မည်သို့ပင်ဖြစ်လင့်ကစား
အသက်တာတွင် တစ်ခါတစ်ရံ ပြင်းထန်သောထိုးနှက်ချက်များနှင့် ကျွန်ုပ်တို့ ရင်ဆိုင် ရတတ်ပြီး အချို့အချိန်များတွင်မူ အံ့သြဖွယ်နမိတ်လက္ခဏာများဖြစ်ပေါ်တတ်သည်။
ဗာဗုလုန်မြို့တော်သို့ သုံ့ပန်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရသော လူငယ်လေး ၃ ဦးသည် တန်ခိုးအရှိန်အ၀ါကြီးမားလှသောရှင်ဘုရင်ရှေ့၌ ဧရာမရုပ်တုကြီးကိုမည်သည့်အခြေအနေမျိုးပင်ဖြစ်ဖြစ် ဦးမချ ၀တ်မပြုနိုင် ကြောင်း ရဲရင့်စွာ ပြောခဲ့သည်။ ‘‘ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါ တို့ကလည်း အရှင်မင်းကြီး နေဗုခဒ်နေဇာ၊ ... အကျွန်ုပ်တို့ကိုးကွယ်သော ဘုရားသခင်သည် မီးလောင် လျက်ရှိသော မီးဖိုထဲက အကျွန်ုပ်တို့ကို ကယ်လွှတ်နိုင် တော်မူ၏။... ထိုသို့ ကယ်လွှတ်တော်မမူသော်လည်း အရှင်မင်းကြီး၊ ကိုယ်တော်၏ဘုရားတို့ကို အကျွန်ုပ်တို့သည် ၀တ်မပြုပါ’’ (ဒံ ၃း၁၆-၁၈)။
ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့သည် ပြင်းစွာလောင်သော မီးဖိုထဲသို့ ပစ်ချခြင်းခံရသော်လည်း ဘုရားသခင်သည် အံ့သြဖွယ်ကောင်းလောက်အောင် ကယ်တင်ခဲ့သောကြောင့် ဆံခြည်တစ်ပင်မျှ မီးမမြိုက်၊ ၀တ်လုံလည်း ခြားနားခြင်းမရှိ၊ မီးလောင်သောအနံ့လည်း ကင်းလွှတ်၏ (း၁၉-၂၇)။…
ဖိတ်စင်လျှံကျသောအရာ
‘‘အမလေး’’ ဟု အော်ဟစ်နေလည်း ဘာအကူအညီမှ စိုးစင်းမျှပင် မရပါ။ အိမ်သာရေ ဆွဲချမရဘဲ အိမ်သာပေါက် ပိတ်နေသော ပြဿနာအတွက် ကျွန်တော် အကောင်းဆုံး ပြင်ခဲ့ပြီးပြီ။ သို့သော် ရလဒ်မှာ လုံးဝပြောင်းပြန်၊ မျှော်လင့်ထားသလို ဖြစ်မလာခဲ့ပါ။ ခလုတ်ကိုနှိပ်လိုက်သည်တွင် အမှားလုပ်လိုက်မိမှန်း ချက်ခြင်းသိလိုက်သည်။ သို့နှင့် ရေလျှံကျနေသည်ကို စိတ်ပျက်လက်ပျက်နှင့်သာ ဒီအတိုင်း ကြည့်နေမိတော့သည်။
သားသမီးများ ခွက်ထဲနို့လောင်းချစဉ် လက်ချော် ဖိတ်စင်ကာ နို့များပေကျံကုန်သည်က အကြိမ်ကြိမ်ပါ။ တစ်ဖန် ကားနောက်ဖုံးတွင် ဆိုဒါ ၂ လီတာဗူးကြီးကို မထုတ်မိ၍ ဟိုလိမ့်ဒီလိမ့်နှင့် ထပေါက်ကွဲပြန်သည်။
