ချစ်ခြင်းဘာသာစကား
မိမိတို့၏မွေးရပ်မြေမှလူမျိုးများ ၎င်းတို့၏ မိခင်ဘာသာစကားဖြင့် ဘုရားသခင်၏ မေတ္တာတော်ကိုကြားသိစေရေး အေသင်မြို့လယ်ရှိဘုရားကျောင်း၌ ကျွန်မတို့ ပြိုင်တူဆုတောင်းစဥ် ပြင်သစ်၊ ဂျာမန်၊ စလိုဗက်၊ ဂရိနှင့် အင်္ဂလိပ်ဘာသာစကားများဖြင့် ပြိုင်တူဆုတောင်းသံများ မြည်ဟီးပဲ့တင်ထပ်နေသည်။ ဆုတောင်းရန် ဤသို့ စုရုံးရောက်ရှိလာသည့်နေ့သည် ပင်တေကုတ္တေပွဲနေ့တွင်ဖြစ်ကြောင်း ကျွန်မတို့ သိမှတ်သောအခါ စုဝေးခြင်း၏အလှမှာ ပိုမိုအဓိပ္ပာယ်ရှိလာခဲ့သည်။
ဓမ္မဟောင်းကျမ်းတွင်၊ ပင်တေကုတ္တေပွဲသည် ပသခါပွဲပြီးနောက် ရက် ၅၀ တွင် ကျင်းပသော ကောက်ရိတ်သိမ်းပွဲတော်ဖြစ်သည် (ဝတ် ၂၃:၁၅-၂၁)။ သခင်ယေရှု အသေခံကာ ရှင်ပြန်ထမြောက်ပြီးနောက် ပထမဆုံးသော ပင်တေကုတ္တေပွဲနေ့တွင် ယုံကြည်သူများသည် ယေရုရှလင်မြို့၌ စုရုံးခဲ့ကြသည်။ “လေပြင်းမုန်တိုင်းကဲ့သို့သောအသံသည် တခဏခြင်းတွင်” လာ၍၊ “မီးလျှာကဲ့သို့” ထင်ရှားကာ၊ “ထိုသူအပေါင်းတို့သည်လည်း သန့်ရှင်းသောဝိညာဥ်တော်နှင့်ပြည့်၍၊ ဝိညာဉ်တော်သည် ဟောပြောသော အခွင့်ကို ပေးတော်မူသည်အတိုင်း အမျိုးမျိုးသောဘာသာစကားအားဖြင့် ဟောပြောကြ၏” (တ ၂:၂-၄)။ အခြားတိုင်းနိုင်ငံမှ လူများသည် ဘုရားသခင်၏ “အံ့ဖွယ်သောအမှု”တို့ကို…
တစ်လုံးတစ်ဝတည်း
“ ထိုသူတို့သည် တစ်လုံးတစ်ဝတည်း ဖြစ်ရပါမည်အကြောင်း” ဟူသည့်ကျမ်းချက်ကို ရိုးရိုးစားပွဲပေါ်တွင် သာမန်ခွက် ၁၃ ခွက် ပါရှိပြီး မှန်ပုံကွက် တစ်ကွက်စီ၌ ခွက်တစ်ခုစီ ပါရှိသည့် ခေတ်ပေါ်ပန်းချီကားကို အော့စ်ဖို့ (Oxford) တက္ကသိုလ်ရှိ Wolfson College (ဝို့ဆန် ကောလိပ်)၌ ချိတ်ဆွဲထားသည်။ ၎င်းသည် ရိုးရိုးလေးနှင့် အမှန်ပင် အရေးပါသည့် “သခင်ယေရှုနှင့် သူ၏တပည့်တော်များ၏နောက်ဆုံးညစာစားပွဲ” အဖြစ်အပျက်ဖြစ်သည်။ သခင်ယေရှုကို ကိုယ်စားပြုသည့် မုန့်နှင့် စပျစ်ရည်ခွက်ပါရှိသည့် မှန်ပုံကွက်က အပေါ်လွင်အထင်ရှားဆုံးဖြစ်ပြီး၊ ၎င်းကို တပည့်တော်အယောက်စီတိုင်းပါဝင်မှုကို ပုံဆောင်သည့် မှန်ပုံကွက် ၁၂ ကွက်က ဝိုင်းရံထားသည်။
