အမျိုးအစား  |  odb

သစ်လွင်ထက်သန်သော ယုံကြည်ခံယူချက်

ဘိန်းစွဲနေသောအခြေအနေမှ ကျွန်တော့်သား ရုန်းကန်ခဲ့ရစဉ်က ဘုရားသခင်သည် ကျွန်တော်တို့ ကြုံတွေ့ရသော အခက်အခဲများအားဖြင့် တစ်နေ့တစ်ချိန်တွင် အခြား မိသားစုများကို အားပေးသက်သေခံနိုင်ရန် အခွင့်ပေးလိမ့်မည်ဟု သင်ပြောခဲ့လျှင် ကျွန်တော့် အနေဖြင့် ထိုစကားကို ယုံရန် ခက်လိမ့်မည်။ ပြဿနာနှင့်ရုန်းကန်နေရချိန်တွင် ဘုရားသခင်သည် အခက်အခဲပြဿနာများမှ ကောင်းကျိုးကို ထုတ်ဆောင်နိုင်ကြောင်း ခံယူရန်မှာ ပြောသလောက်မလွယ်။
တမန်တော် သောမသည် သခင်ယေရှု၏ အသေခံ ခြင်းအဖြစ်အပျက်မှ သူ့ယုံကြည်ခြင်းကိုစိန်ခေါ်လျက် ကောင်းကျိုး တစ်စုံတစ်ရာကို ဘုရားသခင် ထုတ်ဆောင်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပါ။ သခင်ထမြောက်ပြီး တပည့်တော်တို့ထံ ကြွလာ တော်မူသောအခါ သောမသည် သူတို့နှင့်အတူ ရှိမနေ ခဲ့ပါ။ ထို့ကြောင့် သူက ကြေကွဲမှုများစွာဖြင့် ‘‘လက်တော်၌ သံရိုက်ရာချက်ကို မမြင်၊ သံရိုက်ရာချက်ကို လက်ညှိုးနှင့်မစမ်း၊ နံဘေးတော်ကိုလည်း လက်နှင့် မစမ်း မသပ်ရလျှင် အကျွန်ုပ်မယုံဟု ဆို၏’’ (ယော ၂၀း၂၅)။…

ဆုမတောင်းနိုင်သောနေ့

၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် နှလုံးခွဲစိတ်ရမည်ဟု သိလိုက်ရသောအခါ ကျွန်ုပ် အနည်းငယ် အံ့သြတုန်လှုပ်လျက် ထိုခွဲစိတ်မှုကြောင့် သေနိုင်သည်ဟု တွေးမိသည်။ ထို့ကြောင့် မသေမီ ကျွန်ုပ်ပြုပြင်ရမည့် ပေါင်းသင်းဆက်ဆံရေး တစ်ခုခုရှိသလား။ မိသားစု အတွက် ငွေရေးကြေးရေး ပြင်ဆင်ပေးရမည်လား။ ခွဲစိတ်မှုအောင်မြင်သည့်တိုင် အလုပ် မလုပ်နိုင်ဘဲ လအတန်ကြာနားရဦးမည်ဖြစ်၍ ကြိုပြီး လုပ်နိုင်သည့် အလုပ်များရှိမလား။ ရွေ့ဆိုင်း၍ မရသော အလုပ်များအတွက် မည်သူ့ကို လွှဲခဲ့ရမည်နည်း။ လုပ်စရာ ရှိသည်များကို လုပ်ရင်း တစ်ဘက်မှလည်း ဆုတောင်းရမည်။ သို့သော် ကျွန်ုပ် ဘာမှ မလုပ်နိုင်ခဲ့ပါ။
ကျွန်ုပ်၏ကိုယ်ခန္ဓာသည် အလွန်ပင်ပန်းမောဟိုက်ပြီး စိတ်နွမ်းလျလျက် လွယ်ကူရိုးရှင်းသောတာဝန်များကိုပင် မလုပ် နိုင်ပါ။ ဆုတောင်းရန် ကြိုးစားရာ မအီမသာဖြစ်မှုအပေါ် စိတ် ရောက်နေပြီး နှလုံးရောဂါကြောင့် အသက်ဖွဖွရှူရင်း အိပ်ပျော် သွားသည်။ စိတ်ပျက်အားလျော့လိုက်ပါဘိ။ အလုပ်လည်း မလုပ်နိုင်၊ မိသားစုနှင့်…

