ဘုရားသခင်ထံတော်မှ လက်ခံရရှိခြင်း
စာရေးဆရာ Napoleon Hill(နပိုလီယံ ဟေးလ်)၏ Think and Grow Rich စာအုပ်တွင် “မင်းရဲ့စိတ်က စိတ်ကူးယုံကြည်နိုင်တဲ့ အရာမှန်သမျှကို အောင်မြင်ဆွတ်ခူးနိုင်တယ်”ဟု ဆိုခဲ့သည်။ ဟေးလ်၏ကိုးကားချက်က ကြိုးစားလျှင် မျှော်မှန်းသည်ထက် အဆများစွာ အိပ်မက်များကို အကောင်အထည်ဖော်နိုင်သည်ဟူသော အမေရိကန်အိပ်မက်(American Dream)ကို ပေါ်လွင်စေပါသည်။
ကြိုးစားအားထုတ်မှုသည် လောက၌ အကျိုးကျေးဇူးများကို ရရှိစေနိုင်ပါသည်။ သမ္မာကျမ်းစာရှိ ကျမ်းပိုဒ်များစွာ (အထူးသဖြင့် သုတ္တံကျမ်း)တွင် ထိုအချက်များကို ဆက်စပ်ဖော်ပြထားသည်။ သို့သော် အရွယ်ရောက်လာသည်နှင့်အမျှ ဟေးလ် ၏ အတွေးအခေါ်များကို ခံယူကိုင်စွဲခြင်း၌ရှိသည့် တကယ့်အန္တရာယ်ကိုလည်း ကျွန်ုပ်မြင်လာသည်။ မိမိ၏ ပန်းတိုင်သို့ရောက်အောင် မရမက ကြိုးစားမှုများသည် ဘုရားသခင်ကို အမှီမပြုဘဲ မိမိကိုယ်ကိုသာ အာရုံစိုက်၍ ကြိုးပမ်းမှုများ ဖြစ်သွားနိုင်သည်။
ဂလာတိဩဝါဒစာ ၅ တွင် ရှင်ပေါလုက “ဝိညာဉ်ပကတိအတိုင်း ကျင့်ကြလော့။ ထိုသို့ကျင့်လျှင် ဇာတိပကတိ၏အလိုသို့ မလိုက်ဘဲ နေကြလိမ့်မည်”…
အသက်လမ်း
သူ့ကို ၁၈၆၀ ပြည့်လွန်နှစ်များတွင် ကျွန်တစ်ဦးအဖြစ် မွေးဖွားခဲ့သည်။ ချူချာသော ကလေးငယ်ဖြစ်သဖြင့် သူ့ကို မြင်းတစ်ကောင်၏တန်ဖိုးဖြင့် ကျွန်ပိုင်ရှင်တစ်ဦးထံ ရောင်းချခဲ့သည်။ သူဆယ်ကျော်သက်အရွယ်၌ လူဖြူတစ်စုက လူမည်းတစ်ဦးအား သတ်ဖြတ်သည်ကို မြင်တွေ့ခဲ့သည်။ မှတ်သားစရာမှာ သူသည် ကျောင်းစာတွင် ထူးချွန်ခဲ့သည်။ သို့သော် ခဲန်ဆက်ပြည်နယ်၊ ဟိုင်းလဲန် တက္ကသိုလ်သို့ လျှောက်ထားရာ၊ အသားအရောင်ကြောင့် ငြင်းပယ်ခံခဲ့ရသည်။ ထိုအမှုအရာများကြားမှပင် ထိုလူငယ်သည် ဘုရားသခင်အပေါ် နက်နဲသောယုံကြည်ခြင်းရှိခဲ့သည်။ George Washington Carver (ဂျော့ဂျ် ဝါရှင်တန် ကာဗာ)၏ ဘဝလက်စွဲကျမ်းချက်မှာ “သွားလေရာရာ၌ ထာဝရဘုရားကို မျက်မှောက်ပြုလော့။ သို့ပြုလျှင်၊ သင်၏ လမ်းခရီးတို့ကို ပြုပြင်တော်မူမည်”ဟူသည့် (သု ၃:၆)ပင် ဖြစ်သည်။
