မယုံကြည်သည်ကို မစတော်မူပါ
“ငါ့ရဲ့ ယုံကြည်ခြင်းဘယ်မှာလဲ။ နက်နဲတဲ့နှလုံးသားအတွင်းမှာ အမှောင်ထုကလွဲလို့ ဘာမှမရှိဘူး ... အကယ်၍ ဘုရားသခင်ရှိခဲ့ရင် ကျွန်ုပ်ကိုခွင့်လွှတ်တော်မူပါ။”
ထိုစကားများကို မည်သူရေးခဲ့သည်ကို သင်သိလျှင် သင်အံ့အားသင့်သွား လိမ့်မည်။ မာသာထရီဇာ ဖြစ်ပါသည်။ အိန္ဒိယနိုင်ငံ၊ ကလကတ္တားမြို့ရှိ ဆင်းရဲသားများကို မမောနိုင်မပန်းနိုင်ကူညီပေးခဲ့သူအဖြစ် ထင်ရှားကျော်ကြားခဲ့သော မာသာထရီဇာသည် သူမ၏ယုံကြည်ခြင်းအတွက် အပူတပြင်းတိုက်ပွဲကို ဆယ်စုနှစ်ငါးစုကျော်ကြာ တိတ်တဆိတ် ဆင်နွှဲခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် သူမ ကွယ်လွန်သွားပြီးနောက် သူမ၏ မှတ်တမ်းအပိုင်းများကို ထုတ်ဝေသည့် ‘Come Be My Light’ (ကျွန်ုပ်၏အလင်း လာဖြစ်ပေးပါ) စာအုပ်၌ ထိုရုန်းကန်ခဲ့ရမှု ပေါ်ထွက်လာသည်။
ဘုရားသခင်မရှိဟု သံသယဝင်ခြင်း (သို့) ခံစားရသည့်အခါ ကျွန်ုပ်တို့ဘာလုပ်သနည်း။ ထိုအခိုက်အတန့်သည် အခြားသူများထက် အချို့သောယုံကြည်သူများကိုပို၍ဖိစီးစေမည်။ သို့သော် သခင်ယေရှုအပေါ် သစ္စာတည်သောယုံကြည်သူများစွာသည် သူတို့၏ဘဝတစ်ချိန်ချိန်တွင် ထိုသို့သော သံသယစိတ်ဖြစ်ပေါ်သည့် အခိုက်အတန့် (သို့) အချိန်ကာလများကို တွေ့ကြုံခံစားရပေမည်။
ယုံကြည်ခြင်းရှိခြင်းနှင့် ယုံကြည်ခြင်းကင်းမဲ့ခြင်း နှစ်မျိုးလုံးကို…
သခင်ယေရှု ရပ်တန့်သောအခါ
ကျွန်မအလုပ်လုပ်သည့်နေရာအနီး သေတ္တာပုံးထဲတွင် နေမကောင်းသောကြောင်လေးက ကွေးနေပြီး အော်နေခဲ့သည်။ လမ်းမပေါ်တွင် စွန့်ပစ်ခံထားရသော ကြောင်လေးကို ဂျွန် (Jun) မတွေ့မီအထိ ဖြတ်သွားသောသူ အများအပြားက သတိမပြုမိခဲ့ပေ။ လမ်းဘေးတံမြက်စည်းလှည်းသမား ဂျွန် သည် ယခင်က ခွေးလေခွေးလွင့် နှစ်ကောင်ကိုလည်း သူ့အိမ်၌ စောင့်ရှောက်ထားပြီး ထိုကြောင်ကိုလည်းအိမ်သို့ ခေါ်သွားခဲ့သည်။
“ဘယ်သူမှ သတိမပြုမိတဲ့ သတ္တဝါတွေ့ဖြစ်လို့ သူတို့ကို ကျွန်ုပ်စောင့်ရှောက်ဂရုစိုက်တာပါ။ သူတို့ကိုကြည့်ပြီး ကျွန်တော် ကိုယ့်ကိုကိုယ် ပြန်မြင်မိတယ်။ လမ်းဘေး တံမြက်စည်းလှည်းသမားတစ်ယောက်ကို ဘယ်သူမှ သတိမထားမိဘူးလေ” ဟု ဂျွန် က ပြောသည်။ “
