အောင်မြင်တိုးပွားရန်အချိန်
ပြီးခဲ့သည် နွေဦးရာသီတွင် ကျွန်ုပ်၏အိမ်နောက်တံခါးအနီးရှိ နှင်းဆီချုံကိုခုတ်ပစ်ရန် ဆုံးဖြတ်ခဲ့သည်။ ဤအိမ်ကြီးတွင် သုံးနှစ်နေထိုင်လာပြီးသော်လည်း ထိုအပင်မှ ပန်းပွင့် များများ စားစား မပွင့်။ ထို့ပြင် အကျည်းတန်၍ အသုံးမ၀င်သောအကိုင်းများက နေရာအနှံ့ ထိုးထွက် တွယ်ကပ်နေသည်။
သို့သော် အလုပ်ရှုပ်နေသဖြင့် ဥယျာဉ်ပြုပြင်ရန် အချိန် နှောင့်နှေးခဲ့သည်။ ရက်သတ္တပတ် အနည်းငယ်အကြာတွင် ထိုနှင်းဆီချုံသည် ယခင်နှင့်မတူတော့ဘဲ အပွင့်များဖြင့် ဝေဆာဖူးပွင့်လာသည်။ ရာနှင့်ချီသည့် သင်းပျံ့မွှေးထုံသည့် နှင်းဆီပွင့်ဖြူကြီးများ ဝေဆာလျက် တစ်အိမ်လုံး သင်းပျံ့ကာ မြေပြင်ပေါ်တွင်လည်း ပွင့်ဖတ်များဖြင့် ပြည့်နှက်နေသည်။
ပြန်လည်ရှင်သန်လာသော နှင်းဆီပင်က ရှင်လုကာ ၁၃း၆-၉ ပါ သခင်ယေရှုမိန့်ကြားသော သင်္ဘောသဖန်းပင် ပုံဥပမာကို ပြန်လည်သတိရစေသည်။ ဣသရေလ တိုင်းပြည်တွင် သင်္ဘောသဖန်းပင် အသီးသီးရန် အချိန် သုံးနှစ်စောင့်ရသည်။ ထိုကာလ အတွင်း အသီးမသီးပါက ထိုအပင်ကို ခုတ်ပစ်ပြီး မြေကိုအကျိုးရှိစွာ ပြန်လည်…
လက်တွေ့ပါသော ယုံကြည်ခြင်း
ကျွန်မ၏သူငယ်ချင်းသည် ကုန်စုံဆိုင်သို့ ကားမောင်း၍သွားစဉ် လမ်းလျှောက်သွား နေသည့် အမျိုးသမီးတစ်ဦးကို မြင်ပြီး ကားပြန်လှည့်ကာ သူမအား ကားကြုံခေါ်တင် သွားရန် စိတ်တွင် ခံစားမိသည်။ ထိုသို့ ခေါ်တင်ခဲ့ပြီးကာမှ ထိုအမျိုးသမီးသည် ကားခ မရှိသဖြင့် ဘတ်စ်ကား မစီးနိုင်ဘဲ အိုက်စပ်သောရာသီတွင် မိုင်ပေါင်းများစွာဝေးသည့် အိမ်သို့ လမ်းလျှောက်ပြန်နေခြင်းဖြစ်ကြောင်း သိလိုက်ရ၍ သူ အလွန်စိတ်ထိခိုက်သွားသည်။ အိမ်သို့ ခရီးဝေးပြန်ရသည် သာမက ထိုနံနက်က သူမသည် ရုံးသို့ နံနက် ၄ နာရီ အရောက် လမ်းလျှောက်ကာ ရုံးတက်ခဲ့ရသည်။
ခရစ်ယာန်များတို့၏ ယုံကြည်ခြင်းကို ကောင်းသော အကျင့်ဖြင့် ရှင်သန်ပြရန် ရှင်ယာကုပ် ညွှန်ကြားသည့်အတိုင်း ကျွန်မ၏သူငယ်ချင်းက ထိုအမျိုးသမီးကို ကားစီးခွင့်ပေးကာ ခေတ်သစ်ပုံစံဖြင့် လက်တွေ့ကျင့်သုံးခဲ့ခြင်း ဖြစ်သည်။ “အကျင့်နှင့်ကင်းသော ယုံကြည်ခြင်းသည် တစ်ပါးတည်း ရှိခြင်းကြောင့် အသေဖြစ်၏”(း ၁၇)။ အသင်းတော်များသည် မုဆိုးမများနှင့်…
