အမျိုးအစား  |  odb

ဘုရားသခင်၌ မျှော်လင့်ခြင်း

ဂျယ်ရမီသည် တက္ကသိုလ် သုံးနှစ်တက်ရန် ရောက်ရှိလာပြီး၊ စျေးအသက်သာဆုံး အဆောင်အခန်းကို မေးခဲ့စဥ် မည်သည့်အရာ ကြုံတွေ့ရမည်ကို သူ မသိရှိခဲ့ပေ။ “အရမ်းစိတ်ပျက်စရာကောင်းတာပဲ။ အခန်းရော၊ ရေချိုးခန်းပါ ဆိုးဆိုးဝါးဝါးပဲ” ဟု သူက ပြန်ပြောပြသည်။ သို့သော် သူ၌ ငွေအနည်းငယ်သာရှိပြီး ရွေးချယ်စရာလည်း နည်းခဲ့သည်။ “ကျွန်တော်လုပ်နိုင်တာကတော့ သုံးနှစ်ပြီးရင် ပြန်သွားဖို့ ကျွန်တော့်မှာ အိမ်ကောင်းကောင်းတစ်လုံးရှိတယ်။ အဲဒါကို စိတ်ထဲစွဲပြီး ဒီမှာရှိနေတုန်းအချိန်ကို အကောင်းဆုံးအသုံးချရမယ်လို့ တွေးခဲ့တာပဲ” ဟု သူက ဆိုသည်။

ရွေ့သွားကွယ်ပျောက်လျက်ရှိသည့် လောကထဲ ရှင်သန်စဉ် (၁ ယော ၂:၁၇) “ယာယီတဲမြေအိမ်” ဖြစ်သော တစ်နေ့သေဆုံးမည့် လူ့ခန္ဓာထဲ၌ (၂ ကော ၅:၁) နေ့စဥ်အသက်ရှင်ရခြင်း၏ စိန်ခေါ်မှုများကို ဂျယ်ရမီ၏ဘဝက ထင်ဟပ် ဖော်ပြလျက်ရှိသည်။ ဘဝအခက်အခဲများကို ရင်ဆိုင်ရုန်းကန်ရသည့်အခါ ကျွန်ုပ်တို့သည် “လေးသောဝန်ကိုထမ်း၍ ညည်းတွားမြည်တမ်း” ကြသည်…

ဘုရားသခင်ထံတော်မှ ထွက်ပြေးခြင်း

ဂျူလီနှင့်လစ်ဇ်တို့သည် ကျောကုန်းမောက် ဝေလငါးများကို ရှာဖွေထောက်လှမ်းရန် အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ကမ်းလွန်ပင်လယ်ဘက်သို့ ကယပ်လှေလှော်ထွက်ခဲ့ကြသည်။ ဝေလငါးများသည် ရေမျက်နှာပြင် အနီးအနား၌ လှုပ်ရှားလေ့ရှိသဖြင့် ၎င်းတို့ကို အလွယ်တကူ တွေ့နိုင်သည်။ ဝေလငါးတစ်ကောင်သည် သူတို့အောက်တည့်တည့်မှ ဘွားကနဲပေါ်လာရာ၊ ထိုအမျိုးသမီးနှစ်ဦးမှာ သူတို့ဘဝ၌ အံ့ဖွယ်အတွေ့အကြုံကို ရရှိခဲ့သည်။ အနီးအနား၌ရှိနေသူတစ်ဦးက ထိုအဖြစ်အပျက်ကို ဗီဒီယိုရိုက်ကူးမိခဲ့ပြီး ဝေလငါး၏ဧရာမပါးစပ်ကြီးနှင့် ယှဥ်လျှင် ထိုအမျိုးသမီးနှစ်ဦးနှင့် သူတို့၏ကယပ်လှေများမှာ သေးသေးနုပ်နုပ်လေး ဖြစ်သွားသည်။ သူတို့သည် ရေအောက်သို့ ခဏတာ ရောက်ရှိသွားခဲ့ပြီးနောက် ဘေးမသီရန်မခဘဲ လွတ်မြောက်ခဲ့သည်။

