အမျိုးအစား  |  odb

ခေတ်သစ်ပေါလု

၁၉၅၇ ခုနှစ်က ဆရာကြီးဘီလီဂရေဟမ်၏ဧဝံဂေလိတရားပွဲအတွင်း သခင်ယေရှု၌ ယုံကြည်သူတစ်ဦးဖြစ်လာသော ဂျော့ဂျ်ဗာဝါ (George Verwer)၏အသက်တာမှာ အံ့မခန်းပြောင်းလဲခဲ့သည်။ သူပြောင်းလဲပြီး မကြာမီတွင် သူသည် (Operation Mobilization – OM) အိုအမ်အမှုတော်လုပ်ငန်းကို စတင်ခဲ့ပြီး၊ ၁၉၆၃ ခုနှစ်တွင် ထိုအမှုတော်လုပ်ငန်းမှ ဥရောပသို့ သာသနာပြု ၂၀၀၀ ကို စေလွှတ်ခဲ့သည်။ အိုအမ်သည် ၂၀ ရာစု၏ အကြီးမားဆုံး သာသနာပြု အဖွဲ့အစည်းတစ်ခုဖြစ်လာကာ နှစ်စဉ် ထောင်နှင့်ချီပြီး သာသနာပြုများကို စေလွှတ်နေပါသည်။ ၂၀၂၃ ခုနှစ် ဂျော့ဂျ် ကွယ်လွန်ချိန်၌ အိုအမ် သာသနာလုပ်ငန်းတွင် နိုင်ငံ ၁၃၄ နိုင်ငံမှ ဝန်ထမ်းပေါင်း ၃၀၀၀ ကျော်သည် နိုင်ငံ ၁၄၇ နိုင်ငံတွင် အလုပ်လုပ်နေကြပြီး၊ အိုအမ်နှင့် ဆက်သွယ်ဆောင်ရွက်မှု ရလဒ်အဖြစ် အခြားသော‌အမှုတော်လုပ်ငန်း ၃၀၀ နီးပါးကို တည်ထောင်နိုင်ခဲ့သည်။

ရှင်ပေါလုကဲ့သို့ပင်…

ဘုရားသခင်ရှေ့တော်၌ ငြိမ်ဝပ်စွာ ရှိနေခြင်း

ဆိတ်ငြိမ်အေးချမ်းခြင်း - ဘုရားသခင်၏စောင့်ရှောက်မှု၌ ခိုလှုံခြင်း (ဆာ ၄၆:၁) စသည်ဖြင့် ငြိမ်သက်ခြင်းဟူသော အယူအဆကို ကျွန်ုပ်သဘောကျသည်။ ထို့ပြင် ဆာလံ ၄၆ မှ မကြာခဏ ကိုးကားကြသော “ငြိမ်ဝပ်လျက်နေကြလော့။ ငါကား ဘုရားသခင်ဖြစ်သည်ဟု သိမှတ်ကြလော့” (:၁၀) ဟူသည့်ကျမ်းပိုဒ်က ကျွန်ုပ်တို့၏ စိတ်နှလုံး၊ စိတ်နှင့်ဝိညာဉ်များကို ငြိမ်သက်စေခြင်းသည် ဘုရားသခင်ကို သိရန်အတွက် မရှိမဖြစ် လိုအပ်ကြောင်း သင်ကြားပေးသည်။

သို့သော်လည်း ငြိမ်ငြိမ်သက်သက်နေခြင်းသည် မလွယ်ကူပါ။ ဟုတ်ပါသလား။ ဆိတ်ဆိတ်နေခြင်း - အထူးသဖြင့် ဘုရားသခင်ရှေ့တွင် ကျွန်ုပ်တို့၏စိတ်နှလုံး ငြိမ်သက်အောင် ကြိုးစားခြင်းသည် တစ်ခါတစ်ရံ မဖြစ်နိုင်လောက်ဟု ထင်ရနိုင် သည်။ မည်သည့်အကြောင်းကြောင့်နည်း။

ရူပဗေဒ၏အခြေခံအကျဆုံးနိယာမတစ်ခုမှာ “ရွေ့လျားနေသောအရာဝတ္ထုသည် ငြိမ်နေရင်းမှပင် ရွေ့လျားနေလေ့ရှိသည်”ဟု ဆိုသည်။ ထို့ကြောင့် အဆက်မပြတ် ရွေ့လျားမှု၊ လှုပ်ရှားမှုနှင့် တာဝန်ဝတ္တရားများကို ပြောင်းလဲရွေ့စေခြင်းသည် မလွယ်ကူပါ။ အဘယ်ကြောင့်ဆိုသော်…

