အဟုတ်သည် မဟုတ်ဖြစ်သောအခါ
လူကီးမီးယား ခေါ် သွေးကင်ဆာရောဂါနှင့် ရုန်းကန်လျက်ဆေးကုနေသည့် မိခင်အား အနီးကပ်ပြုစုခွင့်ရ၍ ဘုရားသခင်အား ကျေးဇူးတင်မိသည်။ ဆေးဝါးများက မသက်သာ ဘဲ နာကျင်မှုကိုသာဖြစ်စေသောအခါ အမေက ဆေးဆက်မကုဘဲရပ်လိုက်ရန် ဆုံးဖြတ် လိုက်သည်။ `နာကျင်မှုကို ထပ်ပြီး မခံစားနိုင်တော့ဘူး။ `အမေ့ရဲ့ နောက်ဆုံးနေ့ရက် တွေကို မိသားစုနဲ့ပဲ ပျော်ရွှင်စွာ ကုန်လွန်စေချင်တယ်။ ကောင်းကင်အိမ်တော်ကိုပြန်ဖို့ အမေအဆင်သင့်ပဲဆိုတာ ဘုရားသခင်သိတယ်´ ဟု ပြောသည်။
သမားတော်ကြီးဖြစ်သည့် ကောင်းကင်ဘုံရှင်အဘ သည် အံ့ဖွယ်နိမိတ်လက္ခဏာ ပြုနိုင်ကြောင်း ယုံကြည် စိတ်ချလျက် ကျွန်ုပ် အသနားခံမိသည်။ သို့သော် မိခင်၏ ဆုတောင်းချက်ကို အဖြေပေးပါက ကျွန်ုပ်၏အသနားခံမှုကို ငြင်းပယ်မည်ပင်။ `သခင့်အလိုတော်အတိုင်းဖြစ်ပါစေ´ ဟု ၀မ်းနည်း ငိုကြွေးလျက် ၀န်ခံလိုက်သည်။
မကြာမီတွင် ကျွန်ုပ်မိခင်ကို နာကျင်မှု အလျင်းမရှိသည့် တမလွန်ဘ၀သို့ ကူးပြောင်းရန် သခင်ယေရှု ကြိုဆိုလက်ခံလိုက်သည်။
ကျဆုံးပျက်စီးသော ဤကမ္ဘာကြီးတွင်…
အကြီးမြတ်ဆုံးသော ဖိတ်ကြားမှု
လွန်ခဲ့သော ရက်သတ္တပတ်အတန်ကြာက စာတိုက်မှ ဖိတ်စာများစွာကို ကျွန်တော် လက်ခံရရှိခဲ့သည်။ အငြိမ်းစားရေးရာ၊ အိမ်ခြံမြေ ရောင်းဝယ်ငှား၊ အသက်အာမခံ စသည့် လုပ်ငန်းများမှ ၎င်းတို့၏ “အခမဲ့” ဆွေးနွေးပွဲများသို့ တက်ရောက်ရန် ဖိတ်စာများကို ချက်ခြင်း လွှင့်ပစ်လိုက်သည်။ သို့သော် နှစ်ရှည်လများသိကျွမ်းခဲ့သည့် မိတ်ဆွေဟောင်း တစ်ဦး၏ဂုဏ်ပြုပွဲနှင့် မိတ်ဆုံစားပွဲအစီအစဉ် ဖိတ်ကြားလွှာ ကိုမူ ကြွရောက်ပါမည်ဟု ကျွန်တော်ချက်ခြင်း အကြောင်းပြန် ခဲ့သည်။ ခေါ်ဖိတ်ခြင်း +ဆန္ဒရှိခြင်း = လက်ခံခြင်း
ဟေရှာ ၅၅း၁ တွင် အကြီးမြတ်ဆုံးသော ဖိတ်ကြားချက်ကို တွေ့ရသည်။ ခက်ခဲကြပ်တည်းနေသော အခြေအနေ၌ရှိနေသည့် သူ့လူများအား ထာဝရဘုရားသခင် မိန့်တော်မူသည်ကား “အို ရေငတ်သောသူအပေါင်းတို့၊ ရေရှိရာသို့ လာကြလော့။ ငွေမရှိသောသူတို့၊ လာကြ။ ၀ယ်၍ စားသောက်ကြလော့။ ငွေမပါဘဲ၊ အဖိုးကို မပေးဘဲ လာ၍ စပျစ်ရည်နှင့်နို့ကို ၀ယ်ကြလော့။”(း၁-၂)။ အတွင်းလူကို…
