ခရစ်တော်၏အမြင်ဆိုင်ရာ ဝိရောဓိများ
နာမည်ကျော် ဓမ္မသီချင်းတေးရေး တစ်ဦးဖြစ်သူ အိုင်းစက် ဝပ်စ် (Isaac Watts)က When I Survey the Wonderous Cross “လက်ဝါးကပ်တိုင်တော်ကို ကြည့်၍ အံ့ဩဖွယ်ကျူး” ဓမ္မတေးကို ရေးသားခဲ့ဖူးသည်။ သူ၏စာသားများတွင် ဝိရောဓိဖြစ်စေသော အဓိပ္ပာယ်များကို သုံး၍ “အကျိုးစီးပွား အရှုံးခေါ်ဝေါ်၊ မာနအကုန် ပယ်ရှားရာထင်” စသည်ဖြင့် သုံးနှုန်းရေးသားခဲ့သည်။ ထိုစကားလုံးများကို ဆန့်ကျင်ဘက် အလင်္ကာစကား ဟုခေါ်သည်။ ဥပမာ “ဆိုးရွားလောက်အောင် ကောင်းပါသည်”၊ “ဆင်လောက်ကြီးတဲ့ ပုဇွန်” စသည်ဖြင့် အသုံးပြုကြပါသည်။ သို့သော် ဝပ်စ်၏ စာသားများက ပို၍ ထူးခြားသည်။
သခင်ယေရှုသည်လည်း မကြာခဏ ထိုဝိရောဓိဆန့်ကျင်ဘက်သဘောကို သုံးတတ်သည်။ “စိတ်နှလုံး နှိမ့်ချသောသူတို့သည် မင်္ဂလာရှိကြ၏” (မ ၅:၃)။ သူဆိုလိုသည်မှာ မျှော်လင့်ချက် မရှိသူများသည်၊ ၎င်းတို့ မျှော်လင့်သည်ထက် ပိုသာသောအရာများကို ရရှိမည်ဟု…
ကျွန်ုပ်တို့အဘ၏ ချစ်မေတ္တာ
ကင်မ်(Kim)သည် ပြတင်းပေါက်နားတွင် ထိုင်ချကာ အိတ်ကို ထုပ်ပိုးပြီး စိတ်အားထက်သန်စွာဖြင့် သူ့ ဖခင်ကို စောင့်နေသည်။ တောက်ပသောနေ့သည် ညဘက်သို့ ကူးပြောင်းသွားသည်နှင့်အမျှ သူမ၏ စိတ်အားထက်သန်မှု လျော့ပါးသွားသည်။ သူနားလည်ပါပြီ။ ယနေ့မှာလည်း သူမ၏ဖခင် ရောက်မလာပါ။
ကင်မ် ၏မိဘများသည် ကွာရှင်းပြတ်စဲခဲ့ပြီး သူမသည် ဖခင်ဖြစ်သူနှင့် အချိန် ကုန်လွန်ချင်ခဲ့သည်။ ‘ဒါပထမဆုံးအကြိမ် မဟုတ်ဘူး။ ငါက သူ့အတွက် တကယ်ကို အရေးမကြီးဘူး။ သူငါ့ကို မချစ်ဘူး” ဟု သူတွေးမိသည်။
ကင်မ်သည် နောက်ပိုင်းတွင် ယေရှုကို သူမ၏ ကယ်တင်ရှင်အဖြစ် လက်ခံခဲ့ပြီးနောက်ပိုင်း ကျွန်ုပ်တို့အားလုံးနည်းတူ — လောကရှိမိဘများနှင့် အခြားသူ များက ကျွန်ုပ်တို့ကို စိတ်ပျက်စေမည်ဖြစ်သော်လည်း၊ ကျွန်ုပ်တို့ကို ချစ်သော ကောင်းကင်ဘုံရှင်အဘတစ်ဦးရှိပြီး သူကတော့ ကျွန်ုပ်တို့အား စိတ်ပျက်စေမည် မဟုတ်ကြောင်း သိရှိလာခဲ့သည်။
သူ၏နာမည်ပါသော ကျမ်းစာသုံးစောင်နှင့် ဗျာဒိတ်ကျမ်းကို…
