မြင်ကွင်းနောက်ကွယ်မှာ
ကျွန်တော်တို့အသင်းတော်၏ ဧ၀ံဂေလိလှုပ်ရှားမှုများက မြို့နယ်လုံးကျွတ် ကျေးဇူးတော် ချီးမွမ်းခြင်းဖြင့် အဆုံးသတ်ခဲ့သည်။ လူငယ်တေးဂီတအဖွဲ့၊ အကြံပေးသူများအဖွဲ့၊ အသင်းတော်ခေါင်းဆောင်များ စသည်တို့ပါဝင်လျက် အစီအစဉ်များကို စီစဉ်လုပ်ဆောင် ခဲ့သူများ စင်ပေါ်တက်လာသောအခါ စိတ်လှုပ်ရှားအားရစွာဖြင့် ကျွန်တော်တို့ လက်ခုပ် တီးကာ၊ ၎င်းတို့၏ကြိုးစားအားထုတ်မှုကို စိတ်လိုလက်ရ ချီးမွမ်းကြပါသည်။
လူတစ်ဦးကို ကျွန်တော် သတိမထားမိသော်လည်း သူသည် အဖွဲ့ခေါင်းဆောင်ဖြစ်သည်။ ရက်အတန်ကြာတွင် သူနှင့်ဆုံရာ “အစီအစဉ်တစ်လျှောက် မင်းကိုတော့ မတွေ့မိပါ ဘူးကွာ” ဟု ပြောရင်း သူ့၏လုပ်ဆောင်မှုများအတွက် ကျေးဇူးတင်ကာ ချီးကျူးလိုက်သည်။
သူက “ကျွန်တော် အနောက်ကွယ်က ပံ့ပိုးရတာပဲ ကြိုက်တယ်” ဟု ပြောပါသည်။ အသိအမှတ်ပြု ခံရရန် သူ အလေးမထားပါ။ လုပ်ဆောင် သူတို့ ချီးမွမ်းခြင်းကို ခံယူရမည့်အချိန် ဖြစ်သည်။
သူ၏ငြိမ်ဝပ်သောကိုယ်နှုတ်အမူအရာက ကျွန်တော့်အတွက် တရားဟောချက် တစ်ပုဒ်ဖြစ်ခဲ့သည်။ ထာဝရဘုရားကို အစေခံရာတွင် အသိအမှတ်ပြုခံရရေးကို…
မထင်ရှား မပေါ်လွင် ဖြစ်နေခြင်း
ကျွန်မနေထိုင်သောဒေသ၌ ယခုအချိန်ကာလသည် အပင်များသေသွားသကဲ့သို့ မြေကြီး အောက်၌ မြုပ်နေသည်။ စိတ်ချရသည့်အချိန် မရောက်သရွေ့ သူတို့ပြန်မပေါက်လာပါ။ နှင်းကျပြီး မြေတစ်ပြင်လုံး၌ ရေခဲမသွားမီ အပင်များသည် ရွက်ဟောင်းချွေသည်။ ၎င်းတို့ပြန်ရှင်သန်ရမည့် နောက်ရာသီ မတိုင်မီအထိ ဆုတ်သွားပြီး အနားယူလျက် စွမ်းအင်များကို ချွေတာသည်။ အရိုးပြိုင်းပြိုင်းနှင့် အပင်များမှာ မသေသေးပါ။ ငုတ်နေခြင်းသာ ဖြစ်သည်။ နှင်းများအရည်ပျော်ပြီး မြေသားပေါ်လာလျှင် ၎င်းတို့မှာ ကောင်းကင်သို့ ဦးမော့ပြီး တောက်ပသော အရောင်အဆင်း၊ သင်းပျံ့သော မွှေးရနံ့များဖြင့် ၎င်းတို့၏ဖန်ဆင်းရှင်ကို နှုတ်ခွန်းဆက်သည်။