သူတို့၏အတွေ့အကြုံက သမ္မာကျမ်းစာ၌ ပရောဖက်ယောနကို “ငါးကြီး” မျိုချခဲ့သည့် အဖြစ်အပျက်အား ပြန်လည်ရှုမြင်စေသည် (ယောန ၁:၁၇)။ နိနဝေမြို့သားတို့အား တရားဟောရန် သူ့အား ဘုရားသခင် စေခိုင်းခဲ့သော်လည်း သူတို့ သည် ဘုရားသခင်ကို ငြင်းဆန်သူများဖြစ်သောကြောင့် ဘုရားသခင်၏ခွင့်လွှတ် ခြင်းနှင့် မထိုက်တန်ဟု ယောန ခံယူခဲ့သည်။…

ဆာလောင်သူအတွက်အစားအစာ

သီးနှံများ ဆိုးရွားစွာ ပျက်စီးပြီး၊ တိရိစ္ဆာန်များသေကြေကာ လူသန်းပေါင်းများစွာ အန္တရာယ်ကြုံခဲ့သည့် ပြင်းထန်သော မိုးခေါင်ရေရှားမှုကို အာဖရိကတိုက် အရှေ့ဖျားဒေသ (Horn of Africa) သည် နှစ်ပေါင်းများစွာ ခံစားလာခဲ့ရသည်။ စစ်ပွဲနှင့် ဖိနှိပ်မှုများရန်မှ ထွက်ပြေးလာခဲ့ကြသည့် ကင်ညာနိုင်ငံ၊ ခယ်ခူးမား (Kakuma)စစ်ရှောင်စခန်းရှိလူများနည်းတူ သဘာဝဘေးဒဏ်ခံရသူများအဖို့ ၎င်းသည် သေရေး ရှင်ရေးကိစ္စဖြစ်သည်။ မကြာမီက အစီရင်ခံစာတစ်ခု၌ မိခင်ငယ်တစ်ဦးသည် သူ၏ ကလေးငယ်ကို စခန်းတာဝန်ခံများထံ ခေါ်ဆောင်လာရာ၊ ပြင်းထန်သည့်အာဟာရချို့တဲ့မှုကြောင့် ထိုနိုစို့ကလေးငယ်၏ “ဆံပင်နှင့် အသားအရေမှာ ခြောက်သွေ့ ကြွပ်ဆတ်လျက်ရှိသည်”။ သူမသည် ပြုံးလည်း မပြုံး၊ အစာလည်း မစားပါ။ သူမ၏ သေးငယ်သောခန္ဓာကိုယ်လေးမှာ တဖြည်းဖြည်းအလုပ်မလုပ်တော့၍ အထူးကုသမားတော်များက ချက်ချင်းဆိုသလို ကုသပေးခဲ့ရသည်။ လိုအပ်ချက်များစွာ ရှိနေသေးသော်လည်း မရှိမဖြစ်သော အရေးပေါ် လိုအပ်ချက်များကို ပံ့ပိုးပေးသည့် အခြေခံအဆောက်အဦကို တည်ဆောက်ထားပြီးဖြစ်၍ ကျေးဇူးတင်စရာပင်။

