အမျိုးအစား  |  odb

ပြင်ပမှ အကူအညီ

အလုပ်ကိစ္စဖြင့် အခြားနေရာသို့ ခရီးသွားစဉ် ကျွန်မခင်ပွန်းသည် သူတည်းခိုမည့် ဟိုတယ်၌ ရောက်ရုံပင် ရှိသေးသည်။ ထူးဆန်းသော ဆူညံသံများကြားလိုက်ရသဖြင့် ခန်းမထဲသို့ သွားကြည့်ရာ အနီးရှိအခန်းမှလူတစ်ယောက်၏ စူးရှသောအော်ဟစ်သံကို ကြားလိုက် ရသည်။ ဟိုတယ်ဝန်ထမ်းတစ်ဦးက လူတစ်ဦး ရေချိုးခန်းထဲ ပိတ်မိနေခြင်းဟု ပြောပြသည်။ ရေချိုးခန်းတံခါး သော့အိမ်ပျက်သွားသဖြင့် အထဲ၌ ပိတ်မိနေသူက အထိတ် တလန့် ဖြစ်ကာ အသက်ရှုမ၀သကဲ့သို့ ခံစားရပြီး အော်ဟစ် အကူအညီတောင်းခြင်းဖြစ်သည်။ ဘ၀၌လည်း ထိုသို့ ပိတ်မိ နေသကဲ့သို့ ကျွန်မတို့ ခံစားရသည်။ တံခါးကို ထုရိုက်၊ တံခါးလက်ကိုင်ကို ဆွဲလှည့်နှင့်၊ သို့သော် မလွတ်မြောက် နိုင်ပါ။ ရေချိုးခန်း၌ ပိတ်မိနေသူနည်းတူ ပြင်ပအကူအညီကို ကျွန်မတို့ လိုအပ်သည်။
ပြင်ပမှ အကူအညီရယူရန် မိမိဘာသာ ဘာမှ မတတ်နိုင်၊ အကူအညီမဲ့ကြောင်း ၀န်ခံရပါမည်။ တစ်ခါတစ်ရံ ပြဿနာအတွက် အဖြေ…

ပဲလုံးဝမစားဘူး

ကျွန်တော့်ကလေးများ ငယ်စဉ်က ညစာစားချိန်၌ ၎င်းတို့ကို ပဲထည့်ပေးလိုက်လျှင် ‘‘မစားဘူး’’ ဟု ဗြောင်ပြောသဖြင့် ‘‘ဘာမစားတာလဲ’’ ဟုပြန်မေးရင်း ‘‘ပဲမစားပါ။ ကျေးဇူးပါ’’
ဟု ပြောရန် မျှော်လင့်မိသည်။ သို့သော် ‘‘ပဲလုံးဝမစားဘူး’’ ဟု ပြန်ဖြေသည်။ ပြောရလျှင် ယဉ်ကျေးစွာ ပြုမူပြောဆိုရန် အရေးကြီးကြောင်း ဆွေးနွေးစရာဖြစ်လာသည်။ အကြိမ်ကြိမ် အခါခါလည်း ဆွေးနွေးခဲ့ပါသည်။
အပြင်ပန်းသဏ္ဌာန် ကောင်းမွန်ယဉ်ကျေးစွာ ပြုမူ ပြောဆိုခြင်းအပြင် ကျေးဇူးသိတတ်သော စိတ်နှလုံးရှိရန် သခင်ဘုရား ကျွန်တော်တို့ကို သတိပေးသည်။ ဘုရားသခင်နှင့် ကျွန်တော်တို့၏ မိတ်သဟာယဆက်ဆံရေးတွင် ကျေးဇူး သိတတ်သောစိတ်ကို ဖော်ပြရန် အဓိက အရေးကြီးကြောင်း သတိပေးသည့် ကျမ်းပိုဒ်များ တစ်ဒါဇင်မက ရှိသည်။ ဆာလံ ၁၁၈ တွင် ‘‘ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းရန်’’ အချက်ကို နှိုးဆော်လျက် အစပြုသလို ထိုအချက် နှင့်ပင် အဆုံးသတ်ထားသည်။…

