အမျိုးအစား  |  odb

ကျေးဇူးပြုခြင်းများ

“ကျေးဇူးတရားအကြောင်း”(About Grace) ဝတ္ထုတွင်၊ ဒေးဗစ်ဝင်းကလယ် (David Winkler)သည် ကွဲကွာနေသော သူ၏သမီးကိုရှာရန် တောင့်တခဲ့ပြီး ဟာမန်ရှီလာ(Herman Sheeler)သည် သူ့ကိုကူညီနိုင်သည့် တစ်ဦးတည်းသောလူ ဖြစ်သည်။ သို့သော် အထစ်အငေါ့တစ်ခုရှိသည်။ ထိုသမီးမှာ ဟာမန်၏ဇနီးနှင့် ဒေးဗစ်တို့ဖောက်ပြန်ရာမှ မွေးလာသူ ဖြစ်ပြီး ဟာမန်က သူတို့ကို နောက်ထပ် မဆက်သွယ်ရန် သတိပေးခဲ့သည်။

ဆယ်စုနှစ်များစွာ ကုန်ဆုံးခဲ့ပြီးနောက် ဒေးဗစ်သည် ဟာမန်ထံ သူပြုခဲ့သည့်အရာအတွက် တောင်းပန်စာရေးခဲ့သည်။ “ကျွန်တော့်သမီးလေးအကြောင်း သိပ်မသိလို့ ဘဝမှာ လစ်ဟာနေခဲ့တယ်” ဟု သူက ထပ်လောင်းပြောကြားပြီး၊ သမီးနှင့် ပတ်သက်သော အချက်အလက်များကို တောင်းခံခဲ့သည်။ ဟာမန် သူ့ကို ကူညီမှာလားဆိုတာ စောင့်ကြည့်ခဲ့သည်။

ကျွန်တော်တို့အပေါ် မှားယွင်းစွာပြုခဲ့သူများကို မည်သို့ဆက်ဆံသင့်သနည်း။ ဣသရေလရှင်ဘုရင်သည် ရန်သူများ သူ့လက်ထဲ အံ့ဖွယ်နည်းလမ်းဖြင့် ကျရောက်ပြီးနောက် ဤမေးခွန်းကို ရင်ဆိုင်ခဲ့ရသည် (၄ရာ ၆:၈-၂၀)။ “သူတို့ကို…

ဘုရားသခင်နှင့် စကားပြောခြင်း

၂၀၂၂ ခုနှစ်သည် ကျွန်တော်နှင့် ကျွန်တော့်ဇနီးအတွက် အလွန်ထူးခြားပါသည်။ ထိုနှစ်သည် ကျွန်ုပ်တို့၏ မြေးရှစ်ယောက်တွင် တစ်ဦးတည်းသောမြေးမဖြစ်သူ ဆိုဖီယာအက်ရှလီ (Sophia Ashley)မွေးဖွားသောနှစ်ဖြစ်သည်။ ဆိုဖီယာ၏ အဘိုးအဘွားများ၏ အပြုံးများ မရပ်တန့်တော့ပေ။ သားဖြစ်သူက ဗီဒီယိုနှင့်ဖုန်းခေါ်‌သောအခါ စိတ်လှုပ်ရှားမှုက ပို၍ပင် မြင့်တက်လာသည်။ ကျွန်တော့်ဇနီးနှင့် ကျွန်တော်သည် အခန်းတစ်ခန်းထဲတွင် အတူမရှိသော်လည်း သူ၏ပျော်ရွှင်ပြီး ကျယ်လောင်သော အသံက ဆိုဖီယာကို တွေ့လိုက်၍ဖြစ်ကြောင်း ဖော်ပြနေသည်။ ယခုအခါတွင် အဝေးမှ ချစ်သောသူများကို မြင်တွေ့ရရန်မှာ ဖုန်းခေါ်ဆိုမှု သို့မဟုတ် ကလစ်တစ်ချက်နှိပ်ရုံသာ ဖြစ်သည်။

