တိမ်များကို ကြည့်ပြီး ဆင်ခြင်ပါ
လွန်ခဲ့သော နှစ်ပေါင်းများစွာက ကျွန်တော်တို့သားအဖ အိမ်နောက်ဘက် ခြံဝင်း အတွင်း၌
လဲလျောင်းကာ လွင့်မျောနေသော မိုးတိမ်များကို ကြည့်နေခဲ့သည်။ သားတစ်ဦးက ‘‘အဖေ ဘာလို့ မိုးတိမ်တွေက ပေါလောပေါ်ပြီး မျောနေတာလဲ။ ဟု မေးရာ၊ ကျွန်တော်၏ များပြားစွာသော ဗဟုသုတရှိခြင်း၏အကျိုးကျေးဇူးကို ပြရန် ‘‘ကောင်းပြီ’’ ဆိုကာ အစချီ လိုက်သည်။ သို့သော် ကျွန်တော် နှုတ်ဆိတ်ခဲ့ရသည်။ ‘‘အဖေ မသိဘူး။ ဒါပေမဲ့ အဖေ အဖြေ ပြန်ရှာပေးမယ်’’ ဟု ၀န်ခံလိုက်ရသည်။
ကျွန်တော် ရှာဖွေတွေ့ရှိခဲ့သည့် အဖြေမှာ သိပ်သည်းသည့် အစိုဓာတ်သည် ကမ္ဘာကြီး၏ဆွဲငင်အား ကြောင့် အောက်သို့ကျလာပြီး မြေပြင်ပေါ်မှ မြင့်တက် လာသည့် ပူနွေးသည့် အပူချိန်နှင့် ပေါင်းဆုံသည်။ ထိုနောက် ထိုအစိုဓာတ်သည် ရေငွေ့အဖြစ် ပြောင်းလဲသွားပြီး လေထုထဲ ပြန်တက်သွားသည်။ ၎င်းသည် ဖြစ်စဉ်တစ်ခု၏ သဘာဝကျသည့်…
အကျိုးမရှိသောအရာဟူ၍ မရှိ
ကောင်းစွာ မလှုပ်ရှားနိုင်ခြင်း၊ နာတာရှည်ရောဂါကြောင့် စိတ်ဓာတ်ကျ၊ စိတ်ဖိစီးလျက် ရုန်းကန်နေရသည့် တတိယမြောက်နှစ်တွင် ‘‘ငါ့ခန္ဓာကိုယ်ကြီးက ယိုယွင်းပျက်စီးလာပြီ။ ဘုရားရှင်အတွက်၊ လူတစ်ဦးတစ်ယောက်အတွက် ပေးစရာ တန်ဖိုးရှိတဲ့အရာ ဘာတစ်ခုမှ မရှိတော့သကဲ့သို့ ခံစားမိလာကြောင်း’’ သူငယ်ချင်းတစ်ဦးကို ကျွန်မဖွင့်ဟ၀န်ခံမိသည်။
ထိုအခါ ကျွန်မလက်ပေါ် သူ့လက်ကို တင်ရင်း ‘‘ငါနင့်ကို ပြုံးပြီးနှုတ်ဆက်တဲ့အခါ၊ နင်ပြောတာကို နားထောင်ပေးတဲ့အခါ ဘာမှမထူးဘူးလို့ ပြောတာလား။ နင့်အတွက် ဆုတောင်းပေးတာ၊ နူးညံ့ကြင်နာတဲ့စကားတွေ ပြောတာရော ဒါဟာ အလကားသက်သက် အချည်းနှီးပဲလို့ ထင်တာလား’’ ဟု ပြန်မေးသည်။ အိပ်ယာပေါ် ပြန်လှဲချရင်း ‘‘ဘာလို့ အဲလို ပြောရမှာလဲ’’ ဟုကျွန်မပြောလိုက်သည်။
ထိုအခါ သူငယ်ချင်းက မျက်မှောင်ကြုတ်ရင်း ‘‘ဒါဆို ဘာလို့ ကိုယ့်ကိုယ်ကိုယ် အဲဒီလို အလိမ်အညာစကားတွေ ပြောနေတာလဲ။ ခုနက ပြောတဲ့ဟာတွေက ငါ့အတွက်ရော သူများတွေအတွက်ပါ နင်လုပ်ပေးနေတဲ့အရာတွေပဲလေ’’ ဟုပြောပါသည်။ ဘုရားသခင်အတွက်ပြုသော…
