အမျိုးအစား  |  odb

အမှတ်တရ ကျောက်တုံးများ

ရံဖန်ရံခါ နံနက်ပိုင်းတွင် ကျွန်မအွန်လိုင်းပေါ်တက်စဉ် လွန်ခဲ့သောနှစ်များအတွင်း တင်ခဲ့သောအရာများကို ဖေ့စ်ဘွတ် မှ ‘‘အမှတ်ရစရာ’’များအဖြစ် ဖော်ပြပေးသည်။ ကျွန်မမောင်လေး မင်္ဂလာဆောင်မှဓာတ်ပုံများ၊ ဘွားဘွားကြီးနှင့်ကျွန်မသမီးတို့ အတူကစား နေသော ဗီဒီယိုဖိုင် အစရှိသော အမှတ်တရများက ကျွန်မကို ပြုံးမိစေပါသည်။   သို့သော် တစ်ခါတစ်ရံ ထိုအမှတ်တရများသည် ပို၍ နက်နဲသော စိတ်ခံစားမှုများကို ဖြစ်စေသည်။ ကျွန်မခဲအို ကင်ဆာဖြစ်၍ ဆေးသွင်းကုသရစဉ် ပေးပို့ခဲ့သောစာတိုများ၊ လွန်ခဲ့သောသုံးနှစ်က အမေ့ဦးနှောက်ခွဲစိတ်မှုအပြီး  ခေါင်းပေါ်မှချုပ်ရာနှင့် ဓာတ်ပုံများကို ပြန်တွေ့သောအခါ ခက်ခဲသောအခြေအနေများအတွင်း ဘုရားရှင်၏အတူရှိခြင်း သစ္စာတော်ကို ပြန်လည်အမှတ်ရစေသည်။ ထို ဖေ့စ်ဘွတ် မှအမှတ်တရများသည် ဆုတောင်းလျက် ကျေးဇူးတင်ရန်   တွန်းပို့စေ့ဆော်သည်။

ဘုရားရှင်ပြုပေးခဲ့သောအမှုများကို ကျွန်မတို့ လွယ်လင့်တကူ မေ့ပျောက်တတ်ကြခြင်းကြောင့် ကျွန်မ တို့ကို သတိပေးမည့်အရာများ လိုအပ်သည်။ ဘုရားသခင်၏ လူမျိုးတော်တို့ကို  နယ်မြေသစ်၊ နိုင်ငံသစ်ဆီသို့ ယောရှုဦးဆောင်ခေါ်ဆောင်ခဲ့စဉ်က ယော်ဒန်မြစ်ကို ကူးဖြတ်ခဲ့ကြရသည်…

အပြစ်များကို ဖယ်ရှားပေးသူ

ကျွန်မ၏ဆေးကုသစရိတ်ကုန်ကျငွေတောင်းခံလွှာကို ကြည့်ရင်း မျက်ရည်သုတ်မိသည်။ ခင်ပွန်းသည်က ကြာရှည်စွာ အလုပ်လက်မဲ့ဖြစ်နေ၍ ၀င်ငွေမရှိ၊ ကုန်ကျစရိတ်၏ တစ်ဝက်ကို လစာမှ လစဉ်အရစ်ကျ ပေးချေလျှင်ပင် နှစ်အတန်ကြာမျှ ကြာနိုင်သည်။ ဆရာဝန်ရုံးခန်းသို့ဖုန်းဆက်၍ အခြေအနေကိုရှင်းပြကာ ငွေပေးချေနိုင်မည့်ပုံစံကို မတောင်းဆိုမီ ကျွန်မဆုတောင်းခဲ့သည်။ ဧည့်ကြိုစာရေးက ခဏစောင့်ဆိုင်းစေပြီးနောက် ဆရာဝန်ကြီးသည် ကျွန်မ၏ကုန်ကျစရိတ်များကို အခကြေးငွေမယူကြောင်း ပြောပြသည်။

