ဇာတ်လမ်း၏ နောက်ကွယ်၌ ရှိသောစာအုပ်
၁၉၃၇ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်တွင် အမေရိကန်နိုင်ငံ၌ စတင်ဖြန့်ချိခဲ့သော ‘‘ Gone with
the Wind’’ ရုပ်ရှင်ကို ကမ္ဘာတစ်ဝန်းမှ လူသန်းပေါင်းများစွာတို့ ကြည့်ဖူးကြလိမ့်မည်။
၎င်းသည် အကယ်ဒမီဆု ၁၀ဆု ဆွတ်ခူးပြီး ဟောလိဝုဒ်၏ရောင်းအား အကောင်းဆုံး
ရုပ်ရှင်အဖြစ် ရပ်တည်ခဲ့သည်။ ထိုရုပ်ရှင်သည် ၁၉၃၆
ခုနှစ်က ရေးသားထုတ်ဝေခဲ့သော Magaret Mitchell ၏
ဝတ္တုကို အခြေခံထားသည်။ ထိုဝတ္တုကို ၆ လ အတွင်း
အုပ်ရေ သန်းနှင့်ချီကာရောင်းခဲ့ရပြီး ပူလစ်ဇာ စာပေဆုရကာ
ဘာသာစကားပေါင်း ၄၀ ကျော်နှင့် ဘာသာပြန် ထုတ်ဝေခဲ့
သောဝတ္တုဖြစ်သည်။ ဤသို့ အထွတ်အထိပ် အောင်မြင်ခဲ့
သော ရုပ်ရှင်သည် ဆွဲဆောင်မှုအားကောင်းပြီး အမြဲတမ်း
မှန်ကန်သည့် အကြောင်းအရာများ ရေးသားထားသည့်
စာအုပ်၊ ၀တ္တု၌ အရင်းခံသည်။…
ရှိသမျှအကုန်ပေးပါ
အမေရိကန် သမ္မတရာထူး အပ်နှင်းသည့် အခမ်းအနားတွင် ဂျွန်အက်ဖ် ကနေဒီ သည်
အမေရိကန်ပြည်သူတို့အား ‘‘သင့်တိုင်းပြည်က သင့်အတွက် ဘာလုပ်ပေးမလဲဆိုတာ
မမေးဘဲ၊ တိုင်းပြည်အတွက် သင်ဘာပြန်လုပ်ပေးနိုင်မလဲကိုသာ မေးကြရအောင်’’ ဟု
စိန်ခေါ်ခဲ့သည်။ ၎င်းသည် သူ၏တစ်ခုတည်းသော မိန့်ခွန်းဖြစ်သည်။ မိမိဘ၀ကို
ပြည်သူအတွက် စွန့်လွှတ်စွန့်စားရန်၊ သူတစ်ပါးအပေါ်
အစေခံရန်၊ နိုင်ငံသားများကို တစ်ဖန် ပြန်လည်နိုးဆော်
သတိပေးခြင်းဖြစ်သည်။ သမ္မတ၏စိန်ခေါ်မှုသည် တိုင်းပြည်
အတွက် အထူးသဖြင့် စစ်ပွဲအတွင်း ပါဝင်ခဲ့သည့် အမျိုးသား၊
အမျိုးသမီးတို့၏ သားသမီးများကို လှုံ့ဆော်မှုဖြစ်စေခဲ့သည်။
သမ္မတကြီး ဆိုလိုသည့် အဓိပ္ပာယ်က ရိုးရိုးလေးပါ။
‘‘ဘိုးဘွားများ အသက်နှင့်ရင်းပြီး ရယူပေးခဲ့သောအရာများကို
ငြိမ်းချမ်းစွာ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန်ဖြစ်သည်’’။
များစွာသော စေတနာ့ဝန်ထမ်းများသည် ထိုစိန်ခေါ်မှုအတိုင်း
လုပ်ဆောင်ခဲ့ခြင်းကြောင့် ထိုဆယ်စုနှစ်အတွင်း လူသားချင်း
စာနာသနားသည့် လူမှုရေးအကျိုးပြုလုပ်ငန်းများသည် ကမ္ဘာ
