စစ်ကြောမှုများရှိငြားလည်း ကျေးဇူးတင်ရှိခြင်း
သူမ၏ကင်ဆာရောဂါအကြောင်း အွန်လိုင်းပေါ်တင်သော မိတ်ဆွေ စာရေးဆရာမတစ်ဦးအတွက် ကျွန်မဆုတောင်းပေးနေပါသည်။ သူမ၏ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုများနှင့် စိန်ခေါ်မှုများအကြောင်း ဝေမျှခြင်း၊ ဆုတောင်းချက်များနှင့်အတူ ကျမ်းချက်နှင့် ဘုရားအား ချီးမွမ်းခြင်းတို့ကို ဝေမျှခြင်းစသည်ဖြင့် တစ်လှည့်စီ တင်သည်။ သူမသည် ကုသမှုအတွက် ဆေးရုံ၌ စောင့်နေရသည်ဖြစ်စေ၊ ဆံပင်များကျွတ်၍ အိမ်၌ ခေါင်းပေါင်းထားရသည်ဖြစ်စေ၊ သူမ၏ရဲဝင့်သောအပြုံးကို မြင်ရသည်မှာ လှပပါ သည်။ စိန်ခေါ်မှုတစ်ခုစီ၌ စစ်ကြောမှုများအတွင်း အခြားသူများကို ဘုရားသခင်အား ယုံကြည်ကိုးစားဖို့ တိုက်တွန်းရန် သူမ ဘယ်သောအခါမှ မပျက်ကွက်ပါ။
အခက်အခဲများ ကျွန်မတို့ကျော်လွှားနေရစဉ် ဘုရားသခင်အား ကျေးဇူးတင်ရန်နှင့် ချီးမွမ်းရန် အကြောင်းရင်းကို ရှာတွေ့ရန် ခက်ခဲနိုင်ပါသည်။ သို့သော် ကျွန်မတို့၏ အခြေအနေများ မည်သို့ပင်ရှိလင့်ကစား ဆာလံ ၁၀၀ က ဝမ်းမြောက်ရန်နှင့် ဘုရားအားချီးမွမ်းရန် အကြောင်းရင်းများ ပေးထားပါသည်။ “ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူသည်ဟု သိမှတ်ကြလော့။ ထာဝရဘုရားသည် ငါတို့ကို…
စရိုက်လက္ခဏာ ပြောင်းလဲခြင်း
ကွယ်လွန်ခါနီးဖြစ်သော (၁၇) ရာစု သဒ္ဒါပညာရှင် Dominique Bouhours (ဒေါမနစ်ဘူအို)၏ အိပ်ယာပတ်လည်၌ မိသားစုဝင်များ စုဝေးနေခဲ့သည်။ သူ၏ နောက်ဆုံးထွက်သက်၌ “ကျွန်ုပ် သေတော့မယ် သို့မဟုတ် သေရတော့မယ်။ နှစ်ခုစလုံး မှန်ပါသည်” ဟု သူပြောခဲ့ကြောင်း မှတ်တမ်းရှိသည်။ အသက်ငင်နေချိန်၌ သဒ္ဒါကို မည်သူ ဂရုစိုက်မည်နည်း။ တစ်ဘဝလုံး သဒ္ဒါကို အရေးစိုက်ခဲ့သူ - သူပဲဖြစ်ပါသည်။
