အမျိုးအစား  |  odb

ဗီယာ ဒိုလာရိုဇာ

သခင်ယေရှုကားတင်သတ်မခံရမီ နောက်ဆုံးနေ့များအကြောင်းကို သန့်ရှင်းသော ရက်သတ္တပတ် အတွင်း ကျွန်ုပ်တို့အောက်မေ့သတိရကြသည်။ ယေရုရှလင်မြို့လမ်းမကို ဖြတ်၍ ကားတိုင်ဆီသို့ သခင်ယေရှုလျှောက်လှမ်းခဲ့သောလမ်းကို ယခုအခါ ‘‘ဗီယာဒိုလာရိုဇာ (The Via Dolorosa) - ကြေကွဲဝမ်းနည်းဖွယ်လမ်းမ’’ဟု သိရှိကြသည်။

သို့သော် ဟေဗြဲသြ၀ါဒစာစောင်ကို ရေးသားသူကမူ သခင်ယေရှုလျှောက်ခဲ့သောလမ်းကို ကြေကွဲဝမ်းနည်းဖွယ် လမ်းမထက်ပိုပြီး လေးလေးနက်နက် ရှုမြင်သည်။ ဂေါလဂေါသကုန်းမြင့်ဆီသို့ သခင်ယေရှု လိုလိုလားလား လျှောက်လှမ်းခဲ့သော ဝေဒနာခရီးလမ်းက ကျွန်ုပ်တို့ကို ဘုရားသခင်၏မျက်မှောက်တော်သို့ ပို့ဆောင်ပေးမည့် ‘‘အသစ်သောရှင်သန်ခြင်းလမ်း’’ကို ဖန်တီးပေးသည်။

တိရိစ္ဆာန်များကို ယဇ်ပူဇော်ခြင်းနှင့် ပညတ်တော်များကို စောင့်ရှောက်ရန် ကြိုးစားအားထုတ်ခြင်း များအားဖြင့် ဘုရားသခင့်မျက်မှောက်ဝင်ရောက်နိုင်ရန် ယုဒလူတို့ ရာစုနှစ် များစွာ ကြိုးစားခဲ့ကြသည်။ သို့သော် ‘‘ပညတ်တရားသည် နောင်ဖြစ်လတ္တံ့သော မင်္ဂလာအကျိုးတို့၏ သေချာသော ပုံသဏ္ဌာန်ကို မပြ၊ အရိပ်ကိုသာ ပြသည်ဖြစ်၍’’ ‘‘နွား၊ဆိတ်၏အသွေးသည် အပြစ်ကို မပယ်နိုင်ရာ’’ (း၁၊၄)။…

ချစ်ခြင်းရေအင်တုံ

လွန်ခဲ့သောနှစ်များစွာက ရူပဗေဒအတန်း၌ ဆရာက နောက်သို့ လှည့်မကြည့်ဘဲ အခန်းနောက်ဘက်နံရံ၏အရောင်ကို ပြောခိုင်းသည်။ ကျွန်မတို့ သတိမပြုမိခဲ့သည့် အတွက် မည်သူမျှ မဖြေနိုင်ခဲ့ပါ။

တစ်ခါတစ်ရံ၌ ကျွန်မတို့လည်း ဘ၀အသက်တာရှိ ‘‘အမှုအရာ’’ တို့ကို သတိမမူ ဂူမမြင် ကျော်သွားတတ်သည်။ အကြောင်းမှာ အားလုံးကို မမြင်နိုင်၍ဖြစ်ပြီး တစ်ခါတစ်ရံ တစ်ချိန်လုံးရှိနေသည့် အရာကို ကျွန်မတို့ မတွေ့မြင်ခြင်းကြောင့် ဖြစ်သည်။

