ချစ်ခြင်းမေတ္တာကိုအလျှံပယ်စွာဖော်ပြခြင်း
ကျွန်မတို့၏မင်္ဂလာနှစ်ပတ်လည်နေ့တွင် ကျွန်မခင်ပွန်းအယ်လန်က ကျွန်မကို အလွန် လန်းဆန်းသော ပန်းစည်းတစ်စည်းပေးသည်။ သူ၏ကုမ္ပဏီမှ ဝန်ထမ်းဖွဲ့စည်းပုံ ပြောင်းလဲပြင်ဆင်ချိန်တွင် သူအလုပ်ပြုတ်ခဲ့ခြင်းကြောင့် ဤနှစ်တွင် ဤကဲ့သို့ ခမ်းခမ်းနားနား ကြီးကျယ်စွာ ပွဲလုပ်ပေးနိုင်လိမ့်မည်ဟု ကျွန်မ မမျှော်လင့်ခဲ့ပါ။ သို့သော် ယခု ၁၉ နှစ်မြောက်မင်္ဂလာနှစ်ပတ်လည်နေ့တွင် ထမင်းစားပွဲပေါ်မှ ရောင်စုံပန်း များက ကျွန်မကို ကြိုဆိုလျက်ရှိသည်။ နှစ်စဉ်ကျင်းပသည့် ထိုဓလေ့ကို တန်ဖိုးထားသည့်အတွက် အယ်လန်သည် လစဉ် သူ၏လစာငွေအချို့ကို စုဆောင်းပြီး ဤပွဲကို ဆက်လက်ကျင်းပနိုင်ရန် ကြိုတင်စီစဉ်ထားခဲ့သည်။
ကျွန်မခင်ပွန်း၏လုပ်ရပ်သည် ဂရုစိုက်မှုနှင့် စေတနာ စိတ်ကို ဖော်ပြသည်။ ၎င်းသည် ကောရိနသုအသင်းသားများကို ရှင်ပေါလု အားပေးသည့်အချက်နှင့် တူသည်။ ကောရိနသု အသင်းတော်၏ စေတနာစိတ်အား ထက်သန်စွာ ပေးကမ်း စွန့်ကြဲခြင်းကို တမန်တော်ကြီးက ချီးမွမ်းပြောဆိုလျက် (၂ ကော ၉း၂၊ ၅)၊ စေတနာစိတ်နှင့် ရက်ရောဝမ်းမြောက်စွာ…
ကိုယ်ကျိုးစွန့်ဝန်ထမ်းခြင်း
မြက်ခင်းပေါ်တွင်လဲကျနေသည့် သစ်ပင်ကြီးနှင့်စာလျှင် အလွန်သေးငယ်သော လူတစ်စုသည် ထိုသစ်ပင်ကြီးအနီးတွင် ရပ်လျက်နေကြသည်။ ထိုလူစုထဲမှ အသက် ကြီးကြီး အမျိုးသမီးကြီးက ကြိမ်တုတ်ထောက်ကို မှီလျက် ယမန်နေ့က အဖြစ်အပျက်ကို ရှင်းပြသည်။ ပြင်းပြင်းထန်ထန် တိုက်သွားသည့်မုန်တိုင်းကြောင့် “ကျွန်မတို့ရဲ့ အံ့မခန်းသစ်ပင်ကြီး လဲသွားတယ်။ တော်တော် ဆိုးတယ်ရှင်။ ဒါတင်မကသေးဘူး၊ သိပ်လှပတဲ့ ကျွန်မတို့ရဲ့ ကျောက်စီခြံစည်းရိုးနံရံလည်း ပြိုလဲခဲ့တယ်။ အဲဒီ ကျောက်စီ နံရံကို ကျွန်မတို့မင်္ဂလာဆောင်တုန်းက ကျွန်မခင်ပွန်းက ဆောက်ခဲ့တာ။ အဲဒီနံရံကို သူတကယ် သဘောကျခဲ့တာ။ ကျွန်မလည်း နှစ်သက်တယ်။ အခုတော့ သူမရှိတော့သလို ကျောက်နံရံကြီးလည်း မရှိတော့ဘူး” ဟု ရှင်းပြသည်။
