ဆက်တက်ပါ
ရစ်ချက် ကို ပင့်တင်ပေးရန် လိုသည်။ ရစ်ချက်သည် သူငယ်ချင်း ကီဗင် နှင့်အတူ ကျောက်တောင်တက်ရာ ကီဗင်က ကြိုးများကို သေချာစွာကိုင်တွယ်ချည်တုတ်ပေးသူ ဖြစ်သည်။ မောပန်းပြီး ဆက်မသွားနိုင်တော့သဖြင့် ရစ်ချက် က ကီဗင် အား မြေပေါ်သို့ ကြိုးလျောချပေးရန် ပြောလိုက်သည်။ သို့သော် ကီဗင် က အတော်ခရီးပေါက်နေပြီ ဖြစ်၍ အားမလျော့ဘဲ ဆက်သွားရန် သူ့ကို အားပေးသည်။ သို့နှင့် လေထဲတွင် တွဲလောင်းကျနေသော ရစ်ချက် က ကြိုးစား၍ ဆက်တက်ခဲ့ပြီး၊ တောင်ပေါ်ရောက်သည်အထိ အံ့သြစရာ အောင်မြင်အောင် တက်နိုင်ခဲ့ခြင်းမှာ သူငယ်ချင်း ကီဗင်၏အားပေးစကားကြောင့်ဖြစ်သည်။
ကနဦးအသင်းတော်၌ သခင်ယေရှု၏ နောက်တော်လိုက်များသည် သခင်ဘုရား၏နောက်တော် ဆက်လိုက်ရန်နှင့် ကြင်နာမှုကရုဏာပြရန် အချင်းချင်းကို
ခွန်အားပေးတိုက်တွန်းသည်။ မကောင်းမှုဒုစရိုက်နှင့်ပြည့်သော ခေတ်ယဉ်ကျေးမှုတွင် သန့်ရှင်းစွာ နေထိုင်ရန် အားတက်သရော အချင်းချင်းကို တောင်းပန်တိုက်တွန်းကြသည် (ရောမ…
ဘယ်တော့မှ မေ့မသွားပါ
ဧည့်ပရိသတ်ပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့သော အမေ၏အသက်၅၀ပြည့်မွေးနေ့ပွဲ ဆင်နွှဲနေချိန်တွင် သမီးဦးဖြစ်သော Kukua သည် သူမအတွက် အမေပြုခဲ့ပေးသော အရာများကို ပြန်လည်ရေတွက်ခဲ့သည်။ Kukua သတိရမိသည်က ခက်ခဲသည့်အချိန် အိမ်၌ ငွေပြတ်သောအချိန်ပင်ဖြစ်သည်။ သို့သော် တစ်ခုလပ်မိခင်သည် မိမိသက်သာမှုကို
မငဲ့ဘဲ အဖိုးတန် လက်ဝတ်ရတနာများနှင့် အခြားပိုင်ဆိုင်မှု များကို ရောင်းချကာ Kukua အတွက် အထက်တန်းကျောင်း စားရိတ် ပေးခဲ့သည်။ `မည်မျှပင် ခက်ခဲနေပါစေ သူရော၊ အခြား မောင်နှမတွေကိုပါ အမေဘယ်တော့မှ ပစ်မထားခဲ့ပါ´ ဟု Kukua က မျက်ရည် ကျလျက် ပြောခဲ့သည်။
ဘုရားသခင်သည် သူ့လူမျိုးအပေါ်ထားရှိသော ချစ်ခြင်းမေတ္တာကို ကလေး အပေါ်
ထားရှိသည့် မိခင်တစ်ယောက်၏ချစ်ခြင်းနှင့် ခိုင်းနှိုင်းထားသည်။ ဣသရေလလူမျိုး များသည် တိုင်းတစ်ပါးသို့ ဖမ်းသွားချုပ်နှောင်ခံရချိန်တွင် ဘုရားသခင်က ၎င်းတို့ကို စွန့်ပစ်သကဲ့သို့…
ကတိထားတော်မူသော ၀ိညာဉ်တော်
ဧလိရှဲ၏ ရဲရင့်စိတ်ချမှုနှင့် ဇွဲနပဲကြီးမှုက တောင်ပုံရာပုံ ကြီးမားလှသည်။ ဧလိယနှင့်အတူ