မိမိနှင့် ဖုန်းပြောနေသူကို မြင်နိုင်စွမ်းသည် အတော်လေးအသစ်အဆန်းဖြစ်သော်လည်း ဘုရားသခင်နှင့် အချိန်ယူခြင်း — သူ၏မျက်မှောက်တော်၌ ရှိနေကြောင်းအသိနှင့် ဆုတောင်းခြင်းက အသစ်အဆန်း မဟုတ်ပါ။ ဆာလံ ၂၇ မှ ဒါဝိဒ်၏ ဆုတောင်းချက်တွင် ဆန့်ကျင်တိုက်ခိုက်မှုများအလယ်တွင် အနီးဆုံးရင်းနှီးဆက်နွယ်သူများ၏ကူနိုင်စွမ်းထက် ကျော်လွန်သည့် ကူညီမှုကို…

သူငယ်တော်ယေရှုကို ကြိုဆိုပါသည်

ကျွန်ုပ်တို့၏အိမ်နီးချင်းကိုယ်ဝန်သည်မှ သူမ၏သားဦးလေးမွေးဖွားမည့်သတင်းကို ကြိုဆိုရန် ကျွန်မတို့ ထာဝရစောင့်မျှော်နေရသကဲ့သို့ ခံစားရသည်။ သူတို့၏အိမ်ရှေ့ မြက်ခင်းတွင် “မိန်းကလေးဟေ့”ဟူသော ဆိုင်းဘုတ်ပေါ်လာသောအခါ ကျွန်ုပ်တို့ သည် သူတို့သမီးလေး မွေးခြင်း အထိမ်းအမှတ်ပျော်ပွဲဆင်နွှဲပြီး အပြင်၌ ခင်းကျင်း ထားသောအရာကို မမြင်သေးသည့် သူငယ်ချင်းများထံ စာတိုများပေးပို့ခဲ့သည်။

လူ့လောကသို့ ကလေးငယ်ရောက်လာမည့်အချိန်ကို စောင့်မျှော်ခြင်းသည် ကြီးမားသောစိတ်လှုပ်ရှားဖွယ်ရာ ဖြစ်သည်။ ယေရှုမမွေးဖွားမီက ဂျူးလူမျိုးများ သည် လအနည်းငယ်မျှ စောင့်ဆိုင်းနေခြင်း မဟုတ်ဘဲ၊ ဣသရေလလူမျိုးများ မျှော်လင့်ထားသည့် ကယ်တင်ရှင်မေရှိယ မွေးဖွားခြင်းကို မျိုးဆက်ပေါင်းများစွာ တောင့်တခဲ့ကြသည်။ ထိုနှစ်ကာလများတစ်လျှောက်တွင် သစ္စာရှိသောဂျူးလူမျိုးများက သူတို့သက်ရှိထင်ရှား ရှိစဥ်တွင် ဤကတိတော်ပြည့်စုံမှုကို မြင်ရမည်လားဟု သိချင်ကြမည်ကို ကျွန်ုပ်တွေးမိသည်။

တစ်ညတွင် ကာလရှည်ကြာ မျှော်လင့်စောင့်စားခဲ့သောသတင်းကို ကောင်းကင်တွင် ပြသခဲ့သည်။ ကောင်းကင်တမန်တစ်ပါးသည် ဗက်လင်မြို့ရှိ သိုးထိန်းများထံ ပေါ်လာပြီး နောက်ဆုံးတွင် မေရှိယဖွားမြင်ကြောင်း ကြေညာခဲ့သည်။ “သင်တို့သည် အဘယ်နိမိတ်ဖြင့်…

ခရစ်တော်၏အလင်း

ကျွန်မ၏ခင်ပွန်းနှင့် ကျွန်မသည် ခရစ္စမတ်အကြိုဝတ်ပြုစည်းဝေးတက်ရောက်ခြင်းကို အမြဲပျော်မွေ့ နှစ်သက်သည်။ ကျွန်မတို့၏အိမ်ထောင်သည် ဘဝအစောပိုင်း နှစ်များတွင် အထူးအစဉ်အလာအနေနှင့် ဝတ်ပြုစည်းဝေးပြီးသည့်နောက် အနွေးထည်များဝတ်ကာ၊ တိုင်မြင့်များပေါ်၌ တောက်ပသောမီးသီး အလုံး ၃၅၀ ဖြင့် ကြယ်ပုံသဏ္ဌာန် သွယ်တန်းထားသော အနီးရှိတောင်ကုန်းဆီသို့ ကျွန်မတို့လမ်းလျှောက်ကြသည်။ တစ်ချိန်တည်းမှာပင် မြို့ထဲရှိလူမြောက်များစွာကလည်း ‌အောက်ချိုင့်မှနေ၍ လင်းလက်သည့် မီးကြိုးဖြင့် သွယ်တန်းပြုလုပ်ထားသည့်ကြယ်ကို မော့ကြည့်ကြသည်။