ဆောင်းရာသီအတွက် အ၀တ်အထည်များ

ကျွန်ုပ်ဝယ်လိုက်သော ဆောင်းရာသီဝတ်အထည်မှ ဈေးနှုန်းကပ်ပြားကို ဖြုတ်လိုက်စဉ် အနောက်ခြမ်းတွင် “သတိ - ယခုဝတ်စုံကို သင်ဝတ်လိုက်လျှင် အပြင်ထွက်ချင်စိတ်ကို ဖြစ်စေမည်။”ဟု ရေးထားသဖြင့် ကျွန်ုပ်တစ်ချက် ပြုံးလိုက်မိသည်။ ဆိုလိုသည်မှာ လူတစ်ဦးသည် ရာသီဥတုနှင့် လိုက်လျောညီထွေစွာ ၀တ်ဆင်လိုက်လျှင် ကြမ်းတမ်း ဆိုးရွားသော ရာသီဥတုနှင့် ရာသီအပြောင်းအလဲကာလ တွင်ပင် ရှင်သန်နေနိုင်လိမ့်မည်။
ထိုသဘောတရားကို ကျွန်ုပ်တို့၏ ဘ၀အသက်တာ ၌လည်း ကြုံတွေ့ရသည်။ သခင်ယေရှု၏ နောက်တော်လိုက် များအနေဖြင့် ကျွန်ုပ်တို့အတွက် ရာသီဥတုဒဏ်ခံ ၀ိညာဉ်ရေး အ၀တ်ဘီဒိုတစ်ခုကို နှုတ်ကပတ်တော်တွင် သခင် ပေးထားသည်။ “ထို့ကြောင့် သင်တို့သည် ဘုရားသခင် ရွေးကောက် သောသူ၊ သန့်ရှင်းသောသူ၊ ချစ်အပ်သောသူကဲ့သို့၊ သနား စုံမက်ခြင်း၊ ကျေးဇူးပြုခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းတို့ကို ယူတင်ဝတ်ဆောင်ကြလော့။ တစ်ယောက်နှင့်တစ်ယောက် အပြစ် တင်စရာ အခွင့်ရှိလျှင် အချင်းချင်းသည်းခံ၍ အပြစ်ကို…

ဗလာနတ္တိမှ စုံလင်ခြင်းသို့်

ထင်ရှားသော ကလေးပုံပြင်စာအုပ်တစ်အုပ်တွင် ဆင်းရဲသော ကျေးတောသားလေးပုံပြင် ပါရှိသည်။ ပုံပြင်ထဲတွင် ကျေးတောသားလေး ဗာသောလမဲသည် ရှင်ဘုရင်ကို အရိုအသေ ပေးရန် သူ့ဦးထုပ်ကို ချွတ်လိုက်တိုင်း အလားတူ ဦးထုပ်များ တစ်လုံးပြီးတစ်လုံး ပေါ်လာ သည်။ ထိုအခါ ရှင်ဘုရင်ကို မရိုမသေပြုသကဲ့သို့ဖြစ်လာကာ ရှင်ဘုရင်လည်း ဒေါသပုန် ထလာသည်။ သို့နှင့် သူ့ကိုအပြစ်ပေးရန် နန်းတော်သို့ ဖမ်းခေါ်သွားသည်။ အပြစ်ပေးမည့်နေရာသို့ မရောက်မီ အထိ ဦးထုပ်များ တစ်လုံးပြီးတစ်လုံး ပေါ်လာမြဲဖြစ်သည်။ ဦးထုပ်များသည် တစ်ဖြည်းဖြည်းနှင့် တန်ဖိုးကြီးသော ကျောက်မျက်များ၊ အလှစိုက် ငှက်မွှေးများဖြင့် ပိုလှလာသည်။ အလုံးရေ ၅၀၀ မြောက် ဦးထုပ်ကို ဘုရင်ကြီး ဒါဝင် သဘောကျသွားပြီး ဗာသောလမဲကို အပြစ်လွှတ်ကာ ရွှေဒင်္ဂါး ၅၀၀ ဖြင့် ထိုဦးထုပ်ကို ၀ယ်လိုက်သည်။ နောက်ဆုံး ဗာသောလမဲ၏ဦးခေါင်းတွင် ဘာမှမရှိတော့ပါ။ သူသည် လွတ်လပ်လျက်…