တစ်ဝန်း၌ မရေမတွက်နိုင်လောက်အောင် အောင်မြင်မှုများ…
မျှော်လင့်ခြင်းရှိသော အသက်တာများ
ပြောမထွက်နိုင်လောက်သော အဖြစ်ဆိုးများသည် ဘ၀ကို ကြေမွပျက်စီးစေသောအခါ
လူတို့အဖြေရှာကြသည်။ မကြာမီက ဆယ်ကျော်သက်အရွယ် ကလေးတစ်ယောက်ကို
ဆုံးရှုံးခဲ့ရသော မိခင်က ‘‘ ကျွန်မဘယ်လိုမှ အဖြေရှာမရခဲ့ဘူး။ ဘုရားကို ကျွန်မဆက်ပြီး
ယုံကြည်နိုင်ပါ့မလား၊ ဘုရားကိုယုံဖို့ ကျွန်မကြိုးစားပေမဲ့၊
ကျွန်မအတွက် ဘုရားက ဘယ်လိုမှ အဓိပ္ပာယ်မရှိတော့ဘူး။
ဒီလိုဖြစ်ပျက်နေတာ ဘာတွေလဲ’’ ဟဆိုသု ည။် ဤက့ဲသို့သော
ပြဿနာကြီးအတွက် လွယ်ကူသောအဖြေများ ရှိရိုးထုံးစံ
မရှိပါ။ သို့သော် ခရစ်တော်ကို ယုံကြည်သူများအဖို့ကောင်းချီး
အရိပ်အောက် ခိုလှုံရချိန်ဖြစ်စေ၊ ပူဆွေးဝမ်းနည်းမှုများ
ဝါးမြိုခံရချိန်ဖြစ်စေ၊ မျှော်လင့်ခြင်းအပြည့် ရှိနေသည်။
ရှင်ပေတရုက ထိုအကြောင်းကို ရေးသားရာ၌ ‘‘ငါတို့
မျှောလ် ငြ့်ခင်းအကြောင်း ရှိစေခြင်းငှာ တဖန်ဖြစဘ်ွားစေတော်
မူသော’’ ဘုရားသခင်ကို ချီးမွမ်းသည် (၁ ပေ ၁း၃) ။ ထို…
ယခု - သွားလော့
၁၉၈၆ ခုနှစ်၊ အမ်စတာဒမ်မြို့ရှိ ဇာတ်ရုံကြီးတွင် ကမ္ဘာကျော် ဧ၀ံဂေလိဆရာကြီး ဘီလီ
ဂရေဟမ်၏ တရားဒေသနာကို ခံယူနေကြသည့် ဧ၀ံဂေလိဆရာများနှင့် ခရစ်ယာန်
ခေါင်းဆောင်ပေါင်း တစ်သောင်းကျော်တွင် ကျွန်ုပ်လည်း အပါအ၀င်ဖြစ်ပြီး ဆရာကြီး၏
အတွေ့အကြုံများကို နားထောင်ခဲ့သည်။ ဆရာကြီးက ‘‘ကျွန်တော် တစ်ခုပြောပြပါရစေ။
တရားဟောဖို့ ဘုရားသားသမီးတွေရှေ့ မှာ မတ်တပ်ရပ်တဲ့ အချိန်တိုင်းမှာ ကျွန်တော်
ကြောက်ဒူးတုန်ခဲ့ရပါတယ်’’ ဟု ပြောသဖြင့် ကျွန်တော် အံ့ဩသွားရသည်။
‘‘ဘယ်လို၊ လူသန်းပေါင်းများစွာကို တန်ခိုးနှင့်ပြည့်တဲ့
တရားဟောချက်များဖြင့် ဖမ်းစားခဲ့၊ ကျေနပ်စေခဲ့တဲ့ အံ့မခန်း
တရားဟောဆရာကြီးက ကြောက်ဒူးတုန်တယ်တဲ့၊ မဖြစ်နိုင်
စရာကြီး’’ ဟု ကျွန်တော် တွေးမိသည်။ ဆရာဆက်ပြော
သည်က စင်ကြောက်ပြီး တုန်သည့်အကြောင်း မဟုတ်ပါ။
သူ့အား ကြီးမြတ်သော ထိုအမှုတော်ကို ထမ်းရွက်ရန်
ဘုရားသခင် ရွေးကောက်ထားသောကြောင့် မစုံလင်မှုကို
