အမျိုးအစား  |  odb

ချိန်တန်ပြီ

သမီးကြီး ကောလိပ်ကျောင်းသွားတက်မည်ဖြစ်၍ မနေ့က ကျွန်မလေယာဉ်လက်မှတ် ဝယ်ယူခဲ့သည်။ စီးမည့်လေယာဉ်ပျံရွေးရင်း ကျွန်ပြူတာကီးဘုတ်ပေါ် မျက်ရည်ဖြိုင်ဖြိုင် ကျခဲ့သော်လည်း ကီးဘုတ်လေး မပျက်မယွင်းသည့်အတွက် ကျွန်မအံ့သြမိသည်။ သမီးနှင့်အတူ ကျော်လွန်ဖြတ်သန်းခဲ့သည့် ၁၈ နှစ်တာ ကာလတွင် ကျွန်မ အလွန်ပျော်ရွှင် ခဲ့ပြီး ယခုသူမက ခွဲခွာထွက်ခွာသွားတော့မည်ဖြစ်၍ ကျွန်မ အလွန်ဝမ်းနည်း ခံစားရသည်။ သို့သော် သူ့ကို လွမ်းဆွတ် ရုံဖြင့် သူမ၏အနာဂတ် အခွင့်အလမ်းကို ကျွန်မပိတ်ပင်မည် မဟုတ်ပါ။ ဤဘဝလမ်းဆုံတွင် အရွယ်ရောက်သူအဖြစ် သူဆက်လျှောက်လှမ်းရမည့် ဘဝခရီးသစ်အတွက် ထွက်ခွာရန် အချိန်တန်လေပြီ။ တိုင်းပြည်၏ အခြားနေရာ ဒေသတွင် သူစူးစမ်းလေ့လာသင်ယူရမည်ဖြစ်သည်။

သမီးကြီးကို ပြုစုပျိုးထောင်ခြင်း မိဘတာဝန်ကဏ္ဍ ဤနေရာတွင် အဆုံးသတ်ပြီး သူမ၏ဘဝစာမျက်နှာသစ် စတင်တော့မည်။ ဘဝခရီး၌ စိန်ခေါ်မှုအသစ်ရော၊ ပျော်ရွှင်မှုအသစ်ပါရှိနေမည်မှာ သံသယဖြစ်စရာမရှိပါ။ ဣသရေလလူတို့၏ တတိယမြောက်ဘုရင် ရှောလမုန်က ''ခပ်သိမ်းသောအမှုအရာတို့သည် (ဘုရားသခင် ခန့်ခွဲသတ်မှတ်သည့်)…

လက်တော်၌ ရေးထိုးထားသည်

လွန်ခဲ့သော နှစ်ပေါင်းများစွာ ၁၈၀၀ ပြည့်လွန်နှစ်များက ဆရာကြီး ချားစ်စပါဂျင်၏ လန်ဒန်မြို့အသင်းတော်၌ ဘုရားသခင်သည် သူ့လက်ဝါး၌ ကျွန်ုပ်တို့ကို စာထိုးကြောင်း ဟေရှာ ၄၉း၁၆ ကျမ်းပိုဒ်၏ ကြွယ်ဝသောအနှစ်သာရကို ဟောပြောရခြင်းကို ဆရာကြီး အလွန်နှစ်သက်ခဲ့သည်။ ‘‘ဒီလိုကျမ်းချက်မျိုးကို အကြိမ်တစ်ရာလောက် ဟောပြောရမှာ’’ ဟု ဆရာကြီးက ဆိုသည်။ ဤအတွေးက အဖိုးတန်လွန်း သဖြင့် ကျွန်ုပ်တို့ အကြိမ်ကြိမ် ဆင်ခြင်သင့်သည်။

ဆရာကြီး စပါဂျင်က လူမျိုးတော်ဣသရေလတို့ အတွက် မိန့်ကြားသော ဤကတိတော်ကို ကျွန်ုပ်တို့အတွက် လက်ဝါးကပ်တိုင်တော်ထက် အသေခံတော်မူသည့် ဘုရားသခင်၏ သားတော်သခင်ယေရှုနှင့် အံ့ဖွယ်ချိတ်ဆက်ဖော်ပြခဲ့သည်။ ‘‘ကိုယ်တော်ရဲ့ လက်တော်က ဒဏ်ရာတွေက ဘာလဲ။ တူနဲ့နှက်ထားတဲ့ သံချက်ရာလေ။ သူ့လူတွေကို သူ့လက်ဝါးမှာ စာထိုးနိုင်ဖို့ ကားတိုင်ထက်မှာ သံမှိုနဲ့ရိုက်ပြီး ချိတ်ဆွဲခံ ရတာဖြစ်မယ်’’ ဟူ၍ ဟောပြောခဲ့သည်။ ထာဝရဘုရားသခင်က သူ့လူများကို သူ့လက်ဝါး၌…