တစ်ခါတစ်ရံ မိမိတို့ကြုံတွေ့နေရသော အခြေအနေများကြောင့် ကျွန်ုပ်တို့စိတ်ဒုက္ခရောက်သည်။ နှောင့်နှေးမှုများ ကြုံရသည်။ ဘယ်သွားရမှန်း မသိဘဲ လမ်းပျောက်နေတတ်သည်။ သို့သော် သုတ္တံကျမ်းက “ထာဝရဘုရားကို…
ဘုရားသခင်၌ ခိုလှုံခြင်း
လေဟာပြင် တေးဂီတဖျော်ဖြေပွဲ စတင်သည်နှင့်တစ်ပြိုင်နက် ကျွန်မ၏ပါးပြင်ပေါ် သို့ မိုးစက်ကျလာသည်ကို ခံစားလိုက်ရ၍ အပေါ်သို့မော့ကြည့်လိုက်ရာ ကြောက်မက်ဖွယ် မိုးတိမ်မည်းကြီးများကို မြင်လိုက်ရသည်။ သို့သော် လက်မှတ်ကို ဈေးကြီးပေးဝယ်ထားရသဖြင့် ရာသီဥတုအနည်းငယ်ဆိုးရုံနှင့် ကျွန်မ မပြန်ချင်သေးပေ။ ထိုအချိန်တွင် ထီးများ တစ်လက်ပြီးတစ်လက် ပွင့်လာသည်။ အမျိုးသမီး တစ်ဦးမှာမူ ပလတ်စတစ်အိတ်တစ်လုံးကို ခေါင်းတွင် စွပ်လိုက်သည်။ နားကွဲမတတ် မိုးခြိမ်းသံတစ်ချက် ကြားလိုက်ရချိန်တွင်မူ ဖျော်ဖြေသူက မိုက်ခရိုဖုန်းကိုဆွဲ၍ တစ်နေရာရာတွင် ခိုလှုံကြပါရန် တိုက်တွန်းတောင်းပန်တော့သည်။
မိုးသည်းထန်စွာရွာချသဖြင့် ကျွန်မတို့မှာ ရွှံ့ဗွက်အိုင်များကို ကူးပြီး၊ အနီးရှိ ကျောင်းအားကစားရုံထဲသို့ အပြေးအလွှား ဝင်ခဲ့ကြသည်။ မိုးရေစိုရွှဲလျက်ပင် သူစိမ်းများနှင့်အတူ နာရီဝက်ခန့် စုရုံးနေခဲ့ကြပြီး မုန်တိုင်းစဲသွားလိမ့်မည်ဟု ကျွန်မမျှော်လင့်မိသည်။ ကျွန်မတို့အပြင်သို့ ပြန်ထွက်လာချိန်တွင်မူ တေးဂီတအဖွဲ့သည် ပစ္စည်းများသိမ်းဆည်းပြီး ထွက်ခွာရန် အသင့်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
ဘဝမုန်တိုင်းများ တိုက်ခတ်လာသောအခါ ကျွန်မတို့ မည်သည့်နေရာသို့ ပြေးကြမည်နည်း။…
ဤကဲ့သို့သော မိတ်ဆွေများနှင့်
