ဆုတောင်းလျက် စောင့်ပါ။
အခန်းပြတင်းပေါက်မှနေ၍ ပေ ၁၇၀၀ မြင့်သော `Cerro del Borrego´တောင် (သို့) “သိုးတောင်ကုန်း” ကို လှမ်းမြင်ရသည်။ ၁၈၆၂ တွင် ပြင်သစ်တပ်မကြီးက မက္ကဆီကိုသို့ ကျူးကျော်ဝင်ရောက်ခဲ့ပြီး Orizaba မြို့လယ်ပန်းခြံ၌ စခန်းချနေစဉ် မက္ကဆီကို တပ်မကြီးက ထိုတောင်ထိပ်ပေါ်တွင် အခြေချနေကြသည်။ သို့သော် မက္ကဆီကို စစ်ဗိုလ်ချုပ်ကြီးသည် တောင်ထိပ်သို့ ရန်သူများ မကျူးကျော်အောင် အစောင့်မချခဲ့သဖြင့် မက္ကဆီကို တပ်သားများ အိပ်ပျော်နေစဉ် ပြင်သစ်တပ်သားများ ၀င်ရောက်တိုက်ခိုက်ပြီး လူ ၂၀၀၀ ကို သတ်ဖြတ်ခဲ့သည်။
ထိုအဖြစ်အပျက်အားဖြင့် သံလွင်တောင်နှင့် တပည့်တော်တို့ အိပ်ပျော်သွားသည့် တောင်ခြေရှိဥယျာဉ် အကြောင်း သတိရမိသည်။ သခင်ယေရှုက ‘‘စုံစမ်း နှောင့်ယှက်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း ဆုတောင်း လျက် စောင့်နေကြလော့။ စိတ်ဝိညာဉ်ကား စေတနာရှိငြားသော်လည်း ကိုယ်မူကား အားနည်းသည်”ဟု မိန့်ကြားခဲ့သည် (မာ ၁၄း၃၈)။…
ဘုရားသခင် စကားပြောသည်
မကြာသေးမီက ကျွန်တော့်သားမက်က မြေးမလေး မက်ဂီ အား ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် စကားပြောနိုင်ပြီး ထိုအရာအားဖြင့် ဘုရားက ကျွန်ုပ်တို့နှင့် ဆက်သွယ် နေကြောင်း ရှင်းပြသည်။ ဘုရားသည် နှုတ်ကပတ်တော်အားဖြင့် ကျွန်ုပ်တို့ကို စကားပြောကြောင်း Ewing က ပြောသောအခါ သူမက တုံ့ဆိုင်းမှုမရှိဘဲ ‘‘ဒါဆို ဘုရားက သမီးကို တစ်ခါမှ စကားမပြောဘူး၊ စကားပြောသံလဲ တစ်ခါမှ မကြားဖူးဘူး’’ ဟု ပြန်ပြောသည်။
အများစုက မက်ဂီ စကားကို ထောက်ခံကောင်း ထောက်ခံပါလိမ့်မည်။ “သင့်အိမ်ကိုရောင်းပြီး ရပ်ဝေးရှိ မိဘမဲ့များကို သွားပြုစုပါ” ဟု နားနှင့်ဆက်ဆက် ကြားရသည့်
အသံမျိုးမှသာ ဘုရားရှင် ကျွန်ုပ်တို့ကို စကားပြောသည်ဟု အဓိပ္ပာယ် ဖွင့်ဆိုကြပါမည်။ သို့သော် ဘုရားသခင်၏ အသံတော်ကို ကြားခြင်းဆိုရာ၌ အခြားသောအဓိပ္ပာယ်ကို ဆိုလိုသည်။
ဘုရားသခင်၏အသံတော်ကို နှုတ်ကပတ်တော် ဖတ်ရှုခြင်းအားဖြင့်…
အမြင့်မှ ပြုတ်ကျမှာစိုး
