ခပ်သိမ်းသောအရာအတွက် အချိန်
မကြာသေးမီက လေယာဉ်ခရီးစဉ်တစ်ခုတွင် ကျွန်မ၏အရှေ့ခပ်လှမ်းလှမ်းမှ သားအမိ နှစ်ယောက်ကို ကျွန်မကြည့်နေမိသည်။ မိခင်သည် အားရပါးရဆော့ကစားနေသော လမ်းလျှောက်တတ်စ ကလေးလေးကို ကြည့်ကာ ပြုံးပြပြီး ကလေးငယ်၏ပါးပြင်ကို ပွတ်သပ်ပေးနေခဲ့သည်။ ကလေးငယ်လေးကလည်း တအံ့တသြဖြင့် မျက်လုံးပြူးကာ သူ၏မိခင်ကို ပြန်ကြည့်နေခဲ့သည်။ ကုန်လွန်ခဲ့သော ကျွန်မ ကလေးများ၏ ထိုအရွယ်က အချိန်ကို ပြန်တွေးမိကာ ထိုမြင်ကွင်းလေးကို ကြည်နူးစွာ ကြည့်နေမိသည်။
ထိုမှတစ်ဆင့် ဒေသနာကျမ်းထဲတွင် ရှောလမုန် မင်းကြီး ပြောခဲ့သည့် “မိုးကောင်းကင်အောက်၌ ကြံစည်သမျှ အသီးသီးတို့ကို ပြုရသောအချိန်ရှိ၏” ဟူသောစကားကို ပြန်လည်တွေးမိသည်။ ဆန့်ကျင်ဘက် သဘောတရားများကို ဆက်စပ်ပြီး “ခပ်သိမ်းသော အမှုအရာတို့သည် မိမိတို့အချိန် ရှိ၏။ ဖွားချိန်နှင့် သေချိန်လည်းရှိ၏။ စိုက်ပျိုးရသော အချိန်နှင့် စိုက်ပျိုးသောအရာကို နှုတ်ရသောအချိန်လည်း ရှိ၏” (း၁-၂)။ ဤကျမ်းပိုဒ်ကို ကြည့်ခြင်းအားဖြင့် အဓိပ္ပာယ်မရှိသော ဘ၀သံသရာ ဟူ၍ ရှောလမုန်မင်းကြီးမြင်ကာ…
အရာခပ်သိမ်းထက် ကြီးမြတ်သူ
အီဂူရားဇူး ရေတံခွန်သည် ဘရာဇီးနှင့် အာဂျင်တီးနား နှစ်နိုင်ငံနယ်စပ်တွင် ရှိပြီး ရေတံခွန် ငယ်လေး အဆင့်ပေါင်း ၂၇၅ ဆင့်နှင့် ထိုရေတံခွန်မှ စီးဆင်းလာသော အီဂူရားဇူး မြစ်သည် ၂.၇ ကီလိုမီတာ (၁.၆၇ မိုင်) ရှည်လျားသည်။ ဘရာဇီးနိုင်ငံဘက်ခြမ်းရှိ ရေတံခွန်၏အုတ်တံတိုင်းပေါ်တွင် “ရေများဟုန်းသံနှင့်တကွ သမုဒ္ဒရာလှိုင်းတံပိုး တို့သည် အားကြီးသည်ထက်၊ ထာဝရဘုရားသည် မြင့်သော အရပ်၌ သာ၍ တန်ခိုးကြီးတော်မူ၏” ဟူသော ဆာလံ ၉၃း၎ ကျမ်းပိုဒ်ကို ရေးသားထားပြီး ထိုကျမ်းပိုဒ်အောက်တွင် “ဘုရားသခင်သည် ကျွန်ုပ်တို့၏ပြဿနာအလုံးစုံတို့ထက် အစဉ်အမြဲ သာ၍ ကြီးမြတ်တော်မူသည်” ဟူသော စာသား ကိုလည်း ရေးထားသေးသည်။
ဆာလံ ၉၃ ကို ရေးသားသည့်အချိန်ကာလသည် ရှင်ဘုရင်အုပ်စိုးသော ခေတ်ကာလဖြစ်သော်လည်း ထာဝရ ဘုရားရှင်သာလျှင် အကြီးမြတ်ဆုံးသော ဘုရင်တကာတို့၏ ဘုရင်ဖြစ်ကြောင်းကို ဆာလံဆရာ သိတော်မူသည်။ သို့ဖြစ်၍…