ဘ၀အသက်ရှင်သန်ရာ၌လည်း ထိုသို့ ငြိမ်နေ ငုတ်နေ
ရသော အချိန်ကာလများကို ကျွန်မတို့ဝင်ရောက် ဖြတ်သန်း ရသည်။
ကျွန်မတို့ မသေသော်လည်း ကျွန်မတို့ မပေါ်လွင် မထင်ရှားဖြစ်နေသည်ဟု ခံစားရမည်။ ထိုအချိန်မျိုးတွင် မိမိသည် အသုံးမ၀င်ဟု ခံစားရပြီး၊ ဘယ်အချိန်မှာ ဘုရားထပ်သုံးမည်နည်းဟု အတွေးဝင်မိသည်။ ဤသို့သော…
ဒါ့ကြောင့် သခင်ယေရှုကို ရယူထားတာ
အသက်တာ၌ ပြဿနာကင်းသော အချိန်များရှိခဲသည့်အပြင် တစ်ခါတစ်ရံ အလွန်ပင် ပြင်းထန်စွာ တိုက်ခိုက်ခံရသည်။
ရို့စ် သည် ၁၉၉၄ ခုနှစ် အာဖရိကတိုက်ရှိ ရ၀မ်ဒါနိုင်ငံအရေးအခင်း၌ သူ့သမီး၂ဦးမှလွဲ၍ ကျန်တစ်မိသားစုလုံး အသတ်ခံရသည်ကို မြင်ခဲ့ရသည်။ သူသည် ငွေမရှိသည့် မုဆိုးမများစွာထဲမှ မုဆိုးမတစ်ဦးဖြစ်သည်။ သို့သော် သူက ဘ၀ကို အရှုံးမပေးပါ။ မိဘမဲ့ ကလေး ၂ ဦးကို သူမွေးစားပြီး သူတို့ မိသားစု(၅)ဦးအတွက် စားဝတ်နေရေးနှင့် ကလေးကျောင်းစရိတ်ကို ဘုရားသခင် ပြင်ဆင်ပေးမည်ဟု ရိုးရိုးလေးယုံကြည်ခဲ့သည်။ သူက ခရစ်ယာန်စာပေများကို ၎င်းတို့၏ဒေသခံဘာသာစကားသို့ ပြန်ဆိုပြီး၊ မုဆိုးမများအတွက် နှစ်ပတ်လည်ညီလာခံ ဖြစ်မြောက်ရေးကို စည်းရုံးလုပ်ဆောင်သည်။ သူ့ဘ၀ အကြောင်းကို ပြောပြရင်း သူငိုသည်။ ဤဘ၀၌ သူမ၏ ပြဿနာတိုင်းအတွက် တစ်ခုတည်းသော ကုစားချက်ရှိသည်။ “ဒါ့ကြောင့် သခင် ယေရှုကို ကျွန်မ ရယူထားတာပေါ့” ဟု…
ဘုရားရှင်အတူရှိ၍ ၀မ်းမြောက်ခြင်း
“လူသား၏တာဝန်အချုပ်အခြာမှာ ဘုရား၏ဘုန်းကိုထင်ရှားစေရန်နှင့် ကိုယ်တော်၌ ထာဝရ ပျော်မွေ့ရန် ဖြစ်သည်” ဟု Westminister Catechism ကဆိုသည်။ ကျမ်းစာမှ ကျမ်းပိုဒ် အများစုသည် ၀မ်းမြောက်ရွှင်လန်းလျက် ကျေးဇူးသိတတ်ရန်၊ အသက်ရှင်သော ဘုရားအား ပြပ်ဝပ်ကိုးကွယ်ရန် နှိုးဆော်သည်။ ဘုရားသခင်ကို ကျွန်ုပ်တို့ချီးမြှောက်လျှင် ကောင်းမြတ်သော ဆုကျေးဇူးကောင်းချီးမင်္ဂလာအပေါင်း စီးဆင်းရာ အရင်းအမြစ်အဖြစ် ကိုယ်တော်ကို ကျွန်ုပ်တို့ ချီးမွမ်းခြင်းဖြစ်သည်။