မျက်ရည်နှင့်ငိုရှိုက်ရင်း ကျွန်မ ကျေးဇူးတင်စကား ပြောခဲ့သည်။ ဤသို့ ရက်ရောသောလက်ဆောင်အတွက် ကျေးဇူးတင်စိတ်က ကျွန်မကို လွှမ်းမိုးသွားပါသည်။ ဖုန်းချ လိုက်ပြီး ဘုရားသခင်ကို ကျွန်မချီးမွမ်းကာ ထိုငွေကို စုမည်ဟု တွေးလိုက်သည်။ အကြွေးကို အမှတ်ရရန်အတွက် မဟုတ်ဘဲ ဘုရားသခင်ပြုပေးခဲ့သောအရာကို အမှတ်ရ နေစေရန်အတွက် ဖြစ်သည်။

ကျွန်မ၏အထူးကုဆရာဝန်သည် ကျွန်မအကြွေး များကို ချေပစ်လိုက်သည့်ကိစ္စအားဖြင့် ဘုရားရှင်သည် မရေမတွက်နိုင်အောင် များပြား လှသော ကျွန်မ၏အပြစ်ကြွေးများကို ခွင့်လွှတ်ရန် ရွေးချယ်ခဲ့ကြောင်းကို ပြန်သတိရမိ…

အမည်တစ်ခု

ကလီယိုပက်တရာ၊ ဂယ်လီလီယို၊ ရှိတ်စပီးယား၊ အဲလ်ဗစ်၊ ပီလီ တို့သည်   နာမည်တစ်လုံးနှင့် ကျော်ကြားထင်ရှားသူများဖြစ်သည်။ သူတို့မည်သူဖြစ်သည်၊ သူတို့ဘာလုပ်ခဲ့သည်ဆိုသည့် အချက်များအားဖြင့် သမိုင်းတစ်လျှောက် အထင်ကရ အမည်တွင်ကျန်ခဲ့သည်။ သို့သော် ထိုနာမည်များထက် ပို၍ကျော်စောသော အမည် နာမတစ်ခုရှိပါသည်။

ဘုရားသခင်၏သားတော် ဤလောကကြီးတွင် မမွေးဖွားမီကပင် ကောင်းကင်တမန်က မာရိနှင့် ယောသပ် တို့အား ‘‘မိမိလူတို့ကို အပြစ်မှကယ်ချွတ်မည့်သူ ဖြစ်သော ကြောင့် ယေရှုဟူသော အမည်မှည့်ရန်နှင့် အမြင့်ဆုံးသော ဘုရား၏သားတော်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံရမည်’’ ဟု ပြောကြားခဲ့သည်။ သခင်ယေရှုသည် ထင်ရှားကျော်ကြားသူ အဖြစ် ကြွမလာပါ။ မိမိကိုယ်ကို နှိမ့်ချသော အစေခံအဖြစ် ကြွလာပြီး သူ့ကိုလက်ခံယုံကြည်သူတိုင်း အပြစ်တရား၏ ချုပ်နှောင်ခြင်းမှလွတ်မြောက်လျက် အပြစ်ခွင့်လွှတ်ခြင်း ခံရရန် ကားတိုင်ပေါ်တွင် အသေခံခဲ့သည်။

တမန်တော်ကြီး ရှင်ပေါလုက ‘‘ထို့ကြောင့် ဘုရားသခင်သည် ကိုယ်တော်ကို အလွန်ချီးမြှောက်၍ ဘွဲ့နာမတကာတို့ထက် ကြီးမြတ်သောဘွဲ့နာမကို…

မာဂုပညာရှိ၏လက်ဆောင်

ငယ်ရွယ်သောဇနီးမောင်နှံနှစ်ဦးတွင် ငွေထက် အချစ်များက အလျံပယ်ရှိနေသည်။ ခရစ်စမတ်ရောက်ရန် အချိန်နီးလာသည်နှင့်အမျှ တစ်ယောက်ကိုတစ်ယောက် မည်မျှ ဂရုစိုက်ကြောင်း ပြရန်အတွက် လက်ဆောင်ရွေးရခက်နေသည်။ နောက်ဆုံးတွင် ခရစ်စမတ်အကြိုည၌ ဒဲလာ သည် ဒူးလောက်ရှည်သော သူ့ဆံပင်ကို ရောင်းခဲ့သည်။ အဖိုးနှင့်အဖေထံမှ ဂျင်း အမွေ ရထားသည့် နာရီလေးနှင့် ချိတ်တွဲမည့် ပလက်တီနမ်ချိန်းကြိုးဝယ်ပေးရန် ဖြစ်သည်။ သို့သော် ဂျင်း က ဒဲလာ ဆံပင်ဖြီးရန်အတွက် ဈေးကြီးသော ဘီးအတွဲလိုက်ကိုဝယ်ပေးရန် သူ့နာရီကို ရောင်းခဲ့သည်။