ကျွန်မလည်း ထိုသို့ဖြစ်ခဲ့သည်။ မကြာမီက သခင်ယေရှု တပည့်တော်များ၏ခြေကို ဆေးပေးသည့် အကြောင်းကို ထပ်မံပြီး ဖတ်ရှုခဲ့သည်။ ဤအကြောင်းကို သခင်ယေရှု ကားစင်တင်သတ်ခံရမည့် ရက်သတ္တပတ်၌ မကြာခဏ ဖတ်ကြ၍ ၎င်းကိုကြားဖူးနေကြဖြစ်သည်။ ကျွန်မတို့၏ကယ်တင်ရှင်နှင့် ရှင်ဘုရင်က တပည့်တော်များ၏ ခြေကို သန့်စင်ပေးရန် ကိုယ်ကိုကိုင်းညွတ်ပေးခဲ့ခြင်းက ကျွန်မတို့ကို အံ့သြတုန်လှုပ်စေပါသည်။ သခင်ယေရှု၏ခေတ်အချိန်က ဤအလုပ်ကို နှိမ့်ကျသည့်အလုပ်အဖြစ် ရှုမြင်ကြခြင်းကြောင့် ယုဒကျွန်များပင်လျှင် ဤအလုပ်နှင့် ကင်းလွတ်ခွင့်ရခဲ့သည်။…

ကြည့်ပြီးတိတ်တိတ်နေ

‘‘Look at Him’’ ဆိုသော သီချင်း၌ မက္ကဆီကန်သီချင်းရေးဆရာက ကားတိုင်ထက်မှ ယေရှုကို ဖော်ကျူးထားသည်။ ကားတိုင်ထက်၌ သခင်ယေရှုပြသခဲ့သည့် ချစ်မေတ္တာ၏ ရှေ့မှောက်၌  ပြောစရာဘာမျှမရှိခြင်းကြောင့် သခင်ယေရှုကိုကြည့်ပြီး တိတ်တိတ်နေရန် သူက ကျွန်ုပ်တို့ကို ဖိတ်ခေါ်သည်။ ယုံကြည်ခြင်းအားဖြင့် ခရစ်ဝင်ကျမ်းများ၌ ဖော်ပြ ထားသည့်မြင်ကွင်းကို ကျွန်ုပ်တို့မြင်ယောင်ကြည့်နိုင်သည်။ ကားတိုင်နှင့် အသွေးတော်၊ သံမှိုများနှင့် နာကျင်မှုတို့ကို ကျွန်ုပ်တို့ စိတ်ကူးခံစားကြည့်နိုင်သည်။

သခင်ယေရှု နောက်ဆုံးထွက်သက်ရှူပြီးနောက် ‘‘ထိုအမှုကို အကြည့်အရှုလာသောသူအပေါင်းတို့သည် ထိုအခြင်းအရာများကိုမြင်လျှင် ရင်ပတ်ကိုခတ်၍ ပြန်သွား ကြ၏’’ (လု ၂၃း၄၈)။ အခြားသူများကလည်း ‘‘အဝေးက ကြည့်ရှု၍ ရပ်နေကြ၏’’ (း၄၉)။ သူတို့သည် ကြည့်ရှုပြီး တိတ်တိတ်သာနေကြသည်။ တပ်မှူးတစ်ဦးတည်းသာလျှင် ‘‘စင်စစ် ဤသူသည် ဖြောင့်မတ်သောသူ မှန်ပေ၏’’ ဟု ပြောဆိုခဲ့သည် (း၄၇)။

ဤကြီးမားသောမေတ္တာကို ဖော်ပြရန် သီချင်းများ၊ ကဗျာများ…

ကြီးထွားစေသူသည် ဘုန်းကြီးစေသတည်း

ကျွန်ုပ်တို့၏ကားအ၀င်အထွက်လမ်း၏ညာဘက်ခြမ်း၌ အ၀ါရောင်လေးများကို တစ်နေ့က အမှတ်တမဲ့ သတိထားမိလိုက်သည်။ ကြီးမားသော ကျောက်တုံးနှစ်တုံးကြား ညှပ်နေသည့် ရွှေဝါရောင် နှင်းပန်းခြောက်ခိုင်က တောက်တောက်ပပ ရဲရဲဝံ့ဝံ့နှင့် ပွင့်ဖူး နေကြသည်။ ကျွန်ုပ် မစိုက်ပျိုး၊ မြေသြဇာမကျွေး၊ ရေပင်မလောင်း ပေးခဲ့ခြင်းကြောင့်   ကျွန်ုပ်တို့၏ ခြံထဲ၌ ပန်းကလေးများ မည်သို့မည်ပုံ အညှောက် ပေါက်လာသည်ကို ကျွန်ုပ် မတွေးတတ်အောင်ရှိနေသည်။