ရှိနေခဲ့ခြင်းကြောင့် သူသည် ပရောဖက်ဧလိယအားဖြင့် ဘုရားသခင် နိမိတ်လက္ခဏာ ပြုခြင်း၊ မုသာခေတ်အတွင်း အမှန်တရားကို ပြောဆိုခြင်း စသည်တို့ကို ကိုယ်တွေ့မြင်ခဲ့ ရသည်။ ၂ရာ ၂း၁ တွင် ဧလိယ ကောင်းကင်သို့ ခေါ်ဆောင်ခြင်းခံရကာနီး အချိန်ဖြစ်ပြီး ဧလိရှဲက သူ့ကို မသွားစေချင်ကြောင်း ပြောပြထားသည်။
မတွေးဝံ့စရာ ခွဲခွာရမည့်အချိန် ရောက်ရှိလာသော အခါ အမှုတော်ကို အောင်မြင်စွာနှင့် ဆက်လက်ဆောင်ရွက်
နိုင်ရေးအတွက် ဧလိယတွင် ရှိသောအရာကို သူလိုအပ် ကြောင်း ဧလိရှဲ သိသည်။ ထို့ကြောင့် သူသည် ရဲတင်းလှစွာ တောင်းဆိုမှုတစ်ခုပြုခဲ့သည်။ "ကိုယ်တော်ဝိညာဉ် နှစ်ဆသော အဘို့ကို အကျွန်ုပ်အပေါ်မှာ ရှိပါစေသော" (၄ရာ ၂း၉) ဟူ၍
တောင်းဆိုခဲ့သည်။ သူ၏ရဲတင်းသောတောင်းဆိုမှုက ဥပဒေသ
အရ သားဦးနှင့်အမွေခံတို့သည်…
သာ၍ကောင်းသည့် ၀မ်းမြောက်မှုမရှိ
ဘော့ နှင့် အီဗွန်ပေါ်တာ တို့သည် သားသုံးယောက်နှင့် ပျော်ပျော်ရွှင်ရွှင်နေတတ်ပြီး ချစ်စရာကောင်းသော ဇနီးမောင်နှံဖြစ်သည်။ ထိုနောက် ၁၉၅၆ တွင် အိုကလားဟိုးမား မြို့၌ ဆရာကြီး ဘီလီဂရေဟမ် ၏ တရားဟောပွဲသို့ တက်ရောက်ခဲ့ပြီး အသက်တာကို ဆက်ကပ်ခဲ့၍ အံ့သြဖွယ်ရာ အသစ်သောဘ၀လမ်းကြောင်း ပြောင်းလဲသွားသည်။ မကြာမီပင် ခရစ်တော်၌ရှိသော သူတို့၏ယုံကြည်ခြင်းနှင့် သမ္မာတရားကို အခြားသူများအား လက်ဆင့်ကမ်းဝေငှ လိုသောကြောင့် အထက်တန်းနှင့် ကောလိပ်ကျောင်းမှ ကျမ်းစာလေ့လာလိုသည့် ကျောင်းသူကျောင်းသားများ အတွက် စနေနေ့ညတိုင်း သူတို့အိမ်တံခါးဖွင့်လျက် နေရာ ပေးခဲ့သည်။ သူငယ်ချင်းတစ်ယောက်က ကျွန်ုပ်အားဖိတ်ခေါ် ခဲ့ခြင်းကြောင့် ပေါ်တာတို့အိမ်၌ ပုံမှန်ကျမ်းစာလေ့လာသူ တစ်ယောက် ဖြစ်လာသည်။
ထိုသို့ ကျမ်းစာလေ့လာရာ၌ အလေးအနက်ထား လုပ်ဆောင်ရသည်။ သင်ခန်းစာများ ကြိုတင်ပြင်ဆင်ရသည်။ ကျမ်းပိုဒ်များ ကျက်မှတ်ရသည်။ သူငယ်ချင်းများနှင့် မိတ်သဟာယဖွဲ့ရပြီး ရယ်မော ပျော်ရွှင်မှုများ ၀န်းရံနေသောအ၀န်းအ၀ိုင်းတွင် အချင်းချင်းစိန်ခေါ်ရင်း၊…
ဆုတောင်းခြင်း မာရသွန်
