အမျိုးအစား  |  odb

စိုးကြောက်ခြင်းမှ လွတ်မြောက်ခြင်း

စိုးကြောက်စိတ်က အခွင့်မရှိဘဲ ကျွန်မစိတ်ထဲတိုးဝင်လျက် ကူညီရာမဲ့ခြင်း၊ မျှော်လင့်ချက် မဲ့ခြင်းသရုပ်ကို အရောင်ဆိုးသည်။ ငြိမ်သက်ခြင်းနှင့် အာရုံစူးစိုက်မှုကို ခိုးယူသည်။ ကျွန်မဘာကို ကြောက်နေသနည်း။ ကျွန်မ၏မိသားစုဘ၀လုံခြုံမှုနှင့် ကျန်းမာရေးအတွက် စိတ်ပူသည်။ အလုပ်ပြုတ်သွားမှာ၊ ပေါင်းသင်းဆက်ဆံရေးပျက်သွားမှာ ကြောက်သည်။ စိုးကြောက်စိတ်ကြောင့် မိမိကိုယ်ကိုသာ အာရုံစိုက်မိစေပြီး တစ်ခါတစ်ရံ ကိုးစားယုံကြည်ရန် ခက်ခဲနေသည့်စိတ်ကို ဖော်ပြနေသည်။
ဤသို့ ကြောက်ရွံ့စိုးရိမ်စိတ်များ ရိုက်ခတ်လာလျှင် ဆာလံ ၃၄ မှ ဒါဝိဒ်မင်း၏ ဆုတောင်းချက်ကို ဖတ်ရှုသင့် သည်။ ‘‘ငါသည် ထာဝရဘုရားကို ရှာသောအခါ နားထောင် တော်မူ၏။ ကြောက်မက်ဖွယ်သောအကြောင်း အလုံးစုံတို့ အထဲက ငါ့ကို ကယ်နှုတ်တော်မူ၏’’ (း၎)။ ကိုယ်တော် မည်သို့ကယ်တင်သနည်း။ ကိုယ်တော်ကို မျှော်ကြည့်လျက်
မျက်မှောက်ပြုသော် စိုးကြောက်စိတ်များ လွှင့်ပါးကုန်သည်။ ကိုယ်တော် ထိန်းချုပ်တော်မူကြောင်း ကျွန်မတို့ ယုံကြည် သည်။ တစ်ဖန် ဒါဝိဒ်မင်းက…

လူသားမျိုးနွယ်

နာရီအချက်ပေးသံ မြည်လာစဉ် စောလွန်းလှသည်ဟု ထင်ရသည်။ သို့သော် တစ်နေ့တာခရီးကို ဖြတ်သန်းရဦးမည်။ လုပ်စရာအလုပ်များ၊ အချိန်းအချက်များ၊ ဂရုပြု စောင်မရမည့် လူများ စသည်ဖြင့် ၀တ္တရားများစွာရှိသည်။ သင် တစ်ဦးတည်း မဟုတ်ပါ။ လူပေါင်းများစွာတို့သည် ကိစ္စတစ်ခုပြီးတစ်ခု နိစ္စဓူဝ လုပ်ဆောင်နေကြသည်။ ထို့ကြောင့် လူတစ်ဦးက ‘‘လူသားမျိုးနွယ်ပေမို့’’ ဟု အရွှန်းဖောက်သည်။
ပထမဦးဆုံးသော သာသနာပြုခရီးစဉ်မှ ပြန်ရောက် လာကြသည့် တပည့်တော်များ၌ အစီရင်ခံစရာများစွာ ရှိသည်။ တပည့်တော်များ၏အမှုတော်မြတ်နှင့် စပ်လျဉ်း၍ သခင်ယေရှု၏သုံးသပ်ချက်ကို ရှင်မာကု မှတ်တမ်းမတင်ဘဲ တပည့်တော်များ ခေတ္တအနားယူရန် အရေးကို သခင်ပူပန် တော်မူကြောင်း အဓိကဖော်ပြသည်။ ‘‘(ယေရှု) ကလည်း တော၌ ဆိတ်ကွယ်ရာအရပ်သို့ လာကြ၊ ခဏအားဖြည့်၍ ငြိမ်သက်စွာနေကြဟု မိန့်တော်မူ၏’’ (မာ ၆း၃၁)။
ဘုရားသခင်၏မျက်မှောက်တော်သို့ တိုးဝင်ဝန်ခံခြင်း၊ ကိုယ်တော့်အား ကိုးစားခြင်းအားဖြင့် မှန်သောငြိမ်ဝပ်နားနေရာကို…

