ဆက်လက်လျှောက်လှမ်းပါ
ကျွန်တော် အလုပ်လုပ်သည့် အဆောက်အဦအပြင်ဘက်ခြမ်း၏ အုတ်တံတိုင်းဘေးမှ ဖြတ်လျှောက်ရင်း ကွန်ကရစ်အက်ကွဲကြောင်းကြားမှ ပေါက်နေသော လှပသောပန်းလေးကို တွေ့ရ၍ အံ့သြသွားရသည်။ သူပေါက်ရမည့်နေရာမဟုတ်သော်လည်း အပင်ကလေးသည် ရရာနေရာတွင် ခြေကုပ်ယူကာ အက်ကွဲကြောင်းအကြား အမြစ်တွယ်လျက် ဖူးပွင့်နေသည်။ နောက်မှ ထိုအပင်အပေါ် တည့်တည့်ရှိ လေအေးပေးစက်မှ တစ်နေ့လုံး ရေစီးကျနေကြောင်း ကျွန်တော် သတိထားမိသည်။ သူ့ပတ်ဝန်းကျင်သည် မည်မျှပင် ကြမ်းတမ်းနေပါစေ အပင်လေး သည် သူလိုအပ်နေသောရေကို လေအေးပေးစက်မှ ရရှိခဲ့သည်။
ခရစ်ယာန်အသက်တာ၏ ကြီးထွားရင့်ကျက်မှုသည် ခက်ခဲကောင်းခက်ခဲနိုင်သော်လည်း ခရစ်တော်နှင့်အတူ သည်းခံ ကျော်လွှားပါက အခက်အခဲအတားအဆီးတိုင်းကို ကျော်လွှား နိုင်မည်ဖြစ်သည်။ အခြေအနေများက မျက်နှာသာမပေး၊ စိတ်ဓာတ်ကျစရာများကလည်း အတားအဆီးသဖွယ် ဖြစ်နေသည့်တိုင် ခရစ်တော်နှင့်အတူ မိတ်သဟာယပြုလျက် ဖြတ်ကျော်မည်ဆိုပါက တစ်ပင်ထီးတည်းဖြစ်သော အပင်ကဲ့သို့ ပွင့်လန်းနိုင်မည် ဖြစ်သည်။ တမန်တော် ရှင်ပေါလုက ထိုအဖြစ်မျိုးကို ရင်ဆိုင်ခဲ့ရသည်။ သူရင်ဆိုင်နေရသော အခြေအနေ…
အသစ်တစ်ဖန် အစပြုခြင်း
ဒီဇင်ဘာလကုန်၍ ခရစ်စမတ်ကာလ ပွဲလမ်းသဘင်များ ပြီးဆုံးသွားသောအခါ ကျွန်မ အတွေးများက နောင်လာမည့်နှစ်သို့ ဦးတည်သွားသည်။ ကလေးများ ကျောင်းပိတ်ချိန် ဖြစ်၍ နိစ္စဓူဝ ၀တ္တရားများနည်းပါးချိန်တွင် မနှစ်ကဖြစ်ပျက်ခဲ့သည့် အချင်းအရာများ၊နောက်နှစ်၌ မိမိဖြစ်လိုသောအချင်းအရာများနှင့် စပ်လျဉ်း၍ ကျွန်မဆင်ခြင်မိသည်။ ထိုသို့ ဆင်ခြင်တွေးလိုက်တိုင်း ကျွန်မပြုခဲ့သော အမှားများ အတွက် နာကျင်ပြီး နောင်တရမိသည်။ သို့တိုင် နှစ်သစ် တစ်နှစ်ကို စတင်ရမည့်အတွေးသည် ကျွန်မကို မျှော်လင့်ခြင်း များဖြင့် မျှော်တလင့်လင့် ဖြစ်စေသည်။ မနှစ်က မည်သို့ပင် ဖြစ်ခဲ့ဖြစ်ခဲ့ အသစ်တစ်ဖန် အစပြုနိုင်ခြင်းသည် အခွင့်အရေးတစ်ခုရရှိသကဲ့သို့ ကျွန်မခံစားရပါသည်။
