အမျိုးအစား  |  odb

သန့်ရှင်းစေပါ

ပန်းကန်ဆေးစက်ကို ဖွင့်လိုက်သောအခါ ဘာမှားယွင်းနေပါလိမ့်ဟု ကျွန်မတွေးမိသည်။ သန့်ရှင်း၍ တောက်ပြောင်နေသော ပန်းကန်များကို တွေ့ရမည့်အစား မြေဖြူမှုန့်ကဲ့သို့ အမှုန်များကို ပန်းကန်များနှင့် ဖန်ခွက်များမှ ဖယ်ရှားနေရသည်။  ရေကြောင့်လား (သို့) ပန်းကန်ဆေးစက်ပျက်သွားသောကြောင့်လား ဟု ကျွန်မမေးခွန်းထုတ်မိသည်။
ဘုရားသခင်၏ဆေးကြောခြင်းက ထိုသို့မဟုတ်ဘဲ ကျွန်ုပ်တို့၏ မသန့်ရှင်းမှုများကို လုံးဝဖယ်ရှားပေးသည်။ ပရောဖက် ယေဇကျေလက ဘုရားသခင်၏မေတ္တာနှင့် ခွင့်လွှတ်ခြင်းအကြောင်းကို ဖော်ပြလျက်၊ ဘုရားသခင်သည် မိမိလူတို့အား သူ့ထံသို့ ပြန်လာရန် ခေါ်နေသည်ဟု ယေဇကျေလ အနာဂတ္တိကျမ်းတွင် တွေ့ရသည်။ ဣသရေလ လူများသည် အခြားသောဘုရားကို ကိုးကွယ်ခြင်းနှင့် တစ်ပါးအမျိုးသားများနှင့် စုံဖက်ခြင်းအားဖြင့် ဘုရား သခင်အား ပြစ်မှားကြသည်။ သို့သော် သူ့ထံ ပြန်လာခြင်းကို ကရုဏာကြွယ်ဝစွာဖြင့် ထာဝရဘုရား ကြိုဆိုခဲ့သည်။ ‘‘သင်တို့ကို ခပ်သိမ်းသော အညစ်အကြေးမှစ၍ ခပ်သိမ်း သော ရုပ်တုတို့နှင့် ကင်းစင်စေမည်’’ (၃၆း၂၅)ဟု သူတို့ကို…

ပိုလျှံနေသော သစ်သီးများ

နွေနှင့်နွေဦးရာသီများတွင် ကျွန်ုပ်၏အိမ်နီးချင်းခြံမှ ဖြစ်ထွန်းဝေဆာနေသော သစ်သီး များကို ကျွန်ုပ်နှစ်သက်လှသည်။ သူတို့ စိုက်ပျိုးထားသော စပျစ်ပင်များက ခြံစည်းရိုးကို တွယ်တက်ပြီး ကြီးမားသော စပျစ်ခိုင်များက အားရစရာ။ တွဲလောင်းကျနေသည့် ခရမ်းရောင် စပျစ်ခိုင်များက ကျွန်ုပ်တို့ခြံဘက် ရောက်နေသည်။    မျိုးစေ့ကို မစိုက်ပျိုး၊ ဥယျာဉ်ကို ရေလောင်း ပေါင်းသင်ခြင်း မပြုသော်လည်း အိမ်နီးချင်း လင်မယားက ရက်ရောစွာ ခူးယူစားသုံးခွင့်ပေးသည်။ ပျိုးပင်များပြုစု ပျိုးထောင်ခြင်းကို သူတို့တာဝန်ယူပြီး အသီးဝင်းမှည့်ချိန်တွင် ဝမ်းမြောက်မှုကို သူတို့မျှဝေခံစားသည်။
ခြံစည်းရိုးတစ်ဘက်ခြမ်းရှိ အပင်နှင့် စပျစ်ပင်များက ကျွန်ုပ်နှင့် ကျွန်ုပ်၏အသက်တာတွင် ဘုရားသခင် တွေ့ကြုံ စေသည့် လူများအတွက် အခြားဝင်းမှည့်ချိန်တစ်ခုကို သတိရစေသည်။ ၎င်းမှာ ဝိညာဉ်အသီးများ၏ဝင်းမှည့်ချိန် ဖြစ်သည်။
ခရစ်တော်၏နောက်တော်လိုက်များသည် သန့်ရှင်းသောဝိညာဉ်တော်၏ တန်ခိုးဖြင့် အသက်ရှင်ခြင်းဖြင့် ဘ၀အကျိုးကျေးဇူးများကို ရရှိခံစားနိုင်သည့် အခွင့်အရေး ရှိသည် (ဂလာ ၅း၁၆-၂၁)။ ကျွန်ုပ်တို့၏စိတ်နှလုံးတွင်…

