အမျိုးအစား  |  odb

ကြီးပြင်းလာခြင်း

ကျွန်တော့်မြေးနှင့် သူ့သူငယ်ချင်းများ T.Ball ကစားနေကြသည်ကို ကြည့်ရ သည်မှာ ပျော်စရာကောင်းလှသည်။ ဘေ့စ်ဘောကစားနည်းကို အစပျိုးလေ့ကျင့်ပေး သည့်
ဤကစားနည်းတွင် ကလေးများသည် မှားသည့်ဘက်သို့ မကြာခဏ ပြေးတတ်ပြီး
ဘောလုံးကို ဖမ်းမိပြန်လျှင်လည်း ဘာလုပ်ရမှန်းမသိဖြစ်နေတတ်သည်။ သို့သော် တကယ့်
ပွဲကြီးပွဲကောင်းကိုကြည့်ပြီဆိုလျှင် ဤအမှားမျိုးက ရယ်စရာ မကောင်းတော့ပါ။
၎င်းသည် ရင့်ကျက်ခြင်းပြဿနာဖြစ်သည်။
ငယ်ရွယ်သောကစားသမားများအဖို့ ဘာလုပ်ရမှန်း မသိဖြစ်လည်း၊ ပုံစံမမှန်ဘဲ မှားနေလည်း ပြဿနာမရှိ၊ အဆင်ပြေသည်။ ၎င်းတို့ကြိုးစားနေခြင်း၊ သင်ယူနေခြင်း မဟုတ်ပါလား။ ထို့ကြောင့် ၎င်းတို့ရင့်ကျက်တိုးတက် လာအောင် လေ့ကျင့်ပေးရသည်။ စိတ်ရှည်စွာ လမ်းညွှန် ရသည်။ နောက်ဆုံး ၎င်းတို့ ကျွမ်းကျင်လာပြီး အဖွဲ့တစ်ဖွဲ့ အနေဖြင့် ကစားနိုင်သောအခါ သူတို့၏ အောင်မြင်မှုအတွက် ဂုဏ်ပြုရပြန်သည်။
တစ်ခါတစ်ရံ၌ သခင်ယေရှုနောက်တော်လိုက်များ၏ အသက်တာ၌လည်း ထိုသို့ဖြစ်တတ်သည်။ ရှင်ပေါလုက အသင်းတော်တွင် ‘‘အရာရာ၌ ...စိတ်ရှည်ခြင်းနှင့်…

သတိပြုမှတ်သားခြင်း

အိမ်၌ဧည့်သည်များ ဖိတ်ကြားမည်ဖြစ်၍ ကျွန်မအိမ်ရှင်းနေရင်းမှ ‘‘ငါရှင်းလင်းတဲ့ နေရာကိုတော့ သတိမပြုမိဘဲ၊ မရှင်းမိတဲ့နေရာကိုပဲ သတိပြုမိလိမ့်မယ်’’ ဟု တွေးမိပြီး စိတ်ညစ်သွားသည်။ ထိုမှတစ်ဆင့် ‘‘လူတွေက မှန်တာထက် မှားတာကို ဘာလို့ပိုပြီး မြင် တတ်တာလဲ’’ ဟူသည့် အတွေးအခေါ်ဆန်ဆန် ၀ိညာဉ် ရေးရာ
မေးခွန်းက အတွေးထဲဝင်လာသည်။ ကြင်နာမှုသဘောထက်
ရိုင်းပျမှုသဘောကို ကျွန်မတို့ သတိရသည်။ ရက်ရောသောအလှူပွဲထက် ရာဇ၀တ်မှုကို လူတို့ပို၍ အာရုံ စိုက်မိသည်။ မိမိအနီးအပါးရှိ အလှတရားထက် အနိဌာရုံများ က ကျွန်မတို့၏အာရုံကိုဖမ်းစားသည်။
ဘုရားသခင်အပေါ် ကျွန်မတို့ ထိုနည်းအတိုင်း မြင် နေကြောင်း ကျွန်မသဘောပေါက်ပြီ။ ကိုယ်တော်ပြုပေးသော အရာထက် ကိုယ်တော် မပြုပေးသောအရာကိုသာ ကျွန်မအာရုံစိုက်မိသည်။ ကျွန်မ၌ ရှိသည့်အရာထက် မရှိသည့်အရာ၌သာ စိတ်ရောက်သည်။ ကိုယ်တော်ဖြေရှင်းမစခဲ့သော အမှုများထက် ကိုယ်တော်မဖြေရှင်းပေးသည့် အမှုအခြေအနေ၌ အာရုံစိုက်သည်။
ကျွန်မက ထိုသို့ဖြစ်နေသော်လည်း…

