အမျိုးအစား  |  odb

လက်ဆောင်နှင့် လက်ဆောင်ပေးသူ

အံစာတုံးလေး ၅ တုံးကို ဖိနပ်ကြိုးနှင့် တွဲချည်ထားသော သော့ချိတ်ကလေး။ ထိုသော့ချိတ်လေးကို လွန်ခဲ့သောနှစ်များစွာ ကျွန်တော့်သမီးလေး ၇ နှစ်အရွယ်က ကျွန်တော့်ကို ပေးခဲ့သည်။ အခုတော့ ကြိုးများလည်း ဖွာနေပြီး အံစာတုံးများလည်း ပွန်းပဲ့ ဟောင်းကုန်ပြီ။ သို့သော် ဘယ်သောအခါမှ ဟောင်းနွမ်းမသွားသည့် ‘‘ ဖေဖေ့ကို ချစ်တယ်’’ ဟူသည့် စကားလေး ပါရှိသည်။
အဖိုးအတန်ဆုံး လက်ဆောင်ဆိုသည်မှာ တန်ဖိုး
ကြီးကြီး ပေးဝယ်ထားသည့်အချက်၌ မတည်ဘဲ မည်သူ့ထံမှ ရရှိသည်ဟူသော အချက်၌သာ မူတည်ပြီး ဆုံးဖြတ်ကြသည်။ ဖောင်းဖောင်းအိအိ လက်အစုံမှ အလေ့ကျပွင့်သော ပန်းဝါ၀ါ တစ်စည်းတစ်လေ လက်ခံရရှိဖူးသည့် မိဘများကို မေးကြည့် ပါ။ အကောင်းဆုံးလက်ဆောင်များကို ငွေကြေး၌ မဟုတ်ဘဲ ချစ်ခြင်းမေတ္တာ၌သာ မူတည်ပြီး တန်ဖိုးထားကြ ပါသည်။
ယင်းကို ဇာခရိ သဘောပေါက်နားလည်သည်။ အသက်ကြီးလျက် ကလေးမရနိုင်တော့သည့်အရွယ်၌…

မျှော်လင့်မထားသော...

နွေရာသီ၏နေ့လယ်ခင်းအပူရှိန်အောက် အမေရိကန်နိုင်ငံတောင်ပိုင်း၌ ခရီးသွားရာ ကျွန်တော်နှင့်ဇနီးဖြစ်သူသည် ရေခဲမုန့်ဝယ်စားရန် ကားရပ်နားလိုက်သည်။ ငွေရှင်း ကောင်တာအနောက် နံရံပေါ်၌ ‘‘နှင်းထုနှင့်ရေခဲပေါ်မှ ဖြတ်သွားနိုင်သည့်ယာဉ် လုံးဝမရှိပါ’’ ဟူသော စာတမ်းကို တွေ့ရသည်။ မျှော်လင့်မထားသည့် အကြောင်းအရာ ဖြစ်သည့်အတွက် ဟာသမြောက်ပါသည်။
တစ်ခါတစ်ရံ မျှော်လင့်မထားသည့် အကြောင်းအရာကို ပြောခြင်းက အကျိုးသက်ရောက်မှု အများဆုံးရှိ၏။ သခင် ယေရှု ပြောသောစကားနှင့် ပတ်သက်၍ ဆင်ခြင်ကြည့်ပါ။
‘‘မိမိအသက်ကို တွေ့သောသူသည် အသက်ရှုံးလိမ့်မည်။ ငါ့ကြောင့် မိမိအသက်ရှုံးသောသူမူကား အသက်ကို တွေ့ လိမ့်မည်’’ (မ ၁၀း၃၉)။ အစေခံကျွန်အဖြစ် ရှိနေသော ဘုရင်မင်း၏တိုင်းပြည်၌ (မ ၁၀း၄၅) သင့်အသက်ကို ဆုံးရှုံးခြင်းသည် အသက်ကိုတွေ့ရန် တစ်ခုတည်းသောလမ်း ဖြစ်သည်။ မိမိကိုယ်ကို မြှင့်တင်ရန်၊ မိမိကိုယ်ကို ကာကွယ်ရန်
သာ အာရုံစိုက်နေသော ကမ္ဘာကြီးအတွက် အံ့ဩမှင်သက်သွားစေမည့်အရာပင် ဖြစ်၏။
လက်တွေ့ကျကျဆိုလျှင်…