အမည်ဂုဏ်ပုဒ်များထက် ကျော်လွန်၍
ကျွန်တော်နေထိုင်သည့် မြို့ရှိ ဘုရားကျောင်းတစ်ခုတွင် လူတိုင်းအတွက် ဘုရားသခင်၏ မေတ္တာတော်နှင့် ကျေးဇူးတော်ကို ထူးခြားစွာဖြင့် ဖော်ပြသည့်စာသားများကို ကြိုဆို နှုတ်ခွန်းဆက်ခြင်း ကတ်၌ ဖော်ပြရေးသားသည်။ “သင်သည် သူတော်စင်တစ်ဦး ဖြစ်လျှင်၊ အပြစ်သားတစ်ဦးဖြစ်လျှင်၊ အရှုံးသမားတစ်ဦးဖြစ်လျှင်၊ အောင်မြင်သူတစ်ဦးဖြစ်လျှင် ...”၊ ထိုမျှမက ရုန်းကန်နေရသူအတွက် “သင်သည် အရက်သမား ဖြစ်လျှင်၊ မတရားသောသူဖြစ်လျှင်၊ လိမ်လည်သူဖြစ်လျှင်၊ ကြောက်တတ်သူဖြစ်လျှင်၊ ဂွကျသူဖြစ်လျှင်... သင့်ကို
ဤနေရာမှ ကြိုဆိုပါသည် ” ဟူ၍ ဖြစ်သည်။ သင်းအုပ်တစ်ပါးက“တနင်္ဂနွေနေ့တိုင်း ဝတ်ပြုကိုးကွယ်ခြင်း အစီအစဉ်မှာ ကျွန်တော်တို့ ထိုကတ်မှ စာသားကို အသံကျယ်ကျယ်ဖြင့် အတူတကွ ရွတ်ဆိုကြတယ်...” ဟု ပြောပြသည်။
မကြာခဏဆိုသလို ထိုဂုဏ်ပုဒ်များကို ကျွန်တော်တို့လက်ခံပြီး မိမိကိုယ်ကို မည်သူဖြစ်သည်ဟု သတ်မှတ်သည်။ သို့သော်လည်း ဘုရားသခင်၏ ကျေးဇူးတော်သည် ထိုအမည် ဂုဏ်ပုဒ်များ ထက်ကျော်လွန်သည်။ အဘယ်ကြောင့်ဆိုသော် ကျေးဇူးတော်သည်…
အဖေတူသား
ကလေးငယ်များ မိဘများအတိုင်း အတုယူခြင်းကို မြင်ရသည်မှာ ချစ်ဖို့ မကောင်းဘူးလား။ မကြာခဏဆိုသလို ကားစီးစဉ် သားများက ကားစတီယာတိုင်ကို ကိုင်ထားသည့်ဟန် စိတ်ကူးယဉ်ပြီး “ဒါပြီးရင် အဖေ ဘာလုပ်မလဲ”ဟူ၍ သေချာစွာလိုက်၍ ကြည့်နေ တတ်သည် တွေ့ရတတ်သည်။
ကျွန်တော် ငယ်စဉ်ကလည်း ထိုနည်းအတိုင်း အဖေ့လိုပင် လိုက်လုပ်သည်။ အဖေလုပ်သမျှအတိုင်း တစ်ခုမကျန် လိုက်လုပ်ရတာလောက် ကျေနပ်ပျော်စရာ ကောင်းတာ မရှိပါ။ ကျွန်တော် သူ့လို အတုယူလိုက်လုပ် နေပုံကိုလည်း အဖေ သေချာစွာ ကြည့်နေခဲ့မည်မှာ မလွဲပါ။
ဘုရားသခင်လည်း ဤကဲ့သို့ပင် ဖြစ်လိမ့်မည်ဟု ကျွန်တော်တွေးမိသည်။ သူ၏အချစ်ရဆုံး သားတော်က ခမည်းတော်ကဲ့သို့ပင် ပျောက်ဆုံးသူများကို ရှာဖွေသည်၊ လိုအပ်သူများကို ကူညီသည်၊ ဖျားနာသူများကို ကျန်းမာ စေသည်။ ယေရှုက “ခမည်းတော် ပြုတော်မူသောအမှုကို သားတော်သည် မြင်၍သာပြု၏။ မိမိအလိုအလျောက် အဘယ်အမှုကိုမျှ မပြုနိုင်၊…