အသက် ရှင်ခြင်းနှင့် သေခြင်း
ကျွန်မသူငယ်ချင်း၏အစ်ကို ကွယ်လွန်သွားချိန်က သူ့အနားရှိနေခဲ့သည့်အဖြစ်အပျက်ကို ကျွန်မ ဘယ်သောအခါမှ မမေ့ပါ။ ထိုအဖြစ်က သာမန်အခြေအနေမှ တစ်မူထူးသည့် အနေအထားသို့ ရောက်လာသည်။ ကျွန်မတို့သုံးဦးက တိတ်တဆိတ် စကားပြောနေရင်းမှ ရစ်ချက် အသက်ရှုပုံက ပို၍ခက်ခဲလာကြောင်း သိလိုက်သည်။ ကျွန်မတို့က သူ့အနီး၌ ၀ိုင်းရံစောင့်ကြည့်နေပြီး၊ ဆုတောင်း ပေးသည်။ သူ၏နောက်ဆုံး ထွက်သက်ရှိုက်လိုက်ချိန် အသက် ၄၀ အရွယ် နှစ်လိုဖွယ် အမျိုးသားတစ်ဦး သေဆုံး တော့မည်ဖြစ်၍ ကျွန်မတို့မျက်ရည်ပင်လယ် ဝေနေချိန်၌ ဘုရားသခင်၏တည်ရှိနေမှုက ကျွန်မတို့ကို လွှမ်းခြုံလျက် သန့်ရှင်းသောအချိန်ကဲ့သို့ ခံစားရသည်။
ယုံကြည်ခြင်းသူရဲကောင်းများစွာတို့သည် ဘုရား သခင်၏သစ္စာတည်မှုကို သူတို့ကွယ်လွန်ချိန်၌ တွေ့ကြုံခံစားခဲ့ကြသည်။ ဥပမာ - ယာကုပ်က မကြာမီ ‘‘ငါ့လူမျိုးစည်းဝေးရာသို့ ငါသွားရမည်’’ဟု ပြောကြားခဲ့သည် (က ၄၉း၂၉-၃၃)။ ယာကုပ်၏သား ယောသပ်သည်လည်း မကြာမီ ရောက်လာတော့မည့် သူ၏သေခြင်းအကြောင်းကို ကြေညာခဲ့သည်။ သူ့ညီအစ်ကို…
မီးဖြင့် စုံစမ်းစစ်ကြောခြင်း
လွန်ခဲ့သော ဆောင်းရာသီက ကော်လိုရာဒို ပြည်နယ်ရှိ သဘာဝသမိုင်းပြတိုက်သို့ သွားရောက် လည်ပတ်ခဲ့စဉ် အံ့ဩဖွယ်တစ်မူထူးသည့် လေလာရွက်လှုပ်ပင် အကြောင်းကို သိခဲ့ရသည်။ ၎င်းသည် အဖြူရောင်ပင်စည်ရှိပြီး သေးသွယ်သည့် အပင်အစု တစ်ခုလုံးသည် အစေ့ တစ်စေ့တည်းထဲမှ အပင်ပေါက်ပြီး တူညီပင်မြစ် စနစ်ပုံစံဖြင့် ရှင်သန်ကြသည်။ ဤပင်မြစ်စနစ်သည် အပင် ထပ်ပေါက်သည်ဖြစ်စေ၊ မပေါက်သည်ဖြစ်စေ နှစ်ထောင်ပေါင်း များစွာ အသက်ရှင်နိုင်သည်။ ၎င်းသည် မြေအောက်၌ အိပ်နေပြီး၊ အရိပ်ထူထဲသည့် တောအုပ်တွင် သူတို့အတွက် နေရာ ပြင်ဆင်ပေးမည့် တောမီး၊ ရေတိုက်စားခြင်း (သို့) ရေခဲတောင်ပြိုခြင်း စသည့် သဘာဝဘေးဒဏ်များကို စောင့်ဆိုင်း နေကြသည်။ သဘာဝဘေးဒဏ်ကြောင့် မြေနေရာရှင်းလင်းသွားသော် အဆုံးတွင် အမြစ်က နေရောင်ကို ခံစား လာနိုင်ပြီး ထိုအမြစ်မှ အပင်ဖြစ်လာမည့် ပင်ပျိုလေးများကို ပို့လွှတ်လိုက်သည်။