ထိုကြယ်သည် ကျွန်ပ်တို့၏ကယ်တင်ရှင်မွေးဖွားခြင်း အမှတ်သညာဖြစ်သည်။ “အရှေ့ပြည်မှမာဂုပညာရှိ” တို့သည် “မွေးဖွားလာမည့် တစ်ဦးတည်းသော ယုဒကယ်တင်ရှင်”ကို ရှာဖွေလျက်ရှိကြောင်း သမ္မာကျမ်းစာမှ ပြောထားသည်(မ၂:၁-၂)။ သူတို့သည် ကောင်းကင်ကို ကြည့်ရှုမှတ်သားလျက် “ထွန်း‌တောက်လာသော ကြယ်” ကို တွေ့ရှိခဲ့သည်(:၂)။ သူတို့သည် ယေရုရှလင်မှ ဗက်လင်မြို့သို့ ခရီးဆက်ခဲ့ကြပြီး “ကြယ်သည် သူတို့ရှေ့က သွားသဖြင့် သူငယ်တော်ရှိရာ အရပ်အ‌ပေါ်သို့ရောက်၍ တည်လျက်နေ၏” (:၉)။ ထိုနေရာ၌ “သူငယ်တော်ကို တွေ့မြင်လျှင် ပြပ်ဝပ်ကိုးကွယ်”…

ချစ်ကြည်ရင်းနှီးသောရည်မှန်းချက် ‌

နာဇီယန်းဇက်စ် မြို့ မှ ဂရယ်ဂရီ နှင့် စေစရီယား မြို့မှ ဘယ်စေးလ်တို့သည် ၄ရာစုမှ အသင်းတော်ခေါင်းဆောင်များဖြစ်ပြီး ရင်းနှီးသောသူငယ်ချင်းလည်း ဖြစ်ကြသည်။ သူတို့သည် ဒဿနိကဗေဒကျောင်းသားအဖြစ် ပထမဆုံးတွေ့ဆုံခဲ့ကြပြီး၊ နောက်ပိုင်းတွင် သူတို့သည် “နှစ်ကိုယ့်တစ်စိတ်” ဖြစ်လာသည်ဟု ဂရယ်ဂရီက ပြောသည်။

သူတို့၏အသက်မွေးဝမ်းကျောင်းသည် ဆင်တူပြီး ဂရယ်ဂရီနှင့် ဘယ်စေးလ်တို့ အကြား ပြိုင်ဆိုင်မှုမရှိပေ။ သို့သော် ပြိုင်ဆိုင်ရန်သွေးဆောင်မှုကို သူတို့ရှောင်ရှားလျက်၊ ၎င်းတို့ဘဝအတွက် “တစ်ခုတည်းသော ရည်မှန်းချက်”အဖြစ် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းနှင့် ကောင်းသောအကျင့်များကို ကျင့်ကြံကာ မိမိထက် တစ်ဘက်သားကို ဤပန်းတိုင်သို့ ပေါက်ရောက်အောင်မြင်စေကြောင်း “အချင်းချင်းကို တွန်းအားပေး” ခဲ့ကြောင်း ဂရယ်ဂရီက ရှင်းပြခဲ့သည်။ ရလဒ်အဖြစ် နှစ်ဦးစလုံးသည် ယုံကြည်ခြင်း၌ ကြီးထွားလာပြီး၊ ပြိုင်ဆိုင်မှုကင်းလျက် ခေါင်းဆောင်မှု အဆင့်သို့တက်လှမ်းခဲ့ကြတော့သည်။

