အမျိုးအစား  |  odb

ဘုရားသခင်၏အလိုတော်အတွက် ဆုတောင်းချက်

ရှင်ယေရှုကို ယုံကြည်သူ ကျွန်မသည် လူငယ်ဘဝက ရှင်းလင်းချက်ပါသောကျမ်းစာ ဖွင့်ဖတ်စဥ် “တောင်းကြလော့၊ တောင်းလျှင်ရမည်” ( မ ၇:၇)ဟူသည့် ရင်းနှီးသော ကျမ်းပိုဒ်ကို ဖတ်လိုက်သည်။ ဘုရားရှင်အား အမှန်ဆုတောင်းသင့်သည်မှာ မိမိအလို နှင့် အဘ၏အလိုတော်တို့ တူနေရန်ဖြစ်သည်ဟု အနက်ဖွင့်ကျမ်းက ရှင်းပြပါသည်။ အဘ၏အလိုတော် ပြည့်စုံစေရန် ဆုတောင်းခြင်းဖြင့် မိမိတောင်းလျှောက်သည်များကို ရမည်ဟု ကျွန်မတို့စိတ်ချနိုင်ပါသည်။ ၎င်းမှာ ကျွန်မအတွက် အတွေးအမြင် အသစ် ဖြစ်ပြီး၊ ကျွန်မဘဝတွင် ဘုရားသခင်၏ အလိုတော်ပြည့်စုံရန် ဆုတောင်းခဲ့သည်။

ထိုနေ့နောက်ပိုင်းတွင် ကျွန်မစိတ်၌ ငြင်းလိုက်ပြီးဖြစ်သော အလုပ်တစ်ခုကို ထူးထူးခြားခြား ကျွန်မစိတ်ဝင်စားလာခဲ့ပြီး၊ ကျွန်မဆုတောင်းခဲ့သည်ကို ပြန်သတိရလာသည်။ ကျွန်မ မလိုချင်ဟု ထင်ခဲ့သောအရာမှာ တကယ်တမ်းတွင် ကျွန်မဘဝအတွက် ဘုရားသခင်၏အလိုတော်ဖြစ်နိုင်သည်။ ကျွန်မဆက်လက်ဆုတောင်းခဲ့ပြီး နောက်ဆုံးတွင် ထိုအလုပ်ကို လက်ခံခဲ့သည်။

သခင်ယေရှုသည် ပိုမိုလေးနက်၍ ထာဝရအရေးပါသော အခိုက်အတန့်တွင် ဤကဲ့သို့ဆုတောင်းခြင်းမျိုးကို…

အသက်ထင်ရှားပေါ်လာ‌သောအခါ

၁၉၈၆ ခုနှစ်တွင် ယူကရိန်းနိုင်ငံ၌ဖြစ်ခဲ့သော ချာနိုဘယ်(Chernobyl)အဏုမြူစက်ရုံ ပေါက်ကွဲမှု အန္တရာယ်ကြီးကို တစ်ကမ္ဘာလုံးက အာရုံစိုက်ခဲ့ကြသည်။ ထိုဘေးအန္တရာယ် မည်မျှဆိုးဝါးကြောင်း ပေါ်လွင်လာသောအခါ အာဏာပိုင်များက ရေဒီယိုသတ္တိကြွမှုကို ထိန်းချုပ်ခြင်းဟူသော အရေးအပါဆုံးတာဝန်ကို ဆောင်ရွက်ရန် အပြင်းအထန်ကြိုးစားခဲ့ကြသည်။ ရေဒီယိုသတ္တိကြွမှု ပြင်းထန်သည့် အပျက်အစီးမှ ထွက်လာသည့် လူသေစေနိုင်သော ဂမ်မာ ဓာတ်ရောင်ခြည်(Lethal gamma rays)သည် အပျက် အစီးပုံကို ရှင်းလင်းရန် စေလွှတ်လိုက်သော စက်ရုပ်များကို ဖျက်ဆီးပစ်ခဲ့သည်။

