အမျိုးအစား  |  odb

အကောင်းဆုံးအပိုင်း

ကျွန်တော်ငယ်စဉ်က အမေမုန့်ထည့်ပေးလျှင် ‘‘သူ့မုန့်က သားမုန့်ထက် ကြီးတယ်’’ ဟူ၍ ကျွန်တော်တို့ညီအစ်ကို စကားများလေ့ရှိသည်။ ကျွန်တော်တို့၏ ဘာမဟုတ်သော ငြင်းခုံမှုကို အဖေက သတိပြုမိပြီး တစ်နေ့တွင် ပြုံးလျက် အမေ့ထံ သူ၏ပန်းကန်ကို ထိုးပေးကာ ‘‘ကျေးဇူးပြု၍ မင်းနှလုံးသားလောက်ကြီးတဲ့ အပိုင်းပေးပါ’’ ဟု အဖေက ဆိုသည်။ ကျွန်တော်တို့ ညီအစ်ကိုမှာ အံ့သြပြီး ငြိမ်သက်စွာ ကြည့်နေစဉ် အမေက ရယ်မောလျက် အဖေ့ကို အကြီးဆုံး အပိုင်းကို ပေးလိုက်သည်။
သူတစ်ပါး၏စည်းစိမ်ဥစ္စာအပေါ် ကျွန်တော်တို့ အာရုံစိုက်မိလျှင် မနာလိုဝန်တိုစိတ် ၀င်လာသည်။ သို့သော် ဘုရားသခင်၏နှုတ်ကပတ်တော်မှ လောကီစည်းစိမ်ထက် သာ၍တန်ဖိုးရှိသောအရာကို ကျော်၍မြင်စေသည်။ ဆာလံဆရာက ‘‘အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏အဘို့ ဖြစ်တော်မူ၏။ နှုတ်ကပတ်စကားတော်တို့ကို နားထောင် ပါမည်ဟု အကျွန်ုပ်ပြောထားပါပြီ။ ကျေးဇူးတော်ကို ခံရပါမည်အကြောင်း ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ တောင်းပန်ပါ၏။ ဗျာဒိတ်တော်အတိုင်း…

ညွှန်ကြားသူကို စောင့်ကြည့်ပါ

ထင်ရှားကျော်ကြားသော ကမ္ဘာ့တယောပညာရှင် ဂျော့ရှုဝါ ဘဲလ် သည် အဖွဲ့ဝင် ၄၄ ယောက် နှင့် ဖွဲ့စည်းထားသော သံစုံတီးဝိုင်းတစ်ခုဖြစ်သည့် St. Martin in the Fields သင်တန်းကျောင်းကို တစ်မူထူးခြားစွာ ဦးဆောင်နိုင်သူတစ်ယောက်ဖြစ်သည်။ တုတ်တံကို ဝှေ့ယမ်းပြီး ညွှန်ကြားမည့်အစား အခြားတယောတီးခတ်သူများနှင့်အတူ သူကိုယ်တိုင် တယောတီးပြီး ညွှန်ကြားသည်။ ‘‘ဘယ်လို အခြေအနေမှာ ဘယ်လိုတီးရမလဲဆိုတာကို သူတို့ နားလည် နိုင်တဲ့ အချက်ပြ ညွှန်ကြားမှုတွေကို တယောတီးနေရင်းနဲ့မှ ကျွန်တော် ပေးနိုင်တယ်။ ကျွန်တော့်တယောသံအကျ၊ ကျွန်တော့် မျက်ခွံပင့်တာ၊ ကျွန်တော်တယောထိုးတဲ့ ဘိုးတံကို ဆွဲပုံဆွဲနည်း တွေကအစ သူတို့ နားလည်တယ်။ တီးဝိုင်းထဲက ကျွန်တော်လိုချင်တဲ့အသံက ဘာလဲဆိုတာ သူတို့သိတယ်’’ ဟု ဘဲလ် က ကော်လိုရာဒို ပြည်သူ့အသံလွှင့်ဌာနသို့ ပြောကြားခဲ့သည်။
တီးဝိုင်းအဖွဲ့ဝင်များက ဂျော့ရှုဝါ ဘဲလ်ကို စောင့်ကြည့်…

