တိုင်းတာ၍ မရသော
လွန်ခဲ့သောနှစ်အနည်းငယ်က ချီကာဂိုမြို့ရှိ ယူနီယံဘူတာ လူအုပ်ကြားထဲတွင် ကျွန်တော့်မိတ်ဆွေတစ်ဦးသည် သူ၏သားငယ်လေးနှင့်မျက်ခြေပြတ်ပြီး ကလေးပျောက် သွားသည်။ အလွန်ထိတ်လန့်ဖွယ် အတွေ့အကြုံပင်ဖြစ်ကြောင်း ပြောစရာပင် မလို။ ထိပ်ပြာမှုဖြင့် သားငယ်လေး၏နာမည်ကို အော်ခေါ်ရင်း စက်လှေကားဆီ ပြန်သွားပြီး နောက်ကြောင်းပြန် ခြေရာကောက်ကာ သားလေးကို တွေ့ရန် အစွမ်းကုန် ကြိုးစားရှာဖွေခဲ့သည်။ ထိုအချိန် မိနစ်အနည်းငယ်လေးသည် နာရီနှင့်အမျှ ကြာမြင့်သကဲ့သို့ ထင်ရသည်။ ထိုစဉ် သားငယ်လေးက ရုတ်တရက် လူအုပ်ကြားထဲမှ ဘွားကနဲပေါ်လာပြီး သူ့ထံ တစ်ဟုန်ထိုး ပြေးလာကာ သူ့ရင်ခွင်ထဲ တိုးဝင်ခိုလှုံခဲ့သည်။
ကျွန်တော့်မိတ်ဆွေသည် သားငယ်လေး ပြန်တွေ့ အောင် သူဘာမဆိုလုပ်မည်ကိုတွေးရင်း ကျွန်တော်တို့ကိုကယ်တင်ရန် ဘုရားရှင်ပြုခဲ့ သော အံ့ဖွယ်ရာအမှုအတွက် ကိုယ်တော်အား ကျေးဇူးတင်မိသည်။ ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းခဲ့သော အာဒံနှင့်ဧ၀တို့ကို အပြစ်နွံထဲ၌ ဆုံးရှုံးခဲ့ ရချိန်ကတည်းက လူသားများနှင့်ဆက်ဆံရေးမိတ်သဟာယကို ဆုံးရှုံးခဲ့ရသောကြောင့် ဘုရားသခင် ၀မ်းနည်းပူဆွေးခဲ့ရသည်။ ပျောက်သောသူများကို…
ထာဝရမျှော်လင့်ရာ
အမေဆုံးပြီး နှစ်လအကြာ၊ ခရစ်စမတ်မတိုင်ခင် တစ်ပတ်အလိုတွင် လုပ်ဆောင်ရမည့် အလုပ်စာရင်း၌ အားလပ်ရက်ဈေးဝယ်ထွက်ရန်နှင့် အိမ်အလှဆင်ရန်တို့ကို ကျွန်မ နောက်ဆုံး၌ ထားလိုက်သည်။ ယုံကြည်ခြင်းနှင့်ပြည့်ဝသည့် မိသားစု၏ရှေ့ဆောင်လမ်းပြ မိခင်ကြီးကို ဆုံးရှုံးလိုက်ရ၍ ကြေကွဲပူဆွေးနေသဖြင့် ခင်ပွန်းသည်၏နှစ်သိမ့်အားပေးမှုကို ကျွန်မ မခံယူနိုင်ခဲ့ပါ။ သားလေး Xavier က အိမ်နံရံထက်တွင် ခရစ်စမတ်မီးသီးများ ချိတ်ဆွဲနေစဉ် ကျွန်မက တိတ်တဆိတ် ပူဆွေးနေသည်။ သို့နှင့် သားအဖနှစ်ဦးသား စကားတစ်ခွန်းမျှ မပြောဘဲ မီးခလုတ်ကိုဖွင့်ပေးခဲ့ပြီး နှစ်ယောက်စလုံး အလုပ် သွားတော့သည်။
