အမျိုးအစား  |  odb

လက်ဆင့်ကမ်းပါ

လက်ဆင့်ကမ်း အပြေးပြိုင်ပွဲကို ကျွန်တော် နှစ်သက်စွာ အားပေးကြည့်ရှုသည်။ အားကစားသမားများ၏ ခန္ဓာခွန်အား၊ အမြန်နှုန်း၊ ကျွမ်းကျင်မှုနှင့် ခံနိုင်ရည်စွမ်းအား များကို ကျွန်တော်အံ့သြမိသည်။   ပြိုင်ပွဲ၏အရေးကြီးဆုံးအချိန်မှာ   အားကစားသမား တစ်ယောက်က အခြားတစ်ယောက်ထံ တုတ်တိုကို လက်ဆင့်ကမ်းပေးချိန်ဖြစ်ပြီး ၎င်းသည် ကျွန်တော့်စိတ်အာရုံကို အထူးဆွဲဆောင်ပြီး အံ့ဩမိန်းမောမှုများနှင့် ပြည့်စေသည်။ နည်းနည်းလေး နောက်ကျရုံ၊ ခြေလေးတစ်ချက် ချော်သွားရုံနှင့် ပြိုင်ပွဲရှုံးသွား နိုင်သည်။
ထို့အတူပင် ယုံကြည်သူခရစ်ယာန်များလည်း ယုံကြည်ခြင်း၊ ဘုရားသခင်၏စကားတော်နှင့် ကိုယ်တော်ကို အကျွမ်းဝင်ရင်းနှီးခြင်းဟူသည့်  တုတ်တိုကိုကိုင်ရင်း လက်ဆင့်ကမ်း ပြေးပွဲဝင်နေသူများဖြစ်သည်။ ထို့ပြင် နောင်လာ နောက်သားမျိုးဆက်များထံ ထိုတုတ်တိုကို ကျွန်ုပ်တို့ ဆက်လက်လက်ဆင့်ကမ်းရန် လိုအပ်ကြောင်း သမ္မာကျမ်းစာမှလည်း ပြောထားသည်။ ဆာလံ ၇၈ တွင် ‘‘ပုံစကားကို ငါမြွက်ဆို၍၊ ရှေးကာလ၏နက်နဲသောအရာ များကို ဖော်ပြပေအံ့။ ဘိုးဘေးတို့သည် ပြော၍ ငါတို့သည် ကြားသိရသော ထိုအရာများကို…

နွမ်းနယ်သူတို့အတွက်စကား

ဖခင်ဆုံးပြီး ရက်အနည်းငယ်အကြာတွင် အသက် ၃၀ အရွယ် စီအက်စ်လူးဝစ် သည် လွန်ခဲ့သော အနှစ် ၂၀ က သူ့မိခင် မမာမကျန်းဖြစ်ပြီး သေဆုံးသွားချိန်ထိ ကရုဏာပြ ပြီး စောင့်ရှောက်ပေးခဲ့သည့် အမျိုးသမီးထံမှ စာတစ်စောင်ရရှိခဲ့သည်။ သူ၏ကြေကွဲ ဆုံးရှုံးမှုအတွက် သူစာနာဝမ်းနည်းကြောင်း မေတ္တာပြရင်း သူ့ကို မှတ်မိသေးပါရဲ့လား ဟုရေးသားထားသည်။ လူးဝစ် က ‘‘ချစ်ရတဲ့သူနာပြု ဆရာမ ဒေးဗစ်စင်’ရေ၊ ‘မှတ်မိလားလို့ မေးတယ်ပေါ့၊ ကျွန်တော် သိပ်မှတ်မိသင့်တာပေါ့ဗျာ’ ဟူ၍ စာပြန်ခဲ့သည်။
ဆရာမ သူတို့အိမ်၌ ရှိခဲ့သောအချိန်သည် အခက်ခဲ ဆုံးသောအချိန်ကို ဖြတ်သန်းခဲ့ရချိန်ဖြစ်ပြီး  သူအတွက် သာမက သူ့ညီနှင့် အဖေအတွက်ပါ အလွန်အဓိပ္ပာယ် ရှိကြောင်း လူးဝစ် ပြန်ပြောင်း သတိရမိသည်။ ယခုကဲ့သို့   နှစ်သိမ့်မှုပြသောစာအတွက် ကျေးဇူးတင်ရင်း ‘‘ဟိုးအရင်က နေ့ရက်အချိန်တွေကို  ပြန်ပြောင်းသတိရစေတဲ့အတွက်   အင်မတန်မှပဲ နှစ်သိမ့်သက်သာမှုကို…