ဤစိုးရိမ်ဖွယ်…

သန့်ရှင်းသောဝိညာဥ်တော် တည်ရှိတော်မူ၏

မြောက်ကယ်ရိုလိုင်းနား၊ ရှားလော့မြို့မှ နယူးယော့မြို့သို့ ပျံသန်းမည့်ခရီးစဥ်အတွက် အကြိုစစ်ဆေးမှုများပြုလုပ်နေစဥ် ခရီးသည်တစ်ဦးသည် လေယာဥ်စီးရမည့်အရေးကို သိသိသာသာ စိုးရိမ် ကြောက်ရွံ့နေသည်ကို လေယာဥ်မောင်က သတိထားမိသည်။ သူသည် လျှောက်လမ်း၌ ထိုင်ချလျက် ခရီးသည်အမျိုးသမီး၏လက်ကို ကိုင်ကာ ပျံသန်းမည့်ခရီးစဥ်၏ အဆင့်တိုင်းကို ရှင်းပြပြီး သူမ အဆင်ပြေသွားမည်ဖြစ်ကြောင်း အားပေးခဲ့သည်။ “လေယာဥ်ပေါ် ရောက်ပြီဆိုတာနဲ့ ကျွန်တော်တို့က အရေးမကြီးတော့ဘဲ ခရီးသည်ဖြစ်တဲ့ အဒေါ်က အရေးကြီးဆုံးဖြစ်သွားပါတယ်။ တကယ်လို့ အဒေါ် နေလို့ မကောင်းဘူးဆိုရင် ‘အဆင်မပြေတာရှိလား။ ဘာများကူညီပေးလို့ ရနိုင်မလဲ’ လို့ အဒေါ့်နားလာပြီး မေးချင်ပါတယ်” ဟု သူပြောလိုက်သည်။ လေယာဥ်မောင် ၏ ဂရုပြုကူညီရန်အသင့်ရှိနေခြင်းက ရှင်ယေရှုပြောသော သူ့ကို ယုံကြည်သူတို့အဖို့ သန့်ရှင်းသောဝိညာဥ်တော် လုပ်ဆောင်ပေးမည့်အရာ၏ ပုံရိပ်တစ်ခုဖြစ်နိုင်ပါသည်။

ခရစ်တော်၏အသေခံခြင်း၊ ရှင်ပြန်ထမြောက်ခြင်းနှင့် ကောင်းကင်ဘုံသို့ တက်ကြွခြင်းအမှုတို့သည် လူတို့အား အပြစ်မှကယ်လွှတ်ရန် မရှိမဖြစ်လိုအပ်ကာ အကျိုး ဖြစ်ထွန်းစေသော်လည်း၊…

အတွင်းမှ ပြောင်းလဲခြင်း

အနောက်လန်ဒန်ရှိ ၂၄ ထပ် အမြင့်ရှိ Grenfell Tower (ဂရန်းဖဲလ်မျှော်စင်)ကို မီးလျှံများ ဝါးမျိုခဲ့ပြီး လူပေါင်း (၇၀) အသက်ဆုံးရှုံးခဲ့ရသည်။ ၎င်းသည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ယူကေ၏အဆိုးရွားဆုံး အိမ်ရာမီးလောင်မှုဖြစ်သည်။ မီးတောက်များ အလွန်မြန်ဆန်စွာ ပျံ့နှံ့ရသည့် အဓိကအကြောင်းရင်းမှာ ထိုအဆောက်အအုံ ပြန်လည်ပြုပြင်မွမ်းမံမှု၏ အစိတ်အပိုင်းဖြစ်သည့် အဆောက်အအုံ၏အပြင်ပိုင်းကို ဖုံးအုပ်ထားသည့် အကာအရံကြောင့်ဖြစ်ကြောင်း စုံစမ်းတွေ့ရှိခဲ့ရသည်။ ထိုအကာအရံပစ္စည်း၏ အပြင်ပိုင်းမှာ အလူမီနီယမ် ဖြစ်သော်လည်း အလယ်အူတိုင်၌မူ အလွန့်အလွန် မီးလောင်လွယ်သည့် ပလတ်စတစ်ဖြစ်နေသည်။

ထိုအန္တရာယ်ကြီးသောပစ္စည်းအား အဘယ်ကြောင့် ရောင်းချ တပ်ဆင်ခွင့်ပြုခဲ့သနည်း။ ထိုပစ္စည်းရောင်းချသူတို့က ညံ့ဖျင်းသော မီးဘေးလုံခြုံရေး စစ်ဆေးမှု ရလဒ်များကို မပြောပြသလို ဝယ်သူတို့ကလည်း ပစ္စည်း၏စျေးပေါမှုကြောင့် ဆွဲဆောင်ခံရပြီး အန္တရာယ်သတိပေးချက်များကို အလေးမထားခဲ့ကြပါ။ ပြောင်လက်တောက်ပသည့် အကာအရံပစ္စည်းသည် အပြင်ပန်း၌ ဆွဲဆောင်မှုရှိသည့်ပုံပေါ်သည်။