သဘာဝဘေးအန္တရာယ်၏ အဖျက်လုပ်ငန်းသည် လေလာရွက်လှုပ်ပင်အတွက် ၎င်းတို့ကို…
ကောင်းသောအသီး သီးခြင်း
လေယာဉ်ပြတင်းပေါက်မှ မြင်ရသော မြင်ကွင်းက စိတ်ဝင်စားဖွယ် လှပသည်။ ၀င်းမှည့် နေသောဂျုံခင်းနှင့် သစ်သီးခြံများက ဖဲကြိုးသေးသေးသွယ်သွယ်လေးပမာ တောင်နှစ်လုံး ကြားတွင် အတန်းလိုက် ရှိနေသည်။ တောင်ကြားကို ဖြတ်၍ မြစ်တစ်စင်းက စီးဆင်း နေသည်။ အသက်ကိုပေးသော ရေမရှိပါက အသီးလည်း ရှိမည် မဟုတ်ပေ။
အသီးအနှံဖြစ်ထွန်းအောင်မြင်ရန် သန့်စင်သော ရေ အရင်းအမြစ် လိုအပ်သကဲ့သို့၊ မိမိပြောသောစကား၊ ပြုသော
အမှု၊ စိတ်ထား စသည့် အသက်တာ‘‘အသီး’’၏ အရည်အသွေး မှာ ကျွန်ုပ်တို့မှီဝဲသည့် ၀ိညာဉ်အစာအာဟာရပေါ်တွင် မူတည်သည်။ ဤအချက်ကို ဆာလံဆရာက ဆာလံ ၁ ၌ဖော်ပြထားသည်။ ‘‘ထာဝရဘုရား၏တရားတော်၌ မွေ့လျော် ... သောသူသည် ... မြစ်နားမှာ စိုက်လျက် မိမိအချိန်တန်မှ အသီးကိုသီး၍ အရွက်မညှိုးနွမ်းတတ်သော အပင်နှင့်တူ၏’’ (း၁-၄)။ ရှင်ပေါလုကလည်း ၀ိညာဉ်တော်နှင့် လျှောက်လှမ်းသူ တို့၏အမှတ်လက္ခဏာမှာ…
ပုံရိပ်ကို စီမံခန့်ခွဲခြင်း
ဝန်ကြီးချုပ် ၀င်စတန်ချာချီ၏ အနှစ် ၈၀ မြောက် မွေးနေ့ပွဲအတွက် ဗြိတိသျှ ပါလီမန်က နာမည်ကျော် နိုင်ငံခေါင်းဆောင်ကြီး၏ ပုံတူပန်းချီကားဆွဲပေးရန် ပန်းချီဆရာ ဂရေဟမ် စူသလန်အား အလုပ်အပ်ခဲ့သည်။ ‘‘ငါ့ကို ဘယ်လိုပုံဆွဲပေးမှာလဲ၊ အပြစ်ကင်းတဲ့ ကလေးတစ်ယောက်ပုံလား၊ ဒါမှမဟုတ် ခွေးဘီလူးလိုမျိုးလား’’ ဟု ချာချီ က ပန်းချီဆရာကို မေးခဲ့ကြောင်း အရပ်စကားများအရ သိရသည်။ သူ့အား ကိုယ်စားပြုသော၊ နာမည်ကျော်ပြီး လူကြိုက်များသည့် ဤပုံစံနှစ်မျိုးကို ချာချီ နှစ်သက်သည်။ သို့သော် စူသလန်က သူမြင်သည့် အရာကိုသာ သူရေးဆွဲမည်ဟု ဖြေခဲ့သည်။
ချာချီသည် သူ့ပုံတူ ပန်းချီကားကို မကြိုက်ပါ။ စူသလန် ဆွဲပေးသော ပုံတူမှာ ချာချီ၏ အပြင်က ရုပ်အတိုင်း သူ၏စတိုင်ဖြစ်သည့် စိတ်ဆိုးမာန်ဆိုး မျက်နှာပေးနှင့် ကုလားထိုင်ပေါ်၌ ထိုင်နေသည့်ပုံဖြစ်သည်။ ကြည့်ကောင်းအောင် ဆွဲဆောင်မှုရှိအောင် ရေးဆွဲမထားပါ။ ထိုပုံတူပန်းချီကားကို …
အရှေ့နှင့် အနောက် တွေ့ဆုံကြရာဝယ်
