အမျိုးအစား  |  odb

ကျွန်ုပ်တို့ တန်ခိုးကို ခံရပြီ

ကျယ်လောင်သည့် ဆူညံသံကြောင့် ကျွန်မ အံ့သြတွေဝေသွားပြီးမှ မည်သည့်အသံ ဖြစ်သည်ကို သိလိုက်ပြီး မီးဖိုချောင်သို့ အပြေးသွားလိုက်သည်။ ကော်ဖီဖျော်စက် အလွတ်ကို ကျွန်မက မတော်တဆ ခလုတ်နှိပ်ထားမိလိုက်ခြင်းပါ။ ကော်ဖီခရားအိုး လက်ကိုင်ကို ကိုင်ပြီး ပလပ်ဖြုတ်လိုက်သည်။ ခရားအိုးကို အပူခံ ကြွေပြားပေါ်တင်ရန် အိုးသိပ်မပူကြောင်း သေချာစေရန် လက်ဖြင့်စမ်းကြည့် လိုက်ရာ ကျွန်မ၏လက်အပူလောင်သွားသည်။
ကျွန်မ ဒဏ်ရာကို ခင်ပွန်းသည်က ဆေးထည့်ပေးစဉ် ကျွန်မခေါင်းခါရင်း အိုးပူနေမည်ကို သိရက်နှင့် ‘‘ဘာလို့ သွားကိုင်မိတာလဲ တကယ်မသိတော့ဘူး’’ ဟု ကျွန်မ ပြောလိုက်မိသည်။
အမှားလုပ်မိပြီးမှ ထိုသို့ပြောတတ် တုံ့ပြန်တတ်သည့် ကျွန်မအဖြစ်ကြောင့် ကျမ်းစာ၌ဖော်ပြသည့် ပို၍ အရေးကြီး သော အပြစ်တရား၏သဘောသဘာဝနှင့်စပ်လျဉ်း၍ ရှင်ပေါလု၏တုံ့ပြန်ပုံကို သတိရ စေသည်။
တမန်တော်ကြီးက သူမလုပ်သင့်သော၊ သူမလုပ်ချင်သောအရာကို ဘာကြောင့် လုပ်မိသည်ကို သူမသိကြောင်း ၀န်ခံခဲ့သည် (ရော ၇း၁၅)။…

အမှတ်တမဲ့ တွေ့ခဲ့သော ကျောက်တုံးများ

စစ်မက်နှင့် ယိုယွင်းပျက်စီးမှုများနောက်ပိုင်း ခေတ်သစ်ယေရုရှလင်မြို့တော်သည် အရှိအတိုင်းဆိုရလျှင် ကျောက်အုတ်အကျိုးအပဲ့များနှင့် ပြန်လည်တည်ဆောက်ထားခြင်း ဖြစ်သည်။ ကျွန်တော်တို့မိသားစု ယေရုရှလင်မြို့သို့ သွားရောက်လည်ပတ်ကြစဉ် ဗီအာ ဒိုလောရိုဇာ (၀မ်းနည်းခြင်းလမ်း) ကို လျှောက်သွားခဲ့ကြသည်။ ထိုလမ်းသည် သခင်ယေရှုလျှောက်ခဲ့သော ကားတိုင်လမ်းဟု ဆိုကြသည်။ နေက ပူသဖြင့် Sisters of Zion သီလရှင်ကျောင်းသို့ဝင်ပြီး အေးမြသော မြေအောက်ခန်း၌ ဆင်းနားကြသည်။ ထိုကျောင်း၌ မကြာမီက ဆောက်လုပ်ရေးလုပ်ငန်း ဆောင်ရွက်စဉ် တွေ့ရှိခဲ့သည့် လမ်းခင်းကျောက်ကို ကျွန်တော် အလွန်စိတ်ဝင်စားသွားသည်။ ကျောက်တုံးပေါ်တွင် ရောမ စစ်သားများ အားလပ်သည့်အချိန်တိုင်းတွင် ဆော့ကစားသည့် ကစားနည်းကို ထွင်းထုထားသည်။
သခင်ယေရှု ပေါ်ထွန်းသည့်ခေတ်နှောင်းပိုင်း ထွန်းကားခဲ့သည်ဟု မှတ်ယူရသည့် ထိုကျောက်တုံးများကို ကြည့်ပြီး ကျွန်တော်၏၀ိညာဉ်ရေးအသက်တာအတွက် ပြန်လည်ဆင်ခြင်စရာ ဖြစ်ခဲ့သည်။ ပျင်းရိငြီးငွေ့နေသည့် စစ်သားများက ၎င်းတို့ အလုပ်တာဝန်မရှိသည့်အချိန်များတွင် အချိန်ဖြုန်းကြသကဲ့သို့ ကျွန်တော်လည်း ဘ၀ကို သာယာရောင့်ရဲလျက်…