ချီးမွမ်းကိုးကွယ်ခြင်း တံခါးဝများ

ကမ္ဘာပေါ်ရှိ  ကြီးကျယ်ခမ်းနားသည့်မြို့များတွင် ဘာလင် မြို့တော်ရှိ ဘရဲန်ဒင်ဘတ် မြို့တံခါး၊ ယေရုရှလင်မြို့ ရှိ ဂျက်ဖာ မြို့တံခါး၊ လန်ဒန်မြို့ ဒေါင်းနင်းလမ်းရှိ မြို့တံခါး စသည်ဖြင့်  ကျော်ကြားလှသော မြို့တံခါးများကို တွေ့မြင်ရသည်။ ခံတပ်အဖြစ်(သို့) အောက်မေ့ဖွယ်ရာအဖြစ် မည်သည့်ရည်ရွယ်ချက်နှင့် ဆောက်လုပ်ထားသည်ဖြစ်စေ၊ ထိုမြို့တံခါးများသည် မြို့ပြင်၌ရှိခြင်းနှင့် မြို့တွင်း၌ ရှိခြင်း၏   ခြားနားမှုကို ပုံဆောင်နေပါသည်။ အချို့တံခါးများသည် ပွင့်နေသည်။ အချို့တံခါးများမှာ လူတိုင်း ၀င်ခွင့်မရှိ၊ လူအချို့သာ ၀င်ရောက်နိုင်သည်။
ဘုရားမျက်မှောက်တော်သို့ ၀င်ရောက်နိုင်သည့် တံခါးများမှာမူ အမြဲပင် ဖွင့်ထားသည်။ အကျွမ်းဝင်ပြီးသား ၁၀၀ ခု မြောက်သောဆာလံသီချင်းတွင် ဣသရေလလူများ အတွက် ဘုရားမျက်မှောက်တော်သို့ ဗိမ္မာန်တော်တံခါးဝ များဖြင့် ၀င်ရောက်နိုင်ကြောင်း စပ်ဆိုဖိတ်ခေါ်ကာ ကြွေးကြော်လျက်၊ ရွှင်လန်းစွာ သီချင်းဆိုလျက် အထံတော် သို့ ၀င်ကြရန် မိန့်ကြားသည် (း၁-၂)။ ရှေးခေတ်က ပဒေသရာဇ်များကို…