ဣသရေလလူမျိုးများသည် ဗာဗုလုန်နိုင်ငံ၌ နှစ်ပေါင်း ၇၀ ကြာ ကျွန်ခံခဲ့ရပြီးနောက် ပေရသိရှင်ဘုရင် ကုရုမင်းက ၎င်းတို့၏တိုင်းပြည် ယုဒပြည်သို့ ပြန်လွှတ်လိုက်သောအခါ သူတို့ခံစားရမည့် မျှော်လင့်ခြင်းနှင့် နှိုင်းဆကြည့်ပါက ကျွန်မ၏အသစ်တဖန် အစပြုမည့် မျှော်လင့်ချက်က သိမ်ငယ်သွားသည်။ နေဗုခဒ်နေဇာမင်းသည် ဣသရေလလူမျိုးများကို…
ယုံကြည်ခြင်းကိုတည်ဆောက်ပေးသော အမှတ်တရများ
တေးဂီတသံများလွှမ်းနေသော ဘုရားကျောင်းထဲသို့ ၀င်လာရင်း နှစ်သစ်အကြိုည အတွက် စုရုံးနေသော လူအုပ်ကြီးကို ကြည့်နေမိသည်။ မနှစ်က ဆုတောင်းချက်များကို ပြန်လည်တွေးရင်း ကျွန်ုပ်နှလုံးသား၌ ၀မ်းမြောက်လျက် မျှော်လင့်ခြင်းတို့ မြင့်တက် လာသည်။ နာခံမှုမရှိ ရိုင်းပျသည့်ကလေးများ၊ ဆုံးပါးသွားသည့်ချစ်ခင်သူများ၊ အလုပ် လက်မဲ့ဖြစ်မှုနှင့် အိမ်ထောင်များပြိုကွဲခြင်း စသည့်အမှုများကြောင့် အသင်းတော်သည် ပူဆွေးသောကရောက်လျက် ဆုတောင်း ခဲ့ကြသည်။ ထို့အတူ စိတ်နှလုံးပြောင်းလဲခဲ့သူ၊ ခံစားရသည့် နာကျင်မှုဒဏ်မှ နှစ်သိမ့်သက်သာရာရရှိခဲ့သူ တစ်ဦးချင်းစီကို သတိရပြန်သော် ဘုရားသခင်၏ ကျေးဇူးတော် ကို ခံစားခဲ့ရသည် မဟုတ်ပါလား။ အောင်မြင်မှုရခဲ့သည့်အမှုများ၊ လက်ထပ်မင်္ဂလာပွဲများ၊ လူငယ်မောင်မယ်များ အထက်တန်းကျောင်း ပြီးစီးအောင်မြင်ခြင်း၊ ဘုရားသခင်၏မိသားစုဝင် တိုးလာသည့် နှစ်ခြင်းမင်္ဂလာ စသည့်ပွဲများကို ဆင်နွဲခဲ့ရသည်။ ကလေးမွေးဖွားခြင်း၊ ကလေးမွေးစားခြင်း၊ ကလေးကို ဘုရားထံဆက်ကပ်ခြင်း စသည်ဖြင့် အခြားအရာ များစွာလည်း ရှိပါသေးသည်။
ယေရမိသည် သူခံခဲ့ရသော ဆင်းရဲငြိုငြင်ခြင်းနှင့် ဦးတည်ရာမဲ့နေမှုများကို သတိရသကဲ့သို့(မြည် ၃း၁၉) ကျွန်ုပ်တို့အသင်းတော်…
အမှုကိစ္စများ ထမြောက်ပြီးစီးချိန်များ
