အမျိုးအစား  |  odb

ကောင်းလိုက်သည့် မိတ်ဆွေ

အချစ်ဆုံးအိမ်နီးချင်းများဖြစ်သော ကျွန်မအမေနှင့် Mrs. Sanchez (မစ္စစ်ဆန်းချက်ဇ်) တို့သည် တရင်းတနှီး ပြိုင်ဆိုင်သူများလည်း ဖြစ်လာကြသည်။ လျှော်ဖွတ်ပြီးသားအဝတ်များကို အိမ်အပြင် အဝတ်တန်းတွင် မည်သူ အရင်လှန်းနိုင်မည်နည်းဟု တနင်္လာနေ့တိုင်း ပြိုင်ကြပြီး၊ “သူအမေ့ကို ထပ်နိုင်သွားပြီ” ဟု အမေက ပြောလေ့ရှိသည်။ သို့သော် နောက်တစ်ပတ်တွင် အမေဗိုလ်စွဲချင်စွဲမည်။ သူတို့၏ တရင်းတနှီး အပတ်စဉ်ပြိုင်ပွဲကို သူတို့နှစ်ဦးလုံး ပျော်ကြသည်။ အိမ်နောက်ဖေးကွက်လပ်ကို အတူသုံးလာခဲ့သည့် ၁၀ နှစ်တာ ကာလတစ်လျှောက် သူတို့နှစ်ဦးသည် ပညာ၊ အတွေ့အကြုံများနှင့် မျှော်လင့်ချက်များကိုလည်း တစ်ဦးနှင့်တစ်ဦး မျှဝေခဲ့ကြသည်။

ထိုသို့သောမိတ်ဆွေဖြစ်မှုမျိုးက ကောင်းသည်ဟု ကျမ်းစာက နွေးထွေးစွာဖော်ပြသည်။ “အဆွေခင်ပွန်းသည် အခါခပ်သိမ်း ချစ်တတ်”ပြီး (သု ၁၇:၁၇)၊ “ကြည်ညိုသောစိတ်နှင့် အကြံပေးတတ်သော အဆွေခင်ပွန်း၏ ချစ်ဖွယ်သောလက္ခဏာသည် ရွှင်လန်းစေတတ်၏” (၂၇:၉)ဟု ရှောလမုန်မင်းကြီးတွေ့ရှိခဲ့သည်။
ကျွန်မတို့၏မိတ်ဆွေမြတ်မှာ သခင်ယေရှုဖြစ်ပါသည်။ တပည့်တော်များအား ချစ်ခင်တတ်သောမိတ်ဆွေများဖြစ်ရေး…

မှင်သက်အံ့သြစေသော သင်ကြားမှု

Sophia Roberts (ဆိုဖီယာ ရောဘတ်)သည် သူမအသက် ၁၁ နှစ်ခန့်အရွယ်တွင် ပထမဆုံးအကြိမ် နှလုံးခွဲစိတ်ခြင်းကို ကြည့်ရှုခဲ့ရသည်။ ကလေးတစ်ယောက်အတွက် ထိုသို့ခွဲစိတ်မှုကို ကြည့်ရန် နည်းနည်းငယ်မည်၊ စောလွန်းသည်ဟုထင်ရသော်လည်း သူမ၏ဖခင် ဒေါက်တာ Harold Roberts Jr. (ဟယ်ရိုရောဘတ်စ်ဂျူနီယာ)သည် နှလုံးခွဲစိတ်ဆရာဝန် တစ်ဦးဖြစ်ကြောင်း သိထားရန် လိုသည်။ ၂၀၂၂ ခုနှစ်တွင် အသက် ၃၀ အရွယ် ဆိုဖီယာသည် ခွဲစိတ်ဆရာဝန်တစ်ယောက်ဖြစ်လာပြီး သွေး လွှတ်ကြောအဆို့ရှင် အစားထိုးကုသမှု အောင်မြင်စွာ ခွဲစိတ်နိုင်ရေး သူမ၏ဖခင်နှင့်အတူ ပူးပေါင်းလုပ်ဆောင်ခဲ့သည်။ “ဒီထက် ပိုကောင်းတာ ဘာရှိမလဲ။ ဒီကလေးကို စက်ဘီးစီးတတ်ဖို့ ကျွန်တော်သင်ပေးခဲ့တယ်။ အခု လူ့နှလုံးသားကို ဘယ်လိုခွဲစိတ်ရမလဲဆိုတာ သင်ပေးရမှာက အတော့်ကို အံ့သြစရာပဲ” ဟု ဟယ်ရိုက ပြောပါသည်။