ပုံမှန်ဆုတောင်းသောအသက်တာ ရှိရန် သင်ရုန်းကန်နေရပါသလား။ လူအတော်များများမှာ ရုန်းကန်နေရသည်။ ဆုတောင်းခြင်း၏အရေးပါပုံကို ကျွန်ုပ်တို့သိသော်လည်း တကယ့်ကို ခက်ခဲသောအရာဖြစ်သည်။ ဘုရားသခင်နှင့် စစ်မှန်နက်ရှိုင်းစွာ ရင်းနှီးသော အချိန်များ ရှိသကဲ့သို့ မိမိစိတ်ခံစားမှုအတိုင်း သွားနေခြင်းဟု ထင်မှတ်မိသည့်အချိန်အခါများလည်း ရှိသည်။ ဆုတောင်းရာ၌ အဘယ်ကြောင့် ရုန်းကန်နေရသနည်း။
ယုံကြည်ခြင်းအသက်တာသည် တာဝေးအပြေးပြိုင်ပွဲ တစ်ခုပင်ဖြစ်သည်။ ဆုတောင်းခြင်းအသက်တာ၏ အတက် အဆင်းနှင့် ကုန်းမြင့်လွင်ပြင်များသည် ပြိုင်ပွဲ၏သဘောကို ပုံဆောင်သည်။ မာရသွန်ပြေးပွဲ၌ မပြတ်ပြေးနေရသကဲ့သို့ပင် ဆုတောင်းခြင်း၌လည်း ကျွန်ုပ်တို့ဆက်လက် ဆုတောင်းနေရန် လိုသည်။ အဓိကမှာ အရှုံးမပေးရန် ဖြစ်သည်။
၎င်းသည် ဘုရားရှင်၏ခွန်အားပေးမှုလည်း ဖြစ်သည်။ တမန်တော်ရှင်ပေါလုက "မခြားမလပ် ဆုတောင်းပဌနာပြုကြလော့" (၁သက် ၅း၁၇)၊ ဆုတောင်းပဌနာပြုခြင်း အမှုကို အမြဲပြုကြလော့။ (ရောမ ၁၂း၁၂)၊ "ကာလအစဉ်ကြိုးစား၍ ဆုတောင်းတတ်၏"
(ကော ၄း၂)ဟု မိန့်ကြားသည်။ ၎င်းမိန့်မှာချက်များသည် ဇွဲလုံ့လနှင့်ခိုင်ခံ့လျက် ဆုတောင်းခြင်း…
အပျက်အစီးများထဲမှ
ယေရုရှလင်မြို့ ဂျူးလူမျိုးနေထိုင်သည့်အပိုင်းတွင် Tiferet Yisrael တရားဇရပ်ကို တွေ့ရလိမ့်မည်။ ၁၉ရာစုနှစ်က တည်ဆောက်ခဲ့ပြီး ထိုတရားဇရပ်ကို ၁၉၄၈ခု အာရပ်- အစ္စရေးစစ်ပွဲတွင် ကိုမန်ဒိုအသေခံတပ်များက ဖေါက်ခွဲဖျက်ဆီးခဲ့သည်။
အပျက်အစီးများမှာ နှစ်ပေါင်းအတန်ကြာ ဤအတိုင်း ရှိနေခဲ့ပြီး ၂၀၁၄ ခုနှစ် တွင်မှ ပြန်လည်တည်ဆောက်ခဲ့သည်။ မြို့အာဏာပိုင် များက အုတ်ကျိုးအုတ်ပဲ့များဖြင့် အုတ်မြစ်ချစဉ် တာဝန်ရှိသူ တစ်ဦးက အုတ်မြစ်တစ်ခုပေါ်တွင် ယေရမိမြည်တမ်းစကား မှ "ရှေးကာလကဲ့သို့ အကျွန်ုပ်တို့ ပြန်၍လာကြပါမည်။ ရှေးကာလကဲ့သို့ အကျွန်ုပ်တို့ကာလကို အသစ်ပြုပြင်တော် မူပါ" (၅း၂၁) ဟူသော ကျမ်းချက်ကို ထည့်သွင်းခဲ့သည်။
ဤမြည်တမ်းစကားသည် ယေရုရှလင်မြို့အတွက် ယေရမိသီဆိုသော ဈာပနတမ်းချင်းဖြစ်ပြီး သူ့မြို့တွင် ဖြစ်ပေါ်နေသော စစ်ပွဲ၏သက်ရောက်မှုကို ကွင်းကွင်း ကွက်ကွက် ဖော်ပြသည်။ အခန်းငယ် ၂၁ သည် ဘုရားသခင် ကြားဝင်လုပ်ဆောင်ပါရန် နှလုံးကြေကွဲစွာဖြင့် တောင်းလျှောက်သည့် ဆုတောင်းချက်ဖြစ်သည်။…