နက်ရှိုင်းသော အမြစ်များ
ကယ်လီဖိုးနီးယား ပြည်နယ်တွင် တွေ့ရသော စကွိုင်ယာ သစ်ပင်သည် အနီရောင် သစ်ပင်၏ မျိုးစိတ်သုံးမျိုးထဲမှ တစ်မျိုးဖြစ်ပြီး ကမ္ဘာအကြီးဆုံးနှင့် အသက်အရှည်ဆုံးအပင် စာရင်းဝင် ဖြစ်သည်။ ပေ ၃၀၀ မြင့်ပြီး အလေးချိန် ပေါင် ၂.၅ သန်း (၁.၁ သန်း ကီလိုဂရမ်) လေးကာ နှစ်ပေါင်း ၃၀၀၀ အသက်ရှည်သောအပင်ဖြစ်သည်။ စကွိုင်ယာသစ်ပင်၏ အရွယ်အစားကြီးခြင်းနှင့် သက်တမ်းရှည်ခြင်း သည် ထိုအပင်မျက်နှာပြင်အောက်တွင် ရှိသောအရာပေါ်တွင် မူတည်သည်။ ၁၂ ပေ မှ ၁၄ ပေ အနက်ရှိသော အမြစ် များသည် မြေတစ်ဧကပမာဏမျှ ပျံ့နှံ့အမြစ်ဖြာနေပြီး အလွန်မြင့်မားကြီးမားသောအပင်ကို မြေကြီး၌ ခိုင်ခံ့စွာ အမြစ်တွယ်ထားပေးသည်။
အနီရောင် သစ်ပင်၏ ကြီးမားလှသော အမြစ်ဖွဲ့စည်းမှု စနစ်ပင်လျှင် ခရစ်တော်၏သက်တော်စဉ်ကို လမ်းကြောင်းပေးခဲ့သည့် နိုင်ငံရေးသမိုင်း၊ ဘာသာရေးနှင့် ကြိုတင်မျှော်မှန်းချက်တို့နှင့် နှိုင်းယှဉ်ကြည့်လျှင် သေးနုတ်နေလိမ့်မည်။…
ပြင်ဆင်နေဆဲလား
ကျွန်မ အထက်တန်းကျောင်းတက်စဉ်က “အသင့်စား” စားသောက်ဆိုင်တွင် ၂ နှစ်ကျော် အလုပ်လုပ်ခဲ့သည်။ အလုပ်၌ အခက်အခဲအချို့ရှိသည်။ ကျွန်မ မလုပ်သည့် လုပ်ပြီးသား အသားညှပ်ပေါင်မုန့်တွင် စားသုံးသူတို့ မစားချင်သည့် ဒိန်ခဲချပ် ပါနေသဖြင့် ကျွန်မတောင်းပန်ရသည်။ ဈေးဝယ်သူတို့က ဒေါသထွက်ကြောင်း ထုတ်ပြောသည်။ သို့နှင့် မကြာမီတွင် ကျွန်မ အလုပ်ထွက်ပြီး တက္ကသိုလ်၌ ကွန်ပြူတာအလုပ် လျှောက်ခဲ့သည်။ အလုပ်ရှင်များက ကျွန်မ၏ ကွန်ပြူတာကျွမ်းကျင်မှုထက် စားသောက်ဆိုင်တွင် လုပ်ခဲ့သော အလုပ်အတွေ့အကြုံကို ပိုစိတ်ဝင်စားကြသည်။ ကျွန်မ၏လူမှုဆက်ဆံရေး ကောင်းမကောင်း သိချင်ကြသည်။ မပြေပြစ်သော အခြေအနေမှ ကျွန်မ၏အတွေ့အကြုံက ပိုမို ကောင်းမွန်သောအလုပ်အကိုင်ကို ရရှိစေရန် ဖြစ်လာသည်။
ဒါဝိဒ်လေးသည်လည်း သူ၏မပြေပြစ်သော အခြေအနေများကို တည်ကြည်စွာ ဖြတ်ကျော်ခဲ့သည်။ ဣသရေလလူမျိုးထဲမှ လူတစ်ဦးရှေ့ထွက်ပြီး ဂေါလျတ်နှင့် တိုက်ရန် စိန်ခေါ်ခံရစဉ် ရင်ဆိုင်တိုက်ခိုက်ရန် မည်သူမျှ သတ္တိမရှိခဲ့ပါ။ သို့သော် ဒါဝိဒ်…