အလွန်ပြင်းထန်သော စစ်ကြောစုံစမ်းခြင်းများ

‘မီး’သည် အပင်များ၏အဆိုးရွားဆုံးရန်သူဖြစ်သည်။ သို့သော် အထောက်အကူလည်း ဖြစ်သည်။ ကျွမ်းကျင်ပညာရှင်များက မီးနည်းနည်းနှင့် မကြာခဏ လောင်ကျွမ်းသည့် ‘မီးအေး’များသည် တောအုပ်ကြီး၏ ကြမ်းခင်းရှိ သစ်ရွက်ခြောက်များ၊ အကိုင်းခြောက် များကို ရှင်းလင်းပေးပြီး အပင်များကို မပျက်စီးစေနိုင်ပါ။ ထို့ပြင် အစေ့များ ကောင်းမွန်စွာ ရှင်သန်စေသော ပြာမှုန့်များကို ချန်ရစ်ပေးပါသည်။ အံ့ဩဖွယ်ရာပင်၊ အရှိန်နည်းသော တောမီးများသည် သစ်ပင်များ ကျန်းမာစွာ ကြီးထွားရေးအတွက် လိုအပ်သည်။
ထို့အတူပင် ကျမ်းစာထဲတွင် မီးနှင့် သရုပ်ဖော်သော စစ်ကြောခြင်းသည်လည်း ကျွန်ုပ်တို့ ၀ိညာဉ်ရေးရာ ကြံ့ခိုင်ရေး၊ ကြီးထွားရေးအတွက် လိုအပ်သည် (၁ ပေ ၁း၇၊ ၄း၁၂)။ ရှင်ယာကုပ်က ‘‘ငါ့ညီအစ်ကိုတို့၊ သင်တို့၏ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းအရာသည် သည်းခံခြင်းကို ပွားစေတတ် သည်ဟု သိမှတ်လျက်၊ အထူးထူးအပြားပြားသော စုံစမ်း နှောင့်ယှက်ခြင်းနှင့် တွေ့ကြုံသောအခါ၊ ၀မ်းမြောက်စရာ အကြောင်းသက်သက်ဖြစ်သည်ဟု မှတ်ကြလော့။…

အစက်များကို ဆက်စပ်ခြင်း

၁၈၈၀ ပြည့်လွန်နှစ်များက ပြင်သစ်ပန်းချီပညာရှင်ကြီး Georges Seurat သည် pointillism
ခေါ် ဆေးစက်ချ၍ ပုံဖော်သည့် ပန်းချီလက်ရာတစ်ခုကို မိတ်ဆက်ပေးခဲ့သည်။ သူသည် အနုပညာလက်ရာတစ်ခုကို ဖန်တီးရန် ရောစပ်ထားသော ရောင်ချယ်များကို စုတ်တံဖြင့် ဆေးချယ်မည့်အစား ဆေးစက်ကလေးများချခဲ့သည်။ အဆုံးတွင် သူ့လက်ရာသည် အစက်အပြောက်လေးများကို အုပ်စုဖွဲ့ထားသည်နှင့် တူသည်။ သို့သော် ပန်းချီလက်ရာကို ကြည့်ရှုသူအနေနှင့် ထိုအစက်များကို အရောင်တောက်ပသော ပုံတူပန်းချီကား များနှင့် ရှုခင်းပုံများအဖြစ်သာ တွေ့မြင်သည်။
သမ္မာကျမ်းစာ၏ကြီးမားသောရုပ်ပုံသည် ထို့အတူပင် ဖြစ်သည်။ အနီးကပ်ကြည့်လျှင် ရုပ်ပုံကားချပ်ပေါ်တွင် ဆေးစက်ချထားသည့်ပမာ နားမလည်နိုင်ဖြစ်ရသည်။    ကျမ်းစာကိုဖတ်သော် ကျွန်ုပ်တို့သည် ဧမောက်ရွာသို့ ခရီးသွား သော ကလောဖနှင့် သူ့မိတ်ဆွေကဲ့သို့ ဖြစ်ကောင်း ဖြစ်မည်။ ပဿခါသီတင်းပတ်၏ ကြေကွဲဖွယ်အဖြစ်အပျက်များကို သူတို့ နားမလည်နိုင်။ သခင်ယေရှုသည် “ဣသရေလလူ တို့ကို ရွေးနှုတ်ကယ်တင်ပေးမည့်သူ”(လု ၂၄း၂၁) ဟု…

