ကျွန်ုပ်ကို အသုံးပြုပါ
ဂျိမ်းစ်မောရစ် (James Morris) သည် တစ်ချိန်က “စာမတတ်သော်လည်း ကြင်နာတတ်သော သာမန်အရပ်သားတစ်ဦး”အဖြစ် ဖော်ပြခံခဲ့ရသော်လည်း ဩဂုတ်စတပ်စ် တော့လေဒီ (Augustus Toplady) ဆိုသူအား ယေရှုခရစ်ကို ယုံကြည်လာအောင် ပြုလုပ်ရာ၌ ဘုရားသခင် သူ့ကို အသုံးပြုခဲ့သည်။ ၁၈ ရာစုက “မြဲတည်ကျောက်ကျူး - Rock of Ages” ဓမ္မသီချင်း၏ တေးရေးဆရာ တော့လေဒီ သည် မောရစ်၏ ဟောပြောချက်ကို ကြားခဲ့ရပုံကို ပြောပြသည်။ “ထူးဆန်းတာက ငါ...ဘုရားသခင်ထံ ချဉ်းကပ်ရမယ်လို့ သိခဲ့ရတယ်။...စပါးကျီတစ်ခုမှာ စုဝေးကြတဲ့ လက်တစ်ဆုပ်စာ ယုံကြည်သူတွေနဲ့ ကိုယ့်နာမည်ကိုတောင် စာလုံးပေါင်းမတတ်တဲ့လူတစ်ဦးရဲ့ သာသနာလုပ်ငန်း အလယ်မှာပေါ့။ တကယ်ပဲ ဒါက သခင်ဘုရား ပြုတဲ့ အံ့ဩဘွယ် အဖြစ်အပျက်တစ်ခုပဲ”ဟု ဆိုပါသည်။
စင်စစ်၊ ဘုရားသခင်သည် မဖြစ်နိုင်သောနေရာများတွင် အံ့ဩဖွယ်ရာများကို လုပ်ဆောင်ပြီး၊ “အရည်အချင်းမရှိသော” (သို့)…
သစ်လွင်သေချာသော
စူစန်သည် အိမ်သုံးပစ္စည်းများမှလွဲ၍ သုံးနှစ်တာလုံး သူမအတွက် ဘာမှ မဝယ်ခဲ့ပါ။ ကိုဗစ်-၁၉ ကပ်ရောဂါက ကျွန်မသူငယ်ချင်း၏ဝင်ငွေကိုထိခိုက်စေပြီး ရိုးရှင်း သောနေထိုင်မှုပုံစံကို သူမကျင့်သုံးခဲ့သည်။ “တစ်နေ့ အခန်းသန့်ရှင်းရေးလုပ်ရင်းငါ့ရဲ့ပစ္စည်းတွေ အတော်လေးဟောင်းနွမ်းပျက်စီးနေတာကို သတိပြုမိခဲ့တယ်။ အဲဒီအချိန်မှာမှ ပစ္စည်းအသစ်ပိုင်ဆိုင်လိုစိတ်၊ ဆန်းသစ်မှုနဲ့ စိတ်လှုပ်ရှားမှုဆိုတဲ့ ခံစားချက်ကို ငါ စပြီးလွမ်းလာတယ်။ ငါ့ရဲ့ဝန်းကျင်က ရိုးအီပြီး ငြီးငွေ့စရာကြီး။ မျှော်လင့်စရာဘာမှမရှိတော့သလို ငါ ခံစားရတယ်”ဟု သူမ မျှဝေပြောပြခဲ့သည်။
စူစန်သည် အားပေးတိုက်တွန်းမှုကို ကျမ်းစာထဲရှိ မထင်မှတ်ထားသည့် ကျမ်းတစ်ခုမှတွေ့ရှိခဲ့သည်။ ယေရုရှလင်မြို့သည် ဗာဗုလုန်လက်အောက်သို့ ကျရောက်ပြီးနောက် ပရောဖက်နှင့် လူတို့ခံစားခဲ့ရသော ဝမ်းနည်းပူဆွေးမှု ဒဏ်ရာကို ယေရမိမြည်တမ်းစကားများက ဖော်ပြနေသည်။ မည်သို့ပင်ဖြစ်စေ ဝမ်းနည်းပူဆွေးမှု၏ စိတ်ပျက်အားငယ်မှုအလယ်တွင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာဟူသည့် သေချာသည့် မျှော်လင့်ခြင်းအမြစ်တည်ရှိသည်။ “ထာဝရဘုရား ၏ ကရုဏာတော်သည် ဘယ်သောအခါမျှ မကုန်”ဟု ယေရမိရေးခဲ့သည်။ “နံနက်တိုင်း ကရုဏာအသစ်ကို ခံရကြ၏”…