မျက်နှာချင်းဆိုင်
ယခင်က မရှိခဲ့ဖူးသည့် အီလက်ထရောနစ် နည်းပညာဖြင့် ကမ္ဘာကြီးကို ချိတ်ဆက်ထား သော်လည်း လူကိုယ်တိုင် အတူရှိကာ စကားပြောရသောအချိန်လေးကို မယှဉ်နိုင်ပါ။ အတူတကွ ဝေမျှရယ်မောကြသည်တွင် အများအားဖြင့် သတိပင် မပြုမိဘဲ၊ တစ်ဖက်သား ၏ မျက်နှာဟန်ပန်ကို ကြည့်ရင်း ၎င်း၏ စိတ်လှုပ်ရှားမှုကို ခံစားသိရသည်။ အချင်းချင်း ချစ်ခင်ကြသည့် မိသားစုနှင့် မိတ်ဆွေများသည် သူတို့ ကြုံတွေ့ရသော အရာများကို မျက်နှာချင်းဆိုင် ဝေငှ ပြောပြ လိုကြသည်။
ဤသို့ မျက်နှာချင်းဆိုင် ရင်းနှီးကျွမ်းဝင်မှုကို ဘုရားသခင်နှင့် မောရှေတို့၌ တွေ့ရသည်။ မောရှေသည် ဘုရားသခင်၏လူမျိုးတော်ကို ဦးဆောင်ရန် ရွေးချယ်ခံရသူ ဖြစ်သည်။ ဘုရားသခင်နှင့် နှစ်ပေါင်းများစွာ လိုက်လျှောက် ရင်း မောရှေသည် ဘုရားသခင်အပေါ် ယုံကြည်စိတ်ချမှု ကြီးထွားလာသည်။ သူဦးဆောင်ရသော လူမျိုးတော်၏ မနာခံမှု၊ သစ္စာမဲ့ဖောက်ပြန်လျက် ရုပ်တုကိုးကွယ်မှုများ ရှိ သော်လည်း…
ခရေစေ့တွင်းကျ
စကြ၀ဠာကြီးသည် ထူးခြားအံ့ဩဖွယ် ကြီးမားလှပါသည်။ လသည် တစ်နာရီ မိုင် ၂၃၀၀ နှုန်းခန့်ဖြင့် လှည့်ပတ်နေပြီး၊ ကျွန်ုပ်တို့နေထိုင်ရာ ကမ္ဘာဂြိုလ်သည် နေကို တစ်နာရီလျှင် မိုင် ၆၆,၀၀၀နှုန်းဖြင့် လှည့်ပတ်နေပါသည်။ ထို့ပြင် နေသည် နဂါးငွေ့တန်းထဲရှိ ဘီလျံ ၂၀၀ မျှ ရှိသည့် ကြယ်များ၊ ၁ ထရီလီယံ ကျော်မျှရှိသော ဂြိုလ်များထဲမှ တစ်ခု အပါအ၀င် ဖြစ်သည်။ ထိုမျှမက ထိုနဂါးငွေ့တန်းမှာလည်း အာကာသထဲရှိ ဘီလျံ ၁၀၀ မျှ ရှိသော နဂါးငွေ့တန်းများ ထဲမှ တစ်ခုဖြစ်သည်။ အံ့အားသင့်ဖွယ်ပေ။
ဤမျှ ကြီးမားကျယ်ပြန့်သော စကြ၀ဠာကြီးနှင့် နှိုင်းယှဉ်လျှင် ကျွန်ုပ်တို့ကမ္ဘာသည် ကျောက်စရစ်ခဲသာသာ မျှသာရှိ သည်။ ထို့ပြင် ကျွန်ုပ်တို့ တစ်ဦးချင်းစီသည်လည်း မြေတစ်မှုန် လောက်ပင် အရေးမပါ။ ကျမ်းစာထဲတွင် စကြ၀ဠာ ဖန်ဆင်းရှင် သည်…
ဘုရားသခင်ထံ တိုးဝင်ချဉ်းကပ်ခြင်း