အတားအဆီးများကို ဖယ်ရှားလိုက်ခြင်း

အကျဉ်းသားများကို လူမှုအသိုင်းအ၀ိုင်းသို့ ပြန်ဝင်ဆံ့အောင် အကူအညီပေးသည့် ‘‘အိမ် The House’’ ဂေဟာသို့ အင်္ဂါနေ့တိုင်း ကျွန်မ သွားပြီး မေရီနှင့်တွေ့သည်။ သူက ထောင်မှထွက်ကာစ၊ ဆေးစွဲခြင်းကို တွန်းလှန်နေရပြီး သားနှင့် ကွဲကွာနေသည့်ဘ၀၊ ကျွန်မဘ၀နှင့် သူ့ဘ၀က တစ်ခြားစီဖြစ်သည်။ သူသည် လူ့အသိုင်းအ၀န်းပြင်ပ၌ ရှိနေသူ- အပခံရသူဟု လူတို့ပြောကောင်း ပြောမည်။
လူ့အသိုင်းအ၀န်းပြင်ပတွင် ရှင်သန်ရသောဘ၀ကို မေရီနည်းတူ သြနေသိမ်သည်လည်း သိနားလည်သည်။ ကျွန်တစ်ယောက်အနေနှင့် သူ့သခင် ဖိလေမုန်ကို ပြစ်မှားပြီး ထောင်ထဲရောက်ခဲ့သည်။ ထောင်တွင် ရှင်ပေါလုနှင့်တွေ့ပြီး ခရစ်တော်ကို ယုံကြည်ခဲ့သည်။ သြနေသိမ်၏အသက်တာ ပြောင်းလဲသွားသော်လည်း ကျွန် ဖြစ်နေဆဲပါ။ သြနေသိမ်ကို ကျွန်အဖြစ်မမှတ်ဘဲ၊ ညီအစ်ကိုကဲ့သို့ လက်ခံရန် တိုက်တွန်း သည့်စာကို သြနေသိမ်မှ တစ်ဆင့် ဖိလေမုန်ထံသို့ ရှင်ပေါလု ပို့လိုက်သည် (ဖိ ၁း၁၆)။
ဖိလေမုန်က သြနေသိမ်ကို…

ဒေါသကို ထိန်းချုပ်ကွပ်ကဲခြင်း

ကျွန်မသူငယ်ချင်းတစ်ယောက်နှင့် ညနေစာစားနေစဉ် သူ့အမျိုးတစ်ယောက်ကို သူစိတ်ပျက်နေကြောင်း ရင်ဖွင့်သည်။ သူ့ကို သရော်လှောင်ပြောင်ပြီး ဂရုမစိုက်သည့် အမူအကျင့်များဖြင့် သူစိတ်အနှောင့်အယှက်ဖြစ်အောင်လုပ်သည်။ ထိုကိစ္စနှင့် ပတ်သက်ပြီး သူ့ကို စကားပြောရန် သူတွန့်ဆုတ်နေခဲ့သည်။ ထိုပြဿနာကို ထိပ်တိုက် ဖြေရှင်းရာ၌လည်း လှောင်ပြောင်သရော်သော အပြုအမူဖြင့် တုံ့ပြန်မှုကိုသာ ရခဲ့သည်။ ထိုအခါ သူဒေါသအိုးပေါက်ကွဲ လေရာ နှစ်ဖက်အသိုင်းအ၀ိုင်း စိတ်သဘောထား ကွဲလွဲပြီး မိသားစု ရင်းနှီးမှု ပြိုပျက်လေတော့သည်။
ကျွန်မလည်း ဒေါသပြဿနာကို ထိုနည်းနှင်နှင် ဖြေရှင်းခဲ့ခြင်းကြောင့် ထိုပြဿနာကို ကျွန်မ နားလည်သည်။ လူလူချင်း ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းရန် ခက်ခဲသည့် အချိန်များ ရှိခဲ့သည်။ သူငယ်ချင်း (သို့) မိသားစုဝင်တစ်ဦးဦး ပြောလိုက်သောစကားက ကျွန်မ၏ဒေါသကို ထိပါးလာပါက ကျွန်မမျိုသိပ်လိုက်သည်။ ထိုသူ (သို့) အခြားသူတစ်ဦးဦး နောက်တစ်ကြိမ်လာပြော၊ လာလုပ်သည်တွင် ကျွန်မ ပေါက်ကွဲတော့သည်။
ထို့ကြောင့် ဧဖက် ၄း၂၆…