ယုံကြည်ခြင်း ခိုင်ခံ့အားကောင်းရန် (ဟေဗြဲ ၂:၁) ဟေဗြဲဩဝါဒစာက ကျွန်ုပ်တို့ကို ကူညီပေးပြီး…

မြင်တွေ့နားလည်နိုင်သောမေတ္တာ

ဆေးရုံခုတင်ပေါ်တွင် လဲလျောင်းနေသော ကျွန်မ၏သူငယ်ချင်း မာဂရက်ဘေးတွင် ထိုင်နေရင်း အခြားလူနာ၊ ဆေးရုံဝန်ထမ်းနှင့် ဧည့်သည်များ၏ ပျားပန်းခပ် လှုပ်ရှား နေမှုကို ကြည့်နေခဲ့သည်။ နာမကျန်းဖြစ်နေသောမိခင်အနားတွင် ထိုင်နေသည့် အမျိုးသမီးငယ်က မာဂရက်အား “မင်းဆီ အမြဲ လာလည်တဲ့သူတွေက ဘယ်သူတွေလဲ” ဟုမေးရာ၊ သူမက “ငါ့ရဲ့ဘုရားကျောင်းမိသားစုတွေပါ” ဟု ပြန်ဖြေခဲ့သည်။ အမျိုးသမီးငယ်က ဤကဲ့သို့ တစ်ခါမျှမမြင်ဘူးကြောင်းနှင့် လာရောက်သောဧည့်သည်များသည် “မြင်သာသောချစ်ခြင်းမေတ္တာ သွန်းလောင်းသကဲ့သို့” ခံစားမိကြောင်း သူမမှတ်ချက်ချခဲ့သည်။ မာဂရက်က “သားတော်ယေရှုခရစ်အားဖြင့် ဘုရားသခင်ကို ချစ်တဲ့မေတ္တာ စီးဆင်းလာတာ” ဟုပြုံးလျက် ပြန်ပြောသည်။

မာဂရက်၏တုံ့ပြန်မှုက ချစ်ခြင်းမေတ္တာအပြည့်ဖြင့် သူ၏နောက်ဆုံးနှစ်များတွင် ဩဝါဒစာသုံးစောင် ရေးခဲ့သော တပည့်တော်ယောဟန်ကို ပြန်လည်သတိရစေသည်။ သူ၏ပထမစာစောင်တွင် သူက “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏။ ချစ်ခြင်းမေတ္တာ၌ တည်သောသူသည် ဘုရားသခင်၌ တည်၏။ ဘုရားသခင်သည်လည်း ထိုသူ၌ တည်တော်မူ၏” (၁ ယော…

ပြတင်းပေါက်မှ အံ့သြဖွယ်

ဓာတ်ပုံဆရာ ရွန်မူရေး(Ronn Murray)သည် အေးသောရာသီဥတုကို နှစ်သက် သည်။ သူက “အေးတယ်ဆိုတာ ကောင်းကင်က ကြည်လင်နေတယ်ဆိုတဲ့အဓိပ္ပာယ်၊ ဒါက အံ့ဩဖွယ်ရာကို ဖွင့်လှစ်ပြနိုင်တယ်” ဟုရှင်းပြသည်။

ရွန်သည် ကမ္ဘာမြေ၏ ကြီးကျယ်ခမ်းနားဆုံး အလင်းပြပွဲဖြစ်သော - အော်ရိုရာ ဘိုရီရာလစ် (ကမ္ဘာ့မြောက်ခြမ်းအလင်းတန်းများ)ကို ခြေရာခံရန် ရည်ရွယ်သော အလာ့စ်ကန်(Alaskan)ဓာတ်ပုံရိုက် ခရီးစဉ်ကို စီစဉ်ပေးသူဖြစ်သည်။ ရွန်သည် ထိုအတွေ့အကြုံကို “ဝိညာဉ်ရေးအလွန်ဆန်သည်” ဟု ပြောပါသည်။ အကယ်၍ ကောင်းကင်တစ်ခွင်တွင် ဤပြိုးပြိုးပြက်ပြက် တောက်ပသောအရောင်များ ကခုန်နေသည်ကို သင်မြင်ဖူးသည်ဆိုလျှင် အကြောင်းရင်းကို သင်နားလည်မည်ဖြစ်သည်။
သို့သော်အလင်းတန်းများသည် မြောက်ပိုင်းသဘာဝဖြစ်စဉ်သာ မဟုတ်ပါ။ အော်ရိုလာ အော်စထရာလစ် သည် ဘိုရီရာလစ်နှင့် ထပ်တူနီးပါးဖြစ်ပြီး၊ တူညီသော ထိုအလင်းရောင်မျိုးသည် ကမ္ဘာ့တောင်ခြမ်းတွင် တစ်ချိန်တည်း ဖြစ်ပေါ်နေသည်။