ဖိတ်ကျလျှံကျခြင်းက ဘယ်အရာမှ မကောင်းပါ။ သို့သော် ချွင်းချက်အနေဖြင့် အခြေအနေတစ်ခုရှိပါသည်။ တမန်တော်ရှင်ပေါလုက ဘုရားသခင်၏၀ိညာဉ်တော်နှင့် ပြည့်ဝသူများတွင် မျှော်လင့်ခြင်းသည် သူ့အလိုလို လျှံထွက် စီးကျလာကြောင်း ပုံဖော်ထားသည် (ရော ၁၅း၁၃)။ ကျွန်တော်တို့၏အသက်တာ၌ တန်ခိုးနှင့်ပြည့်စုံသောဘုရားသခင်၏ မျက်မှောက်တော်…
ဘုရားသခင်၏ကောင်းမြတ်ခြင်းကို ချီးမွမ်းခြင်း
သမ္မာကျမ်းစာလေ့လာသောအဖွဲ့မှ တစ်ယောက်က ‘‘ကိုယ်ပိုင်ဆာလံသီချင်း ရေးစပ်ကြ ရအောင်’’ ဟု အစပြုလိုက်သည်။ အစပိုင်းတွင် အချို့က မရေးတတ်ဟုဆိုပြီး ငြင်းကြ သော်လည်း အချင်းချင်းကို အားပေးရင်းနှင့် အဖွဲ့သားတိုင်းသည် သူတို့အသက်တာ၌ ဘုရားရှင်ပြုပေးသော အရာများကို ဖော်ကျူးလျက် ချီးမွမ်းသီချင်းများကို သီကုံးရေးသား ပါတော့သည်။ စုံစမ်းစစ်ကြောမှုကို အောင်နိုင်ခြင်း၊ ကိုယ်တော်၏ကာကွယ်မှု၊ ကိုယ်တော်၏မစထောက်ပံ့မှု၊ နာကျင်စရာများနှင့်မျက်ရည်များစသည်ဖြင့် စိတ်လှုပ်ရှားဖွယ်ကျွန်ုပ်တို့၏ဆာလံသီချင်းအမျိုးမျိုးက တည်မြဲသော ကိုယ်တော်၏ သတင်းစကားကို ဆောင်ယူလာသည်။
စာအားဖြင့်ဖြစ်စေ၊ သီချင်းအားဖြင့်ဖြစ်စေ၊ စကား အားဖြင့်ဖြစ်စေ ကျွန်ုပ်တို့၌ ဘုရားရှင်၏ချစ်ခြင်းမေတ္တာကို ဖော်ပြသည့် ဇာတ်လမ်းများစွာ ရှိပါသည်။ သူ့လူမျိုးများကို တစ်ကျွန်းတစ်နိုင်ငံကျွန်ဘ၀မှ ဘုရားရှင် ကယ်နှုတ်ကာ ရန်သူများအား အောင်နိုင်ခဲ့ပုံကို (း၁၀-၁၅) ပြန်လည်ရေတွက် ချီးမွမ်းသည့် ၁၃၆ ခု မြောက်သောဆာလံကို ရေးသားသူကဲ့သို့ အချို့သူများ၏ဇာတ်လမ်းက စိတ်လှုပ်ရှားစရာအားပြင်းလှသည်။ အချို့အကြောင်းအရာများမှာ ဘုရားသခင်၏ ကြီးမြတ်လှသော ဖန်ဆင်းခြင်းအကြောင်းကို ရိုးရှင်းစွာဖော်ပြသည်။…
လွတ်လပ်ပေါ့ပါးစွာ နောက်တော်သို့လိုက်