မမြင်ရသော လွှမ်းမိုးမှုအား

ဝါရှင်တန်ဒီစီ မြို့တော်ရှိ အမျိုးသား အနုပညာပြခန်းသို့ ကျွန်မသွားရောက်လည်ပတ်စဉ်က “The Wind’’ အမည်ရှိ ပန်းချီကားတစ်ချပ်ကို တွေ့ခဲ့သည်။ ပန်းချီကားမှာ သစ်တော ဧရိယာတစ်ခု၌ မုန်တိုင်းတိုက်ခတ်နေပုံဖြစ်ပြီး၊ ရှည်မျောမျောသစ်ပင်များက လက်ဝဲ ဘက်သို့ ညွတ်နေသည်။ ခြုံပုတ်ငယ်များလည်း လက်ဝဲဘက်သို့ပင် ယိမ်းနေသည်။
ထိုနည်းအတိုင်းပင် သန့်ရှင်းသော ၀ိညာဉ်တော်သည် ယုံကြည်သူအပေါင်းတို့ကို ဘုရားသခင်၏ ကောင်းမြတ်ခြင်း နှင့် သမ္မာတရားဆီသို့ တိမ်းညွှတ်အောင် လုပ်ဆောင်ပေး နိုင်သည်။ သန့်ရှင်းသော ၀ိညာဉ်တော်နှင့် သဟဇာတရှိလျှင် ကျွန်ုပ်တို့သည် ပို၍ ရဲရင့်သူ၊ ပို၍ နှစ်သက်ဖွယ် ကောင်းသူများ ဖြစ်လာနိုင်သည်ဟု မျှော်လင့်နိုင်သည်။ မိမိ၏စိတ်ဆန္ဒ လိုအင်များကို မည်သို့ကိုင်တွယ်ရမည်ကိုလည်း ပိုင်းခြားသိနိုင်လိမ့်မည် (၂ တိ ၁း၇)။
အချို့သောအခြေအနေများတွင် ၀ိညာဉ်တော်က ၀ိညာဉ်ရေးရာ ကြီးထွား ရင့်ကျက်ပြီး ပြောင်းလဲရန် ကျွန်မတို့ကို ညင်သာစွာတွန်းပို့သော်လည်း ကျွန်မတို့ ငြင်းပယ်မိသည်။…

အခန်းအမှတ် ၅၀၂၀

အသက် ၅၂ နှစ်အရွယ် ခင်ပွန်းကောင်း၊ ဖခင်ကောင်း၊ အထက်တန်းပြဆရာ၊ အားကစား နည်းပြကောင်း ဖြစ်သူ ဂျေးဘတ်တန်သည် ကင်ဆာရောဂါကြောင့် သူ၏ နောက်ဆုံး အချိန်သို့ ရောက်နေသော်လည်း သူဆေးကုသမှုခံယူသည့်အခန်းကို မီးပြတိုက်အဖြစ် ပြောင်းလဲစေခဲ့သည်။ သူ့အခန်းအမှတ် ၅၀၂၀ သည် မိတ်ဆွေများ၊ မိသားစုများနှင့် ဆေးရုံ ၀န်ထမ်းများအတွက် မျှော်လင့်ခြင်းမီးပြတိုက် ဖြစ်ခဲ့သည်။
သူ၏၀မ်းမြောက်သော စိတ်ထားနှင့် ခိုင်မာသောယုံကြည် ခြင်းကြောင့် သူနာပြုများက သူ့ကို ပြုစုရန် တာဝန်ကျလျှင် လိုလိုလားလားရှိကြသည်။ အချို့သူနာပြုများဆိုလျှင် အလုပ် တာဝန်ပြီးလျှင် ဂျေးကို လာရောက် ကြည့်ရှုသည်။
တစ်ချိန်က ဂျေး ၏အားကစားသမား ခန္ဓာကိုယ်က တဖြည်းဖြည်း ပိန်ကျသွားသည်။ သို့သော် သူက မည်သူ့ကိုမဆို လူတိုင်းကို အပြုံးနှင့်နှုတ်ဆက်သည်။ အားပေးသည်။ ‘‘သူ့ကို ကျွန်တော်သွားကြည့်တိုင်းက သူက တက်ကြွရွှင်လန်းလို့၊ မျှော်လင့်ချက်လည်း အပြည့်ပဲ။…

