ခရစ်တော်နှင့်အတူ ပြေးပွဲဝင်ခြင်း
၇ နှစ်သားအရွယ် Tom(တွမ်) သည် နံရံကပ်စင်ပေါ်ရှိ ဖခင်၏ကျောင်းအားကစားပွဲများမှ ဆုဖလားများကို သဘောကျခဲ့သည်။ သူက “သားအိပ်ခန်းမှာထားဖို့ ဖလားတစ်ခုကို လိုချင်တယ်”ဟု တွေးပြီး “အဖေရဲ့ ဆုဖလားတွေထဲက တစ်ခုယူလို့ ရမလား”ဟု မေးခဲ့သည်။ ဖခင်က အံ့အားသင့်စွာဖြင့် “မရဘူး သား၊ အဲဒါတွေက အဖေကိုယ်တိုင်ကြိုးစားပြီးရခဲ့တာ။ သားလည်း ကိုယ်တိုင် ကြိုးစားပြီး ရနိုင်ပါတယ်”ဟု ပြန်ပြောခဲ့သည်။ ထို့နောက် ရပ်ကွက်တစ်ပတ်ကို အချိန်မည်မျှနှင့်ပြေးနိုင်ခဲ့လျှင် သူ့သားကို ကိုယ်ပိုင်ဆုပေးမည်ဟု အစီအစဥ် ဆွဲခဲ့သည်။ (သူ့သား ပြေးနိုင်သည်ကို သူသိပြီးသားဖြစ်သည်)။ တွမ်သည် သူ့ဖခင်၏လမ်းညွှန်မှုဖြင့် လေ့ကျင့်ခဲ့ပြီး၊ တစ်ပတ်အကြာတွင် သတ်မှတ်ချိန်အတွင်း တွမ်ကြိုးစားပြေးရာ၊ သူ့ဖခင်က သူ့ကို အားပေးခဲ့သည်။ တွမ်သည် မိမိကိုယ်ကို စည်းကမ်းကြပ်မတ်ခြင်း၊ ကြိုးစားအားထုတ်ရန်လိုခြင်းဟူသည့် သင်ခန်းစာများရခဲ့ပြီး ဖခင်က သူ့ကို ဆုတစ်ခုဖြင့် ဂုဏ်ပြုခဲ့သည်။
သုတ္တံကျမ်း ၁:၈ က “အဘ၏နည်းဥပဒေသကို…
အချိန်ရာသီတိုင်း ဘုရားသခင်ကို အစေခံခြင်း
မာ့ခ်သည် ကာလက်ကို သူကိုယ်တိုင် နှစ်ပေါင်းများစွာ သွန်သင်လေ့ကျင့်ပေးခဲ့ ပြီးနောက်၊ အသင်းတော်ခေါင်းဆောင်တစ်ဦးက ကာလက်ကို လေ့ကျင့်ပေးရန် အခြားဆရာတစ်ဦးကို တာဝန်ပေးထားကြောင်း သိရသောအခါ သူစိတ်ပျက်သွားသည်။ “နောက်ဆုံးတော့ ကာလက်မှာ ဆရာတစ်ယောက် ရှိလာပြီ” ဟု ခေါင်းဆောင်က ပြောရာ၊ ဒီနှစ်တွေတစ်လျှောက်လုံးမှာ ငါဘာလုပ်နေတယ်လို့ သူတို့ထင်နေပါလိမ့် ဟု မာ့ခ်သိချင်ခဲ့သည်။ မည်သည့် ဆုချီးမြှင့်မှု၊ အသိအမှတ်ပြုမှုကိုမျှ သူ မမျှော်လင့်ခဲ့သော်လည်း သူ၏နာကျင်မှုကို မထိန်းနိုင်ခဲ့ပါ။