သမ္မာကျမ်းစာ၏ မြတ်နိုးဖွယ်ရာစကားများ

ကျွန်ုပ်၏အဖေသည် ချုပ်ရိုးများ ဟောင်းနွမ်းပြီး စာအုပ် နှစ်ပိုင်းမကွဲမီအထိ သူမြတ်နိုးလှသော သူ၏သမ္မာကျမ်းစာကို အနှစ် ၃၀ ကျော်ထိတိုင် ကိုင်ဆောင်ခဲ့သည်။ သမ္မာကျမ်းစာကို ပြန်လည်ပြုပြင်ရန် စာအုပ်ချုပ်သူထံ ကျွန်ုပ်တို့ယူသွားသော အခါ မည်သည့်အရာက စာအုပ်ကို ထူးခြားစေသနည်းဟု စာအုပ်ချုပ်သူက သိချင်နေသည်။ ၎င်းသည် တန်ဖိုးကြီးသော ရှေးဟောင်းပစ္စည်းလည်းမဟုတ်၊ စာမျက်နှာ များတွင် လက်ရေးနှင့်ရေးထားသောမှတ်စုနှင့် ပြည့်နေသည်။ သမ္မာကျမ်းစာနှင့် ပတ်သက်သော သူ၏မေးခွန်းများသည် ကျွန်ုပ်တို့မိသားစုအတွက် ဧဝံဂေလိတရားကို ဝေမျှပြီး သူနှင့်အတူ ဆုတောင်းရန် အခွင့်အရေးကို ဖန်တီးပေးခဲ့သည်။

မှန်ပါသည်။ သမ္မာကျမ်းစာသည် မိသားစုအမွေအနှစ် (သို့) ကောင်းမွန်လှပစွာ အလှဆင်မှုထက် သာလွန်ပါသည်။ ဘုရားသခင်သည် သားတော်အားဖြင့် ကျွန်ုပ်တို့အား သူ့ကိုယ်ကိုဖွင့်ပြသကဲ့သို့၊ ကျမ်းစာ၏စာမျက်နှာများ၌ “ထာဝရအသက်နှင့်ယှဉ်သောစကားများ”(ယော ၆:၆၈)ပါရှိသည်။ ရှင်ယောဟန်ခရစ်ဝင် ကျမ်း၏အဖွင့်တွင် သခင်ယေရှုသည် “ဘုရားသခင်နှင့်အတူရှိသော နှုတ်ကပတ် တော်၊ ...ဘုရားသခင်ဖြစ်တော်မူ၏”(၁:၁)ဟုဆိုထားသည်။ သူသည်…

ဘုရားသခင်၏အပိုင်

အမေ့ကို ပြုစုစောင့်ရှောက်သူအဖြစ် အလုပ်အကျွေးပြုရင်း တစ်နေ့တွင် အနုပညာပြပွဲကို ကျွန်မတို့ သွားကြည့်ခဲ့သည်။ ကျွန်မတို့မှာ ကိုယ်ရောစိတ်ပါ ပင်ပန်းနွမ်းနယ်လျက်ရှိသည်။ ပြပွဲတွင် အရောင်အသွေးစုံသော ဖန်ထည်ဖြင့် ရုပ်လုံးဖော်ထားပြီးဂျပန်ငါးမျှားချိတ်နှင့် ပန်းများဖြင့် ပြင်ဆင်ပုံဖော်ထားသည့် သစ်သားလှေနှစ်စင်းကို ကို ကျွန်မငေးကြည့်မိသည်။ ထို(အီကီဘာနာ)ပန်းအလှနှင့် ရေမျှောလှေများကို အနက်ရောင်နံရံရှေ့ရှိ ရောင်ပြန်မျက်နှာပြင်၌ ပြင်ဆင်ပြသထားသည်။ ပုံမှန်ထက်ပိုကြီးသည့် ကော်ဘောလုံးကဲ့သို့ အစက်အပြောက်၊ အစင်းကျားဖန်လုံးများကို သေးငယ်သောလှေပေါ်တွင် စုပုံထားသည်။ ဒုတိယလှေ၏ကိုယ်ထည်တွင် ရှည်လျား၊ လိမ်ကောက်ကွေးနေသော ဖန်သားပန်းပုလက်ရာက မြူးကြွသောမီးတောက်ပမာမြင့်တက်နေသည်။ ပန်းပုပညာရှင်သည် မီးဖြင့်သန့်စင်သော ဖန်မှုတ်ခြင်း နည်းစနစ်ဖြင့် လက်ရာတစ်ခုစီတိုင်းကို အရည်ကျို သွန်းလုပ်ပုံသွင်းခဲ့သည်။