အသက်ကြီးလာချိန်တွင် ကျွန်ုပ်တို့၏စရိုက်များသည် တစ်သမတ်တည်း အသားသေလေပြီ။ ကောင်းသောအရာဖြစ်စေ၊ ဆိုးသောအရာဖြစ်စေ အကျင့် အလေ့အထများက ကျွန်ုပ်တို့၏စရိုက်ကို ဖော်ပြသည်။ မိမိရွေးချယ်ခဲ့သည့်အရာများ အသားသေသွားအောင် အလေ့အကျင့်ပြုလုပ်ရန် ကျွန်ုပ်တို့၌ အချိန်တစ်သက် ရှိပါသည်။ မိမိဘာသာ ရွေးချယ်မှုအတိုင်းသာ ကျွန်ုပ်တို့ ဖြစ်တည်လာသည်။
ကျွန်ုပ်တို့၏အကျင့်စရိုက်သည် နုပြီး ပြုပြင်လွယ်သောအချိန်၌ ဘုရားနှစ်သက်သော အလေ့အကျင့်များကို ပြုစုပျိုးထောင်ရန် လွယ်သည်။ “သင်တို့သည် ယုံကြည်ခြင်း၌ သီလကိုလည်းကောင်း၊…
‘Shalom’ ငြိမ်သက်ခြင်း၏ ကိုယ်စားလှယ်များ
၂၀၁၅ ခုနှစ်တွင် အမေရိကန်နိုင်ငံ၊ ကော်လိုရာဒိုပြည်နယ်၊ ကော်လိုရာဒို စပရင်းစ်ဒေသရှိ ဒေသဆိုင်ရာအမှုတော်လုပ်ငန်းများသည် မြို့တော်အတွက် ဝန်ဆောင်မှုပေးရန် ပူးပေါင်းခဲ့ကြပြီး ‘COSILoveYou’ အဖွဲ့ပေါ်ပေါက်လာခဲ့သည်။ ထိုအဖွဲ့သည် ဆောင်းဦးရာသီရောက်တိုင်း ‘CityServe’ ဟူသည့် မြို့ပြအစေခံလှုပ်ရှားမှုတွင် ရပ်ရွာကိုအစေခံရန် ယုံကြည်သူများအား စေလွှတ်ခဲ့သည်။
လွန်ခဲ့သောနှစ်များစွာက ‘CityServe’ လှုပ်ရှားမှု၌ မြို့လယ်ရှိ မူလတန်းကျောင်းတွင် ဝန်ဆောင်မှုပေးရန် ကျွန်တော်နှင့် ကျွန်တော့်ကလေးများ တာဝန်ကျသည်။ ကျွန်တော်တို့ သန့်ရှင်းရေးလုပ်ခဲ့သည်။ ပေါင်းပင်များ နုတ်ခဲ့သည်။ ခြံစည်းရိုး သံဇကာ၌ ရောင်စုံပလပ်စတစ်တိတ်များကပ်ပြီး တောင်တန်းပုံဖန်တီးသည့် လက်မှုစီမံကိန်းလည်း လုပ်ခဲ့သည်။ ရိုးရှင်းသော်လည်း အံ့သြဖွယ်လှပါသည်။
ကျောင်းရှေ့ ကားဖြတ်မောင်းသွားတိုင်း ကျွန်တော်တို့၏ သာမညအနုပညာလက်ရာက ကျွန်တော့်အား ယေရမိအနာဂတ္တိကျမ်း ၂၉ ကို အမှတ်ရစေသည်။ ထိုကျမ်းချက်တွင် ဘုရားသခင်က သူ၏လူများအား သူတို့ရောက်ရှိနေသောမြို့၌ အခြေချပြီး အလုပ်အကျွေးပြုရန် ညွှန်ကြားခဲ့သည်။ သူတို့သည် ကျွန်ပြုဖမ်းဆီးခေါ်ဆောင်ခံရပြီး ထိုနေရာတွင်…
အမြော်အမြင်ရှိသော ရွေးချယ်မှုကို ပြုလုပ်ခြင်း