သို့သော် နှစ်ပေါင်းများကြာပြီးနောက်၊ ကာလက်က သူဝိညာဉ်ရေးရာလမ်းညွှန်မှု အလိုအပ်ဆုံးအချိန်၌ မာ့ခ် သည် သူ၏ဘဝထဲသို့ဝင်ရောက်ခဲ့ကြောင်း သူ့အား ပြောခဲ့သည်။ ဤအားပေးစကားများကို ကြားသောအခါ၊ မာ့ခ်က ဘုရားသခင်သည် သခင်ယေရှုကို ယုံကြည်သူများအား အခြားသူနှင့်နှိုင်းယှဉ်မှုမရှိဘဲ အသီးသီး တစ်မျိုးစီ အစေခံရန် ထူးခြားသောဆုကျေးဇူးများကို ပေးထားပြီး အချိန်ကိုလည်း အစိုးတရစီမံနေကြောင်း သူသဘောပေါက်ခဲ့သည်။
၁ ကော ၁၂:၄-၃၁…
ခရစ်တော်၌ ရှိသောအသက်တာ
မိသားစုတစ်စုသည် သူတို့နှင့်အဆက်အသွယ်ပြတ်နေသည့် သား Tyler(တိုင်လာ) ၏အရိုးပြာအိုးကို လက်ခံရရှိခဲ့သည်။ အသက်၂၂ နှစ်မျှသာ ရှိသေးသောတိုင်လာသည် မူးယစ်ဆေးအလွန်အကျွံသုံးစွဲခြင်းကြောင့် သေဆုံးသွားခဲ့ပုံရသည်။ တိုင်လာ သည် ဆေးစွဲသည့်ဒဏ်၊ ဆုံးဖြတ်ချက်မှားယွင်းမှုဒဏ်၏ဆိုးကျိုးကို နှစ်ပေါင်းများစွာ ရင်ဆိုင်ရုန်းကန်ခဲ့သူဖြစ်သည်။ သို့သော် ဆေးလွန်၍ သေဆုံးသည်ဟုအစီရင်ခံချက်ထွက်မလာမီကပင် သူသည် ယာယီအိမ်ယာတစ်ခုတွင် နေထိုင်ရင်း မူးယစ်ဆေးစွဲမှုမှ ပြန်လည်ထူထောင်ရေး အစီအစဉ်ကိုခံယူပြီး သက်သာလာခဲ့သည်။ ထို့နောက် အာဏာပိုင်များက တိုင်လာ အမှန်တကယ်အသက်ရှင်နေသေးကြောင်း တုန်လှုပ်အံ့သြမှုဖြင့် သိရှိခဲ့သည်။ ဆေးလွန်၍ သေဆုံးသွားသောအခြားလူငယ်တစ်ဦးနှင့် သူ့ကို လူမှားသွားခြင်းဖြစ်သည်။ နောက်ပိုင်းတွင်၊ မိသားစုနှင့် ပြန်လည်တွေ့ဆုံပြီး အခြားလူငယ်လေး၏ သေဆုံးမှုကို ဆင်ခြင်လျက် “အဲဒီလူက ကျွန်တော်ဖြစ်နိုင်တယ်လေ” ဟု တိုင်လာ ပြောခဲ့သည်။
ဣသရေလလူမျိုးသည် တက်ကြွရှင်သန်နေသော်လည်း သူတို့၏သေခြင်းကို သိရှိခဲ့ရသည်။ ပရောဖက်အာမုတ် မြည်တမ်းသောသီချင်းတွင် ဘုရားသခင်၏ ပုန်ကန်သောလူမျိုးအား “ဣသရေလသတို့သမီးကညာသည် လဲပြီ။ နောက်တစ်ဖန် မထရ”(အာ ၅:၂)ဟုသီဆိုခဲ့သည်။ ထိုစကားက သူတို့…
ဘုရားသခင်သည် ထိုနေရာတွင် ရှိသည်