ဂရုစိုက်ပါ

ဂျွန် နယူတန် က ‘‘အကယ်၍ အိမ်အပြန်လမ်းတွင် ပိုက်ဆံကျပျောက်သွားသည့် ကလေး တစ်ယောက်ကို ကျွန်ုပ်တွေ့ပါက ပိုက်ဆံအစားပြန်ပေးခြင်းဖြင့် အငိုတိတ်စေ မည်။ ၎င်းက ငါတစ်ခုခု လုပ်ပေးခဲ့တာပဲဟု ခံစားရစေလိမ့်မည်။ ထို့ထက် ပိုကြီးမားသောအမှုအရာကို လုပ်ခြင်းက ကျွန်ုပ်အတွက် ၀မ်းမြောက်စရာဖြစ်သော်လည်း ဤ အသေးအဖွဲအမှုကို ကျွန်ုပ်လျစ်လျူမရှုပါ’’ ဟု ရေးသားခဲ့သည်။
ယနေ့အချိန်အခါတွင် နှစ်သိမ့်မှုကို လိုအပ်နေသူ တစ်ဦးကို ရှာတွေ့ရန်မှာ မခက်ပါ။ ဥပမာ- အခြားသူများနှင့် တွေ့ရန် အချိန်မရဘဲ အလုပ်များနေသည့် ပင်ပန်း နွမ်းနယ် နေသော စတိုးဆိုင်ငွေရှင်းကောင်တာမှ ၀န်ထမ်း၊ နေစရာအိမ်လိုအပ်နေသော ဒုက္ခသည်တစ်ဦး၊ စိုးရိမ်ပူပန်မှုများကြောင့် မျှော်လင့်ချက် ပျောက်ဆုံးနေသော မိခင်တစ်ဦး၊ ကိုယ့်ကိုယ်ကိုယ် အသုံးမ၀င်တော့ဟု ခံစားနေရသည့် ဖခင်အိုတစ်ဦး စသည်တို့ ဖြစ်သည်။
သို့သော် ကျွန်ုပ်တို့ ဘာပြုရမည်နည်း။  ‘‘ဆင်းရဲသောသူကို အောက်မေ့သော သူသည်…

လေးနက်စွာ ရှာဖွေခြင်း

အထက်တန်းကျောင်း မာရသွန်ပြိုင်ပွဲဝင်အသင်းတွင် ကျွန်ုပ်သမီးပါဝင်နေခြင်းကြောင့် လွန်ခဲ့သော စနေနေ့က အပြေးလေ့ကျင့်ရေးကွင်းသို့ မိသားစုလိုက် သွားရောက်အားပေး ကြသည်။ နောက်ဆုံးမျဉ်းကို ဖြတ်လျက် ပန်းဝင်သွားပြီးနောက်တွင် ၎င်းတို့အား ထွေးပွေ့အားပေးမည့် အသင်းသားချင်း၊ နည်းပြနှင့် မိဘများထံ ကစားသမားများ ဆက်ပြေးသွားသည်။ သို့ရာတွင် ၃၀၀ ထက်မကသော ပရိသတ်က ပန်းဝင်သူများကို ဖုံးလွှမ်းသွားသဖြင့် လူအများ ကြားတွင် လူတစ်ဦးကို ရှာဖွေရန်မှာ ခက်ခဲလှသည်။  ပရိသတ် များကြား စိတ်လှုပ်ရှားစွာ နှံ့နှံ့စပ်စပ်ကြည့်ပြီး သမီးကို ရှာတွေ့ သော် ကျွန်ုပ်တို့ လာရောက်အားပေးသော ကျွန်ုပ်တို့အလွန် ချစ်ရသောသမီးအား ပွေ့ဖက်အားပေးရတော့သည်။
ဗာဗုလုန်သို့ နှစ်ပေါင်း ၇၀ ကြာ ဖမ်းဆီး ခေါ်ဆောင်သွားခံရပြီးနောက် ဘုရားသခင်သည် ဂျူးလူမျိုးများအား ယေရုရှလင်နှင့် ယုဒပြည်သို့ ပြန်လည်ခေါ်ယူခဲ့သည်။ ထို့အတွက် ဘုရားသခင် ၀မ်းမြောက်ပြီး အိမ်ပြန်လာသူများ အတွက် ခရီးလမ်းနှင့် ၎င်းတို့ကို…

