အမျိုးအစား  |  odb

နက်ရှိုင်းစွာ အချစ်ခံရသည်

လွန်ခဲ့သောနှစ်များက ကျွန်ုပ်၏ရုံးခန်းသည် ဘော်စတွန်မြို့၌ရှိပြီး ထင်ရှားကျော်ကြားသော အမေရိကန်သူရဲကောင်းများစွာကို မြှုပ်နှံဂူသွင်းခဲ့သည့် ဂန်နရီသချိုင်း (Granary Burying Ground) သို့ မျက်နှာမူနေသည်။ ထိုနေရာတွင် လွတ်လပ်ရေးကြော်ငြာ စာတမ်းကို သီဆိုကြွေးကြော်ခဲ့သည့် အဆိုတော် ဂျွန်ဟန်းကော့နှင့် ဆယ်မျူရယ် အယ်ဒမ်တို့၏မှတ်တိုင်ကို တွေ့နိုင်သည်။ ၎င်းတို့နှင့် ပေ အနည်းငယ်အကွာတွင် ပေါလ်ရီးဗယ်ရီ၏ မှတ်တိုင်ရှိသည်။
သို့သော် မှတ်တိုင်များသည် ကြိမ်ဖန်များစွာ ရွှေ့ပြောင်းခံရခြင်းကြောင့် ရုပ်အလောင်းများကို  မည်သည့်
နေရာ၌ မြှုပ်နှံထားသည်ကို တိတိကျကျ သိသူ မရှိပေ။ တစ်ခါတစ်ရံ  ပို၍မျက်စိပသာဒလှပစေရန်အတွက် သော် လည်းကောင်း၊ မြက်ရိတ်သူများ မှတ်တိုင်များကြား မြက်ရိတ်
နိုင်ရန်သော်လည်းကောင်း၊ မှတ်တိုင်များကို ရွှေ့ပြောင်းကြ သည်။ ဂန်နရီသချိုင်း၌ မှတ်တိုင်ပေါင်း ၂၃၀၀ ရှိပြီး လူပေါင်း ၅၀၀၀ နီးပါးကို မြှုပ်နှံထားသည်။ ကွယ်လွန်သွားသည့်တိုင် လူအချို့ကို အပြည့်အ၀ သိရှိရန်…

မော်ကြည့်ပါ

ရှေ့သို့ခေါင်းငိုက်စိုက်လျက် စမတ်ဖုန်းကို ငုံ့ကြည့်ခြင်းက သင့်ဂုတ်ပိုးပေါ်၌ ပေါင် ၆၀ အလေးတင်ထားသည်နှင့် ညီမျှသည်ဟု နိုင်ငံတကာ ခွဲစိတ်နည်းပညာ သတင်းဂျာနယ်၏ ဆောင်းပါးတစ်ပုဒ်၌ ပြောထားသည်။ ကမ္ဘာတစ်ဝန်းရှိ လူသန်းပေါင်းများစွာသည် ပျမ်းမျှအားဖြင့် တစ်နေ့လျှင် ၂ နာရီမှ ၄ နာရီအထိ စာဖတ်ခြင်း၊ စာရိုက်ပေးပို့ခြင်းတို့ ပြုလုပ်ကြောင်း ဆင်ခြင်သော်၊ ရလဒ်အနေနှင့် လည်ပင်းနှင့် ကျောရိုးကို ထိခိုက်ပျက်စီးစေပြီး ကျန်းမာရေးအတွက် ပူပန် စရာများ တိုးပွားလာသည်။
အသက်တာ၏ ၀န်ထုပ်ဝန်ပိုးများကြောင့် ၀ိညာဉ်ရေး ၌လည်း အလွယ်တကူ ငိုက်စိုက်ကျသွားနိုင်ပါသည်။ ကျွန်ုပ်တို့ ကြုံတွေ့ရသည့် အခက်အခဲ၊ မိမိချစ်ရသူများ၏ လိုအပ်ချက်တို့ကြောင့် စိတ်ပျက်အားလျော့ရသည့်အကြိမ် မည်မျှလောက်ရှိနေပါသနည်း။ ဆာလံဆရာက စိုးရိမ်ပူပန်ခြင်းတို့၏လေးလံမှုကို နားလည်သည်။ သို့သော် မျှော်လင့်ချက်ကို သူတွေ့မြင်သည်။ "ထိုဘုရားသခင်သည် ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာနှင့်တကွ အရပ်ရပ်၌ ရှိသမျှတို့ကို ဖန်ဆင်းတော်မူ၏။ သစ္စာတော်ကို…