ထိုပန်းချီသည် သခင်ယေရှုက သူ၏နောက်တော်လိုက်အားလုံးတို့အတွက် အသစ်သောပွဲခံခြင်းကို အစပြုရန် မုန့်နှင့်စပျစ်ရည်ကို ယူခြင်းဟူသည့် ပွဲတော်မင်္ဂလာခံယူခြင်းနှင့်စပ်လျဥ်း၍ လှပတင့်တယ်စွာ သတိပေးသည်။ ထိုပန်းချီကားဘောင်အပြည့် ဖြည့်ထားသည့် မှန်ပုံကွက်အလွတ်များက ပန်းချီကားကို ကြည့်ရှုသူများအား ထိုစားပွဲ၌ ပါဝင်ရန်…
အချည်းနှီးမဖြစ်သော နာကျင်မှု
သူမက ကျွန်တော့်မျက်လုံးကို စိုက်ကြည့်ပြီး“ရှင့်ရဲ့နာကျင်မှုကိုအချည်းနှီးမဖြစ်စေနဲ့” ဟုပြောရာ၊ ကျွန်တော့်အတွေးများက ကားမတော်တဆမှုဖြင့် ဆုံးပါးသွားသော သူမ၏သားအတွက် အောက်မေ့ဖွယ်ဝတ်ပြုခြင်းကို ကျွန်တော်ဦးဆောင်ခဲ့ရသည့် လွန်ခဲ့သောနှစ်များသို့ ချက်ချင်းရောက်သွားသည်။ သူမဘာပြောနေသည်ကို သူမသိသည်။ နာကျင်မှုကို သူမသိသည်။ သို့သော် ဘုရားဘုန်းတော်ထင်ရှားစေရန်နှင့် အခြားသူများကိုကူညီရန် ထိုနာကျင်မှုကို ဘုရားရှင်အသုံးပြုနိုင်သည်ကိုလည်း သူမသိသည်။ သူမနာကျင်ခဲ့စဥ်က ထိုနာကျင်မှုကို သူကောင်းစွာ တုံ့ပြန်ခဲ့သည်။ယခု ကျွန်တော်၌ ပြင်းထန်ကင်ဆာရောဂါရှိနေကြောင်း သိရချိန်ဖြစ်၍ သူမ၏ စကားက ကျွန်တော့်အတွက် စိတ်သက်သာရာရစေပြီး ခွန်အားဖြစ်စေခဲ့သည်။ ဘုရားသခင်သည် ကျွန်တော်၏ငိုကြွေးသံကိုကြားပြီး၊ နာကျင်ခံစားနေရချိန်တွင် ကျွန်တော်နှင့်အတူရှိသည်၊ အခြားသူများကို နည်းလမ်းသစ်ဖြင့် ကူညီရန် ကျွန်တော်၏ နာကျင်မှုကို အသုံးပြုနိုင်သည်ဟု သူမက သတိပေးနေသည်။
ဘုရားသခင်သည် သူ၏လူမျိုးများနှင့်အတူ သူတို့၏နာကျင်မှု၌ အတူရှိကြောင်း မောရှေလည်း သိရှိခဲ့သည်။ “ထာဝရဘုရားကလည်း၊ အဲဂုတ္တုပြည်၌ ရှိသောငါ၏လူတို့ခံရသော ညှဥ်းဆဲခြင်းကို ငါစေ့စေ့မြင်ခဲ့ပြီ။ ...သူတို့နာကြည်းခြင်း ဝေဒနာကို ငါသိ၏”…
ပေးကမ်းခြင်းဆုကျေးဇူး
