အမျိုးအစား  |  odb

အမွေအနှစ် ချန်ရစ်ထားခြင်း

လွန်ခဲ့သောနှစ်ပေါင်းများစွာက အိုင်ဒါဟိုပြည်နယ်၏ပြန်လမ်းမဲ့မြစ်တစ်စင်းဖြစ်သော ဆယ်လ်မွန်မြစ်ကမ်းနားတွင် ကျွန်တော်နှင့်သားများသည် လူမနေတော့သည့် ကျေးလက်စိုက်ပျိုးမွေးမြူရေးခြံ၌ တစ်ပတ်တာမျှ အတူနေထိုင်အချိန်ကုန်ဆုံးခဲ့သည်။

တစ်ရက်တွင် ခြံထဲဆင်းပြီး စူးစမ်းလေ့လာရာ သစ်သားမှတ်တိုင် စိုက်ထူ ထားသော ရှေးဟောင်းသင်္ချိုင်းဂူတစ်ခုကို ရှာတွေ့ခဲ့သည်။ မှတ်တိုင်၌ ကမ္ပည်းထိုးထားသောစာများလည်း ဆေးရောင် လွင့်ပြယ် ပျောက်ကုန်ပြီဖြစ်သည်။ တစ်စုံတစ်ယောက်သည် အသက်ရှင်သန်ခဲ့ပြီး သေဆုံးသွားခဲ့သည်။ ယခုတွင် သူ့ကို မေ့လျော့သွားကြပြီဖြစ်သည်။ ထိုအုတ်ဂူနေရာက ၀မ်းနည်းစရာဟု ကျွန်တော်ခံစားရသည်။ အိမ်ပြန်ရောက်ပြီး ဤစိုက်ပျိုးရေးခြံဟောင်းနှင့် ၎င်းနေရာဒေသတစ်ဝိုက် အကြောင်း သမိုင်းကြောင်းကို နာရီပေါင်းများစွာ ပြန်ရှာဖတ်ခဲ့ သော်လည်း ထိုနေရာ၌ မြှုပ်နှံခဲ့သောလူအကြောင်း အချက်အလက် တစ်ခုမှ မရရှိခဲ့ပါ။

အကောင်းဆုံးလူကို နှစ်တစ်ရာနီးပါး မှတ်မိကြသည် ဟု ဆိုရိုးပြောစမှတ်ပြုကြသည်။ ကျန်လူများကိုမူ မေ့ပျောက်ပစ်ကြသည်။ သင်္ချိုင်းမှတ်တိုင်များကဲ့သို့ပင် လွန်ခဲ့သောမျိုးဆက်၏အမှတ်တရများက မကြာမီတွင် ပျောက်ပြယ်သွားသည်။ သို့သော် ကျွန်တော်တို့၏အမွေအနှစ်များကို ဘုရားရှင်၏ မိသားစုမှတစ်ဆင့် လက်ဆင့်ကမ်းပေးခဲ့သည်။ မိမိရှင်သန်ခဲ့သည့်…

ဝေဒနာထဲမှ ခွန်အား

၁၈ နှစ်သား ဆမ်မီသည် သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် ယုံကြည်လက်ခံသောအခါ သူတို့၏မိရိုးဖလာရိုးရာယဉ်ကျေးမှုနှင့်မတူသည့်အတွက် သူ့မိသားစုက သူ့ကို လက်မခံ တော့ပေ။ သို့သော် ခရစ်ယာန်အသိုင်းအ၀ိုင်းက သူ့ကို ကြိုဆိုသည်၊ ခွန်အားပေး နှစ်သိမ့်သည်၊ သူ့ပညာရေးအတွက် ငွေကြေးထောက်ပံ့ပေးသည်။ နောက်ပိုင်း မဂ္ဂဇင်း တစ်အုပ်၌ သူ၏သက်သေခံချက်ကို ပုံနှိပ်ဖော်ပြသောအခါ သူ့အပေါ် နှိပ်စက်ဖိစီးမှုများ ပိုပြီး ပြင်းထန်လာခဲ့သည်။