မေတ္တာအမွေအနှစ်

ကျွန်တော့်ဘွားဘွားကြီး၏ကျမ်းစာအုပ်ကို လှန်လှောကြည့်နေစဉ် ကတ်အပိုင်းအစလေး တစ်ခု ပေါင်ပေါ်ကျလာ၍ ကြည့်လိုက်ရာ ကလေးလက်ရေးဖြင့် ‘‘စိတ်နှလုံးနှိမ့်ချသော သူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏ နိုင်ငံဖြစ်၏။ စိတ်မသာညည်းတွားသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ထိုသူတို့သည် သက်သာခြင်းသို့ ရောက်ကြလတ္တံ့’’ (မ ၅း၃-၄)ဟူသည့် ရွှေကျမ်းချက်ကို ရေးထားပြီး ကျွန်တော့်အမေ၏ ပဲပင်ပေါက်လက်မှတ်ရေးထိုးထားသည်ကို တွေ့လိုက် ရသည်။

ကျွန်တော့်ဘွားဘွားကြီးသည် သူ့မြေးများ ကျမ်းစာ အလွတ်ကျက်ပြီး စိတ်နှလုံး၌သိုထားရန် ကျမ်းပိုဒ်များကို ရေးသားစေသည့် အလေ့အကျင့်ကို လုပ်ဆောင်ခဲ့သည်။ သို့သော် ဤကျမ်းပိုဒ်လေး၏ နောက်ကွယ်ရှိ ဇာတ်လမ်းက ကျွန်တော့်ကို မျက်ရည်ကျစေသည်။ အမေ့အဖေသည် အမေအလွန်ငယ်သေးသည့်အရွယ်တွင် ကွယ်လွန်သွားပြီး၊ ရက်သတ္တပတ်အနည်းငယ်တွင် အမေ့၏မောင်လေး ဆုံးသွား ပြန်သည်။ ထိုသို့ ဝမ်းနည်းကြေကွဲနေချိန်တွင် အမေ့အဘွားကအမေ့ကို ထိုကျမ်းပိုဒ်လေးသင်ပေးပြီး သခင်ယေရှုနှင့် သခင် တစ်ပါးတည်းသာပေးနိုင်သော နှစ်သိမ့်မှုကို ပြညွှန်ခဲ့သည်။

ရှင်ပေါလုက…

မှန်သောဆုတောင်းနည်း

ဆုတောင်းချက်များကို ရေးမှတ်ပြီး နေ့စဉ် ဆုတောင်းပေးသူများ၊ ဆုတောင်းချက်တိုင်း၏ အဖြေကိုလိုက်ပြီး ကျေးဇူးတော်ချီးမွမ်းလျက် ဆုတောင်းစာရင်း၏ နောက်ဆုံး အခြေအနေကို သစ္စာရှိစွာ ပြုစုသူများကို ကျွန်မအလွန်ချီးကျူးပါသည်။ အခြားသူများ နှင့်အတူ ဆုတောင်းသူများ၊ မိမိ၏ခုတင်အနီးရှိ ကော်ဇောခင်းက ဒူးထောက်လွန်း၍ ပါးသွားသည်အထိ ဆုတောင်းသူများက ကျွန်မအတွက် လှုံ့ဆော်မှုကို ဖြစ်စေသည်။ ၎င်းတို့ကို အတုယူပြီး၊ ပြီးပြည့်စုံသည့် ဆုတောင်းခြင်းအသက်တာ တည်ဆောက်ရန်၊ ပြေပြစ်ချောမွတ်စွာ၊ ရှည်လျားစွာ ဆုတောင်းတတ်ရန် ကျွန်မကြိုးစားခဲ့သည်။ ဆန်းကြယ်နက်နဲသောအမှုဟု ကျွန်မထင်မှတ်ခဲ့သည့် ဆုတောင်းခြင်း၏လျို့ဝှက်ချက်ကို ဖော်ထုတ်ရန် ကြိုးစားခဲ့သည်။ မှန်သောဆုတောင်းနည်းကို ကျွန်မ အလွန်သိချင်ခဲ့သည်။