၂၀၂၄ ခုနှစ်တွင် သန်းကြွယ်သူဌေး စီးပွားရေးပညာရှင် ရောဘတ်ဟေးလ်ဂျူနီယာ (Robert Hale Jr.)သည် တက္ကသိုလ်ဘွဲ့ရမောင်မယ် ၁၂၀၀ တို့အား “ဒီလိုကြိုးစားခဲ့တဲ့အချိန်တွေက လူတွေကို ဝေမျှဖို့ ၊ ဂရုစိုက်ဖို့၊ ပေးကမ်းဖို့ လိုအပ်ကြောင်း ပိုပြီးထင်ရှားစေတယ်။ (ကျွန်တော်တို့ဇနီးမောင်နှံ)က မောင်တို့မယ်တို့ကို လက်ဆောင် နှစ်ခုပေးချင်တယ်။ ပထမတစ်ခုက ငွေသားလက်ဆောင်ဖြစ်ပြီး၊ ဒုတိယလက်ဆောင်က ပေးကမ်းခြင်းဆုပါပဲ”ဟု မိန့်ခွန်းပြောခဲ့သည်။ ထို့နောက် ဘာမှမမျှော်လင့်ထားသော ဘွဲ့ရမောင်မယ်များအား စာအိတ်နှစ်အိတ်စီ လက်ဆောင်ပေးရာ၊ ပထမလက်ဆောင်မှာ သူတို့အတွက် ဒေါ်လာငါးရာဖြစ်ပြီး၊ ဒုတိယစာအိတ်မှာ လိုအပ်သူများကိုပေးရန် ဒေါ်လာငါးရာ ဖြစ်သည်။
သူ၏ချမ်းသာကြွယ်ဝမှုကြောင့် ရောဘတ်ဟေးလ်သည် ဤကဲ့သို့ တစ်ကြိမ်မက မျှဝေပေးကမ်းနိုင်ခြင်း ဖြစ်သော်လည်း သဒ္ဓါကြည်ညိုစိတ်ဆိုသည်မှာ ချမ်းသာမှ ပေးရကမ်းရသည် မဟုတ်ပါ။ ရှေးခေတ် မာကေဒေါနိပြည်ရှိ သခင်ယေရှုကို ယုံကြည်သူများသည် ယေရုရှလင်မြို့ရှိ ယုံကြည်သူများ၏လိုအပ်မှုကို ဖြည့်ဆည်းပေးရန် ဆင်းရဲလျက်နှင့် ပေးလှူခဲ့ကြသည်။ မာကေဒေါနိ ပြည်သားများသည်…
ကြောက်ဖွယ်ကောင်းသောအရာ
“သေခြင်းထိတွေ့နိုင်သောအရာကို ချစ်ရန်မှာ ကြောက်ဖွယ်ကောင်းသည်”။ ဤစာကြောင်းသည် လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက ဂျူးလူမျိုး ကဗျာဆရာ Judah Halevi (ဂျုဒါဟယ်လဗီ) ရေးသားခဲ့ပြီး၊ ၂၀ ရာစုတွင် ဘာသာပြန်ခဲ့သည့် ကဗျာအစ စာကြောင်းဖြစ်သည်။ ကဗျာဆရာသည် “ချစ်ရန်နှင့်ဆုံးရှုံးရန်” စိုးကြောက်သည့် ကြောက်ရွံ့ခြင်းနောက်ကွယ်ရှိအရာကို ရှင်းပြထားသည်။
ကမ္ဘာဦးကျမ်းတွင် စာရာသေဆုံး၍ “အာဗြဟံသည်လည်း စာရာကြောင့် ညည်းတွားငိုကြွေးခြင်းငှာ လာ၏“(က ၂၃:၂)။ သမ္မာကျမ်းစာမှ အမှတ်ရဖွယ်အကောင်းဆုံး ဇာတ်ကောင်များအနက် သူမမိခင်ဖြစ်မည်ဟူသောသတင်းကို တိတ်တဆိတ်ရယ်မိသောမိန်းမအို (၁၈:၁၁-၁၂)၊ သို့သော် ဣဇာက် လူ့လောကထဲ ရောက်လာချိန်တွင် နာကျင်မှုဖြင့် ငိုခဲ့သည့် အာဗြဟံ၏သစ္စာရှိသောဇနီး စာရာကို ဆုံးရှုံးခဲ့ရသည့် လှပပြီးဝမ်းနည်းခြင်းဖိစီးသည့်ဇာတ်လမ်းကို ဤအခန်းကြီး၌ ဖော်ပြထားသည်။
ရှင်ယောဟန်ခရစ်ဝင်ကျမ်းမှ “ယေရှုသည် မျက်ရည်ကျတော်မူ၏” (ယော ၁၁:၃၅) ဟူသည့် ကျမ်းချက်၏ထိရှလွယ်သော လူသားဆန်မှုကို ကျွန်ုပ်တို့ အလေး ထားဖော်ပြကြသည်။ လာဇရု၏သင်္ချိုင်း၌ကျသည့် မေရှိယ၏မျက်ရည်များသည်…