ကျွန်ုပ်လိုနေသော အရာ
Alaska ပြည်နယ် Palmer ဒေသရှိ ဘိုးဘွားရိပ်သာတွင် အခန်းအနောက်ဖက်၌ ရပ်လျက် သမီးလီဇာ၏ အထက်တန်းကျောင်း သံစုံအဖွဲ့မှသီဆိုသည့် "ကောင်းပေသည်ကျူး" ဓမ္မသီချင်းကို နားထောင်ရင်း သံစုံအဖွဲ့၏ဒါရိုက်တာလီဇာသည် ဘာကြောင့် ထိုသီချင်းကို
ရွေးခဲ့သနည်းဟု စဉ်းစားမိသည်။ သူ့ညီမ မယ်လီဇာ၏ ဈာပနတွင်လည်း ထိုသီချင်းကို သီဆိုခဲ့သည်။ ထိုသီချင်းကို နားထောင်ပြီး ကျွန်တော် မခံစား ရဘဲ မနေနိုင်ကြောင်းကို လီဇာ လည်း သိပါသည်။
သီချင်းထဲ၌ နစ်မြောနေစဉ် ဘေးမှလူတစ်ဦးက "ကျုပ်နားထောင်ဖို့ လိုအပ်နေတာ ဒီသီချင်းပဲ" ဟုပြောသည်။ ကိုယ့်ကိုယ်ကိုယ်မိတ်ဆက်ပြီး "ဘာလို့ဒီသီချင်းကို နားထောင်ဖို့ လိုအပ်တာလဲ" ဟု မေးကြည့်ရာ၊ သူက "ကျုပ်သားလေး ကင်မရွန် ဆိုင်ကယ်မှောက်လို့ ပြီးခဲ့တဲ့ အပတ်ကပဲ ဆုံးသွားတယ်" ဟု ဖြေသည်။
အမလေး၊ အခြားသူ၏လိုအပ်ချက်အတွက် မစဉ်းစား မိလောက်အောင် မိမိအရေးကိုသာ ကျွန်တော်အာရုံစိုက်နေမိ…
အလင်းထိုးဖောက် လင်းစေပါ
ကလေးမလေးတစ်ဦးသည် "သူတော်စင်ဆိုတာ ဘယ်လိုလူမျိုးပါလိမ့်"ဟု တွေးခဲ့သည်။ တစ်ရက်မှာ သူမ၏မိခင်က သူမအား ကသီဒြယ်ဘုရားကျောင်းကြီးသို့ ခေါ်ဆောင်သွားပြီး ကျမ်းစာထဲမှ ဇာတ်ဝင်ခန်းများ ရေးဆွဲထားသည့် အံ့ဖွယ်မှန်ပြူတင်းကို ပြသသည်။ ဤသို့ အလွန်လှပသော အလှတရားကိုမြင်ပြီးနောက် သူမသည် ကျယ်လောင်စွာဖြင့် "သူတော်စင်ဆိုတာ ဘာလဲဆိုတာ သမီးအခု သိပြီ၊ သူတို့ဟာ
အလင်းကို သူတို့ကနေတစ်ဆင့် ဖြတ်သန်းစေသူတွေပဲ" ဟု အော်ပြောလိုက်သည်။
လူအချို့က သူတော်စင်ဆိုသည်မှာ ရှေးက ပြီးပြည့်စုံပြီး အပြစ်ကင်းစင်သည့်ဘ၀ကို ရှင်သန်ခဲ့သူများ၊ သခင်ယေရှုကဲ့သို့ နိမိတ်လက္ခဏာ ပြုသူများဟု ထင်တတ် ကြသည်။ သို့သော် သမ္မာကျမ်းစာ၌ သန့်ရှင်းသူဟု ဖော်ပြ ထားလျှင် ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏အမွေခံ၊ ဘုရား
ပိုင်ဆိုင်သူများကို ရည်ညွှန်းသည်။ တနည်းအားဖြင့် သန့်ရှင်းသူဆိုသည်မှာ ကျွန်ုပ်တို့
ကဲ့သို့ပင် မိမိရှိသည့်နေရာ၊ မိမိလုပ်ဆောင်လေသမျှတွင် ခရစ်တော်နှင့်စပ်ဆိုင် ကြောင်းကို ထင်ရှားပြလျက်…
ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း