လွတ်မြောက်မှု၏ ဘုရားသခင်
သမ္မတအေဗရန်ဟန် လင်ကွန်းသည် နှစ်နှစ်ခွဲကြိုပြီး ကျွန်ပြုချုပ်နှောင်ခံရသူများ ကို လွတ်မြောက်စေခဲ့ပြီး၊ တောင်ပိုင်းခွဲထွက်ရေးတပ်က လက်နက်ချခဲ့သော်လည်း တက္ကဆက်ပြည်နယ်သည် ကျွန်ခံရသူများ၏ လွတ်လပ်ခွင့်ကို လက်မခံဘဲရှိနေ သည်။ သို့သော် ၁၈၆၅ ခုနှစ်၊ ဇွန်လ ၁၉ ရက်တွင် ပြည်ထောင်စုတပ်မတော်ဗိုလ်ချုပ်ကြီး ဂေါ်ဒန် ဂရန်ဂျာသည် တက္ကဆက်ပြည်နယ်၊ ဂတ်ဗ့်စတန်မြို့သို့သွားရောက်ခဲ့ပြီး ကျွန်ပြုခံရသူများအားလုံးကို လွတ်မြောက်ခွင့်ပေးရန် အမိန့်ပေး တောင်းဆိုခဲ့သည်။ သံခြေချင်းများ ကျွတ်လွတ်သွားပြီး လွတ်မြောက်ခြင်းကြေညာချက်ကို ကြားလိုက်ရသည့် အချုပ်အနှောင်ဘဝ၌ရှိနေသူများ၏ အံ့သြပျော်ရွှင်မှုကို မြင်ယောင်ကြည့်ပါ။
အဖိနှိပ်ခံများကို ဘုရားသခင်မြင်ပြီး၊ အဆုံးတွင် မတရားမှုအောက်တွင်ရှိနေသူများအတွက် လွတ်လပ်မှုကို ကြေညာပါလိမ့်မည်။ ၎င်းသည် မောရှေလက်ထက်က မှန်နေသကဲ့သို့ ယခုလည်း မှန်ကန်သည်။ ဘုရားသခင်သည် မီးလောင်နေသော ခြုံပုတ်မှထင်ရှားလျက်၊ “...အဲဂုတ္တုပြည်၌ရှိသော ငါ၏လူတို့ခံရသော ညှဥ်းဆဲခြင်း ကို ငါစေ့စေ့မြင်ခဲ့ပြီ”(ထွက် ၃:၇)ဟု အရေးကြီးသောသတင်းစကားဖြင့် မောရှေထံ ပေါ်လာသည်။ ဣသရေလလူမျိုးအပေါ် အဲဂုတ္တုလူတို့၏ရက်စက်ကြမ်းကြုတ်မှုကို ဘုရားရှင်မြင်ရုံသာမက…
အထီးကျန်သူများအတွက် မိတ်ဆွေ
ဟိုလီ ကွတ်ခ်(Holly Cooke)သည် အလုပ်ရှာရန် လန်ဒန်မြို့သို့ ပြောင်းလာစဥ်က သူမ၌ မိတ်ဆွေတစ်ဦးမျှပင်မရှိခဲ့ပါ။ စနေ တနင်္ဂနွေပိတ်ရက်များသည် သူမအတွက် စိတ်မချမ်းမြေ့စရာဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာစစ်တမ်းအရ ပေါ်တူဂီနိုင်ငံ၊ လစ်စဘွန်မြို့တွင်နေထိုင် သူ ၁၀% နှင့်နှိုင်းယှဥ်ပါက လန်ဒန်မြို့သား ၅၅ ရာခိုင်နှုန်းသည် အထီးကျန်သည်ဟုဆိုကာ ထိုမြို့ကိုယ်တိုင်က ကြေကွဲဝမ်းနည်းမှုစာရင်းတွင် ထိပ်ဆုံး၌ရှိနေသည်။