စိတ်နှလုံးမှ ကိုယ်တော်ကိုချီးမွမ်းလျှင် မိမိကိုယ်ကို ၀မ်းမြောက်စရာအဖြစ်၌ ကျွန်ုပ်တို့တွေ့မြင်ရပြီး ထိုသို့ ၀မ်းမြောက်ရန် ကျွန်ုပ်တို့ ဖန်ဆင်းခံရပါသည်။ လှပသော နေ၀င်ဆည်းဆာရှုခင်း၊ ငြိမ်းချမ်းစိမ်းလန်းသော မြက်ခင်းပြင်
ရှုခင်းများက ဖန်ဆင်းရှင်၏အံ့မခန်းကြီးမြတ်မှုကို ပြညွှန်နေ သကဲ့သို့ ပြပ်ဝပ်ကိုးကွယ်ခြင်းကလည်း ကိုယ်တော်နှင့် ကျွန်ုပ်တို့ကို စိတ်ချင်းနီးကပ်ရင်းနှီးစေသည်။ ဆာလံဆရာက “ထာဝရဘုရားသည် ကြီးမြတ်၍ အလွန်ချီးမွမ်းဖွယ် ဖြစ်တော်မူ၏။ . . . ထာဝရဘုရားသည် ပဌနာပြုသောသူ အပေါင်း…
မာန်မာနစိတ်အရင်းခံ
“သူ့ကိုယ်သူ ဟုတ်လှပြီထင်နေတာ” ဟု ကျွန်တော်တို့သိသည့် ခရစ်ယာန်တစ်ဦးကို ကျွန်တော့်မိတ်ဆွေက ဝေဖန်သုံးသပ်လိုက်ခြင်းဖြစ်သည်။ သူ၌ ၀ိညာဉ်ရေး မာန်ထောင် နေသည်ဟု ကျွန်တော်တို့ တွေးမိသည်။ မကြာပါ။ သူကြီးကြီးမားမား အမှားကြီး လုပ်မိကြောင်းသိရပြီး ၀မ်းနည်းရပါသည်။ သူ့ကိုယ်သူ ဇွတ်ချီးမြှောက်ခြင်းဖြင့် သူသာ ဒုက္ခတွေ့ရသည်။ သူ့အဖြစ်မျိုး ကိုယ်လည်းကြုံနိုင်ကြောင်း ကျွန်တော်တို့ သဘောပေါက်ပါသည်။
နှလုံးသားမှ ဆိုးရွားလှသည့် မာန်မာနအပြစ်ကို ငယ်သွားအောင် ချုံ့ပစ်လိုက်ရန် လွယ်ပါသည်။ ပိုသိပိုတတ် ပိုအောင်မြင်လေလေ “ကိုယ်ကိုကိုယ်ဟုတ်လှပြီ” ဟု သွေး နားထင် ရောက်တတ်သည်။ ကျွန်ုပ်တို့စိတ်သဘော၏ အရင်းခံဗဟိုချက်၌ မာန်မာနစိတ်ရှိသည်။
ကျမ်းစာ၌ ဧဇရအား “မောရှေ၏ပညတ္တိကျမ်းစာကို လေ့ကျက်သောဆရာ” ဟု ဖော်ပြထားသည်(ဧ၇း၆)။ တိုင်းတစ်ပါးသို့ ဖမ်းဆီးခေါ်ဆောင် ကျွန်ပြုခံရသူ ဟေဗြဲလူတို့ ယေရုရှလင်မြို့သို့ ပြန်မည့်ခရီးစဉ်တွင် ဦးဆောင်ရန် အာတေဇရဇ်မင်းက ဧဇရကိုခန့်အပ်ခဲ့သည်။ ဧဇရအနေဖြင့် မောက်မာထောင်လွှားခြင်း အပြစ်ထဲကျသွားရန်…