အဖေနာမည် ဘယ်လိုခေါ်သလဲ

အရှေ့အလယ်ပိုင်းဒေသ၌ ကျွန်မ ဆဲလ်ဖုန်းသွားဝယ်စဉ်က သမားရိုးကျမေးခွန်းများ ဖြစ်သည့် အမည်၊ နိုင်ငံသား၊ လိပ်စာ စသည်ဖြင့် အမေးခံခဲ့ရသည်။ ပြီးနောက်တွင် စာရေးက လျှောက်လွှာပုံစံကို ရေးဖြည့်ပြီး၊ ‘‘ခင်ဗျား အဖေနာမည် ဘယ်လိုခေါ်သလဲ’’ ဟု မေးရာ၊ ထိုမေးခွန်းကြောင့် ကျွန်မအံ့အားသင့်ရပြီး၊ ၎င်းသည် အဘယ်ကြောင့် အရေးကြီးရသနည်း ဟု အတွေးနက်ခဲ့သည်။ ကျွန်မတို့၏ ယဉ်ကျေးမှု၌ ဖခင်နာမည်ကို သိသိ မသိသိ အရေးမကြီး သော်လည်း ဤအရပ်၌မူ မိမိမည်သူမည်ဝါဖြစ်သည်ကို သက်သေပြရန် လိုအပ်သည်။ အချို့သောယဉ်ကျေးမှု အသိုင်းအ၀ိုင်း၌ မျိုးရိုးဇာတိမှာ အရေးကြီးသည်။
မျိုးရိုးဇာတိသည် အရေးကြီးကြောင်း ဣသရေလလူတို့လည်း ယုံကြည်ကြသည်။ သူတို့ မျိုးနွယ်စု၏ဖခင်ကြီး အာဗြဟံအတွက် ဂုဏ်ယူကြပြီး၊ အာဗြဟံ၏အမျိုးအနွယ်ဖြစ်ခြင်းကြောင့် ဘုရားသခင်၏ သားသမီးဖြစ်ခွင့်ရသည်ဟု တွေးထင်ကြသည်။ သူတို့၏ လူသားမျိုးရိုးဇာတိသည် ၀ိညာဉ်ရေးရာမိသားစုနှင့်ဆက်စပ်နေသည်ဟု သူတို့ မှတ်ထင် ယူဆကြသည်။
နှစ်ပေါင်းများစွာကြာပြီးနောက်ပိုင်း…

ကျွန်ုပ်တို့၌ ဘုရင်ရှိပြီ

ကျွန်မစိတ်တိုင်းကျ မဖြစ်သည့်အခြေအနေတွင် ခင်ပွန်းဖြစ်သူကို ထိခိုက်နာကျင်စေသော စကားများနှင့် ထိုးနှက်ပြီး၊ ကျွန်မ၏လွဲမှားသောစိတ်ထားကို ဖော်ပြသည့် ကျမ်းပိုဒ်နှင့် သတိပေးလာသည့် သန့်ရှင်းသောဝိညာဉ်တော်၏ အမိန့်အာဏာကိုလည်း ကျွန်မ ဥပေက္ခာပြုခဲ့သည်။ ကျွန်မ၏ တယူသန် မာန်မာနကြောင့် အိမ်ထောင်ရေးကို ထိခိုက်စေသင့် သလား၊ ဘုရားသခင်ကို မနာခံသူ ဖြစ်သွားသင့်ပါသလား။ လုံးဝ မဖြစ်သင့်ပါ။ သို့သော် ဘုရားသခင်နှင့် ခင်ပွန်းသည်ထံမှ ခွင့်လွှတ်ခြင်းကို တောင်းခံပြီးနောက် ကျွန်မမှာ ဒဏ်ရာများနှင့် ငုတ်တုတ် ကျန်ခဲ့သည်။ ပညာနှင့်ပြည့်သည့် အကြံပေးမှုကို လျစ်လျူရှုခြင်း၏ရလဒ်၊ မည်သူ့ကိုမျှ အရေးမစိုက်ခဲ့သည့် ကိုယ့်အပြစ်နှင့်ကိုယ်ပင်။
ဣသရေလ လူများသည်လည်း မနာခံ ကလန်ကဆန် လုပ်ခဲ့သည့်အချိန်ရှိသည်။ မောရှေ ဘုန်းဝင်စားပြီးနောက် ယောရှုသည် ဣသရေလလူ များကို ကတိတော်ပြည်သို့ ဦးဆောင်ခေါ်သွားသည်။ သူ၏ဦးဆောင်မှုအောက်၌ ဣသရေလလူတို့သည် ဘုရားရှင်ကို အစေခံခဲ့သည် (သူကြီး ၂း၇)။ သို့သော် ယောရှုနှင့်…