မှိတ်တုတ်မှိတ်တုတ် ရောင်စုံမီးသီးများထွန်းလင်း ချိန်တွင် ဘုရားရှင်သည် အမှောင်ကျနေသည့်အသက်တာ ထဲမှကျွန်မကို ဆွဲထုတ်ခဲ့သည်။ အခြေအနေများသည် မည်မျှပင် နာကျင်နေရပါစေ ဘုရားသခင်၏ မပြောင်းလဲသော သဘောသဘာဝကို အစဉ်ဖော်ပြနေသော ဘုရားသခင်၏ သမ္မာတရားအလင်းတွင် ကျွန်မ၏မျှော်လင့်ခြင်းများသည် လုံခြုံနေပါသည်။
ထိုနေ့မနက်က ဘုရားသခင်သတိပေးသည့်အချက်ကို ဆာ ၁၄၆ မှ အတည်ပြု…
နူးညံ့သိမ်မွေ့ခြင်း
ဘ၀အသက်တာ၏အခက်အခဲပြဿနာများသည် ကျွန်ုပ်တို့ကို ခက်ထန်စေ၊ စိတ်ပျက်စေသော်ငြားလည်း၊ ထိုဆိုးရွားသောအပြုအမူများကို အခွင့်မပေးသင့်ပါ။ အကြောင်းမှာ ၎င်းသည် ကျွန်ုပ်တို့ချစ်ရသောသူများ၏ စိတ်နှလုံးကို ညှိုးနွမ်းစေနိုင်သလို ပတ်ဝန်းကျင်ရှိ လူများကိုလည်း စိတ်ဆင်းရဲစေသောကြောင့် ဖြစ်သည်။ မိမိကိုယ်တိုင် ကောင်းမွန် တင့်တယ်စွာ မနေနိုင်သေးသ၍၊ မနှစ်မြို့ဖွယ် ဖြစ်နေသ၍ အခြားသူများအပေါ် ကျွန်ုပ်တို့ တာဝန်မကျေပွန်နိုင်ပေ။
ဓမ္မသစ်ကျမ်း၌ ဖော်ပြပါရှိသည့် မနှစ်မြို့ဖွယ် မတင့်တယ်သောအမူအကျင့်ကို ပြုပြင်ပေးမည့် ပါရမီ တစ်ပါးမှာ နူးညံ့သိမ်မွေ့ခြင်း ဖြစ်သည်။ ၎င်းသည် ကြင်နာမှုနှင့် ကျေးဇူးပြုသောစိတ်ထားကို ရည်ညွှန်းသည်။ ဧဖက် ၄း၂ တွင် ‘‘အရာရာ၌ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း’’ ရှိရန် ကျွန်ုပ်တို့ကို သတိပေးသည်။
နူးညံ့သိမ်မွေ့ခြင်း ဆိုသည်မှာ မိမိ၏ဒေါသနှင့်ပြဿနာများကို သူတစ်ပါးအပေါ် ပုံမချဘဲ အားနည်းချက်၊ ချို့ယွင်းချက်များကို လိုလားစွာ လက်ခံခြင်းဖြစ်သည်။ အသေးငယ်ဆုံးသော ၀န်ဆောင်မှုအတွက် ကျေးဇူးတင်ကြောင်းကိုပြပြီး ကောင်းစွာ ၀န်ဆောင်မှုမပေးသူများကိုလည်း…
ကြီးမားသောကမ္ဘာ၊ သာ၍ ကြီးမြတ်သောဘုရားသခင်