ခံစားမိသည့်တစ်ချိန်တည်းမှာပင်…
ပျော်ရွှင်ဖွယ်ရာ ဇာတ်သိမ်း
ကျွန်တော့်သူငယ်ချင်းတစ်ယောက် ပြောပြသည့်အဖြစ်အပျက်က ကြာခဲ့ပြီ။
သူဘောလုံးပွဲ ကြည့်နေစဉ် သူ့သမီးလေးက အနီးတွင် ကစားနေသည်။ သူအားပေး
နေသော အသင်း၏ကစားပုံညံ့ဖျင်းမှုကြောင့် အနီးရှိ ပစ္စည်းတစ်ခုကို ကောက်ကိုင်ပြီး
ပစ်ပေါက်ခဲ့သည်။ သမီးငယ်လေး၏အရုပ်နှင့်အတူ သမီး၏
နှလုံးသားလည်း တစ်စစီကြေကွဲခဲ့သည်။ သမီးကို
ချက်ခြင်း ပွေ့ဖက်တောင်းပန်လိုက်ပြီး အရုပ်ကလေးကို
တစ်စစီ ပြန်ကောက်ဆက်ပေးခဲ့သည်။ အရာအားလုံး
ကောင်းသွားပြီဟု သူထင်ခဲ့သည်။ သို့ပေမဲ့ သူ့ဒေါသက
(၄)နှစ်အရွယ် သမီးငယ်အား မည်မျှထိတ်လန့်စေခဲ့သည်၊
သူမကို မည်မျှ နာကျင်စေခဲ့သည်ကို သူမသိခဲ့ပါ။
နှစ်ပေါင်းများစွာကြာပြီးနောက် ထိုသမီး အိမ်ထောင်
ကျပြီး မီးဖွားကာနီးတွင် အထက်ပါအရုပ်နှင့်တစ်ပုံစံတည်း
တူသည့် အရုပ်ကို သူမထံပေးပို့ခဲ့သည်။ သမီးက
ထိုအရုပ် လေးကို ဓာတ်ပုံရိုက်ပြီး ‘‘ဒီလက်ဆောင်လေးရဲ့
ရာဇ၀င်က ကျွန်မကလေးဘ၀မှာ ရှိခဲ့တယ်။ နှစ်သက်စရာ
ဇာတ်လမ်း မဟုတ်ခဲ့ပေမဲ့ အခုတော့ ပျော်စရာဇာတ်သိမ်း ရှိလာပါပြီ။…
မဖြစ်နိုင်သောအရာများကို ရင်ဆိုင်ခြင်း
၂၀၀၈ ခုနှစ်ကUnited Kingdomတွင် အိမ်ဈေးများ တဟုန်ထိုးကျဆင်းခဲ့သည်။ သို့သော်
နှစ် ၄၀ သက်တမ်းရှိ ကျွန်မတို့အိမ်ကို ဈေးကွက်တင်ပြီး (၂)ပတ် အကြာတွင်
ဝယ်သူတစ်ဦးက ဈေးကောင်းပေးပြီး ကမ်းလှမ်းသောကြောင့် ကျွန်မတို့လည်း ရောင်းရန်
သဘောတူခဲ့သည်။ သို့နှင့် ကျွန်မအမွေရသည့်အိမ်ကို
ပြန်ပြင်ပြီး ထိုနေရာ၌ ပြန်နေရန် ပြင်ဆင်သည်။ သို့သော်
အရောင်းအ၀ယ် အတည်ဖြစ်ရန် ရက်အနည်းငယ်အလိုတွင်
ဝယ်မည့်သူက ဖျက်သိမ်းလိုက်၍ ကျွန်မတို့ ကြေကွဲသွားခဲ့
ရသည်။ ယခုတော့ ကျွန်မတို့ အိမ်နှစ်လုံးပိုင်သည်။
တဟုန်ထိုးဈေးကျနေသောအိမ်နှင့် ရောင်း၍မရ၊ နေရန်လည်း
မဖြစ်နိုင်သော အိမ်ပျက်ဖြစ်သည်။ ၀ယ်သူအသစ် မပေါ်လာ
မချင်း ပြင်လက်စအိမ်မှ အလုပ်သမားများကို ပေးချေရန်
ကျွန်မတို့တွင် ငွေတစ်ပြားမှ မရှိပါ။ ထိုအရာသည် မဖြစ်နိုင်
သော အခြေအနေတစ်ရပ်ပင်။