သို့သော် ဆမ်မီသည် မိသားစုနှင့် အဆက်အသွယ်မဖြတ်လိုက်ပါ။ မောင်နှမများက သူ့ကို ရက်ရက်စက်စက် ကြဉ်ဖယ်ပြီး မိသားစုကိစ္စများ၌ ပါဝင်ခွင့်မပြုသော်လည်း သူတတ်နိုင်သည့်အချိန်တိုင်း မိသားစုထံသွားရောက်ပြီး ဖခင်နှင့်စကားစမြည် ပြောသည်။ သူ့ဖခင်နာမကျန်း ဖြစ်သော အခါ မိသားစု၏အပြောအဆိုကို ဗွေမယူဘဲ ဖခင်ကြီးကို ပြုစုပေးပြီး နေကောင်းလာရန် ဆုတောင်းပေးသည်။ ဘုရားသခင်က ဖခင်ကို ပြန်လည်ကျန်းမာစေသောအခါ မိသားစုက ဆမ်မီကို ပြန်ပြီး နွေးထွေးမှုပေးလာသည်။ အချိန်ကြာလာသည်နှင့်အမျှ ချစ်မေတ္တာဖြင့်…

မျှတသော ကစားပွဲ

အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ မာရသွန်ပြေးပွဲ၌ စင်္ကာပူအပြေးသမား အက်ရှ်လေလျူ သည် သူ့ကိုယ်သူ အပြေးသမားများ၏ ထိပ်ဆုံးရောက်ရှိနေကြောင်း တွေ့လိုက်ရာ တစ်စုံတစ်ရာမှားယွင်းနေပြီဟု သိလိုက်သည်။ ဦးဆောင်ပြေးနေသည့် အပြေးသမားက လမ်းမှားသွား၍ တစ်ဖွဲ့လုံး နောက်ကျကျန်ခဲ့ကြောင်း သူချက်ခြင်း သိလိုက်သည်။ ထိုသူတို့၏အမှားကို အခွင့်ကောင်းယူကာ အက်ရှ်လေ အနိုင်ယူလိုက်နိုင်သော်လည်း အားကစားသမားပီသသော စိတ်ဓာတ်ကြောင့် ၎င်းသည် စစ်မှန်သော အောင်မြင်မှု မဟုတ်ကြောင်း သူသဘောပေါက်ခဲ့သည်။ သူ့အရှေ့ရောက်နေသူများ၏အမှားကြောင့် မဟုတ်ဘဲ အခြား သူများထက် ပိုပြီးမြန်မြန် ပြေးနိုင်ခြင်းကြောင့်သာ သူအနိုင် ရလိုသည်။ သူ၏ခိုင်မာသော ခံယူချက်အတိုင်း လုပ်ဆောင် ခဲ့ပြီး နောက်ကျကျန်သူများ မီလာအောင် သူပြေးနေသောအရှိန်ကို လျော့ချခဲ့သည်။

နောက်ဆုံး၌ အက်ရှ်လေ မှာ ပြိုင်ပွဲ၌ရှုံးနိမ့်ပြီး ဆုတံဆိပ် မရရှိခဲ့ပါ။ သို့သော် သူ့နိုင်ငံသားများ၏နှလုံးသားကို သိမ်းပိုက်နိုင်ခဲ့ပြီး၊ တရားမျှတစွာ ယှဉ်ပြိုင်ခဲ့ခြင်း အတွက် နိုင်ငံတကာအသိအမှတ်ပြုဆုကို ရရှိခဲ့သည်။…