အာဟာရကယ်လိုရီတန်ဖိုးနှင့် ညီမျှပါသလား

ကျွန်ုပ်နေထိုင်သော စင်္ကာပူနိုင်ငံတွင် လူကြိုက်များသည့် ကြက်ဥပလာတာကို ကျွန်ုပ် အလွန်ကြိုက်သည်။ ထို့ကြောင့် ကိုယ်အလေးချိန် ၁၂၅ ပေါင် (၅၇ ကီလိုဂရမ်)ရှိသည့် လူတစ်ယောက်သည်   ကယ်လိုရီ ၂၄၀ လောင်ကျွမ်းရန် တစ်နာရီ ၅မိုင် (၈ ကီလိုမီတာ)နှုန်းဖြင့် မိနစ် ၃၀ ကြာပြေးရကြောင်း၊ ၎င်းကယ်လိုရီသည်   ကြက်ဥပလာတာ တစ်ချပ်နှင့်သာ ညီမျှကြောင်း ကျွန်ုပ်ဖတ်ရသည့်အခါ ကျွန်ုပ်အတွက် စိတ်ဝင်စားစရာ တွေးစရာဖြစ်ခဲ့သည်။
အားကစားခန်းမတွင် စတင်လေ့ကျင့်သည့်အချိန် မှစ၍ ထိုကိန်းဂဏန်းများသည် ကျွန်ုပ်အလေးထားစရာ ဖြစ်လာသည်။ ထိုအစာက အာဟာရကယ်လိုရီ တန်ဖိုးနှင့် ညီမျှသလားဟု မိမိကိုယ်ကို ပြန်မေးမိသည်။
အစားအစာစားသုံးမှုကို စောင့်ကြည့်သတိပြုခြင်းက ကောင်းပါသည်။ ၎င်းသည် ပညာသတိရှိခြင်းဖြစ်သည်။  သို့သော် သတင်းမီဒီယာကြည့်ရှုမှုကို သတိပြုခြင်းက ပို၍အရေးကြီးသည်။ ကျွန်ုပ်တို့ မြင်တွေ့ကြားရသောအရာသည် မိမိစိတ်အတွင်း ကြာမြင့်စွာ ကိန်းအောင်းနေပြီး မိမိ၏ အပြုအမူကို လွှမ်းမိုးနိုင်သည်။  …

ပြင်ဆင်မှုပြုလုပ်ခြင်း

ကျွန်မယောက္ခမယောက်ျားသူ၏နာရေးတွင် ခေါင်းတလားထဲရှိ သူ၏သက်မဲ့ခန္ဓာကို ကြည့်ရှုနေစဉ် သူ့သားတစ်ယောက်က ဖခင်၏တူကို ယူလာပြီး သူ၏လက်များကြား
အသာထိုး ထည့်ပေးခဲ့သည်။ နှစ်အတန်ကြာပြီးနောက် ယောက္ခမမိန်းမသူ ဆုံးသွား သောအခါ သားသမီးတစ်ယောက်က သူ၏ချည်ထိုးတံယူလာပြီး သူမ၏လက်ချောင်း များကြား လျှိုထည့်ပေးခဲ့သည်။ ထိုအသုံးအဆောင်များကို သူတို့ အသက်ရှင်စဉ်က မည်မျှအသုံးပြုလေ့ရှိကြသည်ကို ကျွန်မတို့ အမှတ်ရသောကြောင့် ထိုနှစ်သက်ဖွယ် အပြုအမူ လေးများသည် ကျွန်မတို့အတွက် နှစ်သိမ့်မှု ဖြစ်စေသည်။
ထာဝရကာလ၌ ထိုပစ္စည်းများကို သူတို့လိုအပ်မည် မဟုတ်ကြောင်း ကျွန်မတို့သိပါသည်။ ရှေးအီဂျစ်လူများက ၎င်းတို့နှင့်အတူ မြှုပ်နှံခဲ့သော တန်ဆာပလာများ၊ ငွေကြေး၊ လက်နက်များသည် နောင်ဘ၀အတွက် ပိုမိုကောင်းမွန်သော ပြင်ဆင်မှုများ ဖြစ်လိမ့်မည်ဟု မှတ်ယူကြသည်။ ထိုသို့ မှားယွင်းသောအယူအဆများ ကျွန်မတို့၌ မရှိပါ။ ထိုအရာ များကို ကျွန်မတို့နှင့်အတူ ယူမသွားနိုင်(ဆာ၊ ၄၉း၁၆-၁၇၊ ၁တိ၊ ၆း၇)။
သို့သော် ကျွန်မ၏ယောက္ခမများအတွက်…