ထို့ကြောင့် သူတို့က “ဇီဝစက်ရုပ်” ဖြစ်သော သက်ရှိလူသားများကို အသုံးပြုခဲ့ရသည်။ ထောင်နှင့်ချီသော သူရဲကောင်းတို့သည် “ချာနိုဘယ် ဖျက်သိမ်းသူ” ဖြစ်လာ ကြပြီး၊ စက္ကန့် ၉၀ (သို့) ထိုထက်နည်းသောအချိန်အတွင်း အန္တရာယ်ရှိသောပစ္စည်း ကို အလှည့်ကျ ရှင်းလင်းခဲ့ကြသည်။ နည်းပညာက မလုပ်နိုင်သောအရာကို လူတို့ က ကြီးမားသောအန္တရာယ်ကို ကိုယ်တိုင် ရင်ဆိုင်လျက် လုပ်ဆောင်ခဲ့ကြသည်။…

ဘုရားသခင် ကျွန်ုပ်ကို သိသည်

ကျွန်မ၏ညီမက ကျွန်မတို့ကလေးဘဝမှ ပုံပြင်စာအုပ်ကို ပြန်ရှာတွေ့သောအခါ အသက် ၇၀ ကျော်ပြီဖြစ်သော ကျွန်မအမေက ပျော်ရွှင်သွားသည်။ ပျားရည်ခိုးသော ကြောင့် ဒေါသတကြီးနှင့် ပျားတစ်အုပ်၏လိုက်တုပ်ခြင်းခံရသော ဝက်ဝံအကြောင်း ရယ်စရာအသေးစိတ်ကို အမေက အကုန်မှတ်မိသည်။ ထိုဝက်ဝံ မည်သို့လွတ်မြောက် မည်ကို ကျွန်မတို့ ညီအစ်မက စောင့်နားထောင်ရင်းနှင့် ရယ်ကြသည်ကိုလည်း အမေ မှတ်မိသည်။ “ငယ်ငယ်တုန်းက သမီးတို့ကို ပုံပြင်အမြဲပြောပြပေးတာ ကျေးဇူးတင်ပါတယ်” ဟု အမေ့ကို ကျွန်မပြောလိုက်သည်။ အမေသည် ကျွန်မ၏ငယ်စဉ်ဘဝအပါအဝင် ကျွန်မ၏ဖြစ်ကြောင်းကုန်စင်ကို အကုန်သိသည်။ ကျွန်မအရွယ် ရောက်လာသည့်အခါတွင်လည်း အမေသည် ကျွန်မကို သိနားလည်ဆဲဖြစ်သည်။

အဘဘုရားသခင်သည်လည်း ကျွန်မတို့ကိုသိသည်။ မိမိကိုယ်ကိုသိသည်ထက်၊ ကျွန်မတို့အကြောင်းသိသူ မည်သူမဆိုထက် ပို၍နက်ရှိုင်းစွာ သိသည်။ ဘုရားသခင်သည် ကျွန်မတို့ကို “စစ်ကြော” သည်ဟု ဒါဝိဒ်မင်းကြီးက ဆိုပါသည် (ဆာ ၁၃၉:၁)။ အဘဘုရားသည် သူ၏ချစ်ခြင်းဖြင့် ကျွန်မတို့ကို…