ဝမ်းနည်းမြည်တမ်းခြင်းမှ ကခုန်ခြင်းဆီသို့

လွန်ခဲ့သော ၁၀ နှစ်က ကုမ္ပဏီမှ ကျွန်မအား ရာထူးမှဖယ်ရှားလိုက်ကြောင်း ‘‘မင်းကို အလုပ်မှ ရပ်ဆိုင်းလိုက်ပြီ’’ ဆိုသော စကားလုံးများက ကျွန်မကို ထိတ်လန့်စေခဲ့သည်။ စာတည်းဖြတ်ခြင်းအလုပ်နှင့် ကျွန်မ၏ဖြစ်တည်မှုဘ၀က ခွဲမရအောင် နှောင်ဖွဲ့နေခြင်း ကြောင့် ထိုအချိန်၌ ကျွန်မသည် တစ်စစီ ကျိုးပဲ့သွားသည့်အလား ခံစားရသည်။  မကြာမီ ကလည်း အလွတ် စာတည်းဖြတ်သည့်အလုပ် စာချုပ် ပြီးဆုံး ကြောင်းကြားသိရချိန်၌ အလားတူ ၀မ်းနည်းမှုမျိုး ခံစား ရသည်။ သို့သော် ဤတစ်ကြိမ်၌မူ ကျွန်မ၌ ငြိမ်သက်ခြင်း ရှိသည်။ အဘယ့်ကြောင့်ဆိုသော်  ဤနှစ်များအတွင်း ဘုရားသခင်၏ သစ္စာရှိမှု၊ ကျွန်မ၏၀မ်းနည်းမြည်တမ်းမှုကို ၀မ်းမြောက်ခြင်းသို့ ကိုယ်တော်ပြောင်းလဲနိုင်ကြောင်းကို တွေ့မြင်ခဲ့ရခြင်းကြောင့် ဖြစ်သည်။
နာကျင်မှုများ၊ စိတ်ပျက်စရာများနှင့် ကြုံဆုံရသည့် ဤကျရှုံးပျက်စီးသောကမ္ဘာကြီး၌ ရှင်သန်နေရငြားလည်း၊ သခင်ယေရှု ကြွလာမည့်အကြောင်း ဟေရှာယ၏ ပရောဖက် ပြုချက်တွင် ဖော်ပြထားသကဲ့သို့  (ဟေရှာ…

ကျွန်ုပ်သိသင့်သော အရာများလား

တေးဂီတဖျော်ဖြေပွဲတစ်ခု၌ အဆိုတော် တေးရေးဆရာ ဒေးဗစ် ဝေးလ်ကော့ အား မည်သို့ သီချင်းရေးသားစပ်ဆိုသီကုံးသနည်းဟု ပရိသတ်ထဲမှမေးမြန်းခဲ့သည်။ သူက သူသီချင်းရေးစပ်ရာ၌ ကဏ္ဍသုံးရပ်ရှိကြောင်း၊ တိတ်ဆိတ် ငြိမ်သက်သည့်နေရာတွင် စာရွက်အလွတ်နှင့် ‘‘ကျွန်ုပ်သိသင့်သောအရာ တစ်ခုခုများ ရှိသေးသလား’’ ဟူသော မေးခွန်းကို ဆင်ခြင်သည် ဟု ဖြေဆိုခဲ့သည်။ သူ့အဖြေက ကျွန်ုပ်ရင်ကို ထိသည်။ အသက်တာအတွက် ဘုရား၏ အကြံအစည်များကို နေ့ရက်စဉ်တိုင်းရှာဖွေရာ၌ ဤ မေးခွန်းက သခင်ယေရှု၏နောက်တော်လိုက်များအတွက် ကောင်းမွန် လှသည့် နည်းလမ်း ဖြစ်သည်။
လူပရိသတ်တို့အား ရှင်ယေရှု အမှုတော်ဆောင်စဉ် တစ်လျှောက်လုံးတွင် သူတစ်ဦးတည်း ဆုတောင်းရန် သခင် အချိန်ယူခဲ့သည်။ မုန့် ၅ လုံးနှင့် ငါး ၂ ကောင်ဖြင့် လူ ၅၀၀၀ အား ကျွေးမွေးပြီးနောက် ကိုယ်တော်သည် ပရိသတ်များကို ပြန်လွှတ်လိုက်ပြီး တပည့်တော်များကိုလည်း လှေဖြင့်…