မိမိ၏ ကိုယ်ပိုင်အကန့်နေရာ

စင်္ကာပူတက္ကသိုလ်မှ ကုန်ထုတ်ဒီဇိုင်းဘာသာရပ်နှင့်ဘွဲ့ရပြီးသူတစ်ဦးမှာ သာမန်ပစ္စည်း များကိုအသုံးပြုပြီး ဖြစ်ပျက်နေကျပြဿနာတစ်ရပ်ကို တစ်မူထူးခြားစွာ ဖြေရှင်းပေးမည့် နည်းလမ်းကို ရှာကြံဖန်တီးပေးရန် စိန်ခေါ်ခံရသည်။ သူက လူကျပ်သည့် အများသုံး ဘတ်စ်ကားများ၊ မီးရထားများနှင့်ခရီးသွားစဉ် မိမိ၏ကိုယ်ပိုင်နေရာကို ၀င်မလုနိုင်အောင် ၀တ်စုံတစ်စုံပြုလုပ်တီထွင်ခဲ့သည်။ ယင်းဝတ်စုံကို ရှည်လျားပြီး
ချုံ့ချဲ့နိုင်သော ပလတ်စတစ်ဆူးချွန်များနှင့် ဖုံးအုပ်ထားပြီး သာမန်အားဖြင့် ယင်းကို ငှက်နှင့်ကြောင်တို့ အပင်ကို မဖျက်ဆီးအောင် ကာကွယ်ရန် အသုံးပြုလေ့ရှိသည်။
သူ့အား အလွန်အမင်း မြင်တွေ့ထိတို့လိုသည့် အုတ်အော်သောင်းနင်း လူအုပ်ကြား၌ သူ့နေရာပျောက်သွား သည့် ခံစားချက်ကို သခင်ယေရှု ကောင်းကောင်း သိသည်။ ၁၂ နှစ် ကြာမျှ သွေးသွန်ရောဂါခံစားရပြီး ကုသပျောက်ကင်း စေမည့်ဆေး ရှာမတွေ့သူ အမျိုးသမီးတစ်ဦးက ကိုယ်တော့် ၀တ်ရုံပန်းပွားလေးကို တို့လိုက်သည်။ ချက်ချင်းဆိုသလိုပင် သူမ၏သွေးသွန်နာ ပျောက်ကင်းသွားသည် (လု ၈း၄၃-၄၄)။
"ဘယ်သူ ငါ့ကို လာတို့တာလဲ"…

မိမိကိုယ်ကို ဂရုစိုက်ခြင်း

ကျွန်မ၏ခင်ပွန်း နှလုံးခွဲစိတ်ကုသပြီးနောက် သူ့ခုတင်နားတွင် စိုးတထိတ်ထိတ်နှင့် တစ်ညလုံး ရှိနေခဲ့သည်။ မနက်ရောက်သော် ဆံပင်ညှပ်ရန် ချိန်းထားသည်ကို သတိရ လိုက်သည်။ ဖရိုဖရဲဖြစ်နေသော ဆံနွယ်များကို လက်ချောင်းများနှင့် သပ်တင်လိုက်ပြီး "ဆံပင်ညှပ်ဖို့ ချိန်းထားတာ ဖျက်လိုက်တော့မယ်" ဟုပြောလိုက်သည်။
သမီးက "မေမေ မျက်နှာသစ်ပြီးတော့ ချိန်းထား တာကို သွားလိုက်ပါ" ဟုပြောသည်။ "မဖြစ်ဘူး။ ဒါ အရေးမကြီးဘူး။ အမေ ဒီမှာရှိဖို့ လိုတယ်" ဟု ကျွန်မ ငြင်း လိုက်သည်။ သမီးဖြစ်သူရိုစီက "သမီးရှိနေပေးပါ့မယ်။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ မေမေ . . . ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်။ အမေ့ကိုယ်အမေ ဂရုစိုက်မှပဲ အဖေ့ကိုပိုပြီး ဂရုစိုက်နိုင်မှာ" ဟု ပြောသည်။
ဣသရေလ လူမျိုးတော်အား တရားဆုံးဖြတ် စီရင်ခြင်းအမှုကို တစ်ဦးတည်းတာဝန်ယူလုပ်ဆောင်ရင်း မောရှေခမျာ လုံးပါးပါးလာ သည်။…