စကားပြောဖို့ လှုံ့ဆော်ခြင်း
“ယေရှုက မင်းကို ချစ်တယ်။ သူက မင်းကို တကယ်ချစ်တယ်”။ ၎င်းသည် ဂျွန်ဒန်နီယယ်၏နောက်ဆုံးစကားများဖြစ်သည်။ အိမ်ခြေယာမဲ့တစ်ယောက်ကို ပိုက်ဆံ ပေးပြီးနောက် ထိုနှုတ်ဆက်စကားများကို ပြောပြီး စက္ကန့်ပိုင်းအတွင်းမှာပင် ကားနှင့် တိုက်မိပြီး ရုတ်တရက်ဆုံးသွားသည်။ ဂျွန်၏အသက်တာကို ဂုဏ်ပြုသည့်အခမ်းအနားအတွက် ထုတ်ဝေသည့်အစီအစဥ်စာရွက်တွင် “သူသည် နောက်ထပ်လူများကို မည်သို့ကမ်းလှမ်းရမည်ကို သိလိုသည်။ ထို့ကြောင့် တနင်္ဂနွေနေ့လည်ခင်း တွင် လိုအပ်နေသောလူတစ်ဦးကို ကူညီရန်ကြိုးစားရင်း ဘုရားသခင်က သူ့အား ဤလောကကို လက်လှမ်းမီနိုင်သည့်နည်းလမ်းတစ်ခုပေးခဲ့သည်”ဟူသည့် စကားလုံးများ ဖော်ပြပါရှိသည်။ ပြည်တွင်းရုပ်သံလိုင်းများက ထိုသတင်းကို ဖော်ပြကြပြီး နိုင်ငံတစ်ဝန်းရှိ သူငယ်ချင်းများ၊ မိသားစု နှင့် အခြားသူတို့ထံ ပျံ့နှံ့သွားသည်။
ဂျွန်ဒန်နီယယ်သည် တရားဟောဆရာ မဟုတ်သော်လည်း အခြားသူများအား ယေရှုအကြောင်း ပြောပြရန် လှုံ့ဆော်ခြင်းခံရသည်။ ရှင်ပေါလုလည်း ထိုနည်းလည်းကောင်းဖြစ်သည်။ တမန်တော်ဝတ္ထု ၂၀ တွင် တမန်တော်ကြီးသည် ဧဖက်မြို့ရှိ အသင်းတော်ခေါင်းဆောင်များအား နှုတ်ဆက်စကားဆိုရင်း…
ယေရှုကို သင်ဘာမေးမလဲ
“သခင်ယေရှုက ဒီမနက် အဖေတို့နဲ့အတူ စားပွဲမှာထိုင်နေတယ်ဆိုရင် မင်းတို့ဘာတောင်းဆိုမလဲ”ဟု ဂျိုး(Joe)က သူ့ကလေးများကို မေးလိုက်သည်။ သူ့သားများက သူတို့ရဲ့အခက်ခဲဆုံးမေးခွန်းများကို စဥ်းစားကြသည်။ သူတို့သည် သခင်ယေရှုအား အခက်ခဲဆုံးသော သင်္ချာပုစ္ဆာများကိုမေးရန်နှင့် စကြဝဠာကြီး အမှန်တကယ်မည်မျှကြီးမားသည်ကို ပြောပြရန် တောင်းဆိုမည်ဟု ဆုံးဖြတ်ခဲ့ကြသည်။ ထို့နောက် သမီးက “သခင်ယေရှုကို ပွေ့ဖက်ခိုင်းမယ်” ဟု ဖြေသည်။