အထက်တန်းကျောင်းတက်စဉ်က တောလမ်းခရီးကြမ်းအပြေးပြိုင်ပွဲအတွက် ကျွန်မကို လေ့ကျင့်ပေးသည့်နည်းပြက ပြိုင်ပွဲမတိုင်မီ ‘‘ဦးဆောင်ပြေးတဲ့သူဖြစ်ဖို့ ဘယ်တော့မှမကြိုးစားနဲ့၊ ဦးဆောင်သူဟာ အလွယ်တကူ မောဟိုက်သွားတတ်တယ်’’ ၊ ဦးဆောင် ပြေးခြင်းထက် အမြန်ဆုံးအားကစားသမား၏နောက်၌ ထပ်ချပ်မကွာလိုက်ပါသင့်ကြောင်း အကြံပေးလမ်းညွှန်ခဲ့သည်။ ရှေ့မှဦးဆောင်သူအားဖြင့် အမြန်နှုန်းကို ချိန်ဆနိုင်ပြီး ပန်းဝင်သည်အထိ လိုအပ်သော စိတ်ဓာတ်နှင့် အင်အားပမာဏအစွမ်းတို့ကို ထိန်းနိုင်ခဲ့သည်။
ခေါင်းဆောင်မှုသည် ပင်ပန်းနွယ်နယ်စေသည်။ နောက်လိုက်ခြင်းက ပို၍ လွတ်လပ်သည်။ ၎င်းကို သိခြင်း ကြောင့် ကျွန်မ၏အပြေးလေ့ကျင့်မှု တိုးတက်ခဲ့သော်လည်း ခရစ်ယာန်တပည့်တော်အဖြစ် လေ့ကျင့်ပျိုးထောင်မှု အတွက်ပါ အကျိုးသက်ရောက်မှုရှိကြောင်းကို သိနားလည် ရန်မှာ အချိန်ပိုကြာခဲ့သည်။ ကျွန်မ၏အသက်တာ၌ ခရစ်တော်၌ ယုံကြည်သူသည် အလွန့်အလွန် ကြိုးစားရမည် ဟု တွေးမိခဲ့သည်။ ခရစ်ယာန်တစ်ယောက်သည် မည်သို့မည်ပုံဖြစ်ရမည်ဟူ၍ ရှိအပ်သောအရည်အသွေးများရှိအောင် ကြိုးစားအားထုတ်ရင်း မောပန်းလာကာ သခင့်နောက်သို့ ရိုးရိုးလေးလိုက်လျှောက်ခြင်းဖြင့် ခံစားတွေ့ကြုံရသော ၀မ်းမြောက်မှုနှင့် လွတ်လပ်ခြင်း၏ အနှစ်သာရကိုအမှတ်တမဲ့နှင့် မရည်ရွယ်ဘဲ…
အလုပ်လုပ်နေသောဘုရားသခင်
‘‘ဘုရားသခင်အလုပ်လုပ်နေကြောင်း မည်သည့်နည်းဖြင့် ခံစားကြုံတွေ့ဖူးသနည်း’’ ဟူ၍ သူငယ်ချင်းအချို့ကို ကျွန်မမေးဖူးသည်။ တစ်ယောက်က ‘‘ဘုရားရှင်ကို နံနက် ကျမ်းစာဖတ်ချိန်၊ အသစ်သောမနက်တိုင်းကို ရင်ဆိုင်နိုင်ရန် မစပေးချိန်၊ ခြေလှမ်း တစ်လှမ်းစီ၌ အတူရှိနေချိန်၊ စိန်ခေါ်မှုများ ရင်ဆိုင်ရချိန်၌ ၀မ်းမြောက်ခြင်းပေးပြီး မစချိန် များ၌ ကိုယ်တော်လှုပ်ရှားနေကြောင်း တွေ့ရသည်ဟု ဖြေသည်။ သူ့အဖြေကို ကျွန်မသဘောကျမိသည်။ အကြောင်းမှာ ဘုရားရှင်၏နှုတ်ကပတ်စကားတော်နှင့် ကိန်းဝပ်တည်ရှိတော်မူသည့် သန့်ရှင်းသောဝိညာဉ်တော် အားဖြင့် ဘုရားကိုချစ်သူများ အနီးအပါး၌ ကိုယ်တော် ရှိနေပြီး သူတို့အထဲ၌ အလုပ်လုပ်နေကြောင်း ထင်ဟပ်ပြ နေသောကြောင့်ဖြစ်သည်။