စိတ်နှလုံး အနေအထားများ
အသင်းတော် ချီးမွမ်းခြင်းအဖွဲ့တွင် ကျွန်မခင်ပွန်းက ဘာဂျာမှုတ်သူဖြစ်ပြီး သူ သီချင်းတီးမှုတ်ပြီဆိုလျှင် တစ်ခါတစ်ရံ မျက်စိမှိတ်ထားတတ်ကြောင်း ကျွန်မသတိပြုမိ သည်။ ဤသို့မှိတ်ထားခြင်းဖြင့် အာရုံစူးစိုက်နိုင်ပြီး စိတ်အာရုံ ပျံ့လွှင့်ခြင်းကိုလည်း ကာကွယ်ပေးကာ ဘုရားရှင်အား အကောင်းဆုံး ချီးမွမ်းနိုင်ခြင်း ဖြစ်သည်။
လူအချို့က ဆုတောင်းသောအခါ မျက်လုံးမှိတ်သင့် သလားဟု တွေးတတ်ကြသည်။ မည်သည့်အချိန်၊ မည်သည့်နေရာတွင်မဆို ဆုတောင်းနိုင်သော်လည်း လမ်း လျှောက်ချိန်၊ ပေါင်းသင်ချိန်၊ ကားမောင်းချိန်များတွင်မူ မျက်လုံးမှိတ်ရန် မလွယ်ပါ။
ဘုရားသခင်ကို စကားပြောရာ၌ ခန္ဓာကိုယ် အနေအထား မည်သို့ မည်ပုံ ဖြစ်ရမည်ဟူ၍ စည်းမျဉ်း စည်းကမ်း မရှိပါ။ ရှောလမုန်မင်းသည် သူဆောက်လုပ် ခဲ့သော ဗိမာန်တော်ကို ဆုတောင်းဆက်ကပ်သောအခါ သူသည် ဒူးထောက်လျက် ကောင်းကင်သို့ လက်ဖြန့်ကာ ပတ္ထနာပြုခဲ့သည် (၆ ရာ ၆း၁၃-၁၄)။ ဒူးထောက်ခြင်း (ဧ ၃း၁၄)၊ မတ်တပ်ရပ်ခြင်း…
Waldo ကို ရှာတွေ့ခြင်း
‘‘ဝေါဒို’’သည် ‘‘Where’s Waldo? - ဝေါဒို ဘယ်မှာလဲ’’ ဟူသည့် အရောင်းရဆုံး ကလေး ကာတွန်းစာအုပ်မှ နာမည်ကြီး ကာတွန်းဇာတ်ကောင် ဖြစ်သည်။ စာမျက်နှာပြည့် ရေးဆွဲထားသည့် ကာတွန်းအရုပ်များကြားတွင် ပျောက်နေသည့် ဝေါဒိုကို ကလေးများ ရှာဖွေကြသည်။ ဝေါဒိုကို ရှာတွေ့ပြီး ကလေးများ မျက်နှာဝင်းသွားလျှင် မိဘများက သဘောကျသည်။ ဝေါဒိုအား ကူရှာပေးရန် ကလေးများက မိဘများကို ခေါ်သည့် အခါ မိဘများကလည်း ကြည်နူးသည်။
ခရစ်တော်အကြောင်းကို ကြွေးကြော်ခြင်းကြောင့် ကနဦးအသင်းတော်၏သင်းထောက် သတေဖန်သည် ကျောက်ခဲနှင့် ပစ်သတ်ခံရပြီးနောက် (တမန် ၇)၊ မကြာမီ နေရာအနှံ့ ခရစ်ယာန်များကို ညှဉ်းပန်းနှိပ်စက်လာ၍ ၎င်းတို့ ယေရုရှလင်မြို့မှထွက်ပြေးကြရသည်။ သင်းထောက်ဖိလိပ္ပု သည်လည်း ထိုခရစ်ယာန်များနှင့်အတူ ရှမာရိသို့ ပြေးခဲ့သည်။