မီချီဂန် ပြည်နယ်မြောက်ပိုင်းတွင် ခရီးသွားရင်း အီကွေတာနှင့် မြောက်ဝင်ရိုးစွန်း၏ အလယ်တည့်တည့်ကို အမှတ်အသားပြုထားသည့် ၄၆ ဒီဂရီ မျဉ်းပြိုင်ဆိုင်းဘုတ်ကို ဖြတ်သန်းသွားစဉ် မာလင်းက ‘‘ကမ္ဘာကြီးက ဒီလောက်တောင်ကြီးတာ အံ့မခန်းဘဲနော်’’ ဟု တအံ့တသြဆိုသည်။ ထို့နောက် ကျွန်ုပ်တို့သည် မည်မျှသေး၍၊ ကမ္ဘာမြေမည်မျှ ကြီးမားကြောင်း ပြောဖြစ်ခဲ့ကြသည်။ သို့တိုင် စကြ၀ဠာကြီးနှင့် နှိုင်းဆကြည့်ပါက ကျွန်ုပ်တို့၏ကမ္ဘာမြေပင် မြူမှုန်တစ်မျှ ဖြစ်သွားပါတော့သည်။
ကမ္ဘာမြေက ကြီးမား၍၊ စကြ၀ဠာကြီးက သာ၍ ကြီးမားပါက ထိုအရာများကို ဖန်ဆင်းခဲ့သူသည် မည်မျှ တန်ခိုးကြီးမားလိမ့်မည်နည်း။ သမ္မာကျမ်းစာ၌ ‘‘အကြောင်း မူကား ထိုသားတော်သည် ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာရှိသမျှသော ရူပအရာ၊ အရူပအရာ၊ ရာဇပလ္လင်ဖြစ်စေ၊ အစိုးရခြင်း တန်ခိုးဖြစ်စေ၊ အထွဋ်အမြတ်ဖြစ်စေ၊ အာဏာစက်ဖြစ်စေ၊ ခပ်သိမ်းသော အရာတို့ကို ဖန်ဆင်းတော်မူ၏။ ထိုသခင်အားဖြင့်လည်းကောင်း၊ ထိုသခင်အဖို့အလိုငှာ လည်းကောင်း၊ ခပ်သိမ်းသောအရာတို့သည် ဖန်ဆင်းလျက်ဖြစ်ကြ၏’’ (ကော…
သူရဲကောင်းထက်သာလွန်၍
Star Wars သိပ္ပံရုပ်ရှင်ဇာတ်ကားကို နှစ်သက်သော ကမ္ဘာတစ်ဝန်းမှပရိသတ်များသည် အပိုင်း(၈) The Last Jedi ကို စောင့်စားနေကြစဉ် ဤသိပ္ပံရုပ်ရှင်များသည် ၁၉၇၇ နှစ်မှစ၍ အဘယ်ကြောင့် အလွန်နာမည်ကြီးလာရသည်ကို လူတို့သုံးသပ်ကြသည်။ CNNMoney စီးပွားရေးသတင်းလိုင်းမှ သတင်းထောက် ဖရန့်ပေါ်လော့တာ က Star Wars ရုပ်ရှင်များ နာမည်ကြီးရခြင်းမှာ “မျှော်လင့်ချက်အသစ် နှင့် ကမ္ဘာကြီး၏ကောင်းကျိုးကို ဆောင်ကြဉ်းနိုင်မည့် သူရဲကောင်းများကို လိုလားတောင့်တနေသူများ”နှင့် ပတ်သက် ဆက်နွယ်နေသောကြောင့်ဖြစ်သည်ဟုဆိုသည်။Star Wars သိပ္ပံရုပ်ရှင်ဇာတ်ကားကို နှစ်သက်သော ကမ္ဘာတစ်ဝန်းမှပရိသတ်များသည် အပိုင်း(၈) The Last Jedi ကို စောင့်စားနေကြစဉ် ဤသိပ္ပံရုပ်ရှင်များသည် ၁၉၇၇ နှစ်မှစ၍ အဘယ်ကြောင့် အလွန်နာမည်ကြီးလာရသည်ကို လူတို့သုံးသပ်ကြသည်။ CNNMoney စီးပွားရေးသတင်းလိုင်းမှ သတင်းထောက် ဖရန့်ပေါ်လော့တာ က Star Wars ရုပ်ရှင်များ နာမည်ကြီးရခြင်းမှာ “မျှော်လင့်ချက်အသစ်…