ကျွန်ုပ်တို့နှင့်အတူ၊ ကျွန်ုပ်တို့အတွင်းမှာ

ကျွန်မသားလေး မူကြိုကျောင်း စတက်ပါပြီ။ ‘‘ကျောင်းကို မကြိုက်ဘူး’’ ဟု ပထမနေ့ မှာပင် အော်ဟစ်ငိုကြွေးခဲ့သည်။ ကျွန်မတို့လင်မယား သူနှင့် စကားပြောရပါတော့ သည်။ ‘‘ဖေဖေ မေမေက သားအနားမှာ ရှိမနေပေမဲ့ သားအတွက် ဆုတောင်းပေးတယ်။ သခင်ယေရှုက သားနဲ့အတူ အမြဲရှိတယ်။’’
‘‘ဒါပေမဲ့ သူ့ကိုမှ မမြင်ရတာ’’ ဟု သူက အတွန့် တက်သည်။ ဖခင်က သူ့ကို ပွေ့ဖက်လျက် ‘‘ သားအထဲမှာ ယေရှုရှိတယ်လေ။ သားကို တစ်ယောက်တည်း မချန်ထား ပါဘူး’’ ဟုဆိုရာ၊ သူ့ရင်ဘတ်ကို ပုတ်လျက် ‘‘ဟုတ်တယ်။ ယေရှု သားအထဲမှာ ရှိတယ်’’ ဟု ပြန်ပြောလိုက်သည်။
ခွဲခွာခြင်းဝေဒနာ ပူပန်သောကကို ကလေးများသာ ခံစားရသည် မဟုတ်ပါ။ ဘ၀တစ်လျှောက် တစ်ယောက် တစ်နေရာစီ ကွဲသွားခြင်း၊ ဆုံးပါးသွားခြင်း စသည့် အကြောင်းအမျိုးမျိုးကြောင့်…

စိတ်ပျက်စရာများ၏အလွန်တွင်

နောက်ထပ်ညီမလေးတစ်ယောက် ထပ်ရပြီးဟု သိလိုက်ရသည့် သူငယ်လေး တစ်ယောက် အကြောင်း ဗီဒီယို ဇာတ်ကားကို သင်ကြည့်ဖူးမည်။ ‘‘အမြဲတမ်း မိန်းကလေး၊ ... မိန်းကလေး ချည်းပဲ လာနေတယ်’’ ဟု သူစိတ်ပျက်လက်ပျက် ညည်းတွားသတည်း။
မျှော်လင့်သည့်အတိုင်း ဖြစ်မလာသည့် လူ့သဘာဝကို ဟာသနှော၍ ဖော်ကျူးခြင်း
ဖြစ်သော်လည်း စိတ်ပျက်အားလျော့ခြင်း သဘောက ရယ်စရာ
မဟုတ်ပါ။ ကျွန်ုပ်တို့၏ကမ္ဘာကို လွှမ်းမိုးသွားနိုင်သည်။ ကျမ်းစာထဲတွင် စိတ်ပျက်အားလျော့ခြင်း အကြောင်းကို အထူး ဖော်ကျူးသည့် ဇာတ်လမ်းတစ်ခုရှိသည်။ ယာကုပ်သည် သူ့အလုပ်ရှင်၏သမီး ရာခေလအား လက်ထပ်ခွင့် ရရန် ၇ နှစ်
အလုပ်လုပ်ပေးရန် သဘောတူခဲ့ပြီး သဘောတူညီချက် အတိုင်း လုပ်ဆောင်ပြီးနောက် အံ့ဩစရာ မင်္ဂလာဦးည လက်ဆောင်ကို ရရှိခဲ့သည်။ မိုးလင်းသော် ရာခေလ မဟုတ်ဘဲ သူ့အစ်မ လေအာကို ယာကုပ် တွေ့လိုက်ရသည်။ ယာကုပ်…