အပြီးမသတ်သေးသောအလုပ်များ
အလွန်ကျော်ကြားသော ပန်းပုပညာရှင် မိုက်ကယ် အဲန်ဂျလို ကွယ်လွန်သွားသည့် အချိန်တွင် အဆုံးမသတ်ရသေးသော စီမံကိန်းများကို ချန်ရစ်ခဲ့သည်။ သူ၏ပန်းပုလက်ရာ လေးခုဖြစ်သည့် မုတ်ဆိတ်နှင့်ကျွန် (The Bearded Slave)၊ အက်တလပ်(စ်)ကျွန် (The Atlas Slave)၊ နိုးထလာသောကျွန် (The Awaken Slave) နှင့်ငယ်ရွယ်သူကျွန် (The Young Slave) စသည်တို့ကို မည်သည့်အခါမှ လက်စသတ်ရန် မလိုပါ။ အပြီးမသတ်ခဲ့သော ပန်းပုရုပ်များဟု ထင်ရ သော်လည်း မိုက်ကယ်အဲန်ဂျလိုက လက်စမသတ်လို၍ သက်သက်ထားခဲ့ခြင်းဖြစ်သည်။ ထိုပန်းပုပညာရှင်ကြီးက ထာဝရ ကျွန်ခံနေရခြင်း၏ ခံစားချက်က မည်သို့ဖြစ်သည်ကို ပြသ လိုခြင်း ဖြစ်သည်။
ထိုပန်းပုလက်ရာများကို သံကြိုးများဖြင့် တုတ်နှောင် ထားခြင်းထက် သလင်းကျောက်ပေါ်တွင် ကပ်နေအောင် ထုလုပ်ထားသည်။ ခန္ဓာကိုယ်ကို ရုပ်လုံးပေါ်အောင် ထုဆစ် ထားသော်လည်း ပြီးအောင် မထုလုပ်ထားပါ။ အကြောအချင်…
လက်ချောင်းငါးချောင်းဆုတောင်းနည်း
ဆုတောင်းခြင်းသည် ဘုရားသခင်နှင့်စကားပြောခြင်းပင် ဖြစ်သည်။ သင်္ချာပုံသေနည်း တစ်ခု မဟုတ်ပါ။ တစ်ခါတစ်ရံ ကျွန်ုပ်တို့၏ဆုတောင်းချိန်ကို လန်းဆန်းစေမည့် “နည်းလမ်း” အသစ်များ ရှာဖွေအသုံးပြုရန် လိုသည်။ ဆာလံကျမ်းအတိုင်း (သို့) အခြား
ကျမ်းပိုဒ်များအတိုင်း ဆုတောင်းခြင်း၊ (သခင်ခရစ်တော်သင်ပေးသော ပတ္ထနာတော် အတိုင်း ဆုတောင်းခြင်း)၊ သို့မဟုတ် ACTS နည်း (Adoration - ကိုးကွယ်ခြင်း၊ Confession - အပြစ်ဝန်ခံခြင်း၊ Thanksgiving - ကျေးဇူးတော်ချီးမွမ်းခြင်း နှင့် Supplication - တောင်းလျှောက်ခြင်း) စသည်တို့ကို အခြေပြု၍ ဆုတောင်း နိုင်ပါသည်။ ကျွန်မသည် အခြားသူများအတွက် ဆုတောင်း ပေးရာတွင် လက်ချောင်း ၅ ချောင်း ဆုတောင်းနည်းကို အသုံးပြုပါသည်။
• ဆုတောင်းရန် သင်၏လက်ဖ၀ါးနှစ်ခုကို ကပ်လိုက်သည့်အခါ လက်မသည် သင်နှင့် အနီးဆုံးဖြစ်သည်။ ထို့ကြောင့် သင်နှင့်အနီးဆုံးလူ၊…
