အမျိုးအစား  |  odb

ကျွန်ုပ်တို့ ကြံစည်နိုင်သည်ထက်

အကောင်းဆုံးကစားစရာ ၅ ခု က ဘာများဖြစ်မလဲ၊၊ Jonathan H. Liu က တုတ်ချောင်း၊
စက္ကူဘူး၊ ကြိုး၊ ကတ်ထူပုံး၊ ရွှံ့တို့ဖြစ်သည်ဟု ဆိုသည်။ ထိုပစ္စည်းများကို အလွယ်တကူ ရနိုင်ပြီး အမျိုးစုံပြုလုပ်နိုင်သည်။ အရွယ်အားလုံးအတွက် သင့်တော်သည်သာမက၊ ငွေလည်းမကုန်၊ စိတ်ကူးကောင်းသည့်အတိုင်း တီထွင်ကြံဆနိုင်ပြီး၊ ဘက်ထရီ မလိုပါ။
တစ်စုံတစ်ရာကို စိတ်ကူးယဉ်ခြင်းက ကျွန်ုပ်တို့၏ အသက်တာတွင် အရေးပါသောကဏ္ဍဖြစ်ပြီး၊ ဧဖက်မြို့ရှိ
ခရစ်တော်နောက်တော်လိုက်များအတွက် ဆုတောင်းချက် တွင် တမန်တော်ကြီးရှင်ပေါလုက ထိုအချက်ကို ဖော်ပြထား၍ အံ့သြစရာမဟုတ်ပါ (ဧ ၃း၁၄-၂၁)။ ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် သူတို့အား တန်ခိုးတော်နှင့်ခိုင်ခံ့စေရန် တောင်းလျှောက်ပြီးနောက် (း၁၆)၊ သူတို့သည် ခရစ်တော်၏ မေတ္တာတော်ကို အပြည့်အ၀ နားလည်ခံစားနိုင်ပါမည် အကြောင်း ဆုတောင်းခဲ့သည် (း၁၆၊ ၁၉)။ “ငါတို့၌ ပြုပြင်သော တန်ခိုးတော်အတိုင်း ငါတို့တောင်းပန်ကြံစည်သမျှထက်…

ဘယ်တော့မှ လက်မလျှော့ အရှုံးမပေးနှင့်

Joop Zoetemelk သည် နယ်သာလန်နိုင်ငံ၏ အောင်မြင်ဆုံးသော စက်ဘီးသမားအဖြစ် ထင်ရှားသည်။ အကြောင်းမှာ သူသည် ဘယ်တော့မှလက်မလျှော့၊ အရှုံးမပေးတတ် သောကြောင့် ဖြစ်သည်။ သူသည် ပြင်သစ်နိုင်ငံ၏ချန်ပီယံစက်ဘီးပြိုင်ပွဲကို အစမှအဆုံးထိ ၁၆ ကြိမ် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး၊ ၁၉၈၀ ခုနှစ် ချန်ပီယံဆု မဆွတ်ခူးမီက ဒုတိယနေရာကို ၅ ကြိမ်တိုင် ဆွတ်ခူးရရှိခဲ့သည်။ ဇွဲရှိလိုက်သည်ဖြစ်ခြင်း။
အောင်မြင်သူများစွာတို့သည် ‘‘ဘယ်တော့မှ အရှုံး မပေးခြင်း’’ ဟူသော အထူးလှေကားမှတက်လှမ်းခြင်းဖြင့် အောင်မြင်မှုကို ရရှိခဲ့ကြသည်။ သို့သော် အောင်မြင်မှု အခွင့်အရေးကို ဆုံးရှုံးခဲ့ရကြသူ များစွာလည်း ရှိသည်။  တခဏ အတွင်း အရှုံးပေးလိုက်ခြင်းကြောင့်ဖြစ်သည်။ မိသားစု၊ ပညာရေး၊ မိတ်ဆွေများ၊ အလုပ်နှင့် အမှုတော်လုပ်ငန်းစသည့် အသက်တာ ကဏ္ဍများတွင် ဤသို့ဖြစ်နိုင်ပါသည်။ အောင်မြင်မှု ၏ သော့ချက်မှာ ဇွဲ ၊ လုံ့လ၊ ဝီရိယနှင့်…