မြွေနှင့် သုံးဘီးဆိုင်ကယ်

လွန်ခဲ့သော နှစ်များစွာက ကျွန်တော်နှင့် ကျွန်တော့်အစ်ကိုတို့ လမ်းလျှောက်တတ်ခါစ အရွယ်တွင် ဂါနာနိုင်ငံ၌ ဖြစ်ပျက်ခဲ့သောအဖြစ်အပျက်တစ်ခုကို လူကြီးများ ပြန်ပြောပြ၍ ကျွန်တော်တို့ သိခဲ့ရသည်။ ကျွန်တော့်အစ်ကိုက မြွေဟောက်သေးသေးလေး တစ်ကောင်ကို သုံးဘီးဆိုင်ကယ်ဖြင့် ကြိတ်မိသွားပြီး မြွေဟောက်လေးအတွက် သုံးဘီး ဆိုင်ကယ်မှာ ကြီးလေးလွန်းသဖြင့် ရှေ့ဘီးအောက်တွင် လူးလွန့်ကာ သေသွားသည်။
ကျွန်တော့် အဒေါ်နှင့်အမေနှစ်ဦးစလုံး ကွယ်လွန် သွားပြီးနောက်ပိုင်း ထိုအဖြစ်အပျက်ကို   ရေးသားထားသည့် အမေ့စာကို ကျွန်တော်တို့ တွေ့ရှိကြသည်။ အဖြစ်မှန်မှာ မြွေကို သုံးဘီးဆိုင်ကယ်ဖြင့် ကြိတ်သူမှာ ကျွန်တော်ဖြစ်ပြီး ကျွန်တော့်အစ်ကိုက အမေ့ကို ပြေး၍ ပြောခဲ့ခြင်းဖြစ်သည်။ အမေ၏ မျက်မြင်ကိုယ်တွေ့မှတ်တမ်းက အဖြစ်မှန်နီးပါး ရေးသားထားပြီး အမှန်ကို ပေါ်လွင်စေသည်။
တိကျသော မှတ်တမ်း၏အရေးပါမှုကို သမိုင်းပညာရှင် လုကာ နားလည်သည်။ ‘‘ရှေးဦးစွာမှစ၍ ကိုယ်တိုင်မြင်သော သက်သေဖြစ်လျက်... နှုတ်ကပတ်တော်မှုကို ဆောင်ရွက်သောသူတို့သည် ...(သခင်ယေရှုအကြောင်းကို)ငါတို့အား ကြားပြောသည်’’…

လှည့်စားခြင်း

၂၀၁၆ ခုနှစ် နွေရာသီက ကျွန်မတူမက ကျွန်မထံ ပိုကီမွန် ဂိမ်းကစားရန် စည်းရုံးသည်။ ၎င်းသည် စမတ်ဖုန်းတွင် ဖုန်းကင်မရာကို အသုံးပြု၍ ကစားရသော ဂိမ်းတစ်ခုဖြစ်သည်။ ဂိမ်း၏ရည်ရွယ်ချက်မှာ ပိုကီမွန်ဟု ခေါ်သော အကောင်လေးများကို ဖမ်းရခြင်းဖြစ်သည်။ ပိုကီမွန်ဂိမ်းထဲ၌ အကောင်လေးတစ်ကောင်ပေါ်လာပါက ဖုန်းမျက်နှာပြင်တွင် အနီနှင့် အဖြူဘောလုံးလည်း ပေါ်လာသည်။ ကစားသူက ဘောလုံးအား  ပိုကီမွန်ထံ လက်ချောင်းဖြင့် ပုတ်ထုတ် ရသည်။ လှည့်ဖြားသွေးဆောင်ခြင်းအားဖြင့် ပိုကီမွန် အကောင်လေးများအား အလွယ်တကူ ဖမ်းယူရရှိနိုင်သည်။
ပိုကီမွန်အကောင်လေးများသာ လှည့်စား ဖြားယောင်းခံရသည့် သတ္တ၀ါများ မဟုတ်ပါ။ ဓမ္မသစ်ကျမ်းတွင် (သခင်ယေရှု၏ညီတော်) ရှင်ယာကုပ်မှ ယုံကြည်သူ များထံ ရေးသားသောစာ၌ ‘‘မိမိတပ်မက်သောစိတ် ဆွဲငင် ဖြားယောင်းခြင်းကိုခံသောသူ မည်သည်ကား အပြစ်သွေးဆောင်ခြင်းသို့ ရောက် တတ်၏’’ (၁း၁၄) ဟု သတိပေးထားသည်။ တစ်နည်းအားဖြင့် ကျွန်ုပ်တို့၏လိုအင် ဆန္ဒနှင့်…

