အမျိုးအစား  |  odb

မပြောမီ စဉ်းစား

သူတို့ညစာစားမည့် နာမည်ကြီးစားသောက်ဆိုင်၏ လိပ်စာလမ်းညွှန်ကို သေချာအောင် မစစ်ဆေးခဲ့သည့် ဇနီးအပေါ် ချူအန်း မကျေမနပ်ဖြစ်မိသည်။ မနက်ဖြန် အိမ်မပြန်မီ မိသားစု၏အားလပ်ရက် ဂျပန်ခရီးစဉ်ကို ခမ်းနားသောညစာဖြင့် အဆုံးသတ်မည်ဟု စိတ်ကူးထားကြသည်။ ယခုတွင် အချိန်လွန်ကုန်ပြီး ညစာလွတ်သွားတော့မည်။ စိတ်ညစ်ညစ်ဖြင့် ‘‘စီစဉ်တာ ညံ့လိုက်တာ’’ဟု ဇနီးသည်ကို ဝေဖန် ပြစ်တင်လိုက်သည်။
နောက်မှ သူ့စကားအတွက် ချူအန်း နောင်တရ သွားသည်။ သူ့စကားက ပြင်းထန်လွန်းသည်။ ၇ ရက်တာ ခရီးစဉ်အတွက် အံ့မခန်းစီစဉ်ခဲ့သည့် ဇနီးသည်ကို ကျေးဇူး မတင်မိခြင်း၊ စားသောက်ဆိုင်လိပ်စာကို သူကိုယ်တိုင် စစ်ဆေး ကြည့်နိုင်ပါလျက် သူမလုပ်ခဲ့ခြင်း စသည်တို့ကိုပါ ချူအန်း သဘောပေါက်သွားသည်။
ကျွန်ုပ်တို့လည်း ချူအန်းနှင့် တူနေတတ်သည်။ ဒေါသထွက်လျှင် စိတ်ကိုလွတ်ပေးလိုက်ရန်၊ မထိန်းမချုပ်ဘဲ ပြောဆိုပစ်လိုက်ရန် သွေးဆောင်ခံရတတ်သည်။ ထို့ကြောင့် ဆာလံဆရာနည်းတူ ကျွန်ုပ်တို့ ဆုတောင်း အပ်သည်။ ‘‘အိုထာဝရဘုရား၊…

ဒုတိယအခွင့်အရေးများ

‘‘ကျွန်မကိုလည်း မသိကြဘဲနဲ့ ဘာကြောင့် ကျွန်မအပေါ် ကြင်နာကြတာလဲ’’ ဟု လင်းဒါ ပြောခဲ့သည်။ ဘ၀၌ ဆုံးဖြတ်ရွေးချယ်မှုမှားခဲ့၍ နိုင်ငံခြားတိုင်းပြည်တစ်ခု၌ လင်းဒါ ထောင် ၆ နှစ်ကျခဲ့သည်။ ထောင်မှ လွတ်လာပြီးနောက် ဘယ်သွားလို့ ဘာလုပ်ရမှန်း မသိ၊ သူ့ဘ၀တော့ ရေစုန်မျောပြီဟု သူထင်ခဲ့သည်။ သူ့မိသားစုက သူ့အတွက် လေယာဉ်လက်မှတ်ဝယ်ပေးနိုင်အောင် ငွေစုနေရချိန်တွင် ကြင်နာသဘောကောင်းသည့် လင်မယားနှစ်ဦးမှ သူ့အတွက်တည်းခိုရန်နေရာနှင့် အစားသောက်များပေးပြီး ကူညီစောင်မ ခဲ့သည်။ ၎င်းတို့၏ ကြင်နာမှုမေတ္တာကြောင့် လင်းဒါ အလွန် ခံစားရသည်။ ထို့ကြောင့် သူ့ကို ချစ်ပြီး သူ့ကို ဒုတိယအကြိမ် အခွင့်အရေးပေးလိုသည့် ဘုရားသခင်၏အကြောင်း သတင်းကောင်းကို သူ့အား ဝေငှပြောပြသည့်အခါ လင်းဒါ စိတ်လိုလက်ရ နားထောင်ပေးခဲ့သည်။
လင်းဒါ၏ အဖြစ်အပျက်အားဖြင့် တိုင်းတစ်ပါး၌ လင်ဆုံး၊ သားနှစ်ဦးလည်းဆုံးကာ ဘ၀ရေစုန်မျောပြီဟု ထင်မှတ်ခဲ့သည့် သမ္မာကျမ်းစာထဲမှ မုဆိုးမတစ်ဦးဖြစ်သည့်…