မပျက်စီးနိုင်သော ယုံကြည်ခြင်း
ဒိုင်အန်းဒေါ့ခိုကင်း (Dianne Dokko Kim)နှင့်သူ၏ခင်ပွန်းတို့သည် ၎င်းတို့၏ သားကို အော်တစ်ဇင်ဝေဒနာရှင်ဟု သိရသောအခါ မသန်စွမ်းသောသားသည် လောက၌ သူမထက် ပိုကြာကြာအသက်ရှင်နိုင်ကြောင်း ဖြစ်နိုင်ခြေရှိသည့် အဖြစ်မှန်နှင့် ရုန်းကန်ခဲ့ရသည်။ “ကျွန်မမရှိရင် သူဘယ်လိုလုပ်မှာလဲ”ဟု ဘုရားရှင်ထံ သူမ အော်ဟစ်ခဲ့သည်။ မသန်စွမ်းကလေးများကို စောင့်ရှောက်နေရသည့် အခြားမိဘများ၏မစပံ့ပိုးမှုအားဖြင့် ဘုရားသခင် သူမကို ဝန်းရံခဲ့သည်။ မကြာခဏပေါ်လာသည့် ရှင်းပြ၍မရနိုင်သော အပြစ်ရှိသည်ဟု ခံစားရစိတ်၊ လိုအပ်မှုရှိသည်ဟုခံစားရစိတ်၊ စိုးကြောက်မှုများကြားတွင် ဘုရားရှင်ကို ယုံကြည်ကိုးစားနိုင်အောင် ကိုယ်တော်က ဒိုင်အန်းကို ခွန်အားဖြည့်ပေးခဲ့သည်။ အဆုံးတွင် သူမရေးသားသည့် “Unbroken Faith” စာအုပ်၌ ဒိုင်အန်းသည် မသန်စွမ်းကလေးများကို စောင့်ရှောက်ပျိုးထောင်ရသူများအတွက် “ဝိညာဥ်ရေးရာ ပြန်လည်ကောင်းမွန်”လာရေး မျှော်လင့်ချက်ကို ကမ်းလှမ်းပေးခဲ့သည်။ သူမ၏သား ကြီးကောင်ပေါက်အရွယ်ရောက်သောအခါ ဒိုင်အန်း၏ ယုံကြည်ခြင်းက ပြည်ဝကြံ့ခိုင်နေဆဲဖြစ်သည်။ ဘုရားသခင်သည် သူတို့သားအမိကို အစဥ်အမြဲ ဂရုပြုမည်ကို သူမယုံကြည်စိတ်ချသည်။
ဘဝ၏မသေချာမရေရာမှုများကြောင့်…
ဆုံးရှုံးခြင်းအားဖြင့် အနိုင်ရခြင်း
“အောင်မြင်မှု မရှိခြင်းသည် အောင်မြင်ခြင်းထက် အမှန် ပို၍ စွမ်းအားကြီးသည်” ဟု ပရောဖက်ဆာ Monica Wadhwa (မော်နိခါဝါ့ဒ်ဝေါ့)က ဆွေးနွေး ပြောဆိုခဲ့သည်။ သူမ၏သုတေသနပြုချက်အရ လူသည် အောင်မြင်ချိန်တွင် မဟုတ်ဘဲ အောင်မြင်လုနီးနီးအချိန်တွင် သွက်လက်အားပြည့်ဆုံး၊ လှုပ်ရှားရန် လှုံ့ဆော်မှုအခံရဆုံးဖြစ်သည်ဟု ဖော်ပြထားသည်။ တစ်စုံတစ်ဦး၏ရည်မှန်းချက် ပျက်ပြီး ကျရှုံးခြင်းက လူကို ဆက်လက်ရှင်သန်ပြီး ကြိုးစားရုန်းကန်အားထုတ်ရန် လှုံ့ဆော်မှုပေးတတ်ပြီး၊ တစ်ဘက်တွင် အလွယ်တကူ အောင်မြင်မှုရရှိခြင်းက စွမ်းအားနှင့် လှုံ့ဆော်လှုပ်ရှားနိုင်စွမ်းတို့ကို ချည့်နဲ့စေတတ်သည်။