ကိုယ်ဖော့ပြီးနားပါ

နေရောင်ခြည်ကြောင့် ကျွန်မရှေ့မှ ရေကူးကန်ရေမျက်နှာပြင်မှာ တဖိတ်ဖိတ်တောက်ပ နေသည်။ ရေထဲ၌ အချိန်အတန်ကြာလေ့ကျင့်နေသည့်သင်တန်းသားအသစ်တစ်ဦးကို နည်းပြက ညွှန်ကြားပို့ချနေသည်ကိုလည်း ကြားနေရသည်။   “မင်းကြည့်ရတာ ပင်ပန်း နေပုံပဲ၊ ခြေကုန်လက်ပန်းကျပြီး၊ ရေနက်ထဲရောက်နေတဲ့အချိန်မှာ ကိုယ်ဖော့ပြီးနားပါ” ဟုပြောသည်။
ဘ၀အသက်တာ၌ အချို့သောအခြေအနေများတွင် မိမိ၏စိတ်ပိုင်း၊ ခန္ဓာပိုင်းဆိုင်ရာ စွမ်းအင်များသုံးကာ ရပ်တည် ရပြီး နောက်ဆုံး မိမိဘာသာမခံရပ်နိုင်သည့် အခြေဆိုက် တတ်သည်။ ဒါဝိဒ်က ရန်သူများ သူ့ကို ခြိမ်းခြောက်ပြီး၊ ၎င်းတို့၏အမျက်ဒေါသဒဏ်ကို သူခံစားခဲ့ရသည့်အချိန်ကို ဖော်ပြလျက် သူရင်ဆိုင်နေရသည့် ဆင်းရဲခြင်းဝေဒနာမှ သူလွတ်မြောက်လိုသည်။
ထိုဝေဒနာများကို ဆက်တိုက်ခံစားရစဉ် သူ၏ပူပန်မှုအတွေးများကြားမှ ငြိမ်ဝပ် အနားယူရန် နည်းလမ်းတစ်ခုကို ရှာတွေ့ခဲ့သည်။ သူက “ထမ်းရွက်ရသောဝန်ကို ထာဝရဘုရား၌ ချထားလော့။ သင့်ကို မစတော်မူမည်” (ဆာ၊ ၅၅း၂၂) ဟုပြောခဲ့သည်။ ကျွန်မတို့၏ပြဿနာများကို ကိုယ်တော်ထံသို့ ရဲဝံ့စွာအပ်နှံပါက ဘုရားသခင်သည် ကျွန်မတို့ကို ထောက်ပံ့မည်ဖြစ်ကြောင်း…