စာရေးဆရာ အိုဟင်နရီ သည် ထိုဇာတ်လမ်းကို The Gift of the Magi ဟု အမည်ပေးခဲ့သည်။  ခရစ်စမတ် မနက်ခင်း၌ ထိုလက်ဆောင်များသည် အသုံးမ၀င် အချည်းနှီးဖြစ်လျက်   မိုက်မဲမှုပမာ  သူတို့ခံစားရသော်လည်း သူတို့၏ချစ်ခြင်းမေတ္တာသည်  သူတို့ကို အကောင်းဆုံးလက်ဆောင်ပေးသူ ဖြစ်စေခဲ့သည်။

ပထမဆုံးခရစ်စမတ်ဇာတ်လမ်းတွင် မာဂုပညာရှိများသည် ဗက်လင်မြို့သို့…

ကျွန်တော့်အဖေကဲ့သို့

စာကြည့်ခန်းရှေ့ကြမ်းခင်းပေါ်မှ ဖုန်တက်ပြီး ပိုးလိုးပက်လက်ဖြစ်နေသော အဖေ၏ နွားကျောင်းသားဘွတ်ဖိနပ်သည် အလွန်ကြင်နာတတ်သောအဖေ့ကို အမှတ်ရ စာကြည့်ခန်းရှေ့ကြမ်းခင်းပေါ်မှ ဖုန်တက်ပြီး ပိုးလိုးပက်လက်ဖြစ်နေသော အဖေ၏ နွားကျောင်းသားဘွတ်ဖိနပ်သည် အလွန်ကြင်နာတတ်သောအဖေ့ကို အမှတ်ရ စေပါသည်။

အခြားအလုပ်များထက် အဖေသည် ငွေရောင်အလင်းတန်းကဲ့သို့ လျှင်မြန်စွာ ပြေးနိုင်သည့်ပြိုင်မြင်းများကို လေ့ကျင့်ထိန်းကျောင်းခဲ့သည်။ ခြေကားယားဖြင့် အဖေအလုပ်လုပ်နေပုံကို ကျွန်တော် တအံ့တသြ ကြည့်ကာ နှစ်ခြိုက်ပျော်ရွှင်ခဲ့ဖူးသည်။

သားတစ်ယောက်အနေဖြင့် ကြီးလာလျှင် အဖေနှင့် ချွတ်စွပ်တူချင်ခဲ့သည်။ ယခု ကျွန်တော် အသက် ၈၀ ထဲ ရောက်နေသော်လည်း အဖေ့ဘွတ်ဖိနပ်သည် ကျွန်တော်နှင့် အံဝင်ခွင်ကျ မဖြစ်ဘဲ ကြီးနေဆဲပင်။

ယခုအချိန်တွင် အဖေက ကောင်းကင်နိုင်ငံတွင် ရောက်ရှိနေပြီဖြစ်သည်။ သို့သော် ကျွန်တော်အတုယူရမည့် အဖေနောက်တစ်ယောက်   ရှိပါသည်။ သူနှင့် ကျွန်တော်တူချင်သည်။ သူ၏ကောင်းမြတ်ခြင်း၊ သူ၏ချစ်ခြင်းရနံ့ များဖြင့် မွှေးကြိုင်ပြည့်နှက်နေချင်လှသည်။ ယခုဘ၀တွင် မည်မျှကြိုးစားစေကာမူ မမှီနိုင်ပါ။ သူ့ဘွတ်ဖိနပ်သည် ကျွန်တော့်အတွက် အလွန်ကြီးမားလှသည်။…

