ကျေးဇူးတော်အားဖြင့် အံ့ဩရခြင်း
မီချီဂန်ပြည်နယ်၊ ဂရန်းရက်ပစ် ဒေသမှ အမျိုးသမီးတစ်ဦးသည် သူ့ခင်ပွန်း အိပ်ယာဝင်ပြီး နောက် ဆိုဖာပေါ်တွင် အိပ်ပျော်သွားသည်။ သူခိုးသည် သူတို့မပိတ်မိသောတံခါး မှတစ်ဆင့်
အိမ်ထဲသို့ဝင်လာပြီး ယောက်ျားအိပ်နေသော အိပ်ခန်းထဲသို့ဝင်ကာ တီဗွီကို မလိုက်သည်။ အိပ်ပျော်နေသော အမျိုးသားမှာ နိုးလာပြီး လူရိပ်တွေ့သဖြင့် ‘‘မိန်းမရေ၊ ကုတင်ပေါ် လာအိပ်တော့လေ’’ဟူ၍ တိုးတိုးလေး ခေါ်လိုက်သည်။ သူခိုးလည်း လန့်ဖြန့်ပြီး တီဗွီကြီးကို ချကာ အလှပြင်ခုံရှိ အံဆွဲ ထဲမှပိုက်ဆံထုပ်ကို ယူကာထွက်ပြေးသွားတော့သည်။
သို့သော် ထိုပိုက်ဆံထုပ်မှာ တစ်ဖက်တွင် ဒေါ်လာ ၂၀ တန် နှင့်ဆင်တူသည့် အရုပ်ပါရှိပြီး ကျန်တစ်ဖက်တွင် လူသားတိုင်းအတွက် ဘုရားသခင်၏ခွင့်လွှတ်ခြင်း အကြောင်း
ကမ်းလှမ်းထားသော ခရစ်စမတ်ဝေစာများပါသော အထုပ် ဖြစ်နေသည်။ ထိုသူခိုးအံ့သြသွားလိမ့်မည်။ သူမျှော်လင့်ထား သော ပိုက်ဆံအစား၊ သူခိုးသည် သူ့အတွက် ဘုရားသခင် ပြင်ဆင်ပေးထားသော မေတ္တာတော်အကြောင်းကို ရရှိသွားသည်။…
ကျွန်ုပ်၏ခွန်အားဖြစ်သော ဘုရားရှင်
ဗာဗုလုန် စစ်သားများအား လူကြီးလူကောင်းများဟူ၍ မည်သူမျှ တလွဲ အမှတ်မှားမည် မဟုတ်ပါ။ ၎င်းတို့သည် အကြင်နာကင်းမဲ့သည်။ ဒူပေနာပေ ခံနိုင်သည်။ ကြောက်စရာ ကောင်းသည်။ သိန်းငှက်က သားကောင်ကို ထိုးသုတ်ယူသကဲ့သို့ အခြားတိုင်းနိုင်ငံများကို တိုက်ခိုက်ကြသည်။ တန်ခိုးအာဏာရှိရုံမက မာန်မာနလည်း ထောင်လွှားနေကြသေး သည်။ သူတို့၏တိုက်ရည်ခိုက်ရည်အစွမ်းကို သူတို့ကိုးစား သည်။ သမ္မာကျမ်းမှ ၎င်း၏ခွန်အားသည် ၎င်းတို့၏ဘုရား ဖြစ်ကြောင်း ပြောထားသည် (ဟဗ ၁း၁၁)။
ဣသရေလတပ်များသည် မိဒျန်လူတို့နှင့် တိုက်ပွဲဝင် ရန် ပြင်ဆင်နေချိန်တွင် ဘုရားသခင်သည် ၎င်းတို့အား ထိုကဲ့သို့ မိမိကိုယ်မိမိ အားကိုးခြင်းများ မရှိစေလိုပါ။ ထို့ကြောင့် ဣသရေလတပ်၏ ဗိုလ်ချုပ်ဖြစ်သော ဂိဒေါင်အား ‘‘သင်၌ပါသောလူတို့သည် အလွန်များ၍ သူတို့လက်၌ မိဒျန်လူတို့ကို ငါမအပ်ရ။ အပ်လျှင် ဣသရေလအမျိုးက ငါ့လက်ရုံးသည် ငါ့ကိုကယ်တင်မည်ဟု ငါ့တစ်ဘက်၌ ၀ါကြွားလိမ့်မည်’’ (သူကြီး ၇း၂)ဟု…