ဘုရားသခင်၏မစမှုဖြင့်
ကျွန်မအသက်ကြီးလာသည်နှင့်အမျှ အရိုးအဆစ်များ ကိုက်ခဲသည့်ဒဏ်ကို အထူးသဖြင့် အေးသည့်ရာသီတွင် ပို၍ခံစားရသည်။ တစ်ခါတစ်ရံတွင်မူ စိန်ခေါ်မှုများကို ကြံ့ကြံ့ခံ နိုင်သော အငြိမ်းစားဝန်ထမ်းများပမာ အောင်နိုင်သူကြီးကဲ့သို့ ပို၍သက်သောင့် သက်သာ ခံစားရသည်။
ထို့ကြောင့် အသက်ကြီးသော ကာလက်ကို ကျွန်မ၏သူရဲကောင်းအဖြစ် ရွေးချယ်လိုက်ရခြင်းဖြစ်သည်။ ကာလက်သည် ကတိတော်မြေ ခါနန်ပြည်ကို ထောက်လှမ်း ရန် မောရှေစေလွှတ်လိုက်သည့် သူလျိုဖြစ်သည် (တော ၁၃-၁၄)။ စေလွှတ်လိုက်သော သူလျို ၁၂ ဦးအနက် အခြားသူများက မဖြစ်နိုင်ကြောင်း သတင်းပို့ကြချိန်တွင် ကာလက်နှင့်ယောရှု နှစ်ဦးသာလျှင် ဘုရားသခင် အခွင့်အရေး ပေးကြောင်း သတင်းကောင်းကို ပြောကြားသည်။ ယောရှု မှတ်စာ ၁၄ တွင် ကာလက်သည် သူရပိုင်ခွင့်ရှိသော မြေဝေစုကိုလက်ခံရန် အချိန်တန်ပြီဖစ်သော်လည်း ထိုမြေမှ ရန်သူများကို တိုက်ထုတ်ရန် ကျန်သေးသည်။ အနားယူရန် ဆန္ဒမရှိ၊ တိုက်ပွဲကိုလည်း လူငယ်များအား လက်မလွှဲဘဲ ကာလက်က…
အဲဒါ ကျွန်တော် မဟုတ်ပါ
၂၀ ရာစု၏နာမည်အကျော်ကြားဆုံး သံစုံတီးဝိုင်းဂီတမှူး အာတူရို တော့စ်ကာနီနီ သည် ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုလိုသည်ဆန္ဒရှိသူအဖြစ် သူ့ကို လူတို့အမှတ်ရ သတိရကြသည်။ ဒေးဗစ်အာဝန်ရေးသားသည့် Dictators of the Baton စာအုပ်တွင် စာရေးသူက New York Philharmonic Orchestra သံစုံတီးဝိုင်း၏အဖွဲ့သားတို့သည် ဘီသိုဗင်၏ Ninth Symphony တေးသွားကို အစမ်း လေ့ကျင့်မှုအပြီးတွင် မတ်တပ်ရပ်လျက် တော့စ်ကာနီနီကို ဂုဏ်ပြုကြသည်။ ထိုသို့ ဂုဏ်ပြုနေစဉ်သူက မျက်ရည်ရွဲလျက် ကြေကွဲသောအသံဖြင့် “အဲဒါ ကျွန်တော် မဟုတ်ပါဘူးဗျာ။ ... အဲဒီလူက ဘီသိုဗင်ဖြစ်ပါတယ်ဗျာ။... တော့စ်ကာနီနီဟာ ဘာမှမဟုတ်ပါဘူးဗျာ” ဟု အံ့အားကျေနပ်စွာ ပြောခဲ့သည်။
