အမျိုးအစား  |  odb

ကောက်ရိတ်သိမ်းပွဲနှင့် ကျေးဇူးတော်ချီးမွမ်းပွဲ

လွန်လေပြီးသော နှစ်ပေါင်းထောင်ချီသည့်ကာလက ဘုရားသခင်သည် သူ့လူများ လုပ်ဆောင်ရမည့်ပွဲတော်ကို မောရှေအားဖြင့် ပညတ်သစ် ပေးခဲ့သည်။ ထွက် ၂၃း၁၆ မှ မောရှေ၏ မှတ်တမ်းအရ ထာဝရဘုရားသည် ‘‘လယ်လုပ်၍ အသီးအနှံကို သိမ်းစရှိသည် ကာလ သိမ်းပွဲကိုလည်းကောင်း၊ လယ်လုပ်၍ အသီးအနှံကို သိုထားသည်ကာလ ... သိုထားပွဲကို လည်းကောင်း ခံရမည်’’ ဟုမိန့်ကြားခဲ့သည်။
ယနေ့ မျက်မှောက်ခေတ်တွင် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအသီးသီးတွင် မြေအသီးအနှံရိတ်သိမ်းပွဲကို ထိုနည်း သဘောအတိုင်း ကျင်းပကြသည်။ ဂါနာနိုင်ငံတွင် ယမ် ကောက်ရိတ်သိမ်းပွဲကို ဆင်နွဲသည်။ ဘရာဇီးတွင် Dia de Acao de Gracas - အစာရေစာအတွက် ကောက်နှံများကို ပေးသနားသည့်အတွက် ကျေးဇူးတင်သည့်ပွဲတော် ကျင်းပ ကြသည်။ တရုတ်ပြည်တွင်မူ ‘လမုန့်ပွဲတော်’ကို ဆင်နွဲကြ သည်။ အမေရိကန်နိုင်ငံနှင့် ကနေဒါနိုင်ငံတို့တွင် ကျေးဇူးတော် ချီးမွမ်းခြင်းပွဲကို…

အသံဗလံပြုလျက် ရွှင်လန်းစွာ ကြွေးကြော်

ကျွန်မ ပုံမှန်တက်ရောက်ပါဝင်နိုင်မည့် အသင်းတော်တစ်ပါးပါးကို ရှာဖွေခဲ့စဉ်က ကျွန်မ မိတ်ဆွေတစ်ဦးသည် သူ့အသင်းတော်၏ အစီအစဉ်တစ်ခုသို့ ကျွန်မကို ဖိတ်ခေါ်ခဲ့သည်။ ၀တ်ပြုကိုးကွယ်ခြင်းကို ဦးဆောင်သူက ကျွန်မအလွန်နှစ်သက်သည့်သီချင်းဖြင့် ပရိသတ်ကို ဦးဆောင်သည်။ ထို့ကြောင့် ကောလိပ်တက်စဉ်က သံစုံအဖွဲ့ခေါင်းဆောင်၏ ‘‘ရှင်းလင်းပြတ်သား ကျယ်လောင်စွာ’’ သီဆိုရန် တိုက်တွန်း ခဲ့ခြင်းကို သတိရလျက် သီချင်းကို အားပါးတရ သီဆိုချီးမွမ်း လိုက်သည်။
သီချင်းဆုံးသော် ကျွန်မမိတ်ဆွေ၏ ခင်ပွန်းက ကျွန်မဘက်လှည့်ပြီး ‘‘မင်းအသံကျယ်ကျယ်ဆိုတာဘဲ’’ ဟု ပြောသည်။ သူ့မှတ်ချက်က ကျွန်မကို ချီးကျူးခြင်းတော့ မဟုတ်တန်ရာ၊ သို့နှင့် ကျွန်မ၏အသံကိုထိန်းပြီး ကျွန်မအနီး အနားရှိလူများထက် အသံတိုးအောင် သတိထားကာ၊ ကျွန်မ၏သီဆိုမှုကို လူများဝေဖန်နေမည်လားဟု တွေးရင်း သီဆိုသည်။
သို့သော် တနင်္ဂနွေနေ့တစ်နေ့တွင် ကျွန်မအနီးမှအမျိုးသမီးတစ်ဦးကို ကျွန်မသတိထားမိသည်။ သူက မိမိကိုယ်ကို ထိန်းမနေဘဲ မြတ်နိုးကြည်ညိုစိတ်နှင့် ချီးမွမ်း သီဆိုနေသည်။ သူ့ကိုကြည့်ပြီး…