ဘုရားရှင်သည် သူ့နောက်လိုက်များ၏စိတ်အတွင်း၌ ကြီးမားစွာ အံ့သြဆန်းကြယ်စွာ အလုပ်လုပ်နေသည်။ ထိုအချက်ကိုညွှန်းပြီး ဟေဗြဲလူတို့ထံရေးပေးသောစာ၌ စာရေးသူက စာစောင်အဆုံး၌ ‘‘မိမိနှစ်သက်တော်မူသော အမှုအရာကို ယေရှုခရစ်အားဖြင့် သင်တို့၌ပြုတော်မူ၍ သင်တို့သည် အလိုတော်သို့လိုက်မည်အကြောင်း ကောင်းချီးပေး ဆုတောင်းခဲ့သည် (ဟေဗြဲ ၁၃း၂)။ ဘုရားရှင်သည် သူ့နောက်တော်လိုက်ရန်…
ထင်သလိုမဟုတ်ပါ
ကျွန်တော့်ဇနီးက ဖုန်းမှတစ်ဆင့် ကျွန်တော့်အား ‘‘နားထောင်၊ ခြံထဲမှာ မျောက် တစ်ကောင်ရောက်နေတယ်’’ ဟုပြောသည်။ ဖုန်းထဲမှကြားရသည့်အသံက မျောက် အော်သံနှင့်တူသည်ဟုထင်ရသည်။ သို့သော်လည်း ထူးဆန်းသည်မှာ အနီးစပ်ဆုံး မျောက်ရှိသောနေရာသည်ပင် ကျွန်တော်တို့နှင့် မိုင်ပေါင်း ၂၀၀၀ ခန့် ဝေးနေသေးသည်။
နောက်ဆုံးတွင် ယောက္ခမကြီးက ကြားဖြတ်၍ ‘‘အဲဒါ အစင်းကြောင်းပါတဲ့ ဇီးကွက်ကြီးပါ’’ ဟုရှင်းပြသည်။ လက်တွေ့နှင့် အထင်သည် တစ်ခြားစီပင်။
အာရှုရိရှင်ဘုရင် သနာခရိပ်သည် ယုဒရှင်ဘုရင် ဟေဇကိကို ယေရုရှလင်မြို့၌ ပိတ်ဆို့ထားစဉ် အောင်နိုင်ခြင်း သည် သူတို့အတွက်ဟု အာရှုရိလူတို့ ထင်ခဲ့သည်။ သို့သော်လက်တွေ့တွင် ပြောင်းပြန်ဖြစ်ခဲ့သည်။ အာရှုရိရှင်ဘုရင်သည်ချိုသာသောစကားများဖြင့် ဘုရားသခင်၏စကားတော်ကို ပြန်ကြားချင်ယောင်ဆောင်ခဲ့သော်လည်း ဘုရားရှင်သည် သူ့လူမျိုးအပေါ်တွင် လက်တော် ဆန့်တန်းခဲ့သည်။
အာရှုရိရှင်ဘုရင်သည် ‘‘ထာဝရဘုရား၏အခွင့်မရှိဘဲ ဤပြည်ကို ဖျက်စီးခြင်းငှာ ငါလာသလော’’ (၄ ရာ ၁၈း၂၅)ဟု မေးသည်။ ထိုအပြင်…
ကောင်းကင်ဘဏ္ဍာ