မျိုးကြဲသည့် ပုံဥပမာ၌ သခင်ယေရှုက ၀ိညာဉ်ရေး ကြီးထွားမှု၏နက်နဲဆန်းကြယ်မှုကို သရုပ်ဖော်ပြခဲ့သည်။ ဘုရားသခင်၏နိုင်ငံတော်ကို မျိုးစေ့ကြဲသည့်လယ်သမား တစ်ဦးနှင့် သခင်နှိုင်းယှဉ်ပြခဲ့သည် (မာ ၄း၂၆)။ မျိုးကြဲသူက သူတတ်နိုင်သမျှ မြေကြီးကို ထွန်ယက်ခဲ့ပြီးဖြစ်မည်။ သူအိပ်နေသည်ဖြစ်စေ၊ နိုးနေသည်ဖြစ်စေ၊ အပင်ပေါက်လာပုံ ကို နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ၊ မျိုးစေ့မှာ အပင်ပေါက်လာသည်ဟု ရှင်ယေရှု မိန့်ကြားခဲ့သည် (း၂၇-၂၈)။ သူလုပ်ဆောင်သည့်အရာ (သို့) မြေကြီးအောက်၌ ဖြစ်ပျက်နေသောဖြစ်စဉ်ကို သူနားလည်မှုရှိခြင်းမရှိခြင်းနှင့်မဆိုင်ဘဲ ရိတ်သိမ်းချိန်တွင် မြေပိုင်ရှင်သည်…

ရှင်သန်ရခြင်း၏ အကြောင်းအရင်း

ယခုတစ်လော ငွေကြေးကိစ္စနှင့်ပတ်သက်ပြီး အကြံပြုသည့်စာအုပ်များကို အပေါ်ယံ လှန်လှောဖတ်ကြည့်ရာ စိတ်ဝင်စားဖွယ်ကောင်းသည့်အချက်တစ်ချက်ကို သတိပြုမိ သည်။ ထိုစာအုပ်တိုင်းလိုလို၌ ကောင်းသောအကြံပြုချက်များပါရှိပြီး အသုံးစားရိတ် လျော့ချ ရခြင်း၏အခြေခံအကြောင်းရင်းမှာ နောက်ပိုင်း သန်းကြွယ်သူဌေးကဲ့သို့ နေထိုင်ရန် အတွက်ဖြစ်သည်ဟု စာအုပ်အများစုက သွယ်ဝိုက်ညွှန်းဆို ကြသည်။ သို့သော် စာအုပ်တစ်အုပ်မှာမူ တစ်မူကွဲပြားသောအမြင်သစ်ရှုထောင့်တစ်ခုကို တင်ပြထားသည်။ ချမ်းသာကြွယ်ဝသောဘ၀အတွက် ရိုးရိုးသားသား နေထိုင် ရှင်သန်ခြင်း က မုချလိုအပ်ကြောင်း၊ ၀မ်းမြောက်မှုခံစားရရှိရန် ပစ္စည်း အမျိုးမျိုး သင်လိုအပ်နေပါက ‘‘သင်သည် ဘ၀ရှင်သန်ရသည့် အကြောင်းအရင်းနှင့် လွဲချော်နေပြီ’’ဟု ထိုစာအုပ်က အကြံပြု တင်ပြထားသည်။

အစ်ကိုအား အမွေခွဲပေးရန် ပြောပေးပါဟု လူတစ်ဦးသည် ရှင်ယေရှုကို တောင်းဆိုသည်။ ထိုသူကို သခင် ပြန်လည်တုံ့ပြန်ပုံအကြောင်း ကျွန်ုပ်စိတ်ထဲပေါ်လာသည်။ ကိုယ်ချင်းစာ သနားမည့်အစား သခင်ယေရှုက ပြတ်ပြတ်သားသား ငြင်းလိုက်ကာ ‘‘စည်းစိမ်၌ အသက်မတည်’’ ခြင်းကြောင့် (လု ၁၂း၁၄-၁၅)၊ ‘‘လောဘ…