နောက်တစ်နေ့နံနက်တွင် သစ်ပင်ဖယ်ရှင်းရေး ကုမ္ပဏီမှ ဝန်ထမ်းများလာရောက်ပြီး ထိုအပင်ကြီးကို ဖယ်ရှင်းပေးသည်ကို လှမ်းကြည့်ရင်း သူမ၏မျက်နှာပြုံးရွှင် သွားသည်။ လူကြီးနှစ်ဦးနှင့် မြက်ခင်းပြင်ကိုညှိပေးသည့် လူငယ်လေးတစ်ဦးတို့သည် သူအလွန်နှစ်သက်မြတ်နိုးသော ကျောက်စီနံရံကို ပြန်လည် ပြုပြင်ရန်…
အကောင်းဆုံးသော မစုံလင်ခြင်း
အပြစ်ပြောစရာမရှိအောင် အကောင်းဆုံးလုပ်ဆောင်လိုစိတ်ကြောင့် လုပ်ငန်း နှောင့်နှေး ရခြင်းအပေါ် ကျွန်မ၏တက္ကသိုလ်မှပါမောက္ခကြီးက ကျွန်မကို အကြံပြုချက်အချို့ပေးပါ သည်။ “အပြစ်အနာဆာကင်းတဲ့ပြည့်စုံခြင်းက ကောင်းမွန်ခြင်းကို မထိခိုက်စေနှင့်” ဟု ဆိုပါသည်။ အပြစ်ပြောစရာမရှိအောင် ကြိုးစားလွန်းလျှင် အလုပ်တိုးတက်မှုကို အဟန့်အတား ဖြစ်စေသည်ဟု သူက ရှင်းပြသည်။ ကျွန်မ၏ အလုပ်က အားနည်းချက်ရှိနေမှာဟု လက်ခံလိုက်ခြင်းဖြင့် ကျွန်မကို လွတ်လပ်စေပြီး တိုးတက်မှုကိုလည်း ဖြစ်စေသည်။
မိမိဘာသာ အကောင်းဆုံး ကြိုးစားလုပ်ဆောင် နေလျှင် သခင်ခရစ်တော်၏မစမှုကို လိုအပ်ကြောင်း မမြင်နိုင်ဘဲ ဖြစ်တတ်သည်ဟု တမန်တော်ကြီး ရှင်ပေါလုက မိမိဘာသာ အကောင်းဆုံးအားထုတ်မှု၏ နောက်ဆက်တွဲ အကျိုးဆက်ကို ရှင်းပြသည်။
ရှင်ပေါလုသည် ထိုအချက်ကို ခက်ခဲစွာ လေ့လာသင်ယူခဲ့ရသည်။ နှစ်ပေါင်း များစွာ ဘုရားသခင်၏ပညတ်တရားများကို တိကျစွာ လိုက်နာကျင့်သုံးလာပြီးကာမှ သခင် ယေရှုနှင့်ထိပ်တိုက်တွေ့ဆုံပြီးနောက်ပိုင်း အရာအားလုံးတို့သည် ပြောင်းလဲကုန်သည် (ဂလာ ၁း၁၁-၁၆)။ သူ၏ကြိုးစားလုပ်ဆောင်မှုများသည်…
အကြောင်းရင်းကို ယေရှုသိသည်