နှစ်သက်ဖွယ် မွှေးပျံ့သောရနံ့

နယူးယောက်တွင် ရေမွှေးဖန်တီးသူတစ်ဦးက ပေါင်းစပ်ထားသည့် မွှေးရနံ့များအား တိကျစွာ ခွဲခြားသိရှိနိုင်ပြီး၊ ထိုရေမွှေးနောက်ကွယ်မှ ရေမွှေးဖော်စပ်သူကို သူခန့်မှန်း ဟောနိုင်ကြောင်း ပြောသည်။ အနံ့ရှုကြည့်ပြီး “ဒါ ဂျင်နီ ဖော်စပ်တာ”ဟု သူမချက်ချင်း ပြောနိုင်သည်။
ကောရိနသုမြို့ရှိ ခရစ်တော်၏နောက်တော်လိုက် များထံ ရှင်ပေါလုစာရေးရာ၌ ဖော်ပြသည့် ဥပမာအားဖြင့် ရောမစစ်တပ်သည် ၎င်းတို့ သိမ်းပိုက် အောင်မြင်ခဲ့သောမြို့၌   အောင်ပွဲခံရနံ့အဖြစ် အမွှေးအကြိုင်များကို မီးရှို့ခြင်း အကြောင်းကို  (၂ကော၊ ၂း၁၄)  အမှတ်ရစေသည်။  ဦးဆုံး စစ်ဗိုလ်ချုပ်က ချီတက်လာပြီး၊ သူ့နောက်မှ သူ၏စစ်တပ်၊ ထိုနောက်မှ စစ်ရှုံးသောသုံ့ပန်းတပ်က နောက်ဆုံးမှ လိုက်ပါ လာသည်။ ရောမတို့အတွက် မွှေးပျံ့သင်းကြိုင်သောရနံ့သည် အောင်မြင်မှုဖြစ်ပြီး၊ သုံ့ပန်းများအတွက် ၎င်းသည် သေခြင်း ကို ရည်ညွှန်းသည်။
ကျွန်ုပ်တို့သည် ဘုရားသခင် နှစ်သက်သော၊ အပြစ်တရားကို အောင်မြင်သော ခရစ်တော်၏အမွှေးအကြိုင်ဖြစ်သည်ဟု ရှင်ပေါလုပြောခဲ့သည်။ ဘုရားသခင်သည်…

အချိန်နှင့် ကန့်သတ်၍မရသော

၂၀၁၆ ခုနှစ်အတွင်း ဗြိတိန်နှင့် ကမ္ဘာတစ်ဝှမ်းရှိ ပြဇာတ်ရုံကုမ္ပဏီများသည် ၀ီလျံ ရှိတ်စပီးယား ကွယ်လွန်သည့် အနှစ် ၄၀၀ ပြည့် အထိမ်းအမှတ်အနေနှင့် အထူး ထုတ်လုပ်တင်ဆက်မှုများ ပြုလုပ်ခဲ့ကြသည်။ ဂီတပဒေသာပွဲများ၊ စာပေဟောပြော ပို့ချခြင်းနှင့် ပွဲတော်များသည် အကျော်ကြားဆုံးသော အင်္ဂလိပ်ပြဇာတ်ရေးဆရာကြီး၏ အားထုတ်ဆောင်ရွက်မှုများကို ချီးကျူးဂုဏ်ပြုသည့် ပရိတ်သတ်ထုကြီးကို ဆွဲဆောင်ခဲ့သည်။ ရှိတ်စပီးယား နှင့် ခေတ်ပြိုင် စာရေးဆရာများမှတစ်ဦးဖြစ်သူ ဘင်ဂျွန်ဆင် က “သူမရှိတော့သော်လည်း သူသည် အစဉ်ရှင်သန်နေသည်” ဟု ရေးသားခဲ့သည်။
အနုပညာရှင်များ၊ စာရေးဆရာများနှင့် အတွေးအခေါ် ပညာရှင်အချို့၏လွှမ်းမိုးမှုသည် ရာစုနှစ်များတိုင် ကြာညောင်း
နိုင်သော်လည်း ယေရှုခရစ်တစ်ပါးတည်း၏ အသက်တာနှင့် အမှုတော်သာလျှင် ထာဝရတည်လိမ့်မည်။ ကိုယ်တော်သည် “ကောင်းကင်မှဆင်းသက်သောမုန့်ဖြစ်ပြီး၊ … ဤမုန့်ကို စားသောသူသည် အစဉ်မပြတ် အသက်ရှင်လိမ့်မည်” (း၅၈)ဟု မိန့်တော်မူခဲ့သည်။
သခင်ယေရှု၏သွန်သင်ချက် တရားစကားများကို ကြားနာပြီးနောက် စိတ်ပျက်သဖြင့်…