ဟိုလီသည် သူမ၏ကြောက်ရွံ့မှုများကို အံတုကာ အဆက်အသွယ်ရှိနေရေးအတွက် လန်ဒန်အထီးကျန်အမျိုးသမီးငယ်များကလပ် ဟုခေါ်သော ဆိုရှယ်မီဒီယာအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းခဲ့ရာ၊ လူဦးရေ ၃၅,၀၀၀ ခန့် အဖွဲ့ထဲ ပါဝင်လာကြသည်။ ရက် သတ္တပတ်အတန်ခြားပြီး အဖွဲ့ငယ်များတွေ့ဆုံပွဲပြီး ပန်းခြံပျော်ပွဲစားထွက်ခြင်း၊ ပန်းချီသင်ကြားပေးခြင်း၊ လက်ဝတ်ရတနာသင်တန်း၊ ညစာစားပွဲများပြုလုပ်ပေးပြီး၊ အိမ်ပြင်ပတွင် ခွေးလေးများနှင့်အတူ လေ့ကျင့်ခန်းပြုလုပ်ခြင်းများကိုပင် စီစဉ်ပေးသည်။
အဖော်မဲ့ အထီးကျန်ခြင်း၏စိန်ခေါ်မှုသည် အသစ် မဟုတ်သလို ကျွန်ုပ်တို့၏ ကိုယ်ထီးတည်းဖြစ်ခြင်း၏ ခံစားချက်များကို ကုသပေးသူလည်း မဟုတ်ပါ။ ကျွန်ုပ်တို့၏ထာဝရဘုရားသခင်သည် “ပေါက်ဖော်မရှိသူတို့အား အိမ်ထောင်ချခြင်းအခွင့်ကိုပေးတော်မူ၍ ချုပ်ထားသောသူတို့ကိုလည်း…
ရက်ရောသော ယုံကြည်ခြင်း
လွန်ခဲ့သော နှစ်အနည်းငယ်က နိုင်ငံရေးခေါင်းဆောင်မှု ဝရုန်းသုန်းကား အပြောင်းအလဲကြောင့် မိမိတို့၏နိုင်ငံမှ ထွက်ပြေးလာသော ဒုက္ခသည်များကို လက်ခံရန် ကျွန်ုပ်တို့၏အသင်းတော်ကို ဖိတ်ခေါ်ခဲ့သည်။ မိသားစုအသီးသီးတို့သည် အိတ်သေးသေးလေးထဲ၌ ဝင်ဆံ့သမျှသောအရာများနှင့်သာ ရောက်လာကြသည်။ အခန်းငယ်လေးသာ ပေးနိုင်သူအချို့ အပါအဝင် အသင်းတော်မိသားစုများစွာတို့သည် သူတို့၏အိမ်များကိုဖွင့်လျက် လှိုက်လှဲစွာ ကြိုဆိုလက်ခံခဲ့ကြသည်။
သူတို့၏ ပျူငှာသော ဧည့်ဝတ်ကျေပွန်မှုက ကတိတော်ထားရာပြည်သို့ ဣသရေလလူမျိုးများ ဝင်စားသောအခါ၌ ၎င်းတို့အား ဘုရားသခင်ပေးသည့် ပညတ်သုံးပါးကို ထင်ဟပ်စေသည် (တရား၂၄:၁၉-၂၁)။ စိုက်ပျိုးရေးအခြေခံလူတန်းစားတစ်ရပ်အနေနှင့် ရိတ်သိမ်းခြင်း၏အရေးပါမှုကို ၎င်းတို့နားလည်သဘောပေါက်ကြသည်။ နောက်တစ်နှစ်တာကို ဖြတ်သန်းရန်အတွက် ဝမ်းစာက မရှိမဖြစ်လိုအပ်သည်။ ထို့ကြောင့် “တစ်ပါးအမျိုး၊ မိဘမရှိသောသူ၊ မုဆိုးမအဖို့ ထားရမည်” (:၁၉) ဟု ဘုရားရှင်မိန့်တော်မူရခြင်းဖြစ်ပြီး၊ သူ့အားလည်းယုံကြည်ကိုးစားရန် တောင်းဆိုခဲ့သည်။ ဣသရေလလူမျိုးများသည် သူတို့၌လုံလောက်ပြည့်စုံမှသာ ပေးကမ်းခြင်းမျိုးမဟုတ်ဘဲ၊ ဘုရားသခင်၏ထောက်ပံ့မစပေးမှုကို ယုံကြည်သည့်စိတ်ဖြင့် လက်တွေ့ ပေးကမ်းရန်ဖြစ်သည်။
ထိုသို့ဧည့်ဝတ်ကျေပွန်မှုက “အဲဂုတ္တုပြည်၌ သူတို့ကျွန်ခံခဲ့ဖူးကြောင်း” (:၁၈,…
ရောဂါပျောက်ကင်းရန် မျှော်လင့်ချက်