အာရုံအနှောင့်အယှက်များ

ကျွန်တော်နှင့် ကျွန်တော့်ဇနီးတို့ ပထမဦးဆုံးပူးတွဲ တာဝန်ယူရသည့် စာအုပ် ပရောဂျက်တစ်ခုတွင် အလုပ်ကို ရွှေ့ဆိုင်းခြင်းက အဓိက ပြဿနာဖြစ်လာကြောင်း ထင်ရှားသိသာစွာ တွေ့လာရ၍ နာကျင်ခံစားရသည်။ ကျွန်တော့်ဇနီး၏တာဝန်က ကျွန်တော်ရေးသည့်စာကို တည်းဖြတ်ပြီး အချိန်မီ အလုပ်ပြီးအောင် ကျွန်တော့်ကို  သတိပေးရန် ဖြစ်သည်။ ကျွန်တော်၏တာဝန်ကမူ သူ့ကို ဒေါသထွက်အောင် စိတ်အနှောင့်အယှက်ပေးရန်များ ဖြစ်နေမလား။ အများအားဖြင့် သတ်မှတ်ချိန်အမီ ပြီးစီး အောင် မလုပ်ဘဲ လျစ်လျူရှုလိုသော၊ ညွှန်ကြားချက် များကို ဆန့်ကျင်လိုသော ကျွန်တော့်အပေါ် သူမ၏ အစီအစဉ်ကျမှုနှင့် သည်းခံမှုက အောင်နိုင်သည်ချည်းသာ။
တစ်ရက်အတွင်း ဘယ်ရွေ့ဘယ်မျှ ပြီးအောင် ရေးမည်ဟု ကတိပြုသော်လည်း ပထမနာရီပိုင်းမျှသာ ကျွန်တော် အာရုံစိုက်လုပ်ဆောင်သည်။ ထိုနာရီပိုင်းအတွင်း ရေးပြီးသမျှနှင့်သာ ကျေနပ်လျက် ခဏနားရန် ဆုံးဖြတ်လိုက်သည်။ ဤသို့ဖြင့် အချိန်ကုန်သွားသည်။ ဒုက္ခရောက်မှာ သေချာသည်မို့ အခြားစိတ်ထွက်ပေါက်တစ်ခု စဉ်းစားလိုက်သည်။ ကျွန်တော့်ဇနီး…