ခွန်အားပေးသောသူများ

ဂျေအာအာထိုလ်ကင် (J.R.R. Tolkien)က “လက်စွပ်များ၏အရှင်သခင်” ဂန္ဓဝင် ၃ အုပ်တွဲ ဝတ္ထုကြီးကို ရေးသားရာတွင် သူ့မိတ်ဆွေနှင့် လုပ်ဖော်ကိုင်ဖက်ဖြစ်သူ စီအက်စ်လူးဝစ်စ် (C. S. Lewis) က သူ့ကိုပေးခဲ့သည့် ပုဂ္ဂိုလ်ရေး အားပေးမှုကို ဖော်ပြရာတွင် “ပြီးပြည့်စုံတဲ့ ခွန်အားပေးမှုပါပဲ” ဟု ဆိုခဲ့သည်။ ထိုဝတ္ထုတွဲအား ရေးသားခြင်းသည် အလွန်ပင်ပန်း၍ လက်ဝင်သောအလုပ်ဖြစ်ပြီး ထိုရှည်လျားသော စာမူကြမ်းကို သူကိုယ်တိုင် ၂ ကြိမ်ထက်မနည်း အစအဆုံး လက်နှိပ်စက်နှင့် ရိုက်ခဲ့ဖူးသည်။ သူက လူးဝစ်စ် အား ပို့လိုက်သောအခါ လူးဝစ်စ်က “မင်းဒါရေးဖို့ နှစ်တွေအကြာကြီးကုန်ခဲ့တာ တန်ပါတယ်”ဟု ဆိုခဲ့သည်။

သမ္မာကျမ်းစာထဲတွင် လူသိအများဆုံး တိုက်တွန်းခွန်အားပေးသူမှာ ကုပရုပြည်မှ ယောသေ ဖြစ်သည်။ သူ့အား “သက်သာစေခြင်း၏သား” ဟု ဆိုလိုသော ဗာနဗ ဟု သိကြပြီး၊ ထိုအမည်ကို တမန်တော်များက…

ခရစ်တော်အတွက် ဂုဏ်သတင်းကောင်း

ချာလီဝါ့ဒ်(Charlie Ward)သည် ကောလိပ်တက်စဉ် အားကစားနှစ်မျိုးကစားသော ကျောင်းသားဖြစ်သည်။ အမေရိကန်ဘောလုံး တိုက်စစ်မှူး လူငယ်သည် ၁၉၉၃ ခုနှစ်တွင် ကောလိပ်အဆင့် နိုင်ငံတော်အဆင့် အကောင်းဆုံးဘောလုံးသမား ဟိုက်စ်မန်း (Heisman) ဆုကိုရခဲ့ပြီး ဘတ်စကတ်ဘောအဖွဲ့တွင်လည်း နာမည်ကျော်ခဲ့သည်။

သူ၏ဘတ်စကတ်ဘောနည်းပြက ပွဲမကစားမီ ကစားသမားများအား အားပေး စကားပြောရာတွင် ရိုင်းစိုင်းစွာ ပြောခဲ့သည်။ သူက ချာလီ စိတ်မသက်မသာဖြစ်နေသည်ကို မြင်၍ “ချာလီ၊ ဘာဖြစ်တာလဲ” ဟု မေးရာ၊ ချာလီဝါ့ဒ်က “နည်းပြကြီး၊ ခင်ဗျား သိလား၊ နည်းပြဘိုဒန် [ ဘောလုံးနည်းပြ ] က ဒီလိုစကားမျိုး မသုံးဘူး။ အဲ့တာတောင် သူက ကျွန်တော်တို့ကို ပြင်းပြင်းထန်ထန် ကစားနိုင်အောင် လှုံ့ဆော် ပေးနိုင်တယ်” ဟု ပြောခဲ့သည်။

ချာလီ၏ခရစ်တော်နှင့်တူသော ကိုယ်ကျင့်စရိုက်ကြောင့် သူပြောလိုသည့်ကိစ္စကို သူ့နည်းပြအား သိမ်မွေ့စွာ ပြောပြနိုင်ခဲ့သည်။ ထိုနည်းပြက…