နောက်ရက်အနည်းငယ်အတွင်း အဘိုးကွယ်လွန်တော့မည်ဟု အဘွားအား ညင်သာစွာ အသိပေးသည့်အခါ သူစိတ်ဓာတ်ကျပြီး ပူဆွေးမည်ကို ကျွန်မတို့စိုးရိမ်မိသည်။ သူမခင်ပွန်း၏အခြေအနေနှင့်ပတ်သက်၍ မေးစရာများ ရှိလေမလား၊ (သို့) သူမ လိုအပ်သော အကူအညီကို ပြောပြလေမလားဟု တွေးပြီး “အဘွား စိတ်ပူနေလား”ဟု မေးလိုက်ရာ၊ အဘွားသည် ခေတ္တငြိမ်လျက် စဉ်းစားပြီးမှ “ဘာမှမလိုပါဘူးကွယ်၊ သူဘယ်သွားမလဲဆိုတာကို အဘွားသိတယ်။ အဲဒီမှာ သူနဲ့အတူ ဘုရားသခင် ရှိနေမှာပါ”ဟု တည်ငြိမ်စွာဖြင့် ပြန်ဖြေခဲ့သည်။
သူမ၏ခင်ပွန်းနှင့်အတူ ဘုရားရှင်ရှိနေကြောင်း ဖော်ပြချက်က ဆာလံ ဆရာ ဒါဝိဒ်ရေးသော ဆာ ၁၃၉ မှ “ကောင်းကင်သို့ တက်လျှင် ကိုယ်တော်ရှိတော်မူ၏။ မရဏနိုင်ငံ၌ အိပ်ရာကိုခင်းလျှင် ကိုယ်တော်ရှိတော်မူ၏”(:၈)ဟူသည့် အချက်ကို ထင်ဟပ်စေသည်။
ဘုရားသခင် ကျွန်ုပ်တို့နှင့်အတူ အသေအချာရှိနေကြောင်း ဆာလံ ၁၃၉ ၏ ဖော်ပြချက်သည် ကျွန်ုပ်တို့ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ ကိုယ်တော်၏…
လှိုဏ်ဂူအတွင်း၌ ထိတ်ပြာကြောက်ရွံ့နေခြင်း
မဲန်မော့သ်လိုဏ်ဂူ(Mammoth Cave)နှင့်ဆက်ထားသည့် ကြီးမားသော မြေအောက် ဆက်သွယ်ရေးလိုဏ်ခေါင်း၌ အလွန်စိတ်လှုပ်ရှားတက်ကြွနေသည့် လူငယ် ၃ ဦး ရောက်ရှိနေသည်။ ထိုကဏ္ဍ၌ ကျွမ်းကျင်ပြီး လိုဏ်ဂူအတွေ့အကြုံ ရင့်ကျက်သည့် ဦးလေး ဖရဲန့်ခ်က သူတို့နှင့်အတူ ရှိနေသည်။ သူသည် မတ်စောက်သည့် နေရာနှင့် အန္တရာယ်ရှိသည့်နေရာများကို သိထားသူဖြစ်၍ “ဒီဘက်လမ်းကနေသွားကြ”ဟု မကြာခဏ လှမ်းအော်သတိပေးသည်။ သတိပေးနေသည့်ကြားမှပင် လူငယ်တို့သည် သူနှင့်ဝေးသည့်ဘက်၌ စူးစမ်းလေ့လာကြသည်။
သို့နှင့် ဦးလေး ဖရဲန့်ခ် သည် သူ၏ဦးထုပ်မီးကို မှိန်ချလိုက်ပြီး ငြိမ်နေလိုက်သည်။ မကြာမီ သူတို့အား ဦးဆောင်လမ်းပြသူ ပျောက်သွားသည်ကို သူတို့သတိပြုမိပြီး၊ ကြောက်စိတ်ဝင်လာကာ ဦးလေး ဖရန့်ခ်ကို အော်ခေါ်သော်လည်း တုံ့ပြန်သံမကြားရပါ။ နောက်ဆုံးတွင် အဝေးတစ်နေရာမှ မီးရောင်ကို မြင်လိုက်ရမှ ရုတ်ခြည်း စိတ်သက်သာမှုနှင့် ငြိမ်သက်ခြင်းကို ရပါတော့သည်။ ယခုတွင် လမ်းပြသူနောက်သို့လိုက်ရန် သူတို့အသင့်ရှိနေလေပြီ။
ဤဖြစ်ရပ်မှန်က သန့်ရှင်းသောဝိညာဉ်တော်အား…
အရဲစွန့် ဆုတောင်းခြင်း