ယေရုရှလင်မြို့သို့ သခင်ယေရှုသွားသည့်ခရီးလမ်း၌ ယေရိခေါမြို့သို့ကြွတော်မူစဥ် မျက်မမြင်တစ်ယောက်သည် လမ်းနားမှာထိုင်၍ တောင်းစားနေသည်။ မည်သူမှသူ့ကို သတိမထားမိဟု သူလည်း ခံစားရသည်။ အထူးသဖြင့် ထိုနေ့တွင် အားလုံး ခရစ်တော်ကိုသာအာရုံစိုက်ကြပြီး ဖြတ်သန်းသွားသည့် လူအုပ်ကြီးကလည်း မည်သူမျှရပ်ပြီး ထိုသူတောင်းစားကို မကူညီကြပေ။…
ချိုမြိန်နှစ်ခြိုက်စွာ အိပ်စက်ခြင်း
ဆိုးရွားသော အမှတ်ရစရာများနှင့် စွပ်စွဲအပြစ်တင်သော မက်ဆေ့ချ်များက စဲလ် (Sal)၏ စိတ်ထဲတွင် လွှမ်းမိုးနေသည်။ သူ၏စိတ်၌ ကြောက်ရွံ့မှုများ ပြည့်နေပြီး တစ်ကိုယ်လုံးချွေးပြန်ကာ သူမအိပ်နိုင်ပါ။ သူ ဗတ္တိဇံ (နှစ်ခြင်း) မခံမီညတွင် အတွေးဆိုးများ၏ နှောင့်ယှက်မှုကို သူမဟန့်တားနိုင်ခဲ့ပေ။ သခင်ယေရှု၌ ကယ်တင်ခြင်းကို စဲလ် ရရှိခဲ့ပြီဖြစ်ကာ၊ သူ၏အပြစ်များ ခွင့်လွှတ်ခြင်း ခံရသော်လည်း ဝိညာဥ်ရေးရာတိုက်ပွဲက ဆက်လက်ဖြစ်နေသည်။ သို့နှင့် သူ့ဇနီးက သူ့လက်ကိုကိုင်ကာ သူ့အတွက် ဆုတောင်းပေးခဲ့သည်။ ခဏအကြာတွင် စဲလ်၏နှလုံးသားရှိ ကြောက်ရွံ့မှုနေရာတွင် ငြိမ်သက်ခြင်း အစားထိုး ဝင်ရောက်လာသည်။ ထို့နောက် အိပ်ယာမှထကာ ဗတ္တိဇံမင်္ဂလာ မစမီတွင် သူပြောမည့်စကားများကို ရေးခဲ့သည်။ ထိုသို့ ရေးရန် အစက သူမလုပ်နိုင်ခဲ့ပါ။ ပြီးနောက် သူသည် နှစ်ခြိုက်စွာအိပ်ပျော်ခဲ့တော့သည်။
ဒါဝိဒ်မင်းလည်း အိပ်မပျော်သောည၏ ခံစားချက်ကို သိသည်။ ထီးနန်း လုယူချင်သော သူ၏သား အဗရှလုံ၏ရန်မှ…
ကံတရားကြောင့်မဟုတ်၊ ခရစ်တော်ကြောင့်သာ
စကြဝဠာအတွင်း ဂြိုဟ်ပေါင်း ၇၀၀ Quintillion (၇ နောက်တွင် သုံည အလုံး ၂၀)ခန့်ရှိကြောင်း ‘Discover’ မဂ္ဂဇင်းက ယူဆထားသည်။ သို့သော် ကမ္ဘာဂြိုဟ်ကဲ့သို့သော ဂြိုဟ်မှာ တစ်လုံးတည်းသာရှိသည်။ ဂြိုဟ်ပေါ်တွင် သက်ရှိများနေထိုင်နိုင်ရန် လိုအပ်ချက်များအနက်မှ တစ်ခုမှာ ‘Goldilocks’ ဇုံအတွင်း၌သာ လမ်းကြောင်းအတိုင်း လည်ပတ်သွားရန် ဖြစ်သည်။ ထိုဇုံအတွင်း၌သာ အပူချိန်သည် မှန်ကန်သင့်တော်မှုရှိပြီး ရေရရှိနိုင်ကြောင်း နက္ခတ္တဗေဒပညာရှင် Erik Zackrisson (အဲရစ် ဇက်ခရီဆန်)က ဆိုသည်။ ဂြိုဟ်ပေါင်း ၇၀၀ Quintillion ထဲမှ ကမ္ဘာဂြိုဟ်တစ်ခုတည်းသာ ထိုအခြေအနေနှင့် ပြည့်စုံပုံရသည်။ တစ်နည်းနည်းဖြင့် ကမ္ဘာဂြိုဟ်သည် အတော်လေးပင်မျက်နှာသာရအလေးပေးခံရသည်ဟု ဇက်ခရီဆန် က နိဂုံးချုပ်ခဲ့သည်။