ကျွန်ုပ်တို့၏ဆုတောင်းခြင်းနှင့် ဘုရားသခင်၏အချိန်

တစ်ခါတစ်ရံ ကျွန်ုပ်တို့၏ဆုတောင်းခြင်းကို အဖြေပေးရန် ဘုရားသခင်သည် အချိန်ယူ အချိန်စောင့်နေခြင်းကို ကျွန်ုပ်တို့ လွယ်လွယ်နှင့် နားမလည်နိုင်၊ ယဇ်ပရောဟိတ် ဇာခရိသည်လည်း ထိုသို့ဖြစ်ခဲ့သည်။ ယေရုရှလင်ဗိမာန်တော်၌ ကောင်းကင်တမန် ဂါဗြေလသည် သူ့အား ယဇ်ပလ္လင်အနီး၌ ကိုယ်ထင်ပြခဲ့သည်။ ‘‘ကောင်းကင်တမန် ကလည်း ဇာခရိ၊ ကြောက်ရွံခြင်းမရှိနှင့်။ သင်ပြုသော ပတ္ထနာကို နားခံတော်မူပြီ။ သင်၏ခင်ပွန်း ဧလိရှဗက်သည် သားယောက်ျားကို ဖွားမြင်လိမ့်မည်’’ (လု ၁း၁၃) ဟု မိန့်တော်မူသည်။
ယခင်က ဇာခရိသည် ဘုရားသခင်ထံ သားဆုပန်ခဲ့ဖူး ပါလိမ့်မည်။ သို့သော် ယခုတွင် ဂါဗြေလ၏စကားကြောင့် သူနားမလည်နိုင်ဖြစ်နေနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ယခုတွင် ဧလိရှဗက်သည် သားဖွားသည့်အရွယ် လွန်ခဲ့ပြီ ဖြစ်သည်။ သို့သော် ဘုရားသခင်သည် သူ့ဆုတောင်းကို အဖြေပေးခဲ့သည်။
ဘုရားသခင်၏မှတ်ဉာဏ်တော်က အကောင်းဆုံး ဖြစ်သည်။ နှစ်ချီကြာလည်း ကျွန်ုပ်တို့၏ဆုတောင်းသံကို မှတ်မိနေသည်သာမက ကျွန်ုပ်တို့၏ဘ၀အသက်တာများ လွန်သွားလည်း…

ဝမ်းမြောက်ခြင်းနှင့် တရားမျှတခြင်း

အာရှဒေသ၌ အစည်းအဝေးတက်ခဲ့စဉ် ကျွန်တော်ကို အမြင်သစ်ဖွင့်ပေးသည့် အကြောင်း နှစ်ရပ်ကို ကြားခဲ့ရသည်။ သင်းအုပ်ဆရာတစ်ပါးက သူသည် လူသတ်မှုဖြင့် မှားယွင်း စွပ်စွဲခံရပြီး အမှုမပြီးပြတ်မချင်း ထောင်ထဲ၌ ၁၁ နှစ် အချုပ်ခံခဲ့ရကြောင်း ပြောပြသည်။
တစ်ဖန် မိသားစုတစ်ခုမှလည်း ၎င်းတို့၏မွေးရပ်ဇာတိနိုင်ငံ၌ ဘာသာရေးနှိပ်ကွပ် ညှဉ်းဆဲမှုမှလွတ်အောင် ငွေအမြောက်အများ ပေးခဲ့ရ သော်လည်း ငွေလက်ခံခဲ့သူများက သစ္စာဖောက်သဖြင့် ဒုက္ခသည်စခန်း၌ နှစ်ပေါင်းများစွာနေခဲ့ရပြီး သူတို့အတွက် ခိုနားရာအိမ် ရှိပါဦးမည်လားဟု သံသယဖြစ်ရကြောင်း ဝေမျှ ပြောပြသည်။
ထိုအဖြစ်အပျက် ၂ ခုလုံးတွင် ဓားစာခံဖြစ်ရသည့် ဘ၀ကို တရားမျှတမှုမရှိခြင်းက ထပ်လောင်းနှိပ်စက်သည်။ ၎င်းသည် ယိုယွင်းသည့် ကမ္ဘာမြေ၏သက်သေဖြစ်သည်။ သို့သော် တရားမျှတမှုကင်းမဲ့ခြင်းက အမြဲတမ်း တည်ရှိ နေမည် မဟုတ်ပါ။
နာကျင်ညည်းတွားနေသော ကမ္ဘာကြီးသို့ ဘုရားသခင်အကြောင်း ကြားပြော သိစေရန် ဘုရားသခင်၏လူများကို ၆၇ ခု…