အမေ့အိမ်ကို ရောင်းရမည်လား။ ကျွန်မချစ်ရသော မိခင်မုဆိုးမကြီး ဆုံးပါးသွားပြီးနောက် ထိုဆုံးဖြတ်ချက်က ကျွန်မစိတ်ကို ဝန်လေးစေလျက် ဝမ်းနည်းကြေကွဲ စိတ်က လွှမ်းမိုးခဲ့သည်။ သို့တိုင် ကျွန်မတို့ညီအစ်မနှစ်ဦးသည် အမေ့အိမ်အလွတ်ကို နှစ်နှစ်ကြာ သန့်ရှင်းရေးနှင့်ပြင်ဆင်မှုလုပ်ပြီး ရောင်းချရန် စီစဥ်ခဲ့သည်။ ထိုစဥ်က ၂၀၀၈ ခုနှစ်ဖြစ်ပြီး ကမ္ဘာ့စီးပွားပျက်ကပ်ကြောင့် ဝယ်လက်မရှိ ဖြစ်ခဲ့သည်။ ကျွန်မတို့က စျေးကို ဆက်တိုက်လျှော့ခဲ့သော်လည်း ကမ်းလှမ်းမှုများ မရှိခဲ့ပါ။ ထို့နောက် တစ်မနက်တွင် ကျွန်မကျမ်းစာဖတ်နေရင်း “နွားထီးမရှိသော တင်းကုပ်သည် စင်ကြယ်၏။ သို့သော်လည်း နွားခွန်အားကို သုံး၍ များသောစီးပွားကို ရတတ်၏” (သု ၁၄:၄) ဆိုသော ကျမ်းပိုဒ်က ကျွန်မအာရုံကို ဖမ်းစားခဲ့သည်။
ထိုကျမ်းပိုဒ်က လယ်ယာလုပ်ငန်းအကြောင်း ပြောထားသော်လည်း ၎င်း၏ သတင်းစကားကြောင့် ကျွန်မ စိတ်ဝင်စားသွားသည်။ တင်းကုပ်အလွတ်သည် သန့်ရှင်းသပ်ရပ်နေသော်လည်း တင်းကုပ်ရှိတိရိစ္ဆာန်၏ “ရှုပ်ထွေးညစ်ပေ”မှုဖြင့်သာ အကျိုးစီးပွားကို ရိတ်သိမ်းနိုင်မည်ဖြစ်သည်။ ကျွန်မတို့အတွက်မူ…
ချိန်းချက်သောအချိန်
အမေရိကန်သမ္မတ John F. Kennedy (ဂျွန် အက်ဖ် ကနေဒီ)၊ ဒဿနပညာရှင်နှင့် စာရေးဆရာ Aldous Huxley (အဲလ်ဒါစ်ဟက်စ်လီ) နှင့် ခရစ်ယာန်ဘာသာရေးဆရာ C. S. Lewis (စီ အက်စ် လူးဝစ်) တို့သည် ၁၉၆၃ ခုနှစ်၊ နိုဝင်ဘာ (၂၂) ရက်တွင် ကွယ်လွန်ခဲ့သည်။ ထိုပုဂ္ဂိုလ်သုံးဦးသည် အလွန်ကွဲပြားသော ယုံကြည်သက်ဝင်မှုရှိသည့် နာမည်ကျော်များဖြစ်သည်။ ဘာသာမဲ့ ဟက်စ်လီသည် အရှေ့တိုင်း ဝိဇ္ဇာပညာတွင် နစ်မွန်းနေဆဲဖြစ်သည်။ ကနေဒီသည် ရိုမန် ကက်သလစ်ဘာသာဝင် ဖြစ်သော်လည်း လူသားဝါဒခံယူချက်ကို စွဲကိုင်သည်။ လူးဝစ် မှာမူ အင်္ဂလီကန် တစ်ဦးအနေဖြင့် သခင်ယေရှုကို ပြတ်ပြတ်သားသား ယုံကြည်သူဖြစ်လာသည့် ဘုရားမဲ့ဝါဒီဟောင်းတစ်ဦးဖြစ်သည်။ သေခြင်းတရားသည် လူတန်းစားမခွဲခြားပါ။ ထင်ရှားကျော်ကြား လူသိများသော အမျိုးသားသုံးဦးသည် သူတို့၏သေခြင်းတရားနှင့် ချိန်းချက်သောနေ့ကို တစ်နေ့တည်းမှာပင် ရင်ဆိုင်ခဲ့ရသည်။