အသက်ကြီးစဉ် ဘ၀ရှင်သန်နည်း

‘‘ဒီနေ့ နေသာရဲ့လား’’ ဟု ကျွန်တော် မေးလိုက်ရာ အသက် ၈၄ နှစ် အရွယ် ကျွန်တော့်မိတ်ဆွေ ဘွားဘွားက နာကျင်ကိုက်ခဲနေသော အဆစ်အမြစ်များကို ညွှန်ပြရင်း ‘‘အသက်ကြီးလာတာ ဘာတစ်ခုမှ မကောင်းဘူးကွယ်’’ ဟု ဖြေပြီးမှ ရုပ်ခြည်း အားရ၀မ်းမြောက်သောလေသံနှင့် ‘‘ဒါပေမယ့် ဘုရားသခင်က ကျွန်မအပေါ် သိပ်ကောင်း ပါတယ်’’ ဟု ဖြည့်စွက်ပြောလိုက်သည်။
‘‘အသက်ကြီးပြီး အိုမင်းလာချိန်ဟာ ကျွန်တော့်ဘ၀ ရဲ့
အံ့သြစရာ အကောင်းဆုံးအချိန်ဖြစ်တယ်’’ ဟု ဆရာကြီး ဘီလီဂရေဟမ် က ‘‘Nearing Alone’’ ဟူသည် စာအုပ်၌ ရေးသားခဲ့သည်။ ‘‘အခုတော့ ကျွန်တော်က လူအိုကြီးပေါ့။ တကယ်ပါ။ မလွယ်ဘူးနော်။ ကျွန်တော်တို့ အသက်ကြီးလာ တာနဲ့အမျှ ကြုံရတဲ့ဘ၀ပြဿနာတွေအပေါ် သမ္မာကျမ်းစာက လျော့ပေါ့မပြောဘူး။ အသက်အရွယ်အိုမင်းချိန်ကို ဂရုမစိုက် ဘဲ နေလို့ရတယ်။ ဒါမှမဟုတ် အံကြိတ်ပြီးသည်းခံရမယ်လို့လည်း…

ဂိုး ဖီဘာ

ရာသီဥတုအခြေအနေကြောင့် ချဲလင့်ဂျာ အာကာသယာဉ်ကိုလွတ်တင်ရန် ၅ ကြိမ် နှောင့်နှေးခဲ့ပြီး၊ ၁၉၈၆ ခုနှစ် ဇန်န၀ါရီလ ၂၈ ရက်တွင် ချဲလင့်ဂျာ အာကာသယာဉ် သည် မိုးချုန်းသံတစ်မျှ မြည်ဟီးလျက် မီးတောက်ကြားမှ ကောင်းကင်သို့ ထိုးတက် သွားပြီး ၇၃ စက္ကန့်သာ ကြာပါသည်။ ယာဉ်ကြီးပေါက်ကွဲကာ လိုက်ပါသွားသူ ၇ ဦး စလုံး သေဆုံးသွားသည်။
၎င်းသည် အာကာသယာဉ်ကို ဖွဲ့စည်းတည်ဆောက် ထားသည့် အိုရင်း (O rings) အ၀ိုင်းများ ခံနိုင်ရည်မရှိဘဲ အအေးလွန်ကဲသောအခါ ကျွတ်ဆတ်ပျက်စီးသွားခြင်း ကြောင့် ဖြစ်သည်ဟု ဆိုကြသည်။
အရေးကြီးသည့် ကြိုတင်ပြင်ဆင်မှုများ မလုပ်ဘဲ ကြီးမားသောပန်းတိုင်ကို အဆောတလျင် အကောင်အထည် ဖော်ရန်သာ အလျင်စလို ပြုခြင်းကြောင့် အဖတ်ဆယ်၍ မရသောအမှား  Go fever ဟု လည်းဆိုကြသည်။
လူ့သဘာဝက ရည်မှန်းချက်ကြီးပြီး…