အံ့ဩသွားလား
အီတာလျံအနုပညာရှင်ဖြစ်သော Michelangelo Merisi da Caravaggio သည် မြူးကြွသော ပင်ကိုစိတ်သဘောရှိပြီး သမားရိုးကျ မဟုတ်သော နည်းလမ်းဖြင့် ကြံဆ
လုပ်ဆောင်တတ်ခြင်းကြောင့် ထင်ရှားခဲ့သည်။ သူရေးဆွဲသည့် သူတော်စင်ပုံများတွင် သာမန်လုပ်သားများကို စံထားရေးဆွဲခဲ့ပြီး ကြည့်ရှုသူများအနေဖြင့် ထိုပန်းချီကား၌ မိမိပါရှိနေသည့်အလား ခံစားရသည်အထိ ပြောင်မြောက်လှ သည်။ Supper at Emmaus ပန်းချီကားတွင် သခင် ယေရှုအား ရှင်ပြန်ထမြောက်သောအရှင်ဖြစ်ကြောင်း မှတ်မိ သွားပုံကို သရုပ်ဖော်ထားသည်။ ပန်းချီကား၌ ယေရှုနှင့် တပည့်တော်နှစ်ဦးတို့ စားပွဲ၌ အတူတကွ လျောင်းနေစဉ် တည်းခိုခန်း ပိုင်ရှင်က မတ်တပ်ရပ်နေသည် (လု ၂၄း၃၀)။ တပည့်တော်တစ်ယောက် ရှေ့သို့တိုးကြည့်နေပြီး အခြား တစ်ယောက်က အံ့ဩမှုအပေါင်းနှင့် သူ့လက်နှစ်ဖက်ကို ဖွင့်ထားသည်။
ရှင်လုကာခရစ်ဝင်ကျမ်းတွင် ဤအဖြစ်အပျက်ကို ထည့်သွင်း မှတ်တမ်းတင်ခြင်း သည် ။ ထိုလူနှစ်ယောက်သည် တပည့်တော်…
ဘယ်တော့မှ စွန့်ပစ်မထား
ရုရှားစာရေးဆရာ Fyodor Dostoyevsky က ‘‘လူအသိုင်းအ၀ိုင်းက တိုးတက် ပြောင်းလဲမှု အတိုင်းအတာကို သုံးသပ်ချင်ရင်တော့ သူ့(ဘောင်)အကျဉ်းထောင်ထဲ ၀င်ကြည့်မှ ဖြစ်မည်’’ ဟု ပြောခဲ့သည်။ ထိုအကြောင်းကို စဉ်းစားနေရင်း `ကမ္ဘာ့ကြောက်မက်ဖွယ်
အကောင်းဆုံး အကျဉ်းထောင် ၈ ခု အကြောင်း ဖော်ပြထားသော အင်တာနက် ဆောင်းပါး ကို ကျွန်တော် ဖတ်ကြည့်သည်။ ယင်းအကျဉ်းထောင် တစ်ခုစီ၌ အကျဉ်းသားတိုင်းကို သီးသန့်အခန်းထဲ၌ လှောင်ပိတ်ထားသည်။
လူဆိုသည်မှာ ၀န်းကျင်အသိုင်းအ၀ိုင်းနှင့် ဆက်ဆံ နေထိုင်သောလူမှုသတ္တ၀ါ ဖြစ်သည်။ တသီးတခြားနေထိုင် သက်ရှင်ရန် မဟုတ်ပါ။ ထို့ကြောင့် သီးသန့်အချုပ်ခန်းထဲ လှောင်ပိတ်ခံထားရခြင်းသည် အပြင်းအထန်ဆုံးသော အပြစ်ဒဏ်ဖြစ်သည်။
ကားတိုင်ပေါ်၌ ခရစ်တော်သည် ခမည်းတော်ဘုရား နှင့် ဆက်သွယ်မှု ပြတ်တောက်သွားချိန်တွင် ခရစ်တော် ခံရသော အပြင်းထန်ဆုံးဝေဒနာမှာ စွန့်ပစ်ခံရပြီး အထီးကျန်
သည့် ဝေဒနာဖြစ်သည်။ မဿဲ…
စကားလုံး ၃ လုံးပါ နာရေးသတင်း