ဧဒင်ဥယျာဥ်တွင်…
လူတို့အား သခင်ယေရှုအကြောင်းကို ပြောပါ
ရှင်ပေါလုသည် ဂျူးလူမျိုးတို့၏ သန့်စင်ခြင်းအခမ်းအနားအတွက် ဗိမာန်တော်သို့သွားခဲ့သည် (တ ၂၁:၂၆)။ သို့သော် ပညတ်တရားကို ဆန့်ကျင်ဘက်ပြုသည်ဟု ယူဆသည့် လှုံ့ဆော်သူအချို့က သူ့အသက်ကို သတ်ရန် ကြိုးပမ်းကြသည် (:၃၁)။ ရောမစစ်သားများသည် ပေါလုကို ချက်ခြင်းပင် ဖမ်းဆီးချည်နှောင်ကာ ဗိမာန်တော်မှ ချီပွေ့၍ ခေါ်ထုတ်သွားကြသည်။ လူအုပ်ကြီးကလည်း “သူ့ကိုသတ်ပါ” (:၃၆ - ခေတ်သုံး) ဟု အော်ဟစ်လျက် လိုက်ပါလာကြသည် ။
ဤခြိမ်းခြောက်မှုကို ရှင်ပေါလု မည်သို့တုံ့ပြန်ခဲ့သနည်း။ သူသည် တပ်မှူးအား “ဤသူတို့အား အကျွန်ုပ်ပြောရသောအခွင့်ကို ပေးပါ”ဟု တောင်းဆိုခဲ့သည် (:၃၉)။ ရောမခေါင်းဆောင်က ခွင့်ပြုလိုက်သောအခါ သွေးထွက်သံယို ဒဏ်ရာများနှင့်ဖြစ်နေသော ရှင်ပေါလုသည် ဒေါသထွက်နေသောလူအုပ်ထံ လှည့်ပြီး သခင်ယေရှု၌ရှိသော သူယုံကြည်ခြင်းကို ဝေမျှခဲ့သည် (၂၂:၁-၁၆)။
ဤအမှုသည် လွန်ခဲ့သည့် အနှစ် နှစ်ထောင်လောက်က နားလည်ရခက်သည့် ကျမ်းစာပုံပြင်ဟောင်းတစ်ခုပါ။ မကြာသေးမီက၊ ယုံကြည်သူများ…
ခရစ်တော်၌ရှိသော ခိုင်မာသောထောက်မပံ့ပိုးမှု
လန်ဒန်မာရသွန်ပြိုင်ပွဲဝင် အပြေးသမားတစ်ဦးသည် အပြေးပြိုင်ပွဲကြီး၌ တစ်ဦးတည်း မပြေးရန် အရေးကြီးကြောင်းကို တွေ့ကြုံခံစားခဲ့ရသည်။ လအတန်ကြာ ပြင်းပြင်းထန်ထန် ပြင်ဆင်ထားပြီးနောက် ထိုလူသည် အကောင်းဆုံးကြိုးစား ပန်းဝင်ချင်ခဲ့သည်။ သို့သော် သူသည် ဒယိမ်းဒယိုင်နှင့်ပြေးရင်း ပန်းဝင်ခါနီးအချိန်တွင် ပင်ပန်းနွမ်းနယ်မှုကို နှစ်ဆခံစားနေရပြီး ပြိုလဲလုနီးနီးဖြစ်နေပါသည်။ သူမြေပြင်ပေါ်လဲမကျမီ မာရသွန်ပြိုင်ပွဲဝင်အဖော်နှစ်ဦးတို့က ဘယ်ညာတစ်ဘက် တစ်ချက်စီမှ သူ၏လက်နှစ်ဘက်ကိုဆွဲကိုင်ကာ ရုန်းကန်နေရသော အပြေးသမားအား ပြေးလမ်းအဆုံးသို့ ရောက်အောင် ကူညီပေးခဲ့သည်။