အကောင်းဆုံးများ လာဦးမည်

သင့်အသက်တာ၏အကောင်းဆုံးအချိန်များသည် အတိတ်မှာလား၊ သို့မဟုတ် လာမည့်
အနာဂတ်မှာလား။ ကျွန်ုပ်တို့၏အဖြေနှင့် အသက်တာအပေါ် ကျွန်ုပ်တို့၏အမြင်က အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ ကျွန်ုပ်တို့ငယ်ရွယ်စဉ်က မြန်မြန်အရွယ် ရောက်ချင် သည်။ အသက်ကြီးလာပြန်တော့၊ အတိတ်ကို ပြန်တမ်းတပြီး ပြန်ငယ်ချင်ကြသည်။ သို့သော် ဘုရားသခင်နှင့်အတူ လျှောက်လှမ်းသည့်အခါ မည်သည့်အရွယ်၌မဆို အကောင်းဆုံးအရာများက ရောက်လာပါဦးမည်။
မောရှေ၏အသက်တာတစ်လျှောက် ဘုရားသခင်၏ အံ့သြဖွယ်ရာအမှုတော်များကို ကိုယ်တိုင်တွေ့မြင်ခဲ့ရပြီး၊ ထိုအမှုတော်အများက သူ့အသက်ကြီးရင့်ချိန်တွင် ဖြစ်ပျက် ခဲ့ခြင်းဖြစ်သည်။ သူ့အသက် ၈၀ အရွယ်တွင် ဖာရော ဘုရင်နှင့်
ထိပ်တိုက်ရင်ဆိုင်ခဲ့ရပြီး၊ လူမျိုးတော်အား ကျွန်ဘဝမှ ဘုရားသခင် အံ့ဖွယ်လွတ်မြောက်စေခဲ့သည်ကို သူတွေ့မြင် ခဲ့သည် (ထွက် ၃-၁၃)။ ပင်လယ်နီ နှစ်ခြမ်းကွဲခြင်း၊ ကောင်းကင်မှ မန္နမုန့်ကျခြင်းတို့ကို သူမြင်တွေ့ခဲ့ရပြီး၊  ဘုရားသခင်နှင့် မျက်နှာချင်းဆိုင်ပင် စကားပြောခဲ့ရသည် (၁၄း၂၁၊ ၁၆း၎၊ ၃၃း၁၁)။
မောရှေသည် သူ့အသက်တာတစ်လျှောက်လုံး မျှော်လင့်ခြင်းကြီးစွာ…

ဝင်ကြေး

နှစ်စဉ်နှစ်တိုင်းတွင် ကမ္ဘာတစ်ဝန်းရှိ လူပေါင်း ၂ သန်းခန့်သည် လန်ဒန်မြို့ရှိ စိန်ပေါလ်
ဝတ်ပြုကျောင်းတော်သို့ လာရောက်လည်ပတ်ကြသည်။ ၁၇ ရာစုနှစ် နှောင်းပိုင်းက
ဆာ ခရစ်တိုဖာ ရန်း ဗိသုကာဒီဇိုင်း ရေးဆွဲတည်ဆောက်ခဲ့သည့် ရင်သပ်ရှုမောဖွယ် အံ့မခန်း လှပသော အဆောက်အအုံကို ခံစားကြည့်ရှုရခြင်းက ပေးရသည့် ၀င်ကြေးနှင့် တန်လှပေစွ။ သို့သော် ခရီးသွားလုပ်ငန်းမှ အမြတ်အစွန်းများရရှိခြင်းက သာမညဖြစ်ပြီး ခရစ်ယာန်များ၏ ကိုးကွယ်ယုံကြည်မှုက အဓိက ဖြစ်သည်။ ၀တ်ပြုကျောင်းတော်ကြီး၏ အဓိကလုပ်ငန်း ရည်မှန်းချက်မှာ ‘ကမ္ဘာတစ်ဝန်းရှိ မတူညီသည့် လူအပေါင်း တို့သည် ယေရှုခရစ်တော်၌တည်သော၊ အသက်တာကို ပြောင်းလဲစေနိုင်သော ထာဝရဘုရား မျက်မှောက်တော်ကို ကြုံတွေ့ခံစားရရန်’ ဖြစ်သည်။ ဘုရားကျောင်း အဆောက်အအုံ အတွင်း လှည့်ပတ်ကြည့်ရှုရင်း ဗိသုကာ အနုပညာလက်ရာကို ခံစားမြတ်နိုးနိုင်ရေး သင် ၀င်ကြေး ပေးဆောင်ရန်လိုသည်။ သို့သော် စိန်ပေါလ် ၀တ်ပြုကျောင်းတော်၏…