အတွင်းပိုင်းမှအမြင်
အငြိမ်းစား ရူပဗေဒပညာရှင် Arie van’t Riet က တစ်မူထူးခြားသောနည်းလမ်းနှင့် အနုပညာလက်ရာများ ဖန်တီးသည်။ အပင်သေများ၊ တိရစ္ဆာန်အသေများကို အနေအထား အမျိုးမျိုးရှိအောင် ပြုပြင်ပြီးနောက် ဓာတ်မှန်ရိုက်သည်။ ဓာတ်မှန်ပုံများကို စကင် ဖတ်ကာ ကွန်ပြူတာထဲထည့်ပြီး ဓာတ်ပုံများကို အရောင်ဖြည့်သည်။
သူ့အနုပညာလက်ရာများက ပန်းများ၊ ငါးများ၊ ငှက်များ၊ တွားသွားသတ္တ၀ါများနှင့် မျောက်များ၏ ရှုပ်ထွေးလှသော အတွင်းအစိတ်အပိုင်းအရာများကို ဖော်ပြနေသည်။
တစ်စုံတစ်ခု၏အတွင်းပိုင်းပုံများကို ကြည့်ရှုရခြင်းက
အပြင်ပိုင်းကို ကြည့်ရှုရခြင်းထက် ပို၍ စိတ်ဝင်စားဖွယ် ကောင်းသည်။ ပို၍အရေးပါသည်။ ဧလျာဘကို မြင်မြင်ချင်း သူသည် ဣသရေလတို့၏ နောက်တက်မည့်ဘုရင် ဖြစ်နိုင် လောက်သည်ဟု ရှမွေလတွေးထင်မိသည် (၁ရာ ၁၆း၆)။ သို့သော် ဘုရားသခင်က ဧလျာဘ၏အပြင်ပန်း သွင်ပြင်လက္ခဏာကို မကြည့်ရန် ရှမွေလအား သတိပေးခဲ့သည်။ ဘုရားသခင်က ရှမွေလကို “လူသည် အဆင်းသဏ္ဌာန်ကို ကြည့်ရှုတတ်၏။…
အဖြေကို စောင့်ဆိုင်းရခြင်း
ကျွန်တော်တို့သမီးလေး အသက်(၁၅)နှစ်အရွယ်တွင် အိမ်မှ ထွက်ပြေးသွားခဲ့သည်။ သူ ထွက်သွားသည်မှာ သုံးပတ်မျှကြာသည်။ ထိုသုံးပတ်တာအချိန်မှာ ကျွန်ုပ်တို့အတွက် အရှည်ကြာဆုံးဖြစ်သည်။ နေရာအနှံ နေရာတိုင်း၌ သူ့ကိုလိုက်ရှာသည်။ ဥပဒေ ဘက်တော်သားများ၊ မိတ်ဆွေများအား ကူရှာပေးရန် အကူအညီတောင်းခဲ့သည်။ စိတ်ပျက်အားလျော့ဖွယ် ထိုနေ့ရက်များတွင် ဘုရားသခင်ကို
ဆုတောင်းလျက် စောင့်ဆိုင်းရန် အရေးကြီးပုံကို ကျွန်တော်တို့ ဇနီးမောင်နှံ သင်ခန်းစာယူခဲ့ရသည်။
သူ့ကိုပြန်တွေ့သည့်နေ့မှာ ဖခင်များနေ့၌ ဖြစ်သည်။ ညနေစာစားရန် စားသောက်ဆိုင် ကားရပ်နားစခန်းတွင် ကျွန်ုပ်တို့ ရောက်ရှိနေချိန်၌ ဖုန်းဝင်လာသည်။ အခြား စားသောက်ဆိုင်တစ်ဆိုင်မှ စားပွဲထိုးမလေးက သူ့ကို တွေ့ ကြောင်းပြောပြသည်။ သမီးလေးသည် ကျွန်တော်တို့နှင့်