ဤကလေးများအတွက် သခင်ယေရှု၏မျက်ဝန်း၌ ပေါ်လွင်သည့်ချစ်ခြင်း မေတ္တာကို သင်မမြင်ယောင်ဘူးလား။ ထိုတောင်းဆိုချက်များအား လိုက်လျော ဖြည့်ဆည်းပေးရခြင်းကို သခင်ယေရှုဝမ်းသာမည်ဟု ကျွန်ုပ်ထင်ပါသည်။ သင်ရော မထင်ဘူးလား။ ကလေးသူငယ်လေးများနှင့် နောက်ပြောင်ကျီစယ်ပြီး ကလေး သူငယ်မလေးအား ပွေ့ဖက်ထားမည်ကို ကျွန်ုပ်မြင်ယောင်မိသည်။ အထူးသဖြင့် သူ့ကိုချစ်ပြီး သူ၏မေတ္တာအား လိုချင်တောင့်တခြင်းကို ဖော်ပြပုံရသည့် ဂျိုးသမီးလေး၏ဆန္ဒဖြစ်သည့်ပွေ့ဖက်မှုကို သခင်ယေရှုနှစ်သက်နိုင်သည်။
ကလေးများသည် သူတို့၏မှီခိုအားထားသည့်စိတ်ကို ခံစားသိရှိကြပြီး သခင်ယေရှုသည် တန်ခိုးကြီးပြီး မေတ္တာရှင်ဖြစ်ကြောင်း သူတို့သိကြသည်။ သခင်ယေရှုက “ငါအမှန်ဆိုသည်ကား၊…
သန့်ရှင်းလာခြင်း
ပန်းချီပြတိုက်တစ်ခုတွင် ကမ္ဘာ့အဆင့်မီ ကြွေပန်းပုများကို ကြည့်ပြီးနောက် အခြောက်ခံထားသော ရွှံ့စေးဖြင့် ကိုယ်ပိုင် “Pinch pot” ကိုဖန်တီးရန် ဖိတ်ခေါ်သောအခါ ကျွန်မသည် ပန်းကန်လုံးပုံဖော်ရန်၊ ပုံစံထွင်းထုရန် နှင့် ဆေးရောင်ခြယ်ရန် နှစ်နာရီကြာအောင် အချိန်ယူခဲ့ရသည်။ ကျွန်မ၏ကြိုးစားအားထုတ်မှုရလဒ်မှာ မညီမညာ မချောမွေ့သောအရောင်နှင့် ပုံမကျသည့်အိုးသေးလေးဖြစ်လာပြီး၊ ပြတိုက်၌ ပြသရန် မဖြစ်နိုင်ပေ။
အဆင့်အတန်းမြင့်မြင့်နေထိုင်ခြင်းသည် ကြောက်လန့်စရာကောင်းနိုင်သည်။ ဣသရေလယဇ်ပုရောဟိတ်များသည် ကိုယ်ကို မညစ်ညူးစေဘဲ သန့်ရှင်းစေရန် ဘုရားသခင်၏ပညတ်ချက်(ဝတ် ၂၂:၁-၈)နှင့် ယဇ်ပူဇော်ခြင်းဆိုင်ရာ နောက်ထပ် ညွှန်ကြားချက်များ (:၁၀-၃၃)ကို လိုက်နာရန်ကြိုးစားခဲ့စဥ် ဤအရာကိုကြုံတွေ့ခဲ့ရသည်။ ယဇ်ပုရောဟိတ်များ၏အလုပ်သည် သန့်ရှင်းခြင်း၊ သီးသန့်ခွဲခြားထားခြင်းဟု ယူဆရပြီး၊ သူတို့အကောင်းဆုံး ကြိုးစားအားထုတ်စေကာမူ မကြာခဏဆိုသလို မပြည့်မီကြပါ။ ထို့ကြောင့် နောက်ဆုံးတွင် ဘုရားသခင်သည် သူတို့၏ ဖြောင့်မတ်ခြင်းအတွက် တာဝန်ကို သူကိုယ်တိုင်တာဝန်ယူထားသည်၊ “ငါထာဝရ ဘုရားသည် သူတို့ကို (ယဇ်ပုရောဟိတ်) သန့်ရှင်းစေ၏”ဟု မောရှေအား…
ကျွန်ုပ်တို့၏သေချာသောအခြေခံအုတ်မြစ် ဘုရားသခင်
ပဲ့ကျနေသောမီးဖိုချောင်နှင့် အိကျနေသောကြမ်းခင်းများကြောင့် ကျွန်ုပ်တို့၏ အိမ်ကို ပြုပြင်မွမ်းမံရန် လိုနေပါပြီ။ အပိုင်းအတော်များများကို ဖြိုဖျက်ပြီးနောက် ဆောက်လုပ်ရေးသမားများသည် အုတ်မြစ်အသစ်ကို စတင်တူးကြသည်။ ထို့နောက် စိတ်ဝင်စားစရာများ တွေ့လာရသည်။