ခံတပ်အင်အား အပြည့်ရှိပြီး ၀င်တိုက်ရန် မဖြစ်နိုင်
သော…
အပြေးသွားသောဖခင်ကြီး
နေ့စဉ် သားပြန်အလာကို စောင့်ရင်း၊ အဝေးရှိ လမ်းမကြီးကို မျှော်ကြည့်ရင်း ဖခင်ကြီးမှာ
လည်ပင်းရှည်လှပြီ။ ညတိုင်း စိတ်ဓာတ်ကျလျက် အိပ်ယာဝင်ခဲ့ရသည်။ သို့သော်
တစ်နေ့တွင် မြင်ကွင်းသို့ အစက်အပြောက်လေးတစ်ခု ပေါ်လာသည်။ အနီရင့်ရောင်
ကောင်းကင်နောက်ခံတွင် အဖော်မဲ့ အားငယ်ပုံ ပေါ်သည့်
လူတစ်ဦး၏ပုံရိပ်သဏ္ဌာန်က ငူငူကြီးရပ်နေသည်။ ‘‘ငါ့သား
များလား’’ ဟုဖခင်ကြီးတွေးမိသည်။ သည့်နောက်တွင်
ရင်းနှီးပြီးသား လမ်းလျှောက်ပုံကို သူတွေ့လိုက်သည်။
‘‘ဟုတ်တယ်၊ အဲဒါ ငါ့သားပဲဖြစ်မယ်။’’
သို့နှင့် သားသည် သူနှင့် ‘‘ဝေးသေးသော’’နေရာတွင်
ရှိနေသေးလည်း ဖခင်ကြီးက သူ့ကိုမြင်လျှင် သနားသောစိတ်
ရှိသည်နှင့် ပြေးသွား၍ သား၏လည်ပင်းကို ပိုက်ဖက်လျက်
နမ်းရှုပ်လေ၏ (လု ၁၅း၂၀)။ အိမ်ထောင်ဦးစီးဖခင်က
သားဆီသို့ အပြေးသွားသည့် အမှုက အရှေ့အလယ်ပိုင်းဒေသဓလေ့နှင့် မလျော်ကန်၊
မဖြစ်သင့်၊ သို့သော် ဤအမှုကို ဖခင်က ပြုခဲ့သည်။ ဤအချက်က…
ဘုရားသခင်၏ကမ္ဘာ
မွေးနေ့၌ ကမ္ဘာ့မြေပုံကို မွေးနေ့လက်ဆောင်ရရှိလျှင် ကျွန်မသား ၀မ်းသာလိမ့်မည်ကို
ကျွန်မသိသည်။ အခြားပစ္စည်းများဝယ်ပြီးနောက် နယ်မြေဒေသများကို ရုပ်ပုံနှင့်
သရုပ်ဖော်ထားသည့် ရောင်စုံ ကမ္ဘာ့တိုက်ကြီးများမြေပုံကားချပ်ကို တွေ့လိုက်ရသည်။
ပါပူးဝါး နယူးဂီနီ ကျွန်းပေါ်တွင် တောင်ပံခတ်နေသော
လိပ်ပြာပုံ၊ချီလီနိုင်ငံ တစ်လျှောက် တောင်တန်းများသွယ်တန်း
သွားပုံ၊ တောင်အာဖရိကနိုင်ငံတွင် စိန်တုံးပုံ စသည့်ဖြင့် ပါရှိ
သည်။ ကျွန်မ စိတ်ကျေနပ်ပျော်ရွှင်သွားသည်။ သို့သော်
မြေပုံအောက်ခြေတွင် ရိုက်နှိပ်ထားသော ‘‘ကျွန်ုပ်တို့၏ကမ္ဘာ’’
စာသားလေးမှာ ဆင်ခြင်စရာဖြစ်သွားသည်။
ဤကမ္ဘာပေါ်တွင် ကျွန်မတို့ နေထိုင်သက်ရှင်
သောကြောင့် ကမ္ဘာဂြိုလ်သည် ကျွန်ုပ်တို့၏ ကမ္ဘာဖြစ်သည်။
ကမ္ဘာပေါ်ရှိ ရေကို သောက်သုံးခွင့် ၊ ရွှေကို တူးဖော်ခွင့်၊
ပင်လယ်ထဲရှိ ငါးများကို ဖမ်းယူ စားသောက်ခွင့် ရှိသည်။