ဤသူကား မည်သူနည်း

မြေလမ်းနံဘေး၌ ရပ်ကြည့်နေသူများနှင့် ပုခုံးချင်းယှဉ်လျက် ရပ်နေသည်ဟု စိတ်ကူး မြင်ယောင်ကြည့်လိုက်ပါ။ သင့်အနောက်မှ အမျိုးသမီးက ခြေဖျားထောက်လျက် ကြွလာမည့်သူကို မြင်ရရန် ကြိုးစားနေသည်။ ဟိုးအဝေးဆီမှ မြည်းစီးလာသူတစ်ဦးကို ရိပ်ခနဲ မြင်လိုက်ရသည်။ ထိုမြည်းစီးလာသူ နီးကပ်လာသောအခါ လူအများက သူတို့၏ ၀တ်ရုံများကို လမ်းမပေါ် ပစ်ချခင်းပေးကြသည်။ ရုတ်ခြည်းပင် သင့်နောက်မှလည်း သစ်ကိုင်းချိုးသံကို ကြားလိုက်ရသည်။ လူတစ်ဦးက စွံပလွန်ခက် များကို ချိုးချနေပြီး အခြားသူများက ထိုသစ်ခက်များကို မြည်း၏ရှေ့၌ ခင်းပေးကြသည်။

ကားတင်သတ်မခံရမီ ရက်အနည်းငယ်က သခင်ယေရှု ယေရုရှလင်မြို့ထဲသို့ ၀င်ရောက်လာစဉ် သူ့နောက်တော်လိုက်များက သခင့်ကို စိတ်အားထက်သန်စွာ ဂုဏ်ပြုကြိုဆိုကြသည်။ လူထုကြီးသည် သူတို့ ‘‘မြင်ခဲ့ပြီးသော တန်ခိုးတော်များကို ထောက်ရှုပြီး’’ ၀မ်းမြောက်ဝမ်းသာစွာဖြင့် ဘုရားသခင်ကို ချီးမွမ်းထောမနာပြုကြသည် (လု ၁၉း၃၇)။ သခင်ယေရှုကို ကိုးကွယ်ဆည်းကပ်သူများကလည်း ‘‘ထာဝရဘုရား၏ အခွင့်နှင့် ကြွလာတော်မူသော ရှင်ဘုရင်သည်…

လက်တွေ့ပြသခြင်း၏ အစွမ်းထိရောက်မှု

ကျွန်တော့်အိမ်တွင် ပျက်နေသောပစ္စည်းတစ်ခုခုကို ကြိုးစားပြင်ရင်း ကျွန်တော်ကြောင့် ထပ်ပျက်သွားသဖြင့် အများအားဖြင့် လူခေါ်ပြင်ရသည့်အဖြစ်သို့ ရောက်သွားသည်။ သို့သော် မကြာသေးမီက ယူကျူ့ မှ ထုတ်လွှင့်ပြသသည့် ပစ္စည်းပြင်နည်းကို တစ်ဆင့်ပြီးတစ်ဆင့်ကြည့်ပြီး အိမ်ရှိကိရိယာတစ်ခု ကို အောင်မြင်စွာ ပြင်ဆင်နိုင်ခဲ့သည်။

ရှင်ပေါလုသည် သူနှင့်အတူ ခရီးသွားလာပြီး သူ၏ပြုမူ လုပ်ဆောင်မှုများကို စောင့်ကြည့်သူ၊ သူစောင့်ရှောက် ကြီးကြပ်ပေးသည့် ငယ်ရွယ်သောတိမောသေလေးအတွက် အစွမ်းထက်သောစံနမူနာဖြစ်ခဲ့သည်။ ‘‘ငါဆုံးမသြ၀ါဒပေး ခြင်း၊ အကျင့်ကျင်ခြင်း၊ ကြံစည်ခြင်း၊ သစ္စာစောင့်ခြင်း၊ စိတ်ရှည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်းတို့ကိုလည်းကောင်း၊ ... ညှဉ်းဆဲခြင်း၊ ဆင်းရဲခြင်းတို့ကိုလည်းကောင်း သင်သည် ရှာဖွေနားလည်ရပြီ’’ ဟု ရောမအကျဉ်းထောင်မှနေ၍ ရှင်ပေါလု စာရေးသားခဲ့သည် (၂ တိ ၃း၁၀-၁၁)။ ‘‘သင်သည် အဘယ်သူထံ၌ နည်းခံခဲ့ပြီးသည်ကိုလည်းကောင်း၊ ယေရှုခရစ်ကိုယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်း အလိုငှာ ပညာကိုပေးနိုင်သောဓမ္မကျမ်းစာကို ငယ်သောအရွယ်မှစ၍ လေ့ကျက်သည်ကို  လည်းကောင်း သိမှတ်သည်နှင့်…