ဆောက်လုပ်ရေးသမားများက မြေကြီးတူးဖော်နေစဥ် ပန်းကန်ပြားအပိုင်း အစများ၊ ၁၈၅၀ ခုနှစ် ဝန်းကျင်က ဆိုဒါပုလင်းများနှင့် မီးဖိုချောင်သုံးပစ္စည်းများ အမြောက်အများထွက်လာသည်။ ကျွန်ုပ်တို့အိမ်ကို အမှိုက်ပုံဟောင်းပေါ်၌ ဆောက် ခဲ့ခြင်းလား။ မသိနိုင်ပါ။ သို့သော် ရလဒ်အနေနှင့် အင်ဂျင်နီယာက ကျွန်ုပ်တို့၏ အုတ်မြစ်ကို ပိုနက်အောင်တူးရမည်။ မဟုတ်ပါက နံရံ၌ အက်ကြောင်း ပေါ်လာလိမ့်မည်ဟု ပြောပါသည်။
အခြေခံအုတ်မြစ်ကောင်းများသည် ခိုင်ခံ့သောအိမ်များအတွက်ဖြစ်ပါသည်။ ကျွန်ုပ်တို့အသက်တာအတွက်လည်း ထိုနည်းတူပင် ဖြစ်သည်။ ဣသရေလလူတို့ သည် ရန်သူတို့ကြောင့် တုန်လှုပ်သည့်အခါ သူတို့ခိုင်ခံ့ခြင်းရှိရန် ဟေရှာယ ဆုတောင်း ပေးခဲ့သည်(ဟေရှာ ၃၃:၂-၄)။ သို့သော် သတ္တိရှိခြင်း (သို့) လက်နက်ရှိခြင်းကြောင့် မဟုတ်ဘဲ ဘုရားသခင်အပေါ်၌…
သူတထူး ကောင်းချီးဖြစ်စေရေး ကောင်းချီးခံရသည်
သတင်းသမားတစ်ယောက်အနေနှင့် ဖြတ်သန်းခဲ့ရသောကာလအတွင်း အခြား သူတို့၏ဇာတ်လမ်းများကို ပြောပြရခြင်းကို ကြိုက်နှစ်သက်သော်လည်း မိမိထင်မြင်ချက်များကို မပြောရန် လေ့ကျင့်ခြင်းခံခဲ့ရပါသည်။ ထို့နောက် နှစ်အတန် ကြာတွင် ကျွန်မ၏သတင်းသမားအလုပ်မှထွက်ရန် ဘုရားသခင်ခေါ်ခြင်းကို ခံစားလာရပြီးနောက် ဘုရားသခင်က သူ့အကြောင်းကို ဘလော့ဂ်တစ်ခုရေးပြီး မျှဝေရန် ညွှန်ကြားလာသည်ဟု တိုး၍ ခံစားလာရသောအခါတွင် အထူးသဖြင့် ကျွန်မ၏ယုံကြည်ခြင်းနှင့်ပတ်သက်၍ မိမိ၏အတွေးအမြင်များကို မျှဝေရန် အနည်းငယ်စိတ်ပူမိပါသည်။ ဘလော့ဂ် စရေးသောအခါ ပြောစရာ ရေးစရာများ ကုန်သွားမှာကိုလည်း စိုးရိမ်မိသည်။ သို့သော် တစ်ပတ်ပြီးတစ်ပတ် မျှဝေစရာ အားပေးစကားများနှင့် ထိုးထွင်းအမြင်များကို တွေ့ရှိ ခဲ့သည်။ များများရေးလေ အတွေးများများရလေဖြစ်ပြီး၊ ယခုအချိန်ထိ အလားတူပင်ဖြစ်သည်။