ကျွန်မသူငယ်ချင်း အယ်လိုင်း အမြင့်မှ ပြင်းပြင်းထန်ထန် ပြုတ်ကျခဲ့ပြီး သက်သာလာ သောအခါ ဆေးရုံအလုပ်သမားက ပြုတ်ကျဒဏ်ရာ ဟူ၍ ရေးသားထားသည့် အရောင်တောက်တောက် လက်ပတ်ကို သူမ၏လက်ကောက်ဝတ်၌ ၀တ်ဆင်ပေး ခဲ့သည်။ အဓိပ္ပာယ်က ဤလူနာကို သေသေချာချာ ဂရုစိုက်ပေးပါ။ ကိုယ့် ခြေထောက်ပေါ် ရပ်နိုင်လောက်အောင် သူ့ခြေထောက်များ မတည်ငြိမ်သေး။ ထို့ကြောင့် တစ်နေရာမှ တစ်နေရာသို့ သွားလာရာတွင် ကူညီ ပေးပါ ဟူ၍ ဖြစ်သည်။
၁ ကော ၁၀ တွင်လည်း အမြင့်မှပြုတ်ကျဒဏ်ရာရ သကဲ့သို့အဖြစ်မျိုး မဖြစ်အောင် ယုံကြည်သူများကို သတိပေး ထားသည်။ ရှေးဘိုးဘေးများကို ဆင်ခြင်ကြည့်လျက် လူသားသည် အပြစ်နွံထဲ ကျွံကျနိုင်ခြေရှိကြောင်း ရှင်ပေါလု
သိမှတ်ခဲ့သည်။ ဣသရေလလူမျိုးများသည် ညည်းတွား ခဲ့ကြသည်၊ ရုပ်တုကိုးကွယ်ခဲ့ကြသည်၊ ဖောက်ပြန်သော ဆက်ဆံရေးများ ရှိခဲ့ကြသည်။ ဘုရားရှင် စိတ်ညှိုးနွမ်းခြင်း ရှိ၍…
အတူသွားကြစို့
ဒစ်စနီလဲန် ရှိ ဆွဲဆောင်မှုအရှိဆုံးအစီအစဉ်အတွက် တန်းစီရင်း၊ လူတန်းရှည်ကြီးနှင့် တန်းစီစောင့်ဆိုင်းရခြင်းကို လူများမညည်းတွားဘဲ အချင်းချင်း စကားပြောရင်း ရယ်မောနေကြသည်ကို ကျွန်ုပ် သတိပြုမိသည်။ ဤသို့ တန်းစီစောင့်ဆိုင်းရခြင်းကို ပျော်ရွှင်ကျေနပ်စရာအဖြစ်သို့ မည်သည့်အရာက ဖြစ်စေသနည်းဟု စဉ်းစားမိသည်။ ဤနေရာသို့ လူအချို့သာ မိမိဘာသာ လာကြခြင်းဖြစ်ပြီး အများစုမှာ မိသားစု၊ သူငယ်ချင်း၊ အဖွဲ့လိုက်နှင့် စုံတွဲများ ဖြစ်သဖြင့် မိမိဘာသာ တစ်ယောက်တည်း တန်းစီခြင်းထက် အဖွဲ့လိုက်တန်းစီနေခြင်းဖြစ်၍ ၎င်းခြားနားချက်က အဖြေ ဖြစ်သည်။
ခရစ်ယာန်အသက်တာသည် တစ်ယောက်တည်း နေရန် မဟုတ်ဘဲ အခြားသူများနှင့်ပေါင်းဖော်ရပါမည်။ ဟေဗြဲ ၁၀း၁၉း-၂၅ တွင် အခြားယုံကြည်သူ ခရစ်ယာန်များနှင့် အတူတကွ ပေါင်းသင်းနေထိုင်ရန် တိုက်တွန်းထားပါသည်။ “ငါတို့သည် သစ္စာနှင့်ပြည့်စုံသောသဘောရှိ၍ ၀ိစိကိစ္ဆာနှင့်
ကင်းသော ယုံကြည်ခြင်း၌တည်လျှက် စိတ်နှလုံးကို သံဝေဂ
တရားနှင့် လွတ်အောင်ဖြန်းခြင်း၊ ကိုယ်ကာယကိုလည်း ကြည်သာရေဖြင့် ဆေးကြောခြင်းရှိပြီးမှ…