မေပယ်စေ့များ

ကျွန်တော့်ကလေးများ ငယ်စဉ်က အိမ်နီးချင်းခြံထဲရှိ မေပယ်ပင်မှ ကြွေကျလာသည့် တောင်ပံနှစ်ခုသဏ္ဌာန် မေပယ်ပွင့်များကို ပြေးလွှားဖမ်းဆော့ရသည်ကို ၎င်းတို့ အလွန် သဘောကျသည်။ မေပယ်ပွင့်၏အတောင်ပံသည် မေပယ်စေ့ဖြစ်သည်။ နွေဦးရာသီ နှောင်းပိုင်းတွင် မေပယ်ပွင့်များသည် ရဟပ်ယာဉ်၏ဒလက်များပမာ ချာချာလည်ပြီး မြေပေါ်သို့ ကြွေကျသည်။ ၎င်းမေပယ်စေ့များ၏သဘာဝမှာ လေဟုန်နှင့် စီးမျောရန် မဟုတ်ဘဲ မြေပေါ်သို့ကျလျက် အပင်ပေါက် ရှင်သန်ရန် ဖြစ်သည်။
ကားတင်သတ်ခြင်း မခံရမီတွင် သခင်ယေရှုသည် တပည့်တော်များအား ‘‘လူသားသည် ဘုန်းပွင့်ရသောအချိန် ရောက်လာပြီ။ ငါအမှန်အကန်ဆိုသည်ကား မြေ၌ကျသော စပါးစေ့သည် မပျက်လျှင် တစ်ခုတည်းနေ၏။ ပျက်လျှင် မူကား များစွာသောအသီးကို သီးတတ်၏’’ (ယော ၁၂း၂၃-၂၄) ဟု မိန့်တော်မူခဲ့သည်။
တပည့်တော်များက သခင်ယေရှုကို မေရှိယအဖြစ် ချီးမြှောက်ရန် ဆန္ဒရှိသော်လည်း သခင်သည် အသက်ပေးရန် ကြွလာတော်မူပြီး သူ့ကိုယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့ ခွင့်လွှတ်ခြင်းခံရကာ အသစ်ဖြစ်စေသည်။…

နောက်တစ်ခုဖြစ်ပြန်ပြီ

ကျွန်တော်တို့၏ ခြံအနောက်ရှိ ချယ်ရီပင်အိုကြီးမှာ ယခင်ကကဲ့သို့ မဟုတ်တော့ဘဲ သေတော့မည့်ပုံပေါ်လာ၍ သစ်ပင်ပြုစုကုသသူ ကျွမ်းကျင်ပညာရှင်ကို ကျွန်တော် ခေါ်လိုက်သည်။ ထိုသူက အပင်ကို စစ်ဆေးကြည့်ပြီး ၎င်းသည် ‘‘အလွန်အမင်း စိတ်ဖိစီး ခံရခြင်းကြောင့်’’ ချက်ခြင်း ဂရုစိုက်ပြုစုကုသရမည်ဟု ပြောသည်။ ကျွန်တော့်ဇနီး ကယ်ရိုလင်းက သစ်ပင်ကို ကြည့်ပြီး ‘‘နောက်တစ်ခုဖြစ်ပြန်ပြီ’’ ဟု ရေရွတ်ကာ လှည့်ထွက်သွားသည်။ ပြဿနာများ တစ်ခုပြီး တစ်ခု ဆက်တိုက်ရင်ဆိုင်ရသည့် ရက်သတ္တပတ်ဖြစ်သည်။
သားရေးသမီးရေး၊ အိမ်ထောင်ရေး၊ စီးပွားရေး၊ ငွေရေးကြေးရေး၊ ကျန်းမာရေးနှင့် ကိုယ်စိတ်ကျန်းမာ ချမ်းသာရေး စသောအရေးများဖြင့် စိုးရိမ်သောကများသော ရက်သတ္တပတ်ကို ကျွန်တော်တို့အမှန်တကယ် ကြုံရသည်။ သို့သော်လည်း အခြေအနေအရပ်ရပ်တို့ မည်သို့ပင် စိတ်အနှောင့်အယှက် ဖြစ်ပါလေစေ၊ကျွန်တော်တို့ ငြိမ်ဝပ်စွာရှိနေနိုင်ကြောင်း ‘‘ငါ၏ငြိမ်သက်ခြင်းကို သင်တို့အား ငါပေး၏’’ (ယော ၁၄း၂၇)ဟု သခင်ယေရှု စိတ်ချမှုပေးခဲ့သည်။
သခင်ယေရှု၏တစ်နေ့တာသည်လည်း ပူပင်သောကနှင့်…