အဘိဂဲလ၏ သတိပေးချက်

စည်းစိမ်ဥစ္စာကြွယ်ဝသော်လည်း မောက်မာရက်စက်သူ `နာဗလ´ က ဒါဝိဒ်ကို အကူအညီ မပေး၊ ထို့ကြောင့် ဒါဝိဒ်နှင့်သူ၏စစ်သည်တော် ၄၀၀ တို့က သူရှိရာသို့ ချီတက် လာသည်။ နာဗလ၏ဇနီး အဘိဂဲလနှင့် အရင်မတွေ့ပါက ဒါဝိဒ်သည် `နာဗလ´ အား
လုပ်ကြံသတ်ဖြတ်မည်ဖြစ်သည်။ အဘိဂဲလသည် စစ်တပ်တစ်တပ် စားလောက်သော အစားအစာ အလုံအလောက်ကို ထုပ်ပိုးပြီး စစ်သည်များအား တွေ့ဆုံရန်ခရီးပြုခဲ့ပြီး ကျရောက်လာနိုင်မည့် အန္တရာယ်ဆိုးကို ပယ်ဖျက်လိုက်နိုင်ရန် မျှော်လင့်ထားသည်။ ကြံစည်ထားသည့် အတိုင်း လက်စားချေလုပ်ဆောင်ပါက အပြစ်မကင်းသည့် စိတ်ဖြင့် လိပ်ပြာမသန့်ဖြစ်ရတော့မည်ဟု အဘိဂဲလ က လေးလေးစားစားနှင့် ဒါဝိဒ်ကိုသတိပေးခဲ့သည် (၁ရာ ၂၅း၃၁)။
သူ့စကားမှန်ကန်ကြောင်း ဒါဝိဒ်ဝန်ခံပြီး သူ၏မှန်ကန်စွာ ဆုံးဖြတ်စီရင်ချက်အတွက် ဒါဝိဒ်သူ့ကို  ကောင်းချီးပေးခဲ့သည်။
ကန္တာရထဲတွင် နာဗလ၏သိုးထိန်းများကို ဒါဝိဒ် ကာကွယ်ပေးလည်း(း၁၄-၁၇)၊ ကောင်းမှုကို မကောင်းမှုနှင့် တုံ့ပြန်ခံရသည့်အတွက် ဒါဝိဒ်ဒေါသထွက်၊ စိတ်ဆိုးခြင်းက…

လက်မလျော့နဲ့

ကယ်လီဖိုးနီးယားကမ်းရိုးတန်းမှ ကတ်တလီနာကျွန်းသို့ ၂၆ မိုင် အကွာရှိသည့် ခရီးကို လက်ပစ်ကူးသွားရန် ၁၉၅၂ ခုနှစ်၌ ဖလောရင့် ချတ်ဝစ်ခ် ကြိုးစားအားထုတ်ခဲ့သည်။ ၁၅နာရီကြာ ကူးခတ်ပြီးနောက် သိပ်သည်းစွာမြူကျခြင်းကြောင့် မြင်ကွင်းပိတ်သွား သည်။ ထို့ကြောင့် သူလက်လျော့ခဲ့သည်။ ပန်းတိုင်ရောက်ရန် တစ်မိုင်သာလိုတော့သည့် အချိန်၌ သူလက်လျော့ခဲ့ကြောင်း ပြန်သိလိုက်ရသောအခါ အတော်ပင်စိတ်ပျက်သွားသည်။
နှစ်လကြာပြီးနောက် ကတ်တလီနာကျွန်းသို့ ဒုတိယ
အကြိမ်ကူးသွားရန် ချတ်ဝစ်ခ်ကြိုးစားပြန်သည်။ ဤတစ်ကြိမ်
တွင်လည်း ပိန်းပိတ်အောင် မြူခိုးဝေခဲ့ပြန်သည်။ သို့သော် ဤတစ်ကြိမ်တွင် သူမ၏ပန်းတိုင်သို့ အရောက်ကူးခတ်နိုင်ပြီး ကတ်တလီနာတူးမြောင်းကို ပထမဆုံး ကူးဖြတ်နိုင်သည့် အမျိုးသမီးတစ်ဦးဖြစ်သွားသည်။ ကမ်းကို မမြင်ရသည့်တိုင် စိတ်ထဲ၌ ကမ်းစပ်ပုံကို မှတ်ထား၍ ဖြတ်ကူးခဲ့ကြောင်း ချတ်ဝစ်ခ် ပြောပြခဲ့သည်။
ဘ၀အသက်တာ၌ အခက်အခဲတိမ်တိုက်တို့က ကျွန်ုပ်တို့၏အမြင်ကို ကွယ်စေသောအချိန်တွင် ယုံကြည်ခြင်း
မျက်စိဖြင့် ပန်းတိုင်ကိုမြင်အောင် သင်ယူရန် အခွင့်အရေး ရှိသည်။…