အရှေ့တောင်အာရှမှ ကျောင်းသားများနှင့် မြောက်အမေရိကမှ ဆရာတို့တွေ့ဆုံကြရာ ဧည့်သည်နည်းပြဆရာမှာ သင်ခန်းစာတစ်ခုရရှိခဲ့သည်။ သူ့အတန်း၌ ပထမဦးဆုံး မှား/မှန်ရောထွေး အမှန်ရွေး မေးခွန်းဖြေခိုင်းရာ၊ မဖြေဘဲ ချန်ထားသည့် မေးခွန်းများစွာကို တွေ့ရ၍ ဆရာမှာ အံ့အားသင့်သွားသည်။ အဖြေစာရွက်များကို အမှတ်ခြစ်ပြီး ပြန်ပေးသောအခါ ဆရာက နောက်တစ်ခါ စာဖြေကြလျှင် ကွက်လပ်များ ချန်မထားဘဲ ခန့်မှန်းတွေးဆဖြေကြရန် အကြံ ပြုလိုက်သည်။ ကျောင်းသားတစ်ဦးက လက်ထောင်လျက် “မတော်တဆ အဖြေမှန်သွားရင် ဘယ်နဲ့လုပ်မလဲ။ အဖြေ မသိဘဲနဲ့ အဖြေသိနေတယ်လို့ အထင်ခံရတော့မှာပေါ့” ဟု ပြောလိုက်ရာ အံ့သြသွားရပြန်သည်။ ကျောင်းသားနှင့်ဆရာ ကြား၌ မတူညီသော အမြင်နှင့် အလေ့အထများ ရှိနေသည်။
ဓမ္မသစ်ခေတ်ကာလ၌ သခင်ခရစ်တော်ထံ ပြောင်းလဲရောက်ရှိလာကြသော ဂျူးလူမျိုးများနှင့် တစ်ပါးအမျိုးသားတို့၏အမြင်သဘောထား များမှာ အရှေ့နှင့်အနောက်ပမာ ကွာခြားလှသည်။ ၀တ်ပြုကိုးကွယ်ရမည့်နေ့ရက်များ၊ ခရစ်တော်၏ နောက်တော်လိုက် တစ်ဦးအနေဖြင့် လွတ်လပ်စွာ စားသောက်နိုင်မည့်အစာ…
သင်သည် မဆောက်ရ
ဒါဝိဒ်သည် အစီအစဉ်များ ရေးဆွဲကာ ပရိဘောဂဒီဇိုင်းပုံကို ဆွဲသည်။ တန်ဆာပလာ ပစ္စည်းများကို စုဆောင်းသည်။ စီစဉ်စရာများအားလုံးကို အကျအန စီစဉ်သည် (၅ ရာ ၂၈း၁၁-၁၉ ကို ကြည့်ပါ)။ သို့သော် ယေရုရှလင်မြို့၌ ပထမဦးဆုံး တည်သော ဗိမာန်တော် သည် ဒါဝိဒ်၏ဗိမာန်တော် မဟုတ်ဘဲ၊ ရှောလမုန်၏ ဗိမာန်တော်ဟု ထင်ရှားခဲ့သည်။
ဘုရားသခင်က “သင်သည် ငါနေစရာဘို့ အိမ်ကို မဆောက်ရ” (၅ ရာ ၁၇း၎)ဟု မိန့်ကြားထားသည်။ ဤသို့ ဘုရားသခင်က သူ့ကို မဆောက်ခိုင်းသော်လည်း ဒါဝိဒ်၏ တုံ့ပြန်ပုံမှာ အတုယူစရာကောင်းလှသည်။ သူသည် သူကိုယ်တိုင် မလုပ်ဆောင်နိုင်သည့်အရာ၌ အာရုံမစိုက်ဘဲ ဘုရားသခင် လုပ်ဆောင်မည့်အရာအပေါ် အာရုံစိုက်သည် (၅ ရာ ၁၇း၁၆-၂၅)။ ကျေးဇူးတင်သော စိတ်သဘောကို စောင့်ထိန်းသည်။ သူလုပ်နိုင်သမျှကို လုပ်ဆောင်သည်။ ဗိမာန်တော် တည်ဆောက်ရာ၌…
သခင်၏နှစ်လိုဖွယ်မျက်နှာတော်