သုံးလမ်းအကျော်တွင် ရှိနေသည်။ မကြာမီတွင် ကျွန်တော်တို့ အိမ်သို့ သမီးလေးပြန်ရောက်ရှိကာ လုံခြုံအေးချမ်းစွာ ရှိနေပါ သည်။
ဆုတောင်းကြသောအခါ ဘုရားသခင်အား ကျွန်ုပ်တို့ စောင့်ဆိုင်းကြရသည်။ ကိုယ်တော် မည်သို့အဖြေပေးမည်၊ ဘယ်အချိန်၌…
ကားတိုင်နှင့် သရဖူ
လန်ဒန်မြို့ရှိ ၀က်စ်မင်းစတာ ခရစ်ယာန်ဘုရားဝတ်ပြုကျောင်းတော်ကြီးမှာ ဧကန် သမိုင်းဝင်နေရာဖြစ်သည်။ ၁၀ ရာစုနှစ်တွင် ဘဲနဒစ်တင်း ဘုန်းတော်ကြီးများက လုပ်ရိုး လုပ်စဉ် ဆုတောင်းဝတ်ပြုခြင်းအစဉ်အလာကို စတင်ခဲ့ပြီး ယနေ့ထိတိုင် ကျင့်သုံးလာ ခဲ့သည်။ ဘုရားကျောင်းတွင် နာမည်ကျော်ပုဂ္ဂိုလ်များကိုလည်း မြှုပ်နှံခဲ့သည်။ အေဒီ ၁၀၆၆ ကတည်းက အင်္ဂလိပ်နန်းလျာ အဆက်ဆက်ကိုလည်း ဤကျောင်းတော်တွင်ပင် ဘိသိက်ပေးခဲ့သည်။ မင်းဆက်
၁၇ ဆက်ကို ထိုနေရာ၌ မြှုပ်နှံခဲ့သည်။ အုပ်ချုပ်မင်းပြုသည့်
အာဏာစက်စတင်ရာ နေရာတွင်ပင် စိုးစံမှု အဆုံးသတ် သည်။
ဘုရင်များကို မြှုပ်နှံခြင်းအစီအစဉ် မည်မျှပင် ခမ်းနားနေပါစေ လောကကို အုပ်ချုပ်သူများမှာ ပေါ်လာ လိုက်၊ ကျသွားလိုက်၊ ရှင်သန်လိုက်၊ သေသွားလိုက်ဖြစ်သည်။ သို့သော် ဘုရင်မင်းမြတ် ယေရှုမှာမူ တစ်ကြိမ်တစ်ခါ အသက် စွန့်ခဲ့သော်လည်း သခင်အား မြှုပ်နှံထားခြင်း မရှိတော့ပါ။
ပထမအကြိမ် လောကသို့ကြွလာသည့်အချိန်၌ သခင်ယေရှု…
အကြမ်းပတမ်းလမ်း
ငါးမျှားဝါသနာပါသူ ကျွန်တော့်မိတ်ဆွေတစ်ဦးက အိုင်ဒါဟိုရှိ ဂျက်ဟန်းဒဲလ် တောင်ခါးပန်းတွင် တည်ရှိသော အဲလ်ပိုင်း ရေကန်အကြောင်း ပြောပြသည်။ ထိုရေကန်၌
ရေချိုငါးကြီးမျိုး ခိုအောင်းနေကြောင်း ကောလဟာလသတင်း ထွက်သည်။ ကျွန်တော့် မိတ်ဆွေက ခဲတံတစ်ချောင်းယူပြီး လက်သုတ်ပ၀ါတစ်ထည်ပေါ်တွင် ကျွန်တော့်အတွက် မြေပုံဆွဲပေးသည်။ နောက် ရက်သတ္တပတ် အတန်ကြာမှ သူ့မြေပုံအတိုင်း စတင်ခရီး ထွက်ခဲ့သည်။