ကျွန်ုပ်၏သူငယ်ချင်းအချို့သည် သူတို့၏အနာရောဂါ တစ်စိတ်တစ်ပိုင်းကို ကုသ ပျောက်ကင်းပြီးနောက် နာကျင်မှုကို ဆက်လက်ခံစားနေရသည်။ အချို့သူငယ်ချင်း များက ဆေးစွဲမှုများကို ကုသခံယူပြီးသော်လည်း မိမိကိုယ်ကို စိတ်မချခြင်း၊ မိမိကိုယ်ကို ရွံရှာနေခြင်းတို့ကို ခံစားရုန်းကန်နေရသည်။ ‘‘သူတို့ကို လုံးဝဥဿုံ အပြီးအပိုင် ပျောက်ကင်းအောင် ဘုရားသခင်က ဘာ့ကြောင့် ကုသမပေး တာလဲ’’ ဟု ကျွန်ုပ်တွေးရင်း အဖြေသိချင်လှသည်။
ရှင်မာကု ၈း၂၂-၂၆ တွင် သခင်ယေရှုက မျက်မမြင် တစ်ဦးကို ကုသပေးသည်။ ဦးစွာ သခင်က ထိုသူကို ရွာပြင်သို့ ခေါ်ထုတ်သွားသည်။ ထိုနောက် သူ၏မျက်စိကို တံထွေးနှင့်ထွေး၍ သူ့အပေါ်မှာ လက်တော်ကို တင်လိုက် သည်။ ထိုသူသည် ကြည့်မျှော်လျှင် လူတို့သည် သစ်ပင်ကဲ့သို့ ဖြစ်၍ လျှောက်လှမ်းသွားသည်ကို အကျွန်ုပ်မြင်ပါသည်ဟု လျှောက်၏။ နောက်တစ်ဖန် သူ၏မျက်စိပေါ်မှာ လက်တော်ကို တင်၍ ကြည့်မျှော်စေတော်မူလျှင် သူသည်…
ဂရုတစိုက် ကြည့်ရှုစောင့်ရှောက်ခြင်း
ကျောင်းသို့ပြေးထွက်မသွားမီ ‘သွားတိုက်ပြီးပြီလား’ဟု သားကို မေးလိုက်သည်။ သူ့ကို ထပ်၍မေးရင်း အမှန်အတိုင်းပြောရန် အရေးကြီးကြောင်း သတိပေးလိုက်သည်။ သားက ကျွန်မ ဆုံးမနေခြင်းကို အရေးမလုပ်ဘဲ ရေချိုးခန်းထဲတွင် လုံခြုံရေးကင်မရာ တပ်ဆင်ထားရန်၊ သို့မှသာ သူလိမ်မပြောအောင်၊ သူသွားတိုက်သည် မတိုက်သည်ကို ကျွန်မကိုယ်တိုင် လုံခြုံရေးကင်မရာတွင် စစ်ဆေးနိုင်ကြောင်းကျွန်မကို နောက်ပြောင်၍ ပြန်ပြောသည်။
လုံခြုံရေးကင်မရာသည် စည်းကမ်းလိုက်နာရန် သတိပေးနေစဉ်ပင် အချို့နေရာများသို့ သတိမမူဘဲ ကျွန်မတို့ သွားလာမိသည်၊ သူများမမြင်အောင် ရှောင်တိမ်းလျက် သွားလာဆဲ ဖြစ်သည်။ လုံခြုံရေးကင်မရာကို ရှောင်တိမ်း လှည့်ဖြားနိုင်သကဲ့သို့ ဘုရားသခင်၏စောင့်ကြည့်မှုမှ လွတ်မြောက်နိုင်သည်ဟု ထင်ပါလျှင် ကိုယ့်ကိုယ်ကိုယ် လှည့်ဖြားပြီ။
ဘုရားသခင်က “ငါမမြင်နိုင်သောနေရာ၌ မည်သူတစ်ဦးတစ်ယောက်သည် လုံခြုံစွာ ပုန်းအောင်းနိုင်သနည်း” (ယေ၂၃း၂၄) ဟုမေးသည်။ ကိုယ်တော်၏ မေးခွန်းသည် တိုက်တွန်းအားပေးခြင်းဖြစ်သလို သတိပေးခြင်းလည်းဖြစ်သည်။