နှစ်ကုန်ခါနီးအချိန်ဆိုလျှင် ကျွန်ုပ်တို့သည် မပြီးပြတ်သော အလုပ်ဝန်ထုပ်များ၏ ဖိစီးမှုကို ခံရတတ်ကြသည်။ အိမ်ထောင်တာဝန်နှင့် ရုံးမှတာဝန်ဝတ္တရားများသည် မပြီးပြတ်နိုင်၊ ယနေ့ မပြီးပြတ်သောအလုပ်များသည် မနက်ဖြန်သို့ ကူးသွားသည်။ သို့သော် ကျွန်ုပ်တို့၏ ၀ိညာဉ်ရေးရာခရီးလမ်းတွင် ခဏတာရပ်၍ ဘုရားရှင်၏သစ္စာတော်နှင့် ပြီးပြတ်သွားသော လုပ်ငန်းတာဝန်များအတွက် ကျေးဇူးတော်ချီးမွမ်းသင့်သည့်အချိန်များရှိသည်။
ရှင်ပေါလုနှင့်ဗာနဗတို့၏ ပထမဆုံး ဧ၀ံဂေလိခရီးစဉ် အပြီးတွင် ‘‘ထိုမြို့မှသင်္ဘောစီး၍လွှင့်သဖြင့်၊ မိမိတို့ ဆောင် ရွက်ခဲ့ပြီးသောအမှုအလိုငှာ ဘုရားသခင်၏ကျေးဇူးတော်သို့ အပ်နှံ၍ စေလွှတ်သောအန္တိအုတ်မြို့သို့ ရောက်လာကြ၏’’ (တ ၁၄း၂၆)။ အခြားသူများကို သခင်ယေရှုအကြောင်း ဝေငှရန် လုပ်ငန်းတာဝန်များ ကျန်နေလင့်ကစား၊ သူတို့သည် ပြီးမြောက်သွားသောအမှုအရာများအတွက် အချိန်ယူ၍ ကျေးဇူးတော်ချီးမွမ်းခဲ့သည်။ ‘‘ထိုမြို့သို့ ရောက်ပြီးလျှင် သင်းဝင်သူတို့ကို စုဝေးစေ၍ မိမိတို့အား ဘုရားသခင်သည် ပြုတော်မူသမျှတို့ကိုလည်းကောင်း၊ ယုံကြည်ခြင်းတံခါးကို တစ်ပါးအမျိုးသားတို့အား ဖွင့်တော်မူကြောင်းကိုလည်းကောင်း ပြန်ကြားကြ၏’’ (း၂၇)။
သင့်အားဖြင့် မနှစ်က ဘုရားရှင် မည်သည့်အမှုများ…
မျက်ဝန်းထဲ၌ စွဲထင်ကျန်သောအရာ
ငှက်ပိတုန်းသည် ၎င်း၏အတောင်ပံကို တဖြတ်ဖြတ်ခတ်ရာမှ ထွက်လာသောအသံကို ယူ၍ ၎င်း၏အင်္ဂလိပ်အမည် Hummingbird ဟူ၍ ဖြစ်လာသည်။ ၎င်းကို ပေါ်တူဂီ ဘာသာဖြင့် ‘‘ပန်းများကို နမ်းသူ’’၊ စပိန်ဘာသာဖြင့် ‘‘ပျံနေသော ရတနာ’’ Mexican Zapotec ဘာသာဖြင့် ‘‘မျက်ဝန်းထဲ၌ စွဲထင်ကျန်သောအရာ’’ဟု ခေါ်သည်။ မက်ဆီကန် အမည်ကို ကျွန်မအကြိုက်ဆုံးဖြစ်သည်။ တစ်နည်းအားဖြင့် ထိုငှက်ပိတုန်းကို မြင်ပြီးသည်နှင့် ဘယ်တော့မှ မမေ့တော့ ဟူသည့် အဓိပ္ပာယ်ပင်။