နောက်ဆုံးတွင် ကျွန်မတို့၏သခင်ဘုရားသည် နှိမ့်ချခြင်းဖြင့် အစပြုပြီး၊ နှိမ့်ချခြင်းဖြင့် အဆုံးသတ်သည့် ဆုတောင်းကိုသာ အလိုရှိကြောင်း ကျွန်မသိနားလည်ခဲ့သည် (မ ၆း၅)။ ကျွန်မတို့၏ဆုတောင်းသံကို နားညောင်းနိုင်မည့် ရင်းနှီးကျွမ်းဝင်မှုအဆင့်သို့ ဝင်ရောက်ရန် ဘုရားရှင်ဖိတ်ခေါ်သည် (း၆)၊ စကားလုံးလှလှနှင့် အလွတ်ကျက်မှတ်…

သင့်အတွက်ကောင်းလား

အနက်ရောင်ချော့ကလက်ခါးခါးကို နှစ်သက်ခြင်းကြောင့် ‘‘ချော့ကလက်အနက်သည် သင့်အတွက် ကောင်းပါသလား’’ ဟု ဂူဂဲလ်၌ ရှာကြည့်လိုက်ရာ ကောင်းသည်၊ မကောင်းပါ စသည်ဖြင့် အဖြေမျိုးစုံရခဲ့သည်။ အစားအသောက် အမယ်အတော်များများကို ထိုနည်းဖြင့် စမ်းသပ်ကြည့်နိုင်ပါသည်။ နို့၊ ကော်ဖီ၊ ဆန် စသည်တို့သည် မိမိအတွက် ကောင်းမကောင်း မေးကြည့်ပါက အဖြေသောင်းပြောင်း ဗြောက်သောက် ထွက်လာမည်ဖြစ်၍ ထိုရှာဖွေမေးမြန်းမှုသည် မိမိအတွက် ကောင်းမကောင်းကို သတိပြုရပေမည်။ ထိုရှာဖွေမှုက သင့်ကို ခေါင်းကိုက်စေနိုင်ပါသည်။

သို့သော် သင့်အတွက် ရာနှုန်းပြည့် အချိန်ပြည့် ကောင်းမွန်သည့် အရာကို သင်ရှာဖွေနေပါက ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကျွန်ုပ်အဆိုပြု အကြံပေး၍ ရမည်လား။ ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ဆက်ဆံရေးကို တည်ဆောက်လိုသူ ယေရှုနောက်တော်လိုက်များအတွက် မည်သည့်ကောင်းကျိုး ပေးနိုင်သည်ကို ကြည့်ကြပါစို့။

သင့်ကို သန့်ရှင်းအောင် စောင့်ထိန်းပေးနိုင်သည် (ဆာ ၁၁၉း၉၊ ၁၁)
သင့်အတွက်ကောင်းချီးမင်္ဂလာဖြစ်စေသည် (လု…

အန္တိမ ကျေနပ်မှု

ကျမ်းစာကျောင်း အစီအစဉ်တစ်ခု၌ ကလေးများကို မုန့်ဝေသောအခါ မုန့်ကို အငမ်းမရ စားနေသည့်ကလေးတစ်ဦးကို ကျွန်မတို့ သတိပြုမိသည်။ သူ့မုန့်ကုန်သောအခါ စားပွဲပေါ်၌ အခြားကလေးများ စားပြီးသား အကြွင်းအကျန်များကို သူဆက်စားပြန်သည်။ ကျွန်မ သူ့ကို ပေါက်ပေါက်တစ်ထုပ်ထပ်ပေးပြီးသော်လည်း သူစား၍ မဝသေးပါ။ ခေါင်းဆောင်များအနေဖြင့် ဤကလေးသည် အဘယ်ကြောင့်
ဤကဲ့သို့ အလွန်ဆာလောင်နေသနည်း ဟု စိတ်မကောင်း ဖြစ်ရသည်။

စိတ်ခံစားချက်နှင့် ပတ်သက်လာလျှင် ကျွန်မတို့ သည်လည်း ထိုကလေးကဲ့သို့ ဖြစ်တတ်ကြောင်း ကျွန်မ တွေးမိသည်။ နှလုံးသားနက်ရှိုင်းရာမှ တောင့်တမှုများကို ဖြည့်ဆည်းရန် ကျွန်မတို့ နည်းလမ်းများ ရှာကြံတတ်ပြီး မိမိကို အမှန်အပြည့်အဝ ကျေနပ်စေမည့်အရာကို ဘယ်သောအခါမျှ ရှာမတွေ့ပါ။