Stig Kernell မကွယ်လွန်မီက လုပ်ရိုးလုပ်စဉ် နာရေးမျိုးကို သူ့အလှည့်တွင် မလိုချင် ကြောင်း၊ ဆွီဒင်လူမျိုးသက်ကြွယ်ကြီးက ထိုကဲ့သို့ လုပ်မည့်အစား သေဆုံးကြောင်းကို `ငါသေပြီ´ဟု စကားလုံး ၃ လုံးသာရေးပြီး ကြေညာရန် သွန်သင်ခဲ့ကြောင်း ပြောခဲ့သည်။ အသက် ၉၂ နှစ်အရွယ်တွင် Mr. Kernell သေဆုံးသောအခါ၊ နာရေးသတင်းတွင် အထက်ပါအတိုင်း တစ်သွေမတိမ်း ပါလာသည်။ ဤသို့ ပွင့်လင်းရိုးစင်းသည့်၊ အများနှင့်မတူသည့် နာရေးသတင်း သည် ကမ္ဘာတစ်ဝန်းရှိ သတင်းစာတော်တော်များများ၏ အာရုံကို ဖမ်းစားခဲ့သည်။ ဈာပနကိစ္စ အေးအေးဆေးဆေး ပြီးသွားရန် မျှော်မှန်းထားခဲ့သော်လည်း စာလုံး ၃ လုံးပါ နာရေး
ကြော်ငြာ၏ဖမ်းစားမှုကြောင့် သူ့ဈာပနတွင် သူမျှော်မှန်းထား သည်ထက် လူဦးရေပို၍များပြားစွာ တက်ရောက် ခဲ့ကြသည်။
သခင်ယေရှုအသေခံခဲ့စဉ်ကလည်း သခင်၏ နာရေး
သတင်းမှာ `သူသေပြီ´ ဟူ၍ ဖြစ်လိမ့်မည်။…
သံလွင်ဆီ ကြိတ်ဆုံ
ဂါလိလဲအိုင်ဘေးရှိ ကပေရနောင်ရွာလေးသို့ သင်သွားရောက်လည်ပတ်လျှင် ရှေးဟောင်း သံလွင်ဆီကြိတ်ဆုံများ ခင်းကျင်းပြသထားသည်ကို တွေ့မြင်ရပါမည်။ ချော် ကျောက်နက်ဖြင့် ပြုလုပ်ထားသော သံလွင်ဆီကြိတ်ဆုံများတွင် အောက်ခံကျောက်နှင့် ကြိတ်သည့်ဘီး ဟူ၍ နှစ်ပိုင်းပါဝင်သည်။ အောက်ခံကျောက်မှာ ၀ိုင်းဝိုင်းကျယ်ကျယ် ဖြစ်ပြီး အမြောင်းလေးတစ်ခုပါရှိသည်။ သံလွင်သီးများကို အမြောင်းလေးတွင် ထည့်ပြီး ချော်ကျောက်ဘီးဖြင့် ကြိတ်၍ သံလွင်ဆီများကို ရယူပါသည်။
ကားတိုင်ပေါ်မတက်မီညတွင် သခင်ယေရှုသည် သံလွင်တောင်ပေါ်မှနေ၍ ယေရုရှလင်မြို့ကို လှမ်းကြည့်ခဲ့ သည်။ ထို့နောက် ဂေသရှေမန်ဥယျာဉ်တွင် ‘‘ပြင်းစွာသော ဝေဒနာကိုခံလျက် အထူးသဖြင့် ကြိုးစား၍ ဆုတောင်းတော် မူ၏။ ချွေးထွက်တော်မူသည်ကား မြေပေါ်၌ကျသော သွေးစက်ခဲကဲ့သို့ ဖြစ်သတည်း’’ (လု ၂၂း၄၄)။
သားတော်ယေရှုသည် ဝေဒနာကို ခံစားခဲ့ပြီး ဤလောက၏အပြစ်ကို ဆောင်ယူ သွားခဲ့သည် (ယော ၁း၂၉)။ ပြတ်တောက်ကွဲကွာသွားသော အဖဘုရားသခင်နှင့် ကျွန်ုပ်တို့၏ဆက်ဆံမှုကို ပြန်လည် ထိန်းသိမ်းပေးသည်။ `ငါတို့အနာရောဂါဝေဒနာများကို…
သစ်လုံးအိမ်လေးမှ ဇာတ်လမ်းများ