G. K. Chesterton က ‘‘လောကကြီး၌ အံ့ဖွယ်ရာ များ မကုန်မဆုံးနိုင်ရှိသည်။ သို့သော် ထိုအံ့သြဖွယ်ရာများကို လူတို့ခံစားရှာဖွေလိုစိတ်မရှိ’’ ဟူ၍ ရေးသားခဲ့သည်။ ငှက်ပိတုန်းသည် ထိုအံ့သြဖွယ်ရာများထဲမှ တစ်ခုဖြစ်သည်။ ၂ လက်မ ၃ လက်မ သာသာသေးငယ်သော အရွယ်အစား (သို့) တစ်စက္ကန့်အတွင်း အကြိမ်ပေါင်း ၅၀ မှ…
နေ့ရက်တိုင်း အချိန်တိုင်း
စားစရာကုန်ခြောက်များကို ကားထဲသို့သေချာစွာထည့်၍ ကားပါကင်မှ သတိနှင့်ထွက် လိုက်သည်။ သို့သော် ကျွန်မကားထွက်လာသည်ကို သတိမထားမိဘဲ ပလက်ဖောင်း ပေါ်မှ လူတစ်ဦးသည် ရှေ့မှဘွားခနဲ ရုတ်တရက် ပေါ်လာသည်။ ဘရိတ်ကို ဆောင့်နင်း လိုက်သောကြောင့် ကတ်သီးလေးလွှတ်သွားသည်။ သူလည်း လန့်ဖြန့်သွားပြီး မော့အကြည့် ကျွန်မနှင့် အကြည့်ချင်းဆုံသွားသည်။ ထိုအချိန်တွင် စိတ်ဆိုးဒေါသထွက်နေသောအကြည့်နှင့်စားစရာကုန်ခြောက်များကို ကားထဲသို့သေချာစွာထည့်၍ ကားပါကင်မှ သတိနှင့်ထွက် လိုက်သည်။ သို့သော် ကျွန်မကားထွက်လာသည်ကို သတိမထားမိဘဲ ပလက်ဖောင်း ပေါ်မှ လူတစ်ဦးသည် ရှေ့မှဘွားခနဲ ရုတ်တရက် ပေါ်လာသည်။ ဘရိတ်ကို ဆောင့်နင်း လိုက်သောကြောင့် ကတ်သီးလေးလွှတ်သွားသည်။ သူလည်း လန့်ဖြန့်သွားပြီး မော့အကြည့် ကျွန်မနှင့် အကြည့်ချင်းဆုံသွားသည်။ ထိုအချိန်တွင် စိတ်ဆိုးဒေါသထွက်နေသောအကြည့်နှင့်ကြည့်မလား (သို့) ခွင့်လွှတ်ပြုံးနှင့် ကြည့်မလား။ ရွေးချယ် ရပါမည်။ ကျွန်မ ပြန်ပြုံးပြခဲ့သည်။
သူ၏မျက်နှာ၌ စိတ်သက်သာရာရသွားဟန်ဖြင့် ကျေးဇူးတင်သောအပြုံး ပြုံးပြကာ…
ကျေးဇူးတင်စရာ မှတ်တမ်းစာအုပ်
သခင်ယေရှုကို စတင်ယုံကြည်သက်ဝင်ခဲ့စဉ်က ၀ိညာဉ်ရေးရာသွန်သင်သူဆရာက ကျေးဇူးတင်စရာအချက်များကို ရေးသားမှတ်ထားရန် စာအုပ်တစ်အုပ်ထားရန် ကျွန်မကို တိုက်တွန်းခဲ့သည်။ ထိုစာအုပ်သေးသေးလေးကို ကျွန်မဘယ်သွားသွား သယ်သွားသည်။ တစ်ခါတစ်လေ ကျေးဇူးတင်စရာအဖြစ်အပျက်များကို ချက်ခြင်းရေးမှတ်ခဲ့သည်။ အခြားအချိန်များတွင် ရက်သတ္တပတ်အကုန်တွင် ပြန်လည် ဆင်ခြင်၍ ရေးမှတ်ခဲ့သည်။သခင်ယေရှုကို စတင်ယုံကြည်သက်ဝင်ခဲ့စဉ်က ၀ိညာဉ်ရေးရာသွန်သင်သူဆရာက