ထိုအပြေးသမားကဲ့သို့ပင်၊ ဘဝအသက်တာပြေးပွဲ နှင်ရာ၌ ကျွန်ုပ်တို့နှင့်အတူ အခြားသူများရှိနေခြင်း၏ အရေးကြီးသောအကျိုးကျေးဇူးများကို ကျွန်ုပ်တို့အား ဒေသနာဆရာက သတိပေးအမှတ်ရစေပါသည်။ ရှောလမုန်မင်းကြီးက “လူသည်တစ်ယောက်တည်းထက် နှစ်ယောက်သာ၍ ကောင်း၏” ဟူသော အခြေခံ သဘောတရားကို ဖော်ပြလျက် (ဒေ ၄:၉)၊ ပူးပေါင်းကြိုးပမ်းမှုများနှင့် အပြန်အလှန် ကြိုးစားအားထုတ်မှုတို့၏ အားသာချက်များကို မီးမောင်းထိုးပြခဲ့သည်။ လက်တွဲလုပ်ဆောင်ခြင်းသည် “ကောင်းသောအကျိုးကိုရတတ်”သည် (:၉)။ ခက်ခဲသောအဆင်မပြေချိန်များတွင် “တစ်ယောက်လဲလျှင် တစ်ယောက်ထူ”ရန်…
နာခံခြင်းသည် ရွေးချယ်မှုဖြစ်သည်
နယ်သာလန်နိုင်ငံ၏ ဆောင်းရာသီသည် ဆီးနှင်းများစွာ မကျတတ်သော်လည်း တူးမြောင်းအပေါ်ယံရေမျက်နှာပြင် အေးခဲသွားလောက်အောင် အေးနိုင်သည်။ ကျွန်မ ခင်ပွန်း တော်မ် သည် ထိုနေရာ၌ ကြီးပြင်းခဲ့ရာ၊ “မြင်းတစ်ကောင် အလေးချိန်ကို ခံနိုင်တဲ့ ရေခဲထု မရှိသရွေ့ ရေခဲနဲ့ဝေးဝေးနေရန်” သူ့မိဘများက စည်းကမ်းတစ်ခု ချမှတ်ထားသည်။ မြင်းများသည် ၎င်းတို့ရှိခဲ့သည့်နေရာကို သဲလွန်စများချန်ထားလေ့ရှိသဖြင့် တော်မ် နှင့် သူငယ်ချင်းများက (မြင်းရှိခဲ့သည့်) လမ်းပေါ်မှ မြင်း၏မစင်များကို ကျုံးရန် သဘောတူလျက် မြင်းမစင်ကို ရေခဲထုသိပ်မထူသေးသည့် ရေခဲပေါ် ပစ်ချပြီး ထိုရေခဲပြင်ပေါ်တွင် ကစားခဲ့ကြသည်။ မည်သည့်ဘေးဒုက္ခမှ မတွေ့ခဲ့သော်လည်း သူတို့ နာခံမှုမရှိမှန်း သူတို့စိတ်၌ သိကြသည်။
နာခံမှုဆိုသည်မှာ အမြဲတမ်း သူ့အလိုအလျောက် ဖြစ်မလာပါ။ နာခံမည်/ မနာခံမည်ကို ရွေးချယ်မှုသည် တာဝန်သိတတ်သည့်စိတ် သို့မဟုတ် အပြစ်ဒဏ်ကို ကြောက်ရွံ့ခြင်းမှ ပေါက်ဖွားလာနိုင်သည်။ သို့သော် ကျွန်ုပ်တို့ကို အုပ်ချုပ်မင်းလုပ်သူများအပေါ်…
ဝိညာဥ်ရေးရာကြံ့ခိုင်ခြင်း