နှစ်သိမ့်သက်သာခြင်းကို မျှဝေခြင်း

ချီကာဂို သို့ ဆိုက်ရောက်လာသည့် လေယာဉ်ပေါ်မှအထွက် ကျွန်တော့်ရှေ့မှ အမျိုးသမီးက‘‘ဒီညမှာ ဘုရားသခင်က ရှင့်ကို ကျွန်မဆီ စေလွှတ်ပေးလိုက်တယ်’’ဟု ပြောသည်။ ၎င်းသည် ကျွန်တော်တို့၏နှုတ်ဆက်ခွဲခွာခြင်းစကားဖြစ်သည်။ သူက ထိုနေ့၌ နေ့ချင်းပြန် လေယာဉ်အသွားအပြန်ခရီးကို စီးလျက် ယခု အိမ်အပြန်ခရီးစဉ်ဖြစ်သည်။ ကျွန်တော်က ‘‘ဘာကြောင့် ဒီလိုမြန်မြန်ဆန်ဆန် နေ့ချင်းပြန်ခရီးသွားရတာလဲ’’ ဟု မေးလိုက်သည်။ သူက မျက်လွှာချကာ‘‘ကျွန်မသမီးက မူးယစ်ဆေးစွဲနေလို့ ဒီနေ့ သူ့ကို ပြန်လည် ထူထောင်ရေးစခန်းကို အခုပဲသွားပို့ပြီး ပြန်လာတာလေ’’ဟု ဖြေခဲ့သည်။

ထိုအချိန်လေး၌ ကျွန်တော့်သား ဘိန်းဖြူစွဲပြီး ရုန်းကန်ခဲ့ရပုံ၊ သခင်ယေရှုက သူ့ကိုမည်သို့ လွတ်မြောက်ခွင့် ပေးပုံများကို သူ့အား ညင်သာစွာ စာနာနားလည်မှုဖြင့် ပြောပြဝေမျှခဲ့သည်။ သူနားထောင်နေရင်း မျက်ရည်များကြားမှ အပြုံးတစ်ပွင့် ဖူးပွင့်လာ ခဲ့သည်။ လေယာဉ်ဆိုက်ပြီးနောက် မခွဲခွာမီတွင် ကျွန်တော်တို့အတူတကွ ဆုတောင်းပြီး သူ့သမီးကို ချည်နှောင်မှုများမှ လွတ်မြောက်ပေးရန်…

ကျွန်ုပ်တို့ကြားလိုသောအကြောင်းအရာ

ကျွန်ုပ်တို့သည် လူသားများဖြစ်သည့်အလျှောက် မိမိ၏သဘောထားနှင့်တိုက်ဆိုင်တူညီပြီး မိမိအမြင်အယူအဆကို ထောက်ခံမည့် သတင်းအချက်အလက်များကိုသာ ရှာကြံ
ကြသည်။ လေ့လာသုံးသပ်ချက်များအရ ကျွန်ုပ်တို့၏ယူဆချက်များကို ပံ့ပိုးပေးသည့် သတင်းအချက်အလက်များကိုသာ နှစ်ဆတိုး ရှာဖွေစုဆောင်းကြသည်ဟု ဆိုထား သည်။
မိမိ၏တွေးခေါ်ယူဆချက်များကို နက်နဲစွာ ကိုင်စွဲသောအခါ မိမိနှင့်ဆန့်ကျင်သည့် အတွေးအခေါ်အယူအဆနှင့် ၎င်း၏ စိန်ခေါ်ချက်များကို ကျွန်ုပ်တို့ လက်မခံ၊ ရှောင်ကြဉ်ကြသည်။

ဣသရေလနိုင်ငံကို အုပ်စိုးသော အာဟပ်မင်း လက်ထက်တွင် ထိုကဲ့သို့သောအဖြစ်အပျက်ရှိခဲ့သည်။အာဟပ်မင်းသည် ဂိလဒ်ပြည် ရာမုတ်မြို့သို့ စစ်ချီသင့် မသင့် ယုဒရှင်ဘုရင်ယောရှဖတ်နှင့် ဆွေးနွေးတိုင်ပင်သည်။ အာဟပ်မင်းသည် သူကြားလိုသည့်စကားကိုပြောမည့် သူ့စိတ်ကြိုက် ပရောဖက် ၄၀၀ ကို ပင့်ဖိတ်ပြီး သူ၏ဆုံးဖြတ်ချက်အတွက် အကြံပြုစေရာ ၎င်းတို့က စစ်ချီရန် အကြံပြုကြသည်။ “ထာဝရဘုရားသခင်သည် အရှင်မင်းကြီး၏ လက်တော်သို့ အပ်တော်မူမည်” ဟု လျှောက်ကြသည် (၆ ရာ ၁၈း၅)။ ထိုပရောဖက် များတွင်ဘုရားသခင်ရွေးချယ်သော…