စကြဝဠာကြီးသည် ကံကောင်းမှုဆောင်ကြဥ်းပေးသောနတ်သမီးကြောင့် မဟုတ်ဘဲ သခင်ယေရှု၏ဖန်ဆင်းခြင်းအမှုကြောင့်သာ တည်ရှိနေသည်ဟု ရှင်ပေါလုက ကောလောသဲယုံကြည်သူများအား အခိုင်အမာပြောထားခဲ့သည်။ တမန်တော်ကြီးက ခရစ်တော်ကို ကမ္ဘာကြီး၏ဖန်ဆင်းရှင်အဖြစ် တင်ပြထားသည်။ “ထိုသခင် အဖို့အလို့ငှာ လည်းကောင်း၊ ခပ်သိမ်းသောအရာတို့သည်…
အတူရှိခြင်းသည် သာ၍ ကောင်းသည်
ကောင်းကင်ထက်ဝယ် အရည်များ ရွေ့လျားသည့်ပုံစံဖြင့် ဧရာမ စတာလင်ငှက်အုပ်ကြီး၏ အံ့ဩဖွယ် ပျံသန်းလှုပ်ရှားမှုကို Søren Solkær (ဆိုရင်း ဆိုကာ)သည် နှစ်ပေါင်းများစွာ အချိန်ယူကာ ဓာတ်ပုံရိုက်မှတ်တမ်းတင်ခဲ့သည်။ ဤသို့ အံ့ဖွယ် မြင်ကွင်းကို စောင့်ကြည့်ရခြင်းက စီစဥ်တကျ တစ်ရိပ်ရိပ်နှင့် ပြောင်းလဲ ကွေ့ကောက်လှုပ်ရှားနေသောလှိုင်းလုံးများ (သို့) ကြီးမားသော အနက်ရောင် ပန်းချီစုတ်ချက်များ ရုပ်စုံမှန်ပြောင်းထဲ စီးဆင်းသွားသည့် ဒီဇိုင်းပုံစံ အောက်တွင် ထိုင်နေရသကဲ့သို့ဖြစ်သည်။ ဒိန်းမတ်နိုင်ငံတွင် ဤစတာလင်ငှက်များ၏ပျံသန်းလှုပ်ရှားမှုကို ‘Black Sun’ (အမဲရောင်နေလုံးကြီး) ဟု ခေါ်ကြသည် (၎င်းသည် ဆိုကာ၏ ထူးခြားသောဓာတ်ပုံစာအုပ်အမည်လည်းဖြစ်သည်)။ အထူးခြားဆုံးအချက်မှာ စတာလင်ငှက်များသည် ၎င်းတို့၏အနီးဆုံးအဖော်၏နောက်၌ ကပ်လျက် အလိုလို ပျံသန်းကြခြင်းဖြစ်သည်။ တစ်ကောင်သည် လမ်းကြောင်းမှ လွဲချော်ခဲ့ပါက ကြီးမားသော ထိခိုက်ဆုံးရှုံးမှုကို ခံစားရမည့်အလားပင်။ သို့သော် စတာလင်ငှက်များသည် အချင်းချင်းကာကွယ်ရန် အုပ်စုလိုက် ရွေ့လျားပျံသန်းမှုပုံစံကို အသုံးပြုခဲ့သည်။ လင်းယုန်ငှက်တစ်ကောင်သည် ၎င်းတို့ထံသို့ပျံသန်းလာလျှင်…
သူစိမ်းဧည့်သည်များအား ကြိုဆိုပါ