လူအချို့က ကလေးငယ်အား ခွဲစိတ်မှုစွမ်းရည်ကို သင်ကြားပေးမည်ဖြစ်သော်လည်း၊ နောက်မျိုးဆက်သစ်များကို ဘုရားသခင်နှင့်…

ရှင်ယေရှု၌ အတူတကွ

အမေရိကန်နိုင်ငံ၊ အလက်စကာပြည်နယ်၊ ဝစ်ထီယာ (Whittier) မြို့တွင် နေထိုင်သူလူသုံးရာကျော်မှ အများစုတို့သည် တိုက်ခန်းကြီးတစ်ခုတွင် နေထိုင်ကြခြင်းကြောင့် ဝစ်ထီယာမြို့ကို “တစ်မိုးအောက်ရှိမြို့” ဟုခေါ်ကြသည်။ ထိုနေရာတွင် နေထိုင်ခဲ့ဖူးသူ Amie (အားမီ)က “ကုန်စုံဆိုင်၊ စာချုပ်စာတမ်းရုံး၊ စာသင်ကျောင်း၊ စာတိုက်တွေက မြေညီထပ်မှာရှိပြီး ဓာတ်လှေကား စီးလိုက်ရုံပဲ။ အဆောက်အအုံအပြင်ဘက်ကို ထွက်စရာမလိုဘူး” ဟုပြောသည်။
“အဲ့ဒီမှာ ဘဝက အရမ်းအဆင်ပြေနေလို့ ဘယ်သူ့မှကို မလိုအပ်ဘူးလို့ထင်ပြီး၊ တစ်ခါတစ်လေ တစ်ယောက်ထဲပဲ နေချင်ခဲ့တယ်။ ဒါပေမယ့် နေထိုင်သူတွေက အရမ်းကို နွေးထွေးတယ်။ တစ်ယောက်ကို တစ်ယောက် ဂရုစိုက်ကြတယ်။ သူတို့က ကျွန်မကို လိုအပ်ပြီး၊ ကျွန်မလည်း သူတို့ကို လိုအပ်တယ်ဆိုတာ နားလည်ခဲ့ရတယ်” ဟု အားမီ က ပြောသည်။

အားမီကဲ့သို့ပင် ကျွန်မတို့လည်း တစ်ခါတစ်ရံတွင် မိမိဘာသာပင် နေချင်ပြီး အသိုင်းအဝိုင်းကို ရှောင်ရှားချင်သည်။ လူ့အသိုင်းအဝိုင်းကို…

တိုင်းတစ်ပါးသား မဟုတ်တော့ပါ

“မင်း ဒီနေရာနဲ့ မသက်ဆိုင်ဘူး။” ထိုစကားလုံးများသည် ၈ နှစ်အရွယ် မိန်းကလေးတစ်ဦး၏နှလုံးသားကို ကြေမွသွားစေခဲ့ပြီး ထိုနာကျင်မှုက သူမစိတ်ထဲ ကိန်းအောင်း နေခဲ့သည်။ သူမ၏မိသားစုသည် စစ်ဘေးသင့်နိုင်ငံ စစ်ရှောင်စခန်းတစ်ခုမှ နိုင်ငံသစ်တစ်ခုသို့ ပြောင်းရွှေ့နေထိုင်ခဲ့ပြီး၊ သူမ၏လူဝင်မှုကြီးကြပ်ရေးကတ်တွင် “နိုင်ငံခြားသား” ဟူသော စာလုံးပါရှိသည်။ သူမသည် သူမရောက်ရှိနေသောနေရာနှင့် မသက်ဆိုင်ကြောင်း ခံစားခဲ့ရသည်။