ကျွန်မ၏လေးနှစ်အရွယ် သားလေး၌ မေးခွန်းများအပြည့်ရှိနေပြီး အဆက်မပြတ် တတွတ်တွတ်နှင့် စကားပြောတတ်သည်။ သူနှင့်စကားပြောရသည်ကို ကျွန်မ နှစ်သက် ပါ၏။ သို့သော် ကျောပေးထားသည့်အချိန်၌လည်း ကျွန်မကို စကားလှမ်းပြောသည့် အကျင့်ဆိုးလေးတစ်ခုတတ်လာသည်။ “အမေ မကြားရဘူး၊ စကားပြောတဲ့အခါ အမေ့ကို ကြည့်ပြီးပြော” ဟု ရံဖန်ရံခါ ကျွန်မ ပြန်ပြောမိသည်။
တစ်ခါတစ်ရံ ဘုရားသခင်သည်လည်း ကျွန်မတို့အား အထက်ပါအတိုင်း ပြောလိုမည်ဟု ကျွန်မတွေးမိသည်။ ကိုယ်တော်သည် ကျွန်မတို့၏ပြောစကားများကို မကြားခြင်း ကြောင့် မဟုတ်ပါ။ ကိုယ်တော့်ကို တကယ် “မကြည့်” မျက်မှောက်မပြုဘဲ ကျွန်မတို့ သူ့အား စကားပြောမည့် အရိပ် အခြေရှိခြင်းကြောင့်ဖြစ်သည်။ ကျွန်မတို့ ဆုတောင်းနေ သော်လည်း မိမိ၏မေးခွန်းများနှင့်မိမိဘာသာ ပိတ်မိနေသည်။ မိမိကိုယ်ကိုသာ အာရုံပြုမိသည်။ မိမိဆုတောင်းလျှောက် နေသူ ဘုရားသခင်၏သဘောတော်ကို မေ့လျော့တတ်သည်။ ကျွန်မသားလေးကဲ့သို့ မိမိ စကားပြောနေသူထံ အာရုံမပြုဘဲ မေးခွန်းများမေးနေတတ်သည်။…
နှစ်သိမ့်ပွေ့ပိုက်ချော့မြူခြင်း
ကျွန်မ၏မိတ်ဆွေသည် ၄ ရက်သားလေးသာ ရှိသေးသည့် သမီးလေးအား ထွေးပိုက်ခွင့်ကို ကျွန်မအား စိတ်ချလက်ချပေးခဲ့သည်။ ကလေးကို ပွေ့ချီလိုက်ပြီး မကြာမီမှာပင် သူလေးက စပြီး အလိုမကျဖြစ်လာသည်။ သူ့ကို ပိုပြီး နီးနီးကပ်ကပ်ဖြင့်ကျွန်မ၏ပါးနှင့် သူ့ခေါင်းလေးကိုဖိကာ လက်ပေါ်၌ လွဲပေးပြီး သူ့ကို ချော့မြူရန် ညင်သာစွာ သီချင်းညည်းဆိုပေးသည်။ ၁၅ နှစ်မျှ ကလေးထိန်းခဲ့သည့် အတွေ့အကြုံနှင့် စိတ်အားထက်သန်စွာ ကြိုးစားပါသော်လည်း သူ့ကို မချော့သိပ်နိုင်ခဲ့ပါ။ နောက်ဆုံး သူ့မိခင်၏လက်ထဲသို့ ပြန်မထားမချင်း သူ့ခမျာပို၍ပို၍ သောကများလာသည်။ သည့်နောက် သူ့မိခင် ထံသို့ ပြန်ပေးလိုက်သည်နှင့်တစ်ပြိုင်နက် ငြိမ်သက်ခြင်း လွှမ်းမိုးသွားသည့်အလား ငိုသံတိတ်သွားပြီး မွေးကင်းစ ကလေးငယ်မှာ သူစိတ်ချယုံကြည်သူ၏လက်၌ စိတ်သက်သာရာ ရသွားတော့သည်။ ကျွန်မ၏မိတ်ဆွေမှာ သူ့သမီးလေးကို မည်သို့ပွေ့ဖက်ရမည်၊ သူ့စိုးထိတ်မှုတို့ လျော့သွား အောင် မည်ကဲ့သို့ ဖွဖွလေး ပုတ်ပေးရမည်ကို တိတိကျကျ သိပေသည်။…