အမြင်လှသော အပြင်ပန်းသဏ္ဌာန်နောက်၌ အကျင့်ပျက်ခြစားမှုများကို ဖုံးကွယ်ထားကြောင်း စွပ်စွဲသည့် သခင်ယေရှု၏…

အညွန့်တည်းဟူသော သခင်ယေရှု

အမေရိကန်နိုင်ငံ၊ အရီဇိုးနားပြည်နယ်၊ ဆီဒိုးနားမြို့ရှိ အနီရောင်တောင်တန်းများကြား၌ Chapel of the Holy Cross (သန့်ရှင်းသောကားတိုင်) ဘုရားကျောင်းသည် လှပခန့်ညားစွာ ထိုးထွက်လျက်ရှိသည်။ ဘုရားကျောင်းငယ်လေးထဲ ဝင်သွားသည့်အခါ ကားတိုင်ပေါ်ရှိ ထူးခြားသော သခင်ယေရှု၏ပန်းပုရုပ်တုဆီသို့ ကျွန်မ၏အာရုံ ချက်ချင်းရောက်ရှိသွားသည်။ သမားရိုးကျကားတိုင်အစား သခင်ယေရှုသည် ပင်စည်နှစ်ခု ရှိသည့်အပင်၏ အကိုင်းများပေါ်၌ ကားတင်ခံရပုံကို ဖော်ပြထားသည်။ အလျားလိုက် ကိုင်းဆက် ပြတ်ကာ သေဆုံးလျက်ရှိသည့် ပင်စည်မှာ ဘုရားရှင်အား ငြင်းပယ်ခဲ့ကြသည့် ဓမ္မဟောင်းကျမ်းရှိ ဣသရေလူမျိုးကို ပုံဆောင်သည်။ ဒေါင်လိုက်အပေါ်သို့ ရှင်သန်ထိုးထွက်နေသည့် အခြားပင်စည်တစ်ခုမှာ ရှင်သန်ကြီးထွားလျက်ရှိသော ယုဒအမျိုးအနွယ်နှင့် ဒါဝိဒ်မင်းကြီး မိသားစုမျိုးရိုးစဥ်ဆက်ကို ပုံဆောင်သည်။

ပုံဆောင်ချက်အနေဖြင့် ထူးခြားသည့် ထိုအနုပညာလက်ရာသည် သခင်ယေရှုအကြောင်း ဓမ္မဟောင်းကျမ်း၌ အရေးကြီးသော ပရောဖက်ပြုချက်တစ်ခုကို ညွှန်ပြလျက်ရှိသည်။ ယုဒအမျိုးအနွယ်သည် ဖမ်းဆီးသိမ်းသွားခြင်းခံရသော်လည်း ပရောဖက်ယေရမိက “ငါထားသော ကတိအတိုင်း ကျေးဇူးပြုရသော အချိန်ကာလသည်…

အကျိုးရလဒ်

၁၉၂၁ ခုနှစ်တွင် ပန်းပုပညာရှင် Sam Rodia (ဆမ်ရိုဒီယာ) သည် သူ၏ ‘Watts Towers’ စတီးချောင်းများနှင့်ပြုလုပ်သော ပန်းပုမျှော်စင်များကို စတင်တည်ဆောက်ခဲ့သည်။ (၃၃) နှစ်အကြာတွင် အမေရိကန်နိုင်ငံ၊ လော့စ်အိမ်ဂျလစ်မြို့အနှံ့၌ မီတာ (၃၀) အမြင့်ရှိ မျှော်စင် (၁၇) ခု ပေါ်ထွက်လာခဲ့သည်။ ဂီတပညာရှင် Jerry Garcia (ဂျယ်ရီဂါစီးယား)က ရိုဒီယာ၏တစ်သက်တာလုပ်ဆောင်မှုကို အထင်သေးခဲ့သည်။ “ရလဒ်ကတော့ ဒါပါပဲ။ ကိုယ်သေပြီးမှ ထွက်ပေါ်လာတဲ့အရာတွေပေါ့။ ကျွန်တော့်အတွက်တော့ ဒီလိုမဖြစ်စေရဘူး”ဟု သူပြောခဲ့သည်။