သက်သာမှုပေးသော အိမ်ရှေ့ဆင်ဝင်

အလွန်ပူပြင်းသောနေ့တွင် ရှစ်နှစ်သားအရွယ် ခါမင်း မက်ဒယ်နီယယ်သည် သူ့ အိမ်နီးချင်း စာပို့သမားအား အေးချမ်းစိုပြည်စွာ ရှိစေလိုသောကြောင့် အအေးပုံးထဲသို့ အချိုရည်ဗူးများ၊ ရေဗူးများဖြည့်၍ သူ၏အိမ်ရှေ့ဆင်ဝင်ပေါက်တွင် သွားချထားပေးလိုက်သည်။ ခါမင်း၏အိမ်ရှေ့ဆင်ဝင်တွင် တပ်ဆင်ထားသော လုံခြုံရေးကင်မရာမှတစ်ဆင့် စာပို့သမား၏ အပြုအမူကို သူတို့တွေ့ရပြီး “အို...သောက်ရေနဲ့ အချိုရည် တွေပါလား။ ကျေးဇူးတင်တယ် ဘုရားသခင်” ဟု စာပို့သမားက ပြောလိုက်သည်ကို သူတို့ကြားရသည်။

ခါမင်း၏မိခင်က “အိမ်သားတွေ ပြန်မရောက်သေး ပေမဲ့ စာပို့သမားအတွက် အေးမြတဲ့ဖျော်ရည်တွေ ထားပေး ဖို့ကသူရဲ့တာဝန်လို့ ခါမင်းခံစားရတယ်’’ဟု ဆိုသည်။

ထိုအကြောင်းအရာသည် ကျွန်ုပ်တို့၏ စိတ်နှလုံးကို နွေးထွေးစေသည်သာမက ရှင်ပေါလုဖော်ပြသကဲ့သို့ “သင်တို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးမည့်သူ”တစ်ဦးရှိကြောင်း
ကို သတိရစေပါသည်။ ရှင်ပေါလုသည် ကြမ်းတမ်းခက်ထန် သော ထောင်ထဲတွင် နေရသော်လည်း သူ၏၀မ်းမြောက်မှုကို ဖိလိပ္ပိမြို့ရှိ ခရစ်ယာန် များအား ပြသခဲ့သည်။ အဘယ့်ကြောင့်ဆိုသော်…

အချို နှင့် အခါး (သို့) ချိုမြိန်ခြင်းနှင့် ခါးသီးခြင်း

လူအချို့က ချော့ကလက်အခါးကို ကြိုက်နှစ်သက်ကြပြီး၊ အချို့က အချိုကို နှစ်သက်ကြ သည်။ အမေရိကအလယ်ပိုင်းတွင် နေထိုင်သော ရှေးဟောင်းလူမျိုးတစ်မျိုးဖြစ်သည့် မာယာ လူမျိုးများသည် ချော့ကလက်ကို ငရုတ်သီးဖြင့်ရောဖျော်ပြီး အဖျော်ယမကာအဖြစ် သောက်ကြသည်။ သူတို့သည် ထို“အခါးရည်”ကို အလွန်နှစ်သက်စွာ သောက်သုံးကြ သည်။ နှစ်ပေါင်းများစွာကြာပြီးနောက် ချော့ကလက်ကို စပိန် နိုင်ငံတွင် စတင်စားသုံးလာကြသည်။ သို့သော် စပိန်လူမျိုးတို့သည် ချော့ကလက်အချိုကိုသာ နှစ်သက်သဖြင့် သဘာဝ အခါးဓာတ်ပျောက်စေရန် သကြားနှင့် ပျားရည်ကို ရောထည့်၍ စားသုံးကြသည်။