လက်ထွင်းသစ်လုံးများဖြင့် ကျွမ်းကျင်စွာ တည်ဆောက်ထားသော ရှေးဟောင်း သစ်လုံးအိမ်လေးသည် မဂ္ဂဇင်းမျက်နှာဖုံးအတွက် တန်ဖိုးရှိလှသည်။ သို့သော် အိမ်လေးကိုက အဖိုးတန်ရတနာဖြစ်သည်။ အိမ်တွင်းနံရံပေါ်၌ ချိတ်ဆွဲထားသော မိသားစု
အမွေအနှစ်များက အမှတ်ရစရာများနှင့် လွှမ်းမိုးနေသည်။ စားပွဲပေါ်၌ လက်ရက် ကြက်ဥခြင်း၊ ဘီစကွက် တင်သည့် သစ်သားပြားဟောင်းနှင့် မီးအိမ်တို့ရှိသည်။ ခပ်နွမ်းနွမ်း Pork-Pie ဦးထုပ်လေးကို အိမ်ရှေ့တံခါးပေါ်တွင် ချိန်ဆွဲထားသည်။ ဂုဏ်ယူနေသော ပိုင်ရှင်က `ပစ္စည်းတစ်ခုချင်းစီရဲ့နောက်ကွယ်မှာ ဇာတ်လမ်း လေးတွေရှိတယ်´ ဟု ပြောကြားခဲ့သည်။
ဘုရားရှင်သည် မောရှေအား တဲတော်ဆောက်ရန် လမ်းညွှန်မှုများပေးရာ၌လည်း နောက်ကွယ်၌ ဇာတ်လမ်းများ ရှိခဲ့သည်(ထွက် ၂၅-၂၇)။ ဘုရားထံတိုးဝင်ရန် နည်းလမ်း တစ်ခုသာရှိသကဲ့သို့ တဲတော်တွင်လည်း ၀င်ပေါက် တစ်ပေါက် သာရှိသည် (တ ၄း၁၂ ကို ကြည့်ပါ)။ အတွင်းမှ ထူထဲသော
ကန့်လန့်ကာသည် ဘုရားသခင်ကျိန်းဝပ်တော်မူသော သန့်ရှင်းရာဌာနတော်နှင့် လူများကို …
အကောင်းဆုံးများ လာဦးမည်
ကျွန်တော်တို့မိသားစုအတွက် မတ်လသည် ဆောင်းရာသီကုန်ဆုံးခြင်းထက်မက ပို၍ အဓိပ္ပာယ်ရှိသည်။ အဘယ့်ကြောင့်ဆိုသော်`မတ်လရူးသွပ်ခြင်း´ဟုခေါ်သည့် အံ့မခန်းသော ကောလိပ်ပေါင်းစုံ ဘတ်စကက်ဘောပြိုင်ပွဲရာသီ ရောက်ရှိလာခြင်းကြောင့် ဖြစ်သည်။ စိတ်ထက်သန်သော ဘတ်စကက်ဘောဝါသနာအိုးများ ဖြစ်သည့်အလျောက် ပြိုင်ပွဲများကို ကျွန်တော်တို့ မလွတ်တမ်း အားပေးပြီး အကြိုက်ဆုံး အသင်းများကို အားတက်သရော အားရပါးရ အားပေးကြသည်။ ပြိုင်ပွဲမစမီ စော၍ ရုပ်မြင်သံကြားဖွင့်မိလျှင် ယခုကစားမည့် ပြိုင်ပွဲအကြောင်း၊ ပွဲမ၀င်မီ ကစားသမားများ၏ ကြိုတင်လေ့ကျင့်မှုများ၊ ယခု ကွင်းထဲ၌ ကစားသမားများ သွေးပူလေ့ကျင့်ခန်း လုပ်နေသည့် ရိုက်ချက်များ စသည်ဖြင့် အသံလွှင့်သူ၏သုံးသပ်ချက်ကို ရှုစားနားထောင် ခွင့်ရသည်။
လောက၌ နေခွင့်ရသည့် ကျွန်ုပ်တို့ဘ၀အသက်တာ သည်လည်း ဘတ်စကက်ဘောပြိုင်ပွဲ အကြိုကာလနှင့် တူသည်။ ဘ၀သည် စိတ်ဝင်စားစရာများ၊ ကတိက၀တ်များနှင့် ပြည့်နှက်နေသော်လည်း အနာဂတ်တွင်ရှိသောအရာများနှင့် နှိုင်းမယှဉ်သာပါ။ ဘ၀သည် ကောင်းမွန်သော်လည်း အကောင်းဆုံးများ လာဦးမည်ကို သိမှတ်ခြင်းဖြင့်၊ တစ်ဖန်…