Adam Minter သည် စွန့်ပစ်အမှိုက်လုပ်ငန်းကို လုပ်ကိုင်သည်။ အမှိုက်လုပ်ငန်း ပိုင်ရှင်၏ သားတစ်ယောက်ဖြစ်သည့်အလျောက် ကမ္ဘာအနှံ့ပတ်ပြီး တိုလီမိုလီအမှိုက်များကို လှည့်ပတ်ရှာသည်။ 'Junkyard Planet' ဆိုသည့် သူရေးသားသောစာအုပ်၌ ဒေါ်လာ သန်းတစ်ထောင်မကတန်သော ပြန်လည်အသုံးပြု၍ရသည့် စွန့်ပစ်ပစ္စည်းလုပ်ငန်း အကြောင်း မှတ်တမ်းတင်ထားသည်။ သူက ကမ္ဘာတစ်ဝန်းရှိ စီးပွားရေးလုပ်ငန်းရှင်များသည့် ကြေးနီဝါယာ၊ ညစ်ပတ် နေသော ခြေသုတ်ခုံ၊ ပလပ်စတစ် အစရှိသော စွန့်ပစ်အမှိုက် များကို အသုံးဝင်သည့်ပစ္စည်းအသစ်အဖြစ် ပြန်လည် ထုတ်လုပ်ရန် စိတ်ရောကိုယ်ပါ မြှုပ်နှံရင်းနှီးကြသည်ဟု မှတ်သားခဲ့ရသည်။
တမန်တော် ရှင်ပေါလုက သူ့အသက်တာကို
ကယ်တင်ရှင်ထံ မျက်မှောက်ပြုပြီးနောက်တွင် သူ၏ အောင်မြင်မှုနှင့် စွမ်းရည်များမှာ အမှိုက်သာသာဖြစ်ကြောင်း သိမြင်ခဲ့သည်။ သို့သော် သခင်ယေရှုသည် ၎င်းတို့ကို အသစ်ဖြစ်စေရုံမျှမက အသုံးဝင်အောင် ပြောင်းလဲပေး ခဲ့သည်။ ရှင်ပေါလုက ဖိ ၃း၇-၈ တွင် "သို့သော်လည်း…
ဘုရားသခင်ရှေ့တော်၌ ဖြောင့်မှန်စွာ လုပ်ဆောင်ခြင်း
“နွားကျောင်းသားကဲ့သို့ အိမ်ဆောက်သူ” ဟူသောစကားလုံးသည် ဗြိတိန်နိုင်ငံရှိ အိမ်ပိုင်ရှင်များက ဆောက်လုပ်ရေးလုပ်ငန်းတွင် မကျွမ်းကျင်သည့် အလုပ်သမားများကို ညွှန်းဆိုခြင်းဖြစ်သည်။ ထိုစကားလုံးသည် ဆိုးဝါးသော အတွေ့အကြုံများကြောင့် ကြောက်ရွံ့မှု (သို့) နောင်တတရားဟုလည်း အဓိပ္ပာယ်သက်ရောက်သည်။
ဓမ္မဟောင်းခေတ်ကာလက ရိုးဖြောင့်မှုမရှိသော လက်သမား၊ ပန်းရံသမား၊ ကျောက်ဆစ်သမားများလည်း ရှိမည် မလွဲပါ။ သို့သော်လည်း ယောရှမင်းကြီး အုပ်စိုးသော ကာလတွင် သစ္စာစောင့်သိသော လုပ်သားများက ပြိုပျက် နေသောဗိမာန်တော်ကို ပြန်လည်ပြုပြင်ကြကြောင်း ဖော်ပြ ပါရှိသည် (၄ ရာ ၁၂း၁၅)။
ယဇ်ပရောဟိတ် ယောယဒ သွန်သင်သော ကာလ ပတ်လုံး ယောရှမင်းသည် ထာဝရဘုရားရှေ့တော်၌ တရားသောအမှုကိုပြုပြီး (၄ ရာ ၁၂း၂)၊ ယဇ်ပရောဟိတ် ယောယဒ သေလွန်သော် ယောရှမင်းသည် ထာဝရဘုရား၏
အိမ်တော်ကိုစွန့်၍ ရုပ်တုတို့ကို ဝတ်ပြုကိုးကွယ်ခဲ့သည် (၆ ရာ၂၄း၁၇-၂၇)။
ယောရှမင်း၏အသက်တာကို ကြည့်လျှင် …