အဆင်ပြေလွယ်ကူသောလမ်းလား

ဘ၀ခရီးလမ်းက ရံဖန်ရံခါ ခက်ခဲကြမ်းတမ်းတတ်သည်။ သို့ဖြစ်၍ ဘုရားသခင်သည် ကျွန်ုပ်တို့အား အဆင်ပြေချောမွေ့သောလမ်းသို့ အစဉ်ပို့ဆောင်မည် မျှော်လင့်ထားပါက ခရီးလမ်းကြမ်းလာလျှင် ကိုယ်တော့်ထံမှ လှည့်ပြန်ရန် သွေးဆောင်ခြင်းခံရပေမည်။
ထိုသို့ ဘုရားရှင်ထံမှ လှည့်ထွက်သွားရန် ကြံစည်မိသည်ဆိုပါက ဣသရေလ လူတို့အကြောင်းကို စဉ်းစားဆင်ခြင်လိုက်ပါ။ နှစ်ပေါင်း ရာနှင့်ချီပြီး အဲဂုတ္တုပြည်၌ ကျွန်ပြုခံရပြီးနောက် လွတ်မြောက်ခွင့်ရလာချိန်တွင် ကတိထားရာပြည်သို့ ရှေ့ရှု
ထွက်ခွာလာသည်။ ဘုရားသခင်သည် သူတို့ကို အိမ်သို့ တန်းတန်းမတ်မတ် မပို့ဆောင်ပါ။ ‘‘ဖိလိတ္တိပြည်ကို လျှောက်သောလမ်းသည် ဖြောင့်သော်လည်း ထိုလမ်းဖြင့် ဘုရားသခင် ဆောင်တော်မမူ’’ (ထွက် ၁၃း၁၇)။ ယင်းအစား သူတို့အား ကန္တာရကိုဖြတ်စေပြီး ခက်ခဲသောလမ်းဖြင့် ပို့ဆောင်ခဲ့သည်။ လတ်တလောတွင် ၎င်းတို့သည် တိုက်ပွဲ များကို ရှောင်ရှားနိုင်ခဲ့ပြီး (း၁၇)၊ ရေရှည်အတွက်မူ သာ၍ ကြီးမြတ်သော အမှုတော်ရှိနေပါသည်။
ဘုရားသခင်သည် သူ့နောက်တော်လိုက်ရန် ရွေးနှုတ်
ခေါ်တော်မူသောသူတို့…

သင်ယူမိသော သင်ခန်းစာတစ်ခု

မေရီသည် မုဆိုးမတစ်ဦးဖြစ်ပြီး ကျန်းမာရေးလည်း ချို့တဲ့နေသည်။ သမီးဖြစ်သူက သူ့အိမ်နှင့် ကပ်လျက်ရှိသော ‘‘ဘွားဘွား ရိပ်သာ’’သို့ ပြောင်းလာရန် ခေါ်ခဲ့သည်။ မေရီမှာ မိတ်ဆွေများနှင့် ကျန်မိသားစုဝင်အားလုံးကို မိုင်ပေါင်းများစွာ ဝေးသောအရပ်၌ ချန်ရစ်ခဲ့သော်လည်း ဘုရားသခင်၏ ပြင်ဆင်ပေးမှုအတွက် သူဝမ်းမြောက်ခဲ့သည်။
ဘ၀သစ်၌ နေထိုင်လာသည်မှာ ခြောက်လခန့်မျှ ရှိချိန်တွင်၊ သူ့စိတ်၌ ဘုရား၏စုံလင်သော အကြံအစည် ဟုတ်ပါရဲ့လားဟု သံသယ၀င်ရန် သွေးဆောင်ခံရပြီး သူ၏ကနဦး ၀မ်းမြောက်ခြင်းနှင့် စိတ်ကျေနပ်ရောင့်ရဲမှုတို့ ပျောက်ကွယ်တော့မည့် အခြေဆိုက်လာသည်။   ခရစ်ယာန် မိတ်ဆွေများကို သူအောက်မေ့သည်။ သူတက်ရောက်သော အသင်းတော်သစ်မှာ ဝေးလွန်းလှ၍ သူတစ်ဦးတည်း လွတ်လွတ်လပ်လပ် မသွားနိုင်။
ထို့နောက် ၁၉ ရာစု၏ တရားဟောဆရာကြီး ချားလ်စပါဂျင် ရေးသား ခဲ့သောစာကို သူဖတ်ရသည်။ ‘‘ယခုတွင် ရောင့်ရဲကျေနပ်မှု ဟူသည် ကောင်းကင်ဘုံ၏ ပန်းများထဲမှ ပန်းတစ်မျိုးဖြစ်ပြီး၊ ယင်းကို ပြုစုပျိုးထောင်ရန်…