တစိမ်းတရံ တိုင်းတစ်ပါးသား

သေချာအောင် `ကင်းဘရစ်´ မြေပုံပေါ်၌ လက်ညှိုးထောက်လျက် စက်ဘီးကို ရပ်ထား လိုက်သည်။ လမ်းညွှန်များကို အားမကိုးဘဲနှင့် သမိုင်းဝင်အဆောက်အအုံများ မှိုလိုပေါက် နေသော လမ်းဝင်္ကပါထဲ၌ အလွယ်တကူလမ်းပျောက်သွားနိုင်ကြောင်း ကျွန်မသိသည်။
အင်္ဂလိပ်အမျိုးသားနှင့် အိမ်ထောင်ကျခဲ့ပြီး အင်္ဂလန်သို့ ပြောင်းရွှေ့ခဲ့သဖြင့် ဘ၀က ကဗျာဆန်လိမ့်မည်ဟု ကျွန်မတွေးထင်ခဲ့သည်။ သို့သော် ရေစုံမျောနေသကဲ့သို့ ကျွန်မခံစားရသည်။ ကျွန်မ နှုတ်ဆိတ်နေလျှင် အထင်လွဲခံရပြီး စကားပြောသောအခါ အမေရိကန် ကမ္ဘာလှည့်ခရီးသည်အဖြစ် အထင်ခံရသည်ဟု ခံစားရသည်။ ကျွန်မ၏အခန်းကဏ္ဍက မည်သည့်အရာ ဖြစ်သည်ကို မသိသေးသော်ငြားလည်း၊ အလျော့မပေး
တတ်သောလူနှစ်ဦး ပေါင်းစပ်၍ ဘ၀တစ်ခု တည်ထောင်ခြင်းက ကျွန်မ မျှော်မှန်းထားသည်ထက် ပို၍ခက်ခဲကြောင်း နားလည် သဘောပေါက်ခဲ့သည်။
ကျွန်မ၏အဖြစ်က မိမိကျွမ်းဝင်ရင်းနှီးသောအရာအားလုံးကို စွန့်၍ နယ်မြေသစ် တစ်ခုတွင် တစိမ်းတိုင်းတစ်ပါးသားတစ်ဦးအဖြစ် နေထိုင်ရန် ဘုရားသခင်၏စေစား ခြင်းကို နာခံခဲ့သည့် အာဗြံဟံနှင့် ဆင်တူသည် (က…

ကျေးဇူးပြု၍ ၀င်လာပါ

ဂျဲနီ၏အိမ်က  မြို့စွန်မြေလမ်းကျဉ်းလေးတွင်  တည်ရှိပြီး  ယာဉ်ကြောကြပ်သော အချိန်တွင်  အဓိကလမ်းမကြီးနှင့်  မီးပွိုင့်များကို  ရှောင်ရှားလိုသော  ယာဉ်မောင်းများက  ထိုလမ်းကို မကြာခဏအသုံးပြုကြသည်။  လွန်ခဲ့သော  ရက်သတ္တပတ်အနည်းငယ်က ဆိုးဆိုးရွားရွား  ပျက်စီးနေသောလမ်းကို  ပြုပြင်ရန်  အလုပ်သမားများရောက်ရှိလာပြီး "မ၀င်ရ"  ဆိုင်းဘုတ်နှင့် ကြီးမားသော  အရံအတားများကိုပါ ယူဆောင်လာကြသည်။  "အစတော့  ကျွန်မတကယ့်ကို စိုးရိမ်သွားတယ်။  လမ်းပြင်လို့မပြီးမချင်း  ကျွန်မ  ကားသုံးလို့ မရဘူးလို့  ထင်ခဲ့တယ်။  ဒါပေမယ့် ဆိုင်းဘုတ်ကို  အနီးကပ် သွားကြည့်တော့မှ  "မ၀င်ရ။  လမ်းအတွင်း  နေထိုင်သူများကိုသာ ၀င်ခွင့်ပြုသည်" လို့ ရေးသားထားတာကို တွေ့လိုက် ရတယ်။  ကျွန်မအတွက်  အတားအဆီး မရှိတော့ဘူး။ ကြိုက်တဲ့အချိန်  ၀င်ထွက်လို့ရတဲ့  အခွင့်အရေး  ရသွားပြီ။ ဘာလို့လဲဆိုတော့  ကျွန်မက  အဲဒီလမ်းထဲမှာနေလို့လေ။ အထူးအခွင့်အရေးရတဲ့လူလို့  ကျွန်မခံစားရတယ်"  ဟု ဂျဲနီ က ပြောသည်။
ဓမ္မဟောင်းကာလ  တဲတော်နှင့် …