ကိုယ်နှင့်စပ်ဆိုင်သူကို ချစ်ပါ

မနုဿ ပညာရှင်တစ်ဦးသည် ကျေးရွာငယ်လေးတစ်ရွာ၌  လအတန်ကြာ သုတေသန ပြုစရာများ လုပ်ကိုင်ပြီးစီး၍ အိမ်ပြန်တော့မည်။ လေဆိပ်သို့ လိုက်ပို့ပေးမည့်ကားကို စောင့်ဆိုင်းနေရင်း ကလေးများအတွက် ကစားပွဲတစ်ခုလုပ်ပေးပြီး အချိန်ဖြုန်းရန် သူဆုံးဖြတ်လိုက်သည်။ သူက သစ်သီးနှင့်သကြားလုံးများထည့်ထားသည့်ခြင်းကို သစ်ပင်
ပေါ်ချိတ်ပြီး ကလေးများကို အပြေးပြိုင်စေသည်။ သို့သော် တာလွတ်ပြီး ပြေးရန်အချက်ပြလိုက်သောအခါ ကလေး တစ်ယောက်မျှ ပန်းတိုင်ဆီသို့ ပြေးမလာဘဲ အတူ လက်တွဲကာ သစ်ပင်ဆီသို့ ပြေးသွားကြသည်။
‘‘ဆုလက်ဆောင်ရရန် တစ်ယောက်ချင်း ပြေးခြင်းထက် အဘယ်ကြောင့် အဖွဲ့လိုက်ပြေးရသနည်း’’ ဟု မေးရာ ကလေးမလေးတစ်ဦးက ‘‘တစ်ယောက်တည်းက ဆုရလို့ ပျော်နေပြီး ကျန်တစ်ဖွဲ့လုံးက စိတ်မကောင်းဖြစ်နေလို့ ဘယ်ဖြစ်မလဲ’’ ဟု ဖြေလိုက်သည်။ ဤကလေးများသည် တစ်ယောက်နှင့်တစ်ယောက် ဂရုစိုက်ကြခြင်းကြောင့် သစ်သီးခြင်းကို အတူတကွ ဝေမျှစားသုံးလိုခြင်းဖြစ်သည်။
မောရှေ၏ပညတ္တိကျမ်းကို နှစ်ပေါင်းများစွာ လေ့လာ ပြီးနောက် ပညတ္တိကျမ်း၏အချုပ်မှာ အချက်တစ်ချက်တည်းသာရှိကြောင်း…

ထာဝရအကောင်းဆုံး မိတ်ဆွေ

‘‘ဂျိုးရေ၊ မိတ်ဆွေကောင်းဆိုတာ ဘ၀ရဲ့အကောင်းဆုံးသော ရတနာတစ်ပါးဖြစ်တယ်’’ ဟု ထပ်တလဲလဲ မကြာခဏ ပြောလေ့ရှိသည့် အဖေ့စကားမှ ပညာအမြော်အမြင်ကို ကျွန်တော် နှစ်သက်မြတ်နိုးသည်။ မှန်လိုက်လေခြင်း။ မိတ်ဆွေကောင်းများ ရှိနေလျှင် ဘယ်တော့မှ အထီးကျန်မဖြစ်ပါ။ မိမိ၏လိုအပ်မှုများကို မိတ်ဆွေကောင်းများက ဂရုပြု
စောင်မလျက် ဘ၀၏၀မ်းမြောက်စရာ၊ ဘ၀၏ ၀န်ထုပ်ဝန်ပိုး များကို အေးအတူပူအမျှ မျှဝေခံစားကြသည်။
သခင်ယေရှု ကမ္ဘာလောကသို့ မကြွဆင်းလာမီက လူနှစ်ဦးသာ ဘုရားသခင်၏မိတ်ဆွေဟု ခေါ်ဝေါ်သမုတ်ခြင်း ခံရသည်။ ‘‘ထာဝရဘုရားသည် အဆွေခင်ပွန်းကို နှုတ်ဆက် တတ်သည်နည်းတူ မောရှေနှင့်မျက်နှာဆိုင်၍ နှုတ်ဆက် တော်မူ၏’’ (ထွက် ၃၃း၁၁)။ ထို့နောက် ‘‘အာဗြဟံသည်လည်း ... ဘုရားသခင်၏အဆွေဟူ၍ ခေါ်ဝေါ်ခြင်းကို ခံရ၏’’
(ယာ ၂း၂၃)။
သခင်ယေရှုသည်လည်း သူနှင့်သက်ဆိုင်သော ကျွန်တော်တို့အား မိတ်ဆွေ/အဆွေဟု ခေါ်သဖြင့် ကျွန်တော်အံ့ဩမိသည်။ ‘‘... သင်တို့ကို
အဆွေဟူ၍…