“နင့်အကြောင်းကို နင့်ထက်တောင် ငါက ပိုသိသေး!”ဟူ၍ လူငယ်ဘဝက မိတ်ဆွေတစ်ဦး၏ယုံကြည်မှုအပြည့်ဖြင့် ထိုသို့ပြောသံကို ကျွန်တော် ကြားခဲ့ရဖူးသည်။ အပြုသဘောပြောခြင်းဖြစ်၍ ကောင်းပါသည်။ သို့သော် သာသနာပြုဆရာ၏မွေးစားသား ကျွန်တော့်၏ရှုပ်ထွေးလှသည့်ဘဝကို ကမ္ဘာ့တိုက်ကြီး လေးတိုက်နှင့် ယဉ်ကျေးမှုမျိုးစုံက ပုံသွင်းပေးခဲ့သည်။ စင်စစ် ကျွန်တော့်အကြောင်းကို သူမသိပါ။
ယောဘ၏မိတ်ဆွေတစ်ဦးဖြစ်သော ဇောဖာသည် ယောဘ၏ဒုက္ခများကို သုံးသပ်ရာတွင် ပညာရှိပုံ ပေါက်နေခဲ့သည်။ “ဘုရားသခင်၏ဇာတိတော်ကို စစ်၍ တွေ့နိုင်သလော။ မိုးကောင်းကင်ကို မီသည်ဖြစ်၍ သင်သည် အဘယ်သို့ပြုနိုင်သနည်း”(ယောဘ ၁၁:၇-၈)ဟု သူမေးခဲ့သည်။ ၎င်းကို မည်သူမျှ မငြင်းနိုင်။ သို့သော် သည့်နောက်တွင် ဇောဖာသည် သူကိုယ်တိုင် မသိနိုင်သော ယောဘ၏စိတ်နှလုံးအကြောင်းကို ဝံ့ဝံ့စားစား ပြောဆိုခဲ့သည်။ အထောက်အထားမရှိဘဲနှင့် “သင်ပြုသောဒုစရိုက်ကိုပယ်၍ သင့်အိမ်၌ ဆိုးညစ်သောအမှုကို လက်မခံလျှင်... အညစ် အကြေးနှင့်ကင်းလွတ်သောမျက်နှာကို ပြရလိမ့်မည်။ စိုးရိမ်စရာအကြောင်းမရှိ၊ တည်ကြည်လိမ့်မည်”(:၁၄-၁၅)ဟု သူဆိုခဲ့သည်။
ယောဘက ဇောဖာနည်းတူ…
သန့်ရှင်းရာလမ်း
ဂျဲနီဖာသည် အသက်အရွယ်မတိုင်မီ မှတ်ဉာဏ်ချို့ယွင်းသည့် ဒီမင်းရှားရောဂါ စတင်ခံစားနေရကြောင်း သိရှိပြီးနောက်၊ သူမသည် ကျမ်းစာမဖတ်နိုင်တော့သဖြင့် အော်ဒီယို ကျမ်းစာကို စတင်နားထောင်ခဲ့ပြီး၊ ကျမ်းစာချက်များသည် သူမအတွက် အဓိပ္ပာယ်သစ်ကို ဆောင်ကြဉ်းပေးခဲ့သည်။ ဥပမာအားဖြင့်၊ သူမသည် လမ်းခဏခဏ ပျောက်တတ်ပြီး၊ လူများကို မမှတ်မိတော့သလို တောရိုင်းတိရစ္ဆာန်များမရှိဘဲ ရှိသည်အထင်နှင့် စိတ်အာရုံချောက်ခြားနေသည်။ ထိုသို့ စိတ်ရှုပ်ထွေးပြီး ကြောက်ရွံ့နေချိန်တွင်၊ ဟေရှာယအနာဂတ္တိကျမ်းမှ “ထိုအရပ်၌ လမ်းမကြီးရှိလိမ့်မည်။ ထိုလမ်းကို သန့်ရှင်းရာလမ်းဟု သမုတ်ကြလိမ့်မည်။ ... သွားသောသူတို့နှင့်အတူ ကိုယ်တော်တိုင် ခရီးသွားလျက်ရှိတော်မူသည်ဖြစ်၍၊ မိုက်သောသူသော်လည်း လမ်းမလွဲရ။ ရွေးနုတ်သောသူတို့သာလျှင် ခရီးသွားကြလိမ့်မည်”(ဟေရှာ ၃၅:၈- ၉) ဟူသည့်ကျမ်းချက်ကို ကြားရသောအခါ ဘုရားသခင်၏ နှစ်သိမ့်သက်သာစေခြင်းကို ခံစားရသည်။