အပြောင်မြောက်ဆုံးလက်ရာကို တွေ့ မြင်ခြင်း

လေးသမားများ မြားထည့်ရန်အတွက် ရိုးရာမြားကျည်တောက်များကို ကျွန်ုပ်၏ဖခင်က ပြုလုပ်ပေးရာ၊ သားရေကုန်ချောကို တွဲစပ်မချုပ်မီ သားရေကုန်ချောဖြစ်လာအောင် သားရေကုန်ကြမ်းကို အရင်အသေးစိတ်ပြုပြင်ပြင်ဆင်ရသည်။
အဖေ့ထံသို့ သွားလည်သည့် အတောအတွင်း သူ၏ လက်ရာမြောက်သောပစ္စည်း ချုပ်လုပ်ပုံကို ကျွန်ုပ်ကြည့်ခဲ့ရသည်။ သူ့လက်များက သတိ ရှိရှိဖြင့်၊ လိုအပ်သော ဖိအားအတိအကျဖြင့် သားရေပျော့ကို ဓားသွားထက်ထက်ဖြင့် ဖြတ်တောက်ပြီး ပုံစံအမျိုးမျိုး ပုံဖော်သည်။ ထို့နောက် ဖျင်ကြမ်းကို ကြက်သွေးရောင် ဆိုးဆေးထဲ နှစ်လိုက်ပြီး သားရေပေါ်သို့ အရှိန်ဖြင့် ဆောင့်ဖုံး လိုက်ကာ သူ၏ဖန်တီးမှုလက်ရာအလှကို ပိုပြီး ထယ်ဝါစေသည်။
ယုံကြည်မှုအပြည့်ရှိသော အဖေ၏လက်မှုအတတ်ကျွမ်းကျင်မှုကို မြတ်နိုးဂုဏ်ယူ ရင်းမှ တစ်ပါးသူနှင့်ကျွန်ုပ်တို့အတွင်း၌ ပေါ်လွင်ထင်ရှားသော ကောင်းကင်ဘုံရှင်အဘ၏ အသစ်ဖန်ဆင်းမှုများကို အသိအမှတ်ပြု ကျေးဇူးတင်ရန် မကြာခဏ ပျက်ကွက်ကြောင်း ကျွန်ုပ်သိမြင်လာသည်။ ဘုရားရှင်၏ ခန့်ညားသော အသစ်ပြုပြင်ပေးခြင်းများကို ပြန်လည်ဆင်ခြင်ပြီး ဘုရားရှင်သည် ကျွန်ုပ်တို့၏ကျောက်ကပ်၊ အတွင်းကလီစာတို့ကို ဖန်ဆင်း…

တူတူပုန်းတမ်း

ကလေးငယ်များ တူတူပုန်းတမ်း ကစားကြသောအခါ သူတို့၏မျက်လုံးများကို ဖုံးပိတ်ထားလိုက်ရုံနှင့် သူတို့ ပုန်းအောင်းပြီးသွားပြီဟု ရံဖန်ရံခါ ယုံကြည်ထားတတ်သည်။ သူတို့က သင့်ကို မတွေ့နိုင်ပါက သင်လည်း သူတို့ကို မတွေ့နိုင်ဟု သူတို့ယူဆကြသည်။
လူကြီးများအတွက် ၎င်းသည် ရိုးအသောအတွေးဖြစ်သော်လည်း ကျွန်ုပ်တို့ လည်း ရံဖန်ရံခါ ဘုရားသခင်ကို ထိုနည်းတူ ပြုလုပ်တတ် သည်။ မှားမှန်းသိသော်လည်း ထိုအမှားကို လုပ်ချင်ပြီဆိုလျှင် ဘုရားသခင်ကို မမြင်ရအောင် ကျွန်ုပ်တို့ မျက်လုံးစုံမှိတ်ကာ မိမိစိတ်ကြိုက် မိမိအလိုအတိုင်း လုပ်တတ်ကြသည်။
လူမျိုးတော်တို့ ဗာဗုလုန်နိုင်ငံသို့ ဖမ်းဆီးခေါ်ဆောင် ကျွန်ပြုခံရမည့်အကြောင်း ဘုရားသခင်မိန့်ကြားစဉ် ဤအမှန် တရားကို ပရောဖက်ယေဇကျေလ တွေ့မြင်ခဲ့သည်။ ‘‘အချင်းလူသား၊ ဣသရေလအမျိုး အသက်ကြီးသူ အသီးအသီးတို့ သည် အမှောင်မိုက်ထဲမှာ ပုံရေးသောအခန်းတို့၌ ပြုသော အမှုကို မြင်ပြီလော။ သူတို့က ထာဝရဘုရား မမြင်ဟု ဆိုကြ သည်’’ဟု…