ပညာရှင်တွေ ဘာပြောလဲ

Boston Globe ဂျာနယ်၏ ပင်တိုင်ဆောင်းပါးရှင် Jeff Jacoby က ‘‘ကျွမ်းကျင်ပညာရှင် တို့၏ ထူးဆန်းသည့်စွမ်းရည်များသည် အသုံးမ၀င်၊ တက်တက်စင်အောင်လွဲသည့်   အမှားများကို ဖြစ်စေကြောင်း’’ကို ရေးသားခဲ့သည်။ ဖြစ်ပျက်ခဲ့သောသမိုင်းကို တစေ့တစောင်း ကြည့်လျှင် သူ့အဆိုက မှန်နေသည်။ ဥပမာ - ကြီးမြတ်သော တီထွင်သူ သောမတ်အက်ဒီဆန် က စကားပြော အသံထွက် ရုပ်ရှင်များသည် အသံတိတ်ရုပ်ရှင်များကို အစားထိုး ပေါ်လာနိုင်မည်မဟုတ်ဟု ကြေညာခဲ့ဖူးသည်။ ၁၉၂၈ ခုနှစ် တွင် ဟင်နရီဖို့ဒ် က ‘‘လူသားများသည် ထက်မြက်လွန်းခြင်း ကြောင့် နောက်ထပ် စစ်ပွဲများမရှိနိုင်’’ ဟု ပြောခဲ့သည်။ မရေမတွက်နိုင်သော ကျွမ်းကျင်ပညာရှင်များ၏ ခန့်မှန်းမှု များသည် အကြီးအကျယ် မှားယွင်းခဲ့သည်။ ပညာရှင်များတွင် စွမ်းရည်အကန့်အသတ် ရှိသည်မှာ အထင်အရှားပင်။

ပုဂ္ဂိုလ်တစ်ဦးကိုသာလျှင် ကျွန်ုပ်တို့လုံးဝဥဿုံ ယုံကြည်မှီခိုနိုင်သည်။ ကျွမ်းကျင်ပညာရှင်ဆိုလျှင် လေးနက် သောစကား ဆိုအပ်သည်ဟုဆိုသည့်အတိုင်း သူ၌ခိုင်မာ လေးနက်သော…

အံ့မခန်းသော ဘုန်းတန်ခိုးတော်

ဥရောပတစ်ခွင် ခရီးပြုရာတွင် ရှုခင်းများဖြင့်သာယာလှပပြီး ခမ်းနားလှသော ဘုရားကျောင်းများသို့ သွားရောက်လည်ပတ်ရခြင်းသည် ကြည်နူးဖွယ် အကောင်းဆုံးအချိန်ဖြစ်သည်။ မိုးကောင်းကင်သို့ ထိုးထွက်နေသော အဆောက်အဦများသည် အသက်ရှူမှားလောက် အောင် အံ့မခန်းလှပသည်။ ထိုအံ့ဖွယ် အဆောက်အဦအတွင်းရှိ ဗိသုကာလက်ရာများ၊ ပန်းချီကားနှင့် အနုပညာအမှတ်သင်္ကေတများသည် ခမ်းနား တင့်တယ်၍ အံ့သြဖွယ်ကောင်းသည့် ပဉ္စလက်ဆန်သော အတွေ့အကြုံကို ခံစားရစေပါသည်။

ထိုအဆောက်အဦများသည် ဘုရားရှင်၏ဘုန်းတော်၊ အံ့ဖွယ်နာမတော်ကို ဖော်ကျူးဖွင့်ပြရန် ရည်ရွယ်ချက်ဖြင့်တည်ဆောက်ထားကြောင်း ကျွန်တော် ဆင်ခြင်တွေးရင်း ၎င်းတို့သည် ဘုရားရှင်၏ဘုန်းအသရေတော်ကို စိတ်နှလုံး၌  ခံစားသိစေနိုင်သည်၊ ကိုယ်တော်၏ကြီးမြတ်ခြင်းကို ပြန်ပြောင်း သတိပေးလျက် အမှတ်ရစေသည်ဟု ခံစားရသည်။