ကျောရိုးအာရုံကြောဒဏ်ရာကြောင့် အကြောသေနေသူများအတွက် မျှော်လင့်ချက် အကြောင်းရင်းသစ်တစ်ခု ထွက်ပေါ်လာသည်။ ဂျာမန်သုတေသနပညာရှင်များက ကြွက်သားနှင့် ဦးနှောက်ကြားရှိ အာရုံကြောလမ်းကြောင်းများကို ပြန်လည်ချိတ်ဆက်ရန်အတွက် အာရုံကြောကြီးထွားမှုကို လှုံ့ဆော်ရန် နည်းလမ်းတစ်ခုကို တွေ့ရှိခဲ့သည်။ ထိုကြီးထွားမှုသည် အကြောသေနေသောကြွက်များကို လမ်းပြန်လျှောက်စေနိုင်ခဲ့ပြီး၊ ထိုကုထုံးသည် လူသားများအတွက် ဘေးကင်းပြီး ထိရောက်မှု ရှိမရှိ ဆုံးဖြတ်နိုင်ရန် စမ်းသပ်မှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။
အကြောသေရောဂါဝေဒနာရှင်များကိုယ်စား သိပ္ပံနည်းပညာဖြင့် အောင်မြင် ရန် ကြိုးပမ်းသည့်အရာကို သခင်ယေရှုက အံ့ဖွယ်နိမိတ်လက္ခဏာဖြင့် လုပ်ဆောင်ခဲ့သည်။ အနာငြိမ်းရန်မျှော်လင့်ချက်ဖြင့် နာမကျန်းသူများစွာတို့ စုဝေးနေသော ဗေသေသဒရေကန်သို့ သခင်ယေရှုသွားရောက်သောအခါ ထိုသူများထဲမှ “၃၈နှစ်ပတ်လုံး ရောဂါစွဲသောသူ” (ယော ၅:၅) တစ်ဦးကို တွေ့ရှိခဲ့သည်။ ထိုလူသည် အမှန်တကယ်ပင် ရောဂါပျောက်ကင်းလိုကြောင်းအတည်ပြုပြီးနောက်ခရစ်တော် က သူ့ကို မတ်တပ်ရပ်ပြီး လမ်းလျှောက်ရန် ညွှန်ကြားခဲ့သည်။ “ခဏချင်း၌ ထိုသူသည် ပကတိအဖြစ်သို့ရောက်၍ မိမိအိပ်ရာကိုဆောင်လျက် လှမ်းသွား၏၊” (:၉)။
ကျွန်ုပ်တို့၏ ခန္ဓာပိုင်းဆိုင်ရာ ဝေဒနာများအားလုံးကို ပျောက်ကင်းစေမည်ဟု…
အစေခံနှလုံးသား
ကျွန်ုပ်၏ဦးလေးဖြစ်သူ အီမိုရီ (Emory)ကွယ်လွန်ချိန်၌ သူ့အကြောင်း ချီးကျူးဂုဏ်ပြုမှုများမှာ များပြားကာ တစ်မျိုးစီ ကွဲပြားခြားနားသည်။ သို့ရာတွင် ထိုဂုဏ်ပြုမှုများအားလုံးက သူသည် အခြားသူများကို အစေခံခြင်းဖြင့် ဘုရားသခင်အပေါ် ထားရှိသည့် သူ၏ချစ်ခြင်းမေတ္တာအား ပြသခဲ့ကြောင်းအချက်ကို တညီတညွတ်တည်း ဖော်ပြလျက် ရှိသည်။ ဒုတိယကမ္ဘာစစ်အတွင်း စစ်မှုထမ်းစဉ်က လက်နက် မကိုင်ဆောင်သော ဆေးတပ်သားအဖြစ် ထိုသာဓကကို သူ အထင်ရှားဆုံး ပြသနိုင်ခဲ့သည်။ သူ၏ရဲရင့်မှုအတွက် မြင့်မားသည့်စစ်ဘက်ဆိုင်ရာဂုဏ်ပြုမှုများကို သူရရှိခဲ့သော်လည်း စစ်အတွင်းနှင့် စစ်ပြီးကာလများ၌ သူ၏မေတ္တာကရုဏာပြည့်ဝသော အစေခံမှုက အီမိုရီအား လူတို့အမှတ်ရဆုံး အကြောင်းအရာဖြစ်သည်။