သခင် နားလည်သည်

ကလေးသူငယ်အချို့၌ ညညအိပ်မပျော်သည့်  ပြဿနာရှိသည်။ ဤသို့ဖြစ်ရသည့် အကြောင်းရင်းများစွာ ရှိသည့်အနက် အချက်တစ်ချက်ကို ကျွန်မသမီးက ဖော်ပြခဲ့သည်။ သမီးကိုသိပ်ပြီး ပြန်လှည့်ထွက်မည်အလုပ်တွင် သမီးလေးက  ‘‘သမီးက အမှောင်ကို ကြောက်တယ်’’ ဟုပြောသည်။ သူ၏ စိုးကြောက်မှုပြေလျော့သွားအောင် ကျွန်မကြိုးစား နှစ်သိမ့်ပြီး သူ့အခန်းထဲ၌ သရဲမရှိကြောင်း စိတ်ချလုံခြုံမှု ခံစားရအောင် ညမီးမှိန်မှိန်လေးကို ထွန်းပေးခဲ့သည်။
ရက်သတ္တပတ် အနည်းငယ်ကြာပြီးနောက် ခင်ပွန်း ဖြစ်သူက အလုပ်ကိစ္စနှင့် ညအိပ်ခရီး ထွက်သွားချိန်အထိ သမီးလေး၏ကြောက်ရွံ့မှုအကြောင်း သိပ်မစဉ်းစားဖြစ်ခဲ့ပါ။ ထိုည အိပ်ယာထက် လဲလျောင်းလိုက်သည်နှင့် ကျွန်မ ဘေးပတ်ပတ်လည်တွင် အမှောင်ထု စိုးမိုးသွားသည့်အလား ထင်ရသည်။ ချိုးချိုးချွတ်ချွတ် အသံကြားရ၍ ဘာများလဲဟု လိုက်ကြည့်မိသည်။ နောက်တော့လည်း ဘာမျှမဟုတ်၊ သို့သော် ဤကဲ့သို့ ကိုယ်တိုင် ကြုံရသည့်အခါမှ သမီးလေး၏ကြောက်ရွံ့မှုကို နောက်ဆုံး ကျွန်မနားလည်ခဲ့သည်။
သခင်ယေရှုသည် ဤကမ္ဘာလောက၌ လူသားအဖြစ် အသက်ရှင်နေထိုင်ခဲ့ပြီး…

အချိန်မှတ်

စစ်တပ်၏အမိန့်ဖြစ်သော ‘‘အချိန်မှတ်၊ ချီတက်’’ ဆိုသည်က ရှေ့သို့မရွေ့ဘဲ မိမိ နေရာ၌သာ ဘယ်ညာနင်းနေရန်ဖြစ်သည်။ ၎င်းသည် စိတ်ဓာတ်ရေးရာပိုင်း၌ ပြင်ဆင်လျက် နောက်ထပ်ကျလာမည့်အမိန့်ကို မျှော်လင့်ရင်း ရှေ့သို့ရွေ့လျားရန် အတွက် တက်ကြွစွာနှင့် ခေတ္တဆိုင်းငံ့နေခြင်းဖြစ်သည်။
လူပြိန်းစကားနှင့် ဆိုရလျှင် ‘‘အချိန်မှတ်’’ ဆိုသည့် စကား၏အဓိပ္ပာယ်မှာ ‘‘ရှေ့တိုးခြင်းမရှိသော လှုပ်ရှားမှု၊ ဘယ်ဆီကိုမှမရောက်၊ စောင့်ဆိုင်းနေစဉ် မည်သည့် အရေးကြီးသည့် အမှုကိစ္စကိုမျှမလုပ်’’ ဟူ၍ဖြစ်သည်။ အချည်းနှီး အဓိပ္ပာယ်မရှိသော စောင့်ဆိုင်းမှုဟူသည့် စိတ်ခံစားမှုမျိုးကို ပေးသည်။
ဆန့်ကျင်ဘက်အနေနှင့် သမ္မာကျမ်းစာထဲမှ ‘‘စောင့်စားခြင်း’’ ဟူသောစကားလုံးမှာ ‘‘စိတ်ထက်သန်စွာနှင့် ရှာဖွေရန်၊ မျှော်လင့်ရန်၊ စောင့်ဆိုင်းရန်ဟု အဓိပ္ပာယ်ရသည်။ ကြီးမားသော ဒုက္ခပြဿနာများနှင့် ရင်ဆိုင်ရချိန်၌ ဆာလံဆရာက ‘‘အကျွန်ုပ် ဘုရားသခင်၊
ကိုယ်တော်ကို အကျွန်ုပ်ခိုလှုံသည်ဖြစ်၍ ရှက်ကြောက်ခြင်းသို့ မရောက်ရကြပါ’’ ဟု (ဆာ ၂၅း၂-၃) ရေးသားခဲ့သည်။
ကျန်းမာရေးစစ်ဆေး ရောဂါရှာဖွေခြင်း၊…