၂၀၁၁ ခုနှစ်တွင် Karey Packard (ကာရေ ပက်ကာဒ်) နှင့် သူမ၏သမီးတို့သည် အိမ်အသစ်သို့ ပြောင်းရွှေ့ရန် ပစ္စည်းများ ထုပ်ပိုးနေစဥ် ကာရေသည် ရုတ်တရက် ပျော့ခွေလဲကျသွားပြီး နှလုံးခုန်ရပ်သွားသည်။ ဆရာဝန်က နှလုံးပြန်ခုန်အောင် နှိုးဆွပေးသော်လည်း သူမ၏အခြေအနေမှာ တစ်ညလုံး ပိုဆိုးလာပြီး၊ သူမ၏ခင်ပွန်း ခရိတ်အား နောက်ဆုံးနှုတ်ဆက်ရန် မိသားစုများကိုခေါ်ရန် ပြောလိုက်သည်။ မိသားစုများက ခရိတ် ပြောသည့် “အရဲစွန့်ဆုတောင်း” ကို တောင်းခဲ့ကြသည်။
အရေးတကြီးပြဿနာပေါ်လာပါက ကျွန်ုပ်တို့သည် အရဲစွန့်ဆုတောင်းကို မည်မျှမကြာခဏ တောင်းမိကြသနည်း။ မာရိ၊ မာသတို့ တောင်းခဲ့သည်။ သူတို့က သခင်ယေရှုထံသို့ “သခင်၊ ကိုယ်တော်ချစ်တော်မူသောသူသည် နာလျက်နေပါသည်”(ယော ၁၁:၃) ဟူ၍ သူတို့၏မောင်လာဇရုအကြောင်းကို သတင်းပါးလိုက်သည်။ ခရစ်တော်ရောက်လာချိန်တွင် လာဇရုသေသည်မှာ လေးရက်ပင် ရှိနေပြီ ဖြစ်သည်။ မာသသည် မချိတင်ကဲစွာဖြင့် “ကိုယ်တော်ရှိတော်မူလျှင် ကျွန်မ၏မောင် မသေပါ”ဟု ဆိုသည် (:၂၁)။…
ဘုရားသခင်၌ ကြီးထွားခြင်း
ခရစ်ယာန်စာရေးဆရာမဖြစ်ခါစ အစောပိုင်းနှစ်များတွင် Gayle(ဂေးလ်)သည် ထုတ်ဝေသူထံမှ ပန်းစည်း၊ ချော့ကလက်၊ ဆေးဖက်ဝင် လဘက်ခြောက် စသည်ဖြင့် ဆွဲဆောင်မှုရှိသော လက်ဆောင်ပစ္စည်းများ မကြာခဏ ရရှိသည်။ ပစ္စည်းအားလုံးက အလွန်နှစ်သက်စရာပါ။ အချိန်ကြာလာသည်နှင့်အမျှ သူမ၏ထုတ်လုပ်သူက တစ်နှစ်တာဖတ်စရာသမ္မာကျမ်းစာ၊ ဝတ်ပြုကိုးကွယ်ခြင်းစာစောင်၊ ဆုတောင်းချက် စသည့် တည်မြဲသောအဖိုးတန်လက်ဆောင်များကို ပို့ပေးသည်။ ထိုစာများကို ဖတ်ရှုလေ့ကျက်ပြီး ဂေးလ်သည် ရင့်ကျက်သောခရစ်ယာန်တစ်ဦး ဖြစ်လာကာ ပကာသနပါသည့် လက်ဆောင်များနောက်သို့ ယိမ်းယိုင်ပါမသွားဘဲ အခြားသူများအား ခရစ်တော်ထံသို့ ပို့ဆောင်ခြင်း၌ သူမ၏ဘဝကို ပို၍နှစ်မြှုပ်ထားခဲ့သည်။