တိတ်ဆိတ်ခြင်း၏ အသံများ

ကျွန်တော့်ငါးမျှားဖော် မိတ်ဆွေက ‘‘ရေတိမ်တဲ့ချောင်းက ဆူညံတယ်’’ ဟု တွေ့ရှိ လေ့လာမိသည်။ ရှေးဆိုရိုးစကားတွင်မူ ‘‘ရေနက်လျှင် ရေငြိမ်သည်’’ ဟု ဖော်ပြသည်။ အသံကျယ်လောင်သူသည် စင်စစ် သူ၌ ပြောစရာ ဘာမှရေရေရာရာ မရှိဟု သူ ဆိုလိုခြင်းဖြစ်သည်။
ထိုပြဿနာကို အခြားတစ်ဖက်မှကြည့်လျှင် ကျွန်တော်တို့ကလည်း ကောင်းကောင်း နားထောင်ပေးခြင်း မရှိသည်ကို တွေ့ရသည်။ ကြားသော်လည်း နားမထောင် သူများအကြောင်း ဆိုင်မွန် နှင့် ဂါဖန်ကယ်တို့ ရေးသည့် ‘‘တိတ်ဆိတ်ခြင်း၏အသံများ’’ သီချင်းမှ စာသားများကို ကျွန်တော် သတိရမိသည်။ စကားလုံးကို ကြားလိုက် သော်လည်း ၎င်းတို့၏အတွေးများကို ရပ်တန့်ငြိမ်ဝပ်စေလျက်
အမှန်တကယ် နားထောင်ခြင်း မရှိပါ။ တိတ်ဆိတ် ငြိမ်ဝပ်စွာ နေတတ်အောင် ကျွန်တော်တို့ သင်ယူမိလျှင် ကောင်းမည်။
‘‘တိတ်ဆိတ်စွာ နေရသောအချိန်နှင့် စကားပြောရသော အချိန်လည်းရှိ၏’’ (ဒေ ၃း၇)။ ကောင်းသော…

အဓိကအရာ

ကျွန်မတို့မြို့၌ ကျင်းပသည့်ပွဲတစ်ခုတွင် မီးရှူးမီးပန်းပစ်ဖောက်သည်ကို ကြည့်နေစဉ် ကျွန်မ အာရုံနှောက်လာသည်။ အဓိကပစ်ဖောက်သည့် မီးပန်း၏၀ဲယာ တစ်ဖက်တစ်ချက်မှ မီးပန်း သေးသေးလေးများ တက်လာခြင်းကြောင့်ပါ။ ၎င်းသည် ကောင်းပါသော်လည်း ၎င်းတို့ကို
ကြည့်ပြီး အမြင့်ဆီမှ ပို၍ အံ့မခန်းသော မီးပန်းအလှကို လွတ်သွားရသည်။
တစ်ခါတစ်ရံတွင် ကောင်းသောအရာများကြောင့် ပိုကောင်းသောအရာများနှင့် လွှဲသွားရသည်။ ထိုသို့ဖြစ်သွား သည့် မာသအကြောင်းကို လု ၁၀း၃၈-၄၂ တွင် မှတ်တမ်းတင် ထားသည်။ သခင်ယေရှုနှင့်တပည့်တော်များ ဗေသနိရွာသို့ ရောက်သောအခါ ၎င်းတို့ကို မာသက သူ့အိမ်သို့ ကြိုဆိုဖိတ်ခေါ်
ခဲ့သည်။ ဧည့်သည်များအတွက် အစားအသောက် ပြင်ဆင် ဧည့်ခံမှ အိမ်ရှင်ကောင်းဖြစ်မည်။ ထို့ကြောင့် မာသအပေါ် သက်သက်ညှာညှာ တွေးပါမည်။
သူ့ညီမ မာရိက သူ့ကို မကူညီပါဟု မာသက ငြူစူ သောအခါ သူ့ခြေရင်း၌ ထိုင်ရန် မာရိ၏ရွေးချယ်မှုအတွက်…