သို့နှင့် ဂျယ်ရီအတွက် ရလဒ်ကားအဘယ်နည်း။ သူ့တီးဝိုင်းအဖွဲ့ဝင် Bob Weir (ဘော့ဘ်ဝီယာ) က “ထာဝရကာလမှာ မင်းနဲ့ပတ်သက်တဲ့ ဘယ်အရာကိုမျှ လူတွေသတိရမှာ မဟုတ်ဘူး။ ဒါကြောင့် ပျော်ပျော်ပဲနေကြရအောင်” ဟု သူတို့၏ အယူအဆကို အကျဥ်းချုံးပြောပြခဲ့သည်။

ချမ်းသာသော ပညာရှိတစ်ဦးသည် သူတတ်စွမ်းသမျှ အရာခပ်သိမ်းကို…

တစ်ပါးတည်းသောပရိသတ်

“Denver Nuggets (ဒဲန်ဗာနတ်ဂတ်စ်) အသင်း၏အသံ” အဖြစ် အသင်း၏သင်းအုပ်ဆရာ Kyle Speller (ခိုင်းလ်စပယ်လာ)သည် ချန်ပီယံ ဘတ်စကတ်ဘောအသင်းကစားပွဲများအတွင်း ပရိသတ်အား သူ၏ထူးကဲသော စွမ်းအားအပြည့်ကြေညာသံကြောင့် နာမည်ကျော်သည်။ “စလိုက်ကြစို့” ဟု သူက မိုက်ဖြင့်ဟစ်ကြွေးလိုက်သောအခါ၊ ထောင်နှင့်ချီသော အားကစားကွင်းထဲရှိ NBA နိုင်ငံဘတ်စကတ်ဘော ပွဲကြည့်ပရိသတ်များနှင့်တကွ တီဗွီမှကြည့်နေကြသော သန်းပေါင်းများစွာ၏ တုံ့ပြန်ဟစ်ကြွေးမှုက ခိုင်းလ်စပယ်လာ ကို ၂၀၂၂ နှစ် ‘All-Star Game PA Annuouncer’ (အကောင်းဆုံး အားကစားပွဲကြေညာသူ) တစ်ဦးအဖြစ် ရွေးချယ်ခံရစေသည်။ “ပရိသတ်ကြီးရဲ့ခံစားမှုကို ကျွန်တော်သိနားလည်ပြီး အိမ်ရှင်အသင်းကစားနေတဲ့အချိန်မှာ အိမ်ရှင်ပရိသတ်ကြီးအတွက် ဘယ်လိုအရှိန်အဝါမျိုး လုပ်ပေးရမလဲဆိုတာ ကျွန်တော်သိတယ်” ဟု သူဆိုသည်။ သာ၍ကောင်းသည်မှာ ရုပ်မြင်သံကြား၊ ရေဒီယို ကြော်ငြာများ၌ ဖော်ပြခဲ့သော သူ့စကားလုံးတိုင်းသည် ဘုရားဘုန်းတော်ထင်ရှားစေရန် ဖြစ်သည်။ သူဆောင်ရွက်သမျှသည် “ပရိသတ်ကြီးတစ်ပါးတည်းအတွက်သာ အရာခပ်သိမ်းကို ဆောင်ရွက်နေခြင်းဖြစ်ပါတယ်”…