ကတိတော်ပြည်မှ ဧရာမလူသန်ကြီးများ
ဣသရေလလူမျိုးတို့သည် သိနတောင် တွင် ၂ နှစ် စခန်းချပြီးနောက် ဘုရားရှင်ကတိထားရာ ခါနန်ပြည်သို့ဝင်ခါနီးတွင် ထိုပြည်တွင် နေထိုင်သည့်လူမျိုးနှင့် ထိုပြည်ကို စုံစမ်းရန် သူလျှို ၁၂ ယောက်ကို စေလွှတ်ရန် ဘုရားရှင် စေခိုင်းခဲ့သည်။ ထိုသူလျှိုတို့သည် ခါနန်လူမျိုးတို့၏ ကြီးမားသန်မာပုံ၊ ၎င်းတို့၏မြို့များ ခိုင်ခံ့ပုံတို့ကို မြင်ပြီးနောက် ၁၀ ယောက်က “ကျွန်ပ်တို့ မတိုက်နိုင်” ဟု ပြောပြီး ကျန်
၂ ယောက်က “ကျွန်ပ်တို့ တိုက်နိုင်သည်” ဟု ပြောကြသည်။
အဘယ့်ကြောင့် ၄င်းတို့၏အဖြေများ မတူကြသနည်း။
၁၀ ယောက်သောသူတို့က ဧရာမလူသန်ကြီးများကို ၄င်းတို့ကိုယ်နှင့်နှိုင်းယှဉ်ပြီး ထိုဧရာမလူသန်ကြီးက ၄င်းတို့အား လွှမ်းမိုးထားသည်။ သို့သော် ၂ ယောက်သောသူ ကာလက်နှင့် ယောရှုတို့မှာ လူသန်ကြီးများကို ဘုရားသခင်နှင့် နှိုင်းယှဉ်ပြီးသကာလ ၄င်းတို့အဖို့ ထိုဧရာမလူများမှာ ပမွှား မျှသာဖြစ်သွားကာ “ထာဝရဘုရားသည်…
နှိုင်းယှဉ်စိတ် ဥပါဒါန်အစွဲ
ဟားဗတ် စီးပွားရေးသင်တန်းကျောင်း၏ ပါမောက္ခတစ်ဦးဖြစ်သူ Thomas J. Delong သည်
သူ၏ကျောင်းသားများနှင့် လုပ်ဖော်ကိုင်ဘက်များကြားတွင် ‘နှိုင်းယှဉ်စိတ် ဥပါဒါန်အစွဲ’ ရှိနေပြီး စိုးရိမ်စရာအခြေအနေဟု ကောက်ချက်ချခဲ့သည်။ “စီးပွားရေးလုပ်ငန်း အလုပ် အမှုဆောင်များ၊ Wall Street ဆန်းစစ်သူများ၊ ဥပဒေပညာရှင်များ၊ ဆရာဝန်များနှင့် အခြားကျွမ်းကျင်ပညာရှင်များသည် ၄င်းတို့၏စွမ်းဆောင်မှု များကို အခြားသူများနှင့်နှိုင်းယှဉ်ရန်အတွေးက ၎င်းတို့ကို လွှမ်းမိုးထားကြသည်။ … ဤသည်မှာ ကုမ္ပဏီအတွက် မကောင်းသလို လူတစ်ဦးချင်းစီအတွက်လည်း မကောင်း ပေ။ အောင်မြင်မှုကို အပေါ်ယံ စံသတ်မှတ်ချက်များနှင့် တိုင်းတာ သောအခါ စိတ်ကျေနပ်မှုမရှိ၊ သန္နိဋ္ဌာန်ချ ဆက်ကပ် ထားမှုများ
လေးနက်မှုမရှိတော့’’ ဟု သူရေးသားထားသည်။
‘နှိုင်းယှဉ်စိတ် ဥပါဒါန်အစွဲ’ သည် အသစ်အဆန်း မဟုတ်ပါ။ အခြားသူများနှင့် မိမိကိုယ်ကို နှိုင်းယှဉ်ခြင်းသည်