ဓမ္မသစ်ကျမ်းတွင် ရှင်ပေါလု၏ဝိညာဉ်ရေးအမြင်နှင့် လွှမ်းမိုးမှုအပေါ် သူ့အား ဂုဏ်ပြုချီးမြှင့်ခြင်းကို ငြင်းဆန် ခဲ့သည်။ သူသည် ခရစ်တော်ကို ယုံကြည်သူများစွာအတွက် ဝိညာဉ်ရေး အမိအဘပမာ ဖြစ်ခဲ့ကြောင်း…
ပူပန်မှုကို ကုစားခြင်း
ကျွန်မ၏ခင်ပွန်းသည် အခြားဒေသသို့ အလုပ်တာဝန်ကျသဖြင့် ပြောင်းရွေ့ရန် ကျွန်မတို့ စိတ်လှုပ်ရှားနေကြသည်။ မရောက်ဖူးသောနေရာလည်းဖြစ်၊ တွေ့ကြုံရမည့် အခက်အခဲ များကို ကြိုတွေးရင်း ပူပန်သောကရောက်ရသည်။ ယူသွားရမည့်ပစ္စည်းများကို ရွေးပြီးထုပ်ပိုးရန်ကိစ္စ၊ အိမ်ရှာရမည့်ကိစ္စ၊ ကျွန်မလည်း အလုပ်သစ်ရှာရဦးမည်။ နေရာသစ်တွင် သွားရေးလာရေးနှင့် အတည်တကျဖြစ်ရေးအတွက် ပြင်ဆင် စရာများ၊ ... အများကြီးပါ။ ဘာမှလည်း အဆင်သင့်မဖြစ်သေး။ ကျွန်မလုပ်ရမည့်အရာကို တွေးနေစဉ် “မစိုးရိမ်နှင့်။ ... ပတ္ထနာပြုပါ” (ဖိ ၄း၆-၇) ဟူသည့် ရှင်ပေါလုရေးသားသော စာများက ကျွန်မ၏နှလုံးသားတွင် မြည်ဟီးလာသည်။
ကြိုတင်မသိနိုင်သည့်ကိစ္စများနှင့် စိန်ခေါ်မှုများကို ကြုံတွေ့ရသူသည် မည်သူနည်းဟုမေးလျှင် ထိုသူသည် ရှင်ပေါလုပင်ဖြစ်သည်။ သင်္ဘောပျက်သည်နှင့် ကြုံရသည်။ ရိုက်နှက်ခြင်း ခံရသည်။ ထောင်ချခံရသည်။ ဖိလိပ္ပိ အသင်းတော်သို့ ပေးပို့သောစာတွင် ဘာဖြစ်မည်မှန်း ကြိုတင်မသိနိုင်သည့်အခြေအနေနှင့် ရင်ဆိုင်ကြုံနေရသည့် သူ့မိတ်ဆွေများကို “အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ ကျေးဇူးတော်ကို…
အားလုံးသည် လက်ဆောင်ချည်းသာ
လန်ဒန်မြို့ရှိ ကဖေးရန်ဒဗူးကော်ဖီဆိုင်လေးကို လှပသောမီးရောင်များ၊ ငြိမ့်ညောင်းသော ထိုင်ခုံများနှင့် ဆင်ယင်ထားပြီး သင်းပျံ့သော ကော်ဖီရနံ့ကလည်း လေထဲတွင် ပြန့်လွှင့် နေသည်။ ထိုဆိုင်၌ မရှိသည့်အရာမှာ ဈေးနှုန်းပင်ဖြစ်သည်။ မူလက ထိုဆိုင်လေးကိုဒေသခံအသင်းတော်တစ်ခုမှ လုပ်ငန်းတစ်ခုအဖြစ် စတင်ဦးစီးလုပ်ဆောင်ခဲ့ပြီး တစ်နှစ် အကြာတွင် ကဖေးဆိုင်အဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့သည်။ ဆိုင်မန်နေဂျာများက အပြုသဘော အပြောင်းအလဲ တစ်ခုခု လုပ်ရန် - မီနူးစာရင်းတွင်ပါသည့် အစားအသောက်များ အားလုံးကို အခမဲ့ကျွေးရန် ဘုရားသခင်က သူတို့ကို နှိုးဆော်သကဲ့သို့ ခံစားရသည်။ ကော်ဖီလား၊ ကိတ်မုန့်လား၊ အသားညှပ် ပေါင်မုန့်လား။ ကြိုက်တာမှာ၊ ငွေပေးချေစရာ မလို - အခမဲ့။ အလှူခံပုံးလည်းမထား။ အားလုံးသည် အခမဲ့။
အဘယ့်ကြောင့် ထိုမျှရက်ရောရသနည်းဟု မန်နေဂျာကို ကျွန်တော် မေးကြည့်သည်။ “ဘုရားသခင်က ကျွန်ုပ်တို့အပေါ် ပြုစုသကဲ့သို့ ကျွန်ုပ်တို့ကလည်း အခြားသူကို ကြိုးစား၍ ပြုစုခြင်းသက်သက်သာဖြစ်တယ်။ ကျွန်ုပ်တို့က ကျေးဇူးတင်သည်ဖြစ်စေ၊…
နဂိုအတိုင်း ပြန်လည်ပြုပြင်ပြီးဖြစ်သည်
အသင်းတော်တွင် ဧည့်သည်တီးဝိုင်းအဖွဲ့မှ ချီးမွမ်းဝတ်ပြုခြင်းအစီအစဉ်ကို ဦးဆောင် လျက်ရှိပြီး သခင်ဘုရားအတွက် သူတို့၏စိတ်ပြင်းပြမှုမှာ စိတ်လှုပ်ရှားဖွယ် ဖြစ်သည်။ သူတို့၏ စိတ်အားထက်သန်မှုကို အထင်းသား မြင်နေရသည်။
ထို့နောက်တွင် ဂီတအဖွဲ့သားများက သူတို့အားလုံးသည် ထောင်ထွက်များ ဖြစ်ကြောင်း ဖော်ပြကြရာ၊ ရုတ်ခြည်းပင် တေးသီချင်းများ၏ အဓိပ္ပာယ်မှာ ထူးခြားသွားပြီး သူတို့၏ချီးမွမ်းခြင်းစာသား များက သူတို့အတွက် အဘယ်ကြောင့် အဓိပ္ပာယ် ရှိရသည်ကို သဘောပေါက်သွားသည်။ သူတို့၏၀တ်ပြုချီးမွမ်းခြင်းက ပျက်စီးကြေမွသောဘ၀များ ပြန်လည်ကောင်းမွန်လာသည့် အကြောင်း သက်သေခံချက်ပင်။
လောကကြီးက အောင်မြင်မှုကို ပွေ့ဖက်ကြိုဆိုကောင်းကြိုဆိုနေမည်။ သို့သော် အတိတ်မှကျရှုံးမှုအဖြစ်များ ကလည်း လူတို့အတွက် မျှော်လင့်ခြင်းကို ပေးနိုင်စွမ်းသည်။ ထိုအရှုံးများက ကျွန်ုပ်တို့ မည်ရွေ့မည်မျှ ကျရှုံးပါလေစေ၊ ဘုရားရှင်သည် ကျွန်ုပ်တို့ကို ချစ်ကြောင်း စိတ်ချမှုကို ပေးသည်။ ယုံကြည်ခြင်းအခန်းကြီး ဟု ကျွန်ုပ်တို့ ခေါ်ဝေါ်သော ဟေဗြဲ ၁၁ ကို…