အလွန် ကောင်းသည်
အချို့သောနေ့ရက်များသည် အကြောင်းအရာတစ်ခုခုအပေါ် အခြေခံ၍ တစ်နေ့တာ ကုန်ဆုံးသွားသည်။ မကြာသေးမီက ထိုကဲ့သို့သော နေ့တစ်နေ့ကို ကျွန်မဖြတ်သန်း ခဲ့ရသည်။ ကျွန်မ၏သင်းအုပ်က ကမ္ဘာဦးကျမ်း ၁ ကို ဟောကြားစဉ် အံ့မခန်း လှပသည့် ဝေေ၀ဆာဆာဖူးပွင့်သော ပန်းဓာတ်ပုံများကို အချိန် ၂ မိနစ်ခန့် ပြသခဲ့သည်။ အိမ်ပြန် ရောက်သောအခါ၌လည်း လူမှုကွန်ယက်မှ ပန်းမျိုးစုံ ဓာတ်ပုံများ တင်ထားသည်ကို တွေ့ရပြန်သည်။ ထိုနောက် တောထဲသို့ လမ်းလျှောက် ထွက်သည့် အခါလည်း နွေဦးရာသီ ပန်းပေါင်းစုံဖြစ်သည့် ထရီလီယံပန်း၊ မားရှ်မာရီဂိုးပန်းနှင့် အိုင်းရစ်ပန်းရိုင်းများကို ပတ်ဝန်းကျင်တွင် တွေ့ရပြန်သည်။
ဘုရားသခင်သည် ပန်းပေါင်းစုံနှင့် ဟင်းသီးဟင်းရွက် ပင်များကို တတိယနေ့ရက်တွင် ဖန်ဆင်းခဲ့သည်။ ထိုနေ့ တစ်နေ့တည်း၌ပင် “ထိုအမှုအရာ ကောင်းသည်” (က ၁း၁၀၊ ၁၂) ဟု နှစ်ကြိမ်တိတိ မိန့်ဆိုခဲ့သည်။ ဆဋ္ဌမနေ့၌လည်းထိုကဲ့သို့ပင် “ထိုအမှုအရာ…
ဘုရားသခင်၏စကားတော်ကို လေ့ကျက်ခံစားခြင်း
ကျွန်မတို့၏သား ဇေးဗီယာ လမ်းလျှောက်တတ်ခါစက မွန်တာရီဘေး ငါးပြတိုက်သို့ ခရီးထွက်ကြသည်။ အဆောက်အအုံထဲသို့ ၀င်ဝင်ချင်း မျက်နှာကျက်တွင် ချိတ်ဆွဲ ထားသောကြီးမားသည့် ရုပ်တုကြီးသို့ ညွှန်ပြရင်း “ကြည့်စမ်း၊ ကျောခုံးမောက်နေတဲ့ ဝေလငါးကြီး” ဟုပြောလိုက်သည်။
ဇေးဗီယာက မျက်လုံးပြူးပြီး “အံ့မခန်းကြီးပါလား” ဟုဆိုသည်။ “သူဒီစကားလုံးကို ဘယ်လိုသိတာလဲ” ဟု ကျွန်မခင်ပွန်းက လှည့်ကြည့်၍ မေးသဖြင့် “ကျွန်မတို့ ပြောနေတာကို ကြားလို့နေမှာပေါ့” ဟုပြန်ဖြေလိုက်သည်။ ကျွန်မတို့ ထိုစကားလုံးကို သူသိအောင် ရည်ရွယ်၍ မပြောဖူးသော်လည်း လမ်းလျှောက်တတ်ခါစ သားလေးက ထိုစကားကို စိတ်ထဲမှတ်ထားသည်ကို ကျွန်မအံ့သြမိသည်။
တရားဟောရာကျမ်း ၆ တွင် ဘုရားသခင်က လူငယ် မျိုးဆက်သစ်များ ကျမ်းစကားများကို လိုက်နာအောင် သွန်သင် ပြရန် ရည်ရွယ်ချက်ထားရှိရန် လူမျိုးတော်တို့အား တိုက်တွန်းနှိုးဆော်ခဲ့သည်။ ဣသရေလလူတို့သည် ထာဝရဘုရားအကြောင်းကို တိုး၍သိရှိနားလည်သောအခါ ၎င်းတို့နှင့် ၎င်းတို့၏သားသမီးများသည် ဘုရားသခင်ကို…