ပရောဖက်ဟေရှာယက ဆာလောင်ငတ်မွတ်နေသူများအား ‘‘လာကြ၊ ဝယ်၍ စားသောက်ကြ’’ ဟု (ဟေရှာ ၅၅း၁) ဖိတ်ခေါ်သည်။ ပြီးမှ ‘‘အစာမဟုတ်သောအရာ အဖို့ သင်တို့ငွေကိုလည်းကောင်း၊…

အမည်နာမ၏အဓိပ္ပာယ်

မက်သဒစ်တရားဟောဆရာ ဂစ်ဟာဒင်သည် သူ့သားငယ်လေးအပေါ် ကြီးမားသော မျှော်လင့်ချက်ဖြင့် နာမည်ကျော်တရားဟောဆရာ ဂျွန်ဝစ္စလီ၏အမည်ဖြင့်မှည့်ခေါ် ခဲ့သည်။ သို့သော် ဝမ်းနည်းစရာမှာ ဂျွန်ဝစ္စလီဟာဒင်သည် ရည်ရွယ်ချက် ကြီးမားသော
သူ့အမည်ထက် အခြားသောဘဝလမ်းကို ရွေးချယ်ခဲ့သည်။ လူ ၄၂ ဦးကို သတ်ဖူးသည် ဟု ကြွေးကြော်လျက် ၁၈၀၀ ပြည့်နှစ် နှောင်းပိုင်း အမေရိကန် အနောက်ပိုင်းဒေသ၌ နာမည်ဆိုးဖြင့် ကျော်ကြားသည့် သေနတ်သမား၊ ရာဇဝတ်သား ဖြစ်သွားသည်။

ယနေ့ မျက်မှောက်ခေတ် ယဉ်ကျေးမှုများကဲ့သို့ပင် သမ္မာကျမ်းစာ၌ အမည်နာမသည် ထူးခြားသောအဓိပ္ပာယ် ဆောင်သည်။ ဘုရားသခင်၏သားတော် ဖွားမြင်ခြင်းကို ကြေညာလျက် ကောင်းကင်တမန်က မာရိ၏သားအား ‘‘မိမိလူတို့ကို အပြစ်မှကယ်ချွတ်မည့်သူ ဖြစ်သောကြောင့် ယေရှုဟူသော အမည်ဖြင့် မှည့်ခေါ်ရမည်’’ ဟု (မ ၁း၂၁) ယောသပ်ကို မိန့်ကြားခဲ့သည်။ ယေရှု၏အဓိပ္ပာယ်ဖြစ်သည့် ‘‘ယေဟောဝါကယ်တင်သည်’’ ဟူသည့် နာမသည် အပြစ်မှ…

ဝိုင်ဖိုင်ရှိလား

လူငယ်များနှင့် သာသနာပြုခရီးစဉ်သွားရန် ပြင်ဆင်စဉ် အမေးခံရဆုံး မေးခွန်းတစ်ခုမှာ ‘‘ဝိုင်ဖိုင်ရှိလား’’ ဟူ၍ ဖြစ်သည်။ ‘‘ရှိမှာပါ’’ ဟု ကျွန်မက အာမခံသည်။ သို့နှင့် ဝိုင်ဖိုင် ဆက်သွယ်ရေးမရှိသည့် တစ်ညတာ၏ညီးတွားမှုများကို စဉ်းစားသာကြည့်ပါတော့။

မိမိ၏စမတ်ဖုန်းလေးနှင့် အခွဲခံရလျှင်၊ ကျွန်မတို့အများစု စိတ်သောကရောက် ကြသည်။ သို့သော် ဖုန်းလေးရှိနေလျှင် ဖုန်းမျက်နှာပြင်နှင့် မျက်နှာခွာမရတော့ပြီ။

အင်တာနက်နှင့် အင်တာနက်အားဖြင့် လုပ်ဆောင် နိုင်သမျှအရာများသည် မိမိလုပ်ဆောင်သည့်အရာအပေါ် မူတည်၍ ကျွန်မတို့၏အာရုံကို လွဲစေခြင်း (သို့) ကောင်းချီး တစ်ခုခုကို ဖြစ်စေပါသည်။ သုတ္တံကျမ်း၌ ‘‘ဉာဏ်ကောင်း သောသူ၏စိတ်နှလုံးသည် ပညာအတတ်ကို ရှာတတ်၏။ မိုက်သောသူတို့၏နှုတ်မူကား မိုက်ခြင်းကို ကျက်စား တတ်၏’’ (သု ၁၅း၁၄) ဟုရေးသားထားသည်။