သို့သော် ကျွန်ုပ်တို့ကို ဘုရားသခင်က အခွင့်ပေးထားခြင်းကြောင့်သာ ဖြစ်သည် (က
၁း၂၈-၃၀)။ အမှန်စင်စစ်…
ကျားသစ်ထက် ပိုပြေးနိုင်သည်
အာဖရိက ချီတာကျားသစ်သည် အချိန်တိုလေးအတွင်း ၁နာရီလျှင် ၁၁၂ ကီလိုမီတာ
(မိုင် ၇၀) နှုန်းအထိ ပြေးနိုင်ကြောင်း ကျော်ကြားသည်။ သို့သော် ခရီးဝေးကိုဖြင့်
ကြာကြာမပြေးနိုင်ပါ။ အရှေ့မြောက်အရပ်ရှိ ကန်ယန် ရွာသား ၄ ဦးသည် ၄ မိုင် ခြေလျင်
ပြေးပွဲတွင် ကျားသစ်နှစ်ကောင်ထက် ပိုပြေးနိုင်ခဲ့ကြောင်း ဘီဘီစီ သတင်းဌာနက
သတင်းထုတ်ပြန်ခဲ့သည်။
ဖြစ်ပုံက ကျားသစ်ကြီးနှစ်ကောင်သည် ရွာမှ
ဆိတ်များကို ဖမ်းဆီးစားသောက်နေပုံရသည်။ သို့ဖြစ်၍
ရွာသား ၄ ဦးမှာ ထိုအန္တရာယ်ကို တားဆီးရန် အကြံတစ်ခု
ရသွားသည်။ ၎င်းတို့သည် တစ်နေ့တာအပူချိန် အမြင့်ဆုံး
(မွန်းတည့်)ချိန်တွင် ထိုကြောင်ကြီးမျိုးကို လိုက်သည်။
၎င်းတို့ ဆက်မပြေးနိုင်တော့သည့်အထိ သူတို့နောက်
တောက်လျှောက် လိုက်သည်။ နောက်ဆုံး မောပန်းနေသော
ကျားသစ်များကို အန္တရာယ်ကင်းစွာ ဖမ်းဆီးနိုင်ခဲ့ပြီး ကန်ယန်
ဘေးမဲ့တော၌…
ကျွန်ုပ်တို့သည် တစ်ဖွဲ့တည်း
ဆရာကတော်တစ်ဦး၌ ပါကင်ဆန် အာရုံကြောအားနည်းရောဂါ ရှိနေကြောင်း စစ်ဆေး
တွေ့ရှိခဲ့၍ မိသားစုမှာ အခက်ကြုံလျက် သောကရောက်ကာ စိတ်ဖိစီးမှုခံစားရသည်။
အသင်းတော်မိသားစုကြီး၏တာဝန်ကို တစ်ဖက်၌ ထမ်းဆောင်ရင်း ဇနီးသည်ကို
မည်သို့ ကိုယ်ဖိရင်ဖိ ပြုစုစောင့်ရှောက်ရမည်နည်းဟု ဆရာခမျာ အတွေးများနေသည်။
သို့သော် သူပူပန်စရာအကြောင်း မရှိပါ။ အသင်းသားများ
စုရုံးရောက်ရှိလာပြီး စေတနာနှင့် အစားအသောက်များ
ပြင်ဆင်ပေးသည်။ ဆရာကတော်ကို ပြုစုပေးပြီး ကူညီကြ
သည်။
သခင်ဘုရားက ၀ိညာဉ်ဆုကျေးဇူးများ ချပေးသနား
ရသည့် ရည်ရွယ်ချက်ကို ရှင်ပေါလုက ကောရိ နသု
အသင်းတော်သို့ စာရေးသားပေးပို့ခဲ့သည်။ အမျိုးမျိုးသော
ဆုကျေးဇူးများအကြောင်း (၁ ကော ၁၂း၈-၁၀) မပြောမီ
ရှင်ပေါလုက ‘‘ကောင်းသောအကျိုးအလိုငှာသာ ၀ိညာဉ်
ဆုကျေးဇူးကို လူအသီးသီးတို့အား ထင်ရှားစွာ ပေးတော်မူ
ကြောင်း’’ (း၇) သူတို့ကို သတိပေးသည်။ မိမိကိုယ်ကျိုး အတ္တ…