ထိုမြို့၌ ခရစ်တော်အကြောင်း ဟောပြောရာ လူများစွာတို့ ကောင်းကောင်း လက်ခံကြသည် (၈း၆)။…
သီချင်းကျူးအေးရန် အကြောင်း
သီချင်းဆိုခြင်းသည် ဦးနှောက်ကို ပြောင်းလဲပေးသည်။ ကျွန်ုပ်တို့ သီချင်းဆိုသောအခါ ပူပန်မှုနှင့် စိတ်ဖိစီးမှုများကို ပြေလျော့စေသည့် ဟော်မုန်းကို ကိုယ်ခန္ဓာမှ ထုတ်ပေး ကြောင်း လေ့လာမှုအချို့က ဖော်ပြနေသည်။ လူတစ်စုသည် အတူစုပေါင်း၍ သီချင်း ဆိုသောအခါ သူတို့၏နှလုံးခုန်သံများသည် တစ်ဦးနှင့်တစ်ဦး ထပ်တူဖြစ်နေကြောင်း အခြားသုတေသနတစ်ခုမှလည်း ဖော်ပြထားသည်။
တမန်တော် ရှင်ပေါလု၏သြ၀ါဒစာ၌ ဆာလံသီချင်း၊ ဓမ္မသီချင်း၊ ၀ိညာဉ်ရေး သီချင်းများဖြင့် တစ်ဦးနှင့်တစ်ဦး ပြောဆိုနှုတ်ဆက်ရန် အသင်းတော်ကို တိုက်တွန်းအားပေး သည် (ဧ ၅း၁၉)။ သမ္မာကျမ်းစာမှလည်း ‘‘သီဆိုချီးမွမ်းရန်’’ အကြိမ်ပေါင်း ၅၀ ကျော် ထပ်တလဲလဲ ပြောထားသည်။
ဘုရား၏လူတို့သည် စစ်ချီသွားစဉ်တွင် သီဆို ချီးမွမ်းခြင်းအားဖြင့် ဘုရားသခင်ကို ယုံကြည်ကိုးစားကြောင်း ပြသခဲ့သည် (၆ ရာ ၂၀ )။ ရန်သူများက ယုဒလူများဆီသို့ ဦးတည်လာနေရာ၊ ထိတ်လန့်လျက် ယောရှဖတ်မင်းသည် ပြည်သားများကို…
လက်စွပ်များနှင့် ကျေးဇူးတရား
ကျွန်မ၏လက်ကို ကြည့်နေရင်း ကျွန်မ၏လက်ထပ်လက်စွပ်နှင့် စေ့စပ်လက်စွပ်တို့ ပျောက်ဆုံးနေကြောင်း ပြန်သတိရသွားသည်။ ခရီးသွားရန် ထုပ်ပိုးပြင်ဆင်ရင်း အလုပ်ရှုပ်ကာ လက်စွပ်ကို ဘယ်မှာ ထားမိမှန်း စိုးစဉ်းမျှ စဉ်းစားမရတော့ပါ။
ကျွန်မ၏ နမော်နမဲ့နိုင်လွန်းသောအမှားကို ခင်ပွန်းသည်အား ပြောပြလိုက်ပါက သူစိတ်ထိခိုက်သွားမှာ စိုးရိမ်ပြီး သူ့ကို ပြောပြရန် လန့်နေ သည်။ သို့သော် ခင်ပွန်းက လက်စွပ်များကို နှမျောနေ သည်ထက် ကျွန်မအပေါ် ကရုဏာနှင့် ဂရုတစိုက် ပြန်လည် တုံ့ပြန်ခဲ့သည်။ မည်သို့ပင်ဖြစ်စေကာမူ သူ့ထံမှ သနား ကရုဏာ ခံရအောင် ကျွန်မ တစ်ခုခု လုပ်ပေးချင်သည့် အချိန်မျိုး ရှိခဲ့သော်လည်း သူ့ဘက်က ကျွန်မကို အပြစ်တင် ငြူစူခြင်း မရှိ၊ အမှတ် မထားခဲ့ပါ။
မိမိ၏အပြစ်များကို ကျွန်မတို့ ပြန်ပြီးအမှတ်ရသည့် အကြိမ်များစွာ ရှိပြီး ဘုရားသခင်၏ခွင့်လွှတ်မှုအတွက် တစ်ခုခု ပြန်လုပ်ပေးရမည်ဟု ကျွန်မတို့…