အခြားသူများကို အစေခံရန် ကျွန်မ၏စွမ်းရည်နှင့်ပါရမီကို အသုံးပြုသောအခါ ဘုရားသခင်က ကျွန်မကို ဝမ်းမြောက်ရွှင်လန်းမှုနှင့် ဉာဏ်ပွင့်လန်းမှုများဖြင့် ပိုမိုပြည့်ဝစေသည်ကို ကျွန်မကိုယ်ပိုင်အသက်တာ၌ တွေ့ရှိ ခဲ့ရသည်။
ဓမ္မရာဇဝင်စတုတ္ထစောင်တွင် ပရောဖက်ထံ အကူအညီသွားတောင်းသော ဆင်းရဲသော…
ကြောက်ရွံ့ရိုသေခြင်း
“သေရမှာကို ကြောက်တဲ့စိတ်ကို ကျွန်ုပ်အတော်လေးသိပါတယ်။ လွန်ခဲ့တဲ့ ၇ နှစ်ခန့်က ကျွန်ုပ်မှာ ကုသ၍ မရနိုင်တဲ့ ကင်ဆာရောဂါရှိတယ်လို့ သိလိုက်ရတဲ့အခါ ပြင်းထန်၊ ဖျားနာ၊ မူးဝေ၊ ကြောက်ရွံ့မှုတွေကို ခံစားခဲ့ရတယ်”ဟု ဂျဲရမီရေးသားခဲ့သည်။ သို့သော် သူသည် ဘုရားသခင်ထံမှီခိုပြီး သေခြင်းတရားကိုကြောက်ရွံ့ခြင်းမှ ကိုယ်တော်အား ကြောက်ရွံ့ရိုသေခြင်းသို့ကူးပြောင်းခြင်းဖြင့် သူ၏ကြောက်ရွံ့မှုကို ကိုင်တွယ်ဖြေရှင်းရန် သင်ယူခဲ့သည်။ ဂျဲရမီအတွက် ဤသည်မှာ ဘုရားသခင်သည် သူ့ကို သိပြီးချစ်ကြောင်း နက်နဲစွာ သဘောပေါက်ခဲ့သည့် တစ်ချိန်တည်းမှာပင် ၎င်းသည် “သေခြင်းကို နစ်မွန်းဆုံးရှုံးစေသော” (ဟေရှာ ၂၅:၈) စကြဝဠာကို ဖန်ဆင်းတော်မူသောအရှင်ကို အံ့ဩကြောက်ရွံ့ခြင်းဟု ဆိုလိုသည်။
ကိုယ်တော်ကို ကြောက်ရွံ့ခြင်း- ကျွန်ုပ်တို့၏ သန့်ရှင်းသောဘုရားသခင်အား အလေးအနက် ရိုသေလေးစားခြင်းနှင့် ကြောက်ရွံ့ခြင်းသည် သမ္မာကျမ်းစာတစ်ခုလုံးတွင် ဖော်ပြပါရှိသည့်ခေါင်းစဥ်တစ်ခုဖြစ်သည်။ ရှောလမုန်မင်းကြီးသည် သုတ္တံကျမ်းပါ သူ၏ပညာစကားများတွင် ထာဝရဘုရားကို ကြောက်ရွံ့ရန် သူ၏သားကို သတိပေးဆုံးမခဲ့သည်။ သူ၏သားအား…
ဘုရားသခင်ထံတော်မှ ထွက်ပြေးခြင်း
ဒေးဗစ်ဗက်တာ(David Vetter)သည် သူ့တစ်ဘဝလုံးကို ပူဖောင်းထဲတွင် ဖြတ်သန်း ခဲ့ပြီးနောက် အသက် ၁၂ နှစ်တွင် ကွယ်လွန်ခဲ့သည်။ သူ့ကို “ပူဖောင်းကောင်လေး” ဟု ခေါ်ကြပြီး၊ သူသည် ပြင်းထန်သောကိုယ်ခံအားကျဆင်းမှု immunodeficiency (SCID)ဖြင့် မွေးဖွားလာသူဖြစ်သည်။ သားဦးကို ရောဂါနှင့်ဆုံးရှုံးခဲ့ရ၍ ဒုတိယကလေးကို ကာကွယ်ရန် သူ့မိဘများက ဆုံးဖြတ်ခဲ့ကြသည်။ သူကြာကြာအသက်ရှည်အောင်နှင့် ပြင်ပကမ္ဘာ၌ ဒေးဗစ်ကို သူ့မိဘများ ပွေ့ချီထိန်းနိုင်အောင် နာဆာအင်ဂျင်နီယာများက ပလတ်စတစ်အကာအကွယ်ပူဖောင်းအပြင် အာကာသ ဝတ်စုံကိုပါ ဒီဇိုင်းထုတ်ပေးခဲ့သည်။ မိမိချစ်ရသူများကို ကျွန်ုပ်တို့ မည်မျှကာကွယ်ချင်လိုက်သနည်း။