ခေတ္တခဏ အချိန်ပေးပါ

The Lord of the Rings ရုပ်ရှင်ဇာတ်လမ်းအကြောင်း ပြောဆိုဆွေးနွေးရာ၌ ဆယ်ကျော်သက်လေးတစ်ဦးက သူ့အနေနှင့် ရုပ်ရှင်ထက် ၀တ္ထုစာအုပ်ကို ပိုနှစ်သက် ကြောင်းဆိုသည်။ ဘာ့ကြောင့်လဲဟုမေးရာ လူငယ်လေးက ‘‘စာအုပ်နဲ့ဆိုရင် ကျွန်တော် ကြိုက်တဲ့အပိုင်းဆို ကျွန်တော်ကြိုက်သလောက် စီးမျောနေလို့ရတယ်’’ ဟု ဖြေသည်။ စာအုပ်ကိုစွဲခြင်း အထူးသဖြင့် သမ္မာကျမ်းစာကိုစွဲပြီး ကျမ်းစာ မှ ဇာတ်လမ်းထဲစီးမျောခြင်းက အကျိုးရှိသည်။
သမ္မာကျမ်းစာ၏ ‘‘ယုံကြည်ခြင်းအခန်းကြီး’’ ဟု ခေါ်ဆိုလေ့ရှိသည့် ဟေဗြဲ ၁၁ တွင် လူ ၁၉ ယောက်အကြောင်းကို နာမည်နှင့်တကွ ဖော်ပြထားသည်။ ၎င်းတို့ တစ်ယောက်စီတိုင်းသည် မရေရာသော ခရီးလမ်းကြမ်းကို သံသယစိတ်နှင့် လျှောက်လှမ်းခဲ့ကြရသော်လည်း ဘုရားသခင်ကို နာခံရန် ရွေးချယ်ခဲ့ကြသည်။ ‘‘ယခုဆိုခဲ့ ပြီးသော သူအပေါင်းတို့သည် ကတိတော်နှင့် စပ်ဆိုင်သော အကျိုးကျေးဇူးကို မခံရဘဲ၊ အဝေးက မျှော်မြင်လျက်၊ စိတ်နှလုံးနှင့်ဖက်ယမ်းလျက်…

ပထမခြေလှမ်း လှမ်းခြင်း

Tham Dashu သည် သူ့ဘ၀၌ တစ်ခုခုလိုနေသည်ဟု ခံစားရသည်။ သို့နှင့် သူ့သမီး တတ်ရောက်သည့် ဘုရားကျောင်းသို့ စတင်တက်ရောက်သည်။ သို့သော် သူတို့ သားအဖ နှစ်ဦးသည် တစ်ခါမှ အတူတူ တွဲမသွားကြပေ။ ယခင်က သမီးဖြစ်သူကို သူစိတ်ဒုက္ခ ပေးခဲ့သည့်အတွက် သူတို့ နှစ်ဦးကြား အမုန်းပွားခဲ့သည်။ ထို့ကြောင့် Tham သည် သီချင်းစဆိုသည့် အချိန်မှသာ ဘုရားကျောင်းထဲ လျှိုဝင် လာပြီး ၀တ်ပြုစည်းဝေးပြီးသည်နှင့် ချက်ခြင်းပြန်သွားသည်။
အသင်းသားများက သူ့ကို ဧ၀ံဂေလိသတင်းစကား ဝေမျှသော်လည်း သခင်ယေရှုကို ယုံကြည်လက်ခံရန် ဖိတ်ခေါ်ချက်ကို Tham က အမြဲလိုလိုပင် သိမ်မွေ့စွာ ငြင်းဆို ခဲ့သည်။ ထိုသို့ဖြစ်သည့်တိုင် ဘုရားကျောင်းသို့သူသွားမြဲသွားခဲ့သည်။
တစ်နေ့တွင် Tham သည် အပြင်းအထန် နာမကျန်း ဖြစ်လေရာ၊ သမီးက အားတင်းလျက် ဖခင်ထံ စာတစ်စောင်…