မြင်သာသည့် အားနည်းချက်

ပခုံးခွဲစိတ်ကုသမှုခံယူပြီး ရက်သတ္တပတ် အတန်ကြာသည်နောက် ကျွန်မ စိုးကြောက်စိတ် ၀င်လာသည်။ ပခုံးသိုင်းကြိုးနှင့် အဆင်ပြေနေခဲ့ပြီးကာမှ ယခုတွင် ခွဲစိတ်ဆရာဝန်နှင့် ခန္ဓာပိုင်းကုထုံး အထူးပြုဆရာက ပခုံးသိုင်းကြိုးကို ဖြုတ်ရန် ပြောလာသည်။ ‘‘ဤ အဆင့်တွင် ထိန်းချုပ်လို့မရတဲ့ဝန်းကျင်မှာ ခံနိုင်ရည် မရှိခြင်း၊ အားနည်းချက်လက္ခဏာ အဖြစ် မြင်သာပေါ်လွင်နေတာကလွဲလို့ ပုခုံးသိုင်းကြိုး လွယ်ထားရတာ စိတ်ပျက်စရာပဲ’’ ဟူသည့် အချက်ကို မြင်မိသည်။
စိတ်လှုပ်ရှားတက်`u`n`mMကြကကကကြွသူ တစ်ဦးဦးက အားရပါးရ ကျွန်မကို ပွေ့ဖက်ညှစ်ပစ်မှာ၊ သူငယ်ချင်း တစ်ဦးဦးက အမှတ်တမဲ့ မတော်တဆ လာပုတ်မိမှာကို ကျွန်မ စိုးရိမ် မိသည်။ နာကျင်မှာ စိုးကြောက်သဖြင့် ပခုံးသိုင်းကြိုးနှင့်  ကျွန်မ အကာအကွယ်ယူခဲ့သည်။
ခံနိုင်ရည်မရှိ၊ ခံနိုင်ရည်မဲ့သည့်အဖြစ်၌ မိမိကိုယ်ကို ဖွင့်ထားရန်မှာ အင်မတန် ကြောက်စရာကောင်းပါသည်။ ကျွန်မတို့က အချစ်ခံလိုသည်။ မိမိအရှိအတိုင်းကို လူတို့လက်ခံစေလိုသည်။ ကိုယ့်အကြောင်းကို သိသွားပြီး ကိုယ့်ကို…

ဘုရားသခင်၏ ကော်ဖတ်

ကျွန်မသူငယ်ချင်း၏စကားကြောင့် မခံချိမခံသာဖြစ်ရသည်။ အိပ်ပျော်အောင် ကြိုးစားရင်း ကျွန်မ၏အမြင်နှင့် စပ်လျဉ်း၍ တဲ့တိုးပြောချလိုက်သည့် သူမ၏ဝေဖန်ချက်ကို နက်နက်နဲနဲ မတွေးမိအောင် လုံးပမ်းနေမိသည်။ အိပ်ယာထက်မှနေ၍ ဘုရားသခင်ထံမှ ဉာဏ်ပညာနှင့်ငြိမ်သက်ခြင်းကို  တောင်းခံလိုက်သည်။ ရက်သတ္တပတ် အတန်ကြာ ပြီးနောက် ထိုကိစ္စက စိတ်အနှောင့်အယှက်ဖြစ်နေဆဲပါ။ သို့နှင့် ‘‘ ဘုရားသခင် ကျွန်မ နာကျင်ရပါတယ်။ ကျွန်မ ဘယ်အပိုင်းမှာ ပြောင်းလဲပြုပြင်ဖို့ လိုအပ်သလဲ၊ သူငယ်ချင်းရဲ့
စကားက ဘယ်အတိုင်းအတာ အထိမှန်နေလဲ ဆိုတာ ပြပါ’’ ဟု ဆုတောင်းခဲ့သည်။
ကျွန်မ၏သူငယ်ချင်းမှာ ကျွန်မအသက်တာ၌ ဘုရား သခင်၏ ကော်ဖတ်(Sandpaper)အဖြစ် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ကျွန်မ၏ခံစားချက်က ကော်ဖတ်စားခံလိုက်ရ သကဲ့သို့ဖြစ်သော်လည်း ကျွန်မ၏တုံ့ပြန်မှုပေါ်မူတည်၍ ကျွန်မ၏အကျင့်အလေ့ကို တည်ဆောက်ခြင်း၊ မတည်ဆောက်ခြင်းကို ဖြစ်စေလိမ့်မည်ဟု သိနေသည်။ ကျွန်မကို အချောသတ်ပေးမည့်ဖြစ်စဉ်ကို လက်ခံရန် ရွေးချယ်လျက် ကျွန်မ၏မာန်မာနနှင့် ခေါင်းမာမှု
များကို…