ကျွန်မတို့၏အခက်ခဲဆုံးနေ့ရက်များတစ်လျှောက်တွင် ဘုရားသခင်သည် သူချစ်သောသားသမီးဖြစ်သည့် ကျွန်မတို့သားအမိကို ဂရုစိုက်သောလက်တော်ဖြင့် သူပွေ့ဖက်ထားသည်ကို တွေးကြည့်မိရင်း ပါးပြင်ပေါ်သို့ မျက်ရည်များစီးကျလာသည်။ အသက်တာတွင် ဘုရားသခင်သည် သူ့လူတို့၏စရိုက်လက္ခဏာကို မီးနှင့်သန့်စင် ပုံဖော်ထားသကဲ့သို့၊ မိမိကို ကိုယ်တော်သိကြောင်း၊ မိမိကို ကိုယ်တော်…

သခင်ယေရှု၌ ဝမ်းမြောက်ခြင်း

“ကျွန်မမှာ ပျော်ရွှင်ခွင့်ရှိတယ်”ဟု ဆယ်ကျော်သက်တစ်ဉီးက ဥပဒေပြုအာဏာပိုင် အဖွဲ့သို့ ပြောကြားခဲ့သည်။ သူမသည် မည်သူမဆိုဖြစ်နိုင်ပြီး၊ မည်သည့်နေရာ၌ မဆို လူတိုင်းအတွက် ကိုယ်စားပြုပြောပေးနိုင်သည်။ ၎င်းသည် လူသားများ၏ အော်ဟစ်သံဖြစ်သည်။ အားပေးနှိုးဆော်ဟောပြောပို့ချသည့် ဆရာဂုရုတစ်ပါး ကလည်း “သင့်ကို ဘုရားရှင်ပျော်စေချင်တယ်”ဟု ပြောခဲ့သည်။

၎င်းသည် မှန်ကန်ပါသလား။ ပျော်ရွှင်မှုကို ရှာဖွေခြင်းက မမှား‌သော်လည်း ထိုစိတ်ဆန္ဒသည် အခြေအနေတစ်ခုစီတိုင်း၌ အတက်အကျ ရှိနေပြီး၊ တစ်ဦး၏ ဆန္ဒပြည့်စုံသွားမှုသည် အခြားသူတစ်ဉီး၏ပျော်ရွှင်မှုကို ဖျက်ဆီးပစ်နိုင်သည်။

သခင်ယေရှုက ပိုမိုကောင်းမွန်သောအရာကို ကျွန်ုပ်တို့အား ညွှန်ပြနေသည်။ သူသည် လောက၏အပြစ်များကို ဆောင်ယူပြီး ရောမတို့၏လက်ဝါးကပ်တိုင်ထက်၌ သံချက်နှင့် အရိုက်ခံရတော့မည်ကို သခင်သိနေခဲ့သည်။ သို့သော် တပည့်တော်များအတွက်သာ သူစိုးရိမ်နေခဲ့သည်။ သင်တို့သည် ငိုကြွေးမြည်တမ်းရချိန်၌ လောကီသားတို့သည် ဝမ်းမြောက်ကြလိမ့်မည်ဟု သခင် မိန့်မြွက်သည်။ သို့သော် “ထိုဝမ်းနည်းခြင်းသည် တစ်ဖန်ဝမ်းမြောက်ခြင်းဖြစ်လိမ့်မည်”(ယော၁၆:၂၀)။ “ထိုဝမ်းမြောက်ခြင်းကို အဘယ်သူမျှ လုယူဖျက်ဆီးခြင်းငှာ…

သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် တန်ဆာဆင်ခြင်း

အမေရိကန်နိုင်ငံရှိ Maine(မိန်း)ကျေးလက်ပြည်နယ်မှ ရှစ်နှစ်အရွယ် သူငယ်လေးနှစ်ဦးသည် သူတို့၏ကိုယ်ပိုင်အမှတ်အသားအဖြစ် ဗုဒ္ဓဟူးနေ့တိုင်း စမတ်ကျကျ ကုတ်အင်္ကျီနှင့်ဘောင်းဘီဝတ်စုံပြည့်ကို ဝတ်ဆင်ကာ ကျောင်းသွားလေ့ရှိသည်။ မကြာမီ “Dapper Wednesdays” (စတိုင်ကျကျဗုဒ္ဓဟူးနေ့)သည် လူကြိုက်များသည့် နေ့တစ်နေ့ဖြစ်လာပြီး၊ အခြားအခန်းဖော်များနှင့် ကျောင်းဝန်ထမ်းများလည်း ဝတ်ကောင်းစားလှများ ဝတ်ဆင်လာကြသည်။ ထိုအကြံကို အစပြုခဲ့သည့် James(ဂျိမ်းစ်)သည် ချီးမွမ်းစကားများကြားရ၍ ကျေနပ်လျက်၊ “အဲ့ဒါက ငါ့ကို တကယ်ပဲ စိတ်ချမ်းသာစေတယ်”ဟု သူပြောခဲ့သည်။ ထိုဗုဒ္ဓဟူးနေ့ဝတ်စုံသည် ကလေးများအား ကျောင်းဂုဏ်ဆောင်သူများအဖြစ် ကွဲထွက်စေခဲ့သည်။

ကျွန်ုပ်တို့၏ဝိညာဉ်ရေးရာဝတ်စုံသည်လည်း ကျွန်ုပ်တို့ကိုဘုရားသားသမီး များအဖြစ် ကွဲထွက်စေပြီး စိတ်ကြည်နူးစေသည်။“...ငါ၏ဘုရားသခင်ကြောင့် ငါ့ဝိညာဥ်သည် ရွှင်လန်းမည်။ အကြောင်းမူကား၊ မင်္ဂလာဆောင်လုလင်သည် ပေါင်းသရဖူကို ဆောင်းသကဲ့သို့...၊ မင်္ဂလာဆောင်သတို့သမီးသည် တန်ဆာဆင်သကဲ့သို့...၊ ကယ်တင်ခြင်းအဝတ်တန်ဆာနှင့် ငါ့ကို ဝတ်ဆင်စေ၍၊ ဖြောင့်မတ်ခြင်းဝတ်လုံနှင့် ခြုံတော်မူပြီ”ဟု ဟေရှာယ ချီးမွမ်းခဲ့သည်(ဟေရှာ ၆၁:၁၀)။

ဣသရေလလူမျိုးများ ဖမ်းဆီးကျွန်ပြုခံရချိန်၌ ၎င်းတို့၏ ဝိညာဉ်ရေးရာနှင့်တကွ ရုပ်ပိုင်းဆိုင်ရာအဝတ်အစားများပါ…

ဘုရားပေးထားသည့်စွမ်းရည်နှင့်ပါရမီများ

Van Cliburn(ဗဲန်ခလိုင်ဘန်)နှင့် Vladimir Horowitz(ဗဲဒမဲဟာရာဝဇ်)တို့ အပါအဝင် ကမ္ဘာပေါ်ရှိ နာမည်ကြီး စန္ဒရားပညာရှင်အချို့တို့သည် ဖျော်ဖြေပွဲများ အတွက် သူတို့၏ဖျော်ဖြေရေးစန္ဒရားများ အဆင်သင့်ဖြစ်နေစေရန် နယူးယောက် မြို့၏“စတိန်းဝေးနှင့်သားများ”စန္ဒရားကုမ္ပဏီမှ နည်းပညာရှင်အဖွဲ့ခေါင်းဆောင် Franz Mohr (ဖရင့်ဇ်မိုရ်)ပေါ်တွင် မှီခိုရသည်။ ဆယ်စုနှစ်တစ်ခုစာ ဖြစ်တည်လာသည့် စန္ဒရားနှင့်ပတ်သက်သော သူ၏ဗဟုသုတနှင့်စွမ်းရည်တို့ကြောင့် စန္ဒရားအသံညှိပညာရှင်မိုရ်ကို လူတိုင်း အလိုရှိကြသည်။ မိုရ် ယုံကြည်ထားသည်မှာ သူ၏ စွမ်းရည်များသည် ဘုရားကို အစေခံရန်ဖြစ်ပြီး၊ သူ၏ယုံကြည်ခြင်းကို အခြားသော စန္ဒရားပညာရှင်များ၊ ဖျော်ဖြေရေးဝန်ထမ်းများအား ပုံမှန်ပြောပြလေ့ရှိသည်။