ယုံမှားမိသည့် ကိုးစားရာ

ကျေးငှက်များအား စောင့်ကြည့်ရခြင်းကို ကျွန်ုပ်နှစ်သက်၏။ ၎င်းသည် ငှက်မျိုးစိတ် များစွာရှိသော ဂါနာနိုင်ငံရှိ ကျေးလက်တောရွာ၌ ကြီးပြင်းခဲ့ရစဉ်က ရရှိခဲ့သော ၀ါသနာ ဖြစ်သည်။ ယခု ကျွန်ုပ်နေထိုင်သည့်မြို့ပြ၏ဆင်ခြေဖုံးရပ်ကွက်၌ မကြာမီက ကျီးကန်း များကို စိတ်ဝင်စားလျက် ၎င်းတို့၏အမူအကျင့်ကို ကျွန်ုပ်စောင့်ကြည့်လေ့လာခဲ့သည်။ ကျီးကန်းများသည် အရွက်မဲ့ သစ်ကိုင်းများနှင့် သစ်ပင်ဆီသို့ ရှေ့ရှုပျံသန်းသွားပြီး တစ်ထောက်နားကြမည်ဖြစ်သည်။ သို့သော် မာကျောခိုင်ခံ့သည့် သစ်ကိုင်းများပေါ် မနားဘဲ ခြောက်သွေ့ပြီး ကျိုးကျခါနီး အကိုင်းပေါ် နားလိုက်သည်။ ပြီးမှ သစ်ကိုင်းကျိုးကျသော် အလန့်တစ်ကြား ဆူညံကာ တဖျပ်ဖျပ် တောင်ပံခတ်လျက် အန္တရာယ်မဖြစ်အောင် အချည်းနှီး
အားထုတ်ကြသည်။  တောင့်တင်းခိုင်ခံ့သည့် သစ်ကိုင်းကို ပို၍ယုံကြည်နိုင်ပြီး လုံခြုံစိတ်ချရသော နားနေရန်နေရာ ဖြစ်ကြောင်း ကျီးကန်းများ အသိဉာဏ်ရှိပုံ မရသည်မှာ ထင်ရှားပါသည်
ကျွန်ုပ်တို့၌လည်း အသိဉာဏ်ရှိပါသလား။ ကျွန်ုပ်တို့ ဘာကို ယုံကြည်ကိုးစားသနည်း။ ဆာလံ ၂၀း၇…

ဖွင့်ထားသောလက်

၁၈၉၁ ခုနှစ်တွင် ဘစ်ဒီ မေဆန် ကို လော့စ်အိန်ဂျလစ် ၌ မည်သည့်အမှတ်အသားမျှ မရှိသည့် အုတ်ဂူအတွင်း မြှုပ်နှံခဲ့သည်။ ကျွန်အဖြစ်မွေးဖွားလာသော အမျိုးသမီးများ အတွက် ၎င်းသည် အထူးအဆန်း မဟုတ်သော်လည်း ဘစ်ဒီ ကဲ့သို့သော ထူးချွန် ပြောင်မြောက်လှသူတစ်ဦးအတွက်မူ တစ်မူထူးသည်။ ၁၈၅၆ ခုနှစ်တွင် အပြင်းအထန် တရားဆိုင်ကာ အနိုင်ရပြီး ကျွန်အဖြစ်မှလွတ်မြောက်ခွင့် ရခဲ့ပြီးနောက် သူ၏သူနာပြုပညာနှင့် စီးပွားရေးအမြင်ကို အမြော်အမြင်ရှိရှိ ဆုံးဖြတ်ပေါင်းစပ်ကာ နောင်ရေးအတွက် လုပ်ငန်းငယ်တစ်ခု တည်ထောင်လုပ်ကိုင်ခဲ့သည်။ ထို့နောက် ရွှေ့ပြောင်းအလုပ်သမားများ၊ အကျဉ်းသားများ၏အတိဒုက္ခ
ကို သိရှိသတိပြုမိ၍ ထိုသူတို့ထံ အရောက်သွားကူညီခဲ့သည်။ မကြာခဏ အလှူအတန်းပေးခြင်းကြောင့် အကူအညီ ရယူရန် သူ့အိမ်ရှေ့၌ လူအများ လာရောက်တန်းစီကြသည်။ ကျွန်ဘ၀မှလွတ်မြောက်ပြီး တစ်ဆယ့်ခြောက်နှစ် အကြာ ၁၈၇၂ ခုနှစ် ၌ သူနှင့်သူ့သမက်တို့က လော့စ်အိန်ဂျလစ်၌ ပထမ အာဖရိကန်…