အစေခံခြင်းနှင့် အပြုစုခံခြင်း

မာရီလင်းသည် ရက်သတ္တပေါင်းများစွာ နာမကျန်းဖြစ်ပြီး ဤသို့ ခက်ခဲလှသည့်ကာလ တစ်လျှောက်လုံးတွင် လူများစွာက သူ့ကို အားပေးကူညီခဲ့သည်။ ‘‘သူတို့ရဲ့ ကြင်နာမှု တွေကို ဘယ်လိုပြန်ပေးဆပ်ရမလဲ’’ ဟူ၍ သူတွေးပူမိသည်။ သို့နှင့် တစ်နေ့၌ ဆုတောင်းချက်တစ်ခုမှ စာသားများကို ဖတ်လိုက်ရသည်။ ‘‘အစေခံရန်အတွက်သာမက တစ်ပါးသူတို့၏နှိမ့်ချခြင်း တိုးပွားလာရေးအတွက် ၎င်းတို့ကို အစေခံခွင့်ပေးပြီး မိမိက အပြုစုခံသူဖြစ်ရန် ဆုတောင်းပါ။’’ အတိုင်းအဆပမာဏကို ချိန်ညှိနေစရာမလိုဘဲ ကျေးဇူးတင် ရန်သာဖြစ်ပြီး အစေခံခြင်းဖြင့်ရရှိသော ၀မ်းမြောက်ခြင်းကို တစ်ပါးသူများခံစားနိုင်အောင် အခွင့်ပေးရမည်ဟု မာရီလင်း ချက်ခြင်း သဘောပေါက်သွားသည်။
သူ၏‘‘ဆင်းရဲဒုက္ခကို’’(း၎) ခံစားမျှဝေသူ အားလုံးကို ကျေးဇူးတင်ကြောင်း ဖိ ၄ တွင် တမန်တော်ရှင်ပေါလု ဖော်ပြခဲ့သည်။ ဧ၀ံဂေလိတရား ဟောပြောသွန်သင်ရာတွင် လူများ၏ ကူညီထောက်ပံ့မှုအပေါ် ရှင်ပေါလုအမှီပြုခဲ့သည်။ သူအကူအညီလိုအပ်နေချိန်၌ သူ့အတွက် လူတို့၏ကူညီပံ့ပိုးမှုများသည် ၎င်းတို့ ဘုရားရှင်ကို ချစ်ကြောင်း ရိုးရိုးလေးဖော်ပြချက်သာ…

မျက်မှောက်တော်၌

၁၇ ရာစု ဘုန်းတော်ကြီး ဘရာသာ လောရင့်သည် ထမင်းချက်တစ်ဦးအဖြစ် တစ်နေ့တာ လုပ်ငန်းအစမပြုမီတွင် ‘‘အို ကျွန်ုပ်၏အဘဘုရား၊ ... ကိုယ်တော်၏မျက်မှောက်တော်၌နေရသော အခွင့်ကျေးဇူးကို ကျွန်ုပ်အား ပေးသနားမူပါ။ ကျွန်ုပ်၏ လုပ်ငန်းဆောင်တာ များ၌ ကူညီတော်မူပါ။ ကျွန်ုပ်၏ ချစ်မေတ္တာအားလုံးကို ပေးအပ်ပါ၏’’ ဟု ဆုတောင်းလေ့ ရှိသည်။ အလုပ်လုပ်ဆောင်နေစဉ်တွင် ဘုရားသခင်နှင့် ဆက်လက်စကားပြောကာ သူ့လုပ်ငန်း၌ ဘုရားသခင်၏ ဦးဆောင်ညွှန်ကြားမှုကို နာခံသည်၊ သူ့အလုပ်ကိုလည်း ဘုရားထံ၌ ဆက်ကပ်အပ်နှံထားသည်။ အလုပ်ရှုပ်လှသည့် အချိန်၌ပင်လျှင် အလုပ်အကူးအပြောင်း လုပ်သည့်အချိန်တွင် ဘုရားသခင်၏ ကျေးဇူးပြုမှုကို တောင်းခံသည်။ မည်သည့် အမှုကိစ္စပင် ဖြစ်ပျက်နေပါစေ၊ သူ့ကို ဖန်ဆင်းသည့် သခင်၏ မေတ္တာတော်ကို ရှာဖွေတွေ့ရှိကာ ခံစားပျော်မွေ့သည်။
၈၉ ခု မြောက်သော ဆာလံမှ ၀န်ခံထားသကဲ့သို့ သမုဒ္ဒရာများကို ပိုင်သအုပ်စိုးလျက် ကောင်းကင်တမန်များ ပြပ်ဝပ်ကိုးကွယ်သော…