နှစ်ထပ်ကွမ်း ကတိတော်

ကင်ဆာရောဂါဝေဒနာကို နှစ်အတန်ကြာခံစားခဲ့ရ၍ ရုသ်မှာ အစာကောင်းကောင်း မစားမသောက်နိုင်၊ အစာမမျိုနိုင်ဖြစ်နေသည်။ ခန္ဓာပိုင်းအင်အားများလည်း ဆုံးရှုံးသွား ပြီး အကြိမ်ပေါင်းများစွာ ခွဲစိတ်ကုသခြင်း၊ ဆေးထိုးဆေးစားရခြင်းတို့ကြောင့် သူ့အရင်ပုံစံ၏ အရိပ်မျှသာ ကျန်နေတော့သည်။

သို့သော် ရုသ်သည် ဘုရားသခင်ကို ချီးမွမ်းနိုင် သေးသည်။ သူ၏ယုံကြည်ခြင်းမှာ ခိုင်မာဆဲဖြစ်ပြီး သူ၏ ၀မ်းမြောက်ခြင်းကိုလည်း အခြားသူများထံ ကူးစက်စေသည်။ နေ့စဉ် ဘုရားသခင်အားအမှီပြုပြီး တစ်နေ့တွင် သူအပြည့်အ၀ ပြန်လည်ကျန်းမာလာမည်ဟူသော မျှော်လင့်ခြင်းကို စွဲမြဲစွာ ဆုပ်ကိုင်ထားသည်။ ရောဂါပျောက်ကင်းရန် သူဆုတောင်းပြီး မကြာမီတွင် ဘုရားသခင် အဖြေပေးမည်ဟု စိတ်ချမှုအပြည့် ရှိသည်။ အံ့သြနှစ်လိုဖွယ် ယုံကြည်ခြင်းပင်။

ဘုရားသခင်သည် သူ့အချိန်တွင် သူ့ကတိတော်ကို ပြည့်စုံစေမည်သာမက ထိုအချိန် အထိသူ့ကို ခံနိုင်ရည်ပေးသနားမည်ဟု အသေအချာ သိရှိထားခြင်းက သူ့ယုံကြည်ခြင်းခိုင်မာအောင် ထိန်းသိမ်းပေးကြောင်း ရုသ် ရှင်းပြခဲ့သည်။ ဤမျှော်လင့်ခြင်းသည် ဘုရားသခင်၏အကြံအစည် ပြည့်စုံလာမည့် အချိန်ကို…

အမွေအနှစ်ကို လက်ဆင့်ကမ်းခြင်း

ဖုန်းသံမြည်လာပြီး မက်ဆေ့ဂ်ျ စာဝင်လာကြောင်း ဖော်ပြနေသည်။ သမီးက ကျွန်မ အဖွား၏ ပူရှိန်းရေခဲမုန့် ပြုလုပ်နည်းကို လိုချင်၍ဖြစ်သည်။ မုန့်လုပ်နည်း စုထားသော ဗူးဟောင်းထဲရှိ အ၀ါရောင်ကဒ်များကို မွှေနှောက်ရှာဖွေကြည့်ရာ အဖွား၏လက်ရေးဖြင့် ရေးထားပြီး အမေကလည်း လက်ရေးသေးသေးလေးများနှင့် လိုက်မှတ်ထားသော မုန့်လုပ်နည်း ကဒ်လေးကို ပြန်တွေ့သည်။ သမီးတောင်းခံ လာသည့် ပူရှိန်းရေခဲမုန့်လုပ်နည်းကို ကျွန်မတို့မိသားစု၏   မျိုးဆက်လေးဆက်သို့ပင် လက်ဆင့်ကမ်းနိုင်ခဲ့ပြီ ဖြစ်သည်။