စွန့်ပစ်ခြင်းမဟုတ်၊ ခွဲခွာခြင်းသာ

ကျွန်မ၏တူမလေး ဘော့စ်တွန်တက္ကသိုလ်တွင် ဘွဲ့သွားယူရန် မက်ဆာချူးဆက် ပြည်နယ်သို့ မထွက်ခွာမီညက သူ့ကို နှုတ်ဆက်ရင်း ကျွန်မ၏လည်ချောင်းတွင် ဆို့နင့်ခဲ့ ရသည်။ ဘွဲ့မရမီက ပညာသင်ချိန် လေးနှစ်တွင် အိမ်နှင့် ခွဲခွာခဲ့သော်လည်း ကျွန်မတို့ ပြည်နယ်မှ ထွက်သွားခြင်းမဟုတ်သဖြင့် နှစ်နာရီခွဲခန့် ကားမောင်းလာရုံနှင့် ကျွန်မတို့ အလွယ်တကူ ပြန်လည်ဆုံတွေ့နိုင်ခဲ့သည်။ ယခုတွင် မိုင် ၈၀၀ မက ဝေးသောအရပ်တွင် သူရောက်နေပေပြီ။ တစ်ယောက်နှင့်တစ်ယောက် ပုံမှန်တွေ့ဆုံစကားပြောရန် မလွယ်တော့ပါ။ သူမကို စောင့်ရှောက်ရန် ဘုရားသခင်ထံ အပ်နှံရပါတော့သည်။
ရှင်ပေါလုသည် ဧဖက်မြို့အသင်းတော်လူကြီးများကို နှုတ်ဆက်ခွဲခွာရသည့်အခါတွင်လည်း ထိုကဲ့သို့ သူခံစားခဲ့ရ သည်။ အသင်းတော်ကို တည်ထောင်ပြီး သုံးနှစ်တိုင်အောင် သင်ကြားပျိုးထောင်ပေးခဲ့ရသဖြင် ထိုသူတို့နှင့် မိသားစုပမာ ရင်းနှီးကျွမ်းဝင်ခဲ့သည်။ ယခုတွင် ယေရုရှလင်မြို့သို့ ရှင်ပေါလု ခရီးပြုနေပြီဖြစ်၍ သူတို့နှင့် ပြန်လည် မဆုံဆည်းနိုင် တော့ပေ။
သို့သော်လည်း ရှင်ပေါလုသည်…

ရွက်ဖျင်တဲ၌ နေခြင်း

လှပသောရေကန်များ ပေါများသည့် မင်နီဆိုးတားပြည်နယ်တွင် ကြီးပြင်းလာသူ ဖြစ်သည့် အလျှောက် ကျွန်ုပ်သည် ဘုရားသခင် အံ့ဖွယ်ဖန်ဆင်းထားသောနေရာများကို ကြည့်ရှု ခံစားရန် ထိုနေရာများသို့ ခရီးသွားစခန်းချခြင်းကို အလွန်နှစ်သက်သည်။ သို့ရာတွင် ပါးလွှာသောရွက်ဖျင်တဲတွင် အိပ်စက်ရခြင်းကို မနှစ်သက်ပါ။ အထူးသဖြင့် မိုးရွာလျှင် မိုးယိုပြီး အိပ်ယာစိုသည့်အတွက်ကြောင့် စိတ်ညစ် ရပါသည်။
နှစ်ပေါင်းတစ်ရာမျှ တဲတွင် အချိန်ကုန်ခဲ့ရသော ယုံကြည်ခြင်း သူရဲကောင်းတစ်ဦး အကြောင်းကို စဉ်းစားမိတိုင်း ကျွန်ုပ်အလွန်အံ့သြမိသည်။ အသက် ၇၅ နှစ်အရွယ်တွင် အာဗြဟံသည် သူ၏ပြည်နှင့် အမျိုးသားချင်းပေါက်ဘော်များ ထဲကထွက်ကာ ကိုယ်တော်ပြသောပြည်သို့သွားရန်နှင့် သူအား လူမျိုးကြီးဖြစ်စေမည်ဟုမိန့်ကြားသည့် ဘုရားသခင် ၏ခေါ်သံကို ကြားခဲ့သည် (က ၁၂း၁-၂)။ ဘုရားသခင် သည် ကတိတော်အတိုင်း သူ့ကိုမစမည်ဟု အာဗြဟံ ယုံကြည်လျက် နာခံခဲ့သည်။ သူ့အသက် ၁၇၅ နှစ် အရွယ် (က ၂၅း၇)…