အခြားသူများကို ဦးစားပေးခြင်း

ကျွန်တော့်သူငယ်ချင်း ဂျာမီသည် အပြည်ပြည်ဆိုင်ရာ ကော်ပိုရေးရှင်းကြီးတစ်ခုတွင် အလုပ်လုပ်သည်။ အလုပ်ဝင်ခါစက လူတစ်ဦးသည် သူ့အနီးသို့ရောက်လာပြီး စကားစမြည်ပြောဆိုကာ ဤနေရာတွင် ဘာလုပ်ပါသနည်းဟု မေးမြန်းခဲ့သည်။ ဂျာမီ က သူ့အလုပ်အကြောင်းကို ပြောပြပြီး ထိုသူ၏နာမည်ကိုလည်း ပြန်လည် မေးမြန်းခဲ့သည်။ ‘‘ကျွန်တော့်နာမည်က ရစ်ခ်ျ ပါ’’ ဟု သူကဖြေသည်။
‘‘တွေ့ရတာ ၀မ်းသာပါတယ်။ ဒီနေရာမှာ သင် ဘာ အလုပ် လုပ်ပါသလဲ’’ ဟု ထပ်မေးရာ၊  ‘‘အိုး ကျွန်တော်က ကုမ္ပဏီပိုင်ရှင်ပါ’’ ဟု သူက ပြန်ပြောသည်။
မထင်မှတ်သော နှိမ့်ချသော သာမန်စကားဝိုင်းလေး သည် ကမ္ဘာ့အချမ်းသာဆုံး သူဌေးနှင့် သူ၏မိတ်ဆက်ခြင်း ဖြစ်ကြောင်း ဂျာမီ ချက်ချင်း သဘောပေါက်လိုက်သည်။
မိမိကိုယ်ကို ချီးမြှောက်ဦးစားပေးသော ယနေ့ခေတ် အချိန်အခါတွင် ဤအဖြစ်အပျက်ငယ်လေးက ဖိလိပ္ပိ သြ၀ါဒစာ (၂း၃) မှ ရှင်ပေါလုမိန့်ကြားသည့်…

ကျွန်ုပ်တို့၏အပြစ်များ ပျောက်ကွယ်ပြီ

ကျွန်မငယ်စဉ်က သူငယ်ချင်းတစ်ဦးအား အိမ်နားရှိ လက်ဆောင်ပစ္စည်းရောင်းသည့် ဆိုင်တစ်ဆိုင်သို့ အတူလိုက်ရန် အဖော်ခေါ်ခဲ့သည်။ သို့သော် သူက ရောင်စုံကလစ်များကို လက်တစ်ဆုပ်ကိုင်၍ ကျွန်မအိတ်ထဲ ထည့်ပြီး ပိုက်ဆံမပေးချေဘဲ ကျွန်မကို ဆိုင်ထဲမှ ဆွဲထုတ်သည်။ သူ့လုပ်ရပ်က ကျွန်မကို တုန်လှုပ်ထိတ်လန့်စေခဲ့သည်။ ကျွန်မသည် ကျူးလွန်ခဲ့သည့်အပြစ်ကို မျက်ရည်စက်လက်နှင့် အမေ့ထံ ပြောပြကာ ဝန်မခံမီအချိန်အထိ တစ်ပတ်တာလုံး စိတ်ထဲတွင် တနုံ့နုံ့ဖြစ်ခဲ့သည်။
သူငယ်ချင်းကို မဆန့်ကျင်ခဲ့သည့် မှားယွင်းသော ရွေးချယ်မှုအတွက် ကျွန်မဝမ်းနည်းခဲ့ပြီး ခိုးယူခဲ့သော ပစ္စည်း များကို ပြန်ပေးကာ ဆိုင်ရှင်ကို တောင်းပန်လျက် နောက်ထပ် မခိုးတော့ပါဟု ကတိပေးခဲ့သည်။ ဆိုင်ရှင်က နောက်တစ်ခါ ဘယ်တော့မှ သူ့ဆိုင်မလာရန် မောင်းထုတ်ခဲ့သည်။ သို့သော် အမေက ကျွန်မကို ခွင့်လွှတ်ပြီး မှန်ကန်သောလုပ်ရပ်ကို လုပ်ဆောင်ခဲ့သည်ဟု အားပေးသဖြင့် ထိုညတွင် ကျွန်မ ကောင်းစွာ အိပ်စက်ပျော်နိုင်ခဲ့၏။
ဒါဝိဒ်မင်းသည်လည်း…