မိသားစု၏မျိုးဆက်သစ်များသို့ ဘိုးစဉ်ဘောင်ဆက် အခြားမည်သည့်အမွေအနှစ်များကို လက်ဆင့်ကမ်းနိုင် မည်နည်း။ ယုံကြည်ခြင်းနှင့် ပတ်သက်၍ ရွေးချယ်မှုများက မည်သို့ရှိသနည်း။ မုန့်လုပ်နည်းအပြင် ကျွန်မအဖွား၏ ယုံကြည်ခြင်း၊ ကျွန်မ၏ယုံကြည်ခြင်းတို့က သမီးနှင့်အတူ သူ့သားသမီးများ၏အသက်တာ၌ သက်ဝင်လှုပ်ရှားနေပါ သလား ဟူ၍ ကျွန်မတွေးမိသည်။

ဆာလံ ၇၉ ၌ ဆာလံဆရာသည် ယုံကြည်ခြင်း မဏ္ဍိုင်ပြိုလဲကာ နာခံမှုမရှိ ခေါင်းမာကြသော ဣသရေလ လူမျိုး များကြောင့် ၀မ်းနည်းကြေကွဲနေသည်။…

ရေပေါ်လမ်းလျှောက်ခြင်း

အထူးပင်အေးချမ်းလှသည် ဆောင်းရာသီတစ်ခုတွင် အေးခဲနေသည့်ကန်ရေ မျက်နှာပြင်ကို မြင်တွေ့ခွင့်ရရန် ကမ္ဘာ့ပဉ္စမမြောက် အကြီးဆုံးအိုင်ဖြစ်သည့် မစ်ချီဂန် ရေအိုင်သို့ ကျွန်မ စွန့်စွန့်စားစားသွားခဲ့သည်။ အများအားဖြင့် ကမ်းခြေပေါ်တွင်  အနွေးထည်အထပ်ထပ်ဝတ်လျက် ကျွန်မနေပူစာလှုံလေ့ရှိပြီး မြင်တွေ့ရသည့် မြင်ကွင်း က ရင်သပ်ရှုမောဖွယ် ကောင်းလှသည်။ ရေလှိုင်းများမှာ အလိပ်လိုက်အတိုင်း ရေခဲနေ၍ အနုပညာလက်ရာမြောက် လှသည့် ရေခဲပန်းပုအလား ဖြစ်ပေါ်နေသည်။

ကမ်းစပ်နှင့် ကပ်လျက်ရှိသော ရေမှာအေးခဲနေသည့် အတွက် ‘‘ရေပေါ်လမ်းလျှောက်ရန်’’ ကျွန်မအခွင့်အရေး ရခဲ့သည်။ ရေခဲထုထည်က ကျွန်မ၏ကိုယ်အလေးချိန်ကို ခံနိုင်မှန်း သိသော်လည်း မရဲတရဲနှင့် ပထမခြေလှမ်းစလှမ်း ကြည့်လိုက်သည်။ ရေခဲက ကျွန်မ၏ကိုယ်အလေးချိန်ကို ဆက်ပြီး ခံနိုင်ရည်မရှိမှာကို စိုးကြောက်မိခဲ့သည်။ ဤသို့ ကျွမ်းဝင်မှုမရှိသည့်ရေပြင်ညီပေါ် သတိနှင့်စူးစမ်း လျှောက်လှမ်းနေရင်း လှေပေါ်မှပေတရုကို ဂါလိလဲပင်လယ်ပြင်ပေါ်သို့ သခင်ယေရှု ခေါ်ထုတ်ခဲ့သည့်အကြောင်း ကျွန်မမစဉ်းစားဘဲ မနေနိုင်အောင်ဖြစ်ခဲ့သည်။

သခင်ယေရှု ရေပေါ်၌ လမ်းလျှောက်နေသည်ကို တပည့်တော်များမြင်သောအခါ…