စာနာနားလည်သူ

John Babler သည် တက္ကဆက်ပြည်နယ်ရှိ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့၏ခရစ်ယာန် တရားဟောဆရာတစ်ပါးဖြစ်သည်။ သူသည် တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက် ရသည့် ရဲအရာရှိများ ရင်ဆိုင်ရသည့် အခြေအနေကို ပို၍နားလည် သဘောပေါက်စေရန် ရဲသင်တန်းကျောင်း၏ ၂၂ ပတ်တာ သင်တန်းကို တက်ရောက်ခဲ့သည်။ အခြားသော ရဲအရာရှိလောင်းများနှင့်အတူ အချိန်ကုန်ဆုံးပြီး ထိုအလုပ်၏ ကြီးမားပြင်းထန်သော အခက်အခဲစိန်ခေါ်မှုများကို သိခဲ့ရသည်။ Babler ၏ နှိမ့်ချစိတ်နှင့်ကိုယ်ချင်းစာစိတ်တို့ အသစ်ဖြစ်ခဲ့သည်။ ရှေ့အနာဂတ်တွင် စိတ်ဖိစီးမှု၊ ပင်ပန်းနွမ်းလျမှု၊ ဆုံးရှုံးမှုတို့နှင့် ရုန်းကန်ရင်ဆိုင်ကြရသည့် ရဲအရာရှိများကို ပိုပြီး ထိရောက်စွာ နှစ်သိမ့်ဆွေးနွေးအကြံပြုနိုင်မည်ဟု သူ မျှော်လင့်သည်။
ဘုရားသခင်သည် ကျွန်ုပ်တို့ကို ဖန်ဆင်းပြီး ကျွန်ုပ်တို့၌ ဖြစ်ပျက်သမျှကို တွေ့မြင်ခြင်းကြောင့် ကျွန်ုပ်တို့ တွေ့ကြုံ ရင်ဆိုင်ရသည့် အခြေအနေကို စာနာနားလည်ကြောင်း ကျွန်ုပ်တို့သိသည်။ ထို့ပြင် လောကသို့ ကြွလာပြီး လူသားအနေနှင့် အသက်ရှင်ခဲ့ခြင်းကြောင့်…

စာရေးပေးပို့ခြင်း

စာရေးပေးပို့ခြင်းသည် ပျောက်ဆုံးသွားသော အနုပညာတစ်ရပ် ဖြစ်နိုင်ချေ များလာ ကြောင်း အမေနှင့်သူ၏ညီအစ်မများ ဆွေးနွေးနေကြသည်။ ရက်သတ္တပတ်တိုင်း ပုံမှန် တစ်ယောက်နှင့် တစ်ယောက် စာများရေးပို့ရင်း သူတို့စာကို ပို့နေကျစာပို့သမားပင် ပို့စရာစာ မရှိတော့မည်ကို စိုးရိမ်ခဲ့သည်။ သူတို့၏စာများသည် ဘ၀အကြောင်း၊ ၀မ်းမြောက်စရာအကြောင်း၊ သူငယ်ချင်းနှင့် မိသားစုအကြား ဖြစ်ပျက်နေသော နိစ္စဓူဝ ခေါင်းကိုက်စရာများအကြောင်း ဖြစ်သည်။
ကျွန်မ၏မိသားစုမှ အမျိုးသမီးကြီးများ၏အပတ်စဉ် စာရေးပို့သည့်အကြောင်းကို နှစ်သက်စွာ ဆင်ခြင်ရင်း၊ ခရစ်တော်၏နောက်တော်လိုက်များသည် ‘‘ခရစ်တော်၏စာ’’ များဖြစ်ကြောင်း၊ ‘‘ကျောက်ပြားပေါ်၌ မရေးဘဲ၊ အသားနှင့် ပြည့်စုံသော နှလုံးပြားပေါ်၌ရေး၍ ... ငါတို့ပြုစုသော ခရစ်တော်၏စာ’’ ဖြစ်ကြောင်း တမန်တော် ရှင်ပေါလု၏ ရေးသားချက်ကိုလည်း တိုး၍ နှစ်သက်မိသည်။ ရှင်ပေါလု၏ သွန်သင်မှုကို လူတို့အယုံအကြည်မဲ့၊ အရိုအသေတန်အောင် လုပ်ဆောင်ကြသည့် မိစ္ဆာဆရာများအား တုံ့ပြန်သည့်အနေဖြင့် ရှင်ပေါလုက ကောရိနသုမြို့ အသင်းတော်အား သူသွန်သင်ခဲ့သည့်အတိုင်း…