ကျွန်မတို့ ကြီးပြင်းလာစဉ်က စီဒါသစ်ကတိုးသားဖြင့် လုပ်ထားသည့် အမေ့သေတ္တာကြီး ပေါ်တွင် ညီအစ်မသုံးဦးသား ဘေးချင်းယှဉ်ကာ ထိုင်ခဲ့ရခြင်းကို အလွန်သဘောကျ နှစ်သက်ခဲ့သည်။ အမေက ထိုသေတ္တာထဲ၌ သိုးမွေး အနွေးထည်နှင့် အဖွားကိုယ်တိုင် လက်ဖြင့်ထိုးထားသော ဇာထိုးပန်းထိုးလက်မှုပစ္စည်းများကို သိမ်းဆည်းထားသည်။ သေတ္တာထဲရှိပစ္စည်းများကို အမေတန်ဖိုးထားပြီး သစ်ကတိုး၏မွေးရနံ့က ခြများ၊ ပိုးဟပ်များ ဖျက်ဆီးမည့်ရန်မှ ကာကွယ် ပေးသည်။
လောကီစည်းစိမ်များသည် ပိုးတက်ပျက်စီးခြင်း၊ သံချေးတက်ခြင်း၊ အခိုးခံရခြင်းကြောင့် အလွယ်တကူ ပျက်စီး ဆုံးရှုံးနိုင်ပါသည်။ ရှင်မဿဲခရစ်ဝင်အခန်းကြီး ၆ မှ ကျွနု်ပ်တို့ကို သက်တမ်းအကန့်အသတ်ရှိသောအရာများ ပေါ်တွင် အာရုံမထားဘဲ ထာဝရတန်ဖိုးရှိသောအရာတွင် အာရုံပြုရန် တိုက်တွန်းထားသည်။ အသက် ၅၇ နှစ် အရွယ်တွင် အမေကွယ်လွန် သောအခါ လောကီစည်းစိမ်များကို မသယ်ဆောင်သွားနိုင်ပါ။ သို့သော်လည်း သူ စုဆောင်းခဲ့သော ကောင်းကင်ဘဏ္ဍာအကြောင်းကို ကျွန်မ တွေးမိသည် (း၁၉-၂၀)။
မိသားစုအပေါ် သစ္စာရှိစွာ…
အချိန်ယူပါ
ဆီးရီးယားနိုင်ငံမှ အမေရိကန်နိုင်ငံသို့ မကြာမီအချိန်ကမှ ပြောင်းရွေ့လာသူ ရီမား သည် သူ့ဆရာမအား သူမဝမ်းနည်းနေရခြင်းအကြောင်းကို လက်ဟန်ခြေဟန်နှင့်ရော အင်္ဂလိပ်လို မတောက်တစ်ခေါက်ဖြင့်ပါ ရှင်းပြနေသည်။ သူမက လူတစ်ယောက် ဟု ပြောပြီး တံခါးဝမှဧည့်ခန်း၊ ထိုမှ တံခါးဝဆီသို့ လက်ညှိုးထိုးပြကာ နှုတ်မှ တရွှတ်ရွှတ် လုပ်ပြသည်။ သူပြုလုပ်ထားသည့် အသား၊ ချိစ်နှင့် ဟင်းနုနွယ်တို့ ပါဝင်သော ဖာတာယာ မုန့်ကို လင်ဗန်းပေါ် လှပစွာ ပြင်ဆင်ရင်း သူ့ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျ လာသည်။ ဆရာမက အဖြစ်အပျက်ကို ဆက်စပ်နားလည် ခဲ့သည်။ အနီးနားအသင်းတော်မှ ရီမား ၏ မိသားစုထံသို့ လက်ဆောင်ယူလာကြခြင်း ဖြစ်မည်။ သို့သော် အမျိုးသား တစ်ဦးသာရောက်လာပြီး အလျင်စလိုနှင့် ဝင်လာကာ ပစ္စည်း ထည့်ထားသော ပုံးကိုချပြီးနောက် အမြန် ပြန်ထွက်သွားသည်။ ထိုသူက သူ့တာဝန်ကျေအောင် လုပ်စရာများကို မြန်မြန်လုပ်နေခြင်း…
ငြိမ်သက်ခြင်းဖြင့် မဆုတ်မနှစ်သောလုံ့လဖြင့် ...