မျှော်လင့်စောင့်စားလျက်

အသက် (၆၃)နှစ်အရွယ်၌ ဒတ်ခ်ျလူမျိုးပန်းချီပညာရှင် ရမ်းဘရန့် ရုတ်တရက် ကွယ်လွန်သွားရာ၊ မပြီးဆုံးသေးသော ပန်းချီကားတစ်ချပ် ကျန်ခဲ့သည်။ ထိုပန်းချီကား တွင်
သူငယ်တော်ယေရှုမွေးဖွားပြီး ရက် (၄၀) အကြာ၌ သူကို ယေရုရှလင်ဗိမာန်တော်သို့ ဆောင်ယူခဲ့ရာ သူငယ်တော်ကို ပွေ့ချီရခဲ့သည့် ရှုမောင်၏ခံစားချက်မျက်နှာကို အသားပေး ရေးဆွဲထားသည်။ သို့သော် နောက်ခံနှင့် သာမန် အသေးစိတ်ရေးဆွဲခြင်းဖြင့် အဆုံးမသတ်နိုင်ခဲ့ပါ။ ကျွမ်းကျင်သူပညာရှင်အချို့က ရမ်းဘရန့် သည် သူ့ဘ၀ အဆုံးသတ်တော့မည်ကို သိခြင်းကြောင့် ရှုမောင်ကဲ့သို့ ‘‘ငြိမ်ဝပ်စွာ စုတေ့ရန်’’ အသင့်ဖြစ်နေသည်ဟု (လု ၂း၂၉) ယူဆကြသည်။
သန့်ရှင်းသောဝိညာဉ်တော်သည် ရှုမောင်အပေါ်၌ တည်လျက်ရှိသည်ဖြစ်၍ (း၂၅) မာရိနှင့်ယောသပ်တို့က ၎င်းတို့၏သားဦးကို ဘုရားသခင်ထံ ဆက်ကပ်သောအခါ ဗိမာန်တော်၌ သူရောက်ရှိနေခြင်းက တိုက်ဆိုင်မှု မဟုတ်ပါ။ ကတိထားတော်မူသော မေရှိယကို စောင့်စားစောင့်မျှော် နေသည့် ရှုမောင်သည် သူငယ်ကို ချီပိုက်လျက်…

မြင်ကွင်းကောင်းကောင်း

ကျွန်မငယ်စဉ်က သစ်ပင်ပေါ်တက်၍ ဆော့ရသည်ကို နှစ်ခြိုက်လှသည်။ မြင့်မြင့် တက်လေ ပို၍ ရှင်းလင်းစွာ မြင်ရလေဖြစ်သည်။ မြင်ကွင်းကောင်းကောင်း မြင်ရအောင် မကြာခဏဆိုသလို အကိုင်းဖျားထိ  တရွေ့ရွေ့တိုးသွားခြင်းကြောင့် သစ်ကိုင်းညွတ်ကျ သွားရလေသည်။ သို့သော် သစ်ပင်တက်ဆော့ရသည့်အချိန်က ကုန်လွန်သွားပြီ။ ကျွန်မ ကြီးပြင်းလာသည်နှင့်အမျှ အပင်ကသိပ်စိတ်မချရတော့သလို မတင့်တယ်တော့ဟု ကျွန်မခံစားရခြင်းကြောင့် ဖြစ်သည်။
သူဌေးဇက္ခဲကမူ သူ့ဂုဏ်သိက္ခာကို ဘေးဖယ်ပြီး (သူ့ လုံခြုံမှုကိုလည်း ဂရုမစိုက်တော့ဘဲ) တစ်နေ့တွင် ယေရိခေါ
မြို့၌ သစ်ပင်တစ်ပင်ပေါ်သို့ တက်ခဲ့သည်။ သခင်ယေရှုက
မြို့ထဲသို့ဝင်လာသဖြင့် ထိုပုဂ္ဂိုလ်ကို သူမြင်တွေ့လိုသည်။ သို့သော် သူ့အရပ်ကပုပြီး ပရိတ်သတ်များကလည်း ကွယ် နေသည် (လု ၁၉း၃)။ သို့သော် ဘယ်အရာကမှ သူ့အား သခင်ယေရှုကို မမြင်ရအောင်၊ ခရစ်တော်နှင့်စကားမပြောအောင် မတားဆီးနိုင်ခဲ့ပါ။ ဇက္ခဲ၏ အကြံ အောင်မြင်သွားသည်။ သခင်ယေရှုကို ဇက္ခဲမြင်ရသောအခါ သူ့ဘ၀…