‘‘သတိပေးခြင်း’’မှာ ကျွန်မတို့သည် ဘုရားသခင်မမြင်အောင်ပုန်းအောင်းနေ၍မရနိုင်ပါ။ ကိုယ်တော့်ကို လိမ်လည်လှည့်ဖြား၍…
မည်သို့ပင်ဖြစ်စေ၊ မျှော်လင့်လျက်နေပါ
၁၉၈၈ ခုနှစ် မှစတင်၍ နေ့စဉ်ခွန်အား ၌ ကျွန်ုပ်ရေးသားခဲ့သော ရာနှင့်ချီရှိသည့် စာမူများအနက် အချို့သည် ကျွန်ုပ်၏နှလုံးသားတွင် စွဲညှိနေဆဲဖြစ်သည်။ ၁၉၉၀ ပြည့်နှစ် အလယ်ပိုင်းတွင် ရေးသားခဲ့သောစာမူတစ်ပုဒ်၌ သမီးသုံးယောက်သည် စခန်းချသင်တန်းသွားစဉ် ကျွန်ုပ်နှင့် ၆နှစ် အရွယ် သားလေး စတိဗ် တို့ သားအဖနှစ်ဦး ယောက်ျားသားချင်း သီးသန့် အတူအချိန်ဖြုန်းခဲ့သည်။
ကျွန်ုပ်တို့ လေဆိပ်သို့ သွားရောက်လေ့လာကြပြီး အလွန်ပျော်ရွှင်နေစဉ် စတိဗ်က “မယ်လီစာ ပါမလာလို့ ပျင်းစရာကြီးနော်” ဟု သူ၏ရှစ်နှစ်အရွယ် အစ်မလည်းဖြစ် အဖော်လည်းဖြစ်သူ ပါမလာ၍ သိပ်မပျော်ကြောင်း ပြောပါသည်။ ဤကဲ့သို့ စိတ်မကောင်းစရာစကားများကို ပြောထွက်မည်ဟု မည်သူမျှ မထင်မိခဲ့ပါ။ ဆယ်ကျော်သက် အရွယ်တွင် ယာဉ်မတော်တဆ ထိခိုက်မှုကြောင့် မယ်လေး ဆုံးပါးသွားချိန်မှစ၍ ဘဝသည် ပျော်ရွှင်မှုသိပ်မရှိတော့ပါ။ အချိန်ကြာသွားသည်နှင့်အမျှ ခံစားရသောဝေဒနာ အနည်းငယ် သက်သာသွားသော်လည်း ရှင်းရှင်းကြီးပျောက်မသွားပါ။…
မုန်တိုင်းဘေးမှကွယ်ကာရာ
ကျွန်တော် အိုကလာဟိုးမားပြည်နယ်တွင် နေထိုင်စဉ်က တိုနေဒိုးလေမုန်တိုင်း (လေဆင်နှာမောင်း)ကို နောက်ယောင်ခံလိုက်သော သူငယ်ချင်းတစ်ယောက်ရှိသည်။ ဂျွန်သည် အခြားသောလေဆင်နှာမောင်း နောက်ယောင်ခံလိုက်သူများနှင့် ရေဒီယိုဖြင့် ဆက်သွယ်ခြင်း၊ ဒေသခံရေဒါမှ သတင်းရယူခြင်းအားဖြင့် လေဆင်နှာမောင်းရှိနေသည့် နေရာမှ စိတ်ချရသောအကွာအဝေးနှင့် ၎င်းဖျက်ဆီးနိုင်သော ဦးတည်ရာလမ်းကြောင်းကို စုံစမ်းရယူပြီး အနီးရှိ ပြည်သူ လူထုများ ထိခိုက်မှုမရှိစေရန် အခြေအနေပြောင်းလဲမှုကို အမြန်ဆုံးအကြောင်းကြား ရှောင်ရှားစေသည်။