အစေခံရန် အသင့်
ကျွန်ုပ်တို့၏အသင်းတော်မှ ခေါင်းဆောင်သစ်အဖွဲ့ကို တာဝန်စေခိုင်းရန် အချိန် ကျရောက်ပါပြီ။ အစေခံခေါင်းဆောင်များ၏ အခန်းကဏ္ဍ ပေါ်လွင်စေရန် အသင်းတော် လူကြီးများ သည် ခြေဆေးခြင်းမင်္ဂလာတွင် ပါဝင်ကြသည်။ သင်းအုပ်ဆရာ အပါအ၀င် ခေါင်းဆောင် များသည် အသင်းသားများ၏ ရှေ့မှောက်တွင် အချင်းချင်း တစ်ဦးကိုတစ်ဦး ခြေဆေးပေး ကြသည်။
၎င်းသည် ယော ၁၃ တွင် မှတ်တမ်းတင် ထားသကဲ့သို့ ကျွန်ုပ်တို့ စံနမူနာ ယူနိုင်စေရန် သခင်ယေရှု ကိုယ်တော်တိုင် ပြုခဲ့ သည့် ခြေဆေးခြင်းမင်္ဂလာဖြစ်သည်။ နောက်ဆုံးညစာကို သုံးဆောင်ကြစဉ် သခင်ယေရှုသည် “စားပွဲမှထ၍ ရေကို အင်တုံ၌ လောင်း၍ တပည့်တော်တို့၏ခြေကို ဆေးပြီးမှ ခါး၌ စည်းသောပုဝါနှင့် သုတ်တော်မူ၏” (ယော ၁၃း၎-၅)။
ထို့နောက် သခင်ယေရှုက သူ၏တပည့်တော်များအား “ကျွန်သည် သခင်ထက်သာ၍ မကြီးမြတ်၊ တမန်တော်သည် စေလွှတ်သောသူထက်…
တစ်ညီတစ်ညွတ်တည်း ပါဝင်ခြင်း
ကျွန်တော်တို့မြေးလေး၏ ကျောင်းဂီတပွဲတော်တွင် အသက် ၁၁-၁၂ နှစ် အရွယ် ကလေး များ၏ ဖျော်ဖြေရေးအစီအစဉ်ကို ကျွန်တော်အလွန်သဘောကျသည်။ အကယ်၍ မိမိ၏ တစ်ဦးချင်းစွမ်းရည်ကိုသာ ပေါ်လွင်စေလိုပါက အဖွဲ့၏စုပေါင်းညီညွတ်မှုကို ရမည် မဟုတ်ပါ။ သစ်သားတူရိယာကဏ္ဍ၊ ကြေးတူရိယာကဏ္ဍနှင့် တီးခတ်မှုကဏ္ဍတို့သည် သူ့အပိုင်းနှင့်သူ ညီညွတ်စွာ ပါဝင်တီးမှုတ်ခြင်းကြောင့်
သာယာနာပျော်ဖွယ်သီချင်း ထွက်ပေါ်လာရခြင်း ဖြစ်သည်။
သခင်ယေရှု၏ တပည့်တော်များသည် ရောမမြို့၌ ရှိစဉ်၊ ရှင်ပေါလုက “ငါတို့သည် ခရစ်တော်၌ တစ်ကိုယ်တည်း ဖြစ်၍ အသီးသီး အင်္ဂါချင်းဖြစ်ကြ၏။ ထိုသို့ ပေးတော်မူသော ကျေးဇူးတော်အတိုင်း ငါသည် အသီးသီး အပြားပြားသော ဆုများကို ခံရသည်” (ရော ၁၂း၅-၆) ဟု ရေးသားခဲ့သည်။ ထိုကျေးဇူးတော်အသီးသီးအနက် ရှင်ပေါလု ဖော်ပြသော ဆုကျေးဇူးများမှာ ဓမ္မဆရာအရာ၊ ဆုံးမသြ၀ါဒပေးသောသူ၊ နှိုးဆော်သွေးဆောင်သောသူ၊ စွန့်ကြဲဝေငှသောသူ၊ အုပ်ချုပ်သောသူနှင့် မစသနားခြင်းအမှုကို ပြုသောသူတို့…
ဆိတ်ဆိတ်နေခြင်း