ထင်ရှားကျော်ဇောသော ထိုအပြုံး

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကမ္ဘာ့အကြီးဆုံး Louvre ပြတိုက်သို့ ကျွန်တော်တို့ ဇနီးမောင်နှံ သွားရောက်လည်ပတ်ခွင့်ရခဲ့ရာ ၁၁ နှစ်အရွယ် မြေးမလေး အယ်ဒီးထံ ဖုန်းခေါ်ပြီး ပန်းချီဆရာ လီယိုနာဒို ဒါဗင်ချီ၏ နာမည်ကျော် မိုနာလီဇာ ပန်းချီကားကို တွေ့ခဲ့ကြောင်း ပြောပြသည်။ ‘‘သူပြုံးနေသလား’’ ဟု အယ်ဒီးက ပြန်မေးသည်။
ထိုပန်းချီကားနှင့် ပတ်သက်၍ ထိုမေးခွန်းက အတော် ဂယက်ရိုက်ခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်း ၆၀၀ ခန့်က လီယိုနာဒိုသည် ဤဆီဆေးပန်းချီကို ရေးဆွဲခဲ့သည့်နောက် ပန်းချီကားထဲမှ အမျိုးသမီး ပြုံးသည်၊ မပြုံးသည်ကို ကျွန်တော်မသိပါ။ ပန်းချီကား၏ အလှကို ကြည့်ပြီး ကျေနပ်ရသော်လည်း မိုနာလီဇာ၏အကြည့်ကို ပိုင်းခြား၍ နားမလည်နိုင်ပါ။
‘‘အပြုံး’’သည် ပန်းချီကား၏ ထူးခြားဆန်းကြယ်သော နက်နဲမှု ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ၊ အပြုံးသည် အလွန် အရေးကြီးပါသည်။ သမ္မာကျမ်းစာ၌ ‘‘အပြုံး’’ဆိုသည့်…

အားပြင်းသော ကလေးငယ်

သူ့ကို ပထမဆုံးအကြိမ်တွေ့ရချိန်တွင် ကျွန်တော် ငိုမိသည်။ ပုခက်ထဲ၌ ပြစ်မျိုးမဲ့မထင် အိပ်စက်နေသည့် မွေးကင်းစကလေးလေး၊ သို့သော် မည်သည့်အခါမှ သူနိုးထလာမည် မဟုတ်ကြောင်း ကျွန်တော်တို့သိသည်။ ယခုတွင် သခင်ယေရှု၏ရင်ခွင်တော်သို့ သူရောက်ရှိနှင့် နေပြီ။
သူလေးက လအနည်းသာ အသက်ရှင်ခဲ့သည်။ သူသေဆုံးကြောင်း သူ့မိခင်က နှလုံးကြေကွဲစွာ အီးမေးလ် ပို့လာသည်။ ‘‘ရင်ထဲက နက်ရှိုင်းတဲ့ နာကျင်မှုက တစစ်စစ်ဘဲ၊ ဒီကလေးငယ်လေးအားဖြင့် ကျွန်မတို့ရဲ့နှလုံးသားမှာ ဘုရားသခင်ရဲ့မေတ္တာတော် နက်ရှိုင်းစွာ သွန်းလောင်းခဲ့တယ်။ တကယ့်အားပြင်းတဲ့ ကလေးလေးပါ’’ ဟုဆိုသည်။
‘‘ဘယ်နှယ့်၊ အဘယ်ကြောင့် ထိုသို့ပြောနိုင်သနည်း။’’
ကလေးငယ်အပေါ် ထိုမိသားစု၏ တန်ဖိုးထားမြတ်နိုးပုံက စံပြုလောက်သည်။ အရာရာတိုင်း၌ အထူးသဖြင့် အခြေအနေများ ဆိုးဆိုးဝါးဝါး ဖြစ်နေချိန်များတွင် ဘုရားသခင် အပေါ် ကိုးစားမှီခိုရမည့်အကြောင်း သူတို့ကိုရော ကျွန်တော် တို့ကိုပါ ပြသနေသည်။ ခံယူရန် ခက်သော်လည်း၊ ကျေနပ် နှစ်သိမ့်ဖွယ်…