ကျေးဇူးသိစိတ်ဖြင့် တုံ့ပြန်မှု

‘ငါးစိမ်းနှင့် မိုးရေ’၊ ဩစတြေးလျနိုင်ငံသား သင်္ဘောသားတစ်ဉီးဖြစ်သူ တိမသီ သည် သုံးလလုံးလုံး ထိုစားနပ်ရိက္ခာကိုသာစားပြီး အသက်ဆက်ခဲ့ရသည်။ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသောရွက်လှေပေါ်တွင် မျှော်လင့်ချက်မဲ့ကာ ကုန်းမြေမှ မိုင် ၁,၂၀၀ အကွာ ပစိဖိတ်သမုဒ္ဒရာထဲ၌ မျောနေခဲ့သည်။ သို့သော် မက္ကစီကန် တူးနားငါးဖမ်းသင်္ဘောသားများက ပျက်စီးနေသော သူ၏လှေကို တွေ့ရှိပြီး သူ့ကိုကယ်ဆယ်ခဲ့သည်။ နောက်ပိုင်းတွင် ပိန်လှီပြီး ရာသီဥတုဒဏ်ကိုခံစားရသော အမျိုးသားက “ကျွန်တော့်အသက်ကို ကယ်တင်ခဲ့တဲ့ ကပ္ပတိန်နှင့် ငါးဖမ်းကုမ္ပဏီကို ကျေးဇူးတင်ပါတယ်” ဟူ၍ အတိအလင်းပြောဆိုခဲ့ပါသည်။

သူ၏အဖြစ်ဆိုးကြုံရ ပြီးနောက် တိမသီက ကျေးဇူးတင်စကားဆိုသော်လည်း၊ ပရောဖက်ဒံယေလကမူ အကျပ်အတည်း မဖြစ်မီ၊ ဖြစ်နေချိန်အတွင်း၊ ဖြစ်ပြီးသွားသည့်နောက်တွင် ကျေးဇူးသိသောနှလုံးသားကို ဖော်ပြခဲ့သည်။ အခြားယုဒလူမျိုးများနှင့်အတူ ယုဒပြည်မှ ဗာဗုလုန်မြို့သို့ သိမ်းသွားခြင်းခံရပြီး (ဒံ ၁:၁-၆)၊ ထိုနောက် ဒံယေလ၏ တန်ခိုးအာဏာ ခန့်အပ်ခံရခြင်းက သူအား သေစေလိုသောအခြား ခေါင်းဆောင်များ၏…

တားမြစ်မိန့်

အမျိုးသားတစ်ဦးသည် ဘုရားသခင်အား တားမြစ်မိန့်ချမှတ်ရန် တရားရုံး၌ တင်သွင်း ခဲ့သည်။ ဘုရားသခင်သည် သူ့အား “အထူးသဖြင့် မကြင်နာကြောင်း”နှင့် “ပြင်းထန်သည့် အပျက်သဘောထား”ကို ပြသခဲ့ကြောင်း အခိုင်အမာဆိုခဲ့သည်။ ကြီးကြပ်စစ်ဆေးသောတရားသူကြီးက ထိုသူသည် တရားရုံး၏အကူအညီကို မလိုအပ်ဘဲ၊ သူ၏စိတ်ကျန်းမာရေးအတွက်သာ အကူအညီလိုသည်ဟု ပြောကာ တရားစွဲဆိုမှုကို ပယ်ချခဲ့သည်။ ရယ်စရာကောင်းသော်လည်း ၎င်းသည် ဝမ်းနည်းဖွယ် ဖြစ်ရပ်မှန်ပင်။

သို့သော် ကျွန်တော်တို့ရော သူနှင့် ကွာခြားပါရဲ့လား။ “ကျေးဇူးပြု၍ တော်ပါ တော့ ဘုရားသခင်၊ ကျွန်ုပ်မခံနိုင်တော့ပါ” ဟု တစ်ခါတစ်ရံ၌ ကျွန်တော်တို့လည်း မပြောလိုကြဖူးလား။ ယောဘ ပြောခဲ့သည်။ သူသည် ဘုရားသခင်ကို စစ်ဆေးမေးမြန်းခဲ့သည်။ ဖွင့်မပြောပြနိုင်လောက်သော ကိုယ်ရေးကိုယ်တာအဖြစ်ဆိုးများကို ခံရပြီးနောက် “ဘုရားသခင်နှင့် ငါဆွေးနွေးရသောအခွင့် ရှိပါစေ”ဟု ပြောကာ (ယောဘ ၁၃:၃)၊ ဘုရားသခင်အား တရားစွဲခြင်းကို (၉:၃) မြင်ယောင်ကြည့်ပါသည်။ သူက “လက်တော်ကို…