ရှပ်ခြစ်ခံရသည့် ထောပတ်

J. R. R. Tolkien (ဂျေအာရ်အာရ်ထိုလ်ခင်) ရေးသားသော ‘The Fellowship of the Ring’ စာအုပ်တွင် အမှောင်တန်ခိုးဖြင့်စီရင်ထားသော မှော်လက်စွပ်ကို နှစ်ပေါင်း (၆၀) တိုင် ‌ဝတ်ဆင်ထားခြင်း၏ အကျိုးဆက်ကို Bilbo Baggins (ဘစ်ဘိုဘက်ဂင်စ်) ဖော်ပြလာသည်။ တဖြည်းဖြည်း ယိုယွင်းဆုတ်ယုတ်စေသော ၎င်း၏သဘာဝကြောင့် ဖိစီးမှုများပြီး စုန်းထီး Gandalf (ဂန်ဒါ့ဖ်) အား “အားအင်ကုန်ခမ်း ဆုတ်ယုတ် နေသလိုမျိုး ဘာကြောင့် ကျွန်ုပ်ခံစားနေရတာလဲ။ ထောပတ်ကို ရှပ်ခြစ်ပြီး ပေါင်မုန့်မှာ သုတ်လိုက်သလို ထောပတ်က တဖြည်းဖြည်း ကုန်သွားတာမျိုးလေ၊ ကျွန်ုပ်ပြောတာ သဘောပေါက်လား”ဟု ပြောလိုက်သည်။ သို့နှင့် သူ့ကို အမြဲစောင့်ကြည့် ပြစ်တင်ပြောဆိုမည့် အသိုင်းအဝိုင်းနှင့် ဝေးရာ၊ အေးချမ်းတိတ်ဆိတ်သောနေရာတစ်ခု၌ အနားယူရန် အိမ်မှထွက်သွားရန် သူဆုံးဖြတ်ချက်ချခဲ့သည်။

ထိုလ်ခင်၏ ဝတ္ထုအယူအဆသည် ဓမ္မဟောင်းပရောဖက်၏ အတွေ့အကြုံကို…

ဘုရားသခင်၏မစထောက်ပံ့ခြင်း

၂၀၂၃ ခုနှစ် ဇွန်လတွင် ကိုလံဘီယာနိုင်ငံ၊ အမေဇုံတောနက်ထဲ ပျောက်ဆုံးသွားခဲ့သော အသက် (၁) နှစ်မှ (၁၃) နှစ်အတွင်းရှိ မောင်နှမလေးဦးအား ပြန်လည်ရှာတွေ့ခဲ့၍ ကမ္ဘာက တအံ့တဩဖြစ်ခဲ့ကြသည်။ လေယာဥ်ပျက်ကျမှုကြောင့် မိခင်သေဆုံးခဲ့ပြီး၊ သူတို့မှာ ရက်ပေါင်း (၄၀) တောနက်အတွင်း ရှင်သန်ကျန်ရစ်ခဲ့ကြသည်။ ကြမ်းတမ်းသော တောတောင်မြေအနေအထားနှင့် အကျွမ်းဝင်သော ထိုကလေးများသည် သားရိုင်းတိရစ္ဆာန်များ၏ရန်မှ ကာကွယ်ရန် သစ်ပင်ကြီးများ၏ပင်စည်များ၌ ပုန်းအောင်းကာ စမ်းချောင်းများမှ ရေနှင့်မိုးရေကို ပုလင်းများဖြင့် စုဆောင်းခဲ့သည်။ အပျက်အစီးကြားမှရှာတွေ့သော ပလောပီနံမှုန့်များကို စားသုံးခဲ့ကြသည်။ မည်သည့်သစ်သီးသစ်စေ့များကို အန္တရာယ်မရှိ စားသုံးနိုင်ကြောင်း သူတို့သိသည်။

ဘုရားသခင်သည် ထိုမောင်နှမများကို ဆက်လက် အသက်ရှင်ခွင့်ပေးခဲ့သည်။
သူတို့၏အံ့ဖွယ်အဖြစ်အပျက်က ထွက်မြောက်ရာကျမ်း၊ တောလည်ရာကျမ်း နှင့် သမ္မာကျမ်းစာ၏အချို့နေရာများတွင် မှတ်တမ်းတင်ထားသော၊ နှစ်ပေါင်း (၄၀) တိုင် ကန္တာရအတွင်း ဣသရေလလူမျိုးများကို ဘုရားသခင်သည် အံ့ဩဖွယ် အသက်ရှင်သန်ခွင့် ပေးခဲ့သည့်အကြောင်း…