ကျေးဇူးတင်စရာအချက်များကို ရေးသားမှတ်ထားရန် စာအုပ်တစ်အုပ်ထားရန် ကျွန်မကို တိုက်တွန်းခဲ့သည်။ ထိုစာအုပ်သေးသေးလေးကို ကျွန်မဘယ်သွားသွား သယ်သွားသည်။ တစ်ခါတစ်လေ ကျေးဇူးတင်စရာအဖြစ်အပျက်များကို ချက်ခြင်းရေးမှတ်ခဲ့သည်။ အခြားအချိန်များတွင် ရက်သတ္တပတ်အကုန်တွင် ပြန်လည် ဆင်ခြင်၍ ရေးမှတ်ခဲ့သည်။
ချီးမွမ်းစရာအကြောင်းများကို ရေးမှတ်ခြင်းသည် အလေ့အထကောင်းဖြစ်ပြီး ၎င်းကို ပြန်လည်လုပ်ဆောင်ရန် ကျွန်မစဉ်းစားမိသည်။ ၎င်းသည် ဘုရားရှင်၏ မျက်မှောက်တော်ကို မပြတ်ရှုမှတ်နိုင်အောင်၊ ကိုယ်တော်၏ ထောက်ပံ့ပေးမှုနှင့် ဂရုပြုစောင်မမှုအတွက် ကျေးဇူးသိလျက် ချီးမွမ်းနိုင်အောင် မစလိမ့်မည်။
အတိုဆုံးကျမ်းစာဖြစ်သော ဆာလံကျမ်း ၁၁၇ တွင် ဆာလံဆရာက ဘုရားသခင်သည် ‘‘ငါတို့၌ ကရုဏာတော်ကြီးလှ’’…
ကမ္ဘာမြေပေါ်မှာဖြစ်သောအရာ
Andrew Cheatle သည် ကမ်းခြေ၌ သူ့လက်ကိုင်ဖုန်း ပျောက်သွားရာ ဘယ်တော့မှ ပြန်မရနိုင်တော့ဟု ထင်ခဲ့မိသည်။ တစ်ပတ်အကြာတွင် ငါးဖမ်းသမား Glen Kerley သည် သူ့ထံဖုန်းဆက်ခဲ့သည်။ ၂၅ ပေါင်ခန့်ရှိသည့် ငါးကြီး၏၀မ်းဗိုက်အတွင်းမှ ဖုန်းကို ရရှိခဲ့ပြီး အခြောက်ခံလိုက်သောအခါ ဖုန်းသည် ကောင်းစွာ အလုပ်လုပ်နေပါသည်။
ဘ၀ကြီးသည် ထူးဆန်းသောအကြောင်းအရာများနှင့် ပြည့်နှက်နေပြီး သမ္မာကျမ်းစာ၌လည်း ထိုသို့သော အကြောင်းအရာများကို တွေ့ရသည်။ တစ်နေ့တွင် အခွန်ခံ တစ်ယောက်သည် ပေတရုထံ ရောက်လာပြီး - ‘‘သင်၏ ဆရာသည် ဒိဒြမ္မကို မပေးသလော’’ဟု မေးသည် (မ ၁၇း၂၄)။ သခင်ယေရှုသည် ထိုအခြေအနေအားဖြင့် ရှင်ဘုရင်ဖြစ်တော်မူသည့် သူ၏အနေအထားကို ပေတရု နားလည်အောင် သွန်သင်ခဲ့သည်။ ရှင်ဘုရင်၏သားသမီး များကို အခွန်မကောက်။ ထိုနည်းတူ သခင်ဘုရားက သူနှင့် သူ၏သားသမီးများ၌ ဗိမာန်တော်အခွန်ကြွေး မရှိကြောင်း ရှင်းလင်းစွာ ပြောပြခဲ့သည်…
ရိုးရာထုံးတမ်းဓလေ့များနှင့် ခရစ်စမတ်