လူသားများ၏ကြိုးစားမှု၊ နန်းတော်တမျှထယ်ဝါသည့် အဆောက်အဦများကို ကျော်ပြီး ဘုရားသခင်ကိုယ်တိုင် ဖန်ဆင်းခဲ့သော တုနှိုင်းမဲ့ ဖန်ဆင်းခြင်းလက်ရာများကို ရှုမြင်ပါ။ ကြယ်လစုံသော ကောင်းကင်ကြီးကို မော့ကြည့်ပြီး စကြ၀ဠာကြီးကို နှုတ်မိန့်ဖြင့် ဖြစ်တည်စေခဲ့သော ဘုရားရှင်၏တန်ခိုးတော်အကြောင်း ဆင်ခြင်ကြည့်ပါ။ မွေးကင်းစ ကလေးကို…

ဆက်လက်လျှောက်လှမ်းပါ

ကျွန်တော် အလုပ်လုပ်သည့် အဆောက်အဦအပြင်ဘက်ခြမ်း၏ အုတ်တံတိုင်းဘေးမှ ဖြတ်လျှောက်ရင်း ကွန်ကရစ်အက်ကွဲကြောင်းကြားမှ ပေါက်နေသော လှပသောပန်းလေးကို တွေ့ရ၍ အံ့သြသွားရသည်။ သူပေါက်ရမည့်နေရာမဟုတ်သော်လည်း အပင်ကလေးသည် ရရာနေရာတွင် ခြေကုပ်ယူကာ အက်ကွဲကြောင်းအကြား အမြစ်တွယ်လျက် ဖူးပွင့်နေသည်။ နောက်မှ ထိုအပင်အပေါ် တည့်တည့်ရှိ လေအေးပေးစက်မှ တစ်နေ့လုံး ရေစီးကျနေကြောင်း ကျွန်တော် သတိထားမိသည်။ သူ့ပတ်ဝန်းကျင်သည် မည်မျှပင် ကြမ်းတမ်းနေပါစေ အပင်လေး သည် သူလိုအပ်နေသောရေကို လေအေးပေးစက်မှ ရရှိခဲ့သည်။

ခရစ်ယာန်အသက်တာ၏ ကြီးထွားရင့်ကျက်မှုသည် ခက်ခဲကောင်းခက်ခဲနိုင်သော်လည်း ခရစ်တော်နှင့်အတူ သည်းခံ ကျော်လွှားပါက အခက်အခဲအတားအဆီးတိုင်းကို ကျော်လွှား နိုင်မည်ဖြစ်သည်။ အခြေအနေများက မျက်နှာသာမပေး၊ စိတ်ဓာတ်ကျစရာများကလည်း အတားအဆီးသဖွယ် ဖြစ်နေသည့်တိုင် ခရစ်တော်နှင့်အတူ မိတ်သဟာယပြုလျက် ဖြတ်ကျော်မည်ဆိုပါက တစ်ပင်ထီးတည်းဖြစ်သော အပင်ကဲ့သို့ ပွင့်လန်းနိုင်မည် ဖြစ်သည်။ တမန်တော် ရှင်ပေါလုက ထိုအဖြစ်မျိုးကို ရင်ဆိုင်ခဲ့ရသည်။ သူရင်ဆိုင်နေရသော အခြေအနေ…

အသစ်တစ်ဖန် အစပြုခြင်း

ဒီဇင်ဘာလကုန်၍ ခရစ်စမတ်ကာလ ပွဲလမ်းသဘင်များ ပြီးဆုံးသွားသောအခါ ကျွန်မ အတွေးများက နောင်လာမည့်နှစ်သို့ ဦးတည်သွားသည်။ ကလေးများ ကျောင်းပိတ်ချိန် ဖြစ်၍ နိစ္စဓူဝ ၀တ္တရားများနည်းပါးချိန်တွင် မနှစ်ကဖြစ်ပျက်ခဲ့သည့် အချင်းအရာများ၊နောက်နှစ်၌ မိမိဖြစ်လိုသောအချင်းအရာများနှင့် စပ်လျဉ်း၍ ကျွန်မဆင်ခြင်မိသည်။ ထိုသို့ ဆင်ခြင်တွေးလိုက်တိုင်း ကျွန်မပြုခဲ့သော အမှားများ အတွက် နာကျင်ပြီး နောင်တရမိသည်။ သို့တိုင် နှစ်သစ် တစ်နှစ်ကို စတင်ရမည့်အတွေးသည် ကျွန်မကို မျှော်လင့်ခြင်း များဖြင့် မျှော်တလင့်လင့် ဖြစ်စေသည်။ မနှစ်က မည်သို့ပင် ဖြစ်ခဲ့ဖြစ်ခဲ့ အသစ်တစ်ဖန် အစပြုနိုင်ခြင်းသည်   အခွင့်အရေးတစ်ခုရရှိသကဲ့သို့ ကျွန်မခံစားရပါသည်။