ပရောဖက်ဟေရှာယသည် မိမိတို့၏နေရင်းပြည်မှ ဖမ်းဆီးခေါ်ဆောင်ခံရသော သူ၏လူမျိုးတို့အား ဘုရားသခင်၏ ကတိတော်များကို ဝေမျှခဲ့သည်။ ဘုရား၏မျက်မှောက်တော်ကို ခံစားရမည့် ဗိမာန်တော်နှင့် ဝေးကွာနေရသဖြင့် သူတို့သည်…
ဘုရားပေးသောဆုကျေးဇူးများမှ ပြန်လည်မျှဝေခြင်း
စတန်လေ၏ ရက်ရောမှုကို ကျွန်ုပ်အမြဲအံ့ဩမိသည်။ သူသည် အသင်းတော်ရှိ သက်ကြီးရွယ်အိုများ၊ ရပ်ကွက်ရှိ သန့်ရှင်းရေးလုပ်သားများ၊ စိတ်ဓာတ်ခွန်အားပေးမှု လိုအပ်နေသူ မည်သူမဆိုတို့အတွက် အစားအစာနှင့် လက်ဆောင်များ မကြာ ခဏ ဝယ်ယူပေးလေ့ရှိသည်။
ပို၍အံ့ဩစရာမှာ စတန်လေသည် ကြွယ်ဝသူ၊ လုပ်ငန်းရှင် မဟုတ်သော် လည်း၊ သူရင်းနှီးမြှုပ်နှံထားသောလုပ်ငန်းငယ်လေးမှာ သိသိသာသာ အောင်မြင် သဖြင့် ဆက်လက်ပေးကမ်းနိုင်ခဲ့သည်။ တစ်ဦးဦးက သူ့ကို ကျေးဇူးတင်သည့်အခါတိုင်း သူက “ဒါ ကျွန်တော်ပေးတာ မဟုတ်ဘူး။ ဘုရားသခင်ဆီက လာတာပါ”ဟု ပြောသကဲ့သို့ အထက်သို့ ညွှန်ပြကာ ပြုံးပြလေ့ရှိသည်။ အခြားသူများကို ကူညီရန် ဘုရားသခင် သူ့အား မစသည်ဟု သူ မကြာခဏ ပြောလေ့ရှိသည်။
ဤအချက်သည် ၂ ကော ၉ တွင် ပေးကမ်းခြင်းအကြောင်း ပေါလု ရေးသားရာ၌ ရည်ညွှန်းခဲ့သောအချက် ဖြစ်သည်။ ယုံကြည်သူချင်းတို့ကို ကူညီရန်…
အတူတကွ အစေခံလျက် အမှုဆောင်ခြင်း
မီချီဂန်ပြည်နယ်၊ ချယ်လ်ဆီးမြို့ရှိ ထင်ရှားသော Serendipity(စရဲန်ဒစ်ပတီ) စာအုပ် ဆိုင်သည် ဆိုင်ချဲ့ထွင်ရန် လိုအပ်လာသည်။ ဆိုင်ပိုင်ရှင်သည် တစ်လမ်းကျော်တွင် ယခုဆိုင်ထက် နှစ်ဆပိုကြီးသော အဆောက်အအုံတစ်ခုကို တွေ့ရှိခဲ့သည်။ သူမသည် ဆိုင်ကို ရက်ရှည်ပိတ်ပြီး စာအုပ်များကို ထုပ်ပိုးရွှေ့ပြောင်းမည့်အစား အမြန်ဆုံး ပြောင်းရွှေ့လိုသဖြင့် ရပ်ကွက်လူထုထံမှ အကူအညီတောင်းခံခဲ့ရာ၊ လူ ၃၀၀ ကျော် လက်ဆင့်ကမ်းပြီး၊ နှစ်နာရီအတွင်း စာအုပ်ပေါင်း ၉,၁၀၀ ကျော်ကို ပြောင်းရွှေ့နိုင်ခဲ့သည်။ ဆိုင်ပိုင်ရှင်က “ဒီစာအုပ်ဆိုင်ဟာ လူထုရဲ့အစိတ်အပိုင်း တစ်ခုဖြစ်ပြီး လူတွေကလည်း သူတို့ကိုယ်သူတို့ ဆိုင်ပိုင်ရှင်လို သဘောထားကြတယ်”ဟု ဆိုသည်။ ၎င်းတို့သည် ဘေးချင်းယှဉ်လျက် တက်ကြွစွာ အတူတကွ လုပ်ဆောင်ခဲ့ကြသည်။