ဖန်ဆင်းခြင်းလက်ရာများကို ဂရုပြုထိန်းသိမ်းခြင်း

အညိုရောင် ရေချိုထရော့ငါးကြီးများ၏သဘာဝအရ ဆောင်းဦးပေါက်အချိန်၌ အသိုက်များ စဆောက်ကာ Owyhee မြစ်အတွင်း ဥချကြတော့မည်။ ရေတိမ်သော ကျောက်စရစ်ခဲများကြား၌ အသိုက်များ ရွှေ့ပြောင်းနေသည်ကို တွေ့မြင်နိုင်သည်။
အမြော်အမြင်ရှိသော တံငါသည်များက ၎င်းငါးများ ဥချကြတော့မည်ကို သိ၍ သူတို့ကို အနှောင့်အယှက်မဖြစ်အောင် သတိထားကြသည်။ ငါးဥများကို မနင်းမိအောင် ကျောက်စရစ်ခဲများပေါ် လမ်းမလျှောက်ဘဲ ရှောင်ကြသည်။ ငါးများ၏အသိုက် ပျက်စီးသွားမှာကို စိုးရိမ်ပြီး ပေါင်လယ်ခန့်မျှသာနက်သော ရေထဲတွင်ပင် ကူးဖြတ်ဆန်တက်ခြင်းလည်း မပြုလုပ်ကြပါ။ ဤထရော့ငါးကြီးများသည် တံငါသည်တို့ အနားယူ စခန်းချ သည့် အနီးဝန်းကျင်မှာပင် အသိုက်ဖွဲ့ ဥဥချကြသည်ဖြစ်၍ ၎င်းတို့ကို ဖမ်းဆီးရန် သွေးဆောင်ခံရသည့်တိုင် ဤငါးကြီး များကို သူတို့ မဖမ်း၊ မမျှားကြပါ။
ဤကြိုတင်ကာကွယ်မှုများသည် ငါးဖမ်းခြင်းနှင့်ဆိုင်သည့် ကျင့်ဝတ် တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ သို့သော် ပို၍ နက်နဲကောင်းမြတ်သည့် အကြောင်းတရား ရှိပါသည်။
ဘုရားသခင်သည်…

ဘုရားသခင် ကိုင်ဆွဲတော်မူ၏

ကျွန်မ၏ ညီမ၊ သူ၏ကလေးများနှင့်အတူ ကျွန်မတို့ နေ့လယ်စာ စားပြီးခါနီးအချိန်တွင် ညီမဖြစ်သူက သုံးနှစ်အရွယ်သူ့သမီးလေး အယ်နီကာ အား ‘‘နေ့လယ် တရေးတမောအိပ်ရမဲ့အချိန်ရောက်ပြီ’’ ဟုပြောလိုက်သည်။ သူလေး၏မျက်နှာတွင် အချက်ပြသည့် အရိပ်အယောင်အပြည့်ပင်။ ‘‘ဒါပေမဲ့ အန်တီ မော်နီကာ က သမီးကို ဒီနေ့ မချီရသေးဘူး’’ ဟု မျက်ရည်အ၀ိုင်းသားနှင့် ပြောလိုက်သည်။ ကျွန်မညီမလည်းပြုံးပြီး ‘‘အိုကေ၊ ဒါဆို အန်တီက သမီးကိုချီပေးမယ်၊ ဘယ်လောက်ကြာကြာ ပွေ့ချီပေးရမလဲ’’ ဟုမေးလိုက်ရာ သူက ‘‘ငါးမိနစ်’’ ဟု ပြန်ဖြေလိုက်သည်။
တူမလေးကို ပွေ့ချီရင်း တစ်ပါးသူကိုချစ်ခြင်း၊ မိမိက အချစ်ခံရခြင်း အကြောင်းကို တကူးတက စဉ်းစားစရာမလိုဘဲ သူက အမြဲပင် သတိပေးအမှတ်ရစေသည့်အတွက် ကျွန်မ ကျေးဇူးတင်မိသည်။ ကျွန်မတို့၏ယုံကြည်ခြင်းအသက်တာခရီးစဉ်၌ မိမိ၏ဉာဏ်ဖြင့် မသိနိုင်သော ဘုရားသခင်၏မေတ္တာတော်ကို (ဧ ၃း၁၈) ပို၍ အပြည့်အ၀ တွေ့ကြုံ…