ဆုကြီး ရရှိခြင်း

ကြိုးပမ်းအားထုတ်ရသည့် နယ်ပယ်ကဏ္ဍအသီးသီးတွင် ‘‘ဆုတံဆိပ်’’ သည် အသိအမှတ် ပြုခံရခြင်း၊ အောင်မြင်ခြင်း၏ သရုပ်သကန်ဖြစ်သည်။ အိုလံပစ်ရွှေတံဆိပ်၊ ဂရမ်မီဆု၊ အကယ်ဒမီဆု၊ နိုဘယ်ဆု စသည့် ဆုများက ဆုကြီးများဖြစ်သည်။ သို့သော် မည်သူမဆို ရယူဆွတ်ခူးနိုင်သော သာ၍ကြီးမြတ်သော ဆုကြီးရှိပါသည်။
တမန်တော်ရှင်ပေါလုသည် ပထမရာစုခေတ်က အားကစားပွဲများနှင့် အကျွမ်းတ၀င်ရှိသည်။ ပြိုင်ပွဲဝင်များ သည် ဆုရရေးအတွက် ရှိသမျှ အစွမ်းကုန် အားထုတ်ကြိုးစား ရသည်။ ထိုအချက်ကို စိတ်၌မှတ်ကြုံးပြီး ဖိလိပ္ပိမြို့ရှိ ခရစ်တော်၏နောက်တော်လိုက်များထံ စာရေးခဲ့သည်။ ‘‘ငါ၏ အကျိုးစီးပွားကို ပြုစုသောအရာ ရှိသမျှတို့ကို ရှုံးစေသော
အရာကဲ့သို့ ခရစ်တော်ကြောင့် ငါထင်မှတ်၏’’ (ဖိ ၃း၇) ဟုရေးခဲ့ရာ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ‘‘သခင်
ခရစ်တော်ကို တိုး၍သိကျွမ်းရန် - ကိုယ်တော်၏ ထမြောက်ခြင်း တန်ခိုးကို သိနားလည်ရန်၊ ကိုယ်တော်၏ဆင်းရဲခံတော် မူခြင်းဝေဒနာကို မျှဝေခံစားရန်’’…

ကျွန်ုပ်တို့အဓိက အာရုံစိုက်ရမည်မှာ...

ဖိစီးမှုဟူသည် နေ့စဉ်အသက်တာ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ကျွန်ုပ်တို့သည် မိမိ၏ယုံကြည်ချက်၊ ဘုရားရှင် ဘာကိုနှစ်သက်လဲ ဆိုသည့်အချက်များထက် သူတစ်ပါး မည်သို့ ထင်မလဲ၊ ပြောမလဲဆိုသော အချက်များပေါ်တွင် ကျွန်ုပ်တို့၏ဆုံးဖြတ်ချက် များကို အခြေခံကြသည်။ ကျွန်ုပ်တို့ကို သူတစ်ပါး မည်သို့စစ်ကြောဆုံးဖြတ်မည်၊ မည်သို့ ပြက်ရယ် ပြုမည်ကို စိုးရိမ်ပူပန်ကြသည်။
တမန်တော် ရှင်ပေါလုလည်း သူ့လုပ်ဖော်ဆောင်ဖက် များ၏ ဖိအားပေးမှုများကို ခံစားခဲ့ရသည်။ ယုဒလူ ခရစ်ယာန် အချို့က တစ်ပါးအမျိုးသားများသည် ဧကန် ကယ်တင်ခြင်းရရန် အရေပြားလှီးခြင်း ခံသင့်သည်ဟု ယူဆကြ၏ (ဂလာ ၁း၇ ၊ ၆း၁၂-၁၅)။ သို့သော် ရှင်ပေါလုက သူ့ယုံကြည်ချက်အတိုင်း ခိုင်မာစွာ ရပ်တည်သည်။ ကယ်တင်ခြင်းသည် ယုံကြည်ခြင်းအားဖြင့် ကျေးဇူးတော်ကြောင့်သာရပြီး အခြားမည်သည့်အကျင့်တစ်စုံ တစ်ခုမျှ ထပ်လုပ်စရာ မလိုဟု သူသွန်သင်မြဲ သွန်သင်ခဲ့သည်။ ဤအကြောင်းကြောင့် သူသည် မိမိကိုယ်မိမိ တင်မြှောက်သောတမန်တော်ဟု…