Daniel Nayeri (ဒန်နီယယ် နေရီ) ၏ ‘Everything Sad Is Untrue’ (ဝမ်းနည်းစရာတိုင်းသည် အမှန်မဟုတ်ပါ) စာအုပ်တွင် သူ့မိခင်၊ ညီမတို့နှင့်အတူ ဖိနှိပ်ညှဥ်းဆဲခြင်းခံရမှုများမှ ဒုက္ခသည်စခန်းမှတစ်ဆင့် အမေရိကန်နိုင်ငံသို့ ခိုလှုံရန် သွားရောက်ခဲ့သည့် စိတ်လှုပ်ရှားဖွယ် လေယာဥ်ခရီးစဥ်အကြောင်းကို ဖော်ပြထားသည်။ သက်ကြီးပိုင်းဇနီးမောင်နှံက သူတို့ကို မသိသော်လည်း ထောက်ပံ့ရန် သဘောတူခဲ့သည်။ နှစ်ပေါင်းများစွာတိုင် ဒန်နီယယ်သည် ထိုအမှုကို နားမလည်နိုင်ခဲ့ပါ။ သူတို့အကြောင်းကို လုံးဝမသိသော်လည်း ၎င်းတို့ ဤသို့ဆုံးဖြတ်ချက်ချခဲ့သည်ကို “ခင်ဗျားတို့ ယုံနိုင်မလား။ သူတို့သည် ကျွန်တော်တို့နှင့် တစ်ကြိမ်တစ်ခါမျှပင် မတွေ့ခဲ့ဘူးပါ။ အကယ်၍ ကျွန်တော်တို့သည် လူယုတ်မာများဖြစ်ခဲ့ပါက အကျိုးဆက်ကို သူတို့ခံစားရမည်။ ထိုသို့သော ဆုံးဖြတ်ချက်သည် ရဲရင့်သော၊ ကြင်နာသော၊ စွန့်စားသော ဆုံးဖြတ်ချက်ဖြစ်ပြီး မည်သူမျှ ထိုသို့လုပ်ဆောင်နိုင်မည်မဟုတ်ဟု ကျွန်တော်ထင်ပါသည်” ဟု သူရေးသားခဲ့သည်။
ကျွန်တော်တို့သည် အခြားသူများအတွက် ထိုသို့အလေးထားဂရုပြုရန် ဘုရားသခင်အလိုရှိသည်။ သူစိမ်းတစ်ရံဆံများအပေါ်…
ယေရှုကိုယ်စားအသက်ရှင်ခြင်း
တော်ဝင်မျိုးနွယ်တစ်ဦး၏ဖိနပ်ကို စီးခွင့်ရမည်ဆိုလျှင် မည်သို့နေမည်နည်း။ Angela Kelly (အင်ဂျီလာကယ်လီ)သည် သင်္ဘောကုန်တင်ကုန်ချလုပ်သားနှင့် သူနာပြုတစ်ဦး၏သမီးဖြစ်သည်။ သူမသည် ကွယ်လွန်သူ အဲလိဇဘက် ဘုရင်မကြီး၏ အဝတ်အစားများဝတ်ဆင်ရာတွင် ကူညီပေးရသည့် တရားဝင် ဝန်ထမ်းဖြစ်သည်။ သူမသည် နှစ်ပေါင်း (၂၀) ခန့်မျှ တာဝန်ထမ်းဆောင်ခဲ့သည်။ သူမ၏တာဝန်များအနက် တစ်ခုမှာ သက်ကြွယ်ဘုရင်မကြီး၏ ဖိနပ်အသစ်များကို ဝတ်ဆင်၍ နန်းတော်ဝင်းတစ်လျှောက် လမ်းလျှောက်ကာ ဘုရင်မကြီးဖိနပ်မပေါက်အောင် ကြိုတင်ဝတ်ဆင်ခြင်းဖြင့် ကူညီပေးရခြင်းဖြစ်သည်။ ထိုသို့လုပ်ဆောင်ပေးရခြင်းသည် အခမ်းအနားများတွင် အချိန်ကြာမြင့်စွာ မတ်တပ်ရပ်လျက် တက်ရောက်ရသော သက်ကြွယ်အမျိုးသမီးတစ်ဦးအတွက် ကရုဏာပြခြင်းပင် ဖြစ်သည်။ သူတို့၏ဖိနပ်အရွယ်အစား အတူတူဖြစ်သောကြောင့် ဘုရင်မကြီးသက်သောင့် သက်သာဖြစ်စေရန် ကယ်လီက ကူညီပေးနိုင်ခဲ့သည်။