ကြည့်ခြင်း ၄ မျိုး

ဂျုံးသည် ၀တ်ပြုကိုးကွယ်ရန် ရောက်လာစဉ် သူ့ကလေးများနှင့် ပတ်သက်သည့် အခက်အခဲအချို့နှင့် ရုန်းကန်နေခဲ့ရသည်။ ခြေကုန်လက်ပန်းကျလျက် မိခင်ဘ၀မှ ရုန်းထွက်လိုက်ချင်သည်။ ထိုကဲ့သို့ လက်မြှောက်အရှုံးပေးလိုက်ချင်သောသူများအတွက်
တရားဟောဆရာမှ အားပေးစကားများကို စတင်ဝေမျှပါတော့သည်။ ထိုနေ့ နံနက်တွင် ကြားခဲ့ရသော အချက် ၄ ချက်သည် သူမကို ရှေ့ဆက်သွား နိုင်အောင် မစခဲ့သည်။
အထက်သို့ မျှော်ကြည့်၍ ဆုတောင်းပါ။ အာသပ်
မင်းကြီးသည် တစ်ညလုံး ဆုတောင်းလျက် ဘုရားသခင်သည်
သူ့ကိုမေ့လျော့၍ ငြင်းပယ်သည်ဟူသော ခံစားချက်များ ကိုပင် ဖော်ပြခဲ့သည် (ဆာ ၇၇း၉-၁၀)။ ကျွန်ုပ်တို့၏ ခံစားချက်များကို ပွင့်လင်းစွာဖြင့် ဘုရားသခင်အား အလုံးစုံ ဖွင့်ဟ ပြောပြနိုင်သည်။ မည်သည့်အရာမဆို သူ့အား တောင်းလျှောက်နိုင်သည်။ အဖြေ ချက်ချင်း ရချင်မှရမည်။ ကျွန်ုပ်တို့ လိုချင်မျှော်လင့်ထားသည့်ပုံစံအတိုင်း ဖြစ်ချင်မှ ဖြစ်မည်။ သို့သော်လည်း သူသည် ကျွန်ုပ်တို့၏…

ယုံကြည်ခြင်းအသံ

ကြားလိုက်ရသောသတင်းကြောင့် အာရုံများ တုံ့ဆိုင်းသွားသည်။ ထိန်းမရနိုင်ဘဲ မျက်ရည်များ ဒလဟော စီးကျလာသည်။ စိတ်၌ မေးခွန်းများစွာ ထွက်ပေါ်လာပြီး ကြောက်ရွံ့ခြင်းက သူမကို လွှမ်းမိုးခဲ့သည်။ ဘ၀တစ်လျှောက်လုံး အဆင်ပြေလာခဲ့ပြီးမှ ကြိုတင်သတိပေးခြင်းမရှိဘဲ ရုတ်တရက် အနှောင့်အယှက် အဟန့်အတား ၀င်ရောက် လာကာ ထာဝရပြောင်းလဲသွားခဲ့သည်။
ဆိုးရွားသော ဒုက္ခအဖြစ်အပျက်တို့သည် ပုံသဏ္ဌာန်
အမျိုးမျိုးနှင့် လာနိုင်သည်။ ချစ်ခင်ရသူများဆုံးပါးသွားခြင်း၊ စည်းစိမ်ဥစ္စာ (သို့) အသက်မွေးမှု အလုပ်အကိုင်များ ဆုံးရှုံး ရခြင်း စသည်ဖြင့် ဤအချင်းအရာသည် အချိန်မရွေး၊ မည်သူ၌ မဆို ဖြစ်ပေါ်နိုင်သည်။ ပရောဖက် ဟဗက္ကုတ်ပင်လျှင် ဤဆိုးရွားသော ဒုက္ခအဖြစ်အပျက်များလာမည်ကို ကြိုသိ ထားလည်း သူ့စိတ်၌ ကြောက်ရွံ့နေခဲ့သည်။ ယုဒပြည်ကို ဗာဗုလုန်က သိမ်းပိုက်မည့်နေ့ရက်ကို စောင့်နေစဉ် သူ့ နှလုံးသားသည် တဒုန်းဒုန်းဆောင့်လျက်၊ သူ့နှုတ်ခမ်းလည်း ကတုန်ကရင် ဖြစ်လျက်၊ သူ့ခြေတို့သည် ယိုင်နဲ့လျက်…