လူမသိသူမသိ ဘ၀ရှင်သန်ခြင်း

လွန်ခဲ့သော နှစ်ပေါင်းများစွာက စာရေးဆရာမ Jane Yolen ရေးသားသည့် ‘‘Working Up to Anon’’ (Anonymous) စာတမ်းကို The Writer မဂ္ဂဇင်းမှ ကျွန်ုပ်ဖြတ်ညှပ်ကပ် ယူထားသည်။ ထိုစာကို မကြာခဏ ဖတ်ဖြစ်ပြီး အတော်ဟောင်းနွမ်းနေပြီဖြစ်သည်။ ‘‘အကောင်းဆုံး အတော်ဆုံးစာရေးဆရာဆိုတာ တကယ်တော့ မျှော်လင့်ချက် ပြင်းပြစွာနဲ့ အမည်မသိစာရေးဆရာလို့ အခေါ်ခံချင်တဲ့ သူတွေဘဲ။ ရေးသား တဲ့ အကြောင်းအရာကသာ အရေးပါပြီး စာရေးသူက အဓိက မဟုတ်ပါ’’ ဟုသူရေး ခဲ့သည်။
ကျွန်ုပ်တို့ပြောနေသည့်အကြောင်းမှာ ကျွန်ုပ်တို့ အတွက် အသက်ပေးသော ကယ်တင်ရှင်ယေရှုအကြောင်း ဖြစ်သည်။ ကျွန်ုပ်တို့သည် အခြားသော ယုံကြည်သူများနှင့် အတူ သခင်ဘုရား အတွက် အသက်ရှင်ပြီး အခြားသူများအား သခင့် မေတ္တာတော်ကို မျှဝေသည်။
ရောမသြ၀ါဒစာ ၁၂း၃-၂၁ တွင် သခင်ယေရှု၏ နောက်တော်လိုက်အချင်းချင်း…

ဤသူကား အဘယ်သို့သောသူနည်း

‘‘စားပွဲပေါ်က ပစ္စည်းတွေအားလုံး သိမ်းပြီး စာရွက်နဲ့ခဲတံပဲ ထုတ်ထားပါ’’ ဟူသည့် စကားက ‘‘အစမ်းစာမေးပွဲ စစ်ဆေးမှုအချိန်ရောက်လာကြောင်း ကြေငြာလိုက်သည့် ထိတ်လန့်စရာစကားဖြစ်သည်။
မာကုအခန်းကြီး ၄ တွင် သခင်ယေရှု၏ တစ်နေ့တာအစမှာ ဂါလိလဲအိုင်အနီးတွင် သွန်သင်မှုဖြင့် အစပြုပြီး၊ ဂါလိလဲအိုင်တွင်း စစ်ကြောခံရ ခြင်းဖြင့် အဆုံးသတ်သည်။ သခင်ယေရှု ဟောပြောသွန်သင် သည့် နေရာအဖြစ် အသုံးပြုသောလှေမှာ ကိုယ်တော်နှင့် သူ၏တပည့်တော် လက်တစ်ဆုပ်စာကို တစ်ဖက်ကမ်းသို့ ပို့ဆောင်ရသေးသည်။ တစ်ဘက်ကမ်းသို့ကူးစဉ် ပင်ပန်း နေသောသခင်က လှေနောက်ပိုင်း၌ အိပ်ပျော်နေပြီး ထိုစဉ်မုန်တိုင်းကျလေသည် (း၃၇)။ အစောပိုင်းက လူပရိသတ်တို့ကို ‘‘နားထောင်ကြလော့’’ (း၃) ဟူ၍ သခင် မိန့်တော်မူခဲ့သည်။ ယခု ‘‘တိတ်ဆိတ် ငြိမ်ဝပ်စွာနေ’’ ဟု လေနှင့် ပင်လယ်ကို ဆုံးမတော်မူချက်မှာ (း၃၉) ထိုသခင်၏ ရိုးစင်းပြီး တန်ခိုးနှင့်ပြည့်စုံသည့်အမိန့်တော် ဖြစ်သည်။
လေသည်…