အမျိုးသမီးတစ်ယောက်သည် ထိုင်ခုံအလွတ်တစ်လုံးကို ယူပြီး ထိုထိုင်ခုံဘေးတွင် ဒူးထောက်ကာ “ကောင်းကင်ဘုံ၌ရှိတော်မူသော အကျွန်ုပ်၏အဘ၊ ကျေးဇူးပြု၍ ဤထိုင်ခုံပေါ်မှာ ထိုင်တော်မူပါ။ ... အဘနဲ့သမီး စကားပြောစရာရှိတယ်” ဟု ဆိုပြီး ထိုထိုင်ခုံအလွတ်ကို ကြည့်ကာ မျက်ရည်များဖြင့် ဆုတောင်းသည်။ ဘုရားသခင်သည် ထိုထိုင်ခုံပေါ်တွင် ထိုင်နေသည်ဟု မြင်ယောင်ကာ သူ၏ ဆုတောင်းသံကို နားညောင်းနေသည်ဟု သူယုံကြည်သည်။ ထိုအမျိုးသမီးသည် ဘုရားသခင်ထံ တိုးဝင်ချဉ်းကပ်ရာ၌ ယုံကြည် စိတ်ချမှုရှိခြင်းကို ပုံဖော်ပြနေသည်။
ဘုရားသခင်ထံ တိုးဝင်ရာ၌ ဘုရားသခင်နှင့်အတူ ရှိသော ထိုအချိန်အခိုက်အတန့်သည် အရေးကြီးသောအချိန် ဖြစ်သည်။ ကျွန်ုပ်တို့ ဘုရားသခင်ထံ တိုးဝင်ချဉ်းကပ်လျှင် အပြန်အလှန် သဘောအရ ဘုရားသခင်သည်လည်း ကျွန်ုပ် တို့နှင့် သာ၍ နီးလာမည်ဖြစ်သည် (ယာ ၄း၈)။ “ငါသည်လည်း ကပ်ကမ္ဘာ ကုန်သည်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ်ရှိသည်...” (မ ၂၈း၂၀) ဟု…
သခင်ယေရှုထံ အပ်နှံပါ
မက်ဆက်ချူးဆက်ပြည်နယ် အစ်ဆွစ်ဒေသရှိ ဘုရားကျောင်းလေး၏အနီး တောင်ကုန်းပေါ်မှ ခြေရာပုံသဏ္ဌာန် ချိုင့်ခွက်လေးကို လူအများက “မာရ်နတ်၏ခြေရာ” ဟုခေါ်ဆိုကြသည်။ ဒေသခံလူများ၏ ဒဏ္ဍာရီပုံပြင်အရ ၁၇၄၀ ခုနှစ်က မြူနှင်းများ ကျဆိုင်းနေသည့်နေ့တစ်နေ့တွင် သာသနာပြုဆရာကြီး George Whitefield သည် သန့်ရှင်းသော ဝိညာဉ်တော်၏တန်ခိုးနှင့် အားတက်သရော တရားဟောသဖြင့် ဘုရားကျောင်းမျှော်စင်ပေါ်မှ မာရ်နတ် ခုန်ချထွက်ပြေးရာမှ ကျန်ရစ်ခဲ့သော ခြေရာဖြစ်သည်ဟု ဆိုသည်။
ဤပုံပြင်လေးသည် ဒဏ္ဍာရီမျှသာဖြစ်သော်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်မှ ခွန်အားပေး တိုက်တွန်းသော သမ္မာတရားကို သတိရစေပါသည်။ ယာ ၄း၇ တွင် “ဘုရားသခင်၏အလိုတော်သို့ လိုက်ကြလော့။ မာရ်နတ်ကို ဆီးတားကြလော့။ သို့ပြုလျှင် သူသည် သင်တို့ ထံမှ ပြေးသွားလိမ့်မည်” ဟု ဆိုထားပါသည်။
ကျွန်ုပ်တို့ဘ၀၌ ရင်ဆိုင်ရမည့် အခက်အခဲနှင့် စုံစမ်းခြင်းများကို ရင်ဆိုင်ကျော်လွှားနိုင်ရန်အတွက် ဘုရားသခင်က ခွန်အားများ ပေးပြီးသားဖြစ်ပါသည်။ ယေရှုခရစ်အားဖြင့်…