လက်ဆောင်နှင့် လက်ဆောင်ပေးသူ

အံစာတုံးလေး ၅ တုံးကို ဖိနပ်ကြိုးနှင့် တွဲချည်ထားသော သော့ချိတ်ကလေး။ ထိုသော့ချိတ်လေးကို လွန်ခဲ့သောနှစ်များစွာ ကျွန်တော့်သမီးလေး ၇ နှစ်အရွယ်က ကျွန်တော့်ကို ပေးခဲ့သည်။ အခုတော့ ကြိုးများလည်း ဖွာနေပြီး အံစာတုံးများလည်း ပွန်းပဲ့ ဟောင်းကုန်ပြီ။ သို့သော် ဘယ်သောအခါမှ ဟောင်းနွမ်းမသွားသည့် ‘‘ ဖေဖေ့ကို ချစ်တယ်’’ ဟူသည့် စကားလေး ပါရှိသည်။
အဖိုးအတန်ဆုံး လက်ဆောင်ဆိုသည်မှာ တန်ဖိုး
ကြီးကြီး ပေးဝယ်ထားသည့်အချက်၌ မတည်ဘဲ မည်သူ့ထံမှ ရရှိသည်ဟူသော အချက်၌သာ မူတည်ပြီး ဆုံးဖြတ်ကြသည်။ ဖောင်းဖောင်းအိအိ လက်အစုံမှ အလေ့ကျပွင့်သော ပန်းဝါ၀ါ တစ်စည်းတစ်လေ လက်ခံရရှိဖူးသည့် မိဘများကို မေးကြည့် ပါ။ အကောင်းဆုံးလက်ဆောင်များကို ငွေကြေး၌ မဟုတ်ဘဲ ချစ်ခြင်းမေတ္တာ၌သာ မူတည်ပြီး တန်ဖိုးထားကြ ပါသည်။
ယင်းကို ဇာခရိ သဘောပေါက်နားလည်သည်။ အသက်ကြီးလျက် ကလေးမရနိုင်တော့သည့်အရွယ်၌…

မျှော်လင့်မထားသော...