ဘွားရုသ၏ဇာတ်လမ်း

ဘွားရုသသည် သူ့အကြောင်း ပြောပြတိုင်း မျက်ရည်မကျဘဲမနေ၊ အသက် ၈၀ ကျော် အရွယ်၌ ဟိုနားဒီနားပင် မသွားနိုင်တော့သည့်ဘ၀၌ သူသည် အသင်းတော်၏ လှုပ်ရှားမှု များ၌ အခရာကျသည့် ပုံမပေါ်ပါ။ ကားကြုံလိုက်ရန် အခြားသူတို့အပေါ် အမှီပြုရသည်။ သူ တစ်ဦးတည်းနေထိုင်ခြင်းကြောင့် သူ၏လွှမ်းမိုးမှု တစ်စုံတစ်ရာကြီးကြီးမားမား မရှိပါ။
သို့သော် သူ့ဘ၀အကြောင်းကို သူပြောလေ့ရှိသည့် ပြောနေကျအတိုင်း ပြောပြရလျှင် ဘွားရုသသည် ဘုရားရှင်၏ ကျေးဇူးတော်ကို ထင်ရှားစွာ ဖော်ပြသည့် စံနမူနာဖြစ်သည်။ ယခင် အသက် ၃၀ အရွယ်ခန့်က သူ့ သူငယ်ချင်းတစ်ဦးက သူ့ကို အစီအစဉ်တစ်ခုသို့ ဖိတ်ခေါ်သဖြင့် သွားရောက် ခဲ့သည်။ တရားဟောဆရာတစ်ဦး၏ ဟောပြောချက်ကို သူကြားရ လိမ့်မည် ဟု ရုသ မထင်ခဲ့ပါ။ ‘‘သိရင်တောင် မသွားပါဘူး’’ ဟု သူဆိုသည်။ သူ၌ရှိသည့် ‘‘ဘာသာတရားအသိ’’များက သူ့အတွက်…

နက်နဲအံ့သြဖွယ်ရာများကို သိရှိနားလည်ခြင်း

Peanuts ကာတွန်းဖန်တီးရှင် ချားစ်ခရုဇ်၏ ဟာသဉာဏ်၊ ထိုးထွင်းဉာဏ်ကို ကျွန်တော် အမြဲသဘောကျသည်။ သူရေးဆွဲသည့် ကာတွန်းတစ်ကွက်မှာ အသင်းတော်မှ လူငယ်များ အကြောင်းကို သရုပ်ဖော်ထားသည်။ ကာတွန်းတွင် လူငယ်လေးတစ်ဦးသည် ကျမ်းစာအုပ်ကို ကိုင်ရင်း သူငယ်ချင်းတစ်ဦးနှင့် ဖုန်းပြောနေသည်။ သူပြောသည့်စကားမှာ ‘‘ဓမ္မဟောင်းကျမ်းရဲ့ နက်နဲအံ့သြဖွယ်ရာကို သိရအောင် ငါ ပထမခြေလှမ်း လှမ်းလိုက်ပြီ။ ... ငါကျမ်းစာ စဖတ်တော့ မလို့လေ’’ ဟူ၍ဖြစ်သည် (Teen-Ager Is Not a Disease)။
၁၁၉ ခုမြောက်သော ဆာလံကျမ်းတွင် နေ့စဉ်နေ့တိုင်း ဘုရားသခင်၏နှုတ်ကပတ်တော်တန်ခိုးကို ခံစားနားလည် လိုသည့် ဆာလံဆရာ၏ဆာလောင်မှုများ ပြည့်လျှံနေသည်။ ‘‘ကိုယ်တော်၏တရားကို အကျွန်ုပ်သည် အလွန်နှစ်သက် ပါ၏။ တစ်နေ့လုံးဆင်ခြင် အောက်မေ့လျက်နေပါ၏’’ (း၉၇)။ ထိုပြင်းပြစိတ်က ဉာဏ်ပညာနှင့် နားလည်နိုင်သောဉာဏ်ကို တိုးစေသည်။ ဘုရားသခင်ကို တိုး၍ နာခံစေသည် (း၉၈-၁၀၀)။…