အီမိုရီ၏ အတ္တကင်းမဲ့မှုသည် ဂလာတိလူတို့အား ရှင်ပေါလု၏စိန်ခေါ်ချက်ကို လက်တွေ့အသက်ရှင်ပြခဲ့ခြင်းဖြစ်သည်။ “ညီအစ်ကိုတို့၊ သင်တို့သည် လွှတ်ခြင်းအခွင့်ကို ရသောသူဖြစ်ကြ၏။ သို့သော်လည်း ဇာတိပကတိအား အခွင့်ကိုပေး၍၊ ထိုလွှတ်ခြင်းကို မသုံးကြနှင့်။ အချင်းချင်းချစ်၍ အမှုချင်းကို ဆောင်ရွက်ကြလော့” (ဂလာတိ ၅:၁၃) ဟု ရှင်ပေါလုက ရေးသားခဲ့သည်။…
အကျပ်ရိုက်မှုများနှင့် ပိုမိုနက်နဲသောယုံကြည်ခြင်း
စနေနေ့မနက် သမ္မာကျမ်းစာသင်ကြားခြင်းအစီအစဥ်သို့ ရောက်လာသည့် ဖခင်တစ်ဦးမှာ သူချစ်သော ပြောမနိုင်ဆိုမနိုင်သောသမီး မြို့သို့ပြန်လာခြင်းကြောင့် စိတ်ရှုပ်ထွေးလျက်ရှိပြီး၊ သမီးဖြစ်သူ၏ အပြုအမူကြောင့် အိမ်၌ သမီးနှင့်အတူရှိနေရခြင်းက သူ့အတွက် စိတ်မသက်မသာဖြစ်ရသည်။ အစီအစဥ်သို့ တက်ရောက် လာသည့် အမျိုးသမီးတစ်ဦးမှာလည်း အရွယ်အိုမင်းလာခြင်းနှင့် နာတာရှည် ရောဂါ၏ ရုပ်ပိုင်းဆိုင်ရာအကျိုးဆက်များကြောင့် သူ၏ခန္ဓာကိုယ်မှာကျန်းမာခြင်း မရှိပေ။ ဆရာဝန်ပေါင်းများစွာနှင့် အကြိမ်များစွာ ပြသခဲ့သော်လည်း တိုးတက်မှု မဆိုစလောက်သာရှိ၍ သူမ စိတ်ပျက်အားလျော့နေသည်။ ဘုရားသခင်၏ အကြံ အစည်တော်ကြောင့် ထိုနေ့၌ သူတို့ လေ့လာခဲ့ကြသည့် သမ္မာကျမ်းစာမှာ ရှင်မာကုခရစ်ဝင်အခန်းကြီး ၅ ဖြစ်သည်။ အစီအစဥ်ပြီးဆုံးသွားသည့်အခါ မျှော်လင့်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ သိသာထင်ရှားစွာ ထွက်ပေါ်လာခဲ့သည်။
မာကု ၅:၂၃ တွင် ဖျားနာနေသည့် ကလေးငယ်တစ်ဦး၏ဖခင် ယာဣရုက “အကျွန်ုပ်၏သမီးငယ် သေလုပါပြီ” ဟု ဟစ်ကြော်ခဲ့သည်။ ထိုသမီးငယ်ထံသို့ သွားရာလမ်း၌ သခင်ယေရှုသည် နာတာရှည်ရောဂါခံစားနေရသည့် အမည်မသိ…
သခင်ယေရှုအား မျှော်လင့်ခြင်း
ကျွန်မ၏သူငယ်ချင်း ပေါလ်သည် ရေခဲသေတ္တာပြင်သမားအား စောင့်ဆိုင်းနေစဥ် ဝန်ဆောင်မှုပေးမည့်ကုမ္ပဏီမှ ဖုန်းမက်ဆေ့ဂျ်တစ်ခုကို လက်ခံရရှိခဲ့သည်။ “ယေရှုလာနေပြီ၊ ၁၁:၃၅ မိနစ်လောက်မှာ ရောက်နိုင်မယ်လို့ မျှော်လင့်ပါတယ်”ဟု ပြော သည်။ ထိုရေခဲသေတ္တာ ကျွမ်းကျင်ပညာရှင်၏ နာမည်မှာ အမှန်တကယ်ပင် ယေရှု (ဟေးစူးစ်)ဖြစ်ကြောင်း မကြာမီ ပေါလ် သိရှိခဲ့ရသည်။