အရွယ်ရောက်လာချိန်၌ သခင်ယေရှုကို သူမ ယုံကြည်သော်လည်း သူမသည် လူတို့အလိုမရှိသော ပြင်ပသူစိမ်းတစ်ယောက်ဖြစ်သည် ဟူသောခံစားချက်ကြောင့် နာကျင်ခဲ့ရပြီး ဖယ်ကြဥ်ခံရသကဲ့သို့ ခံစားခဲ့ရသည်။ တစ်နေ့တွင် ကျမ်းစာဖတ်နေစဥ် ဧဖက်ဩဝါဒစာ ၂ မှ ကတိတော်များကို သူမတွေ့ရှိခဲ့သည်။ အငယ် ၁၁ တွင် စိတ်အနှောင့်အယှက်ဖြစ်စရာ “လူမျိုးခြား” (ခေတ်သုံး) ဟူသည့်စကားလုံးကို သူမတွေ့ခဲ့သည်။ “သင်တို့သည် ခရစ်တော်ကို မသိ၊ ဣသရေလအပေါင်းအသင်း၌
မဝင်၊ ကတိတော်ပါသော ပဋိညာဥ်တရားတို့နှင့်မဆိုင်၊ မျှော်လင့်ခြင်းမရှိ၊ လောက၌…

တော်ဝင်သခင် ပြန်ကြွလာခြင်း

ကမ္ဘာတစ်ဝန်းရှိ ခန့်မှန်းခြေ ဘီလီယံနှင့်ချီသော ပရိသတ်ပေါင်းများစွာကြည့်ရှုနေသော ဒုတိယမြောက် အဲလိဇဘတ် ဘုရင်မ၏ စျာပနာအခမ်းအနား ထုတ်လွှင့်မှုသည် သမိုင်းတစ်လျှောက်တွင် ကြည့်ရှုမှုအများဆုံး ဖြစ်နိုင်ပါသည်။ ထိုနေ့တွင် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့၏လမ်းများပေါ်တွင် လူတစ်သန်းမျှ တန်းစီခဲ့ပြီး၊ ထိုရက်သတ္တပတ်အတွင်း ဘုရင်မကြီး၏ခေါင်းတလားကို ကြည့်ရှုရန် နာရီပေါင်းများစွာ တန်းစီခဲ့သူ ၂၅၀,၀၀၀ ရှိသည်။ သူမ၏ခွန်အားနှင့်အရည်အချင်းကြောင့် ထင်ရှားသော အမျိုးသမီးတစ်ဦးအား ချီးကျူးဂုဏ်ပြုရန် မှတ်တမ်းအရ ဘုရင်များ၊ ဘုရင်မများ၊ သမ္မတများနှင့် အခြားနိုင်ငံတော် အကြီးအကဲများ အယောက် ၅၀၀ တက်ရောက်ခဲ့ကြသည်။

တစ်ကမ္ဘာလုံးက ဗြိတိန်နှင့် ၎င်း၏ ကွယ်လွန်သွားသောဘုရင်မကြီးထံသို့ အာရုံရောက်နေချိန်မှာ ကျွန်ုပ်၏အတွေးများက တော်ဝင်သခင်ပြန်ကြွလာမည့် အဖြစ်အပျက်သို့ ပြောင်းသွားသည်။ အလွန်ကြီးမြတ်သော ဘုရင်တစ်ပါးကို အသိအမှတ်ပြုရန် တိုင်းနိုင်ငံများစွာတို့ စုဝေးကြမည့်အချိန် ရောက်လာတော့မည် (ဟေရှာ ၄၅:၂၀-၂၂)၊ “ဖြောင့်မတ်ခြင်းနှင့်အစွမ်းသတ္တိ” (:၂၄) ရှိသော ခေါင်းဆောင်ရှေ့၌ ကိုယ်တော်ကို အသိမှတ်ပြုရန်နှင့်…