နာမည်အသစ်

‘‘Leading by Naming’’ ဟူသော ဆောင်းပါး၌ အမည်နာမ၏အစွမ်းတန်ခိုးအကြောင်းကို မာ့ခ် လက်ဘတန် က ရေးသားခဲ့သည်။ ‘‘ကျွန်တော့်မိတ်ဆွေ ဂီတသမားတစ်ဦးက ကျွန်တော့်ကို ဂီတသမားလို့ ခေါ်လိုက်တဲ့ တစ်နေ့မှာ ရလိုက်တဲ့ အကျိုးသက်ရောက်မှုကို အခုထိတိုင် ခံစားနေတုန်းဘဲ။ ဘယ်သူကမှ ကျွန်တော့်ကို အဲဒီလို မခေါ်ကြဘူး။ တစ်ကယ်လည်း ဘယ်တူရိယာကိုမှ မတီးခတ်ပါဘူး။ သီချင်းသီဆိုဖျော်ဖြေသူလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ ငါ့ကို လူတွေသိပြီး နှစ်သက်ကြတယ်လို့ ခံစားလိုက်ရတယ်။ ... ကျွန်တော့်ရဲ့အကြောင်း အတွင်းကျကျကို (သူက) သတိပြုမိတယ်၊ အထောက်အထားပြပြီး ချီးကျူးတယ်၊ အသိမှတ်ပြုတယ်လို့ ခံစားရတယ်’’ ဟု သူရေးသားခဲ့သည်။
သခင်ယေရှုက ရှိမုန်ကို နာမည်ပြောင်းပေးသည့် အချိန်၌ ရှိမုန်လည်း ဤကဲ့သို့ ခံစားကောင်းခံစားရနိုင်သည်။ သခင်ယေရှုသည် မေရှိယဖြစ်ကြောင်း အနြေ္ဒ အခိုင်အမာ ယုံကြည်သွားသည့်အခါ သူ့အစ်ကို ရှိမုန်ကို ချက်ခြင်းရှာပြီး…

ကောင်းသောသိုးထိန်း

ဆေးရုံတွင် ခင်ပွန်းသည်နှင့်အတူ စိုးရိမ်ကြောင့်ကြမှုကြီးစွာနှင့် ကျွန်မစောင့်ဆိုင်းနေခဲ့ ရသည်။ ကျွန်မတို့၏သားငယ်မှာ မျက်စိပြန်တည့်မတ်ရန် ခွဲစိတ်မှုခံယူနေရပြီး ကျွန်မမှာ ပူပန်စိုးရိမ်မှုများဖြင့် ရင်ထဲယောက်ယက်ခတ်နေသည်။ ကြိုးစားဆုတောင်းရင်း ဘုရားသခင်၏ငြိမ်သက်ခြင်းကို ပေးသနားရန် ကျွန်မတောင်းခံသည်။ ကျွန်မ၏ ကျမ်းစာအုပ်ကို အလျင်အမြန် လှန်လှောရင်း ဟေရှာယ အခန်းကြီး ၄၀ ကို သတိရသဖြင့် ကျွမ်းဝင်ပြီးသား ကျမ်းပိုဒ်ကိုလှန်ရင်း အသစ်သော ဖွင့်ပြချက်တစ်ခုခုများ တွေ့ရမလားဟု တွေးလိုက်သည်။
သခင်သည် ‘‘မိမိသိုးစုကို သိုးထိန်းကဲ့သို့ ကျွေးမွေး တော်မည်။’’ ‘‘သိုးသူငယ်တို့ကို ချီ၍ ပွေ့ပိုက်တော်မူမည်’’ (း၁၁) ဟူသည့် ကျမ်းချက်ကို ဖတ်လိုက်စဉ် လွန်ခဲ့သော နှစ်ပေါင်းများစွာက ဤကျမ်းပိုဒ်အားဖြင့် ကျွန်မကို တစ်ကြိမ်သတိပေးခဲ့သည်ကို ပြန်သတိရလိုက်ပြီး ကျွန်မ အသက်ရှုရပ်သွားသည်။ သခင်သည် ကျွန်မတို့ကို ဆွဲကိုင်ကာ ဦးဆောင်လျက် ဂရုပြုပေးကြောင်း သိလိုက်ရ၍ ထိုအချိန်ခဏလေးမှာပင် ကျွန်မ၏ပူပင်သောကများ ပျောက်လွှင့်သွားသည်။ အသက်ကို…