အန္တရာယ်ရှိကြောင်း နှုတ်ကပတ်တော်က ကျွန်ပ်တို့အား သတိပေးထားသည်။ တစ်ပါးသူနှင့်…
သင်လုပ်ဆောင်သည့်အရာ
စစ်ရေယာဉ်တပ်စု ကမ်းမှခွာတော့မည်ဖြစ်၍ တပ်သားတစ်ဦးသည် တပ်ကြပ်ကြီး၏ အခန်းပြတင်းတံခါးကို အလျင်စလို ခေါက်လိုက်သည်။ ပြတင်းတံခါးအဖွင့်နှင့် ‘ဘာဖြစ်တာလဲ’ ဟူသည့် စိတ်တိုနေသောတပ်ကြပ်ကြီး၏အသံက တစ်ပြိုင်တည်း ထွက်ပေါ်လာသည်။ တပ်သားလေးက ‘ဆရာကြီး လုပ်နေကျအလုပ် လုပ်ရတော့မယ်လေ’
ဟုပြောရာ၊ ‘ဘာအလုပ်လဲ’ ဟု တပ်ကြပ်ကြီးမှ ပြန်မေးသော အခါ ‘ဆရာလုပ်ရမယ့် အလုပ်လေ၊ ဆရာကြီးသိပါတယ်’ ဟု တပ်သားလေးမှ ပြန်ပြောသည်။
ထိုအခါမှ တပ်ကြပ်ကြီး သဘောပေါက်သွားလေသည်။ စစ်ရေယာဉ်တပ်စုအတွက် သူအမြဲတမ်း ဆုတောင်းပေးလေ့ ရှိပြီး၊ ယခုတွင် သူဆုမတောင်းပေးရသေးပါ။ ၄င်းနောက် တပ်ကြပ်ကြီးမှာ စစ်ရေယာဉ်ထဲမှ တာဝန်ကျေကျေ ထွက်လာ၍ ၄င်း၏တပ်သားများအတွက် ဆုတောင်းပေး လေသည်။ တပ်သားလေးမှာ ၄င်းတို့အတွက် ဆုတောင်း ပေးသည့် ခေါင်းဆောင်၏တန်ဖိုးကို နားလည်သည်။
ရှေးယုဒပြည်တွင် အဘိယသည် ထင်ရှားသည့် မင်းတစ်ပါးမဟုတ်ခဲ့ပါ။ ဓမ္မရာဇဝင် တတိယစောင် ၁၅း…
ဝင့်ဝင့်ကြွားကြွား လျှောက်လှမ်းခြင်း
၂၀၁၅ နွေရာသီတွင် အသက် ၁၅ နှစ်အရွယ် ဟန်တာသည် အသက် ၈ နှစ် အရွယ် သူ့ညီငယ် ဘရာဒန်အား ကုန်းပိုး၍ သူငယ်နာအကြောဆွဲသူများ၏ လိုအပ်ချက်များကိုအများပြည်သူတို့အား အသိအမြင်ဖွင့်ပေးရန်ရည်ရွယ်၍ ၅၇ မိုင်ခရီးကို လမ်းလျှောက် သွားခဲ့သည်။ ဘရာဒန်မှာ ကိုယ်အလေးချိန် ပေါင် ၆၀ ရှိသဖြင့် ဟန်တာမှာ ဘရာဒန်၏
ကိုယ်အလေးချိန်ကို ခံနိုင်မည့် သိုင်းကြိုးများဝတ်ဆင်ရသည်။ ထို့ပြင် သူ့ကို အကြောဖြေလျော့ပေးရန် ကူညီသူများရှိသည့် နေရာတွင် မကြာခဏရပ်၍ အနားယူခဲ့ရသည်။ သိုင်းကြိုး များကြောင့် ကိုယ်ခန္ဓာကို သက်သောင့်သက်သာ ဖြစ်စေ သော်လည်း သူ့အတွက် အမှန်အထောက်အကူအဖြစ်ဆုံး အရာမှာ လမ်းခရီးတစ်လျှောက်ရှိ လူပရိသတ်များပင် ဖြစ်သည်ဟု ဟန်တာ က ပြောသည်။ “တကယ်လို့ လမ်းမှာ အားပေးမစရင်း ကျွန်တော်တို့နဲ့အတူ လမ်းလျှောက်တဲ့သူ မရှိရင် ဒီကိစ္စကို ကျွန်တော်လုပ်နိုင်မှာ…