ဣသရေလူမျိုးတို့သည် စည်းဝေးရာ တဲတော်ကို ဆောက်လုပ်ရန်နှင့် ဝတ်ပြုရန် လိုအပ်သည့်အရာများအတွက် ပြင်ဆင်ရန် ကျွမ်းကျင်အရည်အချင်းများနှင့် ပြည့်စုံသူများကို လိုအပ်ခဲ့သည် (ထွ ၃၁:၇-၁၁)။ ဘုရားသခင်သည် ဗေဇလေလနှင့် အဟောလျဘဟူသည့် ကျွမ်းကျင်လက်မှုပညာရှင်နှစ်ဦးကို ခန့်အပ်ခဲ့ပြီး၊ “သစ်သားကို ထုလုပ်သောအတတ်နှင့် အမျိုးမျိုးသောအလုပ်ကို ထူးဆန်းစွာလုပ်တတ်မည် အကြောင်း၊ ဉာဏ်ပညာနှင့်တကွ…

ခရစ်တော်၌ သင့်မြတ်ခြင်း

ကောင်းကင်ကြိုးတန်းပညာရှင်ဖြစ်သည့် ဖီလစ် ပတိ(Philippe Petit) သည် ၁၉၇၁ ခုနစ်တွင် ပဲရစ်မြို့ရှိ Notre-Dame Cathedral ဘုရားကျောင်းတော်၏ မျှော်စင်နှစ်ခုကြား ကြိုးတန်းလျှောက်ပြခဲ့ရာမှစ၍ နာမည်ကျော်ကြားလာခဲ့သည်။ သုံးနှစ်အကြာတွင် နယူးယောက်မြို့၏အထင်ကရ အမြွှာမျှော်စင်၌ ခွင့်ပြုချက် မရဘဲ ကြိုးတန်းလျှောက်ပြမှုဖြင့် အဖမ်းခံခဲ့ရသည်။ သို့သော် ၁၉၈၇ ခုနှစ်တွင် ပတိ၏ လမ်းလျှောက်ဟန်မှာ ထူးခြားခဲ့သည်။ ယေရုရှလင်မြို့တော်ဝန် Teddy Kollek (တယ်ဒီကိုးလက်)၏ ဖိတ်ခေါ်မှုကြောင့် ပတိသည် အစ္စရေးပွဲတော် အထိမ်းအမှတ်အဖြစ် ဟိန္နုံချိုင့်ဝှမ်းအပေါ်တွင် ကောင်းကင်ကြိုးတန်းလမ်းလျှောက် ပြခဲ့သည်။ လမ်းတစ်ဝက်တွင် ပတိသည် ငြိမ်းချမ်းခြင်းအလှတရား၏ သင်္ကေတဖြစ်သည့် ခိုတစ်ကောင်ကို လွှတ်ပေးခဲ့သည်။ (သူလွှတ်ချင်ခဲ့သည်က ချိုးငှက်ပါ)။

ထူးဆန်းပြီး အန္တရာယ်ရှိသည့်စတန့်ပင်။ သို့သော် လုံးဝငြိမ်းချမ်းရေးအတွက်သာ ဖြစ်သည်။ နောက်ပိုင်းတွင် ပတိက “အဲ့တဒင်္ဂလေးမှာ လူထုပရိသတ်အားလုံး သူတို့ရဲ့ကွဲပြားခြားနားမှုတွေကို မေ့လျော့သွားခဲ့တာပဲ” ဟူ၍ ပြောခဲ့သည်။