ဘဝ၏အနိမ့်အမြင့် အတက်အကျများ

ပျော်စရာကောင်းပြီး အပြိုင်အဆိုင်ကစားရသော Chutes and Ladders (မြွေလှေကား) ကစားပွဲတွင် အနိုင်ရခဲ့သည့် ကျွန်မ ငါးနှစ်အရွယ်က ဓာတ်ပုံသည် Facebook memory တွင် ပြန်ပေါ်လာခဲ့သည်။ ကျွန်မတို့ငယ်စဥ်က ထိုဂိမ်းကို မကြာခဏ ကစားဖြစ်ခြင်းကြောင့် ကျွန်မ၏ညီအစ်ကိုမောင်နှမများကို ပို့စ်၌ Tag လုပ်လိုက်သည်။ ထိုကစားနည်းသည် နှစ်ပေါင်းများစွာ ကစားခဲ့သည့် ဂိမ်းကို အခြေခံထားပြီး၊ ကိန်းရေတွက်တတ်အောင် အထောက်အကူပြုသည်။

အမြန်ဆုံး အမှတ် ၁၀၀ ထိ နိုင်အောင် လှေကားတက်ရသည့်အခါ စိတ်လှုပ်ရှားပျော်ရွှင်မှုကို ခံစားရစေသည်။ သို့သော် သတိထားရန်မှာ အကယ်၍ နံပါတ် ၉၈ ၌ ‌မြွေမျိုလျှင် အောက်ဆုံးအထိ လျှောကျသွားမည်ဖြစ်ပြီး၊ အောင်ပွဲအတွက် နှောင့်နှေးစေကာ အတားအဆီး ဖြစ်စေနိုင်ပါသည်။

၎င်းသည် ဘဝအသက်တာနှင့်တူသည် မဟုတ်ပါလား။ ဘဝနေ့ရက်များ၏ အတက်အကျများအတွက် သခင်ယေရှုက မေတ္တာဖြင့် ကျွန်မတို့ကို ပြင်ဆင်ခဲ့သည်။…

ဘုရားရှင်၏တရားမျှတမှု နှင့် ကျေးဇူးကရုဏာတော်

အင်္ဂလိပ်လူမျိုး စိတ်ကူးယဥ်ပန်းချီဆရာ John Martin (ဂျွန်မာတင်) (၁၇၈၉-၁၈၅၄)သည် လူနေမှုအဖွဲ့အစည်းပျက်စီးခြင်းကို သရုပ်ဖော်သည့် အပျက်အစီးပုံမြင်ကွင်း ပန်းချီကားများကြောင့် လူသိများသည်။ ဤအံ့အားသင့်ဖွယ် မြင်ကွင်းများတွင် လူသားများသည် ပျက်စီးခြင်း၏အကျိုးဆက်များဖြင့် လွှမ်းမိုးခံရကာ ကျရောက် လာတော့မည့် ကြမ္မာဆိုးကို ရင်ဆိုင်နိုင်စွမ်း မရှိကြပေ။ “The Fall of Nineveh” (နိနဝေမြို့ကျဆုံးခြင်း) ပန်းချီကားတွင် မည်းမှောင်သော တိမ်တိုက်များအောက်၌ ကြီးမားလာသော လှိုင်းလုံးအပျက်အစီးများကြားမှ ပြေးထွက်လာသူများကို ပုံဖော်ထားသည်။

မာတင်၏ပန်းချီမတိုင်မီ လွန်ခဲ့သော အနှစ် ၂၀၀၀ ကျော်က ပရောဖက်နာဟုံသည် နိနဝေမြို့တရားစီရင်ခံရမည့်အကြောင်း ကြိုတင်ဟောကိန်းထုတ်ခဲ့သည်။ မိမိအကျိုးစီးပွားအတွက် အခြားသူများအား ဖိနှိပ်သူများအပေါ် ကျရောက်မည့် ဘုရားသခင်၏အမျက်ဒေါသကို သရုပ်ဖော်ရန်အတွက် ပရောဖက်သည် တောင်များတုန်လှုပ်ခြင်း၊ တောင်ကုန်းများပြိုကျခြင်းနှင့် မြေကြီးရွေ့လျားခြင်း ပုံဆောင်ချက်များကို အသုံးပြုခဲ့သည် (နာ ၁:၅)။ သို့ရာတွင် အပြစ်အတွက် ဘုရားသခင်၏ တုံ့ပြန်မှုသည် ကရုဏာတော်မပါဘဲ…