ကယ်လီ၏ဘုရင်မကြီးအပေါ် တို့ထိမေတ္တာပြခြင်းက ကောလောသဲအသင်းတော် (ယနေ့တူရကီနိုင်ငံ)သို့ “သနားစုံမက်ခြင်း၊ ကျေးဇူးပြုခြင်း၊ ... စိတ်ရှည်ခြင်း တို့ကို ယူတင်ဝတ်ဆောင်ကြလော့” (ကော ၃:၁၂)ဟု ရှင်ပေါလု နွေးထွေးစွာ ခွန်အားပေးမှုအကြောင်းကို ကျွန်တော့်အား ပြန်တွေးမိစေသည်။…
ဘုရားသခင်ဖွင့်ထားသောတံခါးများ
မြို့ကြီးတစ်မြို့အနီးရှိ ကျွန်မတက်ရောက်နေသောကျောင်းအသစ်တွင် ကျောင်းအကြံပေး လူကြီးတစ်ဦးက ကျွန်မကို တစ်ချက်ကြည့်ပြီး၊ အနိမ့်ဆုံး အင်္ဂလိပ်စာ အရေးအဖတ် အခြေခံအတန်းတွင် နေရာချလိုက်သည်။ ကျွန်မသည် မြို့လယ်ခေါင်ရှိ ကျောင်းမှပြောင်းလာခဲ့ပြီး၊ အင်္ဂလိပ်စာအရေးအသားတွင် ထူးချွန်သော
ရမှတ်ကောင်းများ၊ အဆင့်များဖြင့် အောင်မြင်ခဲ့သူ၊ ကျောင်းအုပ်ကြီးချီးမြှင့်သောဆုကိုလည်း ရရှိခဲ့သူဖြစ်သည်။ သို့သော် ကျွန်မသည် မသင့်လျော်သေးကြောင်း၊ အဆင်သင့် မဖြစ်သေးကြောင်း ကျောင်းအကြံပေးလူကြီး၏ဆုံးဖြတ်ချက်ကြောင့် ကျောင်းသစ်ရှိ “အကောင်းဆုံး” အင်္ဂလိပ်စာအရေးအဖတ်အတန်း၏ တံခါးသည် ကျွန်မအတွက် ပိတ်လျက်ရှိနေသည်။
ရှေးဖိလဒေလဖိမြို့ရှိ အသင်းတော်သည် ထိုတစ်ဘက်သတ် သတ်မှတ်ချက်ကို သဘောပေါက်လိမ့်မည်။ မကြာမီနှစ်များက ငလျင်ဘေးဒဏ်ကို ခံစားခဲ့ရသော ထိုမြို့ရှိအသင်းတော်ငယ်လေးသည် ပျက်စီးဆုံးရှုံးမှုများကို ကြာမြင့်စွာ ခံစားခဲ့ရသည်။ ထို့ပြင်စာတန်၏ ဆန့်ကျင်နှောင့်ယှက်မှုကို တစ်ဖန် ထပ်၍ ရင်ဆိုင်ခဲ့ရသည် (ဗျာ ၃:၉)။ ထိုအသရေမဲ့သောအသင်းတော်တွင် အနည်းငယ်သောခွန်အား ကျန်ရှိနေသေးကြောင်း ရှင်ပြန်ထမြောက်သောရှင်ယေရှုက မှတ်ချက်ပြုခဲ့သည်။ “သင်သည် အနည်းငယ်သော ခွန်အားရှိသည်နှင့် ငါ၏နှုတ်ကပတ်ကို စောင့်ရှောက်ခဲ့ပြီ”…
ဘုရားရှင်၏အမြော်အမြင်ရှိသော ရည်ရွယ်ချက်များ
ယူနိုက်တက်ကင်းဒမ်းသည် သမိုင်းကြောင်းနှင့် ပြည့်နှက်နေသည်။ သွားလေရာရာတိုင်းတွင် သမိုင်းဝင်ပုဂ္ဂိုလ်များကို ဂုဏ်ပြုသောကမ္ဗည်းပြားများ၊ အရေးကြီးသော အဖြစ်အပျက်များ ဖြစ်ပွားခဲ့သည့်နေရာများကို အထိမ်းအမှတ်နေရာများအဖြစ် တွေ့ရသည်။ သို့သော် အင်္ဂလန်နိုင်ငံ၊ ဆန်ဒဝစ်မြို့ရှိ တည်းခိုခန်းတစ်ခု၏ အပြင်ဘက်တွင် ရာသီဥတုဒဏ်ခံထားရသော ကမ္ပည်းပြားပေါ်တွင် “၁၇၈၂ ခုနှစ်၊ စက်တင်ဘာလ (၅) ရက်၊ ဤနေရာ၌ ဘာမှမဖြစ်ခဲ့ပါ” ဟုရေးထားသည်။ ၎င်းသည် ဗြိတိသျှတို့၏ ဟာသဉာဏ် ကွန့်မြူးပုံကိုလည်း ဖော်ပြနေသည်။