ဝါ့ဒ်ဝေါ့၏အမြင်သည် သခင်ခရစ်တော်နောက်လိုက်ခြင်းကို အပြေးပြိုင်ပွဲ အဖြစ် ရှင်ပေါလုခိုင်းနှိုင်းထားသော (၁ကော ၉:၂၄-၂၇ နှင့် ဖိ ၃:၁၂-၁၄ ) ကျမ်းပိုဒ်နှစ်ပိုဒ်အပေါ် ထိုးထွင်းဉာဏ် အမြင်သစ်ကို ပေးသည်။ ဥပမာနှစ်ခုလုံး တွင် ရှင်ပေါလုက ယုံကြည်သူများအား ခရစ်တော်နောက် လိုက်လျှောက်ခြင်းနှင့် ကယ်တင်ခြင်း သတင်းကောင်းအတွက် ရှိသမျှအစွမ်းကုန် ကြိုးစားအားထုတ်၍…
ကျွန်ုပ်တို့ကို စဥ်းစားနားလည်ပေးသော ဘုရားသခင်
“ငါ့ဒဏ်ရာကို ကြည့်ချင်လား “ဟု ကျွန်ုပ်မိတ်ဆွေဘီလ် (Bill)က မေးသည်။ သူသည် လွန်ခဲ့သောနှစ်များစွာက လှေကားပေါ်မှ ပြုတ်ကျပြီး ကိုယ်အောက်ပိုင်း သေသွားသည်။ ယခုတွင် ခွဲစိတ်ကုသမှုတစ်ခုမှ ပြင်းထန်သောရောဂါပိုး ကူးစက်မှုကြောင့် ဆေးရုံတင်ထားရသည်။ သူ နောက်ထပ် ရင်ဆိုင်ရသည့် အခက်အခဲကို ပြောဆိုရင်း၊ စောင်ကိုလှပ်ကာ ရောဂါကူးစက်မှုကို ကုသသည့် ခွဲစိတ်ဒဏ်ရာ ချုပ်ရိုးရှည်ကြီးကို ပြသည်။ “နာလား”ဟုမေးရာ၊ “ငါဘာမှ မခံစားရဘူး”ဟု သူက ဖြေသည်။
သူပြောပြီးပြီးချင်းမှာပင်၊ သူနှင့်မိတ်ဆွေဖြစ်သည့် နှစ်များတစ်လျှောက် သူ့ဒဏ်ရာကြောင့် သူ၏လှုပ်ရှားရွေ့လျားနိုင်စွမ်းနှင့် ခံစားမှုစွမ်းရည် နှစ်ခုစလုံး မရှိတော့သည်ကို ကျွန်ုပ် မသိခဲ့ပါလားဟု ကိုယ့်ကိုကိုယ် သိလိုက်သည်။ သူနှင့် သူနေ့စဥ်ရင်ဆိုင်ရသော နာကျင်မှုဒဏ်ရာကို ကျွန်ုပ်ကောင်းစွာ သိနားလည်ခြင်းမရှိ၊ သူ့အပေါ် စာနာစိတ် မရှိခဲ့ပါလားဟု ကျွန်ုပ်ရှက်မိသည်။
ကျွန်ုပ်မိတ်ဆွေနှင့်ပတ်သက်၍ ကျွန်ုပ်နားလည်စဥ်းစားပေးမှု မရှိခြင်းက ယုဒရှင်ဘုရင် ဟေဇကိမင်းပြုခဲ့သည့်အရာတစ်ခုကို သတိရစေသည်။…
ဘုရားရှင် အသိဆုံးပါ
ဆက်ကျော်သက်တူမလေး၏ကျန်းမာရေးအတွက် ကျွန်မ စိတ်ပူခဲ့ပြီး၊ သူ့ရောဂါအတွက် သဘာဝကုထုံးရှိကြောင်း ကြားသိရသော စိတ်သက်သာရာရခဲ့သည်။ သို့သော် ကျွန်မညီမက သူ့သမီး၏ဆေးရာဇဝင်ကို ကြည့်ပြီး ဘေးထွက်ဆိုးကျိုးများဖြစ်လာနိုင်သည်ဟု ခံစားခဲ့ရသည်။ ထိုကိစ္စနှင့်ပတ်သက်ပြီး ညီမနှင့်ငြင်းခုံလိုသော်လည်း မငြင်းခုံဖြစ်ခဲ့ပါ။ ကျွန်မမည်မျှစိတ်ပူပါစေ သူ့မိခင်ကို ကျွန်မ လေးစားအလျော့ပေးရပါမည်။