မှောင်မိုက်ထဲသို့ အလင်းကို ယူဆောင်လာခြင်း
၁၉၈၉ ခုနှစ်တွင် Vaclav Havel သည် နိုင်ငံရေးအကျဉ်းသားအဖြစ်မှ ချက်ကိုစလို ဗက်ကီးယား နိုင်ငံ၏ ပထမဆုံးသမ္မတဖြစ်လာသည်။ နှစ်အတော်ကြာပြီးနောက်ပိုင်း ၂၀၁၁ ခုနှစ်၊ ဟာဗေး ၏ ဈာပနအခမ်းအနားကို မြို့တော် ပရဂ်တွင် ကျင်းပရာ ပရဂ် ဇာတိဖွား အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်းဖြစ်သူ Madeleine Albright က ၄င်းအား “အမှောင်ထုဖုံးလွှမ်းသည့်နေရာများသို့ အလင်း ယူဆောင်လာသူ” ဟု ဖော်ပြပြောဆိုခဲ့သည်။
ချက်ကိုစလိုဗက်ကီးယား၏ နိုင်ငံရေးအခင်းအကျင်း တွင် ဟာဗေးသည် အလင်းရောင်ယူဆောင်လာခဲ့သကဲ့သို့ ယေရှုခရစ်တော်သည်လည်း လောကအတွက် အလင်းကို ဆောင်ယူပေးခဲ့သည်။ အစအဦး၌ ဘုရားသခင်သည် အမှောင်ခွင်း၍ အလင်းကို ယူဆောင်လာခဲ့သည် (ယော ၁း၂-၃၊ ကမ္ဘာ ၁း၂-၃)။ ယေရှုခရစ်တော် မွေးဖွားခြင်းဖြင့် ဝိညာဉ်ရေးအတွက် ဘုရားသခင်သည် အလင်းပေးပြခဲ့သည်။ ယေရှုခရစ်တော်သည် အမှောင်မလွှမ်း၊ မအောင်နိုင်သော အလင်းနှင့်အသက် ဖြစ်သည်…
အမွေအနှစ် ကြွယ်ဝသောအသက်တာ
နယ်မြို့လေးတစ်မြို့တွင် ဟိုတယ်တစ်ခု၌ တည်းခိုနေစဉ် လမ်းတစ်ဘက်ကမ်းရှိ အသင်းတော်လေး၌ ၀တ်ပြုစည်းဝေး လုပ်နေသည်ကို ကျွန်တော်သတိထားမိသည်။ ဘုရားကျောင်းအတွင်း၌ လူကြီးလူငယ်များ ပြည့်ကျပ်ညှပ်နေပြီး ဘုရားကျောင်းအပြင် လူသွားစင်္ကြံန်၌ပင် လူများစွာ ရှိနေသည်။ တစ်ဖန် နိဗ္ဗာန်ယာဉ်ကို တွေ့လိုက်မှ ဈာပနအခမ်းအနားဟု သဘောပေါက်လိုက်သည်။ ဧည့် ပရိတ်သတ်များ ကြပ်ညှပ်များပြားလှသဖြင့် ချမ်းသာ ကြွယ်ဝသော လုပ်ငန်းရှင် သူဌေးကြီးလား၊ နာမည်ကျော် ထင်ရှားသူ တစ်ဦးဦးလား၊ စသည့်ဖြင့် ထိုသူကို ဂုဏ်ပြုလျက် ရောက်လာခြင်း ဖြစ်မည်ဟု ကျွန်တော် တွေးထင်မိသည်။ သို့နှင့် ဟိုတယ်စာရေးလေးအား “ လူတွေများလိုက်တာနော်၊ မြို့က နာမည်ကြီး ပုဂ္ဂိုလ်ထင်တယ်”ဟု စူးစမ်းစပ်စုလိုက် သည်။
“မဟုတ်ပါဘူး၊ ဒီလူက သူဌေးလည်း မဟုတ်ဘူး၊ ထင်ရှားတဲ့သူလည်း မဟုတ်ဘူး။ ဒါပေမဲ့ ဒီလူက လူကောင်း တစ်ဦးပါ” ဟု စာရေးလေးက ဖြေသည်။
ဤတွင်…