တစ်နေ့တွင် ကတော့ပုံလေဆင်နှာမောင်းသည် ရုတ်တရက် လမ်းကြောင်းပြောင်းသွားသဖြင့် ဂျွန် အသက် အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရသည်။ တော်သေးသည်။ ခိုလှုံရာ နေရာကို တွေ့သဖြင့် အသက်ချမ်းသာရာရခဲ့သည်။
ထိုနေ့က ဂျွန်၏အတွေ့အကြုံအားဖြင့် ဘ၀ အသက်တာရှိ အပြစ်ဒုစရိုက်ဟူသည့် အခြားသော ဖျက်ဆီးမှု လမ်းကြောင်းကို ကျွန်တော်ဆင်ခြင်မိသည်။ သမ္မာကျမ်းစာက “မိမိတပ်မက်သောစိတ် ဆွဲငင်ဖြားယောင်ခြင်းကို ခံသောသူမည်သည်ကား အပြစ်သွေးဆောင်ခြင်းသို့ ရောက် တတ်၏။ တတ်မက်သောစိတ်သည် ပဋိသန္ဓေယူ၍ဒုစရိုက်ကို ဖွားတတ်၏။ ဒုစရိုက်…
သာယာသောအိမ်ကလေး
‘‘အခုနေတဲ့ အိမ်ကို ထားခဲ့ပြီး ဘာလို့ ပြောင်းရတာလဲ’’ ဟု ကျွန်မသားလေးက မေးသည်။ ၅ နှစ်အရွယ် သားလေးအား အိမ်ဆိုသည့် အဓိပ္ပာယ်ကို ရှင်းပြရန် ခက်လှပါသည်။ အိမ်ဆိုသည့် အဆောက်အအုံကို ကျွန်မတို့ချန်ခဲ့ခြင်းဖြစ်ပြီး၊ မိမိချစ်ခင်ရသူများရှိသည့် မိသားစု အိမ်ကို ချန်ခဲ့ခြင်းမဟုတ်ပါ။ တစ်နေ့တာအလုပ်ပြီးချိန် (သို့) ခရီးရှည်ထွက်ပြီးချိန်၌ ကျွန်မတို့အိမ်သို့ အလွန်ပြန်ရောက်ချင်ပါသည်။
သခင်ယေရှုအသေသတ်ခြင်း မခံရမီ အထက်ခန်း၌ ရှိနေစဉ် သခင်က တပည့်တော်များအား ‘‘သင်တို့ စိတ်နှလုံး ပူပန်ခြင်း မရှိစေနှင့်’’ (ယော ၁၄း၁)ဟု မိန့်ကြားခဲ့သည်။ သခင်ယေရှုက သူသေမည့်အကြောင်းကို ကြိုတင် ပြောကြား ခြင်းကြောင့် တပည့်တော်များ၏ အနာဂတ် မသေချာ မရေရာ ဖြစ်နေသည်။ သို့သော် သခင်က သူ၏တည်ရှိနေမှုကို အာမခံလျက် သူ့ကို တစ်ဖန် တွေ့ရဦးမည်ဟု သတိပေးခဲ့သည်။ ‘‘ငါ့အဘ၏အိမ်တော်၌ နေစရာအခန်းအများ…
ကားတိုင်တော်အားဖြင့်
ကျွန်မ၏လုပ်ဖော်ဆောင်ဖက် တွမ်၏စားပွဲပေါ်၌ ၈’’ x ၁၂’’ အရွယ် ဖန်ကားတိုင်တစ်ခု ရှိသည်။ တွမ်ကဲ့သို့ပင် ကင်ဆာရောဂါနှင့် နပန်းလုံးပြီး ပြန်လည်ကျန်းမာလာသူမိတ်ဆွေ ဖီလ်က သူ့ကို ပေးထားခြင်းဖြစ်ပြီး၊ အမှုခပ်သိမ်းကို ‘‘ကားတိုင်တော်အားဖြင့်’’ ကြည့်နိုင် အောင်ဖြစ်သည်။ ထိုကားတိုင်သည် သူ့အပေါ်ထားရှိသည့် ဘုရားသခင်၏ မေတ္တာတော် နှင့် အကြံအစည်ကောင်းကို အဆက်မပြတ် သတိပေးသည်။