နာတာရှည်ရောဂါနှင့် ရုန်းကန်နေရစဉ် ဘုရားရှင်ကို ဆက်လက်ယုံကြည်နေရင်း အရိုးရှင်းဆုံး သာမန်အခက်အခဲကိုပင် ကြောက်မက်ဖွယ်ရန်သူပမာ ကျွန်မခံစားလာရသည်။ ပြဿနာ ၁ က ရုတ်တရက် ညာဘက်မှ ဝင်လာသည်။ ပြဿနာ ၂ က အနောက်မှ ဝင်လာသည်။ ပြဿနာ ၃ က နှလုံးတည့်တည့်မှထိုးနှက်ဝင်ရောက် လာသည်။ ထိုအချိန်များတွင် အားအင်များ ဆုတ်ယုတ်ပြီး ချက်ခြင်းသက်သာ ချမ်းသာခွင့်မရခြင်းကြောင့် ထွက်ပြေး တိမ်းရှောင်ခြင်းက ကောင်းဦးမည့်ပုံ ပေါ်နေသည်။ သို့သော်နာကျင်မှုများမှ ရုန်းထွက်၍မရ၊ အခြေအနေကို ပြောင်းလဲ၍ မရ၊ စိတ်ခံစားမှုကို လျစ်လျှူရှု၍ မရမှတော့ ဘုရားရှင် ပို့ဆောင်လျက် ကျော်ဖြတ်စေပါမည့်အကြောင်း ကိုယ်တော်၌ အမှီပြုတတ်အောင် ဖြည်းဖြည်းချင်း သင်ယူရပါတော့သည်။
တိုက်တွန်းအားပေးစကား၊ နှစ်သိမ့်သက်သာမှုနှင့် ခွန်အားများ ကျွန်မလိုအပ်ချိန်၌ အခြေအနေတိုင်းကို ရိုးသားစွာဖြင့် ဘုရားရှင်ထံ ယူဆောင် လာသူ ဆာလံဆရာ ရေးစပ်သည့်သီချင်းများကို ဆုတောင်း၍ ဖတ်ရှုခဲ့သည်။ ကျွန်မအနှစ်သက်ဆုံး…
ဝေးလှသောပြည်
အိန္ဒိယနိုင်ငံရှိ မိဘမဲ့အမျိုးသမီးလေးများကို ကယ်တင်ခြင်းနှင့် ၎င်းတို့အား အသက်တာ အသစ်ပေးခြင်း အမှုတော်ကြောင့် သာသနာပြုဆရာမကြီး အေမီကာ မိုက်ကယ် (၁၈၆၇-၁၉၅၁) ကို လူသိများထင်ရှားသည်။ အလွန်ပင်ပန်းနွမ်းလျရသည့် အမှုတော် အငန်းအတာများကြားတွင် ‘‘ရူပါရုံကို ရှုမြင်ခံစားရသည့်အချိန်’’ ဟု သူခေါ်ဆိုသည့်အချိန်ရှိခဲ့သည်။ သူရေးသားသည့် ‘‘Gold by Moonlight’’ စာအုပ်တွင် ‘‘အလုပ်များပြည့်ကြပ်နေသည့် တစ်နေ့တာအတွင်း ဝေးလှသောပြည်’’ ကို ဖြတ်ခနဲ ရိပ်ခနဲ မြင်ခွင့်ရခဲ့သည်။ ဤသို့ဖြင့် ကျွန်ုပ်တို့ ဆက်လက်ရပ်တည်လျက်၊ လမ်းမထက်၌ ဖမ်းဆီးခံခဲ့ရသည်’’ ဟု ရေးသားထားသည်။
ပရောဖက် ဟေရှာယကလည်း ဘုရားသခင်၏ လူများ ကိုယ်တော့်ထံ ပြန်လာမည့်အချိန်နှင့် စပ်လျဉ်း၍ ‘‘သင်သည် ရှင်ဘုရင်၏တင့်တယ်ခြင်း အသရေတော်ကို ကိုယ်မျက်စိနှင့်မြင်ရ၍ ဝေးလှသောပြည်ကိုလည်း ကြည့်မြင် ရလိမ့်မည်’’ (ဟေရှာ ၃၃း၁၇)ဟု ပြောခဲ့သည်။ ဝေးလှသော ပြည်ကို ကြည့်မြင်ရန်မှာ လက်ရှိပစ္စုပ္ပန်အခြေအနေများကိုကျော်၍ မော်ကြည့်ရန်…