ဘုရားသခင်၏နှုတ်ကပတ်တော်မှ ဉာဏ်ပညာကို အသက်တာတွင် ခံယူကျင့်သုံးရာ၌ တစ်နေ့တာ မိမိ၏ လူမှုရေးချိတ်ဆက်မှုများကို အငမ်းမရ ကြည့်ရှုနေသလား။ ထိုအပြုအမူက…

ကျွန်ုပ်တို့၏အမည်များကို သခင်သိသည်။

နယူးယော့မြို့တော်ရှိ စက်တင်ဘာ ၁၁ ရက် အောက့်မေ့ဖွယ်နေရာသို့ ကျွန်ုပ် သွားရောက်လည်ပတ်စဉ် ရေကန်ထဲ အရိပ်ထင်နေသည့်မျှော်စင်ကို ဓာတ်ပုံ ရိုက်ခဲ့သည်။ ရေကန်နှစ်ခု၏အနီးဝန်းကျင်တွင် ကမ္ဘာ့ကုန်သွယ်ရေးဗဟိုမျှော်စင် တိုက်ခိုက်ခံရစဉ်က သေဆုံးခဲ့သည့် လူပေါင်း ၃၀၀၀ နီးပါး၏အမည်များကို ကြေးပြား ပေါ်၌ ရေးထိုးထားသည်။ နောက်ပိုင်း ဓာတ်ပုံကို အနီးကပ် အသေအချာကြည့်မိမှ အမျိုးသမီးတစ်ဦးသည် အမည်တစ်ခု ပေါ်တွင် လက်တင်ထားသည်ကို တွေ့ရသည်။ ဤနေရာသို့ ရောက်လာသူများစွာတို့သည် အမည်တစ်ခုကို ထိတွေ့ ပွတ်သပ်လျက် ၎င်းတို့ ချစ်ရသူတစ်ဦးဦးကို အောက်မေ့ သတိရကြသည်။

ဘုရားသခင်၏ လူမျိုးတော်တို့သည် ကိုယ်တော့်ထံမှ ၎င်းတို့ မကြာခဏကျောခိုင်းကြသည့်တိုင် ပရောဖက် ဟေရှာယက ဘုရားသခင်၏ မပြယ်သောမေတ္တာနှင့် ဂရုပြုမှုကို ၎င်းတို့အား သိပေးခဲ့သည်။ ‘‘... ထာဝရဘုရား မိန့်တော်မူသည်ကား မစိုးရိမ်နှင့်၊ သင့်ကို ငါရွေးနုတ်ပြီ။ ငါ့နာမဖြင့် မှည့်ပြီ။ သင့်ကို…

မားမားမတ်မတ် မည်သို့ရပ်နိုင်မည်နည်း

ရေခဲတမျှ ချမ်းအေးသောဆောင်းရာသီ၏နေ့တစ်နေ့၌ ကျွန်တော့်အတွေးက နွေးထွေးသော ကားပေါ်မှ နွေးထွေးသော တိုက်ပေါ်သို့ သွားရန်ဖြစ်သည်။ ထို့နောက် ကျွန်တော်သိလိုက်သည်မှာ ကျွန်တော် မြေကြီးပေါ်သို့ရောက်နေပြီး ဒူးခေါင်းနှင့် ခြေထောက် အောက်ပိုင်းမှာ ပုံစံမမှန် ခွင်နေသည်ကို တွေ့လိုက်ရသည်။ ဘာမှမကျိုးမပဲ့ သော်လည်း အင်မတန်မှ နာကျင်ခဲ့ရသည်။ နာကျင်မှုသည် အချိန်နှင့်အမျှ ပို၍ ဆိုးရွားလာပြီး လုံးဝသက်သာပြီး ပကတိ အတိုင်းပြန်ဖြစ်ရန် ရက်သတ္တပတ် အတော်ကြာအောင် အချိန်ယူရပေမည်။

နာကျင်ကိုက်ခဲမှုကို သက်သာစေသောဆေးဝါး မသောက်မည့်သူ ရှိပါသလား။ ကျွန်ုပ်တို့ခြေထောက် ခိုင် အောင် မလဲသွားအောင် မစမည့်အရာ (သို့) စောင့်ကြည့် ပေးမည့်သူ ရှိပါက ကောင်းသည်မဟုတ်ပါလား။ ရုပ်ခန္ဓာပိုင်း အတွက် ခြေထောက်မြဲစေမည့် အာမခံချက် မရှိသော်လည်း ယခု အသက်တာတွင် ခရစ်တော် ဘုန်းထင်ရှားရေးကို တောင်းခံရှာကြံသောအခါ ကူညီ မစထောက်ပံ့ရန် အသင့်ရှိနေပြီး နောင်ဘ၀တွင်…