အမြော်အမြင်နှင့် ဝမ်းမြောက်ရွှင်လန်းမှုကို ရှာဖွေခြင်း

ဆေးရုံကြီးတစ်ခု၏ အရေးပေါ်ခန်းမှ ကိုဗစ်ရောဂါခံစားနေရသော လူနာများကို ကယ်တင်ရန် စိတ်ပိုင်းဖြတ်ထားသည့် ဆရာဝန် Jason Persoff (ဂျေစန် ပါစော့ဖ်) ၏အမြင်၌ ကပ်ရောဂါက အနိုင်ရနေသည်ဟု ထင်ရသည်။ သူ့အနေနှင့် မည်သို့ အကောင်းဆုံး လုပ်ပေးနိုင်မည်နည်း။ သူနားနေချိန်များတွင် သေးငယ်သောနှင်းပွင့်များကို ပုံကြီးချဲ့ကာ ဓာတ်ပုံများရိုက်ခြင်းဖြင့် သူအပမ်းဖြေခဲ့သည်။ သေးငယ်သော်လည်း လှပသည့်အရာတစ်ခုခု၌ ပျော်ရွှင်မှုကို ရှာတွေ့ခြင်းသည် “ဒါက ရူးကြောင်ကြောင်နိုင်တဲ့ပုံပေါ်ပေမဲ့ ကျွန်တော့်ရဲ့ဖန်ဆင်းရှင်နဲ့ ပေါင်းစည်းဖို့အခွင့်၊ ဒါကို သတိပြုမိဖို့ အချိန်ယူတဲ့ မဆိုစလောက်သော လူအနည်းငယ်တို့နဲ့အတူ ကမ္ဘာလောကကို မြင်တွေ့ခံစားရဖို့ အခွင့်အရေးတစ်ခုဖြစ်တယ်”ဟု သူက ပြောပါသည်။

စိတ်ဖိစီးမှု ပြေပျောက်စေရန်နှင့် ခံနိုင်ရည်ကို တည်ဆောက်ရန် ထိုကဲ့သို့သော ပျော်ရွှင်မှုကို အမြော်အမြင်ရှိစွာ ရှာဖွေခြင်းသည် ဆေးပညာနယ်ပယ်တွင် အလွန်တန်ဖိုးရှိကြောင်းလည်း သူက ပြောကြားခဲ့သည်။ သို့သော် လူအားလုံးအတွက် သူက “သင်အသက်ရှူသွင်းရမည်။ အသက်ရှူပြီး ဘဝမှာ…

ဘုရားသခင်၏ စိတ်ရှည်သောချစ်ခြင်းမေတ္တာ

လှပပြီးနူးညံ့သည့် ကျွန်မ၏ ဥရောပတိုက်မြောက်ပိုင်းမှ အမျိုးစတင်လာသော Norwegian Forest (နော်ဝေမျိုး) ကြောင်လေး မစ်စတစ် (Mystique)၏ ဗိုက်ကို ပွတ်သပ်ပေးပြီး၊ သူမနှင့် ကစားပေးသည့်အခါ (သို့) ညနေခင်း ကျွန်မပေါင်ပေါ်၌ သူအိပ်ပျော်သွားသည့်အခါ ၎င်းသည် လွန်ခဲ့သောနှစ်များစွာက ကျွန်မတို့တွေ့ခဲ့သည့် ပိန်လှီပြီး လူကြောက်သော လမ်းဘေးကြောင်တစ်ကောင် ဆိုသည်ကို တစ်ခါတစ်လေ ယုံရခက်ခက်ပင်။ သို့‌သော် နေ့စဥ် သူမကို ကျွန်မအစာကျွေးရင်း တဖြည်းဖြည်းနှင့် သူမ ပြောင်းလဲလာပြီး၊ တစ်နေ့သောအခါတွင် သူမကို ကျွန်မ တယုတယ ပွတ်သပ်ခွင့် ရခဲ့တော့သည်။