နွေရာသီ၏နေ့လယ်ခင်းအပူရှိန်အောက် အမေရိကန်နိုင်ငံတောင်ပိုင်း၌ ခရီးသွားရာ ကျွန်တော်နှင့်ဇနီးဖြစ်သူသည် ရေခဲမုန့်ဝယ်စားရန် ကားရပ်နားလိုက်သည်။ ငွေရှင်း ကောင်တာအနောက် နံရံပေါ်၌ ‘‘နှင်းထုနှင့်ရေခဲပေါ်မှ ဖြတ်သွားနိုင်သည့်ယာဉ် လုံးဝမရှိပါ’’ ဟူသော စာတမ်းကို တွေ့ရသည်။ မျှော်လင့်မထားသည့် အကြောင်းအရာ ဖြစ်သည့်အတွက် ဟာသမြောက်ပါသည်။
တစ်ခါတစ်ရံ မျှော်လင့်မထားသည့် အကြောင်းအရာကို ပြောခြင်းက အကျိုးသက်ရောက်မှု အများဆုံးရှိ၏။ သခင် ယေရှု ပြောသောစကားနှင့် ပတ်သက်၍ ဆင်ခြင်ကြည့်ပါ။
‘‘မိမိအသက်ကို တွေ့သောသူသည် အသက်ရှုံးလိမ့်မည်။ ငါ့ကြောင့် မိမိအသက်ရှုံးသောသူမူကား အသက်ကို တွေ့ လိမ့်မည်’’ (မ ၁၀း၃၉)။ အစေခံကျွန်အဖြစ် ရှိနေသော ဘုရင်မင်း၏တိုင်းပြည်၌ (မ ၁၀း၄၅) သင့်အသက်ကို ဆုံးရှုံးခြင်းသည် အသက်ကိုတွေ့ရန် တစ်ခုတည်းသောလမ်း ဖြစ်သည်။ မိမိကိုယ်ကို မြှင့်တင်ရန်၊ မိမိကိုယ်ကို ကာကွယ်ရန်
သာ အာရုံစိုက်နေသော ကမ္ဘာကြီးအတွက် အံ့ဩမှင်သက်သွားစေမည့်အရာပင် ဖြစ်၏။
လက်တွေ့ကျကျဆိုလျှင်…

ဝမ်းနည်းမြည်တမ်းခြင်းမှ ကခုန်ခြင်းဆီသို့

လွန်ခဲ့သော ၁၀ နှစ်က ကုမ္ပဏီမှ ကျွန်မအား ရာထူးမှဖယ်ရှားလိုက်ကြောင်း ‘‘မင်းကို အလုပ်မှ ရပ်ဆိုင်းလိုက်ပြီ’’ ဆိုသော စကားလုံးများက ကျွန်မကို ထိတ်လန့်စေခဲ့သည်။ စာတည်းဖြတ်ခြင်းအလုပ်နှင့် ကျွန်မ၏ဖြစ်တည်မှုဘ၀က ခွဲမရအောင် နှောင်ဖွဲ့နေခြင်း ကြောင့် ထိုအချိန်၌ ကျွန်မသည် တစ်စစီ ကျိုးပဲ့သွားသည့်အလား ခံစားရသည်။  မကြာမီ ကလည်း အလွတ် စာတည်းဖြတ်သည့်အလုပ် စာချုပ် ပြီးဆုံး ကြောင်းကြားသိရချိန်၌ အလားတူ ၀မ်းနည်းမှုမျိုး ခံစား ရသည်။ သို့သော် ဤတစ်ကြိမ်၌မူ ကျွန်မ၌ ငြိမ်သက်ခြင်း ရှိသည်။ အဘယ့်ကြောင့်ဆိုသော်  ဤနှစ်များအတွင်း ဘုရားသခင်၏ သစ္စာရှိမှု၊ ကျွန်မ၏၀မ်းနည်းမြည်တမ်းမှုကို ၀မ်းမြောက်ခြင်းသို့ ကိုယ်တော်ပြောင်းလဲနိုင်ကြောင်းကို တွေ့မြင်ခဲ့ရခြင်းကြောင့် ဖြစ်သည်။
နာကျင်မှုများ၊ စိတ်ပျက်စရာများနှင့် ကြုံဆုံရသည့် ဤကျရှုံးပျက်စီးသောကမ္ဘာကြီး၌ ရှင်သန်နေရငြားလည်း၊ သခင်ယေရှု ကြွလာမည့်အကြောင်း ဟေရှာယ၏ ပရောဖက် ပြုချက်တွင် ဖော်ပြထားသကဲ့သို့  (ဟေရှာ…