ပတိ၏…

အနားယူချိန်များ

ယခင်အိုလံပစ်ပြိုင်ပွဲဝင်တစ်ဖြစ်လဲ အပြေးနည်းပြ Jeff Galloway (ဂျက်ဖ် ဂယ်လိုဝေး)သည် အလိုလိုသိမှုကို တန်ပြန်သည့် မာရသွန်ပြေးနည်းကို သင်ပြပေး သည်။ အပြေးတစ်လှည့်၊ မိနစ်ပိုင်းလမ်းလျှောက်တစ်လှည့် လုပ်သည့် “အပြေး၊လမ်းလျှောက်” ဗျူဟာကို သူအားပေးထောက်ခံကြောင်း သိရသည့်အခါ မာရသွန်အပြေးသမားဟောင်းများသာမက လူသစ်များပါ အံ့အားသင့်ကြသည်။ သူ့လမ်းစဉ် နောက်ကွယ်မှအကြောင်းပြချက်မှာ ခဏတာ ခပ်သွက်သွက် လမ်းလျှောက်ခြင်းသည် အပြေးသမားများအား ခန္ဓာကိုယ်ကို ခေတ္တခဏ အားပြည့်စေကာ၊ ၂၆.၂မိုင်ကို တစ်ခါတည်း တောက်လျှောက်ပြေးခြင်းထက် ပိုမိုလျင်မြန်စွာပြေးစေနိုင်ပြီး၊ ပြိုင်ပွဲကို ပိုစောစွာ အဆုံးသတ်နိုင်သောကြောင့် ဖြစ်သည်။

နားချိန်များသည် အပြေးပြိုင်ပွဲ၌သာ အရေးပါသည် မဟုတ်ပါ။ ဘဝ၌ လိုအပ်နေသည့် ရေရှည်အားထုတ်ရမှုများကို ထိန်းနိုင်အောင် အနားယူချိန်က ကူညီပေး သည်။ ၎င်းသည် ထွက်မြောက်ရာကျမ်းမှစ၍ သမ္မာကျမ်းစာတစ်လျှောက် ဘုရားရှင် ဖော်ပြနေသည့်အရာဖြစ်သည်။ ဓမ္မဟောင်းကျမ်းတွင် ဘုရား၏ဖန်ဆင်းမှုလက်ရာများ ပြီးဆုံးပြီးနောက် အနားယူချိန်များကို သတ်မှတ်ခဲ့သည်။ ခြောက်ရက်…

ကြည်ညိုလေးစားလျက် ဖတ်ရှုပါ

ကျွန်ုပ်တို့အိမ်၌ ခိုင်ခံ့ပြီး စာအုပ်ပြည့်နှင့် စာအုပ်စင်တစ်ခုရှိသည်။ ကျွန်မ၏ အားနည်းချက်မှာ လှပသောစာအုပ်များ အထူးသဖြင့် ကတ်ထူအဖုံးစာအုပ်များကို နှစ်သက်ပြီး နှစ်စဉ်စာအုပ်အသစ်များကို စုဆောင်းခဲ့သည်။ မိမိဝယ်ယူသော စာအုပ်များကို ဖတ်ရန် ကျွန်မ၌ အချိန်လည်းမရှိ၊ စာဖတ်စွမ်းရည်လည်း မရှိသဖြင့် စုဆောင်းထားသော စာအုပ်အားလုံးကို မဖတ်ဖြစ်ပါ။ စာအုပ်များသည် စင်ပေါ်တွင် အသစ်အတိုင်း မဖတ်ဖြစ်ဘဲရှိနေ၍ ဝမ်းနည်းစရာပင်။

ကျွန်ုပ်တို့၏သမ္မာကျမ်းစာသည်လည်း ထိုနည်းတူ မဖတ်ဖြစ်ဘဲ ရှိနေမည် ကို စိုးရိမ်စရာရှိသည်။ ဆောင်းပါးရှင် ဂျွန်အပ်ဒိုက်ခ် (John Updike)က အမေရိကန် ဂန္ထဝင်စာအုပ် ဝေါ်လ်ဒင်(Walden)ကို “အထွတ်အမြတ်ထားသော်လည်း သမ္မာကျမ်းနည်းတူ ဖတ်ရှုမခံရသည့်” အန္တရာယ်ရှိကြောင်း မှတ်ချက်ချပြောကြားခဲ့သည်။ ကွဲပြားသော ယဉ်ကျေးမှုဓလေ့များကို အခြေခံရေးထားသော ရှေးဟောင်း သမ္မာကျမ်းစာကို နားလည်ရန် ခက်ခဲခြင်းထက် မိမိကိုယ်၌ကသာ ကျမ်းစာကို မဖတ်ဘဲ အမြတ်တနိုးလှလှပပ စင်ပေါ်သိမ်းထားရန် သွေးဆောင်ခံရပါသည်။

ထိုသို့ဖြစ်ရန်အကြောင်း မရှိပါ။…