ကြွယ်ဝသော အထောက်အပံ့

ကျွန်မတို့၏  ဥယျာဉ်ထဲ၌  မြေလူးငှက်ကလေးများကို  အစာကျွေးသည့်နေရာတစ်ခုရှိပြီး ငှက်ကလေးများလာရောက်စားသောက်ကြသည်ကိုကြည့်ပြီး  ကျွန်မတို့နှစ်သက်ပျော်ရွှင် မိသည်။ သို့သော်လည်း  မကြာသေးမီက  ခရီးသွားခဲ့သဖြင့်  အစာရေစာပြန်ဖြည့်ရန် မေ့လျော့နေခဲ့သည်။  ကျွန်မတို့ပြန်လည်ရောက်ရှိသောအခါ  အစာခွက်မှာ  ခြောက်ကပ် နေသည်။ " သနားစရာ ငှက်ကလေးတွေ၊ ကျွန်မ၏မေ့လျော့မှု ကြောင့်  သူတို့အစာအာဟာရ  ပြတ်လပ်ပါပြီ"  ဟု  ကျွန်မ တွေးထင်ခဲ့သည်။  သို့သော်  သူတို့ကိုကျွေးမွေးသူမှာ  ကျွန်မ မဟုတ်ဘဲ ဘုရားသခင်ဖြစ်ကြောင်း သတိပေးခြင်းခံရသည်။
ဘ၀၏လိုအပ်ချက်များကြောင့်  ကျွန်မတို့  ခွန်အား ကျဆင်းပြီး  ပြန်လည်ဖြည့်ဆည်းပေးမည့်သူ  မည်သူတစ်ဦး တစ်ယောက်မျှမရှိဟု  တစ်ခါတစ်ရံ  ကျွန်မတို့  ခံစားရသည်။ သို့သော် ကျွန်မတို့၏စိတ်ဝိညာဉ်ကို  ခွန်အားဖြည့်ပေးသူမှာ အခြားသူမဟုတ်၊ ဘုရားသခင်ဖြစ်သည်။
ဆာလံ  ၃၆  တွင်  ဘုရားသခင်၏ချစ်ခြင်းမေတ္တာ ကြွယ်ဝမှုကို  ကျွန်မတို့ဖတ်ရသည်။  သူ့ကို ယုံကြည်စိတ်ချသူများအား  ကိုယ်တော် ကြွယ်ဝစွာ  ကျေနပ်အားရစေကြောင်း  ဖော်ပြထားသည်။  "ချမ်းသာမြစ်ရေ" …

ရိုသေလေးစားမှုဖြင့်

ဣသရေလပြည်သားတို့သည် အုပ်ချုပ်သူမင်းအစိုးရနှင့် ပြဿနာအနည်းငယ် ရင်ဆိုင် ခဲ့ရသည်။  အချိန်က  ဘီစီ  ၅၀၀  နောက်ပိုင်းဖြစ်ပြီး  ဘီစီ  ၅၈၆  တွင်  ဗာဗုလုန်တို့ ဖျက်ဆီးသွားသည့်ဗိမာန်တော်ကို  ဆောက်လုပ်ရန်  ဂျူးလူမျိုးတို့  စိတ်အားထက်သန် နေကြသည်။  သို့သော်  ဆောက်လုပ်ခွင့်ရှိ၊  မရှိ  မြို့ဝန်က  မသေချာသဖြင့်  ရှင်ဘုရင်  ဒါရိမင်းထံ စာတစ်စောင်ပေးပို့ခဲ့သည် (ဧဇရ ၅း၆-၁၇)။
ထိုစာ၌  မြို့ဝန်က  ဗိမာန်တော်ကို  တည်ဆောက် နေသော  ဂျူးလူမျိုးတို့ကို  တွေ့ရှိရကြောင်း၊  ထိုကဲ့သို့ဆောက်လုပ်ရန်  ခွင့်ပြုထားခြင်း  ရှိ၊  မရှိ  ရှင်ဘုရင်ဒါရိအား မေးမြန်းထားသည်။  စာ၌ (ယခင်ဘုရင်  (ကုရုမင်း)  ထံမှ ဆောက်လုပ်ရန် ခွင့်ပြုချက်ကို သူတို့ အမှန်တကယ် ရရှိထား ကြောင်း)  ဂျူးလူမျိုးတို့က  ရိုသေလေးစားမှုဖြင့်  တုံ့ပြန်  အကြောင်းကြားထားကြောင်းကို မှတ်တမ်းတင်ထားသည်။ထိုကိစ္စကို  ရှင်ဘုရင်  စစ်ဆေးသောအခါ  မှန်ကန်ကြောင်း (ကုရုမင်းက …