...သာ၍ ပေးတော်မူမည်

ပထမကမ္ဘာစစ်အတွင်း ၁၉၁၅ ခုနှစ် အောက်တိုဘာတွင် အော့စ်ဝေါလ် ချိမ်းဘားစ်သည် ဗြိတိသျှဓနသဟာယအဖွဲ့ စစ်သည်တော်များအတွက် YMCA သင်းအုပ်ဆရာအဖြစ် တာဝန်ထမ်းဆောင်ရန် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့အနီးရှိ ဇေတော်န် စစ်လေ့ကျင့်ရေးစခန်းသို့ ရောက်ရှိခဲ့သည်။ တစ်ပတ်တာ ညဦးဝတ်ပြုအစီအစဉ်ရှိကြောင်း ချိမ်းဘားစ် က ကြေညာလိုက်ရာ၊ “ဆုတောင်းခြင်း၏ ကောင်းကျိုးက ဘာလဲ”ဟူသည့် တရားတော်ကို နာယူရန် YMCA ရွက်ဖျင်တဲကြီးတွင်လူပေါင်း ၄၀၀ ဖြင့် ပြည့်နှက်သွားသည်။ ထိုသို့သော စစ်မက်ကာလကြီးတွင် ဘုရားသခင်ကို သိကျွမ်းလိုသူ လူတစ်ဦးချင်းစီကို သူတွေ့ဆုံသည်။ အကြံပေးမစသည်။ ထိုသို့ မစရာတွင် အော့စ်ဝေါလ် သည် “သင်တို့သည် အဆိုး ဖြစ်လျက်ပင် ကိုယ်သားတို့အား ကောင်းသောအရာကို ပေးတတ်လျှင်၊ ထိုမျှမက ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် ဆုတောင်းသောသူတို့အား သန့်ရှင်းသော ဝိညာဉ်တော်ကို သာ၍ပေးတော်မူမည် မဟုတ်လော” ဟူသော လု ၁၁း၁၃…

ကြီးမြတ်သောမေတ္တာတော်

မကြာသေးမီက ကျွန်မတို့၏ ၂၂ လသားအရွယ် မြေးမလေး မိုရီယာကို သူ့အစ်ကိုများမပါဘဲ ပထမဆုံးအကြိမ် ကျွန်မတို့အိမ်သို့ ညအိပ်ခေါ်ခဲ့သည်။ ကျွန်မတို့၏မေတ္တာကို သူ့အား ပုံအော၍ပေးသည်။ သူ့ကို မပြတ်ဂရုစိုက် စောင့်ကြည့်သည်။ သူပျော်အောင် သူလုပ်ချင် သည့်အရာကို ခွင့်ပြုသည်။ နောက်တစ်နေ့ သူ့အားပြန်ပို့ပေးပြီး နှုတ်ဆက်ကာ ပြန်လာရန် တံခါးမကြီးသို့ ကျွန်မတို့လျှောက်လာစဉ် မိုရီယာသည် စကား တစ်ခွန်းမှမပြောဘဲ ညအိပ်အဝတ်အစားထည့်သည့် အိတ်ကို ကောက်ကိုင်ကာ တံခါးမတွင်ထိုင်ပြီး ကျွန်မတို့နှင့် ပြန်လိုက်ရန် အဆင်သင့်စောင့်နေတော့သည်။
မိုရီယာလေးသည် သူ၏ကလေးခါးတောင်းကျိုက် (ဒိုင်ပါဖင်ထုပ်)ကိုဝတ်ထားပြီး ဖိနပ်ကိုလည်း ဘယ်ညာ မှားစီးထားကာ အဘိုးအဘွားနောက်သို့ ပြန်လိုက်ရန် အဆင်သင့် စောင့်ဆိုင်းနေပုံလေးက ကျွန်မမှတ်ဉာဏ်ထဲတွင် ထွင်းထား သကဲ့သို့ စွဲနေသည်။ ဤအဖြစ်အပျက်ကို ပြန်တွေးမိတိုင်း ကျွန်မပြုံးမိသည်။ ကျွန်မတို့နှင့်လိုက်သွားရန် သူ့စိတ်ဆန္ဒ ပြင်းပြလျက် သူ၏တစ်ဦးတည်း ကိုယ်ပိုင်အချိန်ကို ထပ်ယူရန် အဆင့်သင့်…