အတောင်နှစ်ဘက်ရှိသော နေမင်း

ယေရုရှလင်မြို့၏ ရှေးဟောင်းသုတေသနတက္ကသိုလ်၌ ရွှံ့စေးဖြင့် ပြုလုပ်ထားသော ရှေးဟောင်းတံဆိပ်တုံးတစ်ခုမှာ ဗီဒိုထဲ၌ ငါးနှစ်တာမျှ ထိုအတိုင်း ရှိနေခဲ့သည်။ တောင်ဘက် ယေရုရှလင်မြို့ရိုးဟောင်း၏အောက်ခြေ၌ အဆိုပါတံဆိပ်တုံးကို တူးဖော် ရရှိပြီးနောက် သက်တမ်း ၃၀၀၀ နီးပါးရှိသော အရာဝတ္တု၏အရေးပါမှုကို အစောပိုင်း စစ်ဆေးလေ့လာမှုတွင် မဖော်ထုတ်နိုင်ခဲ့ပါ။ သို့သော် တံဆိပ်ပေါ်ရှိ စာသားကို သုတေသီတစ်ဦးက စေ့စေ့စပ်စပ် ကြည့်ရှုလေ့လာပြီးနောက် အဓိကအရေးပါသောအချက်ကို တွေ့ရှိဖော်ထုတ်နိုင်ခဲ့သည်။ ရှေးဟောင်းဟေဗြဲစာဖြင့် ရေးထိုးသောစာမှာ ‘‘ယုဒရှင်ဘုရင် အာခတ်၏သား ဟေဇကိမင်းနှင့် သက်ဆိုင်သည်’’ ဟု အဓိပ္ပာယ်ရသည်။
တံဆိပ်တုံးအလယ်တွင် အတောင်နှစ်ဘက်ရှိသော နေမင်းအား အသက်ကိုကိုယ်စားပြုသည့် ရုပ်လွှာနှစ်ခုက ၀န်းရံထားသည်။ ထိုတံဆိပ်တုံးကို တွေ့ရှိသူ ရှေးဟောင်း သုတေသီက ဟေဇကိမင်းသည် သေနာမှပျောက်ကင်း ပြီးနောက် ဘုရားသခင်၏ကွယ်ကာခြင်း အမှတ်သင်္ကေတအဖြစ် ဤတံဆိပ်တုံးကို စတင်အသုံးပြုခဲ့ခြင်း ဖြစ်မည်ဟု ယုံကြည်သည် (ဟေရှာ ၃၈း၁-၈)။ ဟေဇကိမင်းသည် ဘုရားသခင်အား…

နှိုးစက်အသံ

မကြာခဏ နိုင်ငံအနှံ့လှည့်လည်ကာ ခရီးသွားပြီး အခြားတစ်နေရာရာ (သို့) ဟိုတယ်၌ တည်းခိုတိုင်း ကျွန်တော့်ကို ခေါ်နိုးရန် ဧည့်ကြိုကောင်တာ၌ မှာကြားသည်။ ထိုသို့ လူကိုယ်တိုင်လာခေါ်နိုးခြင်းအပြင် အိပ်ရာမှထပြီးလှုပ်ရှားရန်အတွက် တတီတီမြည်သော ဖုန်း၏အကူအညီကိုလည်း လိုအပ်သည်။
ဗျာဒိတ်ကျမ်းမှ အာရှိပြည်တစ်ဝိုက်ရှိ အသင်းတော် ၇ ပါးသို့ ရှင်ယောဟန် ရေးသားပေးပို့သောစာများတွင် ၀ိညာဉ်ရေးရာ၌ နိုးထမှုရှိရန် ရေးခဲ့သည်။ သာဒိမြို့ရှိ အသင်းတော်အတွက် သခင်ယေရှု၏သတင်းစကားမှာ ‘‘သင်၏အကျင့်ကို ငါသိ၏။ သင်သည် အသက်ရှင်ဟန် ရှိသော်လည်း သေလျက်နေသည်ကို ငါသိ၏။ မအိပ်ဘဲ စောင့်၍နေလော့။ ကျန်ရစ်၍ သေလုသောအရာတို့ကို ပြုစုလော့။ သင်၏အကျင့်သည် ငါ၏ဘုရားသခင့်ရှေ့၌ မစုံမလင်ရှိသည်ကို ငါတွေ့ပြီ’’ (ဗျာ ၃း၁-၂)ဟု ဆိုထားသည်။
ဝိညာဉ်ရေး၌ မောပန်းနွမ်းနယ်ချိန်တွင် မိမိနှင့် ဘုရားသခင်အကြား ဆက်ဆံရေးသည် ယိုယွင်းလာကြောင်း ကျွန်တော်တို့ သတိမပြုမိတတ်ပါ။ သို့သော် ဘုရားသခင်က ကျွန်တော်တို့ကို…