ရှိမုန်ပြောသည့်စကား

ရာဖြူ့ရာဘင်ဒရာနတ် အမည်တွင်သူသည် သီရိလင်္ကာနိုင်ငံတွင် ၁၀ နှစ်ကျော်မျှ လူငယ်ဌာနတွင် လုပ်ကိုင်ခဲ့သည်။ သူသည် ညနက်သည့်အထိ လူငယ်များနှင့် အတူသွား၊ အတူစားသည်။ သူတို့ပြောစကားများကို နားထောင်ပေးသည်။ သူတို့ကို ဆွေးနွေး အကြံပေးသည်၊ သူတို့ကို သင်ကြားပို့ချပေးသည်။ လူငယ်များနှင့် အလုပ်လုပ်ရ သည်ကို သူနှစ်သက်သော်လည်း အလားအလာကောင်းသည့် ကျောင်းသားများသည် ယုံကြည်ခြင်းမှ သွေဖည်သွား လျှင် သူအလွန်စိတ်ထိခိုက်သည်။ အချို့နေ့ရက်များတွင် သူသည် ရှင်လုကာခရစ်ဝင် အခန်းကြီး ၅ တွင် ဖော်ပြသည့် ရှိမုန် ပေတရုကဲ့သို့ ခံစားရသည်။
ရှိမုန်သည် တစ်ညလုံး ကြိုးစားပမ်းစား ငါးရှာသော်လည်းငါးတစ်ကောင်မျှမရသဖြင့် (း၅)၊ ပင်ပန်းနွမ်းနယ်၍ စိတ်ပျက် နေခဲ့သည်။ ခရစ်တော်က “ရေနက်ရာအရပ်သို့ ရွှေ့ဦးလော့။ ပိုက်ကွန်ကိုချ၍ ငါးကိုအုပ်စမ်းလော့” (း ၄) ဟု ပြောလျှင် ရှိမုန်က “အမိန့်တော်ရှိလျှင် ပိုက်ကွန်ကိုချပါမည်” ဟုပြန်လျှောက်လေ၏(း…

အချိုနှင့်အချဉ်

လမ်းလျှောက်တတ်ခါစကျွန်မသားငယ်သည် သံပုရာသီးခြမ်းကို ကိုက်မိရာ နှာခေါင်းကိုရှုံ့၊လျှာကိုထုတ်၊ မျက်လုံးကိုမှိတ်ပြီး “ရှဉ်တယ်”(ချဉ်တယ်) ဟု စကား မပီကလာ ပီကလာနှင့်ပြောသည်။ ကျွန်မ တခစ်ခစ်ရယ်လျက် သံပုရာသီးခြမ်းကိုယူပြီး အမှိုက်တောင်းထဲသို့ ပစ်ထည့်ရန် ပြင်လိုက်သည်။
သူက ကျွန်မထံ ကမူးရှူးထိုးပြေးလာရင်း “မပစ်နဲ့၊ ထပ်ပေးအုံး” ဟုပြောရင်း သံပုရာခြမ်းကို စုပ်လျက် တစ်မြုံ့မြုံ့ လုပ်နေသည်။ နောက်ဆုံး ကျွန်မကို သံပုရာခွံပေးပြီး ထွက်သွားရာ ကျွန်မ မျက်နှာရှုံမိပါသည်။
ကျွန်မ၏အသက်တာတွင် ချိုမြိန်သော အတွေ့အကြုံ များကိုသာ တွေ့ကြုံခံစားလိုသည်။ ထို့ကြောင့် ခါးသီးသော အရာကို မကြုံတွေ့လိုသော ချဉ်တူးသောဆင်းရဲဒုက္ခကို မနှစ်မြို့သော ကျွန်မ၏ခံစားမှုကို မျှဝေခံစားသူ ယောဘ၏ ဇနီးကို ပြန်လည် သတိရမိသည်။
အမှန်စင်စစ် ဆင်းရဲခြင်းဒုက္ခဝေဒနာများ ရင်ဆိုင် ရခြင်းကို ယောဘလည်း မပျော်ပါ။ သို့သော် သူမလိုလားသည့် အခြေအနေများကြားတွင် ဘုရားသခင်ကို ချီးမြှောက်ခဲ့သည်…