ဘုရားသခင်၏ခွင့်လွှတ်ခြင်း

ကျေးဇူးတော်ချီးမွမ်းပွဲ အားလပ်ရက် ရောက်ခါနီးခန့်၌ အမေရိကန်သမ္မတသည် ကြက်ဆင်နှစ်ကောင်အား အသတ်ခံရခြင်းမှ လွတ်ငြိမ်းချမ်းသာခွင့်မပေးမီ ၎င်းတို့ကို အိမ်ဖြူတော်၌ ကြိုဆိုခဲ့သည်။ ရိုးရာအရ ကျေးဇူးတော်ချီးမွမ်းပွဲ၏ အဓိကဟင်းလျာအဖြစ် တည်ခင်းကျွေးမွေးခံရမည့်အစား ကြက်ဆင်များသည် ကျန်ရှိသော သူတို့၏သက်တမ်းတစ်လျှောက်တွင် မွေးမြူရေးခြံ၌ ဘေးကင်းစွာ နေထိုင်ခွင့်ရကြသည်။ ကြက်ဆင်များသည် သူတို့ရရှိထားသည့် လွတ်လပ်မှုကို နားမလည်နိုင်သော်လည်း၊ တစ်မူထူးသော နှစ်ပတ်လည်ဓလေ့သည် လွတ်ငြိမ်းချမ်းသာခြင်း၏ အသက်ပေးနိုင်သည့်အစွမ်းကို မီးမောင်းထိုးပြနေပါသည်။

ပရောဖက်မိက္ခာသည် လွတ်ငြိမ်းချမ်းသာခွင့်၏အရေးပါမှုကို နားလည်ခဲ့ပြီး ယေရုရှလင်မြို့ရှိ ဣသရေလလူမျိုးများထံ ပြင်းထန်သောသတိပေးစာ ရေးခဲ့သည်။ တရားဥပဒေအရ တိုင်တန်းမှုပုံစံနှင့်အလားတူ မကောင်းမှုနှင့် လောဘကြီးခြင်း၊ မရိုးသားမှု၊ အကြမ်းဖက်မှုတို့၌ ပျော်မွေ့နေသော (မိ ၆:၁၀-၁၅) လူမျိုးတစ်ဘက်၌ ဆန့်ကျင်လျက် ထာဝရဘုရား သက်သေခံတော်မူမည်ကို (၁:၂) မိက္ခာသည် မှတ်တမ်းတင်ခဲ့သည်။

ဤမနာခံမှုလုပ်ရပ်များကြားမှ၊ ဘုရားသခင်သည် အစဉ်အမျက်ဒေါသ မထွက်ဘဲ “အပြစ်မှလွှတ်တော်မူခြင်းနှင့် ခွင့်လွှတ်ခြင်း” ဟူသော ကတိတော်ကို…

တောက်ပထွန်းလင်းသော ခရစ်တော်၏အလင်း

အမေရိကန်နိုင်ငံ၊ မစ်ရှီဂန်ပြည်နယ်၊ ဟိုက်လန်းပါခ့်မြို့၏ လမ်းများ၌ မီးမရတော့သောအခါ၊ အခြားသော အလင်းအရင်းအမြစ်တစ်ခုဖြစ်သည့် နေအလင်းကို အားကိုးလာခဲ့ရသည်။ ရုန်းကန်နေရသောမြို့သည် လျှပ်စစ်ဓာတ်အားပေးကုမ္ပဏီကို ပေးဆောင်ရန် ငွေကြေးမရှိခဲ့၍ လျှပ်စစ်ကုမ္ပဏီက လမ်းမီးများကိုဖြတ်ပြီး မီးတိုင် ၁,၄၀၀ မှ မီးလုံးများကို ဖယ်ရှားခဲ့သည်။ ၎င်းက မြို့သားများအတွက် အမှောင်ထဲ၌ လုံခြုံမှုမရှိ ဖြစ်စေခဲ့သည်။ “အခုဆို ကျောင်းသွားမယ့်လမ်းမှာ ရှိနေတဲ့ ကလေးနှစ်ဦးက မီးမရှိတဲ့လမ်းပေါ်မှာ လမ်းမကြီးအတိုင်း လမ်းလျှောက်သွားနေရပါတယ်” ဟု မြို့သားတစ်ဦးက သတင်းအဖွဲ့သားတစ်ဦးကို ပြောပြသည်။