ကယ်ဆယ်ရေး ထရပ်ကားများ ရွာထဲရှိ တဲများအနီးမှ ဖြတ်သွားစဉ် ကြက်ကလေးများ ကစဥ့်ကလျား ပြေးလွှားလျက်၊ ဖိနပ်မစီးထားသောကလေးများက ငေးကြည့်နေသည်။ မိုးဒဏ်ကြောင့် ပျက်စီးနေသောလမ်းများပေါ်တွင် ကားအသွားအလာ မရှိသလောက်ပင်။
ထိုကားတန်းရှည်မြင်ကွင်း၌ တံတိုင်းခတ်ကာရံထားသော အိမ်တစ်လုံး မှုန်ဝါးဝါးပေါ်လာသည်။ ၎င်းသည် မြို့တော်ဝန်၏အိမ်ဖြစ်သည်။ ထိုအိမ်ကြီး၌ သူမနေပါ။ ပြည်သူလူထု၏ အခြေခံစားဝတ် နေရေး မပြေလည်ဘဲ ငတ်ပြတ်နေလည်း သူက အခြား မြို့ကြီးတစ်မြို့တွင် စည်းစိမ်ခံစားနေသည်။
ထိုသို့သော မတရားမှုများက ဒေါသထွက်စရာကောင်း လှသည်။ ပရောဖက်ဟာဗက္ကုတ်သည် အထိန်းအကွပ်မဲ့သည့် ဖိနှိပ်မှုများကို တွေ့ရသဖြင့် ဒေါသထွက်လျက် “ကိုယ်တော် သည် ကြားတော်မမူဘဲ အဘယ်မျှ ကာလပတ်လုံး အကျွန်ုပ် အော်ဟစ်ရပါမည်နည်း”ဟု (ဟဗ ၁း၂) သူမေးခွန်းထုတ် ခဲ့သည်။ သို့သော် ဘုရားသခင်က သူသိကြောင်း၊ “ကိုယ် မပိုင်သောဥစ္စာကို သိမ်းဆည်း သောသူ၊ မကောင်းသော အဓမ္မစီးပွားကို…
သက်သာခြင်းခွက်ကို မျှဝေခြင်း
ကျွန်မသူငယ်ချင်းက သူ၏အိမ်လုပ်မြေထည်အချို့ကို စာတိုက်မှတစ်ဆင့် ပို့လာသည်။ စက္ကူပုံးကို ဖွင့်ကြည့်သောအခါ အဖိုးတန်မြေထည်အချို့မှာ လမ်းခရီးတွင် သယ်ယူ လာစဉ် ပျက်စီးသွားသည်ကို တွေ့ရသည်။ မြေခွက်တစ်လုံးသည် ပဲ့ပြီး အပိုင်းပိုင်း ဖြစ်သွားကာ အက်ကွဲစများ၊ မြေမှုန့် ရွှံ့တုံးအခဲကိုလည်း တွေ့ရသည်။
ကျွန်မ၏ခင်ပွန်းက ခွက်အပဲ့အခြမ်းများကို ကော်ဖြင့် ပြန်ဆက်ပြီးနောက် အနာအဆာများရှိသော်လည်း လှပသည့်
မြေခွက်ကို စင်ပေါ်၌ ကျွန်မ ခင်းကျင်းပြထားသည်။ အပိုင်းအစများကို ပြန်၍ဆက်ထားသော မြေခွက်ကဲ့သို့ ဘုရားသခင်က ခက်ခဲသောဘ၀ကို ပို့ဆောင်ကျော်ဖြတ်စေ ပြီးနောက် ကျွန်မကို ခိုင်ခံ့စွာ ရပ်တည်စေခဲ့ကြောင်း ကျွန်မ၌ ရှိသော အမာရွတ်များက သက်သေဖြစ်သည်။ ကျွန်မ အသက်တာနှင့် ဘ၀တစ်လျှောက်တွင် ကိုယ်တော်မည်သို့ အလုပ်လုပ်နေကြောင်း ဝေမျှခြင်းဖြင့် ဒုက္ခသောက ခံစားရ
သော အခြားသူများအတွက် အကူအညီ ဖြစ်စေကြောင်း ထိုသက်သာခြင်းခွက်က ကျွန်မအား သတိပေးနေသည်။
ဘုရားသခင်သည်…