နေ့စဉ်ဆုတောင်းချက်

သားများငယ်စဉ်က နံနက်တိုင်း ဘတ်စ်ကားမှတ်တိုင်သို့ မသွားမီ ဆုတောင်းပေးသော သူ့မိခင်ကြီးအတွက် အဆိုတော်နှင့် သီချင်းရေးစပ်သူ ရောဘတ်ဟမ်းလက် က “ကျွန်ုပ်အတွက် ဆုတောင်းပေးသောအမျိုးသမီး” ဟူသော ဂုဏ်ပြုတေးသီချင်းကို စပ်ဆိုခဲ့သည်။ ဟမ်းလက် သီဆိုသည့် ထိုသီချင်းကို ငယ်ရွယ်သောမိခင်တစ်ဦးက ကြားခဲ့ပြီးနောက် သူ့သားနှင့်အတူ ဆုတောင်းမည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။ ထိုအခါ ဖြစ်ပေါ်လာသည့် ရလဒ်က ကြည်နူးကျေနပ်စရာပါ။ အိမ်တံခါးဝမှမထွက်မီ မိခင်က သားအတွက် ဆုတောင်းပေးလိုက်သည်။ ငါးမိနစ် အကြာတွင် သူသည် ဘတ်စ်ကားမှတ်တိုင်မှ သူ၏ သူငယ်ချင်းများကိုခေါ်၍ အိမ်သို့ပြန်လာသဖြင့် မိခင်က မေးရာ “သူတို့ရဲ့ အမေတွေက သူတို့အတွက် ဆုမတောင်းပေးဘူး” ဟု သားလေးက ပြန်ဖြေလိုက်တော့သည်။
ဧဖက်သြဝါဒစာစောင်တွင် ရှင်ပေါလုက ကျွန်ုပ်တို့အား “ကာလအစဉ် စိတ်နှလုံးပါလျက် ဆုတောင်းပတ္ထနာပြုခြင်းအမျိုးမျိုး တို့ဖြင့် ဆုတောင်းကြရန်” တိုက်တွန်းနှိုးဆော်ထားသည်(၆း၁၈)။ မိသားစုတွင်း၌ နေ့စဉ် ဘုရားသခင်အပေါ် အမှီပြုခြင်းကိုပြရန်…

ပန်းတိုင်အရောက် ပြေးကြစို့

၂၀၁၆ ခုနှစ် ရီယို အိုလံပစ်ပြိုင်ပွဲ၏ မီတာ ၅၀၀၀ ပြေးပွဲတွင် ယှဉ်ပြိုင်သူ အပြေးသမားနှစ်ဦးကို ကမ္ဘာမှအာရုံစိုက် စိတ်ဝင်စားခဲ့သည်။ နယူးဇီလန်နိုင်ငံသူ နီကီ ဟမ်ဘလင်နှင့် အမေရိကန်နိုင်ငံသူ အက်ဘီ ဒီ ဒက်ဂိုစတီနိုတို့သည် မီတာ ၃၂၀၀ ခန့်တွင် တိုက်မိပြီး လဲကျသွားခဲ့ကြသည်။ အက်ဘီသည် လျင်မြန်စွာ ပြန်ထနိုင်ခဲ့သည်။ သို့သော် ရပ်ပြီးနီကီကို ကူညီခဲ့သည်။ သူတို့နှစ်ယောက် ပြန်စပြေးပြီး မကြာမီ အက်ဘီ မှာ ချော်လဲကျခြင်းကြောင့် သူ၏ ညာဘက် ခြေထောက်တွင် ဒဏ်ရာရသွားသဖြင့် ဒယီးဒယိုင် ဖြစ်လာသည်။ ဤတစ်ကြိမ်တွင် သူ၏မိတ်ဆွေကို ပန်းတိုင်အထိရောက်အောင်ပြေးရန် အားပေးရမည့် နီကီ့အလှည့် ရောက်လာသည်။ အက်ဘီ ပန်းဝင်လာသောအခါ သူ့ကို ဖက်ယမ်းရန် နီကီ စောင့်နေသည်။ အလွန်လှပသော အပြန်အလှန် ဖေးမမှုမြင်ကွင်းပါတကား။
ထိုမြင်ကွင်းက ကျွန်မအတွက် သမ္မာကျမ်းစာထဲမှ ကျမ်းချက်တစ်ပိုဒ်ကို…