ထိုအကြောင်းအရာက ရှင်ပေါလု၏သွန်သင်ထိန်းကျောင်းမှုဖြင့် ငယ်ရွယ်သော တိမောသေလေး ကြီးထွားရင့်ကျက်လာပုံကို ပြန်လည်သတိရစေသည်။ ဝိညာဉ်ရေးတွင် ရင့်ကျက်လာစေရန် ဖိအားပေးလျက် ရှင်ပေါလုက “သင်မူကား ဝန်ခံတော်မူသောသူ၊ ရှက်ကြောက်စရာအကြောင်းမရှိဘဲ၊ သမ္မာတရားကို မှန်ကန်စွာ ပိုင်းခြားတတ်သောဆရာသမား ဖြစ်လျက်၊ ဘုရားသခင်ရှေ့၌ ကိုယ်ကိုကိုယ်ဆက်သခြင်းငှာ ကြိုးစားအားထုတ်လော့” (၂ တိ ၂:၁၅) ဟု…
ရွေးချယ်မှုများနှင့် နောက်ဆက်တွဲအကျိုးဆက်များ
၁၈၉၀ ခုနှစ်တွင် အပျော်တမ်းငှက်များကိုလေ့လာသူ ယူဂျင်း ရှိဖလင် (Eugene Schieffelin) သည် နယူးယောက်မြို့ ဗဟိုပန်းခြံတွင် ဥရောပမှ စတာလင် (starling) ငှက်အကောင်ရေ ၆၀ ကိုလွှတ်ရန် ဆုံးဖြတ်ခဲ့သည်။ ယခင်က အခြားသောငှက်အမျိုးအစားများကို စမ်းသပ်လွှတ်ခြင်းများရှိခဲ့ပြီး၊ ရှိဖလင်လွှတ်ခဲ့သည့် စတာလင်ငှက်များသည် ထိုနေရာတွင် အသိုက်စွဲခဲ့၍ အောင်မြင်မှု ရရှိခဲ့သည်။ ယခုအခါ စတာလင်ငှက်အရေအတွက် ၈၅ သန်းခန့်သည် ထိုဒေသအနှံ့တွင် ရှိနေပြီး၊ စိတ်မကောင်းစရာမှာ စတာလင်ငှက်များကြောင့် ဒေသခံမျိုးရင်း ငှက်များပျောက်ကုန်ပြီး၊ တိရစ္ဆာန်များသို့ ရောဂါကူးစက်ပျံ့ပွားမှုများကို ဖြစ်ပေါ်စေခဲ့၍ နှစ်စဉ်ဒေါ်လာသန်းပေါင်း ၈၀၀ ခန့် ဆုံးရှုံးမှုရှိခဲ့သည်။ သူ၏ ရွေးချယ်မှုကြောင့် ထိုမျှလောက် ဆုံးရှုံးမှုကြီး ဖြစ်လာလိမ့်မည်ဟု ရှိဖလင် မထင်မိခဲ့ပါ။
ရွေးချယ်မှုများ၌ ကြီးမားသောအကျိုးဆက်များ ရှိလာနိုင်သည်။ ကြိုတင် သတိပေးထားသော်လည်း သူတို့၏ရွေးချယ်မှုကြောင့် ဘုရားသခင်၏ဖန်ဆင်းခြင်းများအပေါ် ကြီးမားစွာ ဂယက်ရိုက်လာမည်ဟု အာဒံနှင့်ဧဝတို့ အမြော်အမြင်…
အဘွား၏နောက်ဆုံးည
“စနေနေ့ညတွင် ကျွန်မအဘွားပုံမှန်လုပ်နေကျအရာတစ်ခုမှာ အိပ်ယာမဝင်မီတွင် နောက်တစ်နေ့မနက် ဘုရားကျောင်းသို့ သွားလျှင်ဝတ်ဆင်ရန် အဝတ်အစားနှင့်ဖိနပ်ကို အမြဲအသင့်ပြင်ဆင်ထားခြင်းဖြစ်သည်။ နံနက်ဝတ်ပြုစည်းဝေးကို အဘွားအမြဲတက်ရောက်လေ့ရှိသဖြင့် နောက်တစ်နေ့မနက်တွင် နှောင့်နှေးကြန့်ကြာမှု မရှိစေဘဲ အဆင်သင့် ဖြစ်နေရန် ဖြစ်သည်။ စနေနေ့ညတစ်ညတွင် အဘွားကို ရုတ်တရက် ဆေးရုံတင်လိုက်ရပြီး၊ သခင်ယေရှု၏ ခေါ်တော်မူခြင်းကို ခံခဲ့ရသည်။ အဘိုးသည် ဆေးရုံမှ အိမ်သို့ပြန်ရောက်လာသည့်အခါ အဘွားပြင်ထားခဲ့သည့် အဝတ်အစားများကိုတွေ့ခဲ့သည်။ အဘွားသည် ဘုရားကျောင်းသို့သွားရန်၊ ဘုရားရှင်နှင့် တွေ့ဆုံရန် အသင့်ရှိနေခဲ့ပါသည်။
အဖွား၏အကျင့်က မဿဲ ၂၅ ၌ ပါရှိသည့် သတို့သမီးပုံပမာမှ သတို့သမီး ၏ပညာအမြော်အမြင်ရှိခြင်းကို သတိပေးခဲ့သည်။ ပုံဝတ္ထု၌ ခရစ်တော်က တပည့်တော်များအား သူပြန်ကြွလာချိန်ကို အစဉ်သတိရှိလျက် “စောင့်နေကြလော့”ဟုမိန့်တော်မူသည်။ သူပြန်လာမည့် နေ့ရက်အချိန်နာရီကို မည်သူမျှ မသိရှိနိုင်ခြင်းကြောင့် ကျွန်မတို့အားလုံး ပညာသတိရှိရှိနှင့် ပြင်ဆင်ထားရန်ဖြစ်သည်။ နောက်ဆုံးအချိန်ရောက်မှ ပြင်ဆင်မည်ဆိုလျှင် ကျွန်မတို့သည် “မိုက်မဲသူ”သာ ဖြစ်သွားမည်။…
ခရစ်တော်ကမ်းလှမ်းပေးသောရတနာ
Michael Sparks (မိုက်ကယ်စပါ့ခ်စ်)သည် အဟောင်းဆိုင်တစ်ခုမှ အမေရိကန်နိုင်ငံ၏လွတ်လပ်ရေးကြေညာစာတမ်း အမှတ်တရလက်ဆောင် ကော်ပီကို ၂.၄၈ ဒေါ်လာဖြင့် ဝယ်ယူခဲ့သည်။ နောက်ပိုင်းတွင် သူဝယ်ခဲ့သော ကော်ပီကို အသေ အချာကြည့်ရင်း စိတ်ထဲ၌ ထူးဆန်းသကဲ့သို့ ခံစားခဲ့ရသည်။ သို့နှင့် ကျွမ်းကျင်သူ များ၏အကူအညီဖြင့်စစ်ဆေးကြည့်ရာ ထိုကော်ပီမှာ ၁၈၂၀ ခုနှစ်တွင် သမ္မတ John Quincy Adams (ဂျွန်ကွင်စီအာဒမ်စ်)၏ ခွင့်ပြုချက်ဖြင့် ထုတ်ဝေခဲ့သည့် ကော်ပီ ၂၀၀ အနက် ကျန်ရှိသည့် ကော်ပီ ၃၆ ခုမှ ကော်ပီတစ်ခုဖြစ်သည်ကို သိလိုက်ရသည်။ ထို့နောက် စပါ့ခ်စ်သည် သူ၏ရှားပါးကြေညာစာတမ်းကော်ပီကို ဒေါ်လာ ၄၇၇,၆၅၀ ဖြင့် ပြန်လည် ရောင်းချခဲ့သည်။
သေးငယ်သော ငွေပမာဏနှင့်ဝယ်ယူခဲ့သောအရာသည် ကြီးမားသောရတနာအဖြစ် ပြောင်းလဲသွားသည်မှာ အံ့ဩစရာဖြစ်သည့်တစ်ချိန်တည်းတွင် ပိုကောင်းသော ထာဝရနှင့်ဆိုင်သော ရတနာရှိနေသည်။ ကျွန်တော် ငယ်စဥ်က တန်ဖိုးမဖြတ်နိုင်သော၊ တုနိုင်းမရသော၊…