ချစ်ခြင်းမေတ္တာ ဘာသာစကား

မက္ကဆီကိုနိုင်ငံသို့ သာသနာပြုအဖြစ် ကျွန်မ၏အဘွား သွားရောက်ခဲ့စဉ်က စပိန်ဘာသာ စကားသင်ယူရာတွင် အခက်တွေ့ခဲ့သည်။ တစ်ရက်တွင် သူဈေးသွားရာ၊ သူ့ကို ကူညီသည့် မိန်းကလေးအား ၀ယ်ရမည့် စာရင်းကို ပြပြီး ‘‘လျှာနှစ်မျိုးဖြင့် ရေးထားတာ’’ ဟု ပြောလိုက်သည်။ ‘‘ဘာသာစကားနှစ်မျိုးနှင့် ရေးထားကြောင်း’’ ကို သူမဆိုလိုခြင်း ဖြစ်သည်။ အသားရောင်းသူက နားစွန်းနားဖျား ကြားပြီး  ‘‘အမဲလျှာ ၂ ချောင်း ၀ယ်ချင်တာနေမှာ’’ ဟု ယူဆပြီး ထည့်ပေးလိုက်သည်။ အိမ်ပြန်မရောက်မချင်း ထိုအဖြစ်ကို အဘွား မသိခဲ့ပေ။ အမဲလျှာကိုလည်း အဘွား တစ်ခါမျှ မချက်စား ခဲ့ဘူးပါ။
ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ ဘာသာစကား အပါအ၀င် အခြားဘာသာစကားတစ်ခုခုကို သင်ယူချိန်တွင် အမှားများကို ရှောင်ဖယ်၍ မရပါ။ အချိန်တိုင်းလိုလို ကျွန်မ
တို့၏စကားများသည် ဆန့်ကျင်ဘက် ဖြစ်နေပါသည်။ အဘယ်ကြောင့်ဆိုသော် ဘုရားရှင်ကို ချီးမွမ်းနေသလို…

ကျွန်ုပ်တို့ လိုအပ်တာထက်ပိုသော

အင်္ဂလိပ် ကျေးလက်ရှိ လယ်ကွင်းတွင် ဂျီကေ ချက်စတာတန် တစ်ယောက် ထိုင်နေရာမှ ထပြီးရယ်လိုက်သည်။ သူ့ရယ်သံက ရုတ်တရက် ကျယ်လောင်စွာ ထွက်ပေါ်လာခြင်း ကြောင့် အနီးမှ နွားများ၏အကြည့်က သူထံမှ မခွာတော့ပါ။
ခရစ်ယာန်စာရေးဆရာနှင့် ရှေ့နေဖြစ်သူ ချက်စတာတန် သည် လွန်ခဲ့သော မိနစ်အနည်းငယ်ခန့်က စိတ်မချမ်းမြေ့ဖြစ်ခဲ့ရသည်။ တစ်နေ့ခင်းလုံး ကုန်းတန်းတစ်လျှောက် ခြေဦးတည့်ရာ သွားရင်း စာရွက်အညိုပေါ်တွင် ရောင်စုံမြေဖြူနှင့် ပန်းချီ ပုံကြမ်းများ ရေးဆွဲခဲ့သည်။ ပြီးမှ သူ့အနုပညာလက်ရာ အတွက် အင်မတန်မှ အရေးကြီးသော အဖြူရောင်မြေဖြူ မပါလာသဖြင့် သူစိတ်ပျက်သွားသည်။ ခဏအကြာတွင် သူရပ်နေသည့်နေရာမှာ မြေဖြူ - အဖြူရောင်ကဲ့သို့ဖြစ်သော ထုံးကျောက်ပေါ်တွင် ရပ်နေခြင်း ဖြစ်ကြောင်း သိလိုက်ရ သဖြင့် ရယ်မိပါသည်။ ထို့နောက် ကျောက်အနည်းငယ် ချိုးဖဲ့လိုက်ပြီး ပုံဆက်ဆွဲနေခဲ့သည်။
မြေဖြူအပုံကြီးပေါ်တွင် ရပ်နေကြောင်း သိလိုက်ရသည့် ချက်စတာတန်…