နောက်ပိုင်းတွင် ဆရာဝန်တစ်ဦးက “ဒီသဘာဝကုထုံးက သူမအတွက် ပြင်းထန်တဲ့ ဓာတ်မတည့်တဲ့တုံ့ပြန်မှုကို ဖြစ်စေနိုင်တယ်”ဟု ကျွန်မတို့ကို ပြောခဲ့သည်။ ကျွန်မတူမလေး၏ကောင်းကျိုးအတွက် ကျွန်မ မသိနိုင်သည့်အရာကို သူ့မိခင်က သူ့သမီးအတွက် အကောင်းဆုံးအရာကို အမှန်တကယ် အသိဆုံးဖြစ်သည် ။
ကျွန်မချစ်ရသည့် အခြားသူများအတွက် စိုးရိမ်ပြီး၊ ကျွန်မအထင်၌ သူတို့ရရှိသင့်သည့် အကူအညီရရန် ဘုရားသခင်မစပါမည့်အကြောင်း ကျွန်မဆုတောင်းခဲ့ချိန်တွင် အထက်ပါအဖြစ်ကို ကျွန်မ ပြန်သတိရသည်။ ထိုအခါ ကျွန်မထက် သူတို့ကို ချစ်ပြီး၊ ကျွန်မသိသည်ထက် သူတို့ကိုပိုသိကျွမ်းသူ ဘုရားသခင်သည် အကောင်းဆုံးကို အသိဆုံးဖြစ်ကြောင်း ကျွန်မသတိရမိသည်။
(ဟေရှာ…
နက်နဲသောအရပ်၌
San Fruttuoso (စံဖရူတူအောဇို)ဘာသာရေးကျောင်းဆောင်သည် အီတလီနိုင်ငံ၏ အနောက်မြောက်ဘက်ကမ်းရိုးတန်းရှိ ပင်လယ်ကွေ့တွင် တည်ရှိသည်။ ထိုနေရာသို့ လှေ (သို့) ခြေလျင်ဖြင့်သာ သွားလာနိုင်သည်။ သို့သော် ထိုပင်လယ်ကွေ့တွင် ရတနာများ ခိုအောင်းနေသည်။ ရေငုပ်သမားများ စွန့်စားပြီး ပေ ၅၀ ခန့် အောက်သို့ ဆင်းလိုက်လျှင် လူတစ်ယောက်၏ ပုံသဏ္ဌာန်ကို စတင်မြင်လာရမည်ဖြစ်သည်။ ထိုသူမှာ တွင်းနက်ကြီးအတွင်းမှ ခရစ်တော်ရုပ်တုဖြစ်သည်။ ၎င်းသည် ၁၉၅၄ ခုနှစ်တွင် တည်ဆောက်ခဲ့သည့် ကမ္ဘာ့ပထမဦးဆုံး ရုပ်တုဖြစ်ပြီး၊ ထိုနက်နဲသောအရပ်မှ ကောင်းကင်သို့လက်မြောက်ထားသော သခင်ယေရှုပုံကြေးရုပ်တုဖြစ်သည်။
နက်နဲသောအရာနှင့် သင်ကြုံဖူးကောင်းကြုံဖူးပါလိမ့်မည်။ ဆာလံ ၆၉:၂-၃ တွင် “နက်လှသောရွှံထဲမှာ ကျွံပါပြီ” “အော်ဟစ်၍ ပင်ပန်းပါပြီ” ဟုဆိုထားသည်။ ရန်သူများ၏လှောင်ပြောင်ကဲ့ရဲ့ခြင်းကိုခံရပြီး မိသားစုနှင့် ကင်းကွာနေသည့် (:၄၊ ၇-၁၂) ဆာလံဆရာမှာ အခြားသူများထံမှ သက်သာရာရှာမတွေ့ဘဲ (:၂၀)၊ ထိုဆင်းရဲခြင်း၏ဝါးမျိုမှုခံရပြီး၊ နက်နဲရာ၌ နှစ်မြှုပ်မှာကို…