မြို့ထဲ၌ နေရောင်ခြည်စွမ်းအင်သုံး လမ်းမီးများ တပ်ဆင်ရန် အကျိုးအမြတ် မယူသောအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းလိုက်သောအခါ ထိုအရာသည် ပြောင်းလဲသွားခဲ့သည်။ အတူတကွလုပ်ဆောင်လျက်၊ လူသားချင်း စာနာထောက်ထားသော အဖွဲ့အစည်းသည် မြို့သူမြို့သားများ လိုအပ်သော မီးအလင်း၏အရင်းအမြစ်ကို ဖြည့်ဆည်းပေးသည့်တစ်ချိန်တည်းမှာပင် မီတာခွန်ပေးဆောင်ရန် ကုန်ကျမည့်ငွေကိုလည်း ချွေတာပေးခဲ့သည်။

ခရစ်တော်၌တည်သော ကျွန်မတို့၏အသက်တာတွင်၊ ကျွန်မတို့ မှီခိုစိတ်ချရသော…

ဘုရားသခင်နှင့် မိတ်ဖက်လုပ်ဆောင်ခြင်း

ကျွန်တော့်သူငယ်ချင်းနှင့် သူမ၏ခင်ပွန်းတို့သည် ကိုယ်ဝန်ရရန် ကြိုးစားခဲ့စဉ်က ဆေးပညာ လုပ်ထုံးလုပ်နည်းကို ခံယူရန် ဆရာဝန်များက သူမအား အကြံပြုခဲ့ကြသည်။ သို့သော် ကျွန်တော့်သူငယ်ချင်းက ချီတုံချတုံဖြစ်ခဲ့သည်။ သူမက “ကျွန်မတို့ရဲ့ ပြဿနာပြေလည်ဖို့ ဆုတောင်းခြင်းနဲ့ လုံလောက်တယ် မဟုတ်ဘူးလား”၊ “ကျွန်မတကယ်ပဲ ဆေးပညာ လုပ်ထုံးလုပ်နည်းကို ခံယူဖို့ လိုအပ်လား” ဟု ပြောခဲ့သည်။ ဘုရားသခင်၏လက်ရာကို မြင်တွေ့ရရန် လူသား၏လုပ်ဆောင်ချက်သည် မည်သည့် ကဏ္ဍ၌ပါဝင်နေသည်ကို သူမ ကြိုးစား၍ အဖြေရှာနေခဲ့ပါသည်။

လူများကို ကျွေးမွေးသည့် ရှင်ယေရှု၏ဇာတ်လမ်းက ဤနေရာတွင် ကျွန်တော် တို့ကို ကူညီပေးနိုင်သည် (မာ ၆:၃၅-၄၄)။ မုန့်အနည်းငယ်နှင့် ငါးအချို့တို့ဖြင့် ထောင်ချီသောလူတို့ကို အံ့သြဖွယ်ကျွေးမွေးခဲ့သည့် (:၄၂) ဤဇာတ်လမ်းအဆုံးကို ကျွန်ုပ်တို့သိပြီးသားဖြစ်မည်။ သို့သော် မည်သူက လူအုပ်ကို ကျွေးမွေးရသည်ကို သတိပြုပါ။ တပည့်တော်များဖြစ်ပါသည် (:၃၇)။ အစားအစာများကို မည်သူပြင်ဆင်သနည်း။ သူတို့ပင်…