မစ်စတစ်၏ ပြောင်းလဲလာမှုသည် စိတ်ရှည်မှုနှင့်ချစ်ခြင်းမေတ္တာအားဖြင့် ရရှိလာသည့် ကုစားမှုဖြစ်ကြောင်း ကျွန်မကို သတိပေးလာသည်။ ၎င်းသည် ဟေရှာယအနာဂတ္တိကျမ်း ၄၃ တွင် ဖော်ပြထားသော ဘုရားသခင်၏နှလုံးသားကို အမှတ်ရစေသည်။ ထိုကျမ်းချက်တွင် ကိုယ်တော်၏ဝိညာဥ်တော်နှင့်ပြည့်သော ကြွလာမည့် ကျွန်တစ်ဦးအကြောင်းကို (:၁) ပြောထားပြီး၊…

ဘုရားသခင်၏မိသားစုအတွင်းသို့ ပေါင်းစည်းခြင်း

လွန်ခဲ့သောနှစ်အနည်းငယ်က ကျွန်မ၏ဖခင်နှင့်အတူ သူချစ်သော အီကွေဒေါနိုင်ငံသို့ အလည်သွားစဥ်က သူကြီးပြင်းလာခဲ့သည့် မိသားစုယာတောသို့ ကျွန်မတို့သွား ရောက်လည်ပတ်ခဲ့ရာ၊ ထူးဆန်းသည့် သစ်ပင်တစ်စုကို ကျွန်မသတိထားမိခဲ့သည်။ အဖေငယ်ငယ်က စနောက်ချင်စိတ်ဝင်ပြီး လူကြီးများလုပ်သကဲ့သို့ သစ်သီးပင် တစ်ပင်မှ လွှင့်ပစ်ထားသည့်အကိုင်းကိုယူပြီး အရာပေးလှီးဖြတ်ထားသည့် အခြားသစ်သီးပင်၏ပင်စည်၌ ချည်ကာ ကိုင်းကူးကိုင်းဆက်လုပ်ခဲ့သည်ဟု အဖေက ရှင်းပြခဲ့သည်။ သူ၏နောက်ပြောင်မှုကို သတိမပြုမိဘဲ နောက်ဆုံး အပင်၌ မျှော်လင့်ထားသည်ထက် အသီးနှစ်မျိုး သီးလာမှ သူ့လက်ချက်မှန်းသိခဲ့ကြသည်။

အဖေပြောပြသည့် ကိုင်းဆက်ကူးခြင်းလုပ်ငန်းစဥ်ကို ဆင်ခြင်ရင်း ကျွန်မတို့အတွက် ဘုရားသခင်၏မိသားစုအတွင်းသို့ ပေါင်းစည်းခြင်း၏အဓိပ္ပာယ်ကို ကျွန်မပုံဖော်စိတ်ကူးကြည့်မိသည်။ ကွယ်လွန်သွားပြီဖြစ်သော အဖေသည် သခင်ယေရှုကို ယုံကြည်ခြင်းဖြင့် ဘုရားသခင်၏မိသားစုနှင့် ချိတ်ဆက်မှုရှိခြင်းကြောင့် ကောင်းကင်ဘုံ၌ ရှိနေမည်ကို ကျွန်မသိပါသည်။

ကျွန်မတို့လည်း နောက်ဆုံးတွင် ကောင်းကင်ဘုံ၌ရှိနေနိုင်ရန် အာမခံချက်ရရှိနိုင်သည်။ တမန်တော်ရှင်ပေါလုက ရောမမြို့ရှိ ယုံကြည်သူများအား ဘုရားရှင်သည် တစ်ပါးအမျိုးသား (သို့) ဂျူးလူမျိုးမဟုတ်သူများကို ကိုယ်တော်နှင့်…