စစ်ဆေးသည့်ပြိုင်ပွဲ

ခရစ်ကက် အားကစား ၌ ‘‘စစ်ဆေးသည့် ပြိုင်ပွဲ’’ က ပြင်းထန်သည်။ ပြိုင်ပွဲဝင်များသည် နေ့လယ်စာနှင့် အဆာပြေစားချိန်အပါအ၀င် နံနက် ၁၁ နာရီမှ ည ၆ နာရီအထိကစားရပြီး ပြိုင်ပွဲက ၅ ရက်တာမျှ ကြာမြင့်တတ်သည်။ ၎င်းသည် သည်းခံနိုင်စွမ်း၊ ဇွဲလုံ့လနှင့် အရည်အချင်း ကျွမ်းကျင်မှုကို စစ်သော ပြိုင်ပွဲဖြစ်သည်။
ဘ၀၌ ရင်ဆိုင်ရသည့် စစ်ကြောမှုများကလည်း မပြီးဆုံးနိုင်ဟု ခံစားရလျက် ပြင်းထန်ကြာမြင့်တတ်သည်။ အလုပ်လည်း ရှာမရနိုင်သေး၊ အထီးကျန်ခံစားရမှုများက အဆက်မပြတ်၊ ကင်ဆာရောဂါနှင့်နာတာရှည် လုံးပန်း ရလျက်၊
ဘယ်တော့များမှ ပြီးဆုံးမှာလဲဟု ခံစားရသည်အထိ ပို၍ ပြင်းထန်ခက်ခဲသော အခြေအနေများကြုံရသည်။
ထို့ကြောင့်ဖြစ်မည်။ ဆာလံဆရာက ‘‘ အိုထာဝရဘုရား၊
အဘယ်မျှကာလပတ်လုံး ကြည့်ရှု၍ နေတော်မူမည်နည်း။ အကျွန်ုပ်အသက်ကို သူတို့ပြုသော ဘေးဥပဒ်မှ လည်းကောင်း၊ အကျွန်ုပ်အချစ်ဆုံးကို ခြင်္သေ့တို့မှလည်းကောင်း ကယ်လွှတ်…

မှားသော မြင်းခွာ

လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ ခန့်က ရုရှားနိုင်ငံတွင် ဗိုလ်ချုပ်ကြီးနပိုလီယံ စစ်ရှုံးသွားရာ ပြင်းထန်ကြမ်းတမ်းသော ဆောင်းရာသီအအေးဒဏ်ကြောင့်ဟု ပြောစမှတ်တွင်သည်။ တိကျသေချာသောအကြောင်းအရင်းတစ်ခုမှာ မြင်းများ၌ နွေရာသီသုံး မြင်းခွာများ တပ်ဆင်ထားခြင်းကြောင့်ဖြစ်သည်။ ဆောင်းဝင်လာသောအခါ ရေခဲဖုံးသောလမ်း၌ လက်နက်ခဲယမ်းများ သယ်ဆောင်လာသောလှည်းများကို ဆွဲသည့် မြင်းများမှာ ခြေချော်ကျပြီး ဒဏ်ရာရသေဆုံးကုန် ကြသည်။ ထိုသို့ လက်နက်ရိက္ခာများ ပြတ်လပ်မှုကြောင့်   နပိုလီယံ၏ စစ်သည်အင်အား ၄ သိန်း ရှိသော တပ်မကြီးမှာ အကျအဆုံးများလျက် အင်အား ၁ သောင်း မျှသာ ကျန်ရှိ တော့သည်။ ခြေတစ်ချက်ချော်ရုံ ဖြစ်သော်ငြားလည်း ကြီးမားသော ဆုံးရှုံးမှုကို ဖြစ်စေခဲ့သည်။
လျှာတစ်ချက် ချော်(အာချောင်)ရုံလေးက ကြီးမားသော
ပျက်စီးဆုံးရှုံးမှုကို ဖြစ်စေနိုင်ကြောင်း ရှင်ယာကုပ်က ဖော်ပြသည်။ စကားအမှားတစ်ချက်က လူပေါင်းများစွာတို့၏ အလုပ်အကိုင်၊ ကြမ္မာလမ်းဆုံးကို ပြောင်းပစ်နိုင်သည်။ ‘‘လျှာကိုကား အဘယ်သူမျှ မအောင်နိုင်၊…