ဘုရားသခင် ခေါ်တော်မူခြင်း
တစ်မနက်တွင် ကျွန်တော့်သမီးက သူ၏ ၁၁ လသားအရွယ် သားလေးအား သူ့ဖုန်းကို ပေးဆော့ခဲ့သည်။ တစ်မိနစ် မပြည့်သေးခင်၌ ကျွန်တော့်ဖုန်းမြည်လာ၍ ကိုင်လိုက်ရာ မြေးလေး၏အသံလေးကို ကြားလိုက်ရသည်။ မြေးလေးက ကျွန်တော့် ဖုန်းနံပါတ်ကို မတော်တဆ နှိပ်လိုက်မိသော်လည်း ကျွန်တော်အမှတ်ရစရာ စကားစမြည်ပြောခြင်းက နောက်ဆက်တွဲလိုက်ပါ လာသည်။ မြေးလေးက စကား အနည်းငယ်သာ ပြောတတ်သေးသော်လည်း ကျွန်တော့် အသံကို သူသိပြီး ပြန်လည်တုံ့ပြန်ပြောဆိုခဲ့သည်။ သို့နှင့် ကျွန်တော်က မြေးလေးနှင့် စကားပြောပြီး သူ့ကို ဘယ်မျှလောက် ချစ်သည့်အကြောင်း ပြောပြခဲ့သည်။
မြေးလေး အသံကြောင့် ခံစားရသည့် ၀မ်းမြောက်မှု က ကျွန်တော်တို့နှင့် ဆက်သွယ်ရင်းနှီးလိုသည့် ဘုရားသခင်၏ နက်ရှိုင်းသောဆန္ဒကို သတိရဆင်ခြင်မိစေသည်။ ကနဦး အစ ကပင် ဘုရားသခင်သည် ကျွန်ုပ်တို့ကို စိတ်ဝင်တစား လိုက် နေသည်။ ဧဒင်ဥယျာဉ်၌ ဘုရားသခင်ကို မနာခံဘဲ…
တစ်ဆယ့်ငါးမိနစ် စိန်ခေါ်ချက်
ဟားဗတ် တက္ကသိုလ်၌ အချိန်ကြာမြင့်စွာ ဥက္ကဌဖြစ်ခဲ့သူ Dr Charles W. Eliot က ကမ္ဘာစာကြီးပေကြီးများကို တစ်ရက်လျှင် မိနစ်အနည်းငယ်ခန့် တစ်စိုက်မတ်မတ် ဖတ်တတ်သော သာမန်လူများပင်လျှင် အဖိုးတန် ပညာရတနာကို ရရှိနိုင်ကြောင်း ယုံကြည်သည်။ ၁၉၁၀ ခုနှစ်၌ သူသည် သမိုင်းဘာသာ၊ သိပ္ပံ၊ ဒဿနနှင့် အနုပညာ စာအုပ်များမှ လက်ရွေးစင်စာအုပ်များကို ပေါင်းချုပ်ပြီး ‘‘The Harvard Classic’’ ဟု ခေါ်သည့် အတွဲ ၅၀ ပါသော စာအုပ်တွဲကို ပြုစုခဲ့သည်။ စာအုပ်တွဲတိုင်း၌ Dr Eliot ၏ နေ့စဉ် စာမျက်နှာ ၈ မျက်နှာမှ ၁၀ မျက်နှာ အထိ ဖတ်ရန် အားပေးသည့် ‘‘တစ်နေ့လျှင် တစ်ဆယ့်ငါးမိနစ်” ဆိုသော တစ်နှစ်စာ စာဖတ်လမ်းညွှန် ပါဝင်သည်။
ဘုရားသခင်၏ နှုတ်ကပတ်တော်အား…
ကျွန်ုပ်တို့ ဘာကို အလိုရှိသနည်း