တိတ်ဆိတ်စွာအချိန်ယူခြင်းနှင့် အမှုတော်ဆောင်ခြင်း

‘‘နာမည်ကျော်ကြားသူတစ်ဦးသည် သူ့ကို လူသိများ ထင်ရှားလာအောင် သူ့တစ်ဘ၀လုံး ကြိုးပမ်းလုပ်ဆောင်သူဖြစ်ပြီး ထို့နောက်တွင် လူအများသူ့ကိုမမှတ်မိအောင် မျက်မှန် အနက်တပ်ထားသူဖြစ်သည်’’ ဟု လူရွှင်တော် ဖရက်အယ်လင် က ဆိုသည်။ လူအများ၏ အဆက်မပြတ် ရုတ်ရုတ်သဲသဲ အာရုံစိုက်ခံရခြင်းကြောင့် ကျော်ကြားမှုသည် ကိုယ်ပိုင်သီးသန့် အေးငြိမ်းမှုကို ပျောက်ဆုံးစေသည်။
ယေရှုသည် သွန်သင်ခြင်းနှင့် အနာရောဂါငြိမ်းခြင်း အမှုတော်ကို စတင်သည့်အချိန်မှစ၍ လူအများရှေ့မှောက် ထင်ပေါ်လာပြီး မစမှုတောင်းခံသော လူအုပ်ကြီးက ကြိတ်ကြိတ်တိုး ပြုံလာသည်။ သူဘယ်သွားသွား  သူ့နောက်
လိုက်ကြသည်။ သို့သော်  အားအင်သစ်ကို ပြန်လည်ဖြည့်စွမ်း နိုင်ရန်အတွက် အဘဘုရားသခင်နှင့် ပုံမှန် တစ်ဦးတည်း အချိန်ယူခြင်းသည် မရှိမဖြစ် လိုအပ်ကြောင်း သခင်ယေရှု သိသည်။
အနာငြိမ်းစေခြင်းနှင့် ဘုရားသခင်၏နိုင်ငံတော်ကို ကြွေးကြော်ခြင်း သာသနာမှ အောင်မြင်စွာပြန်လာသော  တပည့်တော် ၁၂ ပါးတို့ အနားယူရန် ယေရှုက တိတ်ဆိတ်သောနေရာသို့…

ဖွင့်ထားသော တံခါးများ

ချာလီစစ်ဖို့ဒ် (Charlie Sifford) သည် အမေရိကန် အားကစားလောကတွင် အရေးပါသော နာမည်တစ်ခုဖြစ်သည်။ ၁၉၆၁ခုနှစ်အထိ ဥပဒေအရ လူဖြူများကိုသာ ပါဝင်ကစားခွင့်ပေးသော ကျွမ်းကျင်ဂေါက်သီးအားကစားသမားများ အဖွဲ့အစည်း၌ သူသည် ပထမဆုံးသော အာဖရိကန်-အမေရိကန် အားကစားသမား အဖွဲ့ဝင်တစ်ဦး ဖြစ်လာသည်။ လူမျိုးရေးခွဲခြားပြီး တရားမျှတမှုမရှိခြင်း၊ ဖိနှိပ်ခံရခြင်းတို့ကြောင့် နာကျင်ခံစားရလျက် စစ်ဖို့ဒ် သည် ပွဲစဉ်နှစ်ခု၌ အနိုင်ရပြီး ကစားပွဲ၏အမြင့်ဆုံးအဆင့်နေရာကို ကြိုးစားရယူ နိုင်ခဲ့ကာ ၂၀၀၄ ခုနှစ်တွင် World Golf Hall of Fame အဆောက်အဦ၌ သူ့ရုပ်တုကို ထားရှိသည့် ပထမဦးဆုံးသော အာဖရိကန်-အမေရိကန်လူမျိုး ဖြစ်လာ ခဲ့သည်။ ချာလီစစ်ဖို့ဒ် သည် တိုင်းရင်းသား လူမျိုးစုအသီးသီးမှ ကစားသမားများအတွက် ကျွမ်းကျင်အဆင့် ဂေါက်သီးအားကစား၏တံခါးများကို ဖွင့်ပေးခဲ့သည်။
ဧ၀ံဂေလိတရား ဝေမျှဟောကြားခြင်း သာသနာတွင် ‘‘ဖွင့်ထားသောတံခါးများ’’ သည်လည်း အဓိကကျသောအချက်ဖြစ်သည်။ သခင်ယေရှုမိန့်တော်မူသည်ကား…