ဣသရေလလူမျိုးများသည် ဗာဗုလုန်နိုင်ငံ၌ နှစ်ပေါင်း ၇၀ ကြာ ကျွန်ခံခဲ့ရပြီးနောက် ပေရသိရှင်ဘုရင် ကုရုမင်းက ၎င်းတို့၏တိုင်းပြည် ယုဒပြည်သို့ ပြန်လွှတ်လိုက်သောအခါ သူတို့ခံစားရမည့် မျှော်လင့်ခြင်းနှင့် နှိုင်းဆကြည့်ပါက ကျွန်မ၏အသစ်တဖန် အစပြုမည့် မျှော်လင့်ချက်က  သိမ်ငယ်သွားသည်။ နေဗုခဒ်နေဇာမင်းသည် ဣသရေလလူမျိုးများကို…

ယုံကြည်ခြင်းကိုတည်ဆောက်ပေးသော အမှတ်တရများ

 တေးဂီတသံများလွှမ်းနေသော ဘုရားကျောင်းထဲသို့ ၀င်လာရင်း နှစ်သစ်အကြိုည အတွက် စုရုံးနေသော လူအုပ်ကြီးကို ကြည့်နေမိသည်။ မနှစ်က ဆုတောင်းချက်များကို ပြန်လည်တွေးရင်း ကျွန်ုပ်နှလုံးသား၌ ၀မ်းမြောက်လျက် မျှော်လင့်ခြင်းတို့ မြင့်တက်  လာသည်။ နာခံမှုမရှိ ရိုင်းပျသည့်ကလေးများ၊ ဆုံးပါးသွားသည့်ချစ်ခင်သူများ၊ အလုပ် လက်မဲ့ဖြစ်မှုနှင့် အိမ်ထောင်များပြိုကွဲခြင်း စသည့်အမှုများကြောင့် အသင်းတော်သည် ပူဆွေးသောကရောက်လျက် ဆုတောင်း ခဲ့ကြသည်။ ထို့အတူ စိတ်နှလုံးပြောင်းလဲခဲ့သူ၊ ခံစားရသည့် နာကျင်မှုဒဏ်မှ နှစ်သိမ့်သက်သာရာရရှိခဲ့သူ တစ်ဦးချင်းစီကို သတိရပြန်သော် ဘုရားသခင်၏ ကျေးဇူးတော် ကို ခံစားခဲ့ရသည် မဟုတ်ပါလား။ အောင်မြင်မှုရခဲ့သည့်အမှုများ၊ လက်ထပ်မင်္ဂလာပွဲများ၊ လူငယ်မောင်မယ်များ အထက်တန်းကျောင်း ပြီးစီးအောင်မြင်ခြင်း၊ ဘုရားသခင်၏မိသားစုဝင် တိုးလာသည့် နှစ်ခြင်းမင်္ဂလာ စသည့်ပွဲများကို ဆင်နွဲခဲ့ရသည်။ ကလေးမွေးဖွားခြင်း၊ ကလေးမွေးစားခြင်း၊ ကလေးကို ဘုရားထံဆက်ကပ်ခြင်း စသည်ဖြင့် အခြားအရာ များစွာလည်း ရှိပါသေးသည်။

ယေရမိသည် သူခံခဲ့ရသော ဆင်းရဲငြိုငြင်ခြင်းနှင့် ဦးတည်ရာမဲ့နေမှုများကို သတိရသကဲ့သို့(မြည် ၃း၁၉) ကျွန်ုပ်တို့အသင်းတော်…