ရိတ်သိမ်းချိန်တန် ၀င်းမှည့်စပါးများ

နွေရာသီနှောင်းပိုင်းအချိန်က အင်္ဂလန်နိုင်ငံ New Forest ဒေသရှိ တောအုပ်သို့ ကျွန်မတို့ လမ်းလျှောက်ထွက်ခဲ့ကြပြီး အနီးဝန်းကျင်၌ ခုန်ပေါက်မြူးတူးနေသည့် မြင်းများကို ကြည့်ရင်း တောအုပ်ထဲ၌ ပေါက်ရောက်နေသော ဘယ်ရီသီးများကို ပျော်ရွှင်စွာ ခူးဆွတ်ခဲ့ကြသည်။ လွန်ခဲ့သောနှစ်များစွာက အခြားသူများ စိုက်ပျိုးခဲ့သော အပင်မှ ချိုမြိန်သောအသီးကို ကျွန်မတို့ ခံစားခဲ့ရပြီး၊ ‘‘သင်တို့သည် လယ်မလုပ်သောအရပ်၌ စပါးစိုက်စေခြင်းငှာ သင်တို့ကို ငါစေလွှတ်၏’’ (ယော ၄း၃၈) ဟူသည့်  တပည့်တော်တို့အား သခင်ယေရှု မိန့်ကြားခဲ့သောစကားကို စဉ်းစားဆင်ခြင်မိသည်။
ထိုစကားများမှထင်ဟပ်ပြနေသော ဘုရားသခင်နိုင်ငံတော်၏ စေတနာနှင့်ရက်ရောမှုကို ကျွန်မသဘောကျ သည်။ အခြားသူများလုပ်ဆောင် စိုက်ပျိုးထားသော အသီးကို ကျွန်မတို့အား ကိုယ်တော် ရိတ်သိမ်းခွင့်ပေးသည်။ ကျွန်မတို့က မိတ်ဆွေတစ်ဦးအား သခင်ယေရှု၏မေတ္တာတော်အကြောင်းကို ဝေမျှခွင့် ရလိုက်သည်ဆိုပါစို့။ စင်စစ် ကျွန်မတို့မသိသော သူ့မိသားစုက သူ့အတွက် နှစ်ပေါင်းများစွာ ဆုတောင်းပေးနေခဲ့သည်။ တစ်ဖန် အပြန်အလှန်အားဖြင့်…

ငြိမ်ဝပ်လျက် နေကြလော့

လူ့သမိုင်းတွင် လွန်ခဲ့သော ငါးနှစ်ကထက် သတင်းအချက်အလက်များကို ကျွန်ုပ်တို့  ပိုဖန်တီး နိုင်ခဲ့ကြပြီး ထိုသတင်းများက ကျွန်ုပ်တို့ကို အစဉ်တစိုက် တိုက်ခိုက်နေသည်ဟု ‘‘The Organized Mind: Thinking Straight in the Age of Information Overload ’’ စာအုပ် ရေးသားသူ Daniel Levitin ကပြောသည်။ ‘‘စိတ်တက်ကြွစေခြင်းကို ကျွန်ုပ်တို့ စွဲမက်နေကြသည်’’ ဟု Levitin ကဆိုသည်။ များပြားလှသည့် သတင်းများနှင့် အသိပညာများက ကျွန်ုပ်တို့၏စိတ်ကို စိုးမိုး
နေရာယူနေသည်။ ယနေ့ပတ်ဝန်းကျင်တွင် မီဒီယာ လွှမ်းမိုးမှု ကြောင့် တိတ်ဆိတ်စွာနေရန်၊ စဉ်းစားရန်၊ ဆုတောင်းရန် အချိန်ရရှိရန် ခက်ခဲလာသည်။
‘‘ငြိမ်ဝပ်လျက် နေကြလော့။ ငါကား ဘုရားသခင် ဖြစ်သည်ကို သိမှတ်ကြလော့’’ ဟူသည့် ဆာလံ ၄၆း၁၀ က ဘုရားသခင်ကို…