ကျွန်ုပ်တို့၏အရေးကြီးဆုံးတာဝန်

ကမ္ဘာတစ်ဝန်းညီညွတ်မှုအတွက် အတူတကွ ဆောင်ရွက်ရန်  ကမ္ဘာ့ဘာသာကြီးများအား     ဗြိတိသျှ ပညာရှင်တစ်ဦးက ဖိတ်ခေါ်သောအခါ နေရာအနှံ့မှ လူများစွာတို့ သြဘာပေးကြ သည်။ ကမ္ဘာ့ဘာသာကြီး ၄ ခုသည် ‘‘ရွှေပညတ်’’ကို ယုံကြည်သက်ဝင်ကြကြောင်း ထောက်ပြကာ ‘‘ယခုမျက်မှောက်ခေတ်တွင်  အရေးကြီးဆုံးတာဝန်မှာ အမျိုးမျိုးသော ယုံကြည်သက်ဝင်မှုနှင့်လူသားများ အတူတစ်ကွ ငြိမ်းချမ်းစွာ သဟဇာတဖြစ်လျက် စိတ်သဘောညီညွတ်စွာ နေထိုင် နိုင်မည့်
လူဘောင်ကို တည်ထောင်ရန်ဖြစ်သည်’’ ဟု အဆိုပြုခဲ့သည်။
တောင်ပေါ်ဒေသနာတွင် ယေရှုသည် ပညတ္တိကျမ်း၏
အချုပ်အခြာဖြစ်သော ‘‘သင်တို့သည် ကိုယ်၌ သူတစ်ပါး ပြုစေလိုသမျှအတိုင်း သူတစ်ပါး၌ပြုကြလော့’’ (မ ၇း၁၂) ဟု
ဖော်ပြထားသည်။ ထိုဒေသနာတွင် ယေရှုက ‘‘သင်တို့၏  ရန်သူတို့ကို ချစ်ကြလော့။ သင်တို့ကို ကျိန်ဆဲသောသူတို့အား မေတ္တာပို့ကြလော့’’ (၅း၄၄)ဟု မိန့်ကြားသည်။ အရေးပါသော
ထိုပညတ်ကို လက်တွေ့ကျင့်သုံးမည်ဆိုပါက ငြိမ်းချမ်းစွာနှင့်
သဟဇာတဖြစ်စွာ နေနိုင်မည်ဖြစ်သည်။…

အရေးကြီးသော သတိပေးချက်များ

လူသားများအတွက် မည်သည့်အရာက အရေးပါသည်ကို ရေခဲသေတ္တာ၏အပြင်ပိုင်းက ဖော်ပြနေကြောင်း မနုဿဗေဒပညာရှင် Anthony Graesch မှ ပြောခဲ့သည်။ Graesch နှင့် လုပ်ဖော်ဆောင်ဖက်များက လော့စ်အိန်ဂျယ်လိစ် တွင် မိသားစုများကို  လေ့လာစစ်တမ်းကောက်ရာ   ရေခဲသေတ္တာတွင် ကျောင်းအချိန်ဇယား၊ မိသားစုဓာတ်ပုံ၊ ကလေးများဆွဲထားသော ပန်းချီနှင့် သံလိုက် စသည်ဖြင့် ပစ္စည်းအမျိုးပေါင်း ၅၂ ခု ခန့်မျှကို ကပ်ထားကြောင်း တွေ့ရသည်။ Graesch က ရေခဲသေတ္တာကို ‘‘မိသားစု အမှတ်တရများကို  နေရာပြန်ချထားသောနေရာ’’ ဟု ခေါ်ဆို ခဲ့သည်။
ဘုရားသခင်သည် လက်ဆုပ်လက်ကိုင် ပြ၍ရသည့် အရာများဖြစ်သော ဓာတ်ပုံ၊ အမှတ်တရ လက်ဆောင်၊ ရွှေကျမ်းချက်များကို အသုံးပြု၍ သူ၏သစ္စာတော်ကို သတိပေးအမှတ်ရမိစေပြီး နှုတ်ကပတ်တော်ကို ၀န်ခံနာခံရန် နှိုးဆော်သည်။ ဣသရေလလူမျိုးများ ခါနန်ပြည်သို့ မ၀င်မီ မောရှေက ဘုရားရှင်ပေးခဲ့သော ပညတ်တော်များကို စောင့်ရှောက်လိုက်နာရန်…