ရေးထားခဲ့သည့်အတိုင်း

အီလက်ထရောနစ်ပစ္စည်းနှင့် ပရိဘောဂပစ္စည်းများ တပ်ဆင်ရာ၌ ကျွန်တော်နှင့် ကျွန်တော့်သား၏ ကိုင်တွယ်လုပ်ဆောင်ပုံချင်း မတူပါ။ စတိ(ဗ်) က စက်ပစ္စည်း ကိုင်တွယ်သည့်ဘက်တွင် ပိုအားသန်သဖြင့် ပေးထားသော ညွှန်ကြားချက်များကို ဘေးချိတ်၍ မိမိဘာသာ စတင်ကိုင်တွယ်တပ်ဆင်သည်။ ကျွန်တော်က ‘‘အလုပ်မစခင် ဤညွှန်ကြားချက်ကို ဖတ်ပါ’’ ဆိုသည့်စာကို ဖတ်နေစဉ် သားကတော့ ပစ္စည်းတပ်ဆင်မှု တစ်ဝက်ပင် ပြီးနေပြီ။
တစ်ခါတစ်ရံ ညွှန်ကြားချက်ကို မခံမယူဘဲ လုပ်လိုက်၍ ရသည်။ သို့သော် ဘုရား၏ ကောင်းမြတ်ခြင်းနှင့် ဉာဏ်ပညာတော်ကို ရောင်ပြန်ဟပ်မည့် ဘ၀တစ်ခုကို တည်ဆောက်ရာတွင်မူ သမ္မာကျမ်းစာတွင် ကိုယ်တော် ပေးထားသော လမ်းညွှန်မှုများကို လျစ်လျူရှုရန် မဖြစ်နိုင်ပါ။
ဗာဗုလုန်နိုင်ငံတွင် ကျွန်ခံနေရခြင်းမှ လွတ်မြောက် လာကြသော ပြည်တော်ပြန် ဣသရေလလူမျိုးတို့သည် အထက်ပါအချက်ကို နားလည်စေမည့် စံနမူနာကောင်း ဖြစ်သည်။ ၎င်းတို့၏ဇာတိမြေတွင် ၀တ်ပြုကိုးကွယ်ခြင်းကို ပြန်လည်ဖော်ဆောင်ရာ၌
‘‘မောရှေရေးထားသော ပညတ္တိကျမ်းစာ၌…

သားတော်ကို ရောင်ပြန်ထင်ဟပ်ခြင်း

တောင်များအကြား လုံးဝရောက်ရှိနေခြင်းနှင့် ၎င်း၏မြောက်လတ္တီတွဒ် အနေအထား ကြောင့် နော်ဝေးနိုင်ငံရှိ ဂျူကန် မြို့သည် သဘာဝ နေရောင်ခြည်ကို အောက်တိုဘာလမှ မတ်လအထိ မမြင်ရပါ။ ၎င်းမြို့ကို အလင်းရစေရန် ဒေသခံများက ကြီးမားသော မှန်ချပ်
များကို တောင်နံရံများတွင် တပ်ဆင်ပြီး ၎င်းမှတစ်ဆင့် နေရောင်ခြည်အလင်းတန်းများ မြို့တော်ရင်ပြင်သို့ ဖြာကျစေသည်။ ကြီးမားလှသော မှန်ချပ်ကြီးများက နေထွက်ချိန်၊ နေ၀င်ချိန်အတိုင်း လည်ပတ် နေခြင်းဖြင့် စဉ်ဆက်မပြတ် အလင်းရောင်ကို ရရှိသည်။
ခရစ်ယာန်အသက်တာသည်လည်း ဤမြင်ကွင်းနှင့် တူသည်ဟု ဆင်ခြင်ရခြင်းကို ကျွန်တော်နှစ်သက်မိသည်။ သခင်ယေရှုက မိမိနောက်သို့လိုက်သူများသည် လောက၏
အလင်းဖြစ်သည် ဟု မိန့်ဆိုခဲ့သည် (မ ၅း၁၄)။ တမန်တော်
ရှင်ယောဟန်ကလည်း စစ်မှန်သောအလင်းဖြစ်သည့် သခင်ခရစ်တော်သည် မှောင်မိုက် တွင် လင်းသည်ဟု ဖော်ပြခဲ့သည် (ယော ၁း၅)။ သခင်ယေရှုကလည်း ကျွန်တော်တို့၏
အလင်းများကို…