‘‘အဘိုးက မြင်းတွေလှည်းတွေပဲ ရှိတဲ့ ခေတ်ကနေ လူတွေ လပေါ်လမ်းလျှောက်တဲ့ အချိန်အထိ နေလာတာပါ’’ ဟု သက်ကြွယ်လူကြီးတစ်ဦးက သူ့မြေးမလေးကို ပြောခဲ့သည်။ မကြာမီက ထိုအကြောင်းကို ကျွန်တော့်အား ပြောပြရင်း၊ ‘‘အဲဒီအချိန်က တကယ် တိုတောင်းတယ်ဆိုတာ တစ်ခါမှ မတွေးမိဘူး’’ ဟု တွေးတွေးဆဆနှင့် ပြောသည်။
အသက်တာသည် တိုတောင်းလှပါသည်။ ထာဝရ အသက်ရှင်လို၍ ကျွန်ုပ်တို့အများစုက သခင်ယေရှုထံ တိုးဝင် ကြသည်။ ၎င်းသည် မဆိုးပါ။ သို့သော် ထာဝရအသက်၏ ဆိုလိုရင်းအမှန်ကို ကျွန်ုပ်တို့ နားလည်ခြင်း မရှိဘဲ၊ မှားယွင်း သောအရာကို ကျွန်ုပ်တို့ အလွန်တောင့်တလိုက်ပါသွား တတ်သည်။ ပိုကောင်းသောအရာကို ကျွန်ုပ်တို့ လိုချင်ကြပြီး ၎င်းကို အနာဂတ်အတွက်ဟု တွေးထင်သည်။ ပြီးမှ ‘ကျောင်း ထွက်လိုက်ရင်ပြီးရော’ ၊ ‘အဲဒီအလုပ်ကို လုပ်လိုက်ရင်ပြီးရော’ ၊ ‘လက်ထပ်လိုက်ရင်ပြီးရော’ ၊…
စုံလင်သော ငြိမ်းချမ်းခြင်း
ကျွန်မမိတ်ဆွေတစ်ဦးက သူသည် နှစ်အတော်ကြာကြာ ငြိမ်သက်ခြင်းနှင့် စိတ်ကျေနပ် ရောင့်ရဲခြင်းကို ရှာဖွေခဲ့ကြောင်း ပြောပြသည်။ သူနှင့် သူ၏ခင်ပွန်းတို့သည် အောင်မြင်သော စီးပွားရေးကို ထူထောင်နိုင်ခဲ့၍ အိမ်ကြီးကြီး၊ လှပတောက်ပြောင်သော အ၀တ်အစားများ၊
အဖိုးတန်လက်ဝတ်ရတနာများကို ၀ယ်ယူနိုင်ခဲ့သည်။ သို့သော် ထိုပိုင်ဆိုင်မှုများ၊ သြဇာ အာဏာလွှမ်းမိုးသောသူများနှင့် မိတ်ဆွေဖြစ်ခြင်းများတို့သည် ငြိမ်သက်ခြင်းကို လိုချင်တမ်းတနေသည့် သူ၏ အတွင်းစိတ်ကို ကျေနပ်မှုမပေးနိုင်ခဲ့ပါ။ တစ်နေ့တွင် သူသည် စိတ်ဓာတ်ကျ၊ စိတ်ပျက်လက်ပျက်ဖြစ်နေချိန်၌ သူ့မိတ်ဆွေတစ်ဦးက သခင်ယေရှု၏ သတင်းကောင်းကို ပြောပြခဲ့သည်။ ထိုအခါ သူသည် ငြိမ်သက်ခြင်း၏အရှင်ကို တွေ့ရှိခဲ့ရပြီး စစ်မှန်သော ငြိမ်သက်ခြင်းနှင့် ကျေနပ်ရောင့်ရဲခြင်းနှင့် စပ်လျဉ်း၍ သူ နားလည်ထားမှုများ ထာဝစဉ် ပြောင်းလဲသွားခဲ့သည်။
နောက်ဆုံးညစာစားပွဲ၌ သခင်ယေရှုသည် သူ့မိတ်ဆွေများအား ထိုသို့သော ငြိမ်သက်ခြင်းမျိုးအကြောင်းကို ပြောကြားခဲ့ရာ (ယော ၁၄)၊ သူ၏အသေခံခြင်း၊ ရှင်ပြန်ထမြောက်ခြင်းနှင့် သန့်ရှင်းသောဝိညာဉ်တော် ကြွလာတော်မူခြင်း…