ရှင်ယောဟန်ပြောပြသည့် ခရစ်စမတ်ဇာတ်လမ်းတွင် သူသည် နွားတင်းကုပ်နှင့် သိုးထိန်းများအကြောင်းကို ကျော်သွားပြီး “လူတို့ထံအလင်းဆောင်ယူလာသူ”…

အမှန်တရားသည် မည်သည့်အခါမှ မပြောင်းလဲပါ

ကျွန်မသားဇာဗီးယားငယ်စဉ်အခါက သူနှင့်အတူ ကလေးပုံပြင်ဖတ်ရာ ထိုပုံပြင်မှာ ဘောပင်ကို လုပ်ကြံဖန်တီးထားသည့်အမည်ဖြင့် ရည်ညွှန်းပြောဆိုကာ ဆရာမကို မနာခံသည့် သူငယ်လေးအကြောင်း ဖြစ်သည်။ ထိုကောင်လေးမှာ သူဖန်တီးထားသည့် အမည်ဖြင့် ဘောပင်ကိုခေါ်ဆိုရန် ငါးတန်းအရွယ် သူ၏သူငယ်ချင်းများကို စည်းရုံး ခဲ့သည်။ ကောင်လေး၏ အစားထိုးစကားလုံးအကြောင်းမှာ တစ်မြို့လုံးကို ပျံ့နှံ့သွားခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ ထိုတိုင်းပြည်ရှိလူများလည်း ဘောပင်ကို ခေါ်ဆိုသုံးနှုန်းသည့် အသုံးကို ပြောင်းလဲခဲ့သည်။ အဘယ်ကြောင့် ဆိုသော် သူငယ်လေးဖန်တီးထားသည့် အသုံးအနှုန်းကို မပြောင်းလဲသော အမှန်တရားဟု အချို့က ယုံကြည်လက်ခံကြသည်။

သမိုင်းတစ်လျှောက်တွင် အားနည်းချက်ရှိသည့် လူသားများက သူတို့အလိုဆန္ဒ နှင့်ကိုက်ညီရန် အစဉ်ပြောင်းလဲနေသည့် အမှန်တရားများ (သို့) ၎င်းတို့ပို၍နှစ်သက်သည့် အမှန်တရားကိုသာ လက်ခံယုံကြည်ကြသည်။ သို့သော် သမ္မာကျမ်းစာသည် တစ်ခုတည်းသောအမှန်တရား၊ တစ်ပါးတည်းသောဘုရားသခင်နှင့် ကယ်တင်ခြင်း သို့ ရောက်မည့်တစ်ခုတည်းသောလမ်းဖြစ်သည့် မေရှိယကို ပြညွှန်ထားသည်။ မေရှိယမှ တစ်ဆင့် “ထာဝရဘုရား၏ဘုန်းတော်ပေါ်ထွန်း”…