Tre (ထြီ) သည် အားကစားရုံသို့ ပုံမှန်လာသူဖြစ်သလို လာကြောင်းကိုလည်း ကြည့်လိုက်တာနှင့် သိနိုင်သည်။ သူ့ပုခုံးများသည် ကျယ်ပြီး၊ သူ၏ကြွက်သားများကလည်း အချက်ပြနေသည်။ သူ့လက်မောင်းများက ကျွန်တော့်ပေါင်နီးပါးရှိသည်။ သူ၏ ရုပ်ပိုင်းအနေအထားက သူ၏ဝိညာဉ်ရေးနှင့်ပတ်သက်ပြီး စကားပြောရန် ကျွန်တော့်ကို နှိုးဆော်ခဲ့သည်။ ကိုယ်ကာယကြံ့ခိုင်မှုအတွက် တစိုက်မတ်မတ်ပြုခြင်းက တစ်နည်းနည်းဖြင့် ဘုရားသခင်နှင့်ဆက်ဆံရေးကို ထင်ဟပ်စေသလားဟု သူ့ကိုမေးရာ၊ ကျွန်တော်တို့ နက်နက်နဲနဲ မဆွေးနွေးခဲ့သော်လည်း ထြီ က “သူ့ဘဝ၌ ဘုရား သခင်” ကို အမှန်ပင် အသိအမှတ်ပြုခဲ့သည်။ ပေါင်လေးရာနှင့် ပုံပျက်ပြီး၊ မကျန်းမာသည့် သူ့ဓာတ်ပုံကို ပြခဲ့သည်အထိ အချိန်အတန်ကြာ စကားပြောဖြစ်ခဲ့သည်။ သူ၏ နေထိုင်မှုပုံစံ အပြောင်းအလဲသည် သူ့ခန္ဓာကိုယ်ကို အံ့ဩဖွယ်ဖြစ်စေခဲ့သည်။
တိမောသေဩဝါဒစာပထမစောင် ၄:၆-၁၀ တွင် ရုပ်ပိုင်းဆိုင်ရာနှင့် ဝိညာဉ်ရေး လေ့ကျင့်မှုအကြောင်းကို အဓိကပြောထားပါသည်။ “ဘုရားဝတ်၌ မွေ့လျော်ခြင်းအားဖြင့် ကိုယ်ကိုကိုယ် ဆုံးမလော့။…
အကူအညီပေးခြင်း
တင်မ်၏အိမ်သို့ မှာယူထားသော အစားအသောက်ပို့ရန် တာဝန်ဖြင့် ဟယ်သာ ရောက်သွားသောအခါ၊ အစားအသောက်အိတ်ကို စည်းထားသည့် ကြိုးထုံးကို ဖြည်ပေးရန် တင်မ်က အကူအညီတောင်းခဲ့သည်။ တင်မ်သည် လွန်ခဲ့သည့်နှစ်အနည်းငယ်က လေဖြတ်ဝေဒနာ ခံစားခဲ့ရပြီး ကြိုးထုံးများကို သူ့ဘာသာသူ မဖြည်နိုင်တော့ပါ။ ဟယ်သာက ဝမ်းမြောက်စွာဖြင့်ပင် လုပ်ပေးခဲ့သည်။ ကျန်တစ်နေ့တာလုံး၌ ဟယ်သာ၏အတွေးများက တင်မ်ဆီသို့ မကြာခဏ ရောက်သွားပြီး တင်မ်အတွက် ဂရုပြုလက်ဆောင်ထုပ်တစ်ခုကို ပြင်ဆင်ပေးရန် နှိုးဆော်ခံခဲ့ရသည်။ ထိုနောက် တင်မ် သည် သူ့အိမ်တံခါးဝတွင် ဟယ်သာထားခဲ့သော ကိုကိုးပူပူတစ်ခွက်၊ အနီရောင်စောင်တစ်ထည်နှင့်အတူ ခွန်အားပေးသည့်စာတိုလေးကို တွေ့လိုက်သောအခါ စိတ်၌ ခံစားရလျက် မျက်ရည်ကျခဲ့သည်။
ဟယ်သာ၏လုပ်ရပ်က သူမ မူလမျှော်မှန်းထားသည်ထက် ပို၍ထူးခြားခဲ့ပါသည်။ ဣသရေလလူမျိုးတို့ “ဖိလိတ္တိလူတို့ကို တိုက်မည်ဟု စစ်ခင်းကျင်း” နေသည့်အချိန်တွင် (၁ ရာ ၁၇ :၂) ယေရှဲသည် သူ၏သားငယ်ဒါဝိဒ်အား အစ်ကိုများအတွက် အစားအသောက်…