အဘိဂဲလ၏မိုက်မဲသောခင်ပွန်းနာဗလသည် ရှင်ဘုရင်ဒါဝိဒ်အပေါ်အမှားလုပ်ခဲ့သည်။ ခဲယဥ်းဆိုးယုတ်သောအချိန်တွင် ဒါဝိဒ်သည် သူကိုယ်တိုင်ကလဲ့စား ချေရန် ရှာကြံခဲ့သည်။ အဘိဂဲလသည် အလျင်အမြန်ထလျက် ဒါဝိဒ်အား တွေ့ပြီး “ကိုယ်တော်၏ဘုရားသခင်ထာဝရဘုရားသည် ကျွန်မသခင်၏အသက်ကို အသက်ထုပ်၌ နှောင်ဖွဲ့တော်မူလိမ့်မည်”(၁ရာ ၂၅:၂၉)ဟု အမြော်အမြင်ဖြင့် သတိပေးခဲ့သည်။ “အထုပ်”နှင့်စပ်လျဥ်းသည့် အယူအဆမှာ အဖိုးတန်ပစ္စည်းများကို ပိုင်ရှင်မှ…
ခရစ်တော်သည်သာ အရေးအကြီးဆုံးပါ
ကျွန်တော်တို့ဇနီးမောင်နှံသည် ပေါ့ပေါ့ပါးပါးနှင့်ခံစားချက်ကောင်းသည့် အချစ်ဇာတ်လမ်းရုပ်ရှင်များကို ကြိုက်သည်။ ၎င်းသည် သူမ၏အကြိုက်ဟု ကျွန်ုပ်ပြောနိုင်ပါသည်။ သို့သော် ၎င်းကို ကျွန်ုပ်လည်း ကြိုက်ပါသည်။ သရုပ်ဆောင်တို့၏ နှစ်လိုဖွယ်ရာနှင့်ဆွဲဆောင်မှုသည် ၎င်းတို့၏ကြိုတင်မှန်းဆနိုင်သော ပျော်ရွှင်ဖွယ်ဇာတ်သိမ်းအပေါ်တွင် မူတည်ရှိနေပါသည်။ မကြာမီက ဆင်ခြင်စဥ်းစားစရာ အချစ်ရေးရာအကြံဉာဏ်အချို့ကို ပေးသည့် ဇာတ်ကားတစ်ခုကို ကျွန်ုပ်တို့ကြည့်ရှုခဲ့သည်။ “အချစ် ဆိုတာ ခံစားချက်တစ်ခုပါ”ဟု ပြောကာ၊ ထို့နောက် “သင့်နှလုံးသားအလိုနောက်သို့ လိုက်ပါ”ဟု ဆိုထားသည်။ နောက်ဆုံးတွင် “သင့်ရဲ့ပျော်ရွှင်မှုက အရေးကြီးဆုံးပါ”ဟု အဆုံးသတ်ထားသည်။ ကျွန်ုပ်တို့၏ခံစားချက်များက အရေးကြီးပါသည်။ သို့သော် ကိုယ့်ကိုယ်ကိုသာ အာရုံစိုက်သော စိတ်ခံစားမှုသည် တည်မြဲသောအိမ်ထောင်ရေး အတွက် မကောင်းသောအခြေခံအုတ်မြစ်ဖြစ်သည်။
ခေတ်ရေစီးကြောင်းယဥ်ကျေးမှုသည် အစပိုင်းတွင် ကောင်းမွန်သော အတွေးအမြင်ကို ဖော်ထုတ်ပေးသော်လည်း အသေအချာစစ်ဆေးသောအခါ ယိုယွင်းပျက်စီး သွားသည်။ ထို့ပြင် ဂရုတစိုက်စစ်ဆေးခြင်းသည် ကောလောသဲ ၂ တွင် ရှင်ပေါလုရည်ညွှန်းသောအချက်ဖြစ်သည်။ ထိုအခန်းကြီးတွင် “(ခရစ်တော်၌) စိုက်ပျိုးခြင်း၊…