ပါရှန်းဘုရင်၏ ယုံကြည်စိတ်ချရသော ဖလားတော်ဝန် ယုဒလူမျိုး နေဟမိသည် ယေရုရှလင်မြို့ရိုး ပျက်စီးနေကြောင်း ကြားသိရသောအခါ ဘုရားသခင်၏ လမ်းပြမှုအတွက် ဆုတောင်းခဲ့သည် (နေ၁:၃-၁၁)။ မြို့ရိုးများကို ဗာဗုလုန်လူမျိုးတို့က…
ဘုရားသခင်၏ တန်ခိုးခွန်အား၌ အမှီပြုခြင်း
Tungsten(တန်စတင်)သတ္တုသည် ဆန့်ကျင်ဘက်ဂုဏ်သတ္တိများရှိသောသတ္တု ဖြစ်သည်။ ၎င်းသည် သန့်စင်သော ဒြပ်စင်များအနက် ဆွဲဆန့်မှုကို ခံနိုင်ရည်အရှိဆုံး (tensile strength)ဖြစ်သဖြင့် ဆွဲဖြတ်ရန် အလွန်ခက်ခဲသည်။ သို့သော် Mead Metal ဝက်ဘ်ဆိုက်၏ မှတ်သားချက်အရ “ရိုက်ခတ်မှုကို ခံနိုင်ရည်ရှိမှု(impact strength) အပိုင်းတွင်မူအားနည်းပြီး၊ ရိုက်ခတ်မှုဒဏ်ကြောင့် ကွဲကြေလွယ်သောကြွပ်ဆပ်သတ္တု အဖြစ် လူသိများသည်။” သဘာဝအရ အသန်မာဆုံးသတ္တု ဖြစ်သည့် တန်စတင်သည် ထိုမျှလောက် အားနည်းပြီး ကြေမွလွယ်သည်မှာ စိတ်ဝင်စားစရာပင်။
လူသားများ၌လည်း အလားတူ ဝိသေသလက္ခဏာမျိုး ရှိကြသည်။ ကျွန်ုပ်တို့သည် ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာအရ ကြီးမားသောခွန်အားများ ရှိနိုင်သော်လည်း၊ ပျက်စီးယိုယွင်းနေသော ဤလောကကြီး၏ဝန်ထုပ်ဝန်ပိုးအောက်တွင် အလွယ် တကူ ကြေမွသွားတတ်ကြသည်။ ရှင်ပေါလုသည် ဤအတွေ့အကြုံကို ကိုယ်တိုင် ခံစားခဲ့ရသည်။ ၂ ကော ၁၁ တွင် သူသည် သူ့အား လွှမ်းမိုးဖိစီးခဲ့သော အတွေ့ အကြုံများကို…
မေတ္တာပန်းများ ပွင့်လန်းချိန်