ကျွန်ုပ်တို့အပေါ် ဘုရားသခင်၏အမြင်

၁၉၆၈ ခုနှစ်က အမေရိကန်နှင့်ဗီယက်နမ်နှစ်နိုင်ငံ စစ်ဖြစ်ကြရာ နေရာအနှံ့အပြားတွင် လူမျိုးတုန်းသတ်ဖြတ်မှုများ ပြင်းထန်လာခဲ့ကာ နိုင်ငံကျော်ပုဂ္ဂိုလ်နှစ်ဦး လုပ်ကြံခံခဲ့ရသည်။ ထိုနှစ်မတိုင်မီခန့်က ဒုံးပျံပစ်တင်စင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အာကာသယာဉ်မှူးသုံးဦး အသက်ဆုံးရှုံးခဲ့ရပြီး၊ လကမ္ဘာပေါ် အခြေချမည့်အမှုအရေးမှာလည်း မဖြစ်နိုင်တော့သည့် အိပ်မက်တစ်ခုလိုဖြစ်ခဲ့သည်။ သို့သော် လည်း အပိုလိုအမှတ်စဉ်-၈ အာကာသယာဥ်ကို ခရစ်စမတ်မတိုင်မီ ရက်များတွင် လွှတ်တင်နိုင်ခဲ့သည်။

၎င်းသည် လကမ္ဘာကို လည်ပတ်ရန် လူလိုက်ပါသည့် ပထမဆုံးသောခရီးစဉ် ဖြစ်ခဲ့သည်။ ထိုပျံသန်းရေးခရီစဉ်တွင် ပါဝင်သည့် Borman(ဘိုးမန်း)၊ Anders (အန်ဒါ)နှင့် Lovell(လိုဗယ်လ်)တို့မှာ ယုံကြည်သူများဖြစ်ကြပြီး၊ ခရစ်စမတ်ပွဲတော် အတွက် ”အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော် မူ၏” ဟူသည့် (က ၁:၁) မက်ဆေ့ချ်တစ်ခုကို ၎င်းတို့ထုတ်လွှင့်ခဲ့သည်။ ထိုအချိန်က ထိုအဖြစ်အပျက်သည် ကမ္ဘာပေါ်တွင် လူကြည့် အများဆုံး တီဗီအစီအစဉ်ဖြစ်ခဲ့ပြီး၊ ယခုခေတ်တွင် ဟိုးလေးတကျော်ဖြစ်သည့် ဘုရား၏…

ကျွန်ုပ်တို့နားထောင်ရမည့်သူ

“ကျွန်တော် အရေးပေါ် ကြေညာစရာရှိတယ်။ ကျွန်တော့်လေယာဉ်မှူး ဆုံးသွားပြီ” ထိုစကားများကို Doug White သည် သူ့လေယာဉ်ကို ထိန်းကြောင်းပေးနေသည့် ထိန်းချုပ်တာဝါသို့ တုန်လှုပ်စွာ ရေရွတ်သတင်းပို့လိုက်သည်။ လေယာဥ်ပျံတက်ပြီး မိနစ်အတန်ကြာခန့်တွင် Doug မိသားစု၏ ကိုယ်ပိုင်လေယာဉ်မောင်းအဖြစ် ငှားရမ်းခဲ့သည့် လေယာဉ်မှူးမှာ ရုတ်တရက် ဆုံးပါးသွားခဲ့သည်။ သုံးလသာ လေယာဉ် မောင်းကျင့်ဖူးသည့် Doug သည် လေယာဉ်မောင်းနေရာကို အစားထိုးဝင်ရောက်ကာ၊ လေယာဉ်ဆင်းသက်စဉ်တစ်လျှောက် လေယာဉ်ကွင်းရှိ ကြီးကြပ်သူများ၏ သူ့အား လမ်းညွှန်မှုကို သေချာစွာ နားထောင်ခဲ့သည်။ “ကျွန်တော့်မိသားစုကို သေမင်းခံတွင်း ကနေ သူတို့ကယ်ပေးခဲ့တာ”ဟု Doug ပြောခဲ့သည်။

ကျွန်ုပ်တို့၌လည်း ဘဝ၏စိန်ခေါ်မှုများနှင့် တွေ့သည့်အခါ ကျွန်ုပ်တို့ကို မစ လမ်းညွှန်ပေးနိုင်သည့် တစ်ဦးတည်းသောသူ ရှိသည်။ မောရှေက ဣသရေလလူတို့အား “သင်၏ဘုရားသခင် ထာဝရဘုရားသည်၊ သင်၏ အမျိုးသားချင်းတို့ အထဲ၌ ငါနှင့်တူသော ပရောဖက်တစ်ပါးကို…