ခရစ်စမတ်တွင် သကြားချောင်းကို စားရင်း ဂျာမန် လူမျိုးများကို ‘‘danke schön’’ ဟု ပြောလိုက်ပါ။ အကြောင်းမှာ ဤသို့ အချိုပွဲတည်ခင်းသော အလေ့အထသည် ကိုလုံးမြို့၌ စတင်ခဲ့သောကြောင့်ဖြစ်သည်။ ရွက်လှပန်းကို သင်ကြိုက်ပါက မက်ဆီကို လူမျိုးများအား ‘‘gracias’’ ဟု ပြောပါ။ ထိုအပင်သည် မူရင်း မက်ဆီကို ဇာတိဖြစ်သည်။ Noel ဟူသော ဝေါဟာရသည် ပြင်သစ်စကားမှဆင်းသက်လာသည်ဖြစ်၍ ပြင်သစ်လူမျိုးကို ‘‘merci beaucoup’’ ဟု ပြောပါ။ Mistletoe ခရစ်စမတ်သစ်ပင်အတွက် အင်္ဂလိပ်လူမျိုးကို ‘‘cheers’’ ဟု ပြောလိုက်ပါ။
ခရစ်စမတ်ရာသီတွင် ကမ္ဘာတစ်ဝန်းမှ ဆင်းသက် လာသော ယဉ်ကျေးမှုရိုးရာထုံးတမ်းစဉ်လာများကို ခံစားရင်း မိမိတို့၏ရင်ထဲ အသဲထဲမှလာသော ‘‘ကျေးဇူးတင်ပါတယ်’’ ဟူသောစကားကို ကောင်းမြတ်၍ ကရုဏာ မေတ္တာတရားနှင့် ပြည့်ဝသော ဘုရားရှင်အား ပြောကြားကြပါစို့။ အဘယ်ကြောင့် ဆိုသော် လွန်ခဲ့သော နှစ်ပေါင်း…
စိတ်လှုပ်ရှားအံ့ဖွယ် မျှော်လင့်ရာ
Reginald Fessenden သည် ကြိုးမဲ့ရေဒီယိုဖြင့် ဆက်သွယ်နိုင်ရေးအတွက် နှစ်ပေါင်း များစွာ ကြိုးစားခဲ့သည်။ အခြားသော သိပ္ပံပညာရှင်များက သူ၏အတွေးအခေါ်ကို မဖြစ်နိုင်၊ မြင့်လွန်းသည်၊ အောင်မြင်မှာ မဟုတ်ဟု သံသယ၀င်ခဲ့ကြသည်။ သို့သော် သူသည် ၁၉၀၆ ခုနှစ် ဒီဇင်ဘာလ ၂၄ တွင် ရေဒီယိုမှ ပထမဆုံးတေးသီချင်းများ စတင် ဖျော်ဖြေသူဖြစ်လာခဲ့ပြီး သူ့ယူဆချက်သည် ဖြစ်နိုင်ကြောင်း သက်သေပြခဲ့သည်။
Fessenden သည် သစ်သီးဝလံကုမ္ပဏီတစ်ခုနှင့် စာချုပ်ချုပ်ဆိုပြီး လှေ ၁၂ စီးပေါ်တွင် ကြိုးမဲ့ရေဒီယိုစနစ်ကို တပ်ဆင်ပေးခဲ့သည်။ ငှက်ပျောသီးခူးခြင်း၊ ဈေးကွက် ထိုးဖောက်ခြင်းနှင့်ပတ်သက်၍ လှေပေါ်မှပင် ဆက်သွယ် အရောင်းအ၀ယ်လုပ်ရန် ဖြစ်သည်။ ခရစ်စမတ် အကြိုညတွင် သင်္ဘောပေါ်ရှိကြိုးမဲ့အော်ပရေတာ စက်ကိုင်များအားလုံးကို အာရုံပြု၍ နားဆင်ရန် သူကြိုပြောထားပြီး ည ၉ နာရီ ၀န်းကျင်ခန့်တွင် သူ့အသံကို အားလုံးကြားလိုက်ရသည်။
သူပြောခဲ့သည့်အတိုင်း…