ချော့ကလက်ကဲ့သို့ပင် ဘ၀နေ့ရက်တို့သည်လည်း ခါးသီးသောနေ့ရက်များရှိသကဲ့သို့ ချိုမြိန်သောနေ့ရက်များ လည်းရှိသည်။ ၁၇-ရာစုနှစ်အတွင်း၌ ပြင်သစ်ဘုန်းတော်ကြီး ဘရာသာ လောရဲန်စ်က “ဘုရားသခင် ကျွန်ုပ်တို့ကိုချစ်သည်ကိုသိလျှင် ကိုယ်တော်ထံမှ ချိုမြိန်ခြင်းကို လက်ခံသကဲ့သို့ ခါးသီးခြင်းကိုလဲ တူညီစွာ လက်ခံရမည်” ဟုရေးသားခဲ့သည်။ ချိုမြိန်ခြင်းကို လည်းကောင်း၊ ခါးသီးခြင်းကိုလည်းကောင်း တူညီစွာလက်ခံရမည်လား။ အလွန်မှ ခက်ပါသည်။…

အမည်မဖော်လိုသောသူ၏ ကြင်နာမှု

ကျွန်မဘွဲ့ရပြီးခါစ စားသောက်ကုန်များ ဝယ်ယူလျှင် ဘတ်ဂျက်နှင့်ချိန်ကိုက်၍ ဝယ်ရသည်။ အတိအကျပြောရလျှင် တစ်ပတ်ကို ၂၅ ဒေါ်လာသာ သုံးပါသည်။ တစ်ခါက ပစ္စည်းများ
သွားဝယ်ပြီး ငွေရှင်းရန် ပြင်နေချိန်၌ ပစ္စည်းတန်ဖိုးသည် ကျွန်မ၏လက်ကျန်ငွေထက် အနည်းငယ်ပိုနေမည်ဟု သံသယဖြစ်မိသည်။ ထို့ကြောင့် ငွေရှင်းကောင်တာမှ ဝန်ထမ်းအား “ဒေါ်လာ ၂၀ ဖိုး ပြည့်ရင် ရပ်ပေးပါ” ဟု ပြောလိုက်သည်။ ငရုတ်သီးထုပ်မှလွဲ၍ ရွေးထားသော ပစ္စည်းများအားလုံးကို ဝယ်ဖြစ်ခဲ့သည်။

အိမ်ပြန်ရန် ကားမောင်းထွက်တော့မည့်ဆဲဆဲ အမျိုးသားတစ်ယောက်က ကားကိုရပ်ခိုင်းပြီး “ဒီမှာ အစ်မရဲ့ ငရုတ်သီးထုပ်” ဟုပြောကာ အထုပ်ကို လှမ်းပေးသည်။ သူ့ကို
ကျေးဇူးမတင်ရသေးမီ ထိုသူ ပြန်လှည့်ထွက်သွားသည်။

ထိုရိုးရှင်းသောကြင်နာမှုလေးသည် ကျွန်မစိတ်နှလုံးကို
နွေးထွေးစေပြီး မဿဲ ၆ မှ သခင်ယေရှု၏နှုတ်တော်ထွက် စကားများကို အောက်မေ့သတိရမိစေသည်။ အခြားသူများ၏ အချီးအမွမ်းကို ခံယူလို၍ လှူတန်းကြသူများကို…

ငြိုငြင်ခြင်းကို ခံရ၏

စူစဲန်နာစစ်ဘာသည် ၁၈-ရာစုနှစ်အချိန်ကာလတွင် သူ၏အဆိုကျွမ်းကျင်မှုဖြင့် နာမည်ကြီးခဲ့ပြီး တစ်ချိန်တည်းမှာပင် သူ၏အိမ်ထောင်ရေးအရှုပ်အထွေးကြောင့်လည်း သူ့အား လူသိများခဲ့သည်။ ထိုကြောင့် ၁၇၄၂ ခုနှစ် ဧပြီလတွင် ပထမဆုံးသော ဟန်ဒဲလ်၏ ‘မေရှိယ’ တင်ဆက်မှုပွဲကို ဒက်ဘလင်မြို့၌ ကျင်းပရာ သူ၏တပင်တိုင်သီဆိုမှုကို ပရိသတ်များက အသိအမှတ်မပြုကြပါ။