ထိုမြေပုံအတိုင်းသွားခဲ့၍ ကျွန်တော်မောင်းဖူးသမျှ လမ်းများအနက် အဆိုးဝါးဆုံးလမ်းပေတည်း။ ထိုလမ်းမှာ သစ်ထုတ်လုပ်ရေးသုံး ဘူဒိုဇာမြေတူးကားကြီးများ သွားသည့်
လမ်းဟောင်းဖြစ်သည်။ ရေတိုက်စားမှုကြောင့် မညီညာ သောမြေ၊ လဲကျနေသောသစ်ပင်များ၊ ကားဘီးရာ ချိုင့်ခွက်ကြီးများ၊ ကျောက်တုံးကြီးများကြောင့် ကျောရိုးကို အဆက်မပြတ် ထုနှက်နေသည့်အလားဖြစ်နေပြီး ဂီယာတံ လည်း ကွေးသွားသည်။ နေ့တစ်ဝက်ကျိုးမှ ကျွန်တော် သွားလိုသည့်နေရာသို့ ရောက်သွားသည်။ ထိုအခါမှ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် မေးမိသည်။ “ မိတ်ဆွေတစ်ဦးက ဘာကြောင့် ဒီလမ်းမျိုးကို…
ကောင်းကင်ဘုံမှ ဘဏ္ဍာများ
မသေမသပ် တပ်ဆင်ထားသော မီးကြိုးများကြောင့် မီးလောင်မှုဖြစ်ပွားကာ ကျွန်ုပ်တို့ အသစ်ဆောက်ထားသော အိမ်တစ်အိမ်လုံး ပြာကျသွားသည်။ တစ်နာရီလေးအတွင်း ကျွန်ုပ်တို့အိမ်မှာ ပြားပြားဝပ်ကာ ပြာပုံဖြစ်သွားသည်။ ဘာမှမကျန်ခဲ့ပါ။ တစ်ဖန် တနင်္ဂနွေနေ့တွင် ဘုရားကျောင်းမှပြန်လာရာ အိမ်မှာ ဖောက်ထွင်းခံရပြီး အဖိုးတန်ပစ္စည်း အချို့ အခိုးခံရသည်။
မပြည့်စုံသောဤလောကထဲ၌ ကားအခိုးခံရခြင်း၊ ကားအတိုက်ခံရခြင်း၊ သင်္ဘောနစ်မြုပ်ခြင်း၊ အဆောက်အဦ ပြိုကျခြင်း၊ အိမ်များရေလွှမ်းမိုးခံရခြင်း၊ ကိုယ်ပိုင်ပစ္စည်းများ အခိုးခံရခြင်း စသည်ဖြင့် စည်းစိမ်ပစ္စည်းဥစ္စာများ ဆုံးရှုံး ရခြင်းက ဖြစ်နေကျ၊ ရိုးနေပါပြီ။ ၎င်းသည် စည်းစိမ်ဥစ္စာကို အားမကိုး၊ အားမထားရန် ပြောထားသည့် သခင်ယေရှု၏ သတိပေးချက်ကို ပို၍အသက်ဝင် အဓိပ္ပာယ်ရှိစေပါသည်။
စည်းစိမ်ဥစ္စာအမြောက်အများကို စုသိမ်းပြီး အားလုံးကို သူ့အတွက်ချည်းသာ သိုလှောင်ထားရန် ဆုံးဖြတ် ထားသည့် လူတစ်ဦးအကြောင်းကို သခင်ယေရှုပြောကြားခဲ့သည် (လု ၁၂း၁၆-၂၁)။ ထိုသူက မိမိကိုယ်ကို “ငြိမ်ဝပ်စွာနေလော့။ စားသောက်ခြင်း၊…