိမိတို့အိမ်တစ်ဘက်တစ်ချက်၌ ပြင်ကြသည်။ ရှလ္လုံန်၏သမီးများသည် အမျိုးသားများနှင့်ယှဉ်ပြီး အလုပ်လုပ်ကြ သည်(း၁၂)။…
မျက်ကန်းတစ်ဦး၏ အသနားခံမှု
လွန်လေသောနှစ်များစွာက ကျွန်တော်သည် အဝေးမှ အရာဝတ္ထုများကို အားစိုက် ကြည့်ခြင်းကို ကျွန်တော်နှင့် ခရီးသွားဖော်မိတ်ဆွေတစ်ဦးက သတိပြုမိသည်။ နောက်တစ်ဆင့် သူ၏လုပ်ရပ်က ရိုးရိုးလေးဖြစ်သော်လည်း ဘ၀ကို ပြောင်းလဲသွားစေ ပါသည်။ သူ့မျက်မှန်ကို ချွတ်ပြီး ‘‘ရော့ ဒါစမ်းတပ်ကြည့်ပါဦး’’ ဟုဆိုသည်။ သူ့မျက်မှန်ကို ကျွန်တော်တပ်လိုက်သောအခါ မသဲကွဲသော အမြင်အာရုံမှာ အံ့သြလောက်အောင် ကြည်လင်ရှင်းလင်းသွားသည်။ နောက်ဆုံး မျက်စိစမ်းသပ်ပညာရှင်ထံသွားပြရာ ကျွန်တော်၏
အမြင်အာရုံပြဿနာကို ဖြေရှင်းရန် ဆရာက မျက်မှန်တပ်ရန် ညွှန်ကြားခဲ့သည်။
လုကာ ၁၈ တွင် မျက်မမြင်လူကန်းတစ်ယောက် သည် မမြင်မကန်းနှင့်အသက်ရှင်နေရပြီး အသက်မွေး လောက်သော အစာရရန် တောင်းစားရသည်။ နာမည်ကြီးနေပြီး နိမိတ်လက္ခဏာများ ပြုသူ သခင်ယေရှု၏သတင်းက ထိုသူထံရောက်ရှိလာသည်။ ထိုမျက်မမြင် ထိုင်နေသော နေရာနှင့် ယေရှုလာသည့်လမ်းကြောင်းသင့်နေသောအခါ ထိုသူ၏စိတ်နှလုံး၌ မျှော်လင့်ခြင်းဖြစ်ပွားလာသည်။ ‘‘ဒါဝိဒ်၏သားတော်ယေရှု၊ ကျွန်ုပ်ကို ချမ်းသာပေးပါ’’ (း၃၈) ဟု…