ပွဲဦးထွက်ပြသမှုတွင် စစ်ဘာသည် ‘မေရှိယ’ သီချင်းကို သီဆိုခဲ့ရာ စာသားများမှာ “မထီမဲ့မြင်ပြုခြင်းကို ခံ၍၊ လူတို့တွင်အယုတ်ဆုံးသောသူဖြစ်၏။ ငြိုငြင်သောသူ၊ နာကြဉ်ခြင်းဝေဒနာနှင့် ကျွမ်းဝင်သောသူ” (ဟေရှာ ၅၃း၃)ဟူ၍ ဖြစ်သည်။ ထိုစာသားများကြောင့် သိက္ခာတော်ရဆရာ ပက်ထရစ် ဒယ်လနီ တစ်ယောက် ထခုန်လိုက်ပြီး “ဟေ့ အမိ၊ ဒီအကြောင်းကြောင့် သင့်အပြစ်အားလုံး ခွင့်လွှတ်ခြင်းခံရပြီ” ဟုအော်လိုက်သည်။

စူစဲန်နာစစ်ဘာ၏အဖြစ်အပျက်နှင့် ဟန်ဒဲလ်၏ “မေရှိယ” သီချင်းတို့အကြား ဆက်နွယ်မှုရှိကြောင်း ထင်ရှားပါသည်။ “ငြိုငြင်သောသူ၊ နာကျင်ခြင်းဝေဒနာနှင့် အကျွမ်းဝင်သောသူ” ကယ်တင်ရှင်သခင်ယေရှုသည် အပြစ် ကြောင့်…

ဘုရင့်သရဖူ

ကျွန်ုပ်တို့အားလုံး စားပွဲ၌၀ိုင်းထိုင်ကြပြီး အ၀ိုင်းသဏ္ဍာန်ရေမြှုပ်ဖော့ထဲသို့ သွားကြားထိုးတံ များကို တစ်ယောက်ပြီးတစ်ယောက် ထိုးသွားကြသည်။ သွားကြားထိုးတံသည် တစ်နေ့တာအတွင်း ကျွန်ုပ်တို့ပြုမိသည့်အမှားအတွက် ၀မ်းနည်းရခြင်းနှင့် ခရစ်တော်က အပြစ်ကြွေး ဆပ်ပေးရခြင်းကို   ပုံဆောင်သည်။ ရှင်ပြန်ထမြောက်ရာနေ့ ရောက်လာတော့မည့် ရက်သတ္တပတ်အတွင်း ညစာစားပွဲ၌ ထိုဆူးရစ်သရဖူကို  ကျွန်ုပ်တို့ ဆန်းသစ်တီထွင်ထားခြင်းဖြစ်သည်။ ထိုသို့ တစ်ညပြီးတစ်ည လုပ်ဆောင်ခြင်းဖြင့် ကျွန်ုပ်တို့သည် မိမိ၏ အမှားများအတွက် အပြစ်မကင်းသည့်စိတ်နှင့်ဖြတ်သန်းနေရ ကြောင်း၊ ကယ်တင်မည့်သူတစ်ဦး ကျွန်ုပ်တို့ အဘယ်မျှ လိုအပ် နေကြောင်း သိသာစေသည်။ သခင်ယေရှုသည် ကားတိုင်ထက် အသေခံပေးခြင်းဖြင့် ကျွန်ုပ်တို့အား မည်သို့ကယ်လွှတ်ပေးသည်ကို ဆင်ခြင်မိစေသည်။

သခင်ယေရှုဆောင်းရန်အတွက် ပြုလုပ်ပေးသောဆူးရစ်သရဖူမှာ သူ့အား ကားစင်မတင်မီ ရောမစစ်သားများ၏ရက်စက်ကြမ်းကြုတ်သော ကစားကွက်တစ်ကွက်သာ ဖြစ်သည်။ စစ်သားများသည် သခင့်အား တော်ဝင်ဝတ်ရုံတစ်စုံ  ၀တ်ဆင်စေပြီး ကိုယ်တော့်အားသူတို့ရိုက်နှက်ခဲ့သည့်တုတ်ကိုလည်း သခင့်ထံ ဘုရင့်သန်လျက်အဖြစ် ပေးခဲ့သည်။  သူတို့သည် သခင့်အား လှောင်ပြောင်ပြီး…