တစ်ခါတစ်ရံတွင် ကျွန်တော်တို့၏ ဆုတောင်းချက်များနှင့် ပတ်သက်၍ ဘာမှ ဖြစ်မလာဟု ကျွန်တော်တို့ထင်တတ်ကြသည်။ ဘုရားရှင်သည် ယခုပင် အဖြေပေးလိမ့်မည်ဟုမျှော်လင့်၍ ခမည်းတော်ထံသို့ ဆုတောင်းချက်များ ယူဆောင်လာကာကျွန်တော်တို့ ဆုတောင်းပြီးရင်း ဆုတောင်းသည်။ ဆာလံဆရာဒါဝိဒ်က “အိုထာဝရဘုရား၊ အကျွန်ုပ်ကို အလျှင်းမမှတ်ဘဲ အဘယ်မျှကာလပတ်လုံး မေ့လျော့တော်မူမည်နည်း။ အဘယ်မျှကာလပတ်လုံး မျက်နှာတော်ကို ကွယ်ထားတော်မူမည်နည်း” (ဆာ ၁၃:၁) ဟု ဆုတောင်းခဲ့စဥ်က ဤသို့သောစိတ်ပျက်မှုကို ဖော်ပြခဲ့သည်။…
ဆုတောင်းရန် ဆန္ဒရှိခြင်း
တစ်ခါက ကျွန်မ၏လုပ်ဖော်ကိုင်ဖက်တစ်ဦးသည် ကျွန်မတို့၏မန်နေဂျာကြောင့် သူမ၏ဆုတောင်းခြင်းအသက်တာ တိုးတက်လာခဲ့ကြောင်း ပြောခဲ့ဖူးသည်။ ဆက်ဆံရခက်သော ကျွန်မတို့၏ခေါင်းဆောင်သည် ဝိညာဉ်ရေးရာ သတင်းစကားအချို့ကို သူမအား ဝေမျှပေးသဖြင့် သူမ၏ဆုတောင်းမှုအပေါ် သက်ရောက်သည်ဟု ကျွန်မတွေးကာ အံ့ဩနေခဲ့သည်။ သို့သော် ကျွန်မအတွေးမှားခဲ့သည်။ ကျွန်မ၏ လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းက “သူလာတာကို မြင်တိုင်း ငါစပြီးဆုတောင်းတော့တယ်” ဟုရှင်းပြသည်။ သူနှင့် စကားမပြောမီ သူမပို၍ဆုတောင်းသောကြောင့် သူမ၏ဆုတောင်းခြင်းက တိုးတက်လာခဲ့သည်။ အလုပ်နှင့်ပတ်သက်၍ဆက်ဆံရခက်သည့် မန်နေဂျာကြောင့် ဘုရားသခင်၏မစမှုကို သူမလိုအပ်ကြောင်း သူမသိပြီး၊ ဘုရားသခင်အား တိုး၍ ဟစ်ခေါ်ခဲ့သည်။
ခက်ခဲချိန်များနှင့် တုံ့ပြန်ပြောဆိုရချိန်များတွင် ကျွန်မလုပ်ဖော်ကိုင်ဖက်၏ ဆုတောင်းခြင်းအလေ့အကျင့်ကို ကျွန်မ အတုယူကျင့်သုံးခဲ့သည်။ ၎င်းသည် ကျမ်းစာသွန်သင်ချက်နှင့်လည်း ကိုက်ညီသည်။ သက်သာလောနိတ်သြဝါဒစာပထမစောင်တွင် “သခင်ယေရှုကို ယုံကြည်သူများအား ရှင်ပေါလုက မခြားမလပ်ဆုတောင်းပတ္ထနာပြုကြလော့။ ... အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းကြလော့” (၅:၁၇-၁၈) ဟုသတိပေးထားသည်။ မည်သည့်အရာကို ကြုံတွေ့ရပါစေ၊ ဆုတောင်းခြင်းသည် အမြဲတမ်း…