သို့ရာတွင် ဘုရား၏သားတော်သခင်ယေရှု မည်သည့်အချိန်၌ ကြွလာမည်ကို ကျွန်မတို့ မျှော်လင့်နိုင်မည်နည်း။ လွန်ခဲ့သည့် အနှစ်နှစ်ထောင်က လူသားတစ်ဦးအနေဖြင့် ကြွလာခဲ့ကာ ကျွန်မတို့၏အပြစ်ကြွေးဒဏ်ကို ပေးဆပ်ခဲ့ပြီး သူပြန်လည်ကြွလာမည်ဖြစ်ကြောင်း၊ သို့ရာတွင် သူပြန်လည်ကြွလာမည့် “နေ့ရက်(သို့)အချိန်”အတိအကျကို ခမည်းတော်တစ်ပါးတည်းသာလျှင် သိကြောင်း ပြောခဲ့သည် (မ ၂၄:၃၆)။ ကယ်တင်ရှင် ဤလောကသို့ ပြန်ကြွလာမည့်အချိန်ကို ကျွန်မတို့သိရှိလျှင် မိမိတို့၏ နိစ္စဓူဝဦးစားပေးလုပ်ငန်းဆောင်တာများတွင် မည်သည့်အပြောင်းအလဲများ ဖြစ်လာနိုင်သနည်း (ယော ၁၄:၁-၃)။
သူပြန်လည် ကြွလာမည့်အချိန်အတွက် အသင့်ဖြစ်စေရန် သခင်ယေရှုက ကျွန်မတို့အား သတိပေးထားသည်။ “အကြောင်းမူကား၊ သင်တို့မထင်မမှတ်သော အချိန်နာရီ၌…
အပြောင်မြောက်ဆုံး ဘုရား၏ဖန်ဆင်းခြင်းလက်ရာ
ဦးနှောက်၏အလုပ်လုပ်ပုံနှင့်ပတ်သက်ပြီး နားလည်ရန်ကြိုးပမ်းမှုတွင် အာရုံကြောသိပ္ပံပညာနယ်ပယ်၌ ကြီးမားသည့် တိုးတက်မှုရရှိထားသော်လည်း ထိုသို့နားလည် မှုမှာ အစောပိုင်းအဆင့်များ၌သာရှိနေသေးကြောင်း သိပ္ပံပညာရှင်များက ဝန်ခံထား သည်။ ဦးနှောက်၏ဖွဲ့စည်းမှုပုံစံ၊ အလုပ်လုပ်ပုံအချို့၊ ပတ်ဝန်းကျင်ကိုတုံ့ပြန်သည့်၊ အာရုံခံစားမှုများကို လှုံ့ဆော်သည့်၊ လှုပ်ရှားမှုများကို ဖြစ်ပေါ်စေသည့်၊ ခံစားချက်များကို ထိန်းချုပ်သည့် ဦးနှောက်၏အခန်းကဏ္ဍများကို သူတို့ သိရှိနားလည်ကြသည်။ သို့ရာတွင် ဤအပြန်အလှန် တုံ့ပြန်မှုအားလုံးက အပြုအမူ၊ အသိအမြင်နှင့် မှတ်ဉာဏ်တို့အပေါ် မည်သို့ပံ့ပိုးပေးသည်ကိုမူ သူတို့ ယခုတိုင် နားမလည်နိုင်သေးပါ။ ဘုရားသခင်၏ နက်နဲရှုပ်ထွေးလှသည့် အပြောင်မြောက်ဆုံး ဖန်ဆင်းခြင်း လက်ရာတော်ဖြစ်သော လူသားမှာမူ နက်နဲဆန်းကြယ်ဆဲပင်ဖြစ်သည်။
လူ့ခန္ဓာကိုယ်၏အံ့ဖွယ်လက္ခဏာများကို ဒါဝိဒ်က သိမှတ်နားလည်ခဲ့သည်။ သူ့အား “အမိဝမ်းထဲ၌ ဖုံးအုပ်” (ဆာလံ ၁၃၉:၁၃) ထားသည့် သဘာဝဖြစ်စဥ်တစ်ခုလုံးအပေါ် သက်သေထင်ရှားသည့် ဘုရားရှင်၏ အလုံးစုံ ထိန်းချုပ်အုပ်စိုးခြင်းနှင့် ဘုရားသခင်၏တန်ခိုးတော်ကို ပုံဖော်တင်စားလျက် ဒါဝိဒ်က ချီးမွမ်းဂုဏ်ပြုထားသည်။ “အကျွန်ုပ်သည် ကြောက်မက်ဘွယ်သောလက္ခဏာ၊ထူးဆန်း သော…