၎င်းသည် သခင်ယေရှုကို ယုံကြည်သူများအတွက် အထူးသဖြင့် အခက်အခဲကြုံရသည့်ကာလများတွင် စိန်ခေါ်မှုကို ဖြစ်စေသည်။ ကျွန်မတို့သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာထက် အခက်အခဲပြဿနာ၌သာ အာရုံစိုက် လွယ်သည် မဟုတ်ပါလား။
တမန်တော်ရှင်ပေါလု၏ အသက်တာသည် ကားတိုင်တော် အမြင်ရှုထောင့်ရှိကြောင်း ဥပမာပြနိုင်သည့် အသက်တာဖြစ်သည်။ ဒုက္ခဆင်းရဲခံရချိန်တွင် သူ့ကိုယ်သူ ‘‘ညှဉ်းဆဲခြင်းကို ခံရသော်လည်း ရှုံးခြင်းမရှိ၊ အောက်သို့လှဲခြင်းကို ခံရသော်လည်း ဆုံးရာသို့မရောက်’’ (၂ ကော ၄း၉) ဟုဖော်ထုတ်ပြောခဲ့သည်။ ခက်ခဲကြမ်းတမ်းချိန်…
စွဲမက်စိတ်စွဲလန်းရာ
ကျွန်တော့်ကို ငွေသွင်းငွေထုတ် ပြုလုပ်ပေးသည့် ဘဏ်ဝန်ထမ်းတစ်ဦးသည် သူ၏ ပြတင်းပေါက်၌ ဖို့ဒ်ကားကုမ္ပဏီထုတ် စွမ်းဆောင်ရည်မြင့် ရှယ်ဘီကော်ဘရာ အမိုးဖွင့်ကား ဓာတ်ပုံတစ်ပုံကို ကပ်ထားသည်။
တစ်နေ့တွင် ငွေသွင်းငွေထုတ်လုပ်ရင်း ‘‘အဲဒါ မင်းကားလား’’ ဟု ကျွန်တော် မေးလိုက်သည်။ ‘‘မဟုတ်ပါဘူး၊ အဲဒါကျွန်တော် စွဲမက် စိတ်စွဲလန်းတဲ့အရာလေ။ သူ့ကြောင့် ကျွန်တော်နေ့တိုင်း စောစောထပြီး အလုပ်လာနေရတာပေါ့။ တစ်နေ့ကျရင် အဲဒီကားမျိုး ကျွန်တော် ပိုင်ဆိုင်ချင်လို့’’ ဟု ဖြေသည်။
ဤလူရွယ်၏ စိတ်စွဲလန်းမှုကို ကျွန်ုပ်နားလည်သည်။ ကျွန်တော့် သူငယ်ချင်းတစ်ဦး၌ ထိုကားရှိသည်။ ထိုကားကို
ကျွန်တော် တစ်ကြိမ်မောင်းဖူးသည်။ တကယ့်ကားကောင်း ကြီးပါ။ ရှယ်ဘီကော်ဘရာမက အခြားရုပ်ပစ္စည်းများစွာက လောကကြီးကို နေချင်စဖွယ် နေရတာတန်အောင် လုပ်ပေး သည်။ သို့သော် ဘုရားသခင်မှတစ်ပါး အခြားရုပ်ပစ္စည်းများ ကို ကိုးစားသူတို့သည် ‘‘နှိမ့်ချ၍လဲကြလိမ့်မည်’’ (ဆာ ၂၀း၈)။
ကျွန်ုပ်တို့သည်…