ပြည့်ဝသောနေရောင်ခြည်
ကတ်ထူပြားပေါ်ရေးထားသော လမ်းညွှန်က ရှင်းရှင်းလေးပါ။ ‘‘နေအလင်းရောင် အပြည့်အ၀ရရှိရန် လိုအပ်သည်’’။ ကျွန်မတို့ခြံက အရိပ်ကောင်းသည်။ ထိုကြောင့် နေရောင်ခြည်လိုအပ်သောအပင်များအတွက် မသင့်တော်ပါ။ ၎င်းကို ကျွန်မသိပါ သော်လည်း အပင်၏အရောင်၊ အရွက်ပုံစံ၊ အရွယ်အစားနှင့်ရနံ့ကို နှစ်သက်သဖြင့် ထိုအပင်ကို ၀ယ်ယူကာ အိမ်သို့ယူလာပြီး စိုက်လိုက်သည်။ အသေအချာ ဂရုစိုက်သည်။ သို့ငြား အပင်လေးသည် ကျွန်မအိမ်၌ မပျော်ပိုက်ပါ။ ကျွန်မ၏ဂရုပြုခြင်းများသည် သူ့အတွက် မလုံလောက်ပါ။ ကျွန်မ မပေးနိုင်သော နေရောင်ခြည်ကို သူလိုအပ်နေပါသည်။ နေရောင်ခြည် အစား အခြားသောဂရုပြုမှုဖြင့် ပြုစုနိုင်မည်ဟု ထင်မှတ်ခဲ့ သော်လည်း ထင်သလို မဖြစ်လာပါ။ အပင်များသည် သူတို့လိုအပ်သောအရာကို ရရှိရန် လိုအပ်သည်။
လူသားများလည်း ထို့အတူပင်၊ အကောင်းဆုံး မဟုတ်သည့် အခြေအနေမျိုးတွင် ကျွန်မတို့ ခဏတာရှင်သန်နိုင်သော်လည်း ကြာကြာ မရှင်သန် မရပ်တည်နိုင်။ ကျွန်မတို့၏
ရုပ်ခန္ဓာအတွက် အခြေခံလိုအပ်ချက်များအပြင်…
ရေတို့ နီထွေးသွားသောအခါ
ဓာတ်ပုံနှင့် ရုပ်ရှင်ဗီဒီယိုများ မပေါ်သေးသည့်ခေတ်၌ သခင်ယေရှု အဘယ်ကြောင့် ဤ လောကသို့ ကြွဆင်းလာခဲ့သနည်း။ သူ့ကို လူတိုင်းတွေ့ရပါက လူအများအပြား သူ့အား လက်ခံယုံကြည်မည် မဟုတ်ပါလား။ ရုပ်ပုံတစ်ပုံက စကားလုံးတစ်ထောင်နှင့် တန်ဖိုး ညီပါသည်မဟုတ်လား။ `နှုတ်တစ်ရာ စာတစ်လုံး´ ဟူသည့် ဆိုရိုးလည်းရှိသည်။
သို့သော် Ravi Zacharias က "စကားတစ်လုံးက ရုပ်ပုံ တစ်ထောင်နှင့် ညီမျှသည်" ဟု အခိုင်အမာဆိုသည်။ သူက "သတိရှိသောရေကား ၎င်း၏အရှင်သခင်အား မြင်တွေ့သော် ရှက်သွေးနီနီဖြာခဲ့တာ" ဟူသည့် ကဗျာဆရာ Richard Crashaw ၏ ကဗျာစာသားများကို ကိုးကားညွှန်းခဲ့သည်။ ရေမှစပျစ်ရည်သို့ ပြောင်းစေသည့် သခင်ယေရှု၏ ပထမဆုံးသော အံ့ဖွယ်နိမိတ် လက္ခဏာ၏အနှစ်သာရကို Crashaw က အမိအရဖော်ပြသည် (ယော ၂း၁-၁၁)။ ဖန်ဆင်းခံအရာကို၌က ယေရှုရှင်အား ဖန်ဆင်းရှင်အဖြစ် သိမှတ်သည်။ မည်သည့်လက်သမားကမှ…