ပွင့်လန်းနေမှ ပန်းများ လှပသည် မဟုတ်ပါဟု နာမည်ကျော် ရှုခင်းဒီဇိုင်းပညာရှင် Piet Oudolf(ပီယက် အူဒေါ့ဖ်)က ပြောပါသည်။ အေးခဲသောဆောင်းရာသီ၌ပင် ထိုဒတ်ခ်ျ လူမျိုးဥယျာဉ်မှူး၏ ဆုရဒီဇိုင်းများသည် အလွန်ရင်သပ် ရှုမောဖွယ်ဖြစ်သည်။ “သင်ထင်မထားတဲ့အရာများစွာထဲမှာ အလှတရားတွေ ရှိနေပါတယ်” ဟု အူဒေါ့ဖ်က ဆိုသော်လည်း အချို့ကမူ ၎င်းကို သဘောမတူပေ။ “သေနေတဲ့ (ဆောင်းခိုနေတဲ့) အပင်တွေကို ကျွန်တော် ချစ်တယ်လို့ ပြောတဲ့အခါ လူတွေက သေနေတဲ့အပင်ကို မကြိုက်ဘူးဆိုတော့ ပြဿနာပဲပေါ့”ဟု သူက ပြောသည်။
အပင်များ၏ဘဝစက်ဝန်းအပေါ် အူဒေါ့ဖ်၏တန်ဖိုးထားမှုသည် ဒုစရိုက်အပြစ်၌ ကျွန်ုပ်တို့သေလျက်ရှိစဉ် ကျွန်ုပ်တို့ကို ဘုရားသခင် ချစ်တော်မူသည်ဟူသော ဝိညာဉ်ရေးရာ အခြေခံမူနှင့် ထပ်တူကျနေသည်။ တမန်တော်ပေါလုက “ငါတို့သည် အကျိုးနည်းရှိစဉ်တွင် အချိန်တန်မှ ခရစ်တော်သည် မတရားသောသူတို့အတွက်ကြောင့် အသေခံတော်မူ၏” (ရောမ ၅:၆) ဟု ရှင်းပြခဲ့သည်။ ဆက်လက်၍ “ငါတို့သည်…
ဝေမျှရန် အသင့်ရှိနေပါ
ထိုဆယ်ကျော်သက် မိန်းကလေးသည် မိမိ၏ရပ်တည်ချက်ကို အခိုင်အမာ ဆုပ်ကိုင်ထားခဲ့သည်။ သူမ၏အထက်တန်းကျောင်းအဖွဲ့သည် မူးယစ်ဆေးဖြတ်သူများ ပြန်လည်ထူထောင်ရေးဂေဟာသို့ သွားရောက်စဉ်၊ Claire (ကလဲရ်) သည် သူမထက် အရပ်အမောင်း ပိုမိုမြင့်မားသော အသက် ၂၀ ကျော် လူငယ်တစ်ဦးနှင့် စကား လက်ဆုံကျခဲ့သည်။ သူတို့သည် ယုံကြည်ခြင်းအကြောင်း ဆွေးနွေးခဲ့ကြသည်။
ကလဲရ်က ယေရှုခရစ်တော်၏ဧဝံဂေလိတရားကို ရှင်းလင်းစွာ ဝေမျှသည်။ ထိုလူငယ်ကလည်း သူမနှင့် လုံးဝမတူညီသော သူ၏ဝိညာဉ်ရေးရာအမြင်များနှင့် ပြန်လည်ချေပသည်။ သူတို့နှစ်ဦးသည် ရင်းနှီးစွာဖြင့် အပြန်အလှန် အချေအတင် ဆွေးနွေးပြီး၊ နောက်ဆုံးတွင် ထိုလူငယ်က “မင်းနိုင်သွားပြီ။ မင်းပြောတာတွေကို ငါ မငြင်းနိုင်တော့ဘူး”ဟု ပြောလိုက်သည်။ သူသည် သခင်ယေရှုကို လက်မခံခဲ့သော်လည်း၊ မျိုးစေ့ကိုဖြင့် စိုက်ပျိုးလိုက်နိုင်ပါပြီ။ ထိုလူငယ်ခရစ်တော်အား လက်ခံခြင်းကို ကလဲရ် တွေ့မြင်လိုသော်လည်း၊ မေးမြန်းသူတို့အား “...ပြန်ပြောခြင်းငှာ အစဉ်